Return to Video

သစ်သားမိုးမျှော်တိုက်တွေ ဘာကြောင့်ဆောက်သင့်တာလဲ။

  • 0:01 - 0:04
    ဒါကျွန်တော့်အဖိုးပါ။
  • 0:04 - 0:07
    ဒါကတော့ ကျွန်တော့်သားပါ။
  • 0:07 - 0:09
    ကျွန်တော်အဖိုးက ကျွန်တော်ငယ်ငယ်က
    သစ်သားလေးတွေနဲ့
  • 0:09 - 0:10
    အလုပ်လုပ်တတ်လာအောင် သင်ပေးခဲ့ဖူးပါတယ်။
  • 0:10 - 0:12
    အတွေးအခေါ် တစ်ခုကိုလည်း
    သင်ပြပေးခဲ့ဖူးပါတယ် ခင်ဗျ။
  • 0:12 - 0:15
    အဲဒါကတော့ သစ်ပင်တစ်ပင်ကို
    ခုတ်လှဲပြီး တစ်ခုခုဖြစ်လာအောင်
  • 0:15 - 0:18
    ဖန်တီးတော့မယ်ဆိုရင် အဲ့ဒီသစ်ပင်ရဲ့
    ဘဝကို ဂုဏ်ပြုပြီး
  • 0:18 - 0:20
    တတ်နိုင်သမျှ လှလှပပလေး ဖန်တီးပေးပါတဲ့။
  • 0:20 - 0:23
    ကျွန်တော့်သားကတော့ နည်းပညာတွေ ကစားစရာတွေ
  • 0:23 - 0:26
    ရှိနေသည့်တိုင် သစ်သားတုံးလေး
    တစ်တုံးကို မြင့်လာအောင်
  • 0:26 - 0:28
    စီထားလိုက်ရင် တကယ့်ကို
  • 0:28 - 0:30
    အံ့ဖွယ်အရာတစ်ခု ဖြစ်လာတတ်တာကို
  • 0:30 - 0:34
    သတိမူစေခဲ့တာပေါ့။
  • 0:34 - 0:36
    ဒါတွေကတော့ ကျွန်တော်ဆောက်ခဲ့တဲ့
    အဆောက်အအုံတွေပါ။
  • 0:36 - 0:38
    ဗန်ကူးဗါးနဲ့ နယူးယောက်မှာ ရှိတဲ့ရုံးတွေမှာ
    အခြေစိုက်ပြီးတော့
  • 0:38 - 0:41
    ကမ္ဘာတစ်လွှားမှာ အဆောက်အအုံတွေ ဆောက်ပါတယ်။
  • 0:41 - 0:44
    နေရာဒေသပေါ် လိုက်ပြီးတော့
    အရွယ်အစားမျိုးစုံ ဟန်ပန်မျိုးစုံ
  • 0:44 - 0:46
    အဆောက်အအုံတွေကို
    ကုန်ကြမ်းမျိုးစုံ သုံးပြီးဆောက်ခဲ့ပါတယ်။
  • 0:46 - 0:48
    သို့ပေမယ့်လည်း ကျွန်တော်အမြတ်နိုးဆုံး
    ကုန်ကြမ်းကတော့ သစ်သားပါပဲ။
  • 0:48 - 0:50
    ဒီတော့ သစ်သားနဲ့ ပတ်သက်တဲ့ပုံပြင်ကို
    ကျွန်တော်ပြောပြပါ့မယ်။
  • 0:50 - 0:52
    သစ်သားကို ချစ်တဲ့ ကျွန်တော်ရဲ့
    အကြောင်းပြချက် တစ်စိတ်တစ်ပိုင်းကတော့
  • 0:52 - 0:54
    ကျွန်တော့် သစ်သားအဆောက်အအုံထဲကို
    လူတွေဝင်လာတဲ့ အခါ
  • 0:54 - 0:57
    သူတို့ရဲ့ တုံ့ပြန်မှုက တမူထူးခြားပါတယ်။
  • 0:57 - 0:59
    သံမဏိချာင်းကြီး ဒါမှမဟုတ်
    ကွန်ကရစ်တိုင်ကြီးတစ်တိုင်ကို
  • 0:59 - 1:02
    လူတွေလာပြီး သိုင်းဖက်တာ
    တစ်ခါမှမတွေ့ဖူးပါဘူး၊
  • 1:02 - 1:05
    ဒါပေမယ့် သစ်သားအဆောက်အအုံမှာ အဲဒါကို
    ကိုယ်တိုင် မျက်မြင်ကြုံတွေ့ဖူးပါတယ်။
  • 1:05 - 1:07
    လူတွေ သစ်သားကို ထိတွေ့ကိုင်တွယ်ကြတဲ့
    ပုံစံကို ကြည့်ပြီး
  • 1:07 - 1:09
    အကြောင်းအရင်း တစ်ခုခုတော့ ရှိရမယ်လို့
    ကျွန်တော်တွေးမိပါတယ်။
  • 1:09 - 1:12
    နှင်းပွင့်ချပ်လေးတွေလိုပဲ
    ကမ္ဘာ့ဘယ်နေရာမှာမဆို
  • 1:12 - 1:14
    သစ်သား အစိတ်အပိုင်းနှစ်ခုကလည်း
    ဘယ်လိုမှ မတူညီနိူင်ဘူးပေါ့။
  • 1:14 - 1:16
    တကယ်ကို အံ့ဩစရာပါ။
  • 1:16 - 1:19
    ကျွန်တော်ကတော့ သစ်သားဟာ
    ကျွန်တော်တို့ရဲ့ အဆောက်အအုံတွေပေါ်မှာ
  • 1:19 - 1:22
    မိခင်သဘာဝတရားကြီးရဲ့ လက်ဗွေရာတွေကို
    နှိပ်ပေးထားတာနဲ့ တူ့တယ်လို့ ယူဆချင်ပါတယ်။
  • 1:22 - 1:25
    လူသားတွေ တည်ဆောက်ဖန်တီးထားတဲ့
    ပတ်ဝန်းကျင်မှာ ဒီအဆောက်အအုံတွေက တစ်ဆင့်
  • 1:25 - 1:29
    ကျွန်တော်တို့နဲ့ သဘာဝတရားကို ချိတ်ဆက်လာတာက
    ဒီမိခင်သဘာဝတရားကြီးရဲ့ လက်ဗွေရာတွေပါပဲ။
  • 1:29 - 1:31
    အခုလက်ရှိ ကျွန်တော် ဗန်ကူးဗါးမှာ နေပါတယ်။
  • 1:31 - 1:34
    အနီးမှာ ၃၃ ထပ်စာလောက်အမြင့်ရှိတဲ့
    သစ်တောကြီးတစ်ခုရှိပါတယ်။
  • 1:34 - 1:37
    ကမ်းရိုးတန်း တစ်လျှောက်ဆင်းလာပြီး
    ဒီ ကယ်လီဖိုးနီးယားကို ရောက်လာရင်တော့
  • 1:37 - 1:40
    အထပ် ၄၀ စာလောက် အမြင့်ရှိတဲ့
    သစ်နီ သစ်တောကြီး တစ်ခုရှိပါတယ်။
  • 1:40 - 1:43
    ဒါပေမဲ့ ကျွန်တော်တို့တွေးမြင်မိတဲ့
    ကမ္ဘာ့နေရာအများစုက
  • 1:43 - 1:46
    သစ်သား အဆောက်အအုံတွေကတော့
    လေးထပ်လောက်ပဲအမြင့်ရှိပါတယ်။
  • 1:46 - 1:49
    ဒေသတော်တော်များများက
    အဆောက်အအုံဆိုင်ရာ ဥပဒေတွေက
  • 1:49 - 1:52
    လေးထပ်ထက် ပိုမြင့်ပြီး ဆောက်လို့မရအောင်
    တားမြစ်ထားပါတယ်။
  • 1:52 - 1:54
    ဒီအမေရိကန်ပြည်ထောင်စုမှာလည်း
    ထိုနည်းလည်းကောင်းပါပဲ။
  • 1:54 - 1:56
    ဒါပေမဲ့ အခုတော့ ခြွင်းချက်တွေရှိလာပါပြီ၊
    ဟုတ်ပါတယ်ခင်ဗျ။
  • 1:56 - 1:57
    တချို့ခြွင်းချက်တွေ ရှိဖို့လိုအပ်နေသေးပါတယ်
  • 1:57 - 1:59
    အခြေအနေတွေ ပြောင်းလဲလာမယ်လို့လည်း
    မျှော်လင့်ပါတယ်။
  • 1:59 - 2:01
    ကျွန်တော် ဒီလိုယူဆရတဲ့ အကြောင်းရင်းကတော့
  • 2:01 - 2:04
    ဒီနေ့ ကျွန်တော်တို့လူဦးရေရဲ့ တစ်ဝက်လောက်က
    မြို့တွေပေါ်မှာ နေကြပါတယ်။
  • 2:04 - 2:08
    ဒီအရေအတွက်ဟာ ၇၅ % တိုးတက်လာဖို့ရှိပါတယ်။
  • 2:08 - 2:10
    မြို့ပြတွေ သိပ်သည်းလာတာက ဘာကိုပြောနေလဲဆိုရင်
  • 2:10 - 2:12
    အဆောက်အအုံတွေလည်း
    ဆက်ပြီးကြီးမားလာမယ်လို့ ဆိုလိုပါတယ်။
  • 2:12 - 2:16
    မြို့ကြီးတွေမှာ သစ်သားတွေပါဝင်စရာ အခန်းကဏ္ဍ
    တစ်ရပ်ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။
  • 2:16 - 2:19
    ဘာဖြစ်လို့လည်းဆိုတော့
    လာမယ့်နှစ် ၂၀ အတွင်းမှာ
  • 2:19 - 2:22
    လူသန်းပေါင်း သုံးထောင်လောက်က
  • 2:22 - 2:24
    နေစရာ အိမ်လိုအပ်လာမှာပါ။
  • 2:24 - 2:25
    လာမည့်အနှစ် ၂၀ အတွင်း
    ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းက
  • 2:25 - 2:29
    အဆောက်အအုံသစ် လိုအပ်လာမယ့် သဘောပါ။
  • 2:29 - 2:32
    လက်ရှိမြို့နေ လူဦးရေ သုံးပုံတစ်ပုံဟာ
  • 2:32 - 2:34
    ဆင်းရဲသား ရပ်ကွက်တွေမှာ နေထိုင်နေကြတာပါ။
  • 2:34 - 2:37
    လူသန်းတစ်ထောင်က ဆင်းရဲသားရပ်ကွက်မှာ
    နေနေတာပေါ့ခင်ဗျာ။
  • 2:37 - 2:41
    ကမ္ဘာပေါ်မှာ လူသန်းပေါင်းတစ်ရာဟာ
    အိမ်ခြေရာမဲ့ဖြစ်နေပါတယ်။
  • 2:41 - 2:44
    ဗိသုကာပညာရှင်တွေနဲ့ လူအဖွဲ့အစည်းတစ်ခုလုံး
  • 2:44 - 2:46
    ရင်ဆိုင်ရမယ့် စိန်ခေါ်မှု အတိုင်းအဆ
    ကတော့ ဒီလူတွေအတွက်
  • 2:46 - 2:51
    အိမ်ရာစီမံပေးနိုင်တဲ့ နည်းလမ်းဖွေရှာဖို့ပါပဲ။
  • 2:51 - 2:54
    စိန်ခေါ်မှုကတော့ မြို့တွေကို
    ရွေ့ပြောင်းလာတာနဲ့ အမျှ
  • 2:54 - 2:57
    မြို့တွေဟာ သံမဏိနဲ့ ကွန်ကရစ် ဆိုတဲ့
    ကုန်ကြမ်းနှစ်မျိုးနဲ့ ဆောက်ထားတာပါ။
  • 2:57 - 3:00
    ဒီနှစ်ခုဟာ တကယ်ကို
    ကောင်းတဲ့ ကုန်ကြမ်းတွေပါ၊
  • 3:00 - 3:02
    ကျန်ခဲ့တဲ့ ရာစုနှစ်ရဲ့ အကောင်းဆုံး
    ကုန်ကြမ်းတွေပါ
  • 3:02 - 3:05
    ဒါပေမဲ့ ဒီပစ္စည်းတွေကို
    ထုတ်လုပ်ရာမှာ စွမ်းအင်သုံးစွဲမှုနဲ့
  • 3:05 - 3:09
    ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့ထုတ်လွှတ်မှုလည်း
    သိပ်ကိုမြင့်မားပါတယ်။
  • 3:09 - 3:12
    သံမဏိဟာ လူသားတွေဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့
  • 3:12 - 3:14
    ထုတ်လွှတ်မှု ရဲ့ သုံးရာခိုင်နှုန်းရှိပြီး
  • 3:14 - 3:17
    ကွန်ကရစ်ကတော့ ငါးရာခိုင်နှုန်းရှိပါတယ်။
  • 3:17 - 3:19
    စဉ်းစားကြည့်ကြပါခင်ဗျာ
    ကျွန်တော်တို့ကြောင့်ဖြစ်လာတဲ့
  • 3:19 - 3:23
    ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့
    ထုတ်လွှတ်မှုရဲ့ ရှစ်ရာခိုင်နှုန်းဟာ
  • 3:23 - 3:26
    ဒီကုန်ကြမ်း နှစ်မျိုးကတင်လာတာပါ။
  • 3:26 - 3:28
    ကျွန်တော်တို့ ဒီအချက်ကို
    သိပ်မတွေးမိကြပါဘူး။
  • 3:28 - 3:30
    ကံမကောင်းစွာပဲ အဆောက်အအုံတွေနဲ့
    ပတ်သက်ပြီးတော့တောင်
  • 3:30 - 3:32
    ကျွန်တော်တို့ တွေးသင့်သလောက်
    မတွေးဖြစ်ကြပါဘူးလို့ ထင်ပါတယ်။
  • 3:32 - 3:36
    ဒါကတော့ ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့ရဲ့
    သက်ရောက်မှုဆိုင်ရာ အမေရိကန် အချက်အလက်တွေပါ။
  • 3:36 - 3:39
    ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့ရဲ့ ထက်ဝက်နီးပါးဟာ
    အဆောက်အအုံ တည်ဆောက်မှုကဏ္ဍနဲ့ ဆက်စပ်နေတယ်။
  • 3:39 - 3:41
    စွမ်းအင်နဲ့ ပတ်သက်ပြီး
    ကြည့်လိုက်ရင်လည်း ဒီအတိုင်းပါပဲ။
  • 3:41 - 3:44
    သယ်ယူပို့ဆောင်ရေး ကဏ္ဍကတော့
    ဒုတိယနေရာလောက်မှာပဲ ရှိတာ တွေ့ရမှာပါ။
  • 3:44 - 3:47
    ဒါပေမဲ့ ကျွန်တော့်တို့ အများဆုံး ကြားနေရတာက
    သယ်ယူပို့ဆောင်ရေးကဏ္ဍပါပဲ။
  • 3:47 - 3:51
    စွမ်းအင်အကြောင်းကို အများကြီးပြောကြပေမယ့်
  • 3:51 - 3:53
    ကာဘွန်ဓာတ်ငွေ့နဲ့ ပတ်သက်ပြီးတော့လည်း
    ပြောကြသေးပါတယ်။
  • 3:53 - 3:56
    မြင်နေရတဲ့ ပြဿနာကတော့ နေစရာ အိမ်တစ်လုံးစီ
    လိုအပ်တဲ့ ဒီလူသန်းပေါင်း သုံးထောင်ကို
  • 3:56 - 3:59
    ကူညီပေးရမယ့်ပြဿနာကို
    ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ အချက်နဲ့
  • 3:59 - 4:02
    ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတို့ရဲ့
    ခေါင်းချင်းဆိုင်တဲ့ တိုက်ပွဲဟာ
  • 4:02 - 4:05
    တစ်ချိန်မဟုတ် တစ်ချိန်စတော့မှာပါ။
  • 4:05 - 4:08
    ဒါမှမဟုတ် စတောင်စနေပြီလားဆိုတာပါပဲ။
  • 4:08 - 4:11
    စိန်ခေါ်မှုကတော့ ကျွန်တော်တို့တတွေ
    နည်းသစ်တွေနဲ့ စဉ်းစားရတော့မယ်ဆိုတာပါ။
  • 4:11 - 4:14
    သစ်သားဟာ ဖြေရှင်းနည်းရဲ့
    တစ်စိတ်တစ်ဒေသ ဖြစ်လာမယ်လို့ ထင်ပါတယ်
  • 4:14 - 4:15
    ကျွန်တော့ဘာကြောင့် အဲဒီလိုထင်လဲဆိုတဲ့
    နောက်ခံဇာတ်ကြောင်းကို ပြောပြပါမယ်။
  • 4:15 - 4:18
    ဗိသုကာ တစ်ယောက်အနေနဲ့
    ကျွန်တော် ဆောက်လို့ရတဲ့ ကုန်ကြမ်းတွေထဲမှာ
  • 4:18 - 4:20
    သစ်သားဟာ တစ်ခုတည်းသော နေရဲ့ စွမ်းအားနဲ့
  • 4:20 - 4:23
    ကြီးထွားရှင်သန်လာတဲ့ ကုန်ကြမ်းကြီးပါ။
  • 4:23 - 4:27
    သစ်တစ်ပင် သစ်တောထဲမှာ ပေါက်ရောက်လာရင်
    အောက်ဆီဂျင် ဓာတ်ငွေ့ကို လေထုထဲထုတ်လွှတ်ပြီးတော့
  • 4:27 - 4:29
    ကာဗွန်ဒိုင်အောက်ဆိုက်ဒ်
    ဓာတ်ငွေ့ကို စုပ်ယူပေးပါတယ်။
  • 4:29 - 4:32
    အပင်သေသွားရင်တော့ သစ်တော
    ကြမ်းခင်းပေါ်လဲကျသွားပြီး
  • 4:32 - 4:36
    ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ဓာတ်ငွေ့ကို လေထုထဲ
    ဒါမှမဟုတ် မြေကြီးထဲကို ပြန်လည်ထုတ်လွှတ်ပါတယ်။
  • 4:36 - 4:39
    သစ်တောမီးကြောင့် အပင်လောင်
    သွားရင်လည်း လေထုထဲကို
  • 4:39 - 4:42
    ကာဗွန်ဓာတ်ငွေ့ပြန်လည်ထုတ်လွှတ်ပါတယ်။
  • 4:42 - 4:45
    ဒါပေမဲ့ အဲဒီသစ်သားကိုယူပြီး အဆောက်အအုံတစ်ခုထဲ
    ထည့်သွင်း ဆောက်လိုက်မယ် ဆိုရင်တော့
  • 4:45 - 4:48
    ပရိဘောဂတစ်ခုခု ကစားစရာ
    တစ်ခုခုအဖြစ် ပြောင်းလဲလိုက်ရင်တော့
  • 4:48 - 4:50
    ကာဗွန်ကို သိုလှောင်ထားနိုင်တဲ့
    အံ့ဖွယ်အရည်အသွေးရှိလာပြီး
  • 4:50 - 4:54
    ကျွန်တော်တို့လိုအပ်နေတဲ့ သိုလှောင်
    ထိန်းသိမ်းမှုကို ဆောင်ရွက်ပေးပါတယ်။
  • 4:54 - 4:57
    တစ်ကုဗမီတာရှိ သစ်သားတုံးတစ်တုံးဟာ
  • 4:57 - 5:00
    ကာဗွန်ဒိုင်အောက်ဆိုက်ဒ် တစ်တန်ကို
    သိုလှောင်ထားနိုင်ပါလိမ့်မယ်။
  • 5:00 - 5:02
    ကျွန်တော်တို့ရဲ့ ရာသီဥတုဖောက်ပြန်မှုကို
    ဖြေရှင်းနည်း နှစ်နည်းကတော့
  • 5:02 - 5:05
    ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချဖို့နဲ့
    သိုလှောင်စရာရှာဖို့ပါ။
  • 5:05 - 5:07
    ဒီအချက်နှစ်ခုကို လုပ်ဆောင်နိုင်တဲ့
    တစ်ခုတည်းသော
  • 5:07 - 5:11
    ဆောက်လုပ်ရေးကုန်ကြမ်းကတော့
    သစ်သားပဲဖြစ်ပါတယ်။
  • 5:11 - 5:14
    မြေကမ္ဘာကြီးက ကျွန်တော်တို့အတွက်
    စားစရာစိုက်ပျိုးပေးတယ် ဆိုတဲ့
  • 5:14 - 5:16
    လောကအမြင် တစ်ရပ်ရှိပါတယ်
  • 5:16 - 5:18
    ကျွန်တော်ကတော့ ဒီရာစုနှစ်မှာ မြေကမ္ဘာကြီးက
    ကျွန်တော်တို့အတွက်
  • 5:18 - 5:21
    အိမ်ကိုပါ စိုက်ပျိုးပေးနိုင်တယ်ဆိုတဲ့
    လောကအမြင်ဆီကို ဦးတည် ဖို့လိုတယ် ထင်ပါတယ်။
  • 5:21 - 5:23
    လက်ရှိ မြို့ပြဖြစ်ထွန်းမှု
    ဒီလောက်မြင့်မားနေချိန်မှာ
  • 5:23 - 5:24
    ဒါကိုဘယ်လိုလုပ်ကြမှာလဲ။
  • 5:24 - 5:27
    သစ်သားအဆောက်အအုံတွေကို လေးထပ်လောက်ပဲ
    စဉ်းစားနေကြနေတာလား။
  • 5:27 - 5:29
    ကျွန်တော်တို့က ကွန်ကရစ်နဲ့ သံမဏိကို
    လျှော့ချသုံးစွဲသလို
  • 5:29 - 5:31
    အဆောက်အအုံတွေကို
    ပိုပြီးကြီးကြီး ဆောက်ရပါမယ်။
  • 5:31 - 5:36
    ကျွန်တော်တို့ အထပ် ၃၀ ပါတဲ့သစ်သား
    အဆောက်အအုံဆောက်ဖို့ လုပ်နေတာပါ။
  • 5:36 - 5:39
    ဒီလိုအဆောက်အအုံမျိုးတွေအတွက် ဒီလုပ်ငန်းမှာ
    ကျွန်တော်နဲ့ လက်တွဲလုပ်ကိုင်နေတဲ့
  • 5:39 - 5:42
    အင်ဂျင်နီယာ အဲရစ်ကာ့ရှ် နဲ့အတူ
    အင်ဂျင်နီယာပိုင်းကို လုပ်နေပါပြီ။
  • 5:42 - 5:44
    ဒီလုပ်ငန်းသစ်ကို လုပ်ကိုင်ရတာကတော့
  • 5:44 - 5:47
    အသုံးပြုစရာ ထုတ်ကုန်သစ်တွေရှိလာလို့ပါ။
  • 5:47 - 5:49
    ကျွန်တော်တို့ကတော့
    သစ်မာချပ်ပြားကြီးတွေလို့ ခေါ်ပါတယ်
  • 5:49 - 5:51
    ဒီချပ်ပြားကြီးတွေကို သက်တမ်းနု သစ်ပင်တွေ
    သစ်ပင်သေးလေးတွေ
  • 5:51 - 5:55
    သစ်သားပိုင်းစလေးတွေကို ကော်နဲ့ကပ်ပြီး
  • 5:55 - 5:57
    ဧရာမ သစ်ချပ်ပြားကြီးတွေ ဖြစ်လာအောင်
    လုပ်ထားတာပါ။
  • 5:57 - 6:02
    အနံ ၈ ပေ အလျား ၆၄ ပေ နဲ့
    အထူကတော့ အမျိုးမျိုးရှိပါတယ်။
  • 6:02 - 6:05
    အကောင်းဆုံး ရှင်းပြရရင်
  • 6:05 - 6:07
    သစ်သားဆိုတာနဲ့ ၂ x ၄ ဆောက်နည်းကိုပဲ
  • 6:07 - 6:08
    အကျွမ်းတဝင်ရှိကြပါလိမ့်မယ်
  • 6:08 - 6:10
    လူတွေက ဒီလိုပဲ တစ်ခါတည်း
    ကောက်ချက်ဆွဲတတ်ကြပါတယ်
  • 6:10 - 6:12
    တကယ်တော့ ၂ x ၄ ဆောက်နည်းဆိုတာ
    ကျွန်တော်တို့ငယ်ငယ်က ကစားတဲ့
  • 6:12 - 6:15
    ရှစ်စက်လီဂိုတုံးလေးတွေနဲ့ အလားတူမျိုးပါ
  • 6:15 - 6:18
    အဲဒီအရွယ် လီဂိုတုံးလေးတွေ
    ၂ x ၄ ဘလော့တုံးလေးတွေနဲ့
  • 6:18 - 6:21
    အမိုက်စား ပစ္စည်းတွေမျိုးစုံ
    ဆောက်လို့ရပါတယ်
  • 6:21 - 6:22
    ဒါပေမဲ့ ကလေးဘဝတုန်းက
  • 6:22 - 6:24
    မြေအောက်ခန်းထဲက
    ပစ္စည်းပုံတွေထဲ လျှောက်မွှေပြီး
  • 6:24 - 6:27
    ၂၄ ဘလော့တုံး တစ်ခုလောက်
    တွေ့သွားပြီးဆိုရင်တော့
  • 6:27 - 6:27
    “ ဟန်ကျတာပဲကွာ ငါတော့
  • 6:27 - 6:30
    တကယ့်အကြီးစားကြီး
    ဆောက်လို့ရပြီ လုံးဝမိုက်မှာပဲ ”
  • 6:30 - 6:31
    လို့ဖြစ်သွားတတ်ပါတယ်။
  • 6:31 - 6:33
    အဲဒါဟာ ခြားနားချက်ပါပဲ။
  • 6:33 - 6:36
    သစ်မာချပ်ပြားကြီးတွေဟာ
    ၂၄ စက်ဘလော့တုံးမျိုးပါပဲ။
  • 6:36 - 6:37
    သူတို့က ကျွန်တော်တို့လုပ်နိုင်တဲ့
    ပမာဏကို ပြောင်းလဲစေပါတယ်။
  • 6:37 - 6:40
    ကျွန်တော်တို့ FFTT လို့အမည်ပေးထားတဲ့
    လုပ်ငန်းတစ်ခုကို စတင်နေပါပြီ
  • 6:40 - 6:42
    တကယ့်ကို ပြောင်းလွယ်ပြင်လွယ်တဲ့
    Creative Commons
  • 6:42 - 6:47
    ဆောက်လုပ်ရေး နည်းလမ်းတစ်ခုဖြစ်ပါတယ်။
  • 6:47 - 6:50
    ဒီပျဉ်ချပ်ကြီးတွေကို သုံးပြီး
    ဆောက်လုပ်မှာဖြစ်ပြီး
  • 6:50 - 6:54
    အလိုရှိတိုင်း အထပ် ၆ ထပ်ကို
    ထောင်မတ်လို့ရမှာပါ။
  • 6:54 - 6:57
    ဒီသရုပ်ဖော် ကာတွန်းလေးက အဆောက်အအုံတွေ
    ဘယ်လို ဆောက်လုပ်မလဲဆိုတာကို
  • 6:57 - 7:01
    ရိုးရိုးရှင်းရှင် းပြနေပေမယ့်
    ဒီအဆောက်အအုံတွေကို ကမ္ဘာပေါ်က
  • 7:01 - 7:03
    ယဉ်ကျေးမှုအမျိုးမျိုး
    ဗိသုကာ ဟန်ပန်အမျိုးမျိုး
  • 7:03 - 7:05
    ဝိသေသလက္ခဏာ အမျိုးမျိုး အတွက်
    ဗိသုကာပညာရှင်တွေ
  • 7:05 - 7:07
    အင်ဂျင်နီယာတွေ ဆောက်လုပ်နိုင်ပါသေးတယ်။
  • 7:07 - 7:10
    ကျွန်တော်တို့အနေနဲ့ ဘေးကင်းလုံခြုံစွာ
    ဆောက်လုပ်နိုင်ဖို့အတွက်
  • 7:10 - 7:13
    ဒီဇ်ိုင်းဆွဲ ဆောက်လုပ်နေပါပြီ။
  • 7:13 - 7:14
    ဗန်ကူးဗါးအနေနဲ့ဆို အထပ် ၃၀
  • 7:14 - 7:16
    အဆောက်အအုံ တစ်ခုအတွက်တောင်
  • 7:16 - 7:19
    ငလျင် ဘေးအန္တရာယ်မြင့်
    ဇုန်ထဲကို ရောက်နေပါပြီ
  • 7:19 - 7:21
    ဒီအကြောင်းတွေ ပြောတိုင်း
    ဒီဆွေးနွေးပွဲမှာတောင်
  • 7:21 - 7:23
    လူတွေက “ အတည်ပြောနေတာလား ။ အထပ် ၃၀၊
  • 7:23 - 7:26
    ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ”
    ဆိုတာမျိုးဖြစ်သွားကြပါတယ်
  • 7:26 - 7:29
    တကယ့်ကို ကောင်းတဲ့မေးခွန်းတွေက မေးကြပါတယ်။
  • 7:29 - 7:31
    အရေးကြီးတဲ့ ပုစ္ဆာတွေကို ကျွန်တော်တို့
    အချိန်ယူ အဖြေရှာခဲ့ပြီး
  • 7:31 - 7:33
    ကျွန်တော်တို့ရဲ့ စာတမ်းနဲ့
    ကျွမ်းကျင်ပညာရှင်တွေ
  • 7:33 - 7:36
    အကဲဖြတ်ထားတဲ့ စာတမ်းတွေမှာ
    ပေါင်းစည်းတင်ပြထားပါတယ်
  • 7:36 - 7:38
    အဲဒီထဲက အနည်းငယ်ကို အလေးပေး
    ပြောပါမယ်ခင်ဗျာ။
  • 7:38 - 7:39
    မီးပြဿနာနဲ့ စတင်ပါ့မယ်၊
    မီးအကြောင်းကတော့ ခင်ဗျားတို့
  • 7:39 - 7:42
    အခု ပထမဆုံးတွေးမိမယ့်
    အကြောင်းအရာဖြစ်နိုင်တယ်လို့ ထင်လို့ပါ
  • 7:42 - 7:43
    တွေးလည်းတွေးသင့်ပါတယ်လေ။
  • 7:43 - 7:45
    ကျွန်တော်ပြောပြပါမယ်ဗျ။
  • 7:45 - 7:47
    ခင်ဗျားတို့ မီးခြစ်တစ်လုံးယူပြီး
    မီးညှိလိုက်ပါ။
  • 7:47 - 7:51
    သစ်သားတုံးတစ်တုံးကို ကောက်ကိုင်ပြီး
    မီးရှို့ကြည့်လိုက်။ မီးလောင်မှာမဟုတ်ပါဘူး။
  • 7:51 - 7:53
    ဟုတ်တယ်မလားခင်ဗျာ။ လူတိုင်းသိပါတယ်။
  • 7:53 - 7:55
    ဒါပေမယ့် မီးအရင်မွှေးလိုက်ပြီးတော့
  • 7:55 - 7:57
    သစ်သားပိုင်းစလေးတွေကို
    မီးထဲထည့်လိုက်ရင်တော့
  • 7:57 - 8:00
    နောက်ဆုံးမှာ သစ်သားတုံးကြီးကိုပါ
    မီးထဲ ထည့်နိုင်ပါလိမ့်မယ်။
  • 8:00 - 8:02
    သေချာပေါက် မီးလည်းလောင်သွားပါလိမ့်မယ်။
  • 8:02 - 8:05
    သို့တိုင်အောင် မီးလောင်တာ နှေးပါတယ်
  • 8:05 - 8:06
    အဲ အခုကျွန်တော်တို့ သုံးနေတဲ့
    ထုတ်ကုန်သစ်ဖြစ်တဲ့
  • 8:06 - 8:09
    သစ်မာချပ်ပြားကြီးတွေ ဆိုတာကလည်း
    ထိုနည်းလည်းကောင်းပါပဲ။
  • 8:09 - 8:12
    သူတို့ကို မီးရှို့ဖို့ခက်ပါတယ်။
    တကယ်လို့လောင်သွားရင်တောင်မှ
  • 8:12 - 8:14
    တကယ်ကို ခန့်မှန်းတိုင်းဆနိုင်တဲ့
    နှုန်းနဲ့လောင်တာပါ။
  • 8:14 - 8:17
    ခန့်မှန်းတိုင်းဆတဲ့ အလုပ်ကိုတော့
    မီးဘေးကာကွယ်မှုသိပ္ပံ
  • 8:17 - 8:19
    သုံးပြီးတော့ ကွန်ကရစ်နဲ့ သံမဏိလိုမျိုး
    ဘေးအန္တရာယ်ကင်းတဲ့
  • 8:19 - 8:21
    အဆောက်အအုံတွေ ဖြစ်လာအောင်လုပ်လို့ ရပါတယ်။
  • 8:21 - 8:24
    နောက်ပြဿနာကြီး တစ်ခုကတော့
    သစ်တော ပြုန်းတီးမှုပါပဲ။
  • 8:24 - 8:27
    ကျွန်တော်တို့ ဖန်လုံအိမ်
    အာနိသင် ဓာတ်ငွေ့ထုတ်လွှတ်မှုရဲ့
  • 8:27 - 8:29
    ၁၈ ရာခိုင်နှုန်းက သစ်တောပြုန်းတီးမှုရဲ့
  • 8:29 - 8:30
    အကျိုးဆက်ပေါ့။
  • 8:30 - 8:34
    ကျွန်တော်တို့ မလုပ်ချင်ဆုံးကလည်း သစ်ပင်
    အမျိုးအစားတွေ မှားခုတ်မိမှာကိုပါပဲ
  • 8:34 - 8:38
    ဒါမှမဟုတ် သစ်ပင်တွေ
    မှားခုတ်မိတာလို့ပဲ ပြောရမလား။
  • 8:38 - 8:41
    သစ်ပင်တွေကို အထိုက်အလျောက်
    ခုတ်ခွင့်ပေးထားတဲ့
  • 8:41 - 8:43
    ရေရှည် သစ်တောဖွံ့ဖြိုးဆိုင်ရာ
    စံချိန်စံညွှန်းတွေ ရှိပါတယ်။
  • 8:43 - 8:45
    ဒီစနစ်မှာ သင့်တော်ကလည်း
    ဒီအပင်မျိုးတွေပါပဲ။
  • 8:45 - 8:46
    ဒီစိတ်ကူးစိတ်သန်းတွေဟာ
    သစ်တောပြုန်းတီးမှုဆိုင်ရာ
  • 8:46 - 8:49
    သီအိုရီသဘောထားကို
    ပြောင်းလဲပစ်လိုက်နိုင်တယ်လို့
  • 8:49 - 8:52
    တကယ်ကိုယူဆမိပါတယ်။
  • 8:52 - 8:54
    သစ်တော ပြုန်းတီးမှုဖြစ်ပွားနေတဲ့
    နိုင်ငံတွေမှာ သစ်တောတွေရဲ့တန်ဖိုး
  • 8:54 - 8:57
    ပိုမိုမြင့်မားလာအောင်
    လုပ်ဖို့ နည်းလမ်းရှာပြီး
  • 8:57 - 8:59
    ပြည်သူတွေကို လျင်လျှင် မြန်မြန်နဲ့
    သစ်တောဖြစ်ထွန်းမှု ဖြစ်စဉ် ကနေတစ်ဆင့်
  • 8:59 - 9:02
    ဝင်ငွေရှာလာအောင် လုပ်ဖို့
    အားပေးရမှာ ဖြစ်ပါတယ်။
  • 9:02 - 9:04
    ၁၀ နှစ် ၁၂ နှစ် ၁၅ နှစ် သက်တမ်းရှိတဲ့
    သစ်ပင်တွေကနေ
  • 9:04 - 9:07
    ကျွန်တော်တို့ လိုအပ်နေတဲ့
    ကုန်ကြမ်းပစ္စည်းတွေကို ထုတ်လုပ်ပြီး
  • 9:07 - 9:09
    ဒီအရွယ်အစားလောက် ဆောက်ခွင့် ရနိုင်ဖို့ပါ
  • 9:09 - 9:11
    လက်ရှိမှာတော့အထပ် ၂၀ အဆောက်အအုံ
    အတွက် တွက်ချက်ထားပြီးပါပြီ။
  • 9:11 - 9:14
    မြောက်အမေရိကမှာ ၁၃ မိနစ်တိုင်း
    လုံလောက်တဲ့ သစ်ပမာဏကို စိုက်ပျိုးနိုင်ပါတယ်။
  • 9:14 - 9:17
    အချိန်က အဲဒီလောက်ပဲလိုတာပါ။
  • 9:17 - 9:20
    ကာဗွန်အကြောင်းကလည်း ဒီကိစ္စမှာ
    တော်တော်ကို အရေးပါပါတယ်။
  • 9:20 - 9:23
    ဘိလပ်မြေနဲ့ ကွန်ကရစ်သုံးထားတဲ့
    အထပ် ၂၀ အဆောက်အအုံ တစ်လုံး
  • 9:23 - 9:26
    ဆောက်မယ်ဆိုရင် ဘိလပ်မြေ ထုတ်တဲ့နေရာမှာ
  • 9:26 - 9:30
    ကာဗွန်ဒိုင်အောက်ဆိုဒ်
    တန် ၁၂၀၀ ထွက်ရှိနိုင်ပါတယ်။
  • 9:30 - 9:32
    သစ်သားနဲ့သာ ဆောက်လိုက်မယ်ဆိုရင်တော့
  • 9:32 - 9:34
    ကာဗွန်ဒိုင်အောက်ဆိုဒ် တန် ၃၁၀၀ ကို
    သိုလှောင်ထားနိုင်မှာမို့လို့
  • 9:34 - 9:37
    အသားတင် တန်ပေါင်း ၄၃၀၀ လောက်
    ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့ကျသွားမှာပါ။
  • 9:37 - 9:39
    ဒီပမာဏဟာ တစ်နှစ်ကို ကားအစီးရေ ၉၀၀ လောက်ကို
  • 9:39 - 9:42
    လမ်းပေါ်ကနေ ဖယ်ရှားလိုက်တာနဲ့ ညီမျှပါတယ်။
  • 9:42 - 9:44
    အိမ်တွေလိုအပ်နေတဲ့
    လူသန်းပေါင်း သုံးထောင်ကို
  • 9:44 - 9:45
    ပြန်စဉ်းစားကြည့်လိုက်ပါ။
  • 9:45 - 9:48
    ဒီလိုအပ်ချက်ကတောင် ဓာတ်ငွေ့လျှော့ချမှုကို
    အထောက်အကူပေးနိုင်ပါတယ်။
  • 9:48 - 9:51
    တော်လှန် ပြောင်းလဲရေး နိဒါန်းအစမှာ
    ကျွန်တော်တို့ ရောက်နေတယ်လို့ မျှော်လင့်ပါတယ်။
  • 9:51 - 9:53
    ဘာလို့လဲဆိုတော့ ဒါဟာ နှစ် ၁၀၀ အတွင်း
    ဒါမှမဟုတ် ဒီထက်ပိုရှည်တဲ့
  • 9:53 - 9:58
    သမိုင်းကာလအတွင်း မိုးမျှော်တိုက်
    ဆောက်လုပ်နည်းသစ် တစ်ခု ဖြစ်နေလို့ပါ။
  • 9:58 - 10:00
    ရင်ဆိုင်ရမယ့် စိန်ခေါ်မှုက လူအဖွဲ့အစည်း
    တစ်ခုလုံးရဲ့ ဖြစ်နိုင်ပါ့မလား ဆိုတဲ့
  • 10:00 - 10:02
    အမြင်ကို ပြောင်းလဲရေးပါ၊
    တကယ့်ကို ကြီးမားတဲ့ စိန်ခေါ်မှုပါ။
  • 10:02 - 10:06
    ရိုးရိုးသားသား ပြောရရင် အင်ဂျင်နီယာ
    အပိုင်းကတော့ လွယ်တဲ့အပိုင်းပါ။
  • 10:06 - 10:08
    ကျွန်တော် ရှင်းပြပါချင်တာက ဒီလိုပါ။။
  • 10:08 - 10:10
    အင်ဂျင်နီယာ ပညာရပ်အရ မိုးမျှော်တိုက်
    တစ်လုံးဟာ ၁၀ ထပ်ပဲမြင့်ပါတယ်။
  • 10:10 - 10:13
    ယုံချင်မှယုံပါလိမ့်မယ်။
  • 10:13 - 10:15
    ကမ္ဘာ့ပထမဦးဆုံး မိုးမျှော်တိုက်ကတော့
    ရှီကာဂိုမြို့က ဒီတစ်ခုပါပဲ။
  • 10:15 - 10:18
    လူတွေဟာ အဲ့ဒီအဆောက်အအုံအောက်က
    ဖြတ်လျှောက် ရတာကိုပဲ ရင်တုန်နေခဲ့ကြပါတယ်။
  • 10:18 - 10:20
    ဒါပေမဲ့ ဒီအဆောက်အအုံဆောက်ပြီး
    လေးနှစ်အကြာမှာပဲ
  • 10:20 - 10:23
    Gustave Eiffel က အိုင်ဖယ်မျှော်စင်ကြီးကို
    ဆောက်နေပါပြီ။
  • 10:23 - 10:24
    သူလည်း အိုင်ဖယ်မျှော်စင်ကြီးကို
    ဆောက်လို့လည်းပြီးရော
  • 10:24 - 10:29
    ကမ္ဘာ့မြို့ကြီးတွေရဲ့ မိုးကုပ်စက်ဝိုင်း
    အနားသတ်မျဉ်းဟာ မြင့်သထက်မြင့်လာခဲ့တော့တယ်။
  • 10:29 - 10:32
    နယူးယောက်မြို့လို ရှီကာဂိုမြို့လိုနေရာမျိုးတွေမှာ
  • 10:32 - 10:34
    ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေဟာ
    ပိုမြင့်သထက်မြင့်အောင် ဆောက်လာကြပြီး
  • 10:34 - 10:37
    ပိုကောင်းသထက် ကောင်းတဲ့
    အင်ဂျင်နီယာ စွမ်းပကားတွေနဲ့
  • 10:37 - 10:40
    အကန့်အသက် အတားအဆီးတွေကို
    ကျော်လွှားသည်ထက် ကျော်လွှားပြီး
  • 10:40 - 10:42
    ယှဉ်ပြိုင်မှု တစ်ရပ်ပေါ်ပေါက် လာပါတော့တယ်။
  • 10:42 - 10:44
    ဒီအဆောက်အအုံပုံ စံနမူနာကို
    နယူးယောက်မြို့မှာ ဆောက်ခဲ့ပါတယ်
  • 10:44 - 10:47
    အမှန်တော့ မကြာခင်ပေါ်ပေါက်လာမယ့်
    နည်းပညာ တက္ကသိုလ်တစ်ခုရဲ့
  • 10:47 - 10:50
    ပရဝုဏ်အတွင်းမှာ
    သီအိုရီနမူနာအနေနဲ့ ဆောက်ခဲ့တာပါ။
  • 10:50 - 10:51
    ဒါကို ဘာလို့ ရွေးပြတာလဲဆိုတော့
  • 10:51 - 10:54
    သစ်သား အဆောက်အအုံတွေဖြစ်လာမယ့်
    ပုံစံကိုပြချင်လို့ပါ။
  • 10:54 - 10:56
    အပြင်ဒီဇိုင်းကတော့ ပြောင်းလဲနိုင်ပါတယ်။
  • 10:56 - 10:59
    ကျွန်တော်တို့ အဓိကပြောနေတာက
    အခြေခံဖွဲ့စည်းပုံအပိုင်းပါ
  • 10:59 - 11:01
    ဒါကိုရွေးချယ်လိုက်ရတဲ့ အကြောင်းကတော့
    နည်းပညာ တက္ကသိုလ်ဖြစ်နေတာရယ်။
  • 11:01 - 11:04
    သစ်သားကသာလျှင် တစ်ခုတည်းသော
    နည်းပညာအမြင့်မားဆုံး
  • 11:04 - 11:07
    ဆောက်လုပ်ရေး ကုန်ကြမ်းဖြစ်တယ်လို့
    ယုံကြည်တာကြောင့်ရယ်ပါ။
  • 11:07 - 11:10
    မူပိုင်ခွင့်ကတော့ မိခင်သဘာဝကြီး
    ပိုင်ဆိုင်ပါတယ်
  • 11:10 - 11:13
    ဒီအချက်က တကယ့်ကိုတစ်မျိုးကြီးပါပဲ။
  • 11:13 - 11:15
    ဒါပေမဲ့ ဖြစ်သင့်တဲ့အချက်ပါ။
  • 11:15 - 11:18
    ကျွန်တော်တို့ ဆောက်လုပ်ထားတဲ့ ပတ်ဝန်းကျင်မှာ
    သဘာဝရဲ့ လက်ဗွေရာတွေ ပါနေတာကိုးခင်ဗျ
  • 11:18 - 11:20
    ကျွန်တော်ကတော့ ဒီအခွင့်အရေးကို
    ဆုပ်ကိုင်ပြီး “ အိုင်ဖယ်မျှော်စင်ခေတ် ”လို့
  • 11:20 - 11:24
    ကျွန်တော်တို့ အမည်ပေးထားတဲ့
    ခေတ်တစ်ခုကို ဖန်တီးချင်ပါတယ်။
  • 11:24 - 11:26
    ကမ္ဘာတစ်လွှားက သစ်သား အဆောက်အအုံတွေ
    မြင့်သထက်မြင့်လာပါပြီ
  • 11:26 - 11:27
    လန်ဒန်မှာ ၉ ထပ်အဆောက်အအုံ တစ်လုံးရှိပါတယ်။
  • 11:27 - 11:30
    ဩစတြေးလျမှာ မကြာခင်ကပြီးသွားတဲ့
    အဆောက်အအုံသစ်ဟာ
  • 11:30 - 11:32
    ၁၀ ထပ် သို့မဟုတ် ၁၁ ထပ် ရှိတယ်ထင်ပါတယ်။
  • 11:32 - 11:35
    ဒီသစ်သား အဆောက်အအုံတွေရဲ့ အမြင့်ကို
    မြင့်သထက်မြင့်လာအောင် စဆောင်ရွက်နေပါပြီ။
  • 11:35 - 11:37
    ကျွန်တော်တို့အဖွဲ့ မျှော်လင့်ထားပါတယ်၊
    ကျွန်တော်ကိုယ်တိုင်လည်း မျှော်လင့်ထားပါတယ်။
  • 11:37 - 11:40
    ကျွန်တော့် ဇာတိမြေ ဗန်ကူးဗါးမှာ
    ကမ္ဘာ့အမြင့်ဆုံး အထပ် ၂၀ ပါ
  • 11:40 - 11:43
    သစ်သား အဆောက်အအုံတစ်လုံးကို
    မဝေးတော့တဲ့အနာဂတ်မှာ
  • 11:43 - 11:46
    ဆောက်လုပ်ဖို့ ကြေညာနိုင်ချေရှိတယ်လို့ပါ။
  • 11:46 - 11:48
    ဒီ “ အိုင်ဖယ်မျှော်စင်ခေတ် ” က မျက်နှာကျက်
    အတားအဆီးကို ကျော်လွှားသွားမှာပါ။
  • 11:48 - 11:50
    မျက်နှာကျက် အမြင့်ဆိုင်ရာ ဘောင်ကို
    လွန်မြောက်သွားတော့မှာပါ။
  • 11:50 - 11:53
    သစ်သား အဆောက်အအုံတွေလည်း
    ဒီယှဉ်ပြိုင်မှုမှာ ပါဝင်လာစေမှာပါ။
  • 11:53 - 11:55
    ပြိုင်ပွဲက မကြာခင်စတော့မယ်လို့
    ကျွန်တော်ကတော့ ယုံကြည်ပါတယ်။
  • 11:55 - 11:56
    ကျေးဇူးတင်ပါတယ်ခင်ဗျာ။
  • 11:56 - 12:01
    ( လက်ခုပ်သံများ )
Title:
သစ်သားမိုးမျှော်တိုက်တွေ ဘာကြောင့်ဆောက်သင့်တာလဲ။
Speaker:
Michael Green
Description:

မိုးမျှော်တိုက်ဆောက်မလို့လား? သံမဏိတွ ကွန်ကရစ်တွေကို မေ့ပစ်လိုက်ပြီး သစ်သားနဲ့ ဆောက်ပါ လို့ ဗိသုကာပညာရှင် Michael Green က ဆိုလာပါတယ်။ အလွန်တရာစိတ်ဝင်စားဖွယ်ကောင်းလှတဲ့ ဒီဟောပြောပွဲမှာ ၎င်းကအသေးစိတ်ရှင်းပြသွားပုံအရ ဘေးကင်းသော သစ်သားအဆောက်အအုံများကို အထပ် ၃၀ အမြင့်အထိ( ပိုမြင့်နိုင်သည်ဟု ၎င်းက မျှော်လင့်ထား) ဆောက်ရန်မှာ ဖြစ်နိုင်ချေရှိရုံသာမက လက်တွေ့ဆောက်လုပ်ရန်လိုအပ်နေပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
12:22
  • This translation can convey the tone and avoice of original speaker and very impressive interpretation into words ! what I have done here is adding some minimal chunks to be smoother one and one late timing to be adapted for better flow ! bravo, Swe !

  • Well done!

Burmese subtitles

Revisions Compare revisions