1 00:00:00,898 --> 00:00:03,233 လူတွေ သူတို့စိတ်ကူးတွေ ရုပ်လုံးဖေါ်ကြပုံကို ကျွန်မဟာ 2 00:00:03,233 --> 00:00:05,303 လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း လေ့လာနေခဲ့ပါတယ်။ 3 00:00:05,303 --> 00:00:06,865 ကျွန်မတို့က ကျွန်မတို့ရဲ့ စိတ်ကူးတွေကို၊ 4 00:00:06,865 --> 00:00:08,427 ပြီးတော့ လောကကြီးထဲ ထားခဲ့ချင်တဲ့ 5 00:00:08,427 --> 00:00:09,991 ခြေရာတွေ အကြောင်းကို 6 00:00:09,991 --> 00:00:13,717 စဉ်းစားကြည့်ရင်း အဲဒီလို စိတ်ကူးတွေနဲ့ လက်တွေ့ ဖြစ်လာတာကို 7 00:00:13,717 --> 00:00:17,051 ဆန်းစစ်ကြည့်ပါက ဘယ်တော့မှ ပေါ်မလာခဲ့တဲ့ ပရိုဂျက်တွေကို မြင်နိုင်ကြမှာပါ။ 8 00:00:17,051 --> 00:00:18,565 (ရယ်မောသံများ) 9 00:00:18,565 --> 00:00:20,681 ဒီတော့ ကျွန်မ ဒီနေ့ဒီကို ရောက်လာတာက 10 00:00:20,681 --> 00:00:22,797 ရှင်တို့ရဲ့ စိတ်ကူးတွေကို ရုပ်လုံးပေါ် မလာစေခဲ့တဲ့ 11 00:00:22,797 --> 00:00:24,913 နည်းလမ်းတွေအကြောင်း ပြောပြဖို့ပါ။ 12 00:00:24,913 --> 00:00:29,356 တစ်- ညတွင်းချင်း အောင်မြင်နိုင်တာကို ယုံကြည်ပါ။ 13 00:00:29,356 --> 00:00:31,464 ရှင်တို့ အဲဒီလို ပုံပြင်ကို ကြားခဲ့ဘူးကြတယ် မဟုတ်လား? 14 00:00:31,464 --> 00:00:33,572 ကျွမ်းကျင်လှတဲ့ ငနဲတယောက် app တစ်ခုကို တီထွင်လိုက်ကာ 15 00:00:33,572 --> 00:00:35,680 ခဏလေးနဲ့ ငွေထောသွားတဲ့အကြောင်း။ 16 00:00:36,580 --> 00:00:40,467 အဲဒီပုံပြင်ဟာ တကယ်ဖြစ်နိုင်ပေမဲ့ မပြည့်စုံသေးပါဘူး။ 17 00:00:40,467 --> 00:00:42,767 အဲဒါကို ဆက်ပြီး စူးစမ်းကြည့်မယ်ဆိုရင်၊ 18 00:00:42,767 --> 00:00:45,104 အဲဒီငနဲဟာ အဲဒီမတိုင်မီ appတွေ ၃၀ တီထွင်ခဲ့တာကို၊ 19 00:00:45,104 --> 00:00:47,852 ပြီးတော့ အဲဒီအကြောင်း မဟာသိပ္ပံဘွဲ့၊ Ph.D ဘွဲ့ယူခဲ့တာ သိလာမယ်။ 20 00:00:47,852 --> 00:00:51,439 သူဟာ အဲဒီအကြောင်းကို လေ့လာနေခဲ့တာ အနှစ် ၂၀ ရှိပါပြီ။ 21 00:00:51,439 --> 00:00:53,216 ကျွန်မဆီမှာတောင် ဘရာဇီးလ်နိုင်ငံထဲက 22 00:00:53,216 --> 00:00:58,990 ညတွင်းချင်း အောင်မြင်လာခဲ့ခြင်း ပုံပြင် စိတ်ဝင်စားစရာ ရှိပါတယ်။ 23 00:00:58,990 --> 00:01:01,165 ကျွန်မဟာ သာမည မိသားစုထဲကပါ၊ 24 00:01:01,165 --> 00:01:04,702 MIT ကို လျှောက်ဖို့ နောက်ဆုံးရက်မတိုင်မီ နှစ်ပတ်မှာ၊ 25 00:01:04,702 --> 00:01:06,912 ကျွန်မဟာ လျှောက်လွှာတင်ရေး ကိစ္စကို စတင်ခဲ့တယ်။ 26 00:01:06,912 --> 00:01:09,926 အံ့ဩစရာကောင်းတာက ကျွန်မ အဲဒါကို ရလိုက်တယ်။ 27 00:01:09,926 --> 00:01:12,766 လူတွေက အဲဒါကို ညတွင်းချင်း အောင်မြင်မှုလို့ ထင်နိုင်ကြပါတယ်၊ 28 00:01:12,766 --> 00:01:17,047 ဒါပေမဲ့ အဲဒါလက်တွေ့ ဖြစ်လာဖို့အတွက် အဲဒီမတိုင်မီ ၁၇ နှစ်ကြာအောင်၊ 29 00:01:17,047 --> 00:01:19,150 ကျွန်မဟာ ဘဝ နဲ့ ပညာရေးကို အလေးထားခဲ့လို့ပါ။ 30 00:01:19,150 --> 00:01:22,758 ဒီတော့ လူတယောက်ယောက်ရဲ့ ညတွင်းချင်း အောင်မြင်မှုဆိုတာ 31 00:01:22,758 --> 00:01:26,529 အဲဒီကာလအထိ လုပ်ခဲ့သမျှတွေရဲ့ ရလဒ်ပါ။ 32 00:01:26,529 --> 00:01:30,229 နှစ်- ကျွန်မတို့အတွက် တယောက်ယောက်ဆီမှာ အဖြေရှိနေတာကို ယုံကြည်ပါ။ 33 00:01:30,229 --> 00:01:32,281 လူတွေဟာ အစဉ်လိုပဲ ကူညီချင်တယ်၊ ဟုတ်တယ်နော်? 34 00:01:32,281 --> 00:01:35,999 ရှင်တို့ရဲ့ မိသားစု၊ ရှင်တို့ရဲ့ မိတ်ဆွေတွေ၊ ရှင်တို့ရဲ့ စီးပွားဖက်တွေ၊ 35 00:01:35,999 --> 00:01:39,492 အားလုံးက ရှင်တို့ ဘယ်လမ်းအတိုင်း သွားသင့်ကြောင်း အမြင်တွေရှိကြတယ်- 36 00:01:39,492 --> 00:01:41,854 "ကျွန်တော် အကြံပေးချင်တာက ဒီလမ်းအတိုင်း သွားကြည့်ပါ။" 37 00:01:41,854 --> 00:01:46,471 ဒါပေမဲ့ ရှင်တို့ အဲဒီကို ဝင်လိုက်တာနဲ့ ဆက်ပြီး ရွေးစရာတွေကို မြင်လာရမယ်။ 38 00:01:46,471 --> 00:01:49,611 အဲဒီလို ဆုံးဖြတ်ချက်တွေကို ရှင်တို့ ကိုယ့်ဘာသာကိုယ် လုပ်ရပါမယ်။ 39 00:01:49,611 --> 00:01:53,241 ရှင်တို့ရဲ့ ဘဝအတွက် ဘယ်သူဆီမှာမှ အကောင်းဆုံး အဖြေတွေ မရှိနိုင်ပါ။ 40 00:01:53,241 --> 00:01:55,758 ဘယ်လိုပဲဖြစ်ဖြစ် ရှင်တို့ဟာ အဲဒီ ဆုံးဖြတ်ချက်တွေကို ချမှတ်ရါမယ်။ 41 00:01:55,758 --> 00:01:58,604 လမ်းကြောင်းတွေ မကုန်မခမ်းနိုင်ပါ၊ ရှင်တို့ ခေါင်းနဲ့ ဝင်ဆောင့်မိနိုင်တယ်၊ 42 00:01:58,604 --> 00:02:01,980 အဲဒါဟာလည်း လုပ်ငန်းစဉ်ရဲ့ တစိတ်တဒေသပါ။ 43 00:02:01,980 --> 00:02:06,161 သုံး- သိမ်မွေ့ပေမဲ့ သိပ်ကို အရေးကြီးတယ်- 44 00:02:06,161 --> 00:02:08,940 ကြီးထွားဖို့ အာမခံချက် ရှိလာတာနဲ့ အခြေတကျ ထိုင်နေရန် ဆုံးဖြတ်ပါ။ 45 00:02:08,940 --> 00:02:10,895 ရှင်တို့ရဲ့ ဘဝဟာ သိပ်ကို အဆင်ပြေနေတယ်၊ 46 00:02:10,895 --> 00:02:13,192 ရှင့်ဆီမှာ တကယ့်ကို အောင်မြင်တဲ့ အဖွဲ့ကြီး ရှိနေပြီ၊ 47 00:02:13,192 --> 00:02:16,628 ရှင်တို့ဟာ အခွန်ငွေတွေကို တိုးတိုးပေးနေတယ်၊ အားလုံးဟာ ချောမောနေပြီ -- 48 00:02:16,628 --> 00:02:18,189 အခြေချ နေထိုင်နိုင်တဲ့ အချိန်ရောက်လာပြီ။ 49 00:02:18,189 --> 00:02:19,734 ကျွန်မက ကျွန်မ ပထမဦးဆုံး စာအုပ်ကို ထုတ်ဝေခဲ့စဉ်၊ 50 00:02:19,734 --> 00:02:21,279 အဲဒါကို ဘရာဇီးလ်နိုင်ငံထဲက နေရာတိုင်းမှာ 51 00:02:21,279 --> 00:02:22,826 ဖြန့်ဝေဖို့ တကယ်အားထုတ်ခဲ့ပါတယ်။ 52 00:02:22,826 --> 00:02:25,262 အဲဒါကြောင့်မို့လို့ ပြည်သူ သုံးသန်းကျော် ၎င်းကို ဒေါင်းလုဒ်ယူခဲ့ကြတယ်၊ 53 00:02:25,262 --> 00:02:28,100 လူ ၅၀၀၀၀ ကျော်တို့က ရုပ်ပိုင်း စာအုပ်ကို ဝယ်ယူခဲ့ကြတယ်။ 54 00:02:28,100 --> 00:02:32,600 ကျွန်မက နောက်ဆက်တွဲ ဇာတ်လမ်းကို ရေးတော့ အောင်မြင်မှာ အာမခံနိုင်ခဲ့ပါတယ်။ 55 00:02:32,600 --> 00:02:36,346 ကျွန်မက နည်းနည်းလေး အားထုတ်ရင်တောင် ရောင်းဖြစ်မှာ သေချာခဲ့တယ်။ 56 00:02:36,346 --> 00:02:38,313 ဒါပေမဲ့ သေချာတယ်လို့ ဘယ်တော့မှ ထည့်မတွက်အပ်ပါ။ 57 00:02:38,313 --> 00:02:40,684 ရှင်တို့ဟာ တောင်ထိပ်ကို တက်ဖို့ လမ်းလျှောက်နေချိန်မှာ၊ 58 00:02:40,684 --> 00:02:44,809 ရှင်တို့ဟာ မကြုံစဖူး ပင်ပင်ပန်းပန်း အားထုတ်လျက် နောက်တောင်ထိပ်ကို ရှာရပါမယ်။ 59 00:02:44,809 --> 00:02:48,428 ကျွန်မ နည်းပြီး အားထုတ်ခဲ့မယ်ဆိုရင်၊ လူနှစ်ထောင်လောက်သာ ဖတ်ခဲ့ကြမှာပါ၊ 60 00:02:48,428 --> 00:02:50,593 အဲဒါကိုက မဆိုးလှပါဘူး။ 61 00:02:50,593 --> 00:02:52,487 ဒါပေမဲ့၊ ကျွန်မက ပိုလို့ကို အားထုတ်လိုက်မယ်ဆိုရင်၊ 62 00:02:52,487 --> 00:02:54,729 အဲဒီကန်းဂဏန်းကို သန်းပေါင်းများစွာဆီ ကျွန်မ မြှင့်တင်ပေးနိုင်မှာပါ။ 63 00:02:54,729 --> 00:02:56,971 အဲဒါကြောင့် ကျွန်မရဲ့ စာအုပ်သစ်နဲ့အတူ ကျွန်မဟာ 64 00:02:56,971 --> 00:02:59,215 ဘရာဇီးလ် ပြည်နယ်တိုင်းကို သွားရန် ဆုံးဖြတ်ခဲ့တယ်၊ 65 00:02:59,215 --> 00:03:01,231 အဲဒါနဲ့ ကျွန်မဟာ ပိုမြင့်တဲ့ တောင်ထိပ်ကို မြင်နိုင်ပါပြီ။ 66 00:03:01,231 --> 00:03:03,427 အခြေချနေထိုင်ဖို့ အချိန် မရှိပါ။ 67 00:03:03,427 --> 00:03:06,697 စတုတ္ထ အကြံပေးချက်- တကယ့်ကို အရေးကြီးတယ်- 68 00:03:06,697 --> 00:03:09,653 အပြစ်ရှိတာ အခြားတယောက်ပါလို့ ယုံကြည်ပါ။ 69 00:03:09,653 --> 00:03:11,725 ကျွန်မဟာ အစဉ်လိုလို ကြားရတာက၊ 70 00:03:11,725 --> 00:03:13,797 "ကျွန်တော့ဆီမှာ အရမ်းကောင်းတဲ့ စိတ်ကူးရှိတယ်၊ 71 00:03:13,797 --> 00:03:15,871 ဒါပေမဲ့ ဘယ်သူမှာမှ အဲဒီထဲ မရင်းနှီးချင်ကြဘူး။" 72 00:03:15,871 --> 00:03:17,833 "အို၊ အရမ်းကောင်းတဲ့ ဒီထုတ်ကုန်ကို ကျွန်တော် တီထွင်လိုက်ပြီ၊ 73 00:03:17,833 --> 00:03:22,105 ဈေးကွက် အခြေအနေဆိုးနေလို့ သိပ် မရောင်းရဘူး။" 74 00:03:22,105 --> 00:03:26,855 ဒါမှမဟုတ်၊ "တော်တဲ့လူတွေကို ရှာမရဘူး ကျွန်တော့အဖွဲ့ဟာ သိပ်ညံ့လှတယ်။" 75 00:03:26,855 --> 00:03:28,239 ရှင်တို့ဆီမှာ စိတ်ကူးတွေ ရှိရင်၊ 76 00:03:28,239 --> 00:03:30,753 အဲဒါတွေ ရုပ်လုံးပေါ်လာရေးဟာ ရှင်တို့ရဲ့ တာဝန်ပါပဲ။ 77 00:03:31,663 --> 00:03:34,399 တော်တဲ့လူတွေကို ရှာရတာ ခဲယဉ်းတာမှန်ပါတယ်။ 78 00:03:34,399 --> 00:03:36,569 ဟုတ်ကဲ့၊ ဈေးကွက် အခြေအနေဟာ ဆိုးဝါးနိုင်ပါတယ်။ 79 00:03:36,569 --> 00:03:38,590 ဒါပေမဲ့ လူတယောက်ကမှ ရှင့်စိတ်ကူးကို မထောက်ပံ့ချင်ရင်၊ 80 00:03:38,590 --> 00:03:40,511 ရှင့်ထုတ်ကုန်ကို ဝယ်မယ့်သူ မရှိရင်၊ 81 00:03:40,511 --> 00:03:43,551 အဲဒီထဲမယ် ရှင်ရဲ့ အပြစ် တစုံတခုရှိနေတာ သေချာပါတယ်။ 82 00:03:43,551 --> 00:03:45,588 (ရယ်မောသံများ) 83 00:03:45,588 --> 00:03:47,282 သိပ်ကို သေချာပါတယ်။ 84 00:03:47,282 --> 00:03:50,213 ရှင်တို့ဟာ စိတ်ကူးတွေကို ယူပြီး လက်တွေ့ လုပ်ဖို့ လိုအပ်တယ်။ 85 00:03:50,213 --> 00:03:52,680 ပြီးတော့ ဘယ်သူမှာမှ မိမိပန်းတိုင်တွေကို တယောက်တည်း မရယူနိုင်ခဲ့ပါ။ 86 00:03:52,680 --> 00:03:55,147 ရှင်တို့ဟာ ရှင့်စိတ်ကူးတွေ လက်တွေ့ ဖြစ်လာအောင် မလုပ်နိုင်ရင် 87 00:03:55,147 --> 00:03:57,616 အဲဒါဟာ ရှင်တို့ရဲ့ အပြစ်သက်သက်ပါ။ 88 00:03:57,616 --> 00:03:59,591 ကိုယ့် စိတ်ကူးတွေအတွက် တာဝန်သိတတ်ပါ။ 89 00:04:00,891 --> 00:04:05,250 ပြီးတော့ နောက်ဆုံးနဲ့ တကယ့်ကို အရေးကြီးတဲ့ အကြံပေးချက်က- 90 00:04:06,160 --> 00:04:11,155 တကယ့်တကယ် အရေးကြီးဆုံးက စိတ်ကူးတွေ ကိုယ်နှိုက်ပါ။ 91 00:04:11,155 --> 00:04:14,126 ကျွန်မဟာ တချိန်တုန်းက ကြော်ငြာတခု မြင်ခဲ့တယ်၊ မိတ်ဆွေ အများကြီးက၊ 92 00:04:14,126 --> 00:04:17,190 တောင်တခုကို တက်ဖို့ ပြင်နေခဲ့ကြတယ်၊ သိပ်ကို မြင့်တဲ့ တောင်ကြီးပါ၊ 93 00:04:17,190 --> 00:04:18,482 တော်တော့ကို ကြိုးစားဖို့ လိုခဲ့တယ်။ 94 00:04:18,482 --> 00:04:21,596 သူတို့အးလုံး ချွေးတွေ ထွက်နေကာ အတော့်ကို ခဲယဉ်းတာကို မြင်ကြရပါတယ်။ 95 00:04:21,596 --> 00:04:24,722 သူတို့ဟာ တချိန်လုံး တက်နေခဲ့ကြလို့ တောင်ထိပ်ကို တက်နိုင်ခဲ့ကြပါပြီ။ 96 00:04:24,722 --> 00:04:26,909 သူတို့ဟာ အဲဒါကို တနည်းတဖုံ ကျင်းပဖို ဆုံးဖြတ်ခဲ့ကြတာ သေချာပါတယ်။ 97 00:04:26,909 --> 00:04:28,275 တို့တတွေ ကျင်းပစရာ အကြောင်းရှိတယ်၊ 98 00:04:28,275 --> 00:04:30,779 "ဟုတ်တယ်၊ ဒို့လုပ်နိုင်ခဲ့လို့ တောင်ထိပ်မှာ ရှိနေကြပြီ!" 99 00:04:30,779 --> 00:04:33,688 နှစ်စက္ကန့်အကြာမှာ တယောက်က နောက်တယောက်ကို ပြောလိုက်တာက၊ 100 00:04:33,688 --> 00:04:35,705 "ကောင်းပြီ၊ အောက်ကို ဆင်းကြရအောင်။" 101 00:04:35,705 --> 00:04:36,865 (ရယ်မောသံများ) 102 00:04:36,865 --> 00:04:39,325 ဘဝဆိုတာ တက်လှမ်းနိုင်ခဲ့တဲ့ ပန်းတိုင်တွေ သက်သက် မကပါ။ 103 00:04:39,325 --> 00:04:42,116 ဘဝဆိုတာ တချိန်လုံး သွားနေရတဲ့ လမ်းခရီးပါ။ 104 00:04:42,116 --> 00:04:44,377 ဟုတ်ကဲ့၊ ရှင်တို့ဟာ ပန်းတိုင်တွေ ကိုယ်၌ကို ခံစားနိုင်ကြတာ မှန်ပါတယ်၊ 105 00:04:44,377 --> 00:04:47,323 ဒါပေမဲ့၊ ကျွန်မတို့ဆီမှာ စိတ်ကူးတွေ ရှိတယ်၊ 106 00:04:47,323 --> 00:04:49,861 အဲဒီလို စိတ်ကူးတွေထဲက တခုခုကို လက်လှမ်းမှီပြီဆိုရင်၊ 107 00:04:49,861 --> 00:04:53,720 အံ့အားသင့်စရာ ကောင်းကာ ပျော်ရွှင်မှုတွေနဲ့ ပြည့်နေမယ်လို့ လူတွေ ထင်ကြတယ်။ 108 00:04:53,720 --> 00:04:56,951 ဒါပေမဲ့ စိတ်ကူးတခုကို လက်လှမ်းယူမှုကို တခဏမျှသာ ခံစားရတာပါ၊ 109 00:04:56,951 --> 00:04:59,395 ရှင်တို့ရဲ့ ဘဝကျတော့ အဲဒီလို မဟုတ်ဘူး။ 110 00:04:59,395 --> 00:05:02,717 ရှင်တို့ရ့ စိတ်ကူး အားလုံးကို တကယ့်ကို ရယူဖို့ တခုတည်းသော နည်းလမ်းမှာ၊ 111 00:05:02,717 --> 00:05:06,119 ရှင်တို့ရဲ့ ဘဝခရီးရဲ့ အဲဒီလို ခြေလှမ်းတိုင်းကို အပြည့်အဝ ခံစားဖို့ပါပဲ။ 112 00:05:06,119 --> 00:05:07,513 အဲဒါကမှ အကောင်းဆုံး နည်းလမ်းပါ။ 113 00:05:07,513 --> 00:05:09,831 ဘဝခရီးဟာ လွယ်ပါတယ် -- ခြေလှမ်းတွေနဲ့ ပြည့်နေတယ်။ 114 00:05:09,831 --> 00:05:12,127 တချို့ခြေလှမ်းတွေဟာ မှန်ကြပါလိမ့်မယ်။ 115 00:05:12,127 --> 00:05:13,687 တခါတလေမှာ သင် ခလုတ်တိုက်မိမှာပါ။ 116 00:05:13,687 --> 00:05:15,247 အဲဒါမှန်ကန်ရင်၊ ကျင်းပပါ၊ တချို့လူတွေဟာ 117 00:05:15,247 --> 00:05:16,807 ကျင်းပဖို့ကို အကြာကြီး စောင့်တတ်ကြတယ်။ 118 00:05:16,807 --> 00:05:19,506 ရှင်တို့ဟာ ခလုတ်တိုက်မိရင်၊ အဲဒါကို 119 00:05:19,506 --> 00:05:22,241 တခုခုကို သင်ယူမှုအဖြစ် ပြောင်းလဲလိုက်ပါ။ 120 00:05:22,241 --> 00:05:24,976 ခြေလှမ်းတိုင်းဟာ တခုခုကို သင်ယူစရာ ဒါမှမဟုတ် 121 00:05:24,976 --> 00:05:27,712 ကျင်းပစရာ ဖြစ်လာတယ်ဆိုရင်၊ 122 00:05:27,712 --> 00:05:30,261 ရှင်တို့ဟာ အဲဒီဘဝခရီးကို သဘောကျခံစားနိုင်မှာပါ။ 123 00:05:30,261 --> 00:05:32,014 ဒီတော့ အကြံပေးချင်တာ ငါးခုပါ- 124 00:05:32,014 --> 00:05:34,132 ညတွင်းချင်း အောင်မြင်မှာ ယုံကြည်နေပါ၊ 125 00:05:34,132 --> 00:05:36,750 ရှင့်အတွက် အဖြေကို တယောက်ယောက်က ပေးမှာကို ယုံနေပါ၊ 126 00:05:36,750 --> 00:05:38,568 အောင်မြင်မှု သေချာသွားရင် အခြေချ နေထိုင်သင့်တာကို ယုံကြည်ပါ၊ 127 00:05:38,568 --> 00:05:40,386 အခြားသူတယောက်ရဲ့ အပြစ်ကြောင့်ပဲ 128 00:05:40,386 --> 00:05:42,204 ဆိုတာကို ယုံကြည်နေပါ၊ 129 00:05:42,204 --> 00:05:44,320 ပြီးတော့ ပန်းတိုင်တွေကသာ အရေးကြီးဆုံးလို့ ယုံကြည်ပါ။ 130 00:05:44,320 --> 00:05:46,436 ကျွန်မကို ယုံကြည်ပါ၊ ရှင်တို့ အဲဒီလို လုပ်မယ်ဆိုရင်၊ 131 00:05:46,436 --> 00:05:48,554 ရှင်တို့ရဲ့ အိပ်မက်တွေ ပျက်ပျောက်သွားကြမှာပါ။ 132 00:05:48,554 --> 00:05:49,551 (ရယ်မောသံများ) 133 00:05:49,551 --> 00:05:50,854 (လက်ခုပ်တီးသံများ) 134 00:05:50,854 --> 00:05:53,375 ကျေးဇူးတင်ပါတယ်။