1 00:00:00,186 --> 00:00:02,806 မင်္ဂလာပါ။ ကျွန်မကတော့ ကင်မရွန် ရာဆယ်လ်ပါ။ 2 00:00:02,950 --> 00:00:06,743 လွန်ခဲ့တဲ့ကာလတောအတွင်း 3 00:00:06,743 --> 00:00:09,003 ကျွန်မ မော်ဒယ်တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ 4 00:00:09,003 --> 00:00:11,344 တကယ်တော့ ၁၀နှစ်ရှိပါပြီ။ 5 00:00:12,990 --> 00:00:15,146 အခု အခန်းထဲမှာ 6 00:00:15,170 --> 00:00:17,970 ကျွန်မ စိတ်ကျဉ်းကျပ်သလိုခံစားနေရပါတယ်။ 7 00:00:17,994 --> 00:00:20,017 ဘာလို့လဲဆိုတော့ ဒီဝတ်စုံကိုဝတ်ခဲ့မိလို့ပါ။ 8 00:00:20,041 --> 00:00:21,799 (ရယ်သံများ) 9 00:00:21,823 --> 00:00:24,297 ကံကောင်းတာက လဲဖို့အဝတ်တစ်စုံပါလာပါတယ်။ 10 00:00:24,321 --> 00:00:26,736 ဒါပထမဆုံး Ted စင်ပေါ်မှာ အဝတ်လဲတာဖြစ်ပါတယ်။ 11 00:00:26,736 --> 00:00:29,190 ရှင်တို့တွေ ကိုယ်တိုင် မြင်တွေ့ရလောက်အောင် 12 00:00:29,190 --> 00:00:31,016 ကံကောင်းတယ်လို့ ကျွန်မထင်ပါတယ်။ 13 00:00:31,016 --> 00:00:33,933 တကယ်လို့ တချို့အမျိုးသမီးတွေ ထိတ်လန့်နေခဲ့ရင် 14 00:00:33,957 --> 00:00:37,100 ကျွန်မကို အခုပြောပြစရာမလိုပါဘူး၊ Twitter ပေါ်မှာ ကျွန်မကိုယ်တိုင် ရှာတွေ့ပါလိမ့်မယ်။ 15 00:00:37,124 --> 00:00:40,344 (ရယ်သံများ) 16 00:00:42,315 --> 00:00:44,173 ရှင်တို့ ကျွန်မအပေါ်မှာ ရှိတဲ့ထင်မြင်ချက်တွေကို 17 00:00:44,197 --> 00:00:47,251 ဆယ်စက္ကန့်တိုအတွင်း ပြောင်းလဲနိုင်တဲ့ အထူးအခွင့်အရေးကို 18 00:00:47,275 --> 00:00:49,914 ကျွန်မပိုင်ဆိုင်ထားတယ်ဆိုတာကို လည်း သတိထားမိပါတယ်။ 19 00:00:49,938 --> 00:00:51,683 လူတိုင်း ဒီလိုလုပ်ခွင့်မရှိကြဘူးလေ။ 20 00:00:53,400 --> 00:00:57,234 ဒီဒေါက်မြင့်စီးရတာ မသက်သာဘူး။ ကောင်းတာက ကျွန်မဆက်မစီးတော့ပါဘူး။ 21 00:00:59,239 --> 00:01:01,508 အဆိုးရွားဆုံးကတော့ ဒီဆွယ်တာကို စွပ်တဲ့အချိန်ပေါ့၊ 22 00:01:01,508 --> 00:01:03,687 ဘာလို့လဲဆိုတော့ ရှင်တို့က ရယ်ကြမှာလေ 23 00:01:03,687 --> 00:01:05,965 ဒါကြောင့် ခေါင်းပေါ် ရောက်နေတုန်းလေး ဘာမှမလုပ်ကြနဲ့နော်။ 24 00:01:07,745 --> 00:01:08,762 ကောင်းပြီ။ 25 00:01:10,983 --> 00:01:13,690 ဒါဆို ကျွန်မ ဘာလို့အဲဒါကို လုပ်လိုက်တာပါလိမ့်။ 26 00:01:13,714 --> 00:01:14,920 ဟန်ပျက်လိုက်တာနော်။ 27 00:01:14,944 --> 00:01:16,872 (ရယ်သံများ) 28 00:01:16,896 --> 00:01:18,007 ကောင်းပြီ.. 29 00:01:18,031 --> 00:01:20,397 (ရယ်သံများ) 30 00:01:20,421 --> 00:01:24,112 အဲဒီပုံလောက်တော့ ဟန်မပျက်ဘူးလို့ မျှော်လင့်ပါတယ်။ 31 00:01:25,306 --> 00:01:28,064 ရုပ်ပုံတွေက အစွမ်းထက်ပါတယ် 32 00:01:28,088 --> 00:01:31,489 ဒါပေမဲ့လည်း ရုပ်ပုံတွေက အပေါ်ယံလေးကိုဘဲ ဖော်ပြတာပါ။ 33 00:01:33,036 --> 00:01:34,479 ရှင်တို့ကျွန်မအပေါ်ရှိတဲ့ ထင်မြင်ချက်ကို 34 00:01:34,479 --> 00:01:37,479 ခြောက်စက္ကန့်အတွင်း လုံးဝပြောင်းလဲလိုက်ပါပြီ။ 35 00:01:37,479 --> 00:01:39,294 ပြီးရင် ဒီပုံရိုက်တုန်းက 36 00:01:39,318 --> 00:01:41,865 တကယ့်အပြင်မှာ ကျွန်မရည်စားမရှိခဲ့ဖူးပါဘူး။ 37 00:01:42,643 --> 00:01:44,436 ကျွန်မ လုံးဝသက်တောင့် သက်သာလည်းမရှိပါဘူး။ 38 00:01:44,460 --> 00:01:46,938 ဓာတ်ပုံဆရာက ကျွန်မကို ခါးကော့ခိုင်းပြီး 39 00:01:46,962 --> 00:01:48,657 အဲဒီကောင်လေးဆံပင်ထဲကို လက်ထိုးထည့်ခိုင်းပါတယ်။ 40 00:01:51,013 --> 00:01:52,989 ခွဲစိတ်တာနဲ့ နှစ်ရက်လောက်တုန်းက 41 00:01:53,013 --> 00:01:56,430 ကျွန်မအလုပ်အတွက် အသားညိုအောင်လုပ်ခဲ့တာကလွဲရင်ပေါ့ 42 00:01:56,454 --> 00:02:00,191 ကျွန်မတို့ရုပ်ရည်ပြောင်းလဲအောင် လုပ်နိုင်တာဆိုလို့ နည်းနည်းလေးဘဲရှိပါတယ်။ 43 00:02:00,215 --> 00:02:03,647 ကျွန်မတို့ရုပ်ရည်က အပေါ်ယံလေးဘဲ မပြောင်းလဲနိုင်ဘူးဆိုပေမဲ့လည်း 44 00:02:03,671 --> 00:02:05,981 ကျွန်မတို့ ဘဝအပေါ်ကြီးမားတဲ့ သက်ရောက်မှုရှိနေတယ်လေ။ 45 00:02:08,034 --> 00:02:12,638 ဒါကြောင့် ဒီနေ့ ကျွန်မအဖို့ ရဲရင့်ခြင်းဆိုတာ ရိုးသားခြင်းကိုဆိုလိုတာပါ။ 46 00:02:12,662 --> 00:02:15,523 ကျွန်မ စင်ပေါ်ရောက်တဲ့အကြောင်းရင်းက ကျွန်မ မော်ဒယ်တစ်ယောက်ဖြစ်နေလို့ပါ။ 47 00:02:15,547 --> 00:02:19,250 ကျွန်မ စင်ပေါ်ရောက်တဲ့အကြောင်းရင်းက ကျွန်မက လှပတဲ့လူဖြူအမျိုးသမီးဖြစ်နေလို့ပါ။ 48 00:02:19,274 --> 00:02:22,015 ကျွန်မတို့ လုပ်ငန်းခွင်မှာ လိင်ဆွဲဆောင်မှု ရှိတဲ့ မိန်းကလေးလို့ခေါ်ပါတယ်။ 49 00:02:22,039 --> 00:02:24,886 အခု ကျွန်မက လူတွေမေးနေကျ မေးခွန်းကိုဖြေသွားမှာပါ၊ 50 00:02:24,910 --> 00:02:26,208 ဒါပေမဲ့ ရိုးသားတဲ့လှည့်ကွက်လေးနဲ့ပေါ့။ 51 00:02:26,232 --> 00:02:29,110 ဒါဆို ပထမဆုံးမေးခွန်းကတော့ ရှင်က မော်ဒယ် ဘယ်လိုဖြစ်လာတာလဲ။ 52 00:02:29,134 --> 00:02:31,143 "အို ကျွန်မတော့ရွေးထုတ်ခံလိုက်ရတာပါ။"လို့ အမြဲတမ်းပြောတက်ပါတယ်။ 53 00:02:31,167 --> 00:02:32,325 ဒါပေမဲ့ အဲဒါက ဘာမှမဟုတ်ပါဘူး။ 54 00:02:32,349 --> 00:02:35,430 တကယ့် ဖြစ်လာပုံကတော့ 55 00:02:35,454 --> 00:02:38,917 ကျွန်မ မျိုးရိုးဗီဇထီပေါက်ခဲ့လို့ပါ။ ကျွန်မ ဒီအလှတရားအမွေကိုဆက်ခံရရှိခဲ့လို့ပါ။ 56 00:02:38,941 --> 00:02:41,037 ရှင်တို့ကတော့ အမွေဆက်ခံတယ်ဆိုတာ ဘာလဲလို့ သိချင်နေကြမှာပေါ့။ 57 00:02:41,061 --> 00:02:43,783 လွန်ခဲ့တဲ့ရာစုနှစ် အတော်လေး အတွင်း 58 00:02:43,783 --> 00:02:48,315 အလှတရားကို ကျွန်မတို့တွေ ဇီဝနည်းကျကျ လျာထားခံရပြီး 59 00:02:48,315 --> 00:02:53,087 အားကျခဲ့ရတဲ့ ကျန်းမာမှု၊ ငယ်ရွယ်မှု နဲ့ အချိုးကျမှုတင်မကပါဘူး 60 00:02:53,111 --> 00:02:56,623 ရှည်လျားပိန်သွယ်ခြင်း နဲ့ မိန်းမဆန်ခြင်းရယ် 61 00:02:56,647 --> 00:02:59,870 အသားရေဖြူခြင်းတို့ကိုပါ အလှတရားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ 62 00:02:59,894 --> 00:03:01,942 ဒါကတော့ ကျွန်မအတွက်ဖြစ်တည်လာတဲ့ 63 00:03:01,966 --> 00:03:04,416 ကျွန်မဆက်ခံရရှိလာတဲ့ မျိုးရိုးအမွေဖြစ်ပါတယ်။ 64 00:03:04,440 --> 00:03:06,470 ပရိတ်သတ်ထဲကတစ်ချို့တွေကတော့ ဒါနဲ့ပတ်သတ်ပြီး 65 00:03:06,494 --> 00:03:08,186 သံသယဖြစ်ကြမယ်ဆိုတာ ကျွန်မသိပါတယ်။ 66 00:03:08,210 --> 00:03:10,687 ပြီးရင် တစ်ချို့ဖက်ရှင်ပညာရှင်တွေ ပြောကြမှပေါ့။ 67 00:03:10,711 --> 00:03:13,230 "နေပါဦး။ Naomi. Tyra. Joan Smalls. Liu Wen။" 68 00:03:13,254 --> 00:03:16,397 ပထမဆုံး ရှင်တို့ရဲ့ မော်ဒယ်အသိပညာကို ချီးကျူးပါရစေ။ အထင်ကြီးလောက်ပါတယ်။ 69 00:03:16,421 --> 00:03:18,053 (ရယ်သံများ) 70 00:03:18,077 --> 00:03:20,920 ဒါပေမဲ့ ကံမကောင်းစွာဘဲ ရှင်တို့ကို အသိပေးခြင်းတာက ၂၀၀၇ မှာ 71 00:03:20,920 --> 00:03:22,990 အလွန်တက်ကြွတဲ့ NYU ပါရဂူ ကျောင်းသား တစ်ယောက်က 72 00:03:22,990 --> 00:03:25,940 ဖက်ရှင်လျှောက်လမ်းပေါ်က မော်ဒယ်တွေ အားလုံးကို ရေတွက်ကြည့်လိုက်ပါတယ်။ 73 00:03:25,940 --> 00:03:27,766 ခန့်အပ်ထားတဲ့ တစ်ယောက်ချင်းစီကိုပေါ့။ 74 00:03:27,766 --> 00:03:30,870 အဲဒီ ခန့်အပ်ထားတဲ့ ၆၇၇ ယောက်ထဲမှာ 75 00:03:30,894 --> 00:03:34,387 ၂၇ယောက် ၄%အောက်က လူဖြူမဟုတ်ပါဘူး။ 76 00:03:35,637 --> 00:03:37,570 လူတွေမေးနေကျ နောက်မေးခွန်းတစ်ခုကတော့ 77 00:03:37,594 --> 00:03:39,219 "ကျွန်မကြီးလာရင် မော်ဒယ်လုပ်လို့ရလား"ပါ။ 78 00:03:39,243 --> 00:03:42,877 ပထမအဖြေကတော့ "မသိပါဘူး၊ ဒါကိုကြီးကြပ်ဖို့ ကျွန်မကို ခန့်အပ်ထားတာမဟုတ်ပါဘူး။" 79 00:03:42,901 --> 00:03:44,294 ဒါပေမဲ့ ဒုတိယအဖြေ 80 00:03:44,318 --> 00:03:47,072 ဒီကောင်မလေးတွေကိုပြောချင်တာက 81 00:03:47,096 --> 00:03:49,086 "ဘာလို့လဲ။ မင်းသိလား။ မင်းဘာမဆိုဖြစ်နိုင်ဘဲလေ။ 82 00:03:49,110 --> 00:03:50,970 မင်း အမေရိကန်သမ္မတဖြစ်နိုင်တယ်၊ 83 00:03:50,970 --> 00:03:52,911 ဒါမှမဟုတ် အင်တာနက်ဒုတိယတီထွင်ရှင် 84 00:03:52,911 --> 00:03:55,139 ဒါမှမဟုတ် ရင်ခေါင်းခွဲစိတ်တဲ့ နင်ဂျာကဗျာဆရာတစ်ယောက် 85 00:03:55,163 --> 00:03:57,830 အဲဒါကတော့ပိုကောင်းတာပေါ့ ဘာလို့လဲဆိုတော့ မင်းက ပထမဦးဆုံးဖြစ်မှာလေ။" 86 00:03:57,854 --> 00:04:00,016 (ရယ်သံများ) 87 00:04:00,040 --> 00:04:02,374 ဒီအံဖွယ်စာရင်းတွေကြားပြီးတာတောင်မှ သူတို့က ပြောမယ်ပေါ့ 88 00:04:02,398 --> 00:04:04,303 "မရဘူး မရဘူး ကင်မရွန်၊ ကျွန်မ မော်ဒယ်ဘဲဖြစ်ချင်တယ်။" 89 00:04:04,327 --> 00:04:05,941 ဒါဆိုရင် ကျွန်မကပြောမှာပေါ့ "မင်းဘာသာဆုံးဖြတ်။" 90 00:04:05,965 --> 00:04:07,831 ဘာလို့လဲဆိုတော့ ကျွန်မက ဘယ်အရာကိုမှ မကြီးကြပ်ဘူးလေ။ 91 00:04:07,855 --> 00:04:09,976 ရှင်က American Vogue ရဲ့ ခေါင်းဆောင်တည်းဖြတ်သူ 92 00:04:09,976 --> 00:04:12,542 ဒါမှမဟုတ် H&M ရဲ့ CEO ဒါမှမဟုတ် ဒုတိယSteven Meisel ဖြစ်နိုင်ပါတယ်။ 93 00:04:13,031 --> 00:04:15,412 ရှင်ကြီးလာရင် မော်ဒယ်ဖြစ်ချင်တယ်လို့ ပြောတာဟာ 94 00:04:15,436 --> 00:04:18,770 ကြီးလာရင် Powerball ထီပေါက်ချင်တယ်လို့ ပြောတာနဲ့တူပါတယ်။ 95 00:04:18,794 --> 00:04:22,214 အဲဒါကို ရှင်ထိန်းချုပ်မလို့ရဘူးလေ။ မိုက်လည်းမိုက်တယ်။ 96 00:04:22,238 --> 00:04:23,640 ပြီးရင် အလုပ်အကိုင်လည်းမဟုတ်ဘူး။ 97 00:04:24,316 --> 00:04:28,283 အခု ရှင်တို့ကို ကျွန်မရဲ့ ဆယ်နှစ်တာ မော်ဒယ်အတွေ့အကြုံကို တင်ပြပါမယ်။ 98 00:04:28,307 --> 00:04:30,212 ဘာလို့လဲဆိုတော့ ရင်ခေါင်း ခွဲစိတ်ဆရာဝန်တွေနဲ့ မတူတာက 99 00:04:30,236 --> 00:04:32,938 ဒါက ခုဘဲ ထုတ်နုတ်တင်ပြလို့ရတယ်လေ။ 100 00:04:32,962 --> 00:04:36,022 တကယ်လို့ ဓာတ်ပုံဆရာက အဲမှာရှိတယ်။ 101 00:04:36,046 --> 00:04:38,103 မီးကအဲနားလေးမှာ HMI မီးလို့ပေါ့။ 102 00:04:38,127 --> 00:04:40,274 ဖောက်သည်က "လမ်းလျှောက်တဲ့ ပုံလေးလိုချင်တယ်" လို့ပြောရင်၊ 103 00:04:40,298 --> 00:04:43,516 ဒီခြေထောက်ကအရှေ့လှမ်းမယ် ရှည်ရှည်သွယ်သွယ်လေး၊ ဒီလက်မောင်း နောက်လွဲ၊ ဒီလက်မောင်း ရှေ့ကိုပေါ့။ 104 00:04:43,516 --> 00:04:46,008 ခေါင်းက လေးပုံသုံးပုံလောက်စောင်းလိုက်။ ပြီးရင်ရှေ့သွားနောက်ပြန် 105 00:04:46,008 --> 00:04:48,732 အဲဒါကိုသာလုပ်လိုက်၊ ပြီးရင် စိတ်ကူးထဲက သူငယ်ချင်းကိုလှည့်ကြည့်လိုက်ပေါ့။ 106 00:04:48,732 --> 00:04:51,691 အကြိမ် ၃၀၀၊ ၄၀၀ ၊ ၅၀၀ လောက်။ 107 00:04:51,715 --> 00:04:53,395 (ရယ်သံများ) 108 00:04:53,419 --> 00:04:55,206 ဒါလေးနဲ့တူပါလိမ့်မယ်။ 109 00:04:55,230 --> 00:04:57,417 (ရယ်သံများ) 110 00:04:57,441 --> 00:05:00,369 အလယ်ကပုံလောက် ဟန်မပျက်ဘူးလို့ မျှော်လင့်ပါတယ်။ 111 00:05:00,393 --> 00:05:02,624 အဲဒီမှာဘာတွေဖြစ်ခဲ့လဲတော့မသိဘူး။ 112 00:05:02,638 --> 00:05:04,369 ကံမကောင်းတာက ရှင်က ကျောင်းလည်းပြီးပြီ။ 113 00:05:04,369 --> 00:05:07,053 ကိုယ်ရေးအကျဉ်းလည်း ဖြည့်ပြီးပြီ။ အလုပ်အချို့ လုပ်ပြီးပြီဆိုရင် 114 00:05:07,053 --> 00:05:08,945 ရှင် ဘာဆိုဘာကို မှပြောလို့မရတော့ပါဘူး။ 115 00:05:08,969 --> 00:05:12,016 တကယ်လို့ရှင်က အမေရိကန်သမ္မတဖြစ်ချင်တယ် 116 00:05:12,040 --> 00:05:14,100 ကိုယ့်ရေးအကျဉ်းမှာက အတွင်းခံမော်ဒယ် အတွေ့အကြုံ - ၁၀နှစ်၊ 117 00:05:14,100 --> 00:05:15,876 လူတွေက ရှင်ကို အံသြစွာဘဲ ကြည့်ကြပါလိမ့်မယ်။ 118 00:05:15,900 --> 00:05:18,488 နောက်မေးခွန်းက "သူတို့ ဓာတ်ပုံအားလုံးကို ပြုပြင်လား"ပါ။ 119 00:05:18,512 --> 00:05:20,367 ဟုတ်ပါတယ်။ သူတို့တွေ ဓာတ်ပုံအားလုံး ပြန်ပြုပြင်ခဲ့တယ်။ 120 00:05:20,367 --> 00:05:23,526 ဒါပေမဲ့ အဲဒါက ဖြစ်ပျက်နေတာရဲ့ တစ်စိတ်တစ်ပိုင်းလေးဘဲ ရှိပါသေးတယ်။ 121 00:05:24,006 --> 00:05:26,724 ဒီပုံကတော့ ပထမဆုံး ရိုက်ခဲ့တဲ့ကျွန်မပုံပါ။ 122 00:05:26,748 --> 00:05:29,557 ပြီးတော့ကျွန်မ ပထမဆုံးအကြိမ် ရေကူးဝတ်စုံဝတ်တာလည်းဖြစ်ပါတယ်။ 123 00:05:29,581 --> 00:05:31,361 ပြီးရင် ရာသီတောင်မလာသေးပါဘူး။ 124 00:05:31,385 --> 00:05:34,512 ကိုယ်ရေးကိုယ်တာ ပါလာတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ ကျွန်မ အသက်ငယ်ပါသေးတယ်။ 125 00:05:34,536 --> 00:05:37,786 ဒါကတော့ လွန်ခဲ့တဲ့လအနည်းငယ်တုန်းက ကျွန်မနဲ့ကျွန်မအဘွားပုံပါ။ 126 00:05:39,016 --> 00:05:41,192 ဒီပုံနှစ်ပုံကတော့ တစ်ရက်တည်းမှာ ရိုက်ထားတာပါ။ 127 00:05:41,216 --> 00:05:42,560 ကျွန်မသူငယ်ချင်းလည်းလာပါတယ်။ 128 00:05:42,584 --> 00:05:45,832 ဒါတော့ French Vogue အတွက် မရိုက်ခင် ရက်ပိုင်းတုန်းက ညအိပ်ဝတ်ပါတီပွဲမှာပါ။ 129 00:05:46,679 --> 00:05:49,293 ဒါကတော့ ဘောလုံးအသင်းနဲ့ V မဂ္ဂဇင်းမှာပေါ့။ 130 00:05:50,787 --> 00:05:52,223 ဒါကတော့ လက်တလောရိုက်ထားတာပါ။ 131 00:05:52,247 --> 00:05:54,283 ဒီပုံတွေက ကျွန်မမဟုတ်ဘူးဆိုတာ 132 00:05:54,307 --> 00:05:56,481 ရှင်တို့မြင်လိမ့်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ 133 00:05:56,505 --> 00:05:57,919 သူတို့က တည်ဆောက်ထားတာတွေဖြစ်ပါတယ်။ 134 00:05:57,943 --> 00:06:00,847 သူတို့က ကျွမ်းကျင်အတတ်ပညာရှင်တွေ 135 00:06:00,871 --> 00:06:03,967 ဆံသပညာရှင်၊ မိတ်ကပ်ပညာရှင် နဲ့ ဓာတ်ပုံပညာရှင် နဲ့ ဒီဇိုင်းပညာရှင် 136 00:06:03,991 --> 00:06:06,827 လက်ထောက်တွေရဲ့ မထုတ်လုပ်ခင်နဲ့ ထုတ်လုပ်ပြီး တည်ဆောက်မှုတွေပါ။ 137 00:06:06,827 --> 00:06:07,829 သူတို့ ဒါကို တည်ဆောက်ထားတာပါ။ 138 00:06:07,829 --> 00:06:09,309 အဲဒါ ကျွန်မမဟုတ်ပါဘူး။ 139 00:06:09,333 --> 00:06:11,730 ကောင်းပြီ။ လူတွေ မေးတက်တဲ့ နောက်မေးခွန်းတစ်ခုကတော 140 00:06:11,754 --> 00:06:13,080 "သင် လက်ဆောင်ပစ္စည်းတွေ အလကားရလား။" ပါ။ 141 00:06:13,104 --> 00:06:14,150 (ရယ်သံများ) 142 00:06:14,174 --> 00:06:17,421 ကျွန်မ မှာ ဘယ်တော့မှစီးခွင့်မရတဲ့ ၈လက်မ ဒေါက်မြင့်တွေအများကြီးပါ။ 143 00:06:17,445 --> 00:06:19,040 စောစောတုန်းကဟာတော့ မပါဘူးပေါ့။ 144 00:06:19,064 --> 00:06:22,525 ဒါပေမဲ့ ကျွန်မ အလကားရတဲ့ အရာတွေက တကယ့်ဘဝမှာ အလကားရတဲ့အရာတွေဖြစ်ပါတယ်။ 145 00:06:22,549 --> 00:06:24,779 အဲဒါတွေက ကျွန်မတို့မပြောချင်တဲ့ အရာတွေလည်းဖြစ်ပါတယ်။ 146 00:06:24,803 --> 00:06:26,070 ကျွန်မက Cambridge မှာ ကြီးပြင်းတာပါ။ 147 00:06:26,094 --> 00:06:28,666 တစ်နေ့ ကုန်စုံဆိုင်ကိုသွားတော့ ကျွန်မပိုက်ဆံ မေ့ကျန်ခဲ့ပါတယ်။ 148 00:06:28,690 --> 00:06:30,798 ဒါပေမဲ့ ကျွန်မ ဝတ်စုံကိုအလကားရခဲ့ပါတယ်။ 149 00:06:30,822 --> 00:06:34,478 ကျွန်မဆယ်ကျော်သက်တုန်းက ကားမောင်းကြမ်းတဲ့ ကျွန်မသူငယ်ချင်းနဲ့ကားစီးနေတာပါ။ 150 00:06:34,478 --> 00:06:36,093 သူက မီးနီကိုကျော်ပြီး မောင်းမိတဲ့အတွက် 151 00:06:36,093 --> 00:06:37,672 အတားခံလိုက်ရပါတယ်။ 152 00:06:37,672 --> 00:06:41,053 နောက်ဆုံး "တောင်းပန်ပါတယ်။ ဆရာ" လို့ ပြောပြီး ပြန်မောင်းထွက်လာခဲ့ပါတယ်။ 153 00:06:42,363 --> 00:06:46,335 ဒါတွေကို ကျွန်မဘယ်သူလဲဆိုတာထက် ကျွန်မရုပ်ရည်ကြောင့် အလကားရတာပါ။ 154 00:06:46,335 --> 00:06:48,364 ဒါပေမဲ့ လူတွေက သူတို့ဘယ်သူလဲဆိုတာထက် 155 00:06:48,388 --> 00:06:50,606 သူတို့ရုပ်ရည်ကြောင့် တန်ကြေးတွေ ပေးနေရတယ်လေ။ 156 00:06:50,630 --> 00:06:52,250 ကျွန်မ နယူးယောက်မှာ နေတာပါ။ ပြီးခဲ့နှစ်က 157 00:06:52,274 --> 00:06:56,053 အဖမ်းခံပြီးအစစ်ဆေးခံလိုက်ရတဲ့ ဆယ်ကျော်သက် ၁၄၄၀၀၀ ယောက် ထဲက 158 00:06:56,077 --> 00:07:00,092 ၈၆%က လက်တင်နဲ့လူမည်းကလေးတွေဖြစ်ပါတယ်။ သူတို့တွေအများစုက လူငယ်တွေပါ။ 159 00:07:00,116 --> 00:07:04,578 နယူးယောက်မှာက လူမည်းနဲ့ လက်တင်လူငယ်တွေ ၁၇၇၀၀၀ သာရှိတာပါ။ 160 00:07:04,602 --> 00:07:07,317 ဒါကြောင့် သူတို့အတွက်ကတော့ "ငါအဖမ်းခံရမလား"ဆိုတာထက် 161 00:07:07,341 --> 00:07:10,399 "ငါ ဘယ်နှစ်ကြိမ် အဖမ်းခံရမလဲ" "ဘယ်အချိန် အဖမ်းခံရမလဲ" က တကယ့်မေးခွန်းတွေပါ။ 162 00:07:10,423 --> 00:07:11,995 ကျွန်မ ဒီဟောပြောပွဲအတွက် လေ့လာနေတုန်း 163 00:07:12,019 --> 00:07:15,174 အမေရိကန်မှာ အသက် ၁၃ နှစ် မိန်းကလေးတွေထဲမှာမှ 164 00:07:15,198 --> 00:07:17,861 ၅၃%က သူတို့ခန္ဓာကိုယ်ကို မနှစ်သက်ကြပါဘူးဆိုတာ သိရှိလိုက်ရပါတယ်။ 165 00:07:17,885 --> 00:07:20,854 အဲအရေအတွက် သူတို့ ၁၇နှစ် ရောက်တဲ့အချိန် ၇၈%အထိ မြင့်တက်သွားပါတယ်။ 166 00:07:21,981 --> 00:07:24,879 နောက်ဆုံးမေးခွန်းကတော့ 167 00:07:24,903 --> 00:07:26,503 "မော်ဒယ်တစ်ယောက် ဖြစ်တာဘယ်လိုပါလဲ" ပါ။ 168 00:07:26,527 --> 00:07:28,910 ကျွန်မထင်တာတော့ သူတို့လိုချင်တဲ့အဖြေက 169 00:07:28,934 --> 00:07:31,854 "တကယ်လို့ သင်က နည်းနည်းပိုပိန်မယ် ဆံပင်က ပိုတောက်ပမယ်ဆိုရင် 170 00:07:31,878 --> 00:07:34,651 တော်တော်ပျော်ပြီး ဝမ်းသာမယ်ပေါ့။" 171 00:07:34,675 --> 00:07:36,210 ကျွန်မတို့ စင်နောက်ဘက်ရောက်ရင် 172 00:07:36,234 --> 00:07:38,757 ဒီလိုအဖြေမျိုး ပေးတက်ကြပါတယ်။ 173 00:07:38,781 --> 00:07:42,261 "ခရီးထွက်ရတာကောင်းပါတယ် ပြီးရင် စိတ်အားထက်သန် တက်ကြွပြီး 174 00:07:42,285 --> 00:07:44,885 ထိုးထွင်းဉာဏ်ရှိတဲ့ လူတွေနဲ့ အလုပ်လုပ်ရတဲ့လည်း ကောင်းပါတယ်။"ပေါ့။ 175 00:07:44,909 --> 00:07:48,052 ဒါတွေက မှန်တယ်ဆိုပေမဲ့လည်း တကယ့်အဖြေရဲ့ တစ်ဝက်ဘဲရှိပါသေးတယ်။ 176 00:07:48,076 --> 00:07:50,654 ဘာလို့လဲဆိုတော့ ကျွန်မတို့ ကင်မရာရှေ့မှာ 177 00:07:50,678 --> 00:07:52,750 ကျွန်မ ကင်မရာရှေ့မှာ ဘယ်တော့မှ မပြောတာက 178 00:07:52,774 --> 00:07:54,146 "ကျွန်မ စိတ်မလုံခြုံပါဘူး" ဖြစ်ပါတယ်။ 179 00:07:55,158 --> 00:07:59,306 ဘာလို့လဲဆိုတော့ နေ့တိုင်း ကျွန်မကြည့်ရတာ ဘယ်လို့လဲဆိုတာကို စဉ်းစားနေရလို့ပါ။ 180 00:08:00,600 --> 00:08:03,336 တကယ့်လို့ ရှင်က 181 00:08:03,336 --> 00:08:07,526 "ငါသာ သွယ်လျတဲ့ပေါင်တံ တောက်ပတဲ့ဆံပင်ကို ပိုင်ဆိုင်ခဲ့ရင် ပိုပျော်မလား" သိချင်ရင် 182 00:08:07,550 --> 00:08:09,455 ရှင်က မော်ဒယ်အုပ်စုတစ်စုကို တွေ့ဆုံဖို့ဘဲလိုတာပါ။ 183 00:08:09,479 --> 00:08:12,189 သူတို့က အပိန်သွယ်ဆုံးပေါင်တံ၊ အတောက်ပဆုံး ဆံပင် နဲ့ အမိုက်စားဝတ်စုံ ကိုပိုင်ကြတယ်လေ 184 00:08:12,189 --> 00:08:16,032 သူတို့က ကမ္ဘာပေါ်မှာ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံဆုံး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 185 00:08:16,896 --> 00:08:18,278 ကျွန်မ ဒီဟောပြောပွဲအတွက် စာရေးနေတုန်း 186 00:08:18,302 --> 00:08:21,271 ရိုးသားတဲ့ မျှခြေထိန်းသိမ်းဖို့ ခက်ခဲတယ်ဆိုတာ သတိထားမိပါတယ်။ 187 00:08:21,295 --> 00:08:22,729 ဘာလို့လဲဆိုတော့ တစ်ဖက်မှာ 188 00:08:22,753 --> 00:08:25,165 ဒီကိုလာပြီး "ကြည့်ပါဦး ကျွန်မ ဒီကောင်းကျိုးတွေကို 189 00:08:25,189 --> 00:08:28,784 အံဆွဲတစ်ခုထဲက ရခဲ့တာပါ"လို့ ပြောရင် စိတ်မလုံမလဲ ဖြစ်မှာပါ။ 190 00:08:28,808 --> 00:08:31,753 ပြီးရင်အဲဒါကြောင့်လည်း ကျွန်မအမြဲတမ်းမပျော်ပါဘူး 191 00:08:31,753 --> 00:08:34,387 ဆက်ပြောဖို့ဆိုတာလည်း မလွယ်လှပါဘူး။ 192 00:08:34,411 --> 00:08:38,150 ဒါပေမဲ့ ကျွန်မက အကျိုးခံစားရသူ တစ်ယောက်ဖြစ်နေတဲ့အချိန်မှာ 193 00:08:38,770 --> 00:08:42,418 ကျားမဆိုင်ရာနဲ့ လူမျိုးရေးဖိနှိပ်မှုတွေကို ဖြေဖျောက်ဖို့ဆိုတာ အခက်ခဲဆုံးပါ။ 194 00:08:43,822 --> 00:08:46,279 ဒါပေမဲ့ ကျွန်မဒီမှာ တက်ခွင့်ရတဲ့အတွက် ပျော်ပါတယ် ဂုဏ်ယူပါတယ်။ 195 00:08:46,303 --> 00:08:49,515 ဒီကို လာခွင့်ရတဲ့အတွက် ကောင်းတယ်လို့ ကျွန်မထင်ပါတယ်။ 196 00:08:49,539 --> 00:08:53,212 နှစ် ၁၀၊ ၂၀ နှင့် ၃၀ မကုန်ခင်လေးနဲ့ ကျွန်မ အလုပ်ထဲမှာ ကုမ္ပဏီတွေပိုမရခင်လေးပေါ့။ 197 00:08:53,236 --> 00:08:56,710 ဘာလို့လဲဆိုတော့ အဲကျရင် ကျွန်မ ပထမအလုပ် ဘယ်လို့ရခဲ့လဲဆိုတာကို ပြောတော့မှာမဟုတ်ဘူးလေ။ 198 00:08:56,734 --> 00:08:59,607 ကျွန်မ ကောလိပ်အတွက် ငွေဘယ်လို့ရှာခဲ့တယ် ဆိုတာ ပြောတော့မဟုတ်ဘူးလေ။ 199 00:08:59,631 --> 00:09:01,304 ဒါတွေက အရမ်းအရေးကြီးတဲ့အရာတွေကိုး။ 200 00:09:02,074 --> 00:09:03,972 ဒီဟောပြောပွဲအတွက် ရစေချင်တဲ့အနှစ်သာရကတော 201 00:09:03,996 --> 00:09:07,053 ကျွန်မတို့ အားလုံး နားလည်ထားတဲ့ အောင်မြင်မှုနဲ့ ကျရှုံးမှုအပေါ် 202 00:09:07,053 --> 00:09:11,566 ရုပ်ပုံတွေရဲ့အစွမ်း ကို အသိမှတ်ပြုဖို့ 203 00:09:11,590 --> 00:09:13,466 သက်တောင့်သက်သာ ဖြစ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 204 00:09:13,490 --> 00:09:14,842 ကျေးဇူးတင်ပါတယ်။ 205 00:09:14,866 --> 00:09:16,970 (လက်ခုပ်သံများ)