မင်္ဂလာပါ။ ကျွန်မကတော့ ကင်မရွန် ရာဆယ်လ်ပါ။ လွန်ခဲ့တဲ့ကာလတောအတွင်း ကျွန်မ မော်ဒယ်တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ တကယ်တော့ ၁၀နှစ်ရှိပါပြီ။ အခု အခန်းထဲမှာ ကျွန်မ စိတ်ကျဉ်းကျပ်သလိုခံစားနေရပါတယ်။ ဘာလို့လဲဆိုတော့ ဒီဝတ်စုံကိုဝတ်ခဲ့မိလို့ပါ။ (ရယ်သံများ) ကံကောင်းတာက လဲဖို့အဝတ်တစ်စုံပါလာပါတယ်။ ဒါပထမဆုံး Ted စင်ပေါ်မှာ အဝတ်လဲတာဖြစ်ပါတယ်။ ရှင်တို့တွေ ကိုယ်တိုင် မြင်တွေ့ရလောက်အောင် ကံကောင်းတယ်လို့ ကျွန်မထင်ပါတယ်။ တကယ်လို့ တချို့အမျိုးသမီးတွေ ထိတ်လန့်နေခဲ့ရင် ကျွန်မကို အခုပြောပြစရာမလိုပါဘူး၊ Twitter ပေါ်မှာ ကျွန်မကိုယ်တိုင် ရှာတွေ့ပါလိမ့်မယ်။ (ရယ်သံများ) ရှင်တို့ ကျွန်မအပေါ်မှာ ရှိတဲ့ထင်မြင်ချက်တွေကို ဆယ်စက္ကန့်တိုအတွင်း ပြောင်းလဲနိုင်တဲ့ အထူးအခွင့်အရေးကို ကျွန်မပိုင်ဆိုင်ထားတယ်ဆိုတာကို လည်း သတိထားမိပါတယ်။ လူတိုင်း ဒီလိုလုပ်ခွင့်မရှိကြဘူးလေ။ ဒီဒေါက်မြင့်စီးရတာ မသက်သာဘူး။ ကောင်းတာက ကျွန်မဆက်မစီးတော့ပါဘူး။ အဆိုးရွားဆုံးကတော့ ဒီဆွယ်တာကို စွပ်တဲ့အချိန်ပေါ့၊ ဘာလို့လဲဆိုတော့ ရှင်တို့က ရယ်ကြမှာလေ ဒါကြောင့် ခေါင်းပေါ် ရောက်နေတုန်းလေး ဘာမှမလုပ်ကြနဲ့နော်။ ကောင်းပြီ။ ဒါဆို ကျွန်မ ဘာလို့အဲဒါကို လုပ်လိုက်တာပါလိမ့်။ ဟန်ပျက်လိုက်တာနော်။ (ရယ်သံများ) ကောင်းပြီ.. (ရယ်သံများ) အဲဒီပုံလောက်တော့ ဟန်မပျက်ဘူးလို့ မျှော်လင့်ပါတယ်။ ရုပ်ပုံတွေက အစွမ်းထက်ပါတယ် ဒါပေမဲ့လည်း ရုပ်ပုံတွေက အပေါ်ယံလေးကိုဘဲ ဖော်ပြတာပါ။ ရှင်တို့ကျွန်မအပေါ်ရှိတဲ့ ထင်မြင်ချက်ကို ခြောက်စက္ကန့်အတွင်း လုံးဝပြောင်းလဲလိုက်ပါပြီ။ ပြီးရင် ဒီပုံရိုက်တုန်းက တကယ့်အပြင်မှာ ကျွန်မရည်စားမရှိခဲ့ဖူးပါဘူး။ ကျွန်မ လုံးဝသက်တောင့် သက်သာလည်းမရှိပါဘူး။ ဓာတ်ပုံဆရာက ကျွန်မကို ခါးကော့ခိုင်းပြီး အဲဒီကောင်လေးဆံပင်ထဲကို လက်ထိုးထည့်ခိုင်းပါတယ်။ ခွဲစိတ်တာနဲ့ နှစ်ရက်လောက်တုန်းက ကျွန်မအလုပ်အတွက် အသားညိုအောင်လုပ်ခဲ့တာကလွဲရင်ပေါ့ ကျွန်မတို့ရုပ်ရည်ပြောင်းလဲအောင် လုပ်နိုင်တာဆိုလို့ နည်းနည်းလေးဘဲရှိပါတယ်။ ကျွန်မတို့ရုပ်ရည်က အပေါ်ယံလေးဘဲ မပြောင်းလဲနိုင်ဘူးဆိုပေမဲ့လည်း ကျွန်မတို့ ဘဝအပေါ်ကြီးမားတဲ့ သက်ရောက်မှုရှိနေတယ်လေ။ ဒါကြောင့် ဒီနေ့ ကျွန်မအဖို့ ရဲရင့်ခြင်းဆိုတာ ရိုးသားခြင်းကိုဆိုလိုတာပါ။ ကျွန်မ စင်ပေါ်ရောက်တဲ့အကြောင်းရင်းက ကျွန်မ မော်ဒယ်တစ်ယောက်ဖြစ်နေလို့ပါ။ ကျွန်မ စင်ပေါ်ရောက်တဲ့အကြောင်းရင်းက ကျွန်မက လှပတဲ့လူဖြူအမျိုးသမီးဖြစ်နေလို့ပါ။ ကျွန်မတို့ လုပ်ငန်းခွင်မှာ လိင်ဆွဲဆောင်မှု ရှိတဲ့ မိန်းကလေးလို့ခေါ်ပါတယ်။ အခု ကျွန်မက လူတွေမေးနေကျ မေးခွန်းကိုဖြေသွားမှာပါ၊ ဒါပေမဲ့ ရိုးသားတဲ့လှည့်ကွက်လေးနဲ့ပေါ့။ ဒါဆို ပထမဆုံးမေးခွန်းကတော့ ရှင်က မော်ဒယ် ဘယ်လိုဖြစ်လာတာလဲ။ "အို ကျွန်မတော့ရွေးထုတ်ခံလိုက်ရတာပါ။"လို့ အမြဲတမ်းပြောတက်ပါတယ်။ ဒါပေမဲ့ အဲဒါက ဘာမှမဟုတ်ပါဘူး။ တကယ့် ဖြစ်လာပုံကတော့ ကျွန်မ မျိုးရိုးဗီဇထီပေါက်ခဲ့လို့ပါ။ ကျွန်မ ဒီအလှတရားအမွေကိုဆက်ခံရရှိခဲ့လို့ပါ။ ရှင်တို့ကတော့ အမွေဆက်ခံတယ်ဆိုတာ ဘာလဲလို့ သိချင်နေကြမှာပေါ့။ လွန်ခဲ့တဲ့ရာစုနှစ် အတော်လေး အတွင်း အလှတရားကို ကျွန်မတို့တွေ ဇီဝနည်းကျကျ လျာထားခံရပြီး အားကျခဲ့ရတဲ့ ကျန်းမာမှု၊ ငယ်ရွယ်မှု နဲ့ အချိုးကျမှုတင်မကပါဘူး ရှည်လျားပိန်သွယ်ခြင်း နဲ့ မိန်းမဆန်ခြင်းရယ် အသားရေဖြူခြင်းတို့ကိုပါ အလှတရားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါကတော့ ကျွန်မအတွက်ဖြစ်တည်လာတဲ့ ကျွန်မဆက်ခံရရှိလာတဲ့ မျိုးရိုးအမွေဖြစ်ပါတယ်။ ပရိတ်သတ်ထဲကတစ်ချို့တွေကတော့ ဒါနဲ့ပတ်သတ်ပြီး သံသယဖြစ်ကြမယ်ဆိုတာ ကျွန်မသိပါတယ်။ ပြီးရင် တစ်ချို့ဖက်ရှင်ပညာရှင်တွေ ပြောကြမှပေါ့။ "နေပါဦး။ Naomi. Tyra. Joan Smalls. Liu Wen။" ပထမဆုံး ရှင်တို့ရဲ့ မော်ဒယ်အသိပညာကို ချီးကျူးပါရစေ။ အထင်ကြီးလောက်ပါတယ်။ (ရယ်သံများ) ဒါပေမဲ့ ကံမကောင်းစွာဘဲ ရှင်တို့ကို အသိပေးခြင်းတာက ၂၀၀၇ မှာ အလွန်တက်ကြွတဲ့ NYU ပါရဂူ ကျောင်းသား တစ်ယောက်က ဖက်ရှင်လျှောက်လမ်းပေါ်က မော်ဒယ်တွေ အားလုံးကို ရေတွက်ကြည့်လိုက်ပါတယ်။ ခန့်အပ်ထားတဲ့ တစ်ယောက်ချင်းစီကိုပေါ့။ အဲဒီ ခန့်အပ်ထားတဲ့ ၆၇၇ ယောက်ထဲမှာ ၂၇ယောက် ၄%အောက်က လူဖြူမဟုတ်ပါဘူး။ လူတွေမေးနေကျ နောက်မေးခွန်းတစ်ခုကတော့ "ကျွန်မကြီးလာရင် မော်ဒယ်လုပ်လို့ရလား"ပါ။ ပထမအဖြေကတော့ "မသိပါဘူး၊ ဒါကိုကြီးကြပ်ဖို့ ကျွန်မကို ခန့်အပ်ထားတာမဟုတ်ပါဘူး။" ဒါပေမဲ့ ဒုတိယအဖြေ ဒီကောင်မလေးတွေကိုပြောချင်တာက "ဘာလို့လဲ။ မင်းသိလား။ မင်းဘာမဆိုဖြစ်နိုင်ဘဲလေ။ မင်း အမေရိကန်သမ္မတဖြစ်နိုင်တယ်၊ ဒါမှမဟုတ် အင်တာနက်ဒုတိယတီထွင်ရှင် ဒါမှမဟုတ် ရင်ခေါင်းခွဲစိတ်တဲ့ နင်ဂျာကဗျာဆရာတစ်ယောက် အဲဒါကတော့ပိုကောင်းတာပေါ့ ဘာလို့လဲဆိုတော့ မင်းက ပထမဦးဆုံးဖြစ်မှာလေ။" (ရယ်သံများ) ဒီအံဖွယ်စာရင်းတွေကြားပြီးတာတောင်မှ သူတို့က ပြောမယ်ပေါ့ "မရဘူး မရဘူး ကင်မရွန်၊ ကျွန်မ မော်ဒယ်ဘဲဖြစ်ချင်တယ်။" ဒါဆိုရင် ကျွန်မကပြောမှာပေါ့ "မင်းဘာသာဆုံးဖြတ်။" ဘာလို့လဲဆိုတော့ ကျွန်မက ဘယ်အရာကိုမှ မကြီးကြပ်ဘူးလေ။ ရှင်က American Vogue ရဲ့ ခေါင်းဆောင်တည်းဖြတ်သူ ဒါမှမဟုတ် H&M ရဲ့ CEO ဒါမှမဟုတ် ဒုတိယSteven Meisel ဖြစ်နိုင်ပါတယ်။ ရှင်ကြီးလာရင် မော်ဒယ်ဖြစ်ချင်တယ်လို့ ပြောတာဟာ ကြီးလာရင် Powerball ထီပေါက်ချင်တယ်လို့ ပြောတာနဲ့တူပါတယ်။ အဲဒါကို ရှင်ထိန်းချုပ်မလို့ရဘူးလေ။ မိုက်လည်းမိုက်တယ်။ ပြီးရင် အလုပ်အကိုင်လည်းမဟုတ်ဘူး။ အခု ရှင်တို့ကို ကျွန်မရဲ့ ဆယ်နှစ်တာ မော်ဒယ်အတွေ့အကြုံကို တင်ပြပါမယ်။ ဘာလို့လဲဆိုတော့ ရင်ခေါင်း ခွဲစိတ်ဆရာဝန်တွေနဲ့ မတူတာက ဒါက ခုဘဲ ထုတ်နုတ်တင်ပြလို့ရတယ်လေ။ တကယ်လို့ ဓာတ်ပုံဆရာက အဲမှာရှိတယ်။ မီးကအဲနားလေးမှာ HMI မီးလို့ပေါ့။ ဖောက်သည်က "လမ်းလျှောက်တဲ့ ပုံလေးလိုချင်တယ်" လို့ပြောရင်၊ ဒီခြေထောက်ကအရှေ့လှမ်းမယ် ရှည်ရှည်သွယ်သွယ်လေး၊ ဒီလက်မောင်း နောက်လွဲ၊ ဒီလက်မောင်း ရှေ့ကိုပေါ့။ ခေါင်းက လေးပုံသုံးပုံလောက်စောင်းလိုက်။ ပြီးရင်ရှေ့သွားနောက်ပြန် အဲဒါကိုသာလုပ်လိုက်၊ ပြီးရင် စိတ်ကူးထဲက သူငယ်ချင်းကိုလှည့်ကြည့်လိုက်ပေါ့။ အကြိမ် ၃၀၀၊ ၄၀၀ ၊ ၅၀၀ လောက်။ (ရယ်သံများ) ဒါလေးနဲ့တူပါလိမ့်မယ်။ (ရယ်သံများ) အလယ်ကပုံလောက် ဟန်မပျက်ဘူးလို့ မျှော်လင့်ပါတယ်။ အဲဒီမှာဘာတွေဖြစ်ခဲ့လဲတော့မသိဘူး။ ကံမကောင်းတာက ရှင်က ကျောင်းလည်းပြီးပြီ။ ကိုယ်ရေးအကျဉ်းလည်း ဖြည့်ပြီးပြီ။ အလုပ်အချို့ လုပ်ပြီးပြီဆိုရင် ရှင် ဘာဆိုဘာကို မှပြောလို့မရတော့ပါဘူး။ တကယ်လို့ရှင်က အမေရိကန်သမ္မတဖြစ်ချင်တယ် ကိုယ့်ရေးအကျဉ်းမှာက အတွင်းခံမော်ဒယ် အတွေ့အကြုံ - ၁၀နှစ်၊ လူတွေက ရှင်ကို အံသြစွာဘဲ ကြည့်ကြပါလိမ့်မယ်။ နောက်မေးခွန်းက "သူတို့ ဓာတ်ပုံအားလုံးကို ပြုပြင်လား"ပါ။ ဟုတ်ပါတယ်။ သူတို့တွေ ဓာတ်ပုံအားလုံး ပြန်ပြုပြင်ခဲ့တယ်။ ဒါပေမဲ့ အဲဒါက ဖြစ်ပျက်နေတာရဲ့ တစ်စိတ်တစ်ပိုင်းလေးဘဲ ရှိပါသေးတယ်။ ဒီပုံကတော့ ပထမဆုံး ရိုက်ခဲ့တဲ့ကျွန်မပုံပါ။ ပြီးတော့ကျွန်မ ပထမဆုံးအကြိမ် ရေကူးဝတ်စုံဝတ်တာလည်းဖြစ်ပါတယ်။ ပြီးရင် ရာသီတောင်မလာသေးပါဘူး။ ကိုယ်ရေးကိုယ်တာ ပါလာတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ ကျွန်မ အသက်ငယ်ပါသေးတယ်။ ဒါကတော့ လွန်ခဲ့တဲ့လအနည်းငယ်တုန်းက ကျွန်မနဲ့ကျွန်မအဘွားပုံပါ။ ဒီပုံနှစ်ပုံကတော့ တစ်ရက်တည်းမှာ ရိုက်ထားတာပါ။ ကျွန်မသူငယ်ချင်းလည်းလာပါတယ်။ ဒါတော့ French Vogue အတွက် မရိုက်ခင် ရက်ပိုင်းတုန်းက ညအိပ်ဝတ်ပါတီပွဲမှာပါ။ ဒါကတော့ ဘောလုံးအသင်းနဲ့ V မဂ္ဂဇင်းမှာပေါ့။ ဒါကတော့ လက်တလောရိုက်ထားတာပါ။ ဒီပုံတွေက ကျွန်မမဟုတ်ဘူးဆိုတာ ရှင်တို့မြင်လိမ့်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ သူတို့က တည်ဆောက်ထားတာတွေဖြစ်ပါတယ်။ သူတို့က ကျွမ်းကျင်အတတ်ပညာရှင်တွေ ဆံသပညာရှင်၊ မိတ်ကပ်ပညာရှင် နဲ့ ဓာတ်ပုံပညာရှင် နဲ့ ဒီဇိုင်းပညာရှင် လက်ထောက်တွေရဲ့ မထုတ်လုပ်ခင်နဲ့ ထုတ်လုပ်ပြီး တည်ဆောက်မှုတွေပါ။ သူတို့ ဒါကို တည်ဆောက်ထားတာပါ။ အဲဒါ ကျွန်မမဟုတ်ပါဘူး။ ကောင်းပြီ။ လူတွေ မေးတက်တဲ့ နောက်မေးခွန်းတစ်ခုကတော "သင် လက်ဆောင်ပစ္စည်းတွေ အလကားရလား။" ပါ။ (ရယ်သံများ) ကျွန်မ မှာ ဘယ်တော့မှစီးခွင့်မရတဲ့ ၈လက်မ ဒေါက်မြင့်တွေအများကြီးပါ။ စောစောတုန်းကဟာတော့ မပါဘူးပေါ့။ ဒါပေမဲ့ ကျွန်မ အလကားရတဲ့ အရာတွေက တကယ့်ဘဝမှာ အလကားရတဲ့အရာတွေဖြစ်ပါတယ်။ အဲဒါတွေက ကျွန်မတို့မပြောချင်တဲ့ အရာတွေလည်းဖြစ်ပါတယ်။ ကျွန်မက Cambridge မှာ ကြီးပြင်းတာပါ။ တစ်နေ့ ကုန်စုံဆိုင်ကိုသွားတော့ ကျွန်မပိုက်ဆံ မေ့ကျန်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မ ဝတ်စုံကိုအလကားရခဲ့ပါတယ်။ ကျွန်မဆယ်ကျော်သက်တုန်းက ကားမောင်းကြမ်းတဲ့ ကျွန်မသူငယ်ချင်းနဲ့ကားစီးနေတာပါ။ သူက မီးနီကိုကျော်ပြီး မောင်းမိတဲ့အတွက် အတားခံလိုက်ရပါတယ်။ နောက်ဆုံး "တောင်းပန်ပါတယ်။ ဆရာ" လို့ ပြောပြီး ပြန်မောင်းထွက်လာခဲ့ပါတယ်။ ဒါတွေကို ကျွန်မဘယ်သူလဲဆိုတာထက် ကျွန်မရုပ်ရည်ကြောင့် အလကားရတာပါ။ ဒါပေမဲ့ လူတွေက သူတို့ဘယ်သူလဲဆိုတာထက် သူတို့ရုပ်ရည်ကြောင့် တန်ကြေးတွေ ပေးနေရတယ်လေ။ ကျွန်မ နယူးယောက်မှာ နေတာပါ။ ပြီးခဲ့နှစ်က အဖမ်းခံပြီးအစစ်ဆေးခံလိုက်ရတဲ့ ဆယ်ကျော်သက် ၁၄၄၀၀၀ ယောက် ထဲက ၈၆%က လက်တင်နဲ့လူမည်းကလေးတွေဖြစ်ပါတယ်။ သူတို့တွေအများစုက လူငယ်တွေပါ။ နယူးယောက်မှာက လူမည်းနဲ့ လက်တင်လူငယ်တွေ ၁၇၇၀၀၀ သာရှိတာပါ။ ဒါကြောင့် သူတို့အတွက်ကတော့ "ငါအဖမ်းခံရမလား"ဆိုတာထက် "ငါ ဘယ်နှစ်ကြိမ် အဖမ်းခံရမလဲ" "ဘယ်အချိန် အဖမ်းခံရမလဲ" က တကယ့်မေးခွန်းတွေပါ။ ကျွန်မ ဒီဟောပြောပွဲအတွက် လေ့လာနေတုန်း အမေရိကန်မှာ အသက် ၁၃ နှစ် မိန်းကလေးတွေထဲမှာမှ ၅၃%က သူတို့ခန္ဓာကိုယ်ကို မနှစ်သက်ကြပါဘူးဆိုတာ သိရှိလိုက်ရပါတယ်။ အဲအရေအတွက် သူတို့ ၁၇နှစ် ရောက်တဲ့အချိန် ၇၈%အထိ မြင့်တက်သွားပါတယ်။ နောက်ဆုံးမေးခွန်းကတော့ "မော်ဒယ်တစ်ယောက် ဖြစ်တာဘယ်လိုပါလဲ" ပါ။ ကျွန်မထင်တာတော့ သူတို့လိုချင်တဲ့အဖြေက "တကယ်လို့ သင်က နည်းနည်းပိုပိန်မယ် ဆံပင်က ပိုတောက်ပမယ်ဆိုရင် တော်တော်ပျော်ပြီး ဝမ်းသာမယ်ပေါ့။" ကျွန်မတို့ စင်နောက်ဘက်ရောက်ရင် ဒီလိုအဖြေမျိုး ပေးတက်ကြပါတယ်။ "ခရီးထွက်ရတာကောင်းပါတယ် ပြီးရင် စိတ်အားထက်သန် တက်ကြွပြီး ထိုးထွင်းဉာဏ်ရှိတဲ့ လူတွေနဲ့ အလုပ်လုပ်ရတဲ့လည်း ကောင်းပါတယ်။"ပေါ့။ ဒါတွေက မှန်တယ်ဆိုပေမဲ့လည်း တကယ့်အဖြေရဲ့ တစ်ဝက်ဘဲရှိပါသေးတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ ကင်မရာရှေ့မှာ ကျွန်မ ကင်မရာရှေ့မှာ ဘယ်တော့မှ မပြောတာက "ကျွန်မ စိတ်မလုံခြုံပါဘူး" ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ နေ့တိုင်း ကျွန်မကြည့်ရတာ ဘယ်လို့လဲဆိုတာကို စဉ်းစားနေရလို့ပါ။ တကယ့်လို့ ရှင်က "ငါသာ သွယ်လျတဲ့ပေါင်တံ တောက်ပတဲ့ဆံပင်ကို ပိုင်ဆိုင်ခဲ့ရင် ပိုပျော်မလား" သိချင်ရင် ရှင်က မော်ဒယ်အုပ်စုတစ်စုကို တွေ့ဆုံဖို့ဘဲလိုတာပါ။ သူတို့က အပိန်သွယ်ဆုံးပေါင်တံ၊ အတောက်ပဆုံး ဆံပင် နဲ့ အမိုက်စားဝတ်စုံ ကိုပိုင်ကြတယ်လေ သူတို့က ကမ္ဘာပေါ်မှာ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံဆုံး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်မ ဒီဟောပြောပွဲအတွက် စာရေးနေတုန်း ရိုးသားတဲ့ မျှခြေထိန်းသိမ်းဖို့ ခက်ခဲတယ်ဆိုတာ သတိထားမိပါတယ်။ ဘာလို့လဲဆိုတော့ တစ်ဖက်မှာ ဒီကိုလာပြီး "ကြည့်ပါဦး ကျွန်မ ဒီကောင်းကျိုးတွေကို အံဆွဲတစ်ခုထဲက ရခဲ့တာပါ"လို့ ပြောရင် စိတ်မလုံမလဲ ဖြစ်မှာပါ။ ပြီးရင်အဲဒါကြောင့်လည်း ကျွန်မအမြဲတမ်းမပျော်ပါဘူး ဆက်ပြောဖို့ဆိုတာလည်း မလွယ်လှပါဘူး။ ဒါပေမဲ့ ကျွန်မက အကျိုးခံစားရသူ တစ်ယောက်ဖြစ်နေတဲ့အချိန်မှာ ကျားမဆိုင်ရာနဲ့ လူမျိုးရေးဖိနှိပ်မှုတွေကို ဖြေဖျောက်ဖို့ဆိုတာ အခက်ခဲဆုံးပါ။ ဒါပေမဲ့ ကျွန်မဒီမှာ တက်ခွင့်ရတဲ့အတွက် ပျော်ပါတယ် ဂုဏ်ယူပါတယ်။ ဒီကို လာခွင့်ရတဲ့အတွက် ကောင်းတယ်လို့ ကျွန်မထင်ပါတယ်။ နှစ် ၁၀၊ ၂၀ နှင့် ၃၀ မကုန်ခင်လေးနဲ့ ကျွန်မ အလုပ်ထဲမှာ ကုမ္ပဏီတွေပိုမရခင်လေးပေါ့။ ဘာလို့လဲဆိုတော့ အဲကျရင် ကျွန်မ ပထမအလုပ် ဘယ်လို့ရခဲ့လဲဆိုတာကို ပြောတော့မှာမဟုတ်ဘူးလေ။ ကျွန်မ ကောလိပ်အတွက် ငွေဘယ်လို့ရှာခဲ့တယ် ဆိုတာ ပြောတော့မဟုတ်ဘူးလေ။ ဒါတွေက အရမ်းအရေးကြီးတဲ့အရာတွေကိုး။ ဒီဟောပြောပွဲအတွက် ရစေချင်တဲ့အနှစ်သာရကတော ကျွန်မတို့ အားလုံး နားလည်ထားတဲ့ အောင်မြင်မှုနဲ့ ကျရှုံးမှုအပေါ် ရုပ်ပုံတွေရဲ့အစွမ်း ကို အသိမှတ်ပြုဖို့ သက်တောင့်သက်သာ ဖြစ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)