Return to Video

အကျင့်ဆိုးကို ဖြတ်ပစ်ရန် ရိုးစင်းတဲ့ နည်းလမ်း။

  • 0:01 - 0:03
    ကမ္မဋ္ဌာန်းထိုင်ဖို့ ပထမ သင်ယူနေတုန်း
  • 0:03 - 0:06
    ပို့ချချက်က ကိုယ့်အသက်ရှူတာကို
    အာရုံစိုက်ဖို့နဲ့ပဲဖြစ်ပြီး
  • 0:06 - 0:08
    စိတ်ပျံ့လွင်ရင် ဒီစိတ်ကို ပြန်သတိရဖို့ပါ။
  • 0:09 - 0:10
    အတော်လေး ရိုးစင်းပုံရပါတယ်။
  • 0:11 - 0:14
    ဒါပေမဲ့ ဒီဆိတ်ငြိမ်တဲ့
    ဘာဝနာစီးဖြန်းမှုတွေကို
  • 0:14 - 0:17
    ဆောင်းတွင်းကြီးမှာ တီရှပ်တွေကနေ
    ချွေးပြန်ရင်း ထိုင်ခဲ့တယ်၊
  • 0:17 - 0:21
    အခွင့်ရတိုင်း တစ်မှေးမှေးတယ်၊ အကြောင်းက
    ဒါက အတော် ခက်တဲ့အလုပ်ပါ။
  • 0:21 - 0:23
    တကယ်တမ်းက ခြေကုန်လက်ပမ်းကျစေတာပေါ့။
  • 0:23 - 0:25
    ပို့ချချက်က ရိုးစင်းပေမဲ့
  • 0:25 - 0:27
    ကျွန်တော်ဟာ တကယ့် အရေးကြီးတာကို လွဲနေတယ်။
  • 0:28 - 0:31
    ဒီတော့ အာရုံစိုက်ဖို့ ဘာလို့
    ဒီလောက်ခက်ခဲရတာလဲ။
  • 0:31 - 0:33
    ကဲ လေ့လာမှုတွေက ပြဆိုတာက
  • 0:33 - 0:36
    ကျွန်တော်တို့ တစ်ခုခုကို တကယ်ပဲ
    အာရုံစိုက်ဖို့ ကြိုးစားနေတာတောင်မှ
  • 0:36 - 0:37
    ဥပမာ ဒီဟောပြောချက်လိုပေါ့၊
  • 0:37 - 0:39
    တစ်ချိန်မှာတော့
  • 0:39 - 0:41
    ကျွန်တော်တို့ တစ်ဝက်လောက်ဟာ
    စိတ်ကူးယဉ်မိတာ (သို့)
  • 0:41 - 0:43
    Twitter အဝင်ကို ကြည့်ချင်စိတ်ဖြစ်မိမယ်။
  • 0:44 - 0:46
    ဒီတော့ ဒီမှာ ဘာတွေဆက်ြဖစ်နေလဲ။
  • 0:47 - 0:50
    ဖြစ်သွားတာက လူသားဟာ သူသိတဲ့
    အခြေခံအကျဆုံး အာရုံကြောစနစ်ကို
  • 0:50 - 0:53
    ပြန်ထိန်းသိမ်းတာလို့ သိပ္ပံမှာ
    လက်ရှိသိကြတဲ့ ဆင့်ကဲဖြစ်စဉ်
  • 0:53 - 0:55
    အရ အထိန်းသိမ်းထားဆုံး
  • 0:55 - 0:57
    သင်ယူမှု ဖြစ်စဉ်နဲ့ ကျွန်တော်တို့
    တိုက်ခိုက်နေတာပါ။
  • 0:58 - 0:59
    ဒီဆုလာဘ် အခြေခံ သင်ယူမှုဖြစ်စဉ်ကို
  • 1:00 - 1:02
    အပြုနဲ့ အဖျက်သဘော အားပေးမှုလို့ခေါ်ပြီး
  • 1:02 - 1:03
    အခြေခံကတော့ ဒီလိုပါ။
  • 1:04 - 1:06
    ကောင်းပုံရတဲ့ အစားအစာကို မြင်တော့
  • 1:06 - 1:09
    ဦးနှောက်က "ကယ်လိုရီတွေကွ၊
    ရှင်ကျန်ရေးကွ"လို့ ပြောတယ်။
  • 1:09 - 1:10
    အစာကို စားကြတယ်၊ အရသာခံတယ်၊
  • 1:10 - 1:11
    အရသာကောင်းတယ်ပေါ့။
  • 1:11 - 1:13
    အထူးသဖြင့် သကြားနဲ့ ပတ်သက်ပြီး
  • 1:13 - 1:15
    ကိုယ်ခန္ဓာတွေကနေ ဦးနှောက်ကို ပြောတာက
  • 1:15 - 1:18
    " မင်းစားနေတဲ့အရာနဲ့ တွေ့တဲ့နေရာကို
    မှတ်ထားနော်"တဲ့။
  • 1:19 - 1:22
    ဒီအခြေအနေ မှီခိုတဲ့ မှတ်ဉာဏ်ကို
    ချမှတ်လိုက်ပြီး
  • 1:22 - 1:24
    ဒီဖြစ်စဉ်ကို နောက်တစ်ခါ ထပ်လုပ်ဖို့
    သင်ယူလိုက်တယ်။
  • 1:25 - 1:26
    အစားအစာကို မြင်တယ်၊
  • 1:26 - 1:27
    အစားအစာကိုစားတယ်၊ စားလို့ကောင်းတယ်၊
  • 1:27 - 1:29
    ထပ်လုပ်တယ်။
  • 1:29 - 1:32
    အစပျိုးမှု၊ အပြုအမူ၊ ဆုလာဘ်။
  • 1:32 - 1:33
    ရိုးရိုးလေးပဲနော်။
  • 1:34 - 1:36
    ကဲ ခဏအကြာမှာ ထိုးထွင်တတ်တဲ့
    ဦးနှောက်က
  • 1:36 - 1:37
    "ဘာဆိုတာ မင်းသိလား၊
  • 1:37 - 1:41
    အစားအစာက ဘယ်မှာဆိုတာကို
    မှတ်မိတာထက် ဒါကို ပိုအသုံးပြုနိုင်တယ်၊
  • 1:41 - 1:43
    သိတယ်နော်၊ နောက်တစ်ခါ စားလို့မကောင်းရင်
  • 1:43 - 1:47
    ပိုကောင်းသွားအောင် ကောင်းတာတစ်ခုခု
    စားကြည့်လိုက်ပေါ့" ဆိုလာတယ်။
  • 1:48 - 1:50
    ဒီစိတ်ကူးအတွက် ဦးနှောက်ကို ကျေးဇူးတင်ကြတယ်
  • 1:50 - 1:51
    ဒါကို စမ်းပြီး အမြန်သင်ယူလိုက်တာက
  • 1:51 - 1:55
    ရူးကြောင်တာ (သို့) ဝမ်းနည်းတဲ့အခါ
    ချောကလက်(သို့) ရေခဲမုန့်စားရင်၊
  • 1:55 - 1:56
    နေလို့ ပိုကောင်းတယ်ပေါ့။
  • 1:57 - 1:58
    ဖြစ်စဉ်က အတူတူပါ၊
  • 1:58 - 2:00
    အစပျိုးမှုပဲ ကွဲတာပါ။
  • 2:00 - 2:03
    ဝမ်းဗိုက်ကလာတဲ့ ဆာလောင်မှု အချက်ပြအစား
  • 2:03 - 2:05
    ဝမ်းနည်မှုဆိုတဲ့ ဒီစိတ်ခံစားမှု
    အချက်ပြက
  • 2:05 - 2:06
    စားချင်စိတ်ကို စပေးတာပါ။
  • 2:07 - 2:09
    ဖြစ်နိုင်တာက ဆယ်ကျော်နှစ်တွေက
  • 2:09 - 2:11
    ကျောင်းမှာ လူတော်ဖြစ်ခဲ့ပြီး
  • 2:12 - 2:14
    အပြင်က ဆေးလိပ်သောက်တဲ့
    လူဆိုးလေးတွေကိုမြင်တော့ တွေးတာက
  • 2:14 - 2:16
    "ဟေး ငါ မိုက်ချင်တယ်ကွာ"
  • 2:16 - 2:17
    ဒါနဲ့ ဆေးလိပ် စသောက်မိတယ်။
  • 2:18 - 2:22
    Marlboro Man က အလကားလူမဟုတ်ဘူး၊
    ဒါက မတော်တဆ မဟုတ်ဘူး။
  • 2:22 - 2:23
    မိုက်တာကို မြင်တယ်၊
  • 2:23 - 2:24
    မိုက်ဖို့ ဆေးလိပ်သောက်တယ်၊
  • 2:24 - 2:26
    နေလို့ကောင်းတယ်၊ ဆက်လုပ်တယ်။
  • 2:26 - 2:28
    အစပျိုးမှု၊ အပြုအမူ၊ ဆုလာဘ်။
  • 2:29 - 2:30
    ဒါလုပ်တဲ့ အကြိမ်တိုင်း
  • 2:30 - 2:32
    ဖြစ်စဉ်ကို ထပ်လုပ်ဖို့ သင်ယူပြီး
  • 2:32 - 2:33
    ဒါက အကျင့်တစ်ခုဖြစ်လာတယ်။
  • 2:34 - 2:35
    ဒါနဲ့ နောက်ကျတော့
  • 2:35 - 2:39
    ခံစားချက်က စီးကရက်သောက်ဖို့
    (သို့) ချိုတာတစ်ခုခု စားချင်တဲ့စိတ်ကို
  • 2:39 - 2:40
    အစပျိုးတာတွေကို ဖိစီးခဲ့တယ်။
  • 2:41 - 2:44
    ကဲ ဒီတူညီတဲ့ ဦးနှောက်ဖြစ်စဉ်တွေနဲ့
  • 2:44 - 2:46
    သင်ယူခြင်းကနေ ဆက်ရှင်ဖို့ ပြောရရင်
  • 2:46 - 2:49
    ဒီအကျင့်တွေနဲ့ ကိုယ့်ကိုယ်ကို
    သတ်နေတာအထိ သွားလိုက်တာပေါ့။
  • 2:49 - 2:50
    အဝလွန်တာနဲ့ ဆေးလိပ်သောက်တာ
  • 2:50 - 2:55
    ဟာ ကမ္ဘာမှာ အစွဲနဲ့ စာရိတ္တပိုင်းးရဲ့
    အဓိကတားဆီးနိုင်တဲ့ အကြောင်းရင်းတွေထဲကပါ။
  • 2:55 - 2:57
    ကဲ အသက်ရှူတာ ပြန်သွားရအောင်။
  • 2:58 - 3:00
    ဦးနှောက်ကို တိုက်ခိုက်နေတာ၊ ကိုယ့်ကိုယ်ကို
  • 3:00 - 3:03
    အတင်းကြီး အာရုံစိုက်ဖို့
    လုပ်နေမယ့်အစား ဒါမှမဟုတ်
  • 3:03 - 3:07
    ဒီအစား သဘာဝ ဆုလာဘ် အခြေခံ
    သင်ယူမှုဖြစ်စဉ်ထဲကို အလိမ်ကလေးထည့်ပြီး
  • 3:07 - 3:08
    ဝင် ကြည့်လိုက်ရင်ရော။
  • 3:09 - 3:11
    တဒင်္ဂအတွေ့အကြုံထဲမှာ ဖြစ်နေတာကို
  • 3:11 - 3:13
    တကယ်ကို စိတ်ဝင်တစားရှိလိုက်မယ် ဆိုရင်ရော။
  • 3:13 - 3:15
    နမူနာတစ်ခုပေးပါ့မယ်။
  • 3:15 - 3:16
    ကျွန်တော့ လက်တွေ့ခန်းမှာ
  • 3:16 - 3:19
    အာရုံသိမှုအကျင့်ဟာ ဆေးလိပ်ဖြတ်သူ
    တွေကို ကူညီနိုင်လားဆိုတာ လေ့လာတယ်။
  • 3:19 - 3:23
    ကျွန်တော့လို့ အသက်ရှူတာကို
    အတင်းအာရုံစိုက်ဖို့ ကြိုးစားသလိုပဲ
  • 3:23 - 3:26
    သူတို့ကိုယ်သူတို့ ဆေးလိပ်ဖြတ်ဖို့
    အတင်းကြိုးစားနိုင်တယ်လေ။
  • 3:26 - 3:29
    အများစုဟာ အရင်က ကြိုးစားကြည့်ခဲ့ကြပြီး
    ပျမ်းမျှအားဖြင့်တော့
  • 3:29 - 3:31
    ခြောက်ကြိမ်လောက် မအောင်မြင်ခဲ့ဘူး။
  • 3:32 - 3:33
    အခု အာရုံသိမှတ်မှု အကျင့်နဲ့
  • 3:33 - 3:37
    အတင်းလုပ်ရတာ နည်းနည်းကျသွားပြီး
    ဒီအစား သိချင်စိတ်ကို အာရုံစိုက်ပါတယ်။
  • 3:38 - 3:41
    တကယ်ဆို သူတို့ကို ဆေးလိပ်တောင်
    သောက်ခိုင်းပါတယ်။
  • 3:41 - 3:43
    ဘာ၊ ဟုတ်တယ် ပြောတာက"လုပ်ပါ၊ သောက်စမ်းပါ၊
  • 3:43 - 3:46
    သောက်တဲ့အခါသာ ဘယ်လိုဆိုတာပဲ
    စူးစမ်းကြပါ။"
  • 3:46 - 3:48
    သူတို့ဘာကို သတိပြုမိကြလဲ။
  • 3:48 - 3:51
    ဒါက ဆေးလိပ်သောက်သူ
    တစ်ယောက်ဆီက ဥပမာတစ်ခုပါ။
  • 3:51 - 3:53
    သူမက "သိမှတ်ပြီး ဆေးလိပ်သောက်ခြင်း၊
  • 3:53 - 3:54
    နံဟောင်နေတဲ့ ဒိန်ခဲနံ့ရပြီး
  • 3:54 - 3:56
    အရသာက ဓာတုပစ္စည်းတွေလို၊
  • 3:56 - 3:57
    ရွံစရာကြီး"တဲ့။
  • 3:58 - 4:01
    အခု သူမဟာ ဆေးလိပ်သောက်တာ
    မကောင်းတာကို ရှင်းရှင်းကြီး သိသွားတယ်။
  • 4:01 - 4:03
    ဒါကြောင့် ဒီအစီအစဉ်မှာ ပါဝင်ခဲ့တာပါ။
  • 4:04 - 4:08
    ဆေးလိပ်သောက်တဲ့အခါ စူးစမ်းစွာ
    သတိထားခြင်းနဲ့ တွေ့ရှိလိုက်တာက
  • 4:08 - 4:11
    ဆေးလိပ်သောက်ခြင်းဟာ ချီးလို အရသာတဲ့။
  • 4:11 - 4:13
    (ရယ်သံများ)
  • 4:14 - 4:18
    အခု သူမဟာ အသိကနေ
    ဉာဏ်ပညာကို ပြောင်းလိုက်တယ်။
  • 4:18 - 4:21
    ဆေးလိပ်သောက်တာဟာ မကောင်းဘူးလို့
    ခေါင်းထဲက သိနေခြင်းကို
  • 4:22 - 4:24
    အရိုးထဲမှာ သိနေခြင်းဆီ ပြောင်းလိုက်တော့
  • 4:24 - 4:26
    ဆေးလိပ်သောက်ခြင်းရဲ့ ကျိန်စာဟာ
    ပျက်ပြယ်သွားတယ်။
  • 4:26 - 4:30
    သူမဟာ သူမရဲ့ အပြုအမူကို
    မနှစ်မြို့တာ ဖြစ်လာတယ်။
  • 4:31 - 4:33
    အခု ဆင့်ကဲဖြစ်စဉ် အမြင်က
  • 4:33 - 4:37
    ဦးနှောက်ရဲ့ အနုဆုံးအပိုင်း ရှေ့ဦးပိုင်း
    အပြင်လွာက ကျွန်တော်တို့
  • 4:37 - 4:41
    ဆေးလိပ်မသောက်သင့်ဘူးဆိုတဲ့ အသိဉာဏ်
    အဆင့်တစ်ခုပေါ်မှာ နားလည်လိုက်တယ်။
  • 4:41 - 4:45
    ဒါက ကျွန်တော်တို့ရဲ့ အပြုအမူကို ပြောင်းတာ
    ကူညီဖို့ ၊ဆေးလိပ်မသောက်အောင် ကူညီဖို့
  • 4:45 - 4:46
    ဒုတိယ၊ တတိယ၊ စတုတ္ထ
  • 4:46 - 4:50
    ကွတ်ကီးကို မစားအောင် ကူညီဖို့
    အစွမ်းကုန် ကြိုးပမ်းတယ်။
  • 4:51 - 4:52
    သိမြင်တတ်တဲ့ ထိန်းချုပ်မှုပါ။
  • 4:52 - 4:55
    အပြုအမူ ထိနိးချုပ်ဖို့ သိမြင်ခြင်းကို
    သုံးနေတာပါ။
  • 4:56 - 4:57
    ကံဆိုးချင်တော့
  • 4:57 - 4:59
    ဒါက ဖိစီးမှုခံရတဲ့အခါ လွတ်သွားတဲ့
  • 4:59 - 5:01
    ဦးနှောက်ရဲ့ ပထမဆုံး အပိုင်းလည်း ဖြစ်တော့
  • 5:01 - 5:02
    ဒီလောက် အကူမရဘူးလေ။
  • 5:02 - 5:05
    အခု ဒါကို ကိုယ့်အတွေ့အကြုံထဲမှာ
    ဆက်စပ်ယူနိင်ပါတယ်။
  • 5:05 - 5:08
    စိတ်ဖိစီး (သို့) ပင်ပန်းတဲ့အခါ
    ခင်ပွန်း(သို့) ကလေးတွေကို
  • 5:08 - 5:10
    အော်ဖို့ ဖြစ်နိုင်ခြေ ပိုများတယ်။
  • 5:10 - 5:12
    ဒါက အထောက်အကူမဖြစ်တာကို သိနေတာတောင်မှနော်။
  • 5:12 - 5:14
    ကိုယ့်ဘာသာ မတတ်နိုင်တော့ဘူးလေ။
  • 5:15 - 5:17
    ဦးနှောက် ရှေ့ပိုင်း အပြင်လွာ
    လွတ်သွားတဲ့အခါ
  • 5:17 - 5:20
    အကျင့်ဟောင်းတွေဆီ ပြန်ရောက်သွားတယ်၊
  • 5:20 - 5:22
    ဒါကြောင့် ဒီမနှစ်မြို့မှုက ဒီလောက်
    အရေးပါတာပါ။
  • 5:22 - 5:24
    ကိုယ့်အကျင့်တွေကနေ ရတာကို မြင်တာဟာ
  • 5:24 - 5:26
    ဒါတွေကို ပိုနက်တဲ့အဆင့်မှာ
    နားလည်ဖို့ ကူညီတယ်
  • 5:26 - 5:28
    အရိုးထဲတွေထဲထိ သိဖို့ပါ။
  • 5:28 - 5:30
    ဒီတော့ အပြုအမူကနေ ကိုယ့်ကိုယ်ကို
    အတင်း ဆွဲထားတာ
  • 5:30 - 5:32
    ချုပ်ထိန်းတာတို့ လုပ်ဖို့မလိုပါဘူး။
  • 5:32 - 5:34
    ပထမဆုံးမှာတင် ဒါ လုပ်ရတာ
    စိတ်ဝင်းစားမှု နည်းနေတာပါ။
  • 5:34 - 5:37
    အာရုံသိမှတ်မှုဆိုတာက ဒါပါပဲ။
  • 5:37 - 5:41
    ကိုယ့်အပြုအမူတွေနဲ့ ပိတ်မိတဲ့အခါ ရလိုက်တာ
    ကို တကယ် ရှင်းလင်းစွာ သိမြင်ခြင်းဟာ
  • 5:42 - 5:45
    ကိုယ်တွင်းပိုင်း အဆင့်တစ်ဆင့်မှာ
    မနှစ်မြို့တာဖြစ်လာပြီး
  • 5:45 - 5:48
    ဒီမနှစ်မြို့မှု အနေအထားကနေ
    သဘာဝအတိုင်း ဖြေလွှတ်လိုက်ခြင်းပါ။
  • 5:49 - 5:52
    ဒါ "ဟပ်ချလောင်း" ဆိုပြီး
    ဆေးလိပ်ပြတ်သွားတယ်လို့ မဆိုလိုပါဘူး။
  • 5:52 - 5:55
    ဒါပေမဲ့ ကြာလာတော့ ကိုယ့်လုပ်ရပ်တွေရဲ့
    ရလဒ်တွေကို
  • 5:55 - 5:56
    ပိုရှင်းရှင်း သိလာလေ
  • 5:56 - 5:59
    အကျင့်ဟောင်းတွေကို စွန့်လွှတ်ပြီး
    အသစ်တွေဖြစ်တာပါ။
  • 6:00 - 6:01
    ဒီမှာရှိတဲ့ ဝိရောဓိက
  • 6:01 - 6:04
    အာရုံသိမှတ်မှုဟာ ကိုယ်နဲ့ စိတ်တွေမှာ
    တဒင်္ဂချင်း
  • 6:04 - 6:06
    တကယ်ပဲ ဖြစ်ပျက်နေတာနဲ့
  • 6:06 - 6:08
    အနီးကပ်၊ ကိုယ်တိုင်ပါဝင်နေခြင်းကို
  • 6:08 - 6:10
    တကယ်ပဲ စိတ်ဝင်စားခြင်းပါပဲ။
  • 6:10 - 6:12
    မသတီစရာ အငမ်းမရဖြစ်တာတွေကို
  • 6:12 - 6:16
    အမြန်ဆုံးဖယ်ရှားတာထက် ဒီဆန္ဒရှိမှုကို
    ကိုယ့်အတွေ့အကြုံဆီ ဦးလှည့်လိုက်တာပါ။
  • 6:17 - 6:19
    ကိုယ့်အတွေ့အကြုံဆီ ဦးလှည့်လိုက်တဲ့
    ဒီဆန္ဒရှိမှုကို
  • 6:19 - 6:21
    သိလိုစိတ်က ထောက်ပံ့တာပါ။
  • 6:21 - 6:23
    ဒါက သဘာဝအတိုင်း ဆုချီးမြင့်ခြင်းပါ။
  • 6:23 - 6:25
    သိလိုစိတ်က ခံစားရတာက ဘယ်လိုမျိုးလဲ။
  • 6:25 - 6:26
    ကောင်းတာပေါ့။
  • 6:27 - 6:29
    သိလိုစိတ်ဖြစ်ရင် ဘာဖြစ်တတ်လဲ။
  • 6:29 - 6:33
    အငမ်းမရဖြစ်မှုတွေဟာ ခန္ဓာဝေဒနာ
    တွေ ပေါင်းထားတာပဲလို့ သတိထားမိတယ်။
  • 6:33 - 6:35
    အိုး တင်းကျပ်မှုရှိတယ်၊ စိတ်ပင်ပန်းတယ်၊
  • 6:35 - 6:37
    ဂနာမငြိမ်ဖြစ်တယ်၊
  • 6:37 - 6:39
    ဒီခန္ဓာဝေဒနာတွေဟာ
    ပေါ်လာလိုက်၊ပျောက်သွားလိုက်နဲ့။
  • 6:40 - 6:43
    ဒါတွေဟာ ကျွန်တော်တို့ကို
    ဆို့နင်သွားနိုင်တဲ့ ကြီးမားတဲ့
  • 6:43 - 6:45
    ကြောက်စရာ အငမ်းမရဖြစ်မှုနဲ့
    ကြမ်းတမ်းစွာ
  • 6:45 - 6:49
    ကိုင်တွယ်တာထက် တဒင်္ဂချင်း
    ကိုင်တွယ်လို့ရတဲ့
  • 6:49 - 6:50
    တစ်ကိုက်စာ အတွေ့အကြုံတွေပါ။
  • 6:50 - 6:53
    တစ်နည်းပြောရင် သိချင်စိတ်ဖြစ်တဲ့အခါ
  • 6:53 - 6:58
    အကြောက် အခြေခံတဲ့ တုံ့ပြန်မှု အကျင့်
    ဟောင်း ပုံစံတွေကနေ လှမ်းထွက်ပြီး
  • 6:58 - 7:00
    ဖြစ်တည်ခြင်းထဲကို လှမ်းဝင်တာပါ။
  • 7:00 - 7:03
    လာမယ့် ဒေတာအမှတ်ကို စိတ်ထက်သန်စွာ
  • 7:03 - 7:06
    စောင့်စားနေတဲ့ ကိုယ်တွင်း သိပ္ပံပညာရှင်
    ဖြစ်လာတာပါ။
  • 7:06 - 7:11
    ကဲ ဒါက အပြုအမူကို သက်ရောက်မှုရှိဖို့
    အရမ်းကို လွယ်သယောင် ရပါတယ်။
  • 7:11 - 7:13
    ဒါပေမဲ့ လေ့လာမှုတစ်ခုမှာက
    အာရုံသိမှတ်မှု အကျင့်ဟာ
  • 7:13 - 7:17
    ဆေးလိပ်ဖြတ်ဖို့ ကူညီရာမှာ ရွှေနဲ့စက်တဲ့
    ကုထုံးထက် နှစ်ဆပိုကောင်းတာ တွေ့ရှိရပါတယ်။
  • 7:17 - 7:19
    ဒီတော့ တကယ်ကို အလုပ်ဖြစ်ပါတယ်။
  • 7:20 - 7:23
    သမ္ဘာရင့် ကမ္မဋ္ဌာန်ထိုင်သူတွေရဲ့
    ဥှီးနှောက်တွေကိုလေ့လာတော့
  • 7:23 - 7:26
    တွေ့ရတာက ရှိရင်းစွဲ စနစ်ကွန်ယက်လို့
    ခေါ်တဲ့ အလိုလို ညွှန်းတဲ့ လုပ်ငန်းစဉ်ရဲ့
  • 7:26 - 7:28
    အာရုံကြောကွန်ရက် အပိုင်းတွေဟာ
  • 7:28 - 7:29
    သက်ဝင်နေတယ်တဲ့။
  • 7:29 - 7:32
    အခု လက်ရှိယူဆချက်က ဒီကွန်ရက်ရဲ့
    နယ်ပယ် နောက်ပိုင်း
  • 7:32 - 7:34
    ဦးနှောက်မျှင် အပြင်လွှာလို့ခေါ်တဲ့ အရာကို
  • 7:35 - 7:37
    အငမ်းမရဖြစ်မှု ကိုယ်၌က သေချာပေါက်
    ခလုတ် မဖွင့်တာပါ။
  • 7:37 - 7:40
    ဒါပေမဲ့ ဒီမှာ ပိတ်မိခံရတဲ့အခါ ၊
    စုပ်ယူခံလိုက်ရတဲ့အခါ
  • 7:40 - 7:42
    ဒါက ကျွန်တော်တို့ကို ခွစီးလိုက်တယ်။
  • 7:42 - 7:44
    ဆန့်ကျင်ဘက်အနေနဲ့ ဖြေလွှတ်လိုက်တဲ့အခါ
  • 7:44 - 7:45
    ဖြစ်နေတာကို စူးစမ်းစွာနဲ့
  • 7:45 - 7:48
    သတိထားလိုက်ရံနဲ့ ဒီလုပ်ငန်းကနေ
    လှမ်းထွက်လိုက်တော့
  • 7:48 - 7:50
    ဒီတူညီတဲ့ ဦးနှောက်နယ်ပယ်ဟာ
    ငြိမ်ကျသွားတယ်။
  • 7:51 - 7:55
    အခု app နဲ့ ဒီအဓိက စက်တွေကို ပစ်မှတ်
    ထားဆဲ့အွန်လိုင်း အခြေပြု အာရုံသိမှတ်မှု
  • 7:55 - 7:59
    အစီအစဉ်ကို စမ်းသပ်နေပါတယ်။
  • 7:59 - 8:03
    ဖြစ်ချင်တော့ ကိုယ့်ကို အာရုံပျက်စေတဲ့
    နည်းပညာတွေကိုပဲ မကျန်းမာစေတဲ့
  • 8:03 - 8:06
    အကျင့်တွေ ဆေးလိပ်သောက်ခြင်း၊
    အစားသရမ်းခြင်း၊
  • 8:06 - 8:10
    နဲ့ အခြားစွဲလမ်းတဲ့ အပြုအမူတွေနေ
    ရုန်းထွက်ရန် ကူညီဖို့ သုံးတာပါ။
  • 8:10 - 8:12
    အခု ဒီ အခြေအနေ မှီခိုတဲ့
    မှတ်ဉာဏ်လေးကို မှတ်ထားပါ။
  • 8:12 - 8:15
    ဒီကိရိယာတွေကို အရေးပါဆုံး
    အခြေအနေတွေမှာ လူတွေကို
  • 8:15 - 8:17
    ချက်ချင်း ပို့ပေးနိုင်ပါတယ်။
  • 8:18 - 8:19
    ဒီတော့ ဆေးလိပ်သောက်ချင်၊
  • 8:19 - 8:22
    အစားသရမ်းတာ ဘာပေါ်လာလာ
    စူးစမ်းစွာ သတိထားမိဖို့
  • 8:22 - 8:26
    သူတို့ရဲ့ ရှိရင်းစွဲ အစွမ်းကို ဝင်ကြည့်
    ဖို့ သူတို့ကို ကူညီနိုင်ပါတယ်။
  • 8:27 - 8:28
    ဒီတော့ ဆေးလိပ်မသောက်၊ အစားမသရမ်းရင်
  • 8:28 - 8:32
    ဖြစ်နိုင်တာက နောက်တစ်ခါ ပျင်းလို့
    အီးမေလ်စစ်ချင်တဲ့အခါ၊
  • 8:32 - 8:34
    (သို့) အလုပ်ကနေ အာရုံပြောင်းဖို့
    လုပ်နေတဲ့အခါ၊
  • 8:34 - 8:38
    ကားမောင်းနေတုန်း စာတိုပို့တာကို
    အလိုလို ပြန်ကြားမိတဲ့အခါ၊
  • 8:39 - 8:43
    ဒီသဘာဝအစွမ်းထဲကိုဝင်ကြည့်နိုင်မလားပေါ့၊
  • 8:43 - 8:44
    ကိုယ်နဲ့ စိတ်ထဲမှာ
  • 8:44 - 8:47
    အဲဒီအခိုက်ဖြစ်ပျက်နေတာကို
    စူးစမ်းတဲ့ သတိထားမှုရှိရုံပါ။
  • 8:47 - 8:49
    ဒါဟာ အဆုံးမရှိ၊ ကမ်းကုန်တဲ့
  • 8:49 - 8:52
    အကျင့်ကွင်းဆက်တွေကို မြဲမြံဖို့
    (သို့) ဒါကနေ ထွက်လိုက်ဖို့ နောက်ထပ်
  • 8:52 - 8:54
    အခွင့်တစ်ရပ် ဖြစ်မှာပါ။
  • 8:54 - 8:57
    စာတိုကိုမြင်တာ၊ အလိုလို ပြန်ပို့တာအစား
  • 8:57 - 8:59
    နည်းလေး ပိုနေလို့ကောင်းကာ
  • 8:59 - 9:00
    လှုံဆော်တာကို သတိပြု၊
  • 9:00 - 9:02
    သိချင်စိတ်ဖြစ်ပေါ်လာ၊
  • 9:02 - 9:04
    ဖြေလွှတ်ပေးခြင်းရဲ့ ပီတီကိုခံစား၊
  • 9:04 - 9:05
    နောက် ထပ်ကျော့တာပေါ့။
  • 9:05 - 9:07
    ကျေးဇူးတင်ပါတယ်။
  • 9:07 - 9:09
    (လက်ခုပ်သံများ)
Title:
အကျင့်ဆိုးကို ဖြတ်ပစ်ရန် ရိုးစင်းတဲ့ နည်းလမ်း။
Speaker:
Judson Brewer
Description:

မကောင်းတဲ့အကျင့်တွေကို အဲဒါတွေအကြောင်းကို ပိုပြီးသိရှိလာခြင်းအားဖြင့် ဒီအကျင့်တွေကို ဖြတ်ပစ်နိုင်ပါသလား။ စိတ်ရောဂါ အထူးကုဆရာဝန် Judson Brewer ကနေပြီး အာရုံသိမှတ်မှုနဲ့ စွဲလန်းမှု အကြားမှာရှိတဲ့ ဆက်စပ်မှုကို လေ့လာပါတယ်။ ဆေးလိပ်သောက်ခြင်း၊ အလွန်အကျူးစားသုံးခြင်း ကနေ ကျွန်တော်တို့အားလုံးအတွက် မကောင်းဘူးဆိုတာကို သိနေတာတောင်မှ လုပ်နေကြတဲ့ အရာတွေအထိပါ။ အကျင့် ကြီးထွားဖြစ်ထွန်းမှုရဲ့ နည်းလမ်းအကြောင်း ပိုမိုလေ့လာလိုက်ပြီး သင့် နောက်တစ်ခါ ဆေးလိပ်သောက်ချင်၊ သရေစာစားချင် ဒါမှမဟုတ် ကားမောင်းနေတုန်း စာတိုပို့တာကို ကြည့်ချင်တဲ့ အာသီသ ဖြစ်လာတဲ့အခါ အထောက်အကူပေးနိုင်ေလာက်တဲ့ ရိုးရှင်းပေမဲ့လည်း နက်ရှိုင်းမှုရှိတဲ့ နည်းလမ်းကို ရှာဖွေလိုက်ကြပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
09:24

Burmese subtitles

Revisions