Return to Video

အများပြည်သူရှေ့ ဟောပြောခြင်းအတွက် TED ရဲ့ လျှို့ဝှက်ချက်။

  • 0:00 - 0:03
    TED ဟောပြောချက်အတွက်
    ပုံသေနည်း ရှိတယ်လို့ တချို့ ထင်ကြတယ်-
  • 0:03 - 0:05
    "ကော်ဇောဝိုင်း အနီပေါ်မှာ ဟောပြော။"
  • 0:05 - 0:07
    "ကလေးဘဝ ဇာတ်လမ်းကို မျှဝေ။"
  • 0:07 - 0:09
    "ပုဂ္ဂိုလ်ရေး လျှို့ဝှက်ချက်ကို ထုတ်ပြော။"
  • 0:09 - 0:11
    "လုပ်ဆောင်ဖို့ ပန်ကြားတဲ့ စေ့ဆော်မှုနဲ့
    အဆုံးသတ်လိုက်။"
  • 0:11 - 0:13
    မဟုတ်ပါဘူး။
  • 0:13 - 0:15
    TED ဟောပြောချက်ကို ဒီလိုတွေးတာ မဟုတ်ပါဘူး။
  • 0:15 - 0:17
    တကယ်က ဒီလက်နက်တွေကို အလွန်အကျွံသုံးရင်
  • 0:17 - 0:21
    ဖန်တစ်ရာတေတာ (သို့) စိတ်ပိုင်းအရ
    ခြယ်လှယ်သလို အထင်ရောက်စေတော့မှာပါ။
  • 0:21 - 0:25
    ဒါပေမဲ့ ပြောင်မြောက်တဲ့ TED ဟောပြောချက်
    တွေမှာ တူတာတစ်ခုရှိရာ
  • 0:25 - 0:27
    ဒါကို ခင်ဗျားတို့နဲ့ မျှဝေချင်ပါတယ်။
  • 0:28 - 0:30
    အကြောင်းက ၁၂ နှစ်ကျော်ကြာ
    ကျွန်တော်က ရှေ့ဆုံးတန်းမှာ
  • 0:30 - 0:35
    ဒီလို များပြားပြီး ရာချီတဲ့ အံ့ဖွယ်
    ဟောပြောသူကို နားထောင်ခဲ့ရလို့ပါ။
  • 0:35 - 0:37
    ပွဲချိန်အတွက် ဟောပြောချက်တွေ
    ပြင်ဆင်ဖို့ ကူညီကာ
  • 0:37 - 0:39
    ထူးကဲတဲ့ ဟောပြောချက်တွေ
  • 0:39 - 0:41
    ဖြစ်စေတဲ့ လျှို့ဝှက်ချက်တွေ
    တိုက်ရိုက် သိခဲ့တယ်။
  • 0:41 - 0:44
    ဒီဟောပြောသူတွေနဲ့ သူတို့ရဲ့
    အကြောင်းအရာတွေဟာ လုံးဝကို
  • 0:44 - 0:45
    ခြားနားတာတောင်မှ
  • 0:45 - 0:49
    သူတို့အားလုံးမှာ အဓိက တူညီတဲ့
    အင်္ဂါရပ်တစ်ရပ် တကယ်ပဲရှိပါတယ်။
  • 0:49 - 0:51
    အဲဒါ ဒီလိုပါ။
  • 0:51 - 0:54
    ဟောပြောသူတစ်ဦးအနေနဲ့ နံပါတ်တစ် အလုပ်က
  • 0:54 - 0:58
    သင့်နားထောင်သူတွေရဲ့ စိတ်တွေထဲကို
    ထူးခြားတဲ့ လက်ဆောင် လွှဲပြောင်းပေးဖို့ပါ၊
  • 0:58 - 1:03
    စိတ်ကူးလို့ ခေါ်ကြတဲ့ ထူးဆန်းပြီး
    လှပတဲ့ အရာဝတ္ထုတစ်ခုပါ။
  • 1:04 - 1:05
    ကျွန်တော်ဆိုလိုတာကို ပြပါရစေ
  • 1:05 - 1:07
    ဟောဒီမှာ Haley ပါ။
  • 1:07 - 1:09
    သူမဟာ TED ဟောပြောချက်တစ်ခု လုပ်တော့မယ်၊
  • 1:09 - 1:10
    ပြောရရင် သူမ လန့်နေတာပေါ့။
  • 1:10 - 1:12
    (ဗီဒီယို) တင်ဆက်သူ: Haley Van Dyck
  • 1:12 - 1:15
    (လက်ခုပ်သံများ)
  • 1:19 - 1:20
    ၁၈ မိနစ်တာ ဖြစ်စဉ်မှာ
  • 1:20 - 1:24
    လူ ၁၂၀၀၊ အများအပြားက တစ်ယောက်ကို
    တစ်ယောက် အရင်က မမြင်ဖူးကြသူတွေဟာ
  • 1:24 - 1:29
    သူတို့ရဲ့ ဦးနှောက်တွေဟာ Haley ရဲ့
    ဦးနှောက်နဲ့၊ တစ်ဦးနဲ့တစ်ဦး အချိန်ကိုက်
  • 1:29 - 1:30
    လှုပ်ရှားနေတယ်လို့ ထင်နေတယ်။
  • 1:30 - 1:33
    ပြောရရင် သူတို့ဟာ တူညီတဲ့ ဦးနှောက်လှိုင်း
    အဆင်တွေကို စတင်ပြသနေတာပါ။
  • 1:33 - 1:36
    တူညီတဲ့ စိတ်ခံစားမှုတွေ ခံစားနေတယ်
    လို့ပဲ ဆိုလိုတာမဟုတ်ပါဘူး။
  • 1:36 - 1:39
    ပိုပြီးတောင် ရင်သပ်ရှုမောလောက်တာ
    တစ်ခုခု ဖြစ်နေတာပါ။
  • 1:39 - 1:42
    Haley ရဲ့ ဦးနှောက်အတွင်းဘက်ကို
    ခဏလောက် ကြည့်ရအောင်။
  • 1:42 - 1:46
    မဖြစ်နိုင်တဲ့ ရှုပ်ထွေးမှုတစ်ခုမှာ ဆက်သွယ်
    နေတဲ့ နူရွန်းတွေ ဘီလီယံချီ ရှိပါတယ်။
  • 1:46 - 1:48
    ဒါပေမဲ့ ဒီကိုကြည့်ပါ၊ ဟောဒီမှာပါ..
  • 1:48 - 1:51
    သန်းချီတဲ့ အချို့ဟာ ဒေတာတစ်ခု
    တည်းကို ကိုယ်စားပြုတဲ့
  • 1:51 - 1:54
    နည်းလမ်းတစ်ခုနဲ့ အချင်းချင်း
    ချိတ်ဆက်နေတယ်။
  • 1:55 - 1:59
    မယုံနိုင်စရာက ဒီထပ်တူကျတဲ့ အဆင်က
    နားထောင်သူတိုင်းရဲ့ စိတ်အတွင်းဘက်မှာ
  • 1:59 - 2:02
    အချိန်နဲ့တစ်ပြေးညီ ပြန်ဖန်တီးနေတာပါ။
  • 2:02 - 2:04
    ဟုတ်ပါတယ်၊ မိနစ်အနည်းငယ် အတွင်းမှာပါပဲ၊
  • 2:04 - 2:06
    သန်းချီတဲ့ နူရွန်းတွေပါဝင်တဲ့ အဆင်တစ်ခုဟာ
  • 2:06 - 2:09
    လူတွေဟာ အသံတစ်သံကို
    နားထောင်ရင်း၊ မျက်နှာတစ်ခုကို
  • 2:09 - 2:12
    ကြည့်ရင်းကနေ စိတ်ပေါင်း ၁၂၀၀ ထဲကို
    အဝေးကိုအရောက် ပို့ဆောင်နေတာပါ။
  • 2:13 - 2:15
    ဒါနဲ့ နေဦး၊ စိတ်ကူးဆိုတာက ဘာလဲ။
  • 2:16 - 2:19
    ကောင်းပြီ၊ ကမ္ဘာကြီးကို နားလည်ပြီး
    လမ်းကြောင်ရှာဖို့ သင့်ကို ကူညီပေးတဲ့
  • 2:19 - 2:22
    သတင်းအချက်အလက်
    အဆင်တစ်ခုကို တွေးကြည့်ပါ။
  • 2:22 - 2:24
    စိတ်ကူးတွေဟာ ပုံစံစုံ၊ အရွယ်စုံနဲ့ လာတယ်၊
  • 2:24 - 2:26
    ရှုပ်ထွေးပြီး ပိုင်းခြားစိတ်ဖြာတာကနေ
  • 2:26 - 2:29
    ရိုးစင်းပြီး အနု သုခုမဆန်တာထိပါ။
  • 2:29 - 2:31
    ဒါတွေက TED စင်မြင့်မှာ
    မျှဝေခဲ့တဲ့ နမူနာတစ်ချို့ပါ။
  • 2:32 - 2:36
    Sir Ken Robinson: ဖန်တီးနိုင်စွမ်းဟာ
    ကျုပ်တို့ ကလေးတွေရဲ့အနာဂတ်မှာ အခရာပါ။
  • 2:36 - 2:38
    (ဗီဒီယို) Sir Ken Robinson:
    ကျုပ်အမြင်ကတော့ အခုအခါ
  • 2:38 - 2:42
    ဖန်တီးနိုင်စွမ်းဟာ စာပေမှာလိုပဲ
    ပညာရေးမှာလည်း အရေးပါပြီး
  • 2:42 - 2:44
    တူညီတဲ့ အဆင့်အတန်းအနေနဲ့
    သဘောထားသင့်ပါတယ်။
  • 2:44 - 2:47
    Chris Anderson: Elora Hardy-
    ဝါးကနေ ဆောက်တာက လှပပါတယ်။
  • 2:47 - 2:50
    (ဗီဒီယို) Elora Hardy:
    ဒါက ကိုယ့်ဝန်းကျင်မှာ
  • 2:50 - 2:54
    ပေါက်နေတာပါ။ ခိုင်တယ်၊
    ကြော့မော့တယ်၊ ငလျင်ဒဏ် ခံနိုင်တယ်။
  • 2:54 - 2:58
    CA: Chimamanda Adichie.. လူတွေဟာ တစ်ခု
    တည်းသော ကိုယ်ပိုင်လက္ခဏာထက် ပိုတယ်။
  • 2:58 - 3:01
    (ဗီဒီယို)Chimamanda Adichie: တစ်ခု
    တည်းသောပုံပြင်က သမားရိုကျပုံစံ
  • 3:01 - 3:05
    တွေကို ဖန်တီးပြီး သမားရိုးကျပုံစံတွေနဲ့
    ပြဿနာက ၎င်းတို့ဟာ မမှန်ကန်တာ
  • 3:05 - 3:07
    မဟုတ်ပဲ မပြည့်စုံတာပါ။
  • 3:08 - 3:10
    CA: သင့်စိတ်ဟာ စိတ်ကူးတွေနဲ့
    ပြွတ်ခဲနေပြီး
  • 3:10 - 3:11
    ကြုံသလိုချည်းပဲ မဟုတ်ဘူး။
  • 3:11 - 3:13
    သေသေချာချာကို အတူတကွ ချိတ်ဆက်နေတာပါ။
  • 3:13 - 3:16
    စုပေါင်းအနေနဲ့ ဒါတွေဟာ သင့်ရဲ့
    ကမ္ဘာ့အမြင်ဖြစ်တဲ့ အံ့ဩစရာ
  • 3:16 - 3:19
    ရှုပ်ထွေးတဲ့ အဆောက်အအုံတစ်ခုပါ။
  • 3:19 - 3:21
    သင့်ဦးနှောက်ရဲ့ လုပ်ဆောင်ပုံ စနစ်ပါ၊
  • 3:21 - 3:23
    ကမ္ဘာကြီးကို သင်လမ်းကြောင်းရှာပုံပါ။
  • 3:23 - 3:27
    သန်းချီတဲ့ သီးသန့် စိတ်ကူးတွေကနေ
    တည်ဆောက်ထားတာပါ။
  • 3:27 - 3:30
    ဒီတော့ ဥပမာအနေနဲ့ သင့်ရဲ့ ကမ္ဘာ့အမြင်ရဲ့
    သေးငယ်တဲ့ အစိတ်အပိုင်းက
  • 3:30 - 3:33
    ကြောင်ပေါက်စလေးတွေဟာ
    ချစ်ချင်စရာဆိုတဲ့ စိတ်ကူးဆိုရင်
  • 3:33 - 3:35
    သင်ဒါကို တွေ့တဲ့အခါ
  • 3:35 - 3:37
    ဒီလို တုံ့ပြန်ပါလိမ့်မယ်။
  • 3:37 - 3:39
    ဒါပေမဲ့ သင့်ကမ္ဘာ့အမြင်
    နောက်အစိတ်အပိုင်းက
  • 3:39 - 3:41
    ကျားသစ်တွေဟာ အန္တရာယ်
    ရှိတယ်လို့ စိတ်ကူးဆိုရင်
  • 3:41 - 3:43
    ဒါကို မြင်တဲ့အခါ
  • 3:43 - 3:45
    နည်းနည်း ကွဲပြားပြီး သင် တုံ့ပြန်မှာပါ။
  • 3:46 - 3:47
    ဒီတော့ တော်တော် ရှင်းတာက
  • 3:47 - 3:51
    ဘာလို့ စိတ်ကူးတွေက သင့်ရဲ့ ကမ္ဘာအမြင်ဟာ
    အရေးပါတယ်ဆိုတာနဲ့ ဖွဲ့စည်းတာပါ။
  • 3:51 - 3:54
    စိတ်ချလို့ရနိုင်သလောက် ဒါတွေကို
    လိုပါတယ်၊ လမ်းညွှန်တစ်ခုပေါ့။
  • 3:54 - 3:58
    လန့်စရာဆိုပေမဲ့ ဆန်းပြားတဲ့
    တကယ့် ကမ္ဘာကြီးကိုပေါ့။
  • 3:58 - 4:02
    ကဲ လူအမျိုးမျိုးရဲ့ ကမ္ဘာ့အမြင်တွေဟာ
    သိသိသာသာကို ကွဲပြားနိုင်ပါတယ်။
  • 4:02 - 4:03
    ဥပမာ အနေနဲ့က
  • 4:03 - 4:07
    ဒီရုပ်ပုံကို သင်တွေ့တဲ့အခါ
    သင့်ရဲ့ ကမ္ဘာ့အမြင်က တုံ့ပြန်ပုံပါ။
  • 4:08 - 4:11
    (ဗီဒီယို) Dalla Mogahed: ကျွန်မကို
    ကြည့်တဲ့အခါ ဘာတွေးမိလဲ။
  • 4:11 - 4:15
    "ယုံကြည်ချက်ရဲ့အမျိုးသမီး" "ကျွမ်းကျင်သူ"
    "ညီအမတစ်ဦး"တောင် ဖြစ်နိုင်တယ်။
  • 4:16 - 4:20
    (သို့) "အဖိနှိပ်ခံ" "ဦးနှောက်ဆေးခံရသူ"
  • 4:20 - 4:21
    "အကြမ်းဖက်တစ်ယောက်" လား။
  • 4:22 - 4:23
    CA: သင့်အဖြေ ဘာပဲဖြစ်ဖြစ်
  • 4:23 - 4:27
    ကွဲပြားစွာ တုံ့ပြန်ကြမယ့်သူတွေ
    သန်းချီရှိပါတယ်။
  • 4:27 - 4:29
    ဒါကြောင့် စိတ်ကူးတွေက
    တကယ် အရေးပါတာပါ။
  • 4:29 - 4:33
    သင့်တင့်လျောက်ပတ်စွာ ဆက်သွယ်ထားရင်
    ကမ္ဘာကြီးအကြောင်း လူတစ်ယောက်တွေးပုံကို
  • 4:33 - 4:35
    ထာဝရ ပြောင်းလဲနိုင်စွမ်းရှိပြီး
  • 4:35 - 4:39
    အခုလက်ရှိနဲ့ အနာဂတ်မှာ သူတို့ရဲ့ လုပ်ဆောင်
    ပုံတွေကို ကောင်းကောင်း ပုံသွင်းနိုင်ပါတယ်။
  • 4:40 - 4:43
    စိတ်ကူးတွေဟာ လူသားယဉ်ကျေးမှု
    ပုံသွင်းရာမှာ အစွမ်းထက်ဆုံး အင်အားတွေပါ။
  • 4:44 - 4:45
    ဒီတော့ ဟောပြောသူတစ်ဦး
  • 4:45 - 4:47
    အနေနဲ့ သင်ရဲ့ နံပါတ်တစ်အလုပ်က
    ပရိတ်သတ်ရဲ့ စိတ်တွေထဲမှာ
  • 4:47 - 4:49
    စိတ်ကူးတစ်ခု တည်ဆောက်ဖို့
    ဆိုတာကို လက်ခံရင်
  • 4:50 - 4:53
    ဒီအလုပ်ကို ဘယ်လိုအစီအစဉ်ချသင့်တယ်
    ဆိုတာအတွက် လမ်းညွှန်ချက် လေးခုပါ။
  • 4:53 - 4:57
    တစ်။ သင့်ရဲ့ဟောပြောချက်ကို အဓိက
    အကြောင်းအရာတစ်ခုနဲ့သာ ကန့်သတ်ပါ။
  • 4:57 - 4:59
    စိတ်ကူးတွေဟာ ရှုပ်ထွေးတဲ့ အရာတွေပါ၊
  • 4:59 - 5:02
    သင် အထက်သန်ဆုံး စိတ်ကူးတစ်ခုတည်းကို
    အာရုံစိုက်လို့ရအောင်
  • 5:02 - 5:05
    သင့်ရဲ့ အကြောင်းအရာတွေကို လျှော့ချပစ်ပြီး
  • 5:05 - 5:09
    အကြောင်းတစ်ခုကို ကျကျနန ရှင်းပြဖို့
    သင့်ကိုယ်သင် အခွင့်အလမ်းပေးပါ။
  • 5:09 - 5:13
    ဆက်စပ်တဲ့အကြောင်း ပေးဖို့၊ နမူနာတွေ
    ပြဖို့၊ ထင်ရှားအောင် လုပ်ဖို့လိုပါတယ်။
  • 5:13 - 5:14
    ကဲ စိတ်ကူးတစ်ခု ကောက်ယူကာ
  • 5:14 - 5:17
    ဒါကို ဟောပြောချက်တစ်ခုလုံး တောက်
    လျှောက် တန်းပါနေအောင်လုပ်ပါ၊
  • 5:17 - 5:21
    သင်ပြောသမျှတိုင်းဟာ ဒါကို တစ်နည်း
    နည်းနဲ့ပြန်ချိတ်ဆက်နိုင်အောင်ပါ။
  • 5:21 - 5:25
    နှစ်။ သင့်ရဲ့ နားဆင်သူတွေကို
    ဂရုစိုက်ဖို့ အကြာင်းပြချက်တစ်ခုပေးပါ။
  • 5:26 - 5:30
    သင့်ပရိတ်သတ်ရဲ့ စိတ်တွေထဲ အကြောင်း
    အရာတွေ ဟမတည်ဆောက်ခင်မှာ
  • 5:30 - 5:32
    သင့်ကို ဝင်ခွင့်ပြုမယ့်
    ကြိုဆိုမှုကို ရယူဖို့လိုတယ်
  • 5:32 - 5:34
    အောင်မြင်ဖို့ အဓိက ကိရိယာလား၊
  • 5:34 - 5:36
    သိလိုစိတ်ပါ။
  • 5:36 - 5:38
    သင့်ပရိတ်သတ်ရဲ့ သိလိုစိတ်ကို နှိုးဆွပေးပါ။
  • 5:38 - 5:40
    ဘာကြောင့် တစ်ခုခုက အဓိပ္ပါယ်မရှိဖြစ်နေပြီး
  • 5:40 - 5:44
    ရှင်းလင်းဖို့လိုတာကို ရှင်းပြဖို့ စိတ်ဝင်
    စားစရာ၊ ဆွပေးတဲ့ မေးခွန်းတွေ သုံးပါ။
  • 5:45 - 5:49
    တစ်ဦးဦးရဲ့ ကမ္ဘာ့အမြင်မှာ
    ပြတ်ကောက်မှုတစ်ခု လှစ်ဟပြနိုင်ရင်
  • 5:49 - 5:52
    အသိပညာ ဟာကွက်ကို ဖြည့်ဆည်းဖို့
    လိုအပ်ချက်ကို သူတို့ ခံစားမိလိမ့်မယ်။
  • 5:52 - 5:54
    ဒီအာသီသကို အစပျိုးပြီးပြီဆိုတာနဲ့
  • 5:54 - 5:57
    သင့်စိတ်ကူးကို စတင်တည်ဆောက်ရာမှာ
    အများကြီး ပိုလွယ်ပါလိမ့်မယ်။
  • 5:58 - 6:01
    သုံး။ သင့်စိတ်ကူးကို သင့်ပရိတ်သတ် နားလည်
  • 6:01 - 6:05
    ပြီးဖြစ်တဲ့ အမြင်တွေကနေ အပိုင်းလိုက်
    တည်ဆောက်ပါ။
  • 6:05 - 6:07
    သင့်ပရိတ်သတ်ရဲ့ စိတ်တွေထဲမှာ
  • 6:07 - 6:10
    တည်ရှိပြီးသား အမြင်တွေကို အတူကကွ
    ယှက်ဖွဲ့ဖို့ ဘာသာစကားရဲ့
  • 6:10 - 6:11
    အစွမ်းသတ္တိကို အသုံးပြုပါ။
  • 6:11 - 6:14
    ဒါပေမဲ့ သင်ရဲ့ ဘာသာစကားမဟုတ်
    သူတို့ ဘာသာစကားပါ။
  • 6:14 - 6:15
    သူတို့ရှိရာကနေ စလိုက်ပါ။
  • 6:15 - 6:19
    ဟောပြောသူတွေ မကြာခဏ မေ့တတ်တာက
    သူတို့နဲ့အတူရှိတဲ့ ဝေါဟာရတွေ၊ အမြင်တွေဟာ
  • 6:19 - 6:22
    သူတို့ရဲ့ ပရိတ်သတ်တွေနဲ့
    လုံးဝ မရင်းနှီးတာကိုပါ။
  • 6:22 - 6:27
    ဥပစာတွေဟာ အပိုင်းတွေ ဘယ်လို လိုက်ဖက်
    ပါဝင်နေကြောင်း ပြဖို့အရေးကြီးတယ်။
  • 6:27 - 6:30
    အကြောင်းက သူတို့က နားထောင်သူ
    နားလည်ပြီးဖြစ်တဲ့
  • 6:30 - 6:34
    စိတ်ကူးတစ်ခုကို အခြေခံတဲ့ အဆင်ရဲ့
    အလိုရှိရာ ပုံစံကို ဖော်ပြလို့ပါ။
  • 6:34 - 6:36
    ဥပမာ Jennifer Kahn ဟာ CRISPR လို့ခေါ်တဲ့
  • 6:36 - 6:40
    အံ့ဩစရာ ဇီဝနည်းပညာသစ်တစ်ခုကို
    ရှင်းပြချင်တဲ့အခါ
  • 6:40 - 6:42
    သူမပြောတာက "ဒါက ပထမဆုံးအနေနဲ့ DNA ကို
  • 6:42 - 6:45
    တည်းဖြတ်ဖို့ သင့်မှာ စာစီ
    စာရိုက်စက်တစ်လုံး ရှိတာမျိုးပေါ့။
  • 6:45 - 6:50
    CRISPR က သင့်ကို မျိုးရိုးဗီဇ အချက်အလက်
    ကို အလွယ်တကူ ဖြတ်လို့၊ ကပ်လို့ရစေတယ်။
  • 6:50 - 6:54
    ကဲ ဒီလိုရှင်းလင်းတဲ့ ရှင်းလင်းချက်ဟာ
    စိတ်တွေထဲကို ဖျတ်ကနဲ ဝင်လာခိုက်မှာ
  • 6:54 - 6:57
    ကျေနပ်စရာ ဟောကနဲဖြစ်စေတဲ့ အချက်ပါ။
  • 6:57 - 7:01
    ဒါကြောင့် ဟောပြောချက်ကို ယုံကြည်ရတဲ့
    မိတ်ဆွေတွေမှာ စမ်းသပ်ဖို့၊ ဘယ်အပိုင်းတွေက
  • 7:01 - 7:03
    ဘာတွေက သူတို့စိတ်ရှုပ်စေတယ်
    ဆိုတာ ရှာဖို့ အရေးကြီးတယ်။
  • 7:03 - 7:06
    လေး။ ဒါကတော့ နောက်ဆုံး အကြံပေးချက်ပါ၊
  • 7:06 - 7:09
    သင့်စိတ်ကူးကို မျှဝေထိုက်အောင် လုပ်ပါ။
  • 7:09 - 7:12
    ကျွန်တော်ဆိုလိုတာက
    သင့်ကိုယ်သင် မေးလိုက်ပါ၊
  • 7:12 - 7:14
    "ဒီစိတ်ကူးက ဘယ်သူ့ကို အကျိုးဖြစ်စေလဲ။
  • 7:14 - 7:17
    အဖြေနဲ့ ပတ်သက်ပြီး
    ရိုးသားဖို့တော့ လိုပါတယ်။
  • 7:17 - 7:20
    စိတ်ကူးက သင်နဲ့ သင့်အဖွဲအစည်းကိုပဲ
    ဖြည့်ဆည်းပေးတယ်ဆိုရင်
  • 7:20 - 7:24
    ပြောရတာ စိတ်တော့ မကောင်းဘူးဗျာ၊
    ဒါဟာ မမျှဝေထိုက်ပါဘူး။
  • 7:24 - 7:26
    ပရိတ်သတ်က သင်ကနေပဲ မြင်ရမှာပါ။
  • 7:26 - 7:29
    ဒါပေမဲ့ ဒီစိတ်ကူးဟာ အခြားတစ်ဦးရဲ့
    နေ့ကို တောက်ပဖို့၊
  • 7:29 - 7:30
    တခြားတစ်ဦးရဲ့အမြင်ကိုပိုကောင်းတဲ့ဘက်ကို
  • 7:30 - 7:33
    ပြောင်းဖို့၊ တစ်ဦးဦးကို တစ်ခုခု
    ထူးခြားစွာ လုပ်ဖို့
  • 7:33 - 7:36
    စေ့ဆော်ဖို့ အလားအလာရှိတယ်လို့
    သင် ယုံကြည်ရင်တော့
  • 7:36 - 7:40
    သင့်မှာ တကယ့် ပြောင်မြောက်တဲ့
    ဟောပြောချက်ရဲ့ အဓိက အင်္ဂါရပ် ရှိပါတယ်။
  • 7:40 - 7:43
    သူတို့နဲ့ ကျွန်တော်တို့အားလုံးအတွက်
    လက်ဆောင် ဖြစ်နိုင်လို့ပါ။
Title:
အများပြည်သူရှေ့ ဟောပြောခြင်းအတွက် TED ရဲ့ လျှို့ဝှက်ချက်။
Speaker:
Chris Anderson
Description:

ပြောင်မြောက်တဲ့ ဟောပြောချက်တစ်ခုအတွက် ပုံသေနည်းမရှိပါ၊ ဒါပေမဲ့ အကောင်းဆုံး အားလုံးမှာတော့ တူညီတဲ့ လျှို့ဝှက်ချက် အင်္ဂါရပ်တစ်ရပ်တော့ရှိပါတယ်။
TED တာဝန်ခံ Chris Anderson ကနေပြီး သင့်အတွက် အလုပ်ဖြစ်စေတဲ့ နည်းလမ်း လေးမျိုးနဲ့အတူ ဒီလျှို့ဝှက်ချက်ကို မျှဝေထားပါတယ်။ ပျံ့နှံ့ထိုက်တဲ့ စိတ်ကူးတစ်ခုကို မျှဝေဖို့ လိုအပ်တာ သင့်မှာရှိပါသလား။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
07:55

Burmese subtitles

Revisions