Return to Video

ရုပ်ရည်ရူပကာက အဓိကတော့မဟုတ်ပါ။ ကျွန်မကိုယုံပါ၊ ကျွန်မက မော်ဒယ်တစ်ယောက်လေ။

  • 0:00 - 0:03
    မင်္ဂလာပါ။ ကျွန်မကတော့ ကင်မရွန် ရာဆယ်လ်ပါ။
  • 0:03 - 0:07
    လွန်ခဲ့တဲ့ကာလတောအတွင်း
  • 0:07 - 0:09
    ကျွန်မ မော်ဒယ်တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။
  • 0:09 - 0:11
    တကယ်တော့ ၁၀နှစ်ရှိပါပြီ။
  • 0:13 - 0:15
    အခု အခန်းထဲမှာ
  • 0:15 - 0:18
    ကျွန်မ စိတ်ကျဉ်းကျပ်သလိုခံစားနေရပါတယ်။
  • 0:18 - 0:20
    ဘာလို့လဲဆိုတော့ ဒီဝတ်စုံကိုဝတ်ခဲ့မိလို့ပါ။
  • 0:20 - 0:22
    (ရယ်သံများ)
  • 0:22 - 0:24
    ကံကောင်းတာက လဲဖို့အဝတ်တစ်စုံပါလာပါတယ်။
  • 0:24 - 0:27
    ဒါပထမဆုံး Ted စင်ပေါ်မှာ အဝတ်လဲတာဖြစ်ပါတယ်။
  • 0:27 - 0:29
    ရှင်တို့တွေ ကိုယ်တိုင် မြင်တွေ့ရလောက်အောင်
  • 0:29 - 0:31
    ကံကောင်းတယ်လို့ ကျွန်မထင်ပါတယ်။
  • 0:31 - 0:34
    တကယ်လို့ တချို့အမျိုးသမီးတွေ
    ထိတ်လန့်နေခဲ့ရင်
  • 0:34 - 0:37
    ကျွန်မကို အခုပြောပြစရာမလိုပါဘူး၊ Twitter
    ပေါ်မှာ ကျွန်မကိုယ်တိုင် ရှာတွေ့ပါလိမ့်မယ်။
  • 0:37 - 0:40
    (ရယ်သံများ)
  • 0:42 - 0:44
    ရှင်တို့ ကျွန်မအပေါ်မှာ
    ရှိတဲ့ထင်မြင်ချက်တွေကို
  • 0:44 - 0:47
    ဆယ်စက္ကန့်တိုအတွင်း ပြောင်းလဲနိုင်တဲ့
    အထူးအခွင့်အရေးကို
  • 0:47 - 0:50
    ကျွန်မပိုင်ဆိုင်ထားတယ်ဆိုတာကို လည်း
    သတိထားမိပါတယ်။
  • 0:50 - 0:52
    လူတိုင်း ဒီလိုလုပ်ခွင့်မရှိကြဘူးလေ။
  • 0:53 - 0:57
    ဒီဒေါက်မြင့်စီးရတာ မသက်သာဘူး။
    ကောင်းတာက ကျွန်မဆက်မစီးတော့ပါဘူး။
  • 0:59 - 1:02
    အဆိုးရွားဆုံးကတော့
    ဒီဆွယ်တာကို စွပ်တဲ့အချိန်ပေါ့၊
  • 1:02 - 1:04
    ဘာလို့လဲဆိုတော့ ရှင်တို့က ရယ်ကြမှာလေ
  • 1:04 - 1:06
    ဒါကြောင့် ခေါင်းပေါ် ရောက်နေတုန်းလေး
    ဘာမှမလုပ်ကြနဲ့နော်။
  • 1:08 - 1:09
    ကောင်းပြီ။
  • 1:11 - 1:14
    ဒါဆို ကျွန်မ ဘာလို့အဲဒါကို
    လုပ်လိုက်တာပါလိမ့်။
  • 1:14 - 1:15
    ဟန်ပျက်လိုက်တာနော်။
  • 1:15 - 1:17
    (ရယ်သံများ)
  • 1:17 - 1:18
    ကောင်းပြီ..
  • 1:18 - 1:20
    (ရယ်သံများ)
  • 1:20 - 1:24
    အဲဒီပုံလောက်တော့
    ဟန်မပျက်ဘူးလို့ မျှော်လင့်ပါတယ်။
  • 1:25 - 1:28
    ရုပ်ပုံတွေက အစွမ်းထက်ပါတယ်
  • 1:28 - 1:31
    ဒါပေမဲ့လည်း ရုပ်ပုံတွေက
    အပေါ်ယံလေးကိုဘဲ ဖော်ပြတာပါ။
  • 1:33 - 1:34
    ရှင်တို့ကျွန်မအပေါ်ရှိတဲ့ ထင်မြင်ချက်ကို
  • 1:34 - 1:37
    ခြောက်စက္ကန့်အတွင်း
    လုံးဝပြောင်းလဲလိုက်ပါပြီ။
  • 1:37 - 1:39
    ပြီးရင် ဒီပုံရိုက်တုန်းက
  • 1:39 - 1:42
    တကယ့်အပြင်မှာ ကျွန်မရည်စားမရှိခဲ့ဖူးပါဘူး။
  • 1:43 - 1:44
    ကျွန်မ လုံးဝသက်တောင့် သက်သာလည်းမရှိပါဘူး။
  • 1:44 - 1:47
    ဓာတ်ပုံဆရာက ကျွန်မကို ခါးကော့ခိုင်းပြီး
  • 1:47 - 1:49
    အဲဒီကောင်လေးဆံပင်ထဲကို
    လက်ထိုးထည့်ခိုင်းပါတယ်။
  • 1:51 - 1:53
    ခွဲစိတ်တာနဲ့ နှစ်ရက်လောက်တုန်းက
  • 1:53 - 1:56
    ကျွန်မအလုပ်အတွက်
    အသားညိုအောင်လုပ်ခဲ့တာကလွဲရင်ပေါ့
  • 1:56 - 2:00
    ကျွန်မတို့ရုပ်ရည်ပြောင်းလဲအောင်
    လုပ်နိုင်တာဆိုလို့ နည်းနည်းလေးဘဲရှိပါတယ်။
  • 2:00 - 2:04
    ကျွန်မတို့ရုပ်ရည်က အပေါ်ယံလေးဘဲ
    မပြောင်းလဲနိုင်ဘူးဆိုပေမဲ့လည်း
  • 2:04 - 2:06
    ကျွန်မတို့ ဘဝအပေါ်ကြီးမားတဲ့
    သက်ရောက်မှုရှိနေတယ်လေ။
  • 2:08 - 2:13
    ဒါကြောင့် ဒီနေ့ ကျွန်မအဖို့
    ရဲရင့်ခြင်းဆိုတာ ရိုးသားခြင်းကိုဆိုလိုတာပါ။
  • 2:13 - 2:16
    ကျွန်မ စင်ပေါ်ရောက်တဲ့အကြောင်းရင်းက
    ကျွန်မ မော်ဒယ်တစ်ယောက်ဖြစ်နေလို့ပါ။
  • 2:16 - 2:19
    ကျွန်မ စင်ပေါ်ရောက်တဲ့အကြောင်းရင်းက
    ကျွန်မက လှပတဲ့လူဖြူအမျိုးသမီးဖြစ်နေလို့ပါ။
  • 2:19 - 2:22
    ကျွန်မတို့ လုပ်ငန်းခွင်မှာ လိင်ဆွဲဆောင်မှု
    ရှိတဲ့ မိန်းကလေးလို့ခေါ်ပါတယ်။
  • 2:22 - 2:25
    အခု ကျွန်မက လူတွေမေးနေကျ
    မေးခွန်းကိုဖြေသွားမှာပါ၊
  • 2:25 - 2:26
    ဒါပေမဲ့ ရိုးသားတဲ့လှည့်ကွက်လေးနဲ့ပေါ့။
  • 2:26 - 2:29
    ဒါဆို ပထမဆုံးမေးခွန်းကတော့
    ရှင်က မော်ဒယ် ဘယ်လိုဖြစ်လာတာလဲ။
  • 2:29 - 2:31
    "အို ကျွန်မတော့ရွေးထုတ်ခံလိုက်ရတာပါ။"လို့
    အမြဲတမ်းပြောတက်ပါတယ်။
  • 2:31 - 2:32
    ဒါပေမဲ့ အဲဒါက ဘာမှမဟုတ်ပါဘူး။
  • 2:32 - 2:35
    တကယ့် ဖြစ်လာပုံကတော့
  • 2:35 - 2:39
    ကျွန်မ မျိုးရိုးဗီဇထီပေါက်ခဲ့လို့ပါ။
    ကျွန်မ ဒီအလှတရားအမွေကိုဆက်ခံရရှိခဲ့လို့ပါ။
  • 2:39 - 2:41
    ရှင်တို့ကတော့ အမွေဆက်ခံတယ်ဆိုတာ
    ဘာလဲလို့ သိချင်နေကြမှာပေါ့။
  • 2:41 - 2:44
    လွန်ခဲ့တဲ့ရာစုနှစ် အတော်လေး အတွင်း
  • 2:44 - 2:48
    အလှတရားကို ကျွန်မတို့တွေ
    ဇီဝနည်းကျကျ လျာထားခံရပြီး
  • 2:48 - 2:53
    အားကျခဲ့ရတဲ့ ကျန်းမာမှု၊ ငယ်ရွယ်မှု နဲ့
    အချိုးကျမှုတင်မကပါဘူး
  • 2:53 - 2:57
    ရှည်လျားပိန်သွယ်ခြင်း နဲ့ မိန်းမဆန်ခြင်းရယ်
  • 2:57 - 3:00
    အသားရေဖြူခြင်းတို့ကိုပါ
    အလှတရားအဖြစ် သတ်မှတ်ခဲ့ပါတယ်။
  • 3:00 - 3:02
    ဒါကတော့ ကျွန်မအတွက်ဖြစ်တည်လာတဲ့
  • 3:02 - 3:04
    ကျွန်မဆက်ခံရရှိလာတဲ့
    မျိုးရိုးအမွေဖြစ်ပါတယ်။
  • 3:04 - 3:06
    ပရိတ်သတ်ထဲကတစ်ချို့တွေကတော့
    ဒါနဲ့ပတ်သတ်ပြီး
  • 3:06 - 3:08
    သံသယဖြစ်ကြမယ်ဆိုတာ ကျွန်မသိပါတယ်။
  • 3:08 - 3:11
    ပြီးရင် တစ်ချို့ဖက်ရှင်ပညာရှင်တွေ
    ပြောကြမှပေါ့။
  • 3:11 - 3:13
    "နေပါဦး။
    Naomi. Tyra. Joan Smalls. Liu Wen။"
  • 3:13 - 3:16
    ပထမဆုံး ရှင်တို့ရဲ့ မော်ဒယ်အသိပညာကို
    ချီးကျူးပါရစေ။ အထင်ကြီးလောက်ပါတယ်။
  • 3:16 - 3:18
    (ရယ်သံများ)
  • 3:18 - 3:21
    ဒါပေမဲ့ ကံမကောင်းစွာဘဲ ရှင်တို့ကို
    အသိပေးခြင်းတာက ၂၀၀၇ မှာ
  • 3:21 - 3:23
    အလွန်တက်ကြွတဲ့ NYU ပါရဂူ
    ကျောင်းသား တစ်ယောက်က
  • 3:23 - 3:26
    ဖက်ရှင်လျှောက်လမ်းပေါ်က မော်ဒယ်တွေ
    အားလုံးကို ရေတွက်ကြည့်လိုက်ပါတယ်။
  • 3:26 - 3:28
    ခန့်အပ်ထားတဲ့ တစ်ယောက်ချင်းစီကိုပေါ့။
  • 3:28 - 3:31
    အဲဒီ ခန့်အပ်ထားတဲ့ ၆၇၇ ယောက်ထဲမှာ
  • 3:31 - 3:34
    ၂၇ယောက် ၄%အောက်က လူဖြူမဟုတ်ပါဘူး။
  • 3:36 - 3:38
    လူတွေမေးနေကျ နောက်မေးခွန်းတစ်ခုကတော့
  • 3:38 - 3:39
    "ကျွန်မကြီးလာရင် မော်ဒယ်လုပ်လို့ရလား"ပါ။
  • 3:39 - 3:43
    ပထမအဖြေကတော့ "မသိပါဘူး၊ ဒါကိုကြီးကြပ်ဖို့
    ကျွန်မကို ခန့်အပ်ထားတာမဟုတ်ပါဘူး။"
  • 3:43 - 3:44
    ဒါပေမဲ့ ဒုတိယအဖြေ
  • 3:44 - 3:47
    ဒီကောင်မလေးတွေကိုပြောချင်တာက
  • 3:47 - 3:49
    "ဘာလို့လဲ။ မင်းသိလား။
    မင်းဘာမဆိုဖြစ်နိုင်ဘဲလေ။
  • 3:49 - 3:51
    မင်း အမေရိကန်သမ္မတဖြစ်နိုင်တယ်၊
  • 3:51 - 3:53
    ဒါမှမဟုတ် အင်တာနက်ဒုတိယတီထွင်ရှင်
  • 3:53 - 3:55
    ဒါမှမဟုတ် ရင်ခေါင်းခွဲစိတ်တဲ့
    နင်ဂျာကဗျာဆရာတစ်ယောက်
  • 3:55 - 3:58
    အဲဒါကတော့ပိုကောင်းတာပေါ့
    ဘာလို့လဲဆိုတော့ မင်းက ပထမဦးဆုံးဖြစ်မှာလေ။"
  • 3:58 - 4:00
    (ရယ်သံများ)
  • 4:00 - 4:02
    ဒီအံဖွယ်စာရင်းတွေကြားပြီးတာတောင်မှ
    သူတို့က ပြောမယ်ပေါ့
  • 4:02 - 4:04
    "မရဘူး မရဘူး ကင်မရွန်၊
    ကျွန်မ မော်ဒယ်ဘဲဖြစ်ချင်တယ်။"
  • 4:04 - 4:06
    ဒါဆိုရင် ကျွန်မကပြောမှာပေါ့
    "မင်းဘာသာဆုံးဖြတ်။"
  • 4:06 - 4:08
    ဘာလို့လဲဆိုတော့ ကျွန်မက
    ဘယ်အရာကိုမှ မကြီးကြပ်ဘူးလေ။
  • 4:08 - 4:10
    ရှင်က American Vogue ရဲ့
    ခေါင်းဆောင်တည်းဖြတ်သူ
  • 4:10 - 4:13
    ဒါမှမဟုတ် H&M ရဲ့ CEO ဒါမှမဟုတ်
    ဒုတိယSteven Meisel ဖြစ်နိုင်ပါတယ်။
  • 4:13 - 4:15
    ရှင်ကြီးလာရင် မော်ဒယ်ဖြစ်ချင်တယ်လို့
    ပြောတာဟာ
  • 4:15 - 4:19
    ကြီးလာရင် Powerball ထီပေါက်ချင်တယ်လို့
    ပြောတာနဲ့တူပါတယ်။
  • 4:19 - 4:22
    အဲဒါကို ရှင်ထိန်းချုပ်မလို့ရဘူးလေ။
    မိုက်လည်းမိုက်တယ်။
  • 4:22 - 4:24
    ပြီးရင် အလုပ်အကိုင်လည်းမဟုတ်ဘူး။
  • 4:24 - 4:28
    အခု ရှင်တို့ကို ကျွန်မရဲ့ ဆယ်နှစ်တာ
    မော်ဒယ်အတွေ့အကြုံကို တင်ပြပါမယ်။
  • 4:28 - 4:30
    ဘာလို့လဲဆိုတော့ ရင်ခေါင်း
    ခွဲစိတ်ဆရာဝန်တွေနဲ့ မတူတာက
  • 4:30 - 4:33
    ဒါက ခုဘဲ ထုတ်နုတ်တင်ပြလို့ရတယ်လေ။
  • 4:33 - 4:36
    တကယ်လို့ ဓာတ်ပုံဆရာက အဲမှာရှိတယ်။
  • 4:36 - 4:38
    မီးကအဲနားလေးမှာ HMI မီးလို့ပေါ့။
  • 4:38 - 4:40
    ဖောက်သည်က "လမ်းလျှောက်တဲ့
    ပုံလေးလိုချင်တယ်" လို့ပြောရင်၊
  • 4:40 - 4:44
    ဒီခြေထောက်ကအရှေ့လှမ်းမယ် ရှည်ရှည်သွယ်သွယ်လေး၊
    ဒီလက်မောင်း နောက်လွဲ၊ ဒီလက်မောင်း ရှေ့ကိုပေါ့။
  • 4:44 - 4:46
    ခေါင်းက လေးပုံသုံးပုံလောက်စောင်းလိုက်။
    ပြီးရင်ရှေ့သွားနောက်ပြန်
  • 4:46 - 4:49
    အဲဒါကိုသာလုပ်လိုက်၊ ပြီးရင် စိတ်ကူးထဲက
    သူငယ်ချင်းကိုလှည့်ကြည့်လိုက်ပေါ့။
  • 4:49 - 4:52
    အကြိမ် ၃၀၀၊ ၄၀၀ ၊ ၅၀၀ လောက်။
  • 4:52 - 4:53
    (ရယ်သံများ)
  • 4:53 - 4:55
    ဒါလေးနဲ့တူပါလိမ့်မယ်။
  • 4:55 - 4:57
    (ရယ်သံများ)
  • 4:57 - 5:00
    အလယ်ကပုံလောက် ဟန်မပျက်ဘူးလို့
    မျှော်လင့်ပါတယ်။
  • 5:00 - 5:03
    အဲဒီမှာဘာတွေဖြစ်ခဲ့လဲတော့မသိဘူး။
  • 5:03 - 5:04
    ကံမကောင်းတာက ရှင်က ကျောင်းလည်းပြီးပြီ။
  • 5:04 - 5:07
    ကိုယ်ရေးအကျဉ်းလည်း ဖြည့်ပြီးပြီ။
    အလုပ်အချို့ လုပ်ပြီးပြီဆိုရင်
  • 5:07 - 5:09
    ရှင် ဘာဆိုဘာကို မှပြောလို့မရတော့ပါဘူး။
  • 5:09 - 5:12
    တကယ်လို့ရှင်က အမေရိကန်သမ္မတဖြစ်ချင်တယ်
  • 5:12 - 5:14
    ကိုယ့်ရေးအကျဉ်းမှာက
    အတွင်းခံမော်ဒယ် အတွေ့အကြုံ - ၁၀နှစ်၊
  • 5:14 - 5:16
    လူတွေက ရှင်ကို အံသြစွာဘဲ ကြည့်ကြပါလိမ့်မယ်။
  • 5:16 - 5:18
    နောက်မေးခွန်းက
    "သူတို့ ဓာတ်ပုံအားလုံးကို ပြုပြင်လား"ပါ။
  • 5:19 - 5:20
    ဟုတ်ပါတယ်။ သူတို့တွေ
    ဓာတ်ပုံအားလုံး ပြန်ပြုပြင်ခဲ့တယ်။
  • 5:20 - 5:24
    ဒါပေမဲ့ အဲဒါက ဖြစ်ပျက်နေတာရဲ့
    တစ်စိတ်တစ်ပိုင်းလေးဘဲ ရှိပါသေးတယ်။
  • 5:24 - 5:27
    ဒီပုံကတော့ ပထမဆုံး ရိုက်ခဲ့တဲ့ကျွန်မပုံပါ။
  • 5:27 - 5:30
    ပြီးတော့ကျွန်မ ပထမဆုံးအကြိမ်
    ရေကူးဝတ်စုံဝတ်တာလည်းဖြစ်ပါတယ်။
  • 5:30 - 5:31
    ပြီးရင် ရာသီတောင်မလာသေးပါဘူး။
  • 5:31 - 5:35
    ကိုယ်ရေးကိုယ်တာ ပါလာတာ ကျွန်မသိပါတယ်။
    ဒါပေမဲ့ ကျွန်မ အသက်ငယ်ပါသေးတယ်။
  • 5:35 - 5:38
    ဒါကတော့ လွန်ခဲ့တဲ့လအနည်းငယ်တုန်းက
    ကျွန်မနဲ့ကျွန်မအဘွားပုံပါ။
  • 5:39 - 5:41
    ဒီပုံနှစ်ပုံကတော့ တစ်ရက်တည်းမှာ
    ရိုက်ထားတာပါ။
  • 5:41 - 5:43
    ကျွန်မသူငယ်ချင်းလည်းလာပါတယ်။
  • 5:43 - 5:46
    ဒါတော့ French Vogue အတွက် မရိုက်ခင်
    ရက်ပိုင်းတုန်းက ညအိပ်ဝတ်ပါတီပွဲမှာပါ။
  • 5:47 - 5:49
    ဒါကတော့ ဘောလုံးအသင်းနဲ့ V မဂ္ဂဇင်းမှာပေါ့။
  • 5:51 - 5:52
    ဒါကတော့ လက်တလောရိုက်ထားတာပါ။
  • 5:52 - 5:54
    ဒီပုံတွေက ကျွန်မမဟုတ်ဘူးဆိုတာ
  • 5:54 - 5:56
    ရှင်တို့မြင်လိမ့်မယ်လို့
    ကျွန်မမျှော်လင့်ပါတယ်။
  • 5:57 - 5:58
    သူတို့က တည်ဆောက်ထားတာတွေဖြစ်ပါတယ်။
  • 5:58 - 6:01
    သူတို့က ကျွမ်းကျင်အတတ်ပညာရှင်တွေ
  • 6:01 - 6:04
    ဆံသပညာရှင်၊ မိတ်ကပ်ပညာရှင် နဲ့
    ဓာတ်ပုံပညာရှင် နဲ့ ဒီဇိုင်းပညာရှင်
  • 6:04 - 6:07
    လက်ထောက်တွေရဲ့ မထုတ်လုပ်ခင်နဲ့
    ထုတ်လုပ်ပြီး တည်ဆောက်မှုတွေပါ။
  • 6:07 - 6:08
    သူတို့ ဒါကို တည်ဆောက်ထားတာပါ။
  • 6:08 - 6:09
    အဲဒါ ကျွန်မမဟုတ်ပါဘူး။
  • 6:09 - 6:12
    ကောင်းပြီ။ လူတွေ မေးတက်တဲ့
    နောက်မေးခွန်းတစ်ခုကတော
  • 6:12 - 6:13
    "သင် လက်ဆောင်ပစ္စည်းတွေ အလကားရလား။" ပါ။
  • 6:13 - 6:14
    (ရယ်သံများ)
  • 6:14 - 6:17
    ကျွန်မ မှာ ဘယ်တော့မှစီးခွင့်မရတဲ့
    ၈လက်မ ဒေါက်မြင့်တွေအများကြီးပါ။
  • 6:17 - 6:19
    စောစောတုန်းကဟာတော့ မပါဘူးပေါ့။
  • 6:19 - 6:23
    ဒါပေမဲ့ ကျွန်မ အလကားရတဲ့ အရာတွေက
    တကယ့်ဘဝမှာ အလကားရတဲ့အရာတွေဖြစ်ပါတယ်။
  • 6:23 - 6:25
    အဲဒါတွေက ကျွန်မတို့မပြောချင်တဲ့
    အရာတွေလည်းဖြစ်ပါတယ်။
  • 6:25 - 6:26
    ကျွန်မက Cambridge မှာ ကြီးပြင်းတာပါ။
  • 6:26 - 6:29
    တစ်နေ့ ကုန်စုံဆိုင်ကိုသွားတော့
    ကျွန်မပိုက်ဆံ မေ့ကျန်ခဲ့ပါတယ်။
  • 6:29 - 6:31
    ဒါပေမဲ့ ကျွန်မ ဝတ်စုံကိုအလကားရခဲ့ပါတယ်။
  • 6:31 - 6:34
    ကျွန်မဆယ်ကျော်သက်တုန်းက ကားမောင်းကြမ်းတဲ့
    ကျွန်မသူငယ်ချင်းနဲ့ကားစီးနေတာပါ။
  • 6:34 - 6:36
    သူက မီးနီကိုကျော်ပြီး မောင်းမိတဲ့အတွက်
  • 6:36 - 6:38
    အတားခံလိုက်ရပါတယ်။
  • 6:38 - 6:41
    နောက်ဆုံး "တောင်းပန်ပါတယ်။ ဆရာ" လို့
    ပြောပြီး ပြန်မောင်းထွက်လာခဲ့ပါတယ်။
  • 6:42 - 6:46
    ဒါတွေကို ကျွန်မဘယ်သူလဲဆိုတာထက်
    ကျွန်မရုပ်ရည်ကြောင့် အလကားရတာပါ။
  • 6:46 - 6:48
    ဒါပေမဲ့ လူတွေက သူတို့ဘယ်သူလဲဆိုတာထက်
  • 6:48 - 6:51
    သူတို့ရုပ်ရည်ကြောင့်
    တန်ကြေးတွေ ပေးနေရတယ်လေ။
  • 6:51 - 6:52
    ကျွန်မ နယူးယောက်မှာ နေတာပါ။ ပြီးခဲ့နှစ်က
  • 6:52 - 6:56
    အဖမ်းခံပြီးအစစ်ဆေးခံလိုက်ရတဲ့
    ဆယ်ကျော်သက် ၁၄၄၀၀၀ ယောက် ထဲက
  • 6:56 - 7:00
    ၈၆%က လက်တင်နဲ့လူမည်းကလေးတွေဖြစ်ပါတယ်။
    သူတို့တွေအများစုက လူငယ်တွေပါ။
  • 7:00 - 7:05
    နယူးယောက်မှာက လူမည်းနဲ့
    လက်တင်လူငယ်တွေ ၁၇၇၀၀၀ သာရှိတာပါ။
  • 7:05 - 7:07
    ဒါကြောင့် သူတို့အတွက်ကတော့
    "ငါအဖမ်းခံရမလား"ဆိုတာထက်
  • 7:07 - 7:10
    "ငါ ဘယ်နှစ်ကြိမ် အဖမ်းခံရမလဲ" "ဘယ်အချိန်
    အဖမ်းခံရမလဲ" က တကယ့်မေးခွန်းတွေပါ။
  • 7:10 - 7:12
    ကျွန်မ ဒီဟောပြောပွဲအတွက် လေ့လာနေတုန်း
  • 7:12 - 7:15
    အမေရိကန်မှာ အသက် ၁၃ နှစ်
    မိန်းကလေးတွေထဲမှာမှ
  • 7:15 - 7:18
    ၅၃%က သူတို့ခန္ဓာကိုယ်ကို
    မနှစ်သက်ကြပါဘူးဆိုတာ သိရှိလိုက်ရပါတယ်။
  • 7:18 - 7:21
    အဲအရေအတွက် သူတို့ ၁၇နှစ် ရောက်တဲ့အချိန်
    ၇၈%အထိ မြင့်တက်သွားပါတယ်။
  • 7:22 - 7:25
    နောက်ဆုံးမေးခွန်းကတော့
  • 7:25 - 7:27
    "မော်ဒယ်တစ်ယောက် ဖြစ်တာဘယ်လိုပါလဲ" ပါ။
  • 7:27 - 7:29
    ကျွန်မထင်တာတော့ သူတို့လိုချင်တဲ့အဖြေက
  • 7:29 - 7:32
    "တကယ်လို့ သင်က နည်းနည်းပိုပိန်မယ်
    ဆံပင်က ပိုတောက်ပမယ်ဆိုရင်
  • 7:32 - 7:35
    တော်တော်ပျော်ပြီး ဝမ်းသာမယ်ပေါ့။"
  • 7:35 - 7:36
    ကျွန်မတို့ စင်နောက်ဘက်ရောက်ရင်
  • 7:36 - 7:39
    ဒီလိုအဖြေမျိုး ပေးတက်ကြပါတယ်။
  • 7:39 - 7:42
    "ခရီးထွက်ရတာကောင်းပါတယ်
    ပြီးရင် စိတ်အားထက်သန် တက်ကြွပြီး
  • 7:42 - 7:45
    ထိုးထွင်းဉာဏ်ရှိတဲ့ လူတွေနဲ့
    အလုပ်လုပ်ရတဲ့လည်း ကောင်းပါတယ်။"ပေါ့။
  • 7:45 - 7:48
    ဒါတွေက မှန်တယ်ဆိုပေမဲ့လည်း
    တကယ့်အဖြေရဲ့ တစ်ဝက်ဘဲရှိပါသေးတယ်။
  • 7:48 - 7:51
    ဘာလို့လဲဆိုတော့ ကျွန်မတို့ ကင်မရာရှေ့မှာ
  • 7:51 - 7:53
    ကျွန်မ ကင်မရာရှေ့မှာ
    ဘယ်တော့မှ မပြောတာက
  • 7:53 - 7:54
    "ကျွန်မ စိတ်မလုံခြုံပါဘူး" ဖြစ်ပါတယ်။
  • 7:55 - 7:59
    ဘာလို့လဲဆိုတော့ နေ့တိုင်း ကျွန်မကြည့်ရတာ
    ဘယ်လို့လဲဆိုတာကို စဉ်းစားနေရလို့ပါ။
  • 8:01 - 8:03
    တကယ့်လို့ ရှင်က
  • 8:03 - 8:08
    "ငါသာ သွယ်လျတဲ့ပေါင်တံ တောက်ပတဲ့ဆံပင်ကို
    ပိုင်ဆိုင်ခဲ့ရင် ပိုပျော်မလား" သိချင်ရင်
  • 8:08 - 8:09
    ရှင်က မော်ဒယ်အုပ်စုတစ်စုကို
    တွေ့ဆုံဖို့ဘဲလိုတာပါ။
  • 8:09 - 8:12
    သူတို့က အပိန်သွယ်ဆုံးပေါင်တံ၊ အတောက်ပဆုံး
    ဆံပင် နဲ့ အမိုက်စားဝတ်စုံ ကိုပိုင်ကြတယ်လေ
  • 8:12 - 8:16
    သူတို့က ကမ္ဘာပေါ်မှာ ရုပ်ပိုင်းဆိုင်ရာ
    မလုံခြုံဆုံး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
  • 8:17 - 8:18
    ကျွန်မ ဒီဟောပြောပွဲအတွက် စာရေးနေတုန်း
  • 8:18 - 8:21
    ရိုးသားတဲ့ မျှခြေထိန်းသိမ်းဖို့
    ခက်ခဲတယ်ဆိုတာ သတိထားမိပါတယ်။
  • 8:21 - 8:23
    ဘာလို့လဲဆိုတော့ တစ်ဖက်မှာ
  • 8:23 - 8:25
    ဒီကိုလာပြီး
    "ကြည့်ပါဦး ကျွန်မ ဒီကောင်းကျိုးတွေကို
  • 8:25 - 8:29
    အံဆွဲတစ်ခုထဲက ရခဲ့တာပါ"လို့
    ပြောရင် စိတ်မလုံမလဲ ဖြစ်မှာပါ။
  • 8:29 - 8:32
    ပြီးရင်အဲဒါကြောင့်လည်း
    ကျွန်မအမြဲတမ်းမပျော်ပါဘူး
  • 8:32 - 8:34
    ဆက်ပြောဖို့ဆိုတာလည်း မလွယ်လှပါဘူး။
  • 8:34 - 8:38
    ဒါပေမဲ့ ကျွန်မက အကျိုးခံစားရသူ
    တစ်ယောက်ဖြစ်နေတဲ့အချိန်မှာ
  • 8:39 - 8:42
    ကျားမဆိုင်ရာနဲ့ လူမျိုးရေးဖိနှိပ်မှုတွေကို
    ဖြေဖျောက်ဖို့ဆိုတာ အခက်ခဲဆုံးပါ။
  • 8:44 - 8:46
    ဒါပေမဲ့ ကျွန်မဒီမှာ တက်ခွင့်ရတဲ့အတွက်
    ပျော်ပါတယ် ဂုဏ်ယူပါတယ်။
  • 8:46 - 8:50
    ဒီကို လာခွင့်ရတဲ့အတွက် ကောင်းတယ်လို့
    ကျွန်မထင်ပါတယ်။
  • 8:50 - 8:53
    နှစ် ၁၀၊ ၂၀ နှင့် ၃၀ မကုန်ခင်လေးနဲ့
    ကျွန်မ အလုပ်ထဲမှာ ကုမ္ပဏီတွေပိုမရခင်လေးပေါ့။
  • 8:53 - 8:57
    ဘာလို့လဲဆိုတော့ အဲကျရင် ကျွန်မ ပထမအလုပ်
    ဘယ်လို့ရခဲ့လဲဆိုတာကို ပြောတော့မှာမဟုတ်ဘူးလေ။
  • 8:57 - 9:00
    ကျွန်မ ကောလိပ်အတွက် ငွေဘယ်လို့ရှာခဲ့တယ်
    ဆိုတာ ပြောတော့မဟုတ်ဘူးလေ။
  • 9:00 - 9:01
    ဒါတွေက အရမ်းအရေးကြီးတဲ့အရာတွေကိုး။
  • 9:02 - 9:04
    ဒီဟောပြောပွဲအတွက် ရစေချင်တဲ့အနှစ်သာရကတော
  • 9:04 - 9:07
    ကျွန်မတို့ အားလုံး နားလည်ထားတဲ့
    အောင်မြင်မှုနဲ့ ကျရှုံးမှုအပေါ်
  • 9:07 - 9:12
    ရုပ်ပုံတွေရဲ့အစွမ်း ကို အသိမှတ်ပြုဖို့
  • 9:12 - 9:13
    သက်တောင့်သက်သာ ဖြစ်ကြလိမ့်မယ်လို့
    မျှော်လင့်ပါတယ်။
  • 9:13 - 9:15
    ကျေးဇူးတင်ပါတယ်။
  • 9:15 - 9:17
    (လက်ခုပ်သံများ)
Title:
ရုပ်ရည်ရူပကာက အဓိကတော့မဟုတ်ပါ။ ကျွန်မကိုယုံပါ၊ ကျွန်မက မော်ဒယ်တစ်ယောက်လေ။
Speaker:
Cameron Russell
Description:

Cameron Russell က သူမဟာ မျိုးရိုးဗီဇဆိုင်ရာ ထီပေါက်ခဲ့တယ်လို့ ဝန်ခံထားပါတယ်။ သူမဟာ အရပ်မြင့်တယ်၊ ချောတယ်၊ ပြီးတော့ အတွင်းခံ မော်ဒယ်တစ်ယောက်ပါ။ ဒါပေမယ့် ရုပ်ရည်ရူပကာအားဖြင့်တော့ သူမကို အကဲမဖြတ်လိုက်ပါနဲ့ဦး။ ဒီအကြောက်အလန့်မရှိတဲ့ ဟောပြောချက်မှာ သူမ ၁၆ နှစ်ရှိရုံကလေးမှာ သူမရဲ့ စွဲဆောင်မှုအရှိဆုံး ရုပ်ရည်ဖြစ်စေခဲ့တဲ့ လုပ်ငန်းကို ခနဲ့တဲ့တဲ့ အမြင်နဲ့ရှုမြင်ထားပါတယ်။ (TEDxMidAtlantic တွင်ရိုက်ကူးသည်။)

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
09:37
  • Oh, no! I forgot the title and the description. :(

  • Don't worry ! I just dit it for you !

  • Don't worry ! I just dit it for you !

  • Don't worry ! I just dit it for you !

  • Don't worry ! I just dit it for you !

  • Don't worry ! I just dit it for you !

Burmese subtitles

Revisions