TED ဟောပြောချက်အတွက် ပုံသေနည်း ရှိတယ်လို့ တချို့ ထင်ကြတယ်- "ကော်ဇောဝိုင်း အနီပေါ်မှာ ဟောပြော။" "ကလေးဘဝ ဇာတ်လမ်းကို မျှဝေ။" "ပုဂ္ဂိုလ်ရေး လျှို့ဝှက်ချက်ကို ထုတ်ပြော။" "လုပ်ဆောင်ဖို့ ပန်ကြားတဲ့ စေ့ဆော်မှုနဲ့ အဆုံးသတ်လိုက်။" မဟုတ်ပါဘူး။ TED ဟောပြောချက်ကို ဒီလိုတွေးတာ မဟုတ်ပါဘူး။ တကယ်က ဒီလက်နက်တွေကို အလွန်အကျွံသုံးရင် ဖန်တစ်ရာတေတာ (သို့) စိတ်ပိုင်းအရ ခြယ်လှယ်သလို အထင်ရောက်စေတော့မှာပါ။ ဒါပေမဲ့ ပြောင်မြောက်တဲ့ TED ဟောပြောချက် တွေမှာ တူတာတစ်ခုရှိရာ ဒါကို ခင်ဗျားတို့နဲ့ မျှဝေချင်ပါတယ်။ အကြောင်းက ၁၂ နှစ်ကျော်ကြာ ကျွန်တော်က ရှေ့ဆုံးတန်းမှာ ဒီလို များပြားပြီး ရာချီတဲ့ အံ့ဖွယ် ဟောပြောသူကို နားထောင်ခဲ့ရလို့ပါ။ ပွဲချိန်အတွက် ဟောပြောချက်တွေ ပြင်ဆင်ဖို့ ကူညီကာ ထူးကဲတဲ့ ဟောပြောချက်တွေ ဖြစ်စေတဲ့ လျှို့ဝှက်ချက်တွေ တိုက်ရိုက် သိခဲ့တယ်။ ဒီဟောပြောသူတွေနဲ့ သူတို့ရဲ့ အကြောင်းအရာတွေဟာ လုံးဝကို ခြားနားတာတောင်မှ သူတို့အားလုံးမှာ အဓိက တူညီတဲ့ အင်္ဂါရပ်တစ်ရပ် တကယ်ပဲရှိပါတယ်။ အဲဒါ ဒီလိုပါ။ ဟောပြောသူတစ်ဦးအနေနဲ့ နံပါတ်တစ် အလုပ်က သင့်နားထောင်သူတွေရဲ့ စိတ်တွေထဲကို ထူးခြားတဲ့ လက်ဆောင် လွှဲပြောင်းပေးဖို့ပါ၊ စိတ်ကူးလို့ ခေါ်ကြတဲ့ ထူးဆန်းပြီး လှပတဲ့ အရာဝတ္ထုတစ်ခုပါ။ ကျွန်တော်ဆိုလိုတာကို ပြပါရစေ ဟောဒီမှာ Haley ပါ။ သူမဟာ TED ဟောပြောချက်တစ်ခု လုပ်တော့မယ်၊ ပြောရရင် သူမ လန့်နေတာပေါ့။ (ဗီဒီယို) တင်ဆက်သူ: Haley Van Dyck (လက်ခုပ်သံများ) ၁၈ မိနစ်တာ ဖြစ်စဉ်မှာ လူ ၁၂၀၀၊ အများအပြားက တစ်ယောက်ကို တစ်ယောက် အရင်က မမြင်ဖူးကြသူတွေဟာ သူတို့ရဲ့ ဦးနှောက်တွေဟာ Haley ရဲ့ ဦးနှောက်နဲ့၊ တစ်ဦးနဲ့တစ်ဦး အချိန်ကိုက် လှုပ်ရှားနေတယ်လို့ ထင်နေတယ်။ ပြောရရင် သူတို့ဟာ တူညီတဲ့ ဦးနှောက်လှိုင်း အဆင်တွေကို စတင်ပြသနေတာပါ။ တူညီတဲ့ စိတ်ခံစားမှုတွေ ခံစားနေတယ် လို့ပဲ ဆိုလိုတာမဟုတ်ပါဘူး။ ပိုပြီးတောင် ရင်သပ်ရှုမောလောက်တာ တစ်ခုခု ဖြစ်နေတာပါ။ Haley ရဲ့ ဦးနှောက်အတွင်းဘက်ကို ခဏလောက် ကြည့်ရအောင်။ မဖြစ်နိုင်တဲ့ ရှုပ်ထွေးမှုတစ်ခုမှာ ဆက်သွယ် နေတဲ့ နူရွန်းတွေ ဘီလီယံချီ ရှိပါတယ်။ ဒါပေမဲ့ ဒီကိုကြည့်ပါ၊ ဟောဒီမှာပါ.. သန်းချီတဲ့ အချို့ဟာ ဒေတာတစ်ခု တည်းကို ကိုယ်စားပြုတဲ့ နည်းလမ်းတစ်ခုနဲ့ အချင်းချင်း ချိတ်ဆက်နေတယ်။ မယုံနိုင်စရာက ဒီထပ်တူကျတဲ့ အဆင်က နားထောင်သူတိုင်းရဲ့ စိတ်အတွင်းဘက်မှာ အချိန်နဲ့တစ်ပြေးညီ ပြန်ဖန်တီးနေတာပါ။ ဟုတ်ပါတယ်၊ မိနစ်အနည်းငယ် အတွင်းမှာပါပဲ၊ သန်းချီတဲ့ နူရွန်းတွေပါဝင်တဲ့ အဆင်တစ်ခုဟာ လူတွေဟာ အသံတစ်သံကို နားထောင်ရင်း၊ မျက်နှာတစ်ခုကို ကြည့်ရင်းကနေ စိတ်ပေါင်း ၁၂၀၀ ထဲကို အဝေးကိုအရောက် ပို့ဆောင်နေတာပါ။ ဒါနဲ့ နေဦး၊ စိတ်ကူးဆိုတာက ဘာလဲ။ ကောင်းပြီ၊ ကမ္ဘာကြီးကို နားလည်ပြီး လမ်းကြောင်ရှာဖို့ သင့်ကို ကူညီပေးတဲ့ သတင်းအချက်အလက် အဆင်တစ်ခုကို တွေးကြည့်ပါ။ စိတ်ကူးတွေဟာ ပုံစံစုံ၊ အရွယ်စုံနဲ့ လာတယ်၊ ရှုပ်ထွေးပြီး ပိုင်းခြားစိတ်ဖြာတာကနေ ရိုးစင်းပြီး အနု သုခုမဆန်တာထိပါ။ ဒါတွေက TED စင်မြင့်မှာ မျှဝေခဲ့တဲ့ နမူနာတစ်ချို့ပါ။ Sir Ken Robinson: ဖန်တီးနိုင်စွမ်းဟာ ကျုပ်တို့ ကလေးတွေရဲ့အနာဂတ်မှာ အခရာပါ။ (ဗီဒီယို) Sir Ken Robinson: ကျုပ်အမြင်ကတော့ အခုအခါ ဖန်တီးနိုင်စွမ်းဟာ စာပေမှာလိုပဲ ပညာရေးမှာလည်း အရေးပါပြီး တူညီတဲ့ အဆင့်အတန်းအနေနဲ့ သဘောထားသင့်ပါတယ်။ Chris Anderson: Elora Hardy- ဝါးကနေ ဆောက်တာက လှပပါတယ်။ (ဗီဒီယို) Elora Hardy: ဒါက ကိုယ့်ဝန်းကျင်မှာ ပေါက်နေတာပါ။ ခိုင်တယ်၊ ကြော့မော့တယ်၊ ငလျင်ဒဏ် ခံနိုင်တယ်။ CA: Chimamanda Adichie.. လူတွေဟာ တစ်ခု တည်းသော ကိုယ်ပိုင်လက္ခဏာထက် ပိုတယ်။ (ဗီဒီယို)Chimamanda Adichie: တစ်ခု တည်းသောပုံပြင်က သမားရိုကျပုံစံ တွေကို ဖန်တီးပြီး သမားရိုးကျပုံစံတွေနဲ့ ပြဿနာက ၎င်းတို့ဟာ မမှန်ကန်တာ မဟုတ်ပဲ မပြည့်စုံတာပါ။ CA: သင့်စိတ်ဟာ စိတ်ကူးတွေနဲ့ ပြွတ်ခဲနေပြီး ကြုံသလိုချည်းပဲ မဟုတ်ဘူး။ သေသေချာချာကို အတူတကွ ချိတ်ဆက်နေတာပါ။ စုပေါင်းအနေနဲ့ ဒါတွေဟာ သင့်ရဲ့ ကမ္ဘာ့အမြင်ဖြစ်တဲ့ အံ့ဩစရာ ရှုပ်ထွေးတဲ့ အဆောက်အအုံတစ်ခုပါ။ သင့်ဦးနှောက်ရဲ့ လုပ်ဆောင်ပုံ စနစ်ပါ၊ ကမ္ဘာကြီးကို သင်လမ်းကြောင်းရှာပုံပါ။ သန်းချီတဲ့ သီးသန့် စိတ်ကူးတွေကနေ တည်ဆောက်ထားတာပါ။ ဒီတော့ ဥပမာအနေနဲ့ သင့်ရဲ့ ကမ္ဘာ့အမြင်ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းက ကြောင်ပေါက်စလေးတွေဟာ ချစ်ချင်စရာဆိုတဲ့ စိတ်ကူးဆိုရင် သင်ဒါကို တွေ့တဲ့အခါ ဒီလို တုံ့ပြန်ပါလိမ့်မယ်။ ဒါပေမဲ့ သင့်ကမ္ဘာ့အမြင် နောက်အစိတ်အပိုင်းက ကျားသစ်တွေဟာ အန္တရာယ် ရှိတယ်လို့ စိတ်ကူးဆိုရင် ဒါကို မြင်တဲ့အခါ နည်းနည်း ကွဲပြားပြီး သင် တုံ့ပြန်မှာပါ။ ဒီတော့ တော်တော် ရှင်းတာက ဘာလို့ စိတ်ကူးတွေက သင့်ရဲ့ ကမ္ဘာအမြင်ဟာ အရေးပါတယ်ဆိုတာနဲ့ ဖွဲ့စည်းတာပါ။ စိတ်ချလို့ရနိုင်သလောက် ဒါတွေကို လိုပါတယ်၊ လမ်းညွှန်တစ်ခုပေါ့။ လန့်စရာဆိုပေမဲ့ ဆန်းပြားတဲ့ တကယ့် ကမ္ဘာကြီးကိုပေါ့။ ကဲ လူအမျိုးမျိုးရဲ့ ကမ္ဘာ့အမြင်တွေဟာ သိသိသာသာကို ကွဲပြားနိုင်ပါတယ်။ ဥပမာ အနေနဲ့က ဒီရုပ်ပုံကို သင်တွေ့တဲ့အခါ သင့်ရဲ့ ကမ္ဘာ့အမြင်က တုံ့ပြန်ပုံပါ။ (ဗီဒီယို) Dalla Mogahed: ကျွန်မကို ကြည့်တဲ့အခါ ဘာတွေးမိလဲ။ "ယုံကြည်ချက်ရဲ့အမျိုးသမီး" "ကျွမ်းကျင်သူ" "ညီအမတစ်ဦး"တောင် ဖြစ်နိုင်တယ်။ (သို့) "အဖိနှိပ်ခံ" "ဦးနှောက်ဆေးခံရသူ" "အကြမ်းဖက်တစ်ယောက်" လား။ CA: သင့်အဖြေ ဘာပဲဖြစ်ဖြစ် ကွဲပြားစွာ တုံ့ပြန်ကြမယ့်သူတွေ သန်းချီရှိပါတယ်။ ဒါကြောင့် စိတ်ကူးတွေက တကယ် အရေးပါတာပါ။ သင့်တင့်လျောက်ပတ်စွာ ဆက်သွယ်ထားရင် ကမ္ဘာကြီးအကြောင်း လူတစ်ယောက်တွေးပုံကို ထာဝရ ပြောင်းလဲနိုင်စွမ်းရှိပြီး အခုလက်ရှိနဲ့ အနာဂတ်မှာ သူတို့ရဲ့ လုပ်ဆောင် ပုံတွေကို ကောင်းကောင်း ပုံသွင်းနိုင်ပါတယ်။ စိတ်ကူးတွေဟာ လူသားယဉ်ကျေးမှု ပုံသွင်းရာမှာ အစွမ်းထက်ဆုံး အင်အားတွေပါ။ ဒီတော့ ဟောပြောသူတစ်ဦး အနေနဲ့ သင်ရဲ့ နံပါတ်တစ်အလုပ်က ပရိတ်သတ်ရဲ့ စိတ်တွေထဲမှာ စိတ်ကူးတစ်ခု တည်ဆောက်ဖို့ ဆိုတာကို လက်ခံရင် ဒီအလုပ်ကို ဘယ်လိုအစီအစဉ်ချသင့်တယ် ဆိုတာအတွက် လမ်းညွှန်ချက် လေးခုပါ။ တစ်။ သင့်ရဲ့ဟောပြောချက်ကို အဓိက အကြောင်းအရာတစ်ခုနဲ့သာ ကန့်သတ်ပါ။ စိတ်ကူးတွေဟာ ရှုပ်ထွေးတဲ့ အရာတွေပါ၊ သင် အထက်သန်ဆုံး စိတ်ကူးတစ်ခုတည်းကို အာရုံစိုက်လို့ရအောင် သင့်ရဲ့ အကြောင်းအရာတွေကို လျှော့ချပစ်ပြီး အကြောင်းတစ်ခုကို ကျကျနန ရှင်းပြဖို့ သင့်ကိုယ်သင် အခွင့်အလမ်းပေးပါ။ ဆက်စပ်တဲ့အကြောင်း ပေးဖို့၊ နမူနာတွေ ပြဖို့၊ ထင်ရှားအောင် လုပ်ဖို့လိုပါတယ်။ ကဲ စိတ်ကူးတစ်ခု ကောက်ယူကာ ဒါကို ဟောပြောချက်တစ်ခုလုံး တောက် လျှောက် တန်းပါနေအောင်လုပ်ပါ၊ သင်ပြောသမျှတိုင်းဟာ ဒါကို တစ်နည်း နည်းနဲ့ပြန်ချိတ်ဆက်နိုင်အောင်ပါ။ နှစ်။ သင့်ရဲ့ နားဆင်သူတွေကို ဂရုစိုက်ဖို့ အကြာင်းပြချက်တစ်ခုပေးပါ။ သင့်ပရိတ်သတ်ရဲ့ စိတ်တွေထဲ အကြောင်း အရာတွေ ဟမတည်ဆောက်ခင်မှာ သင့်ကို ဝင်ခွင့်ပြုမယ့် ကြိုဆိုမှုကို ရယူဖို့လိုတယ် အောင်မြင်ဖို့ အဓိက ကိရိယာလား၊ သိလိုစိတ်ပါ။ သင့်ပရိတ်သတ်ရဲ့ သိလိုစိတ်ကို နှိုးဆွပေးပါ။ ဘာကြောင့် တစ်ခုခုက အဓိပ္ပါယ်မရှိဖြစ်နေပြီး ရှင်းလင်းဖို့လိုတာကို ရှင်းပြဖို့ စိတ်ဝင် စားစရာ၊ ဆွပေးတဲ့ မေးခွန်းတွေ သုံးပါ။ တစ်ဦးဦးရဲ့ ကမ္ဘာ့အမြင်မှာ ပြတ်ကောက်မှုတစ်ခု လှစ်ဟပြနိုင်ရင် အသိပညာ ဟာကွက်ကို ဖြည့်ဆည်းဖို့ လိုအပ်ချက်ကို သူတို့ ခံစားမိလိမ့်မယ်။ ဒီအာသီသကို အစပျိုးပြီးပြီဆိုတာနဲ့ သင့်စိတ်ကူးကို စတင်တည်ဆောက်ရာမှာ အများကြီး ပိုလွယ်ပါလိမ့်မယ်။ သုံး။ သင့်စိတ်ကူးကို သင့်ပရိတ်သတ် နားလည် ပြီးဖြစ်တဲ့ အမြင်တွေကနေ အပိုင်းလိုက် တည်ဆောက်ပါ။ သင့်ပရိတ်သတ်ရဲ့ စိတ်တွေထဲမှာ တည်ရှိပြီးသား အမြင်တွေကို အတူကကွ ယှက်ဖွဲ့ဖို့ ဘာသာစကားရဲ့ အစွမ်းသတ္တိကို အသုံးပြုပါ။ ဒါပေမဲ့ သင်ရဲ့ ဘာသာစကားမဟုတ် သူတို့ ဘာသာစကားပါ။ သူတို့ရှိရာကနေ စလိုက်ပါ။ ဟောပြောသူတွေ မကြာခဏ မေ့တတ်တာက သူတို့နဲ့အတူရှိတဲ့ ဝေါဟာရတွေ၊ အမြင်တွေဟာ သူတို့ရဲ့ ပရိတ်သတ်တွေနဲ့ လုံးဝ မရင်းနှီးတာကိုပါ။ ဥပစာတွေဟာ အပိုင်းတွေ ဘယ်လို လိုက်ဖက် ပါဝင်နေကြောင်း ပြဖို့အရေးကြီးတယ်။ အကြောင်းက သူတို့က နားထောင်သူ နားလည်ပြီးဖြစ်တဲ့ စိတ်ကူးတစ်ခုကို အခြေခံတဲ့ အဆင်ရဲ့ အလိုရှိရာ ပုံစံကို ဖော်ပြလို့ပါ။ ဥပမာ Jennifer Kahn ဟာ CRISPR လို့ခေါ်တဲ့ အံ့ဩစရာ ဇီဝနည်းပညာသစ်တစ်ခုကို ရှင်းပြချင်တဲ့အခါ သူမပြောတာက "ဒါက ပထမဆုံးအနေနဲ့ DNA ကို တည်းဖြတ်ဖို့ သင့်မှာ စာစီ စာရိုက်စက်တစ်လုံး ရှိတာမျိုးပေါ့။ CRISPR က သင့်ကို မျိုးရိုးဗီဇ အချက်အလက် ကို အလွယ်တကူ ဖြတ်လို့၊ ကပ်လို့ရစေတယ်။ ကဲ ဒီလိုရှင်းလင်းတဲ့ ရှင်းလင်းချက်ဟာ စိတ်တွေထဲကို ဖျတ်ကနဲ ဝင်လာခိုက်မှာ ကျေနပ်စရာ ဟောကနဲဖြစ်စေတဲ့ အချက်ပါ။ ဒါကြောင့် ဟောပြောချက်ကို ယုံကြည်ရတဲ့ မိတ်ဆွေတွေမှာ စမ်းသပ်ဖို့၊ ဘယ်အပိုင်းတွေက ဘာတွေက သူတို့စိတ်ရှုပ်စေတယ် ဆိုတာ ရှာဖို့ အရေးကြီးတယ်။ လေး။ ဒါကတော့ နောက်ဆုံး အကြံပေးချက်ပါ၊ သင့်စိတ်ကူးကို မျှဝေထိုက်အောင် လုပ်ပါ။ ကျွန်တော်ဆိုလိုတာက သင့်ကိုယ်သင် မေးလိုက်ပါ၊ "ဒီစိတ်ကူးက ဘယ်သူ့ကို အကျိုးဖြစ်စေလဲ။ အဖြေနဲ့ ပတ်သက်ပြီး ရိုးသားဖို့တော့ လိုပါတယ်။ စိတ်ကူးက သင်နဲ့ သင့်အဖွဲအစည်းကိုပဲ ဖြည့်ဆည်းပေးတယ်ဆိုရင် ပြောရတာ စိတ်တော့ မကောင်းဘူးဗျာ၊ ဒါဟာ မမျှဝေထိုက်ပါဘူး။ ပရိတ်သတ်က သင်ကနေပဲ မြင်ရမှာပါ။ ဒါပေမဲ့ ဒီစိတ်ကူးဟာ အခြားတစ်ဦးရဲ့ နေ့ကို တောက်ပဖို့၊ တခြားတစ်ဦးရဲ့အမြင်ကိုပိုကောင်းတဲ့ဘက်ကို ပြောင်းဖို့၊ တစ်ဦးဦးကို တစ်ခုခု ထူးခြားစွာ လုပ်ဖို့ စေ့ဆော်ဖို့ အလားအလာရှိတယ်လို့ သင် ယုံကြည်ရင်တော့ သင့်မှာ တကယ့် ပြောင်မြောက်တဲ့ ဟောပြောချက်ရဲ့ အဓိက အင်္ဂါရပ် ရှိပါတယ်။ သူတို့နဲ့ ကျွန်တော်တို့အားလုံးအတွက် လက်ဆောင် ဖြစ်နိုင်လို့ပါ။