Return to Video

ကိုယ့်စိတ်ကူးတွေကို သတ်ပစ်ရေး နည်းလမ်း ၅ ခု

  • 0:01 - 0:03
    လူတွေ သူတို့စိတ်ကူးတွေ ရုပ်လုံးဖေါ်ကြပုံကို
    ကျွန်မဟာ
  • 0:03 - 0:05
    လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း
    လေ့လာနေခဲ့ပါတယ်။
  • 0:05 - 0:07
    ကျွန်မတို့က ကျွန်မတို့ရဲ့ စိတ်ကူးတွေကို၊
  • 0:07 - 0:08
    ပြီးတော့ လောကကြီးထဲ ထားခဲ့ချင်တဲ့
  • 0:08 - 0:10
    ခြေရာတွေ အကြောင်းကို
  • 0:10 - 0:14
    စဉ်းစားကြည့်ရင်း အဲဒီလို စိတ်ကူးတွေနဲ့
    လက်တွေ့ ဖြစ်လာတာကို
  • 0:14 - 0:17
    ဆန်းစစ်ကြည့်ပါက ဘယ်တော့မှ ပေါ်မလာခဲ့တဲ့
    ပရိုဂျက်တွေကို မြင်နိုင်ကြမှာပါ။
  • 0:17 - 0:19
    (ရယ်မောသံများ)
  • 0:19 - 0:21
    ဒီတော့ ကျွန်မ ဒီနေ့ဒီကို ရောက်လာတာက
  • 0:21 - 0:23
    ရှင်တို့ရဲ့ စိတ်ကူးတွေကို ရုပ်လုံးပေါ်
    မလာစေခဲ့တဲ့
  • 0:23 - 0:25

    နည်းလမ်းတွေအကြောင်း ပြောပြဖို့ပါ။
  • 0:25 - 0:29
    တစ်- ညတွင်းချင်း အောင်မြင်နိုင်တာကို
    ယုံကြည်ပါ။
  • 0:29 - 0:31
    ရှင်တို့ အဲဒီလို ပုံပြင်ကို
    ကြားခဲ့ဘူးကြတယ် မဟုတ်လား?
  • 0:31 - 0:34
    ကျွမ်းကျင်လှတဲ့ ငနဲတယောက် app တစ်ခုကို
    တီထွင်လိုက်ကာ
  • 0:34 - 0:36
    ခဏလေးနဲ့ ငွေထောသွားတဲ့အကြောင်း။
  • 0:37 - 0:40
    အဲဒီပုံပြင်ဟာ တကယ်ဖြစ်နိုင်ပေမဲ့
    မပြည့်စုံသေးပါဘူး။
  • 0:40 - 0:43
    အဲဒါကို ဆက်ပြီး စူးစမ်းကြည့်မယ်ဆိုရင်၊
  • 0:43 - 0:45
    အဲဒီငနဲဟာ အဲဒီမတိုင်မီ appတွေ
    ၃၀ တီထွင်ခဲ့တာကို၊
  • 0:45 - 0:48
    ပြီးတော့ အဲဒီအကြောင်း မဟာသိပ္ပံဘွဲ့၊
    Ph.D ဘွဲ့ယူခဲ့တာ သိလာမယ်။
  • 0:48 - 0:51
    သူဟာ အဲဒီအကြောင်းကို လေ့လာနေခဲ့တာ
    အနှစ် ၂၀ ရှိပါပြီ။
  • 0:51 - 0:53
    ကျွန်မဆီမှာတောင် ဘရာဇီးလ်နိုင်ငံထဲက
  • 0:53 - 0:59
    ညတွင်းချင်း အောင်မြင်လာခဲ့ခြင်း
    ပုံပြင် စိတ်ဝင်စားစရာ ရှိပါတယ်။
  • 0:59 - 1:01
    ကျွန်မဟာ သာမည မိသားစုထဲကပါ၊
  • 1:01 - 1:05
    MIT ကို လျှောက်ဖို့
    နောက်ဆုံးရက်မတိုင်မီ နှစ်ပတ်မှာ၊
  • 1:05 - 1:07
    ကျွန်မဟာ လျှောက်လွှာတင်ရေး ကိစ္စကို
    စတင်ခဲ့တယ်။
  • 1:07 - 1:10
    အံ့ဩစရာကောင်းတာက ကျွန်မ
    အဲဒါကို ရလိုက်တယ်။
  • 1:10 - 1:13
    လူတွေက အဲဒါကို ညတွင်းချင်း
    အောင်မြင်မှုလို့ ထင်နိုင်ကြပါတယ်၊
  • 1:13 - 1:17
    ဒါပေမဲ့ အဲဒါလက်တွေ့ ဖြစ်လာဖို့အတွက်
    အဲဒီမတိုင်မီ ၁၇ နှစ်ကြာအောင်၊
  • 1:17 - 1:19
    ကျွန်မဟာ ဘဝ နဲ့ ပညာရေးကို
    အလေးထားခဲ့လို့ပါ။
  • 1:19 - 1:23
    ဒီတော့ လူတယောက်ယောက်ရဲ့
    ညတွင်းချင်း အောင်မြင်မှုဆိုတာ
  • 1:23 - 1:27
    အဲဒီကာလအထိ လုပ်ခဲ့သမျှတွေရဲ့
    ရလဒ်ပါ။
  • 1:27 - 1:30
    နှစ်- ကျွန်မတို့အတွက် တယောက်ယောက်ဆီမှာ
    အဖြေရှိနေတာကို ယုံကြည်ပါ။
  • 1:30 - 1:32
    လူတွေဟာ အစဉ်လိုပဲ ကူညီချင်တယ်၊
    ဟုတ်တယ်နော်?
  • 1:32 - 1:36
    ရှင်တို့ရဲ့ မိသားစု၊ ရှင်တို့ရဲ့ မိတ်ဆွေတွေ၊
    ရှင်တို့ရဲ့ စီးပွားဖက်တွေ၊
  • 1:36 - 1:39
    အားလုံးက ရှင်တို့ ဘယ်လမ်းအတိုင်း
    သွားသင့်ကြောင်း အမြင်တွေရှိကြတယ်-
  • 1:39 - 1:42
    "ကျွန်တော် အကြံပေးချင်တာက
    ဒီလမ်းအတိုင်း သွားကြည့်ပါ။"
  • 1:42 - 1:46
    ဒါပေမဲ့ ရှင်တို့ အဲဒီကို ဝင်လိုက်တာနဲ့
    ဆက်ပြီး ရွေးစရာတွေကို မြင်လာရမယ်။
  • 1:46 - 1:50
    အဲဒီလို ဆုံးဖြတ်ချက်တွေကို
    ရှင်တို့ ကိုယ့်ဘာသာကိုယ် လုပ်ရပါမယ်။
  • 1:50 - 1:53
    ရှင်တို့ရဲ့ ဘဝအတွက် ဘယ်သူဆီမှာမှ
    အကောင်းဆုံး အဖြေတွေ မရှိနိုင်ပါ။
  • 1:53 - 1:56
    ဘယ်လိုပဲဖြစ်ဖြစ် ရှင်တို့ဟာ အဲဒီ
    ဆုံးဖြတ်ချက်တွေကို ချမှတ်ရါမယ်။
  • 1:56 - 1:59
    လမ်းကြောင်းတွေ မကုန်မခမ်းနိုင်ပါ၊
    ရှင်တို့ ခေါင်းနဲ့ ဝင်ဆောင့်မိနိုင်တယ်၊
  • 1:59 - 2:02
    အဲဒါဟာလည်း လုပ်ငန်းစဉ်ရဲ့ တစိတ်တဒေသပါ။
  • 2:02 - 2:06
    သုံး- သိမ်မွေ့ပေမဲ့ သိပ်ကို အရေးကြီးတယ်-
  • 2:06 - 2:09
    ကြီးထွားဖို့ အာမခံချက် ရှိလာတာနဲ့
    အခြေတကျ ထိုင်နေရန် ဆုံးဖြတ်ပါ။
  • 2:09 - 2:11
    ရှင်တို့ရဲ့ ဘဝဟာ သိပ်ကို
    အဆင်ပြေနေတယ်၊
  • 2:11 - 2:13
    ရှင့်ဆီမှာ တကယ့်ကို အောင်မြင်တဲ့
    အဖွဲ့ကြီး ရှိနေပြီ၊
  • 2:13 - 2:17
    ရှင်တို့ဟာ အခွန်ငွေတွေကို တိုးတိုးပေးနေတယ်၊
    အားလုံးဟာ ချောမောနေပြီ --
  • 2:17 - 2:18
    အခြေချ နေထိုင်နိုင်တဲ့ အချိန်ရောက်လာပြီ။
  • 2:18 - 2:20
    ကျွန်မက ကျွန်မ ပထမဦးဆုံး စာအုပ်ကို
    ထုတ်ဝေခဲ့စဉ်၊
  • 2:20 - 2:21
    အဲဒါကို ဘရာဇီးလ်နိုင်ငံထဲက
    နေရာတိုင်းမှာ
  • 2:21 - 2:23
    ဖြန့်ဝေဖို့ တကယ်အားထုတ်ခဲ့ပါတယ်။
  • 2:23 - 2:25
    အဲဒါကြောင့်မို့လို့ ပြည်သူ သုံးသန်းကျော်
    ၎င်းကို ဒေါင်းလုဒ်ယူခဲ့ကြတယ်၊
  • 2:25 - 2:28
    လူ ၅၀၀၀၀ ကျော်တို့က
    ရုပ်ပိုင်း စာအုပ်ကို ဝယ်ယူခဲ့ကြတယ်။
  • 2:28 - 2:33
    ကျွန်မက နောက်ဆက်တွဲ ဇာတ်လမ်းကို
    ရေးတော့ အောင်မြင်မှာ အာမခံနိုင်ခဲ့ပါတယ်။
  • 2:33 - 2:36
    ကျွန်မက နည်းနည်းလေး အားထုတ်ရင်တောင်
    ရောင်းဖြစ်မှာ သေချာခဲ့တယ်။
  • 2:36 - 2:38
    ဒါပေမဲ့ သေချာတယ်လို့ ဘယ်တော့မှ
    ထည့်မတွက်အပ်ပါ။
  • 2:38 - 2:41
    ရှင်တို့ဟာ တောင်ထိပ်ကို တက်ဖို့
    လမ်းလျှောက်နေချိန်မှာ၊
  • 2:41 - 2:45
    ရှင်တို့ဟာ မကြုံစဖူး ပင်ပင်ပန်းပန်း
    အားထုတ်လျက် နောက်တောင်ထိပ်ကို ရှာရပါမယ်။
  • 2:45 - 2:48
    ကျွန်မ နည်းပြီး အားထုတ်ခဲ့မယ်ဆိုရင်၊
    လူနှစ်ထောင်လောက်သာ ဖတ်ခဲ့ကြမှာပါ၊
  • 2:48 - 2:51
    အဲဒါကိုက မဆိုးလှပါဘူး။
  • 2:51 - 2:52
    ဒါပေမဲ့၊ ကျွန်မက ပိုလို့ကို အားထုတ်လိုက်မယ်ဆိုရင်၊
  • 2:52 - 2:55
    အဲဒီကန်းဂဏန်းကို သန်းပေါင်းများစွာဆီ
    ကျွန်မ မြှင့်တင်ပေးနိုင်မှာပါ။
  • 2:55 - 2:57
    အဲဒါကြောင့် ကျွန်မရဲ့
    စာအုပ်သစ်နဲ့အတူ ကျွန်မဟာ
  • 2:57 - 2:59
    ဘရာဇီးလ် ပြည်နယ်တိုင်းကို
    သွားရန် ဆုံးဖြတ်ခဲ့တယ်၊
  • 2:59 - 3:01
    အဲဒါနဲ့ ကျွန်မဟာ ပိုမြင့်တဲ့ တောင်ထိပ်ကို
    မြင်နိုင်ပါပြီ။
  • 3:01 - 3:03
    အခြေချနေထိုင်ဖို့ အချိန် မရှိပါ။
  • 3:03 - 3:07
    စတုတ္ထ အကြံပေးချက်- တကယ့်ကို အရေးကြီးတယ်-
  • 3:07 - 3:10
    အပြစ်ရှိတာ အခြားတယောက်ပါလို့ ယုံကြည်ပါ။
  • 3:10 - 3:12
    ကျွန်မဟာ အစဉ်လိုလို ကြားရတာက၊
  • 3:12 - 3:14
    "ကျွန်တော့ဆီမှာ အရမ်းကောင်းတဲ့
    စိတ်ကူးရှိတယ်၊
  • 3:14 - 3:16
    ဒါပေမဲ့ ဘယ်သူမှာမှ အဲဒီထဲ
    မရင်းနှီးချင်ကြဘူး။"
  • 3:16 - 3:18
    "အို၊ အရမ်းကောင်းတဲ့ ဒီထုတ်ကုန်ကို
    ကျွန်တော် တီထွင်လိုက်ပြီ၊
  • 3:18 - 3:22
    ဈေးကွက် အခြေအနေဆိုးနေလို့
    သိပ် မရောင်းရဘူး။"
  • 3:22 - 3:27
    ဒါမှမဟုတ်၊ "တော်တဲ့လူတွေကို ရှာမရဘူး
    ကျွန်တော့အဖွဲ့ဟာ သိပ်ညံ့လှတယ်။"
  • 3:27 - 3:28
    ရှင်တို့ဆီမှာ စိတ်ကူးတွေ ရှိရင်၊
  • 3:28 - 3:31
    အဲဒါတွေ ရုပ်လုံးပေါ်လာရေးဟာ
    ရှင်တို့ရဲ့ တာဝန်ပါပဲ။
  • 3:32 - 3:34
    တော်တဲ့လူတွေကို ရှာရတာ
    ခဲယဉ်းတာမှန်ပါတယ်။
  • 3:34 - 3:37
    ဟုတ်ကဲ့၊ ဈေးကွက် အခြေအနေဟာ
    ဆိုးဝါးနိုင်ပါတယ်။
  • 3:37 - 3:39
    ဒါပေမဲ့ လူတယောက်ကမှ ရှင့်စိတ်ကူးကို
    မထောက်ပံ့ချင်ရင်၊
  • 3:39 - 3:41
    ရှင့်ထုတ်ကုန်ကို ဝယ်မယ့်သူ မရှိရင်၊
  • 3:41 - 3:44
    အဲဒီထဲမယ် ရှင်ရဲ့ အပြစ် တစုံတခုရှိနေတာ
    သေချာပါတယ်။
  • 3:44 - 3:46
    (ရယ်မောသံများ)
  • 3:46 - 3:47
    သိပ်ကို သေချာပါတယ်။
  • 3:47 - 3:50
    ရှင်တို့ဟာ စိတ်ကူးတွေကို ယူပြီး
    လက်တွေ့ လုပ်ဖို့ လိုအပ်တယ်။
  • 3:50 - 3:53
    ပြီးတော့ ဘယ်သူမှာမှ မိမိပန်းတိုင်တွေကို
    တယောက်တည်း မရယူနိုင်ခဲ့ပါ။
  • 3:53 - 3:55
    ရှင်တို့ဟာ ရှင့်စိတ်ကူးတွေ လက်တွေ့
    ဖြစ်လာအောင် မလုပ်နိုင်ရင်
  • 3:55 - 3:58
    အဲဒါဟာ ရှင်တို့ရဲ့ အပြစ်သက်သက်ပါ။
  • 3:58 - 4:00
    ကိုယ့် စိတ်ကူးတွေအတွက် တာဝန်သိတတ်ပါ။
  • 4:01 - 4:05
    ပြီးတော့ နောက်ဆုံးနဲ့ တကယ့်ကို အရေးကြီးတဲ့
    အကြံပေးချက်က-
  • 4:06 - 4:11
    တကယ့်တကယ် အရေးကြီးဆုံးက
    စိတ်ကူးတွေ ကိုယ်နှိုက်ပါ။
  • 4:11 - 4:14
    ကျွန်မဟာ တချိန်တုန်းက ကြော်ငြာတခု
    မြင်ခဲ့တယ်၊ မိတ်ဆွေ အများကြီးက၊
  • 4:14 - 4:17
    တောင်တခုကို တက်ဖို့ ပြင်နေခဲ့ကြတယ်၊
    သိပ်ကို မြင့်တဲ့ တောင်ကြီးပါ၊
  • 4:17 - 4:18
    တော်တော့ကို ကြိုးစားဖို့ လိုခဲ့တယ်။
  • 4:18 - 4:22
    သူတို့အးလုံး ချွေးတွေ ထွက်နေကာ
    အတော့်ကို ခဲယဉ်းတာကို မြင်ကြရပါတယ်။
  • 4:22 - 4:25
    သူတို့ဟာ တချိန်လုံး တက်နေခဲ့ကြလို့
    တောင်ထိပ်ကို တက်နိုင်ခဲ့ကြပါပြီ။
  • 4:25 - 4:27
    သူတို့ဟာ အဲဒါကို တနည်းတဖုံ ကျင်းပဖို
    ဆုံးဖြတ်ခဲ့ကြတာ သေချာပါတယ်။
  • 4:27 - 4:28
    တို့တတွေ ကျင်းပစရာ အကြောင်းရှိတယ်၊
  • 4:28 - 4:31
    "ဟုတ်တယ်၊ ဒို့လုပ်နိုင်ခဲ့လို့
    တောင်ထိပ်မှာ ရှိနေကြပြီ!"
  • 4:31 - 4:34
    နှစ်စက္ကန့်အကြာမှာ တယောက်က
    နောက်တယောက်ကို ပြောလိုက်တာက၊
  • 4:34 - 4:36
    "ကောင်းပြီ၊ အောက်ကို ဆင်းကြရအောင်။"
  • 4:36 - 4:37
    (ရယ်မောသံများ)
  • 4:37 - 4:39
    ဘဝဆိုတာ တက်လှမ်းနိုင်ခဲ့တဲ့
    ပန်းတိုင်တွေ သက်သက် မကပါ။
  • 4:39 - 4:42
    ဘဝဆိုတာ တချိန်လုံး သွားနေရတဲ့ လမ်းခရီးပါ။
  • 4:42 - 4:44
    ဟုတ်ကဲ့၊ ရှင်တို့ဟာ ပန်းတိုင်တွေ
    ကိုယ်၌ကို ခံစားနိုင်ကြတာ မှန်ပါတယ်၊
  • 4:44 - 4:47
    ဒါပေမဲ့၊ ကျွန်မတို့ဆီမှာ စိတ်ကူးတွေ ရှိတယ်၊
  • 4:47 - 4:50
    အဲဒီလို စိတ်ကူးတွေထဲက တခုခုကို
    လက်လှမ်းမှီပြီဆိုရင်၊
  • 4:50 - 4:54
    အံ့အားသင့်စရာ ကောင်းကာ ပျော်ရွှင်မှုတွေနဲ့
    ပြည့်နေမယ်လို့ လူတွေ ထင်ကြတယ်။
  • 4:54 - 4:57
    ဒါပေမဲ့ စိတ်ကူးတခုကို လက်လှမ်းယူမှုကို
    တခဏမျှသာ ခံစားရတာပါ၊
  • 4:57 - 4:59
    ရှင်တို့ရဲ့ ဘဝကျတော့ အဲဒီလို မဟုတ်ဘူး။
  • 4:59 - 5:03
    ရှင်တို့ရ့ စိတ်ကူး အားလုံးကို တကယ့်ကို
    ရယူဖို့ တခုတည်းသော နည်းလမ်းမှာ၊
  • 5:03 - 5:06
    ရှင်တို့ရဲ့ ဘဝခရီးရဲ့ အဲဒီလို ခြေလှမ်းတိုင်းကို
    အပြည့်အဝ ခံစားဖို့ပါပဲ။
  • 5:06 - 5:08
    အဲဒါကမှ အကောင်းဆုံး နည်းလမ်းပါ။
  • 5:08 - 5:10
    ဘဝခရီးဟာ လွယ်ပါတယ် --
    ခြေလှမ်းတွေနဲ့ ပြည့်နေတယ်။
  • 5:10 - 5:12
    တချို့ခြေလှမ်းတွေဟာ မှန်ကြပါလိမ့်မယ်။
  • 5:12 - 5:14
    တခါတလေမှာ သင် ခလုတ်တိုက်မိမှာပါ။
  • 5:14 - 5:15
    အဲဒါမှန်ကန်ရင်၊ ကျင်းပပါ၊ တချို့လူတွေဟာ
  • 5:15 - 5:17

    ကျင်းပဖို့ကို အကြာကြီး စောင့်တတ်ကြတယ်။
  • 5:17 - 5:20
    ရှင်တို့ဟာ ခလုတ်တိုက်မိရင်၊ အဲဒါကို
  • 5:20 - 5:22

    တခုခုကို သင်ယူမှုအဖြစ် ပြောင်းလဲလိုက်ပါ။
  • 5:22 - 5:25
    ခြေလှမ်းတိုင်းဟာ တခုခုကို သင်ယူစရာ
    ဒါမှမဟုတ်
  • 5:25 - 5:28
    ကျင်းပစရာ ဖြစ်လာတယ်ဆိုရင်၊
  • 5:28 - 5:30
    ရှင်တို့ဟာ အဲဒီဘဝခရီးကို
    သဘောကျခံစားနိုင်မှာပါ။
  • 5:30 - 5:32
    ဒီတော့ အကြံပေးချင်တာ ငါးခုပါ-
  • 5:32 - 5:34
    ညတွင်းချင်း အောင်မြင်မှာ ယုံကြည်နေပါ၊
  • 5:34 - 5:37
    ရှင့်အတွက် အဖြေကို တယောက်ယောက်က
    ပေးမှာကို ယုံနေပါ၊
  • 5:37 - 5:39
    အောင်မြင်မှု သေချာသွားရင်
    အခြေချ နေထိုင်သင့်တာကို ယုံကြည်ပါ၊
  • 5:39 - 5:40
    အခြားသူတယောက်ရဲ့ အပြစ်ကြောင့်ပဲ
  • 5:40 - 5:42

    ဆိုတာကို ယုံကြည်နေပါ၊
  • 5:42 - 5:44
    ပြီးတော့ ပန်းတိုင်တွေကသာ အရေးကြီးဆုံးလို့
    ယုံကြည်ပါ။
  • 5:44 - 5:46
    ကျွန်မကို ယုံကြည်ပါ၊ ရှင်တို့ အဲဒီလို လုပ်မယ်ဆိုရင်၊
  • 5:46 - 5:49
    ရှင်တို့ရဲ့ အိပ်မက်တွေ ပျက်ပျောက်သွားကြမှာပါ။
  • 5:49 - 5:50
    (ရယ်မောသံများ)
  • 5:50 - 5:51
    (လက်ခုပ်တီးသံများ)
  • 5:51 - 5:53
    ကျေးဇူးတင်ပါတယ်။
Title:
ကိုယ့်စိတ်ကူးတွေကို သတ်ပစ်ရေး နည်းလမ်း ၅ ခု
Speaker:
Bel Pesce
Description:

ကျွန်တော်တို့ အားလုံးဟာ အားလုံးကို ပြောင်းလဲ့ပစ်မယ့် ထုတ်ကုန်မျိုးကို ထုတ်လုပ်ချင်ကြတယ်၊ အောင်မြင်တဲ့ ကုမ္ပဏီကို ထူထောင်ချင်ကြတယ်၊ အရောင်းသွက်မယ့် စာအုပ်ကို ရေးချင်ကြတယ်။ လက်တွေ့မှာကျတော့ အဲဒီလို လုပ်နိုင်သူ နည်းလှပါတယ်။ ဘရာဇီးလ် နိုင်ငံမှ စွန့်ဦးလုပ်ငန်းရှင် Bel Pesce ဟာ ကျွန်တော်တို့ရဲ့ စိတ်ကူး လက်တွေ့ဖြစ်မလာအောင် အာမခံပေးကြမယ့် ယုံကြည်ရန် သိပ်ကိုလွယ်တဲ့ နည်းလမ်း ၅ ခုကို ပြောပြထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
06:11

Burmese subtitles

Revisions