WEBVTT 00:00:00.898 --> 00:00:03.233 လူတွေ သူတို့စိတ်ကူးတွေ ရုပ်လုံးဖေါ်ကြပုံကို ကျွန်မဟာ 00:00:03.233 --> 00:00:05.303 လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း လေ့လာနေခဲ့ပါတယ်။ 00:00:05.303 --> 00:00:06.865 ကျွန်မတို့က ကျွန်မတို့ရဲ့ စိတ်ကူးတွေကို၊ 00:00:06.865 --> 00:00:08.427 ပြီးတော့ လောကကြီးထဲ ထားခဲ့ချင်တဲ့ 00:00:08.427 --> 00:00:09.991 ခြေရာတွေ အကြောင်းကို 00:00:09.991 --> 00:00:13.717 စဉ်းစားကြည့်ရင်း အဲဒီလို စိတ်ကူးတွေနဲ့ လက်တွေ့ ဖြစ်လာတာကို 00:00:13.717 --> 00:00:17.051 ဆန်းစစ်ကြည့်ပါက ဘယ်တော့မှ ပေါ်မလာခဲ့တဲ့ ပရိုဂျက်တွေကို မြင်နိုင်ကြမှာပါ။ 00:00:17.051 --> 00:00:18.565 (ရယ်မောသံများ) 00:00:18.565 --> 00:00:20.681 ဒီတော့ ကျွန်မ ဒီနေ့ဒီကို ရောက်လာတာက 00:00:20.681 --> 00:00:22.797 ရှင်တို့ရဲ့ စိတ်ကူးတွေကို ရုပ်လုံးပေါ် မလာစေခဲ့တဲ့ 00:00:22.797 --> 00:00:24.913 နည်းလမ်းတွေအကြောင်း ပြောပြဖို့ပါ။ 00:00:24.913 --> 00:00:29.356 တစ်- ညတွင်းချင်း အောင်မြင်နိုင်တာကို ယုံကြည်ပါ။ 00:00:29.356 --> 00:00:31.464 ရှင်တို့ အဲဒီလို ပုံပြင်ကို ကြားခဲ့ဘူးကြတယ် မဟုတ်လား? 00:00:31.464 --> 00:00:33.572 ကျွမ်းကျင်လှတဲ့ ငနဲတယောက် app တစ်ခုကို တီထွင်လိုက်ကာ 00:00:33.572 --> 00:00:35.680 ခဏလေးနဲ့ ငွေထောသွားတဲ့အကြောင်း။ 00:00:36.580 --> 00:00:40.467 အဲဒီပုံပြင်ဟာ တကယ်ဖြစ်နိုင်ပေမဲ့ မပြည့်စုံသေးပါဘူး။ 00:00:40.467 --> 00:00:42.767 အဲဒါကို ဆက်ပြီး စူးစမ်းကြည့်မယ်ဆိုရင်၊ 00:00:42.767 --> 00:00:45.104 အဲဒီငနဲဟာ အဲဒီမတိုင်မီ appတွေ ၃၀ တီထွင်ခဲ့တာကို၊ 00:00:45.104 --> 00:00:47.852 ပြီးတော့ အဲဒီအကြောင်း မဟာသိပ္ပံဘွဲ့၊ Ph.D ဘွဲ့ယူခဲ့တာ သိလာမယ်။ 00:00:47.852 --> 00:00:51.439 သူဟာ အဲဒီအကြောင်းကို လေ့လာနေခဲ့တာ အနှစ် ၂၀ ရှိပါပြီ။ 00:00:51.439 --> 00:00:53.216 ကျွန်မဆီမှာတောင် ဘရာဇီးလ်နိုင်ငံထဲက 00:00:53.216 --> 00:00:58.990 ညတွင်းချင်း အောင်မြင်လာခဲ့ခြင်း ပုံပြင် စိတ်ဝင်စားစရာ ရှိပါတယ်။ 00:00:58.990 --> 00:01:01.165 ကျွန်မဟာ သာမည မိသားစုထဲကပါ၊ 00:01:01.165 --> 00:01:04.702 MIT ကို လျှောက်ဖို့ နောက်ဆုံးရက်မတိုင်မီ နှစ်ပတ်မှာ၊ 00:01:04.702 --> 00:01:06.912 ကျွန်မဟာ လျှောက်လွှာတင်ရေး ကိစ္စကို စတင်ခဲ့တယ်။ 00:01:06.912 --> 00:01:09.926 အံ့ဩစရာကောင်းတာက ကျွန်မ အဲဒါကို ရလိုက်တယ်။ 00:01:09.926 --> 00:01:12.766 လူတွေက အဲဒါကို ညတွင်းချင်း အောင်မြင်မှုလို့ ထင်နိုင်ကြပါတယ်၊ 00:01:12.766 --> 00:01:17.047 ဒါပေမဲ့ အဲဒါလက်တွေ့ ဖြစ်လာဖို့အတွက် အဲဒီမတိုင်မီ ၁၇ နှစ်ကြာအောင်၊ 00:01:17.047 --> 00:01:19.150 ကျွန်မဟာ ဘဝ နဲ့ ပညာရေးကို အလေးထားခဲ့လို့ပါ။ 00:01:19.150 --> 00:01:22.758 ဒီတော့ လူတယောက်ယောက်ရဲ့ ညတွင်းချင်း အောင်မြင်မှုဆိုတာ 00:01:22.758 --> 00:01:26.529 အဲဒီကာလအထိ လုပ်ခဲ့သမျှတွေရဲ့ ရလဒ်ပါ။ 00:01:26.529 --> 00:01:30.229 နှစ်- ကျွန်မတို့အတွက် တယောက်ယောက်ဆီမှာ အဖြေရှိနေတာကို ယုံကြည်ပါ။ 00:01:30.229 --> 00:01:32.281 လူတွေဟာ အစဉ်လိုပဲ ကူညီချင်တယ်၊ ဟုတ်တယ်နော်? 00:01:32.281 --> 00:01:35.999 ရှင်တို့ရဲ့ မိသားစု၊ ရှင်တို့ရဲ့ မိတ်ဆွေတွေ၊ ရှင်တို့ရဲ့ စီးပွားဖက်တွေ၊ 00:01:35.999 --> 00:01:39.492 အားလုံးက ရှင်တို့ ဘယ်လမ်းအတိုင်း သွားသင့်ကြောင်း အမြင်တွေရှိကြတယ်- 00:01:39.492 --> 00:01:41.854 "ကျွန်တော် အကြံပေးချင်တာက ဒီလမ်းအတိုင်း သွားကြည့်ပါ။" 00:01:41.854 --> 00:01:46.471 ဒါပေမဲ့ ရှင်တို့ အဲဒီကို ဝင်လိုက်တာနဲ့ ဆက်ပြီး ရွေးစရာတွေကို မြင်လာရမယ်။ 00:01:46.471 --> 00:01:49.611 အဲဒီလို ဆုံးဖြတ်ချက်တွေကို ရှင်တို့ ကိုယ့်ဘာသာကိုယ် လုပ်ရပါမယ်။ 00:01:49.611 --> 00:01:53.241 ရှင်တို့ရဲ့ ဘဝအတွက် ဘယ်သူဆီမှာမှ အကောင်းဆုံး အဖြေတွေ မရှိနိုင်ပါ။ 00:01:53.241 --> 00:01:55.758 ဘယ်လိုပဲဖြစ်ဖြစ် ရှင်တို့ဟာ အဲဒီ ဆုံးဖြတ်ချက်တွေကို ချမှတ်ရါမယ်။ 00:01:55.758 --> 00:01:58.604 လမ်းကြောင်းတွေ မကုန်မခမ်းနိုင်ပါ၊ ရှင်တို့ ခေါင်းနဲ့ ဝင်ဆောင့်မိနိုင်တယ်၊ 00:01:58.604 --> 00:02:01.980 အဲဒါဟာလည်း လုပ်ငန်းစဉ်ရဲ့ တစိတ်တဒေသပါ။ 00:02:01.980 --> 00:02:06.161 သုံး- သိမ်မွေ့ပေမဲ့ သိပ်ကို အရေးကြီးတယ်- 00:02:06.161 --> 00:02:08.940 ကြီးထွားဖို့ အာမခံချက် ရှိလာတာနဲ့ အခြေတကျ ထိုင်နေရန် ဆုံးဖြတ်ပါ။ 00:02:08.940 --> 00:02:10.895 ရှင်တို့ရဲ့ ဘဝဟာ သိပ်ကို အဆင်ပြေနေတယ်၊ 00:02:10.895 --> 00:02:13.192 ရှင့်ဆီမှာ တကယ့်ကို အောင်မြင်တဲ့ အဖွဲ့ကြီး ရှိနေပြီ၊ 00:02:13.192 --> 00:02:16.628 ရှင်တို့ဟာ အခွန်ငွေတွေကို တိုးတိုးပေးနေတယ်၊ အားလုံးဟာ ချောမောနေပြီ -- 00:02:16.628 --> 00:02:18.189 အခြေချ နေထိုင်နိုင်တဲ့ အချိန်ရောက်လာပြီ။ 00:02:18.189 --> 00:02:19.734 ကျွန်မက ကျွန်မ ပထမဦးဆုံး စာအုပ်ကို ထုတ်ဝေခဲ့စဉ်၊ 00:02:19.734 --> 00:02:21.279 အဲဒါကို ဘရာဇီးလ်နိုင်ငံထဲက နေရာတိုင်းမှာ 00:02:21.279 --> 00:02:22.826 ဖြန့်ဝေဖို့ တကယ်အားထုတ်ခဲ့ပါတယ်။ 00:02:22.826 --> 00:02:25.262 အဲဒါကြောင့်မို့လို့ ပြည်သူ သုံးသန်းကျော် ၎င်းကို ဒေါင်းလုဒ်ယူခဲ့ကြတယ်၊ 00:02:25.262 --> 00:02:28.100 လူ ၅၀၀၀၀ ကျော်တို့က ရုပ်ပိုင်း စာအုပ်ကို ဝယ်ယူခဲ့ကြတယ်။ 00:02:28.100 --> 00:02:32.600 ကျွန်မက နောက်ဆက်တွဲ ဇာတ်လမ်းကို ရေးတော့ အောင်မြင်မှာ အာမခံနိုင်ခဲ့ပါတယ်။ 00:02:32.600 --> 00:02:36.346 ကျွန်မက နည်းနည်းလေး အားထုတ်ရင်တောင် ရောင်းဖြစ်မှာ သေချာခဲ့တယ်။ 00:02:36.346 --> 00:02:38.313 ဒါပေမဲ့ သေချာတယ်လို့ ဘယ်တော့မှ ထည့်မတွက်အပ်ပါ။ 00:02:38.313 --> 00:02:40.684 ရှင်တို့ဟာ တောင်ထိပ်ကို တက်ဖို့ လမ်းလျှောက်နေချိန်မှာ၊ 00:02:40.684 --> 00:02:44.809 ရှင်တို့ဟာ မကြုံစဖူး ပင်ပင်ပန်းပန်း အားထုတ်လျက် နောက်တောင်ထိပ်ကို ရှာရပါမယ်။ 00:02:44.809 --> 00:02:48.428 ကျွန်မ နည်းပြီး အားထုတ်ခဲ့မယ်ဆိုရင်၊ လူနှစ်ထောင်လောက်သာ ဖတ်ခဲ့ကြမှာပါ၊ 00:02:48.428 --> 00:02:50.593 အဲဒါကိုက မဆိုးလှပါဘူး။ 00:02:50.593 --> 00:02:52.487 ဒါပေမဲ့၊ ကျွန်မက ပိုလို့ကို အားထုတ်လိုက်မယ်ဆိုရင်၊ 00:02:52.487 --> 00:02:54.729 အဲဒီကန်းဂဏန်းကို သန်းပေါင်းများစွာဆီ ကျွန်မ မြှင့်တင်ပေးနိုင်မှာပါ။ 00:02:54.729 --> 00:02:56.971 အဲဒါကြောင့် ကျွန်မရဲ့ စာအုပ်သစ်နဲ့အတူ ကျွန်မဟာ 00:02:56.971 --> 00:02:59.215 ဘရာဇီးလ် ပြည်နယ်တိုင်းကို သွားရန် ဆုံးဖြတ်ခဲ့တယ်၊ 00:02:59.215 --> 00:03:01.231 အဲဒါနဲ့ ကျွန်မဟာ ပိုမြင့်တဲ့ တောင်ထိပ်ကို မြင်နိုင်ပါပြီ။ 00:03:01.231 --> 00:03:03.427 အခြေချနေထိုင်ဖို့ အချိန် မရှိပါ။ 00:03:03.427 --> 00:03:06.697 စတုတ္ထ အကြံပေးချက်- တကယ့်ကို အရေးကြီးတယ်- 00:03:06.697 --> 00:03:09.653 အပြစ်ရှိတာ အခြားတယောက်ပါလို့ ယုံကြည်ပါ။ 00:03:09.653 --> 00:03:11.725 ကျွန်မဟာ အစဉ်လိုလို ကြားရတာက၊ 00:03:11.725 --> 00:03:13.797 "ကျွန်တော့ဆီမှာ အရမ်းကောင်းတဲ့ စိတ်ကူးရှိတယ်၊ 00:03:13.797 --> 00:03:15.871 ဒါပေမဲ့ ဘယ်သူမှာမှ အဲဒီထဲ မရင်းနှီးချင်ကြဘူး။" 00:03:15.871 --> 00:03:17.833 "အို၊ အရမ်းကောင်းတဲ့ ဒီထုတ်ကုန်ကို ကျွန်တော် တီထွင်လိုက်ပြီ၊ 00:03:17.833 --> 00:03:22.105 ဈေးကွက် အခြေအနေဆိုးနေလို့ သိပ် မရောင်းရဘူး။" 00:03:22.105 --> 00:03:26.855 ဒါမှမဟုတ်၊ "တော်တဲ့လူတွေကို ရှာမရဘူး ကျွန်တော့အဖွဲ့ဟာ သိပ်ညံ့လှတယ်။" 00:03:26.855 --> 00:03:28.239 ရှင်တို့ဆီမှာ စိတ်ကူးတွေ ရှိရင်၊ 00:03:28.239 --> 00:03:30.753 အဲဒါတွေ ရုပ်လုံးပေါ်လာရေးဟာ ရှင်တို့ရဲ့ တာဝန်ပါပဲ။ 00:03:31.663 --> 00:03:34.399 တော်တဲ့လူတွေကို ရှာရတာ ခဲယဉ်းတာမှန်ပါတယ်။ 00:03:34.399 --> 00:03:36.569 ဟုတ်ကဲ့၊ ဈေးကွက် အခြေအနေဟာ ဆိုးဝါးနိုင်ပါတယ်။ 00:03:36.569 --> 00:03:38.590 ဒါပေမဲ့ လူတယောက်ကမှ ရှင့်စိတ်ကူးကို မထောက်ပံ့ချင်ရင်၊ 00:03:38.590 --> 00:03:40.511 ရှင့်ထုတ်ကုန်ကို ဝယ်မယ့်သူ မရှိရင်၊ 00:03:40.511 --> 00:03:43.551 အဲဒီထဲမယ် ရှင်ရဲ့ အပြစ် တစုံတခုရှိနေတာ သေချာပါတယ်။ 00:03:43.551 --> 00:03:45.588 (ရယ်မောသံများ) 00:03:45.588 --> 00:03:47.282 သိပ်ကို သေချာပါတယ်။ 00:03:47.282 --> 00:03:50.213 ရှင်တို့ဟာ စိတ်ကူးတွေကို ယူပြီး လက်တွေ့ လုပ်ဖို့ လိုအပ်တယ်။ 00:03:50.213 --> 00:03:52.680 ပြီးတော့ ဘယ်သူမှာမှ မိမိပန်းတိုင်တွေကို တယောက်တည်း မရယူနိုင်ခဲ့ပါ။ 00:03:52.680 --> 00:03:55.147 ရှင်တို့ဟာ ရှင့်စိတ်ကူးတွေ လက်တွေ့ ဖြစ်လာအောင် မလုပ်နိုင်ရင် 00:03:55.147 --> 00:03:57.616 အဲဒါဟာ ရှင်တို့ရဲ့ အပြစ်သက်သက်ပါ။ 00:03:57.616 --> 00:03:59.591 ကိုယ့် စိတ်ကူးတွေအတွက် တာဝန်သိတတ်ပါ။ 00:04:00.891 --> 00:04:05.250 ပြီးတော့ နောက်ဆုံးနဲ့ တကယ့်ကို အရေးကြီးတဲ့ အကြံပေးချက်က- 00:04:06.160 --> 00:04:11.155 တကယ့်တကယ် အရေးကြီးဆုံးက စိတ်ကူးတွေ ကိုယ်နှိုက်ပါ။ 00:04:11.155 --> 00:04:14.126 ကျွန်မဟာ တချိန်တုန်းက ကြော်ငြာတခု မြင်ခဲ့တယ်၊ မိတ်ဆွေ အများကြီးက၊ 00:04:14.126 --> 00:04:17.190 တောင်တခုကို တက်ဖို့ ပြင်နေခဲ့ကြတယ်၊ သိပ်ကို မြင့်တဲ့ တောင်ကြီးပါ၊ 00:04:17.190 --> 00:04:18.482 တော်တော့ကို ကြိုးစားဖို့ လိုခဲ့တယ်။ 00:04:18.482 --> 00:04:21.596 သူတို့အးလုံး ချွေးတွေ ထွက်နေကာ အတော့်ကို ခဲယဉ်းတာကို မြင်ကြရပါတယ်။ 00:04:21.596 --> 00:04:24.722 သူတို့ဟာ တချိန်လုံး တက်နေခဲ့ကြလို့ တောင်ထိပ်ကို တက်နိုင်ခဲ့ကြပါပြီ။ 00:04:24.722 --> 00:04:26.909 သူတို့ဟာ အဲဒါကို တနည်းတဖုံ ကျင်းပဖို ဆုံးဖြတ်ခဲ့ကြတာ သေချာပါတယ်။ 00:04:26.909 --> 00:04:28.275 တို့တတွေ ကျင်းပစရာ အကြောင်းရှိတယ်၊ 00:04:28.275 --> 00:04:30.779 "ဟုတ်တယ်၊ ဒို့လုပ်နိုင်ခဲ့လို့ တောင်ထိပ်မှာ ရှိနေကြပြီ!" 00:04:30.779 --> 00:04:33.688 နှစ်စက္ကန့်အကြာမှာ တယောက်က နောက်တယောက်ကို ပြောလိုက်တာက၊ 00:04:33.688 --> 00:04:35.705 "ကောင်းပြီ၊ အောက်ကို ဆင်းကြရအောင်။" 00:04:35.705 --> 00:04:36.865 (ရယ်မောသံများ) 00:04:36.865 --> 00:04:39.325 ဘဝဆိုတာ တက်လှမ်းနိုင်ခဲ့တဲ့ ပန်းတိုင်တွေ သက်သက် မကပါ။ 00:04:39.325 --> 00:04:42.116 ဘဝဆိုတာ တချိန်လုံး သွားနေရတဲ့ လမ်းခရီးပါ။ 00:04:42.116 --> 00:04:44.377 ဟုတ်ကဲ့၊ ရှင်တို့ဟာ ပန်းတိုင်တွေ ကိုယ်၌ကို ခံစားနိုင်ကြတာ မှန်ပါတယ်၊ 00:04:44.377 --> 00:04:47.323 ဒါပေမဲ့၊ ကျွန်မတို့ဆီမှာ စိတ်ကူးတွေ ရှိတယ်၊ 00:04:47.323 --> 00:04:49.861 အဲဒီလို စိတ်ကူးတွေထဲက တခုခုကို လက်လှမ်းမှီပြီဆိုရင်၊ 00:04:49.861 --> 00:04:53.720 အံ့အားသင့်စရာ ကောင်းကာ ပျော်ရွှင်မှုတွေနဲ့ ပြည့်နေမယ်လို့ လူတွေ ထင်ကြတယ်။ 00:04:53.720 --> 00:04:56.951 ဒါပေမဲ့ စိတ်ကူးတခုကို လက်လှမ်းယူမှုကို တခဏမျှသာ ခံစားရတာပါ၊ 00:04:56.951 --> 00:04:59.395 ရှင်တို့ရဲ့ ဘဝကျတော့ အဲဒီလို မဟုတ်ဘူး။ 00:04:59.395 --> 00:05:02.717 ရှင်တို့ရ့ စိတ်ကူး အားလုံးကို တကယ့်ကို ရယူဖို့ တခုတည်းသော နည်းလမ်းမှာ၊ 00:05:02.717 --> 00:05:06.119 ရှင်တို့ရဲ့ ဘဝခရီးရဲ့ အဲဒီလို ခြေလှမ်းတိုင်းကို အပြည့်အဝ ခံစားဖို့ပါပဲ။ 00:05:06.119 --> 00:05:07.513 အဲဒါကမှ အကောင်းဆုံး နည်းလမ်းပါ။ 00:05:07.513 --> 00:05:09.831 ဘဝခရီးဟာ လွယ်ပါတယ် -- ခြေလှမ်းတွေနဲ့ ပြည့်နေတယ်။ 00:05:09.831 --> 00:05:12.127 တချို့ခြေလှမ်းတွေဟာ မှန်ကြပါလိမ့်မယ်။ 00:05:12.127 --> 00:05:13.687 တခါတလေမှာ သင် ခလုတ်တိုက်မိမှာပါ။ 00:05:13.687 --> 00:05:15.247 အဲဒါမှန်ကန်ရင်၊ ကျင်းပပါ၊ တချို့လူတွေဟာ 00:05:15.247 --> 00:05:16.807 ကျင်းပဖို့ကို အကြာကြီး စောင့်တတ်ကြတယ်။ 00:05:16.807 --> 00:05:19.506 ရှင်တို့ဟာ ခလုတ်တိုက်မိရင်၊ အဲဒါကို 00:05:19.506 --> 00:05:22.241 တခုခုကို သင်ယူမှုအဖြစ် ပြောင်းလဲလိုက်ပါ။ 00:05:22.241 --> 00:05:24.976 ခြေလှမ်းတိုင်းဟာ တခုခုကို သင်ယူစရာ ဒါမှမဟုတ် 00:05:24.976 --> 00:05:27.712 ကျင်းပစရာ ဖြစ်လာတယ်ဆိုရင်၊ 00:05:27.712 --> 00:05:30.261 ရှင်တို့ဟာ အဲဒီဘဝခရီးကို သဘောကျခံစားနိုင်မှာပါ။ 00:05:30.261 --> 00:05:32.014 ဒီတော့ အကြံပေးချင်တာ ငါးခုပါ- 00:05:32.014 --> 00:05:34.132 ညတွင်းချင်း အောင်မြင်မှာ ယုံကြည်နေပါ၊ 00:05:34.132 --> 00:05:36.750 ရှင့်အတွက် အဖြေကို တယောက်ယောက်က ပေးမှာကို ယုံနေပါ၊ 00:05:36.750 --> 00:05:38.568 အောင်မြင်မှု သေချာသွားရင် အခြေချ နေထိုင်သင့်တာကို ယုံကြည်ပါ၊ 00:05:38.568 --> 00:05:40.386 အခြားသူတယောက်ရဲ့ အပြစ်ကြောင့်ပဲ 00:05:40.386 --> 00:05:42.204 ဆိုတာကို ယုံကြည်နေပါ၊ 00:05:42.204 --> 00:05:44.320 ပြီးတော့ ပန်းတိုင်တွေကသာ အရေးကြီးဆုံးလို့ ယုံကြည်ပါ။ 00:05:44.320 --> 00:05:46.436 ကျွန်မကို ယုံကြည်ပါ၊ ရှင်တို့ အဲဒီလို လုပ်မယ်ဆိုရင်၊ 00:05:46.436 --> 00:05:48.554 ရှင်တို့ရဲ့ အိပ်မက်တွေ ပျက်ပျောက်သွားကြမှာပါ။ 00:05:48.554 --> 00:05:49.551 (ရယ်မောသံများ) 00:05:49.551 --> 00:05:50.854 (လက်ခုပ်တီးသံများ) 00:05:50.854 --> 00:05:53.375 ကျေးဇူးတင်ပါတယ်။