Return to Video

ကျွန်ုပ်တို့ မိမိတို့ဘဝကို ပြန်စီစဉ်နိုင်ပါတယ်။ အဲဒါကို ပါးနပ်စွာ ဘယ်လို လုပ်ကြမလဲ။

  • 0:01 - 0:03
    Dustin Hoffman ဆိုတဲ့
    ရုပ်ရှင် မင်းသား ရှိပါတယ်။
  • 0:04 - 0:08
    လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက
    သူဟာ "The Graduate."ဆိုတဲ့ ရုပ်ရှင်ထဲ
  • 0:08 - 0:09
    ပါခဲ့တာ သိချင်သိကြမှာပါ။
  • 0:09 - 0:12
    အဲဒီ ရုပ်ရှင်ထဲမှာ အရေးကြီးဆုံး
    ဇာတ်ခန် နှစ်ခုရှိတယ်။
  • 0:13 - 0:15
    ပထမ တစ်ခုက မြှူဆွယ်ခန်းပါ။
  • 0:15 - 0:17
    ဒီနေ့ အဲဒီ အကြောင်း မဆွေးနွေးပါဘူး။
  • 0:17 - 0:18
    (ရယ်မောသံများ)
  • 0:18 - 0:23
    ဒုတိယ အခန်းထဲမှာ လူကြီး တစ်ယောက်က
    သူ့ကို ရေကူးကန်ဆီကို ခေါ်ထုတ်သွားတယ်၊
  • 0:23 - 0:28
    ကောလိပ်ဘွဲ့ရ လူငယ်ဖြစ်တဲ့ အဲဒီလူကြီးက
    စကားလုံး တစ်လုံးကိုသာ ပြောခဲ့တယ်၊
  • 0:28 - 0:29
    စကား တစ်လုံးတည်းပါ။
  • 0:30 - 0:32
    အဲဒီစကားလုံးက ဘာလဲ
    ခင်ဗျားတို့ အားလုံးသိကြတယ်။
  • 0:32 - 0:33
    အဲဒါက "plastics"ပါပဲ။
  • 0:33 - 0:35
    (ရယ်မောသံများ)
  • 0:35 - 0:39
    ဒါပေမဲ့ ပြဿနာက အဲဒီစကားလုံးဟာ
    လုံးဝကို မှားနေတဲ့ အကြံပေးချက်ပါပဲ။
  • 0:39 - 0:41
    (ရယ်မောသံများ)
  • 0:41 - 0:43
    အဲဒါ ဘာကြောင့် မှားတာလဲ ရှင်းပြပါရစေ။
  • 0:43 - 0:45
    အဲဒီစကားလုံးက "silicon" ဖြစ်ခဲ့ရမှာ။
  • 0:46 - 0:48
    silicon ဖြစ်ရန် လိုခဲ့တာရဲ့ အကြောင်းရင်းက
  • 0:48 - 0:53
    တပိုင်းလျှပ်ကူးတွေအတွက် အခြေခံအကျဆုံး
    မူပိုင်ခွင့်တွေကို
  • 0:53 - 0:55
    လုပ်ပြီးနေခဲ့လို့ပါ၊
  • 0:55 - 0:57
    တပိုင်းလျှပ်ကူးတွေ ထုတ်လုပ်နေပြီ။
  • 0:57 - 1:00
    Silicon Valley ဆိုတာကို အဲဒီရုပ်ရှင်
    ပြလာချိန်၊ ၁၉၆၇ ခုနှစ်ထဲတွင်
  • 1:00 - 1:02
    ဆောက်လုပ်ပြီးခါစပဲ ရှိသေးတယ်။
  • 1:02 - 1:04
    အဲဒီရုပ်ရှင် ထုတ်လုပ်ပြီးတစ်နှစ်ကြာတော့
  • 1:04 - 1:05
    Intel ပေါ်လာတယ်။
  • 1:05 - 1:08
    အဲဒီဘွဲ့ရဟာ မှန်ကန်တဲ့
    စကားလုံး တစ်လုံးကိုသာ ကြားခဲ့ရင်၊
  • 1:08 - 1:12
    သူဟာ ဇာတ်စင်ပေါ်ကို တက်နိုင်သူ ဖြစ်ချင်
    ဖြစ်လာခဲ့မလား မသိပါ၊
  • 1:12 - 1:13
    ဒီမှာ ရှိနိုင်ခဲ့မှာပါ။
  • 1:13 - 1:16
    (ရယ်မောသံများ)
  • 1:20 - 1:22
    အဲဒီအကြောင်း စဉ်းစားနေတုန်း၊
  • 1:23 - 1:26
    ခင်ဗျားတို့ရဲ့ လာမယ့် ဘွဲ့ရဟာ
    ပလတ်စတိတ်ဘူးတွေကို ရောင်းသူအဖြစ်
  • 1:26 - 1:30
    ဘဝ ပြီးဆုံးသွားမယ့် သူမျိုးဖြစ်မလာရန်
    ဘယ်လို အကြံပေးသင့်လဲ စဉ်းစားကြရအောင်။
  • 1:30 - 1:32
    (ရယ်မောသံများ)
  • 1:32 - 1:35
    အဲဒီတော့ ဒီနေ့ ၂၀၁၅ ခုနှစ်တွင်၊
    ကောလိပ် ဘွဲ့ရ တစ်ယောက်ကို ဆွဲထုတ်လျက်
  • 1:35 - 1:38
    စကားလုံး တစ်လုံးတည်းဖြင့် အကြံပေးရန်
    လိုအပ်ခဲ့ရင်၊
  • 1:38 - 1:40
    ခင်ဗျားတို့ ပြောမယ့် စကားလုံးက ဘာလဲ?
  • 1:41 - 1:43
    ကျွန်တော်စိတ်ထင် "ဘဝကုဒ်" ဖြစ်ပါမယ်။
  • 1:43 - 1:44
    "ဘဝကုဒ်" ဆိုတာဘာလဲ?"
  • 1:44 - 1:47
    "ဘဝကုဒ်" ဆိုတာ ဘဝကို စီစဉ်ရန်
    နည်းလမ်းအမျိုးမျိုးပါ။
  • 1:47 - 1:49
    ကွန်ပျူတာ ပရိုဂရမ်ကို ပြုစုမယ့်အစား
  • 1:49 - 1:52
    ကျွန်ုပ်တို့ဟာ ဗိုင်းရပ်စ်တွေ
  • 1:52 - 1:54
    ရီထရိုဗိုင်းရပ်တွေ သို့မဟုတ် အသားဓာတ်တွေ
  • 1:54 - 1:56
    သို့မဟုတ် DNA သို့မဟုတ် RNA
  • 1:57 - 1:59
    အပင်တွေ (သို့) တိရိစ္ဆာန်တွေ
    အကောင်တွေကို ဖန်တီးနေတယ်။
  • 2:00 - 2:02
    ကျွန်ုပ်တို့ လုပ်စေလိုကြတဲ့
    အရာများကို သက်ရှိအနေနှင့်
  • 2:02 - 2:04
    စီစဉ်ပေးလိုက်တဲ့ အတိုင်း လုပ်လာစေနိုင်တဲ့
  • 2:04 - 2:07
    အစွမ်းအစ အကြောင်းကို စဉ်းစားကြည့်ရင်
  • 2:07 - 2:08
    အဲဒီလုပ်ကိုင်မှုရဲ့ နောက်ဆုံးရလဒ်မှာ
  • 2:08 - 2:12
    ကျွန်ုပ်တို့ နှစ်တွေ ထောင်ချီလုပ်ခဲ့
    ကြတာမျိုးပဲ ဖြစ်နေပါတယ်၊
  • 2:12 - 2:15
    သက်ရှိ ပုံစံအမျိုးမျိုးကို၊
  • 2:15 - 2:17
    မွေးမြူခြင်း၊ ပြောင်းလဲခြင်း၊
  • 2:17 - 2:19
    မျိုးစပ်ခြင်း၊ နှိုင်းယှဉ်ရွေးချယ်ခြင်း၊
  • 2:19 - 2:21
    အရှိန်မြှင့်နေမှု ဖြစ်နေပါတယ်။
  • 2:21 - 2:22
    ပြီးတော့ ဒါအသစ်အဆန်း မဟုတ်ပါ။
  • 2:22 - 2:24
    ဒီမုန်ညင်းကို မွမ်းမံပြင်ပေးလိုက်လို့
  • 2:25 - 2:28
    ပုံစံတစ်မျိုး ပြောင်းလဲပေးလိုက်ရင်
    ပန်းေဂါ်ဖီစိမ််း ရလာပါမယ်။
  • 2:29 - 2:31
    နောက်တစ်မျိုး ပြောင်းလဲလိုက်ရင်
    ကိုက်လန်ကို ရပါမယ်။
  • 2:32 - 2:34
    ဒါမှမဟုတ် တတိယပုံစံနဲ့ ပြောင်းလဲမယ်ဆိုရင်၊
  • 2:34 - 2:35
    ပန်းကော်ဖီကို ရရှိကြပါမယ်။
  • 2:36 - 2:39
    ဒီတော့ ခင်ဗျားတို့က အဲဒီလို
    သဘာဝဖြစ် သဘာဝမြေဩဇာသုံး
  • 2:39 - 2:41
    ဈေးကွက်ဆီကို သွားမယ်ဆိုရင်၊
  • 2:41 - 2:45
    အပင်တွေရဲ့ ဘဝကုဒ်ကို လူတွေ အချိန်ကြာစွာ
    ပြောင်းလဲလာခဲ့တာကို မြင်ကြရပါမယ်။
  • 2:45 - 2:47
    ဒီနေ့တွင် ကွာခြားချက်က၊
  • 2:47 - 2:49
    နိုင်ငံရေးအရ ကြားနေ အသုံးအနှုန်းကို
    ရွေးပြောရင်
  • 2:49 - 2:51
    [ပညာသားပါတဲ့ ဒီဇိုင်း]
  • 2:51 - 2:52
    (ရယ်မောသံများ)
  • 2:52 - 2:54
    ကျွန်ုပ်တို့ ပညာသားပါတဲ့
    ဒီဇိုင်းကို သုံးလာကြပါတယ်။
  • 2:55 - 2:57
    ဒါကို ကျပန်းးသဘောမျိုး လုပ်မယ့်အစား
  • 2:57 - 2:59
    မျိုးဆက်တွေ ဖြစ်ပျက်မှာကို
    စောင့်မကြည့်ဘဲ
  • 2:59 - 3:03
    ကျွန်ုပ်တို့ဟာ အထူးဗီဇတွေကို၊
    အထူးအသားဓာတ်တွေကို ထည့်သွင်းပေးနေကြတယ်၊
  • 3:03 - 3:06
    ဘဝကုဒ်ကို မိမိတို့ရဲ့
    ရည်ရွယ်ချက်များနဲ့အညီ ပြောင်းနေကြတယ်။
  • 3:07 - 3:10
    ကျွန်ုပ်တို့ဟာ အဲဒီဖြစ်ပျက်မှုကို
    အရှိန်မြှင့်ပေးနိုင်ကြပါတယ်။
  • 3:10 - 3:12
    ဒါကို သာဓက တခုဖြင့် ပြပေးပါရစေ။
  • 3:15 - 3:18
    ခင်ဗျားတို့ထဲက တချို့တို့ဟာ
    လိင်အကြောင်းကို စဉ်းစားမိကြမှာပါ။
  • 3:19 - 3:23
    ကျွန်ုပ်တို့ဟာ လိင်ကို ပြောင်းလဲနိုင်ပြီ
    ယူဆနေကြပါတယ်။
  • 3:23 - 3:25
    ဒီတော့ လိင်ကို ပြောင်းလဲမှု သဘာဝကျတယ်
    ပုံမှန်ပဲလို့ ထင်ကြတယ်။
  • 3:26 - 3:28
    လိင်ကိစ္စဟာ အချိန်ကြာလာရင်
    ဘာဖြစ်လာလဲ --
  • 3:28 - 3:31
    ပုံမှန်အားဖြင့်၊ လိင်ဆက်ဆံမှုရဲ့
    ရလဒ်က ကလေးပါပဲ။
  • 3:32 - 3:33
    ဒါပေမဲ့ ဒီနေ့ ကမ္ဘာမှာကျတော့၊
  • 3:34 - 3:36
    လိင်ဆက်ဆံမှုနဲ့ ဆေးပြား ပေါင်းလိုက်တော့
    ကလေးမရှိ ဖြစ်လာတယ်။
  • 3:36 - 3:38
    (ရယ်မောသံများ)
  • 3:38 - 3:41
    အဲဒါဟာလဲ ပုံမှန်ပဲ၊ သဘာဝပဲလို့
    ကျွန်တော်တို့ ထင်ကြပါတယ်၊
  • 3:41 - 3:44
    ဒါပေမဲ့၊ လူ့သမိုင်း တစ်လျှောက်ထဲတွင်
    အမြဲတမ်း မဟုတ်ခဲ့ပါ။
  • 3:44 - 3:45
    တိရိစ္ဆာန်များထဲ လုံးဝ မဟုတ်နိုင်။
  • 3:46 - 3:48
    ကျွန်ုပ်တို့ကို ထိန်းချုပ်ခွင့် ပေးပါတယ်၊
  • 3:48 - 3:50
    လိင်ဆက်ဆံမှုဟာ ကလေးရမှုနဲ့ မဆိုင်တော့ပါ။
  • 3:51 - 3:53
    ခင်ဗျားတို့က အဲဒါရဲ့ အကျိုးဆက်တွေကို
    စဉ်းစားနေကြစဉ်၊
  • 3:53 - 3:55
    အဆင့်မြင့်တဲ့အရာတွေနဲ့ စမ်းသပ်တယ်၊
  • 3:55 - 3:57
    အနုပညာလို အရာကို ဆိုလိုပါတယ်။
  • 3:57 - 4:00
    ပန်းချီဆွဲမှု၊ ပန်းပုထုမှု
    အနုပညာမျိုး မဟုတ်
  • 4:00 - 4:04
    ထောက်ကူရေး မျိုးပွားရေး
    နည်းပညာများကို ဆိုလိုတာပါ။
  • 4:05 - 4:08
    ထောက်ကူရေး မျိုးပွားရေး နည်းပညာများ
    ဆိုတာ ဘာများလဲ?
  • 4:08 - 4:12
    ထောက်ကူရေး မျိုးပွားရေး နည်းပညာများဆိုတာ
    မိခင်ကိုယ်ပ သန္ဓေစပ်ပေးမှုမျိုးပါ။
  • 4:12 - 4:16
    ကျွန်ုပ်တို့က မိခင်ကိုယ်ပ သန္ဓေစပ်ပေးမှု
    ဆီမှာ အကြောင်းရင်းတွေ ရှိပါတယ်။
  • 4:16 - 4:19
    တခြား ဘယ်လိုနည်းနဲ့မှ သန္ဓေမတည်နိုင်တဲ့
    အဖြစ်မျိုး ရှိတတ်တယ်။
  • 4:20 - 4:21
    အဲဒီလို လုပ်ကိုင်မှုဟာ
  • 4:21 - 4:25
    တကယ်ကျတော့ လိင်ဆက်ဆံမှု၊ သန္ဓေရမှုနဲ့
    ကလေးရမှုကို ခွဲခြားပေးမှုပါပဲ။
  • 4:26 - 4:29
    ဒီလိုနည်းဖြင့် ကျွန်ုပ်တို့ဟာ ကလေးယူမယ့်
    အချိန်ကိုသာမက၊
  • 4:29 - 4:32
    ကလေးကို သန္ဓေရစေမယ့် အချိန်နဲ့
    နေရာကိုပါ ခွဲခြားပစ်လိုက်တာပါ။
  • 4:33 - 4:35
    ဒီတော့ ကလေးရမှုကို ခန္ဓာကိုယ်နဲ့၎င်း
  • 4:35 - 4:37
    လုပ်မှုနဲ့၎င်း ခြားပစ်လိုက်ကြပါတယ်။
  • 4:37 - 4:40
    ကျွန်ုပ်တို့ စမ်းသပ်လုပ်ကိုင်
    လာခဲ့ကြတာတွေကို စဉ်းစားကြည့်ရင်၊
  • 4:40 - 4:42
    အမြွှာများ အကြောင်း စဉ်းစားစရာပါပဲ။
  • 4:43 - 4:45
    သုတ်ကောင်ကို၊
    ဥတွေကို ရေခဲထားနိုင်ကြပြီ၊
  • 4:45 - 4:47
    သန္ဓေတည်ဥတွေကို
    ရေခဲထားနိုင်ကြပါပြီ။
  • 4:48 - 4:50
    အဲဒါက ဘာကို ဆိုလိုပါသလဲ။
  • 4:50 - 4:52
    ကင်ဆာ ရောဂါလူနာအတွက်
    အဲဒါဟာ သတင်းကောင်းပါ။
  • 4:52 - 4:55
    ဓာတုကုသမှု ဒါမှမဟုတ် ရောင်ခြည် ကုသမှု
    ခံယူသူတွေဟာ
  • 4:55 - 4:56
    အဲဒါတွေ သိမ်းဆည်းထားမယ်။
  • 4:56 - 4:58
    အဲဒါတွေ ပြပြင်ခြင်း မဟုတ်၊
  • 4:58 - 5:00
    ကျွန်ုပ်တို့ဟာ အဲဒါကို ရေခဲရိုက် သိမ်းလျက်
  • 5:00 - 5:03
    အစားထိုး မိခင်နဲ့ မျိုးပွားယူနိုင်မှာပါ၊
  • 5:03 - 5:05
    လိင်ကို ကာမစပ်ယှက်မှုနဲ့
    ခွဲခြားနိုင်ပါပြီ။
  • 5:06 - 5:11
    ခင်ဗျားဆီမှာ နောက်အနှစ် ၅၀ အတွင်းမှာ
    အမြွှားပူ မွေးနိုင်သလား?
  • 5:11 - 5:15
    (ရယ်မောသံများ)
  • 5:15 - 5:16
    နှစ် တစ်ရာ အတွင်းမှာရော?
  • 5:17 - 5:19
    နှစ် နှစ်ရာအတွင်းမှာရော?
  • 5:20 - 5:22
    ခုနက ပြောခဲ့တဲ့ အပြောင်းအလဲ သုံးခုတို့ဟာ
  • 5:22 - 5:24
    အနာဂတ် အရေး မဟုတ်ကြတော့ပါ။
  • 5:24 - 5:26
    ဒီနေ့ကို သေချာပေါက်
    လုပ်နိုင်တဲ့ အရာများပါ။
  • 5:27 - 5:30
    အဲဒီလိုနည်းဖြင့် ဘဝကုဒ်ဆိုတဲ့ အရာဟာ
    ဆူပါစွမ်းပကားကြီးပါပဲ။
  • 5:31 - 5:35
    ၎င်းဟာ ဗိုင်းရပ်စ်တွေ၊ အပင်တွေနဲ့
    တိရိစ္ဆာန်တွေကို
  • 5:35 - 5:37
    ပြောင်းလဲနိုင်တဲ့ ထက်မြက်တဲ့ နည်းလမ်းသာမက၊
  • 5:38 - 5:40
    ကျွန်ုပ်တို့ကိုပါ ဆင့်ကဲ
    ပြောင်းလဲပစ်နိုင်ပါတယ်။
  • 5:40 - 5:44
    အဲဒါဟာ Steve Gullans နဲ့ ကျွန်တော်
    မကြာမီက စဉ်းစားလာတဲ့ အရာမျိုးဖြစ်နိုင်တယ်။
  • 5:45 - 5:46
    အရဲစွန့် စဉ်းစားကြည့်ပါ။
  • 5:46 - 5:51
    လျှပ်စစ်၊ မော်တော်ကား၊ ကွန်ပျူတာလို
    အားကောင်းလှတဲ့ နည်းပညာတွေလိုပဲ
  • 5:51 - 5:54
    ဒီနည်းပညာကိုပါ တလွဲသုံးလို့ ရနိုင်ပါတယ်။
  • 5:55 - 5:56
    အဲဒါက လူတွေ ကြောက်လန့်စေပါတယ်။
  • 5:57 - 5:59
    အဲဒီနည်းပညာတွေကို လက်တွေ့ သုံးရာတွင်၊
  • 5:59 - 6:01
    လူတွေကို ပဉ္စရူပတွေ
    အဖြစ်တောင် ပြောင်းနိုင်တယ်။
  • 6:02 - 6:04
    တိရိစ္ဆာန်တွေမျိုးစပ်ခဲ့ပုံ
    ဂရိ ဒဏ္ဍာရီကို မှတ်မိလား?
  • 6:04 - 6:06
    တကယ်ပဲ၊ အဲဒီလို ပြုစုမှုတွေကြောင့်
  • 6:06 - 6:09
    လူတွေရဲ့ သွေးအမျိုးအစား ပြောင်းလဲ
    သွားနိုင်တယ်။
  • 6:09 - 6:14
    အဲဒီလို မဟုတ်ဘဲ ကျားဆဲလ်တွေထဲကို
    အမဆဲလ်တွေ ထည့်တာမျိုး၊
  • 6:14 - 6:16
    ဘယ်လိုပဲ ထိတ်လန့်စရာ ကောင်းပေမဲ့၊
  • 6:16 - 6:18
    ကင်ဆာကုသဖို့ အရိုးခြင်ဆီကို အစားထိုးဖို့
  • 6:18 - 6:22
    အဲဒီလို လုပ်လို့ ရနိုင်တာ အမှန်ပါပဲ။
  • 6:22 - 6:24
    ဒီတော့ တစ်ယောက်ယောက်ရဲ့
    အရိုးခြင်ဆီကို ရယူလျက်
  • 6:24 - 6:27
    ကျွန်ုပ်တို့ရဲ့ အခြေခံအချက်တချို့
    ပြောင်းလဲပစ်နိုင်ပေမဲ့၊
  • 6:27 - 6:29
    ကိုယ့်အသက်ကို ကယ်တင်မှုလည်း ဖြစ်ပါတယ်။
  • 6:29 - 6:31
    ဒီလို အကြောင်းအရာတွေကို စဉ်းစားနေကြတဲ့
  • 6:31 - 6:33
    လွန်ခဲ့တဲ့ အနှစ် ၂၀
    တုန်းက အဖြစ်ကို ပြောမယ်။
  • 6:33 - 6:35
    ဒါက Emma Ott ပါ။
  • 6:35 - 6:38
    သူမကို မကြာမီကပဲ ကောလိပ်မှာ လက်ခံခဲ့ပါတယ်။
  • 6:38 - 6:40
    သူမ ငွေစာရင်းပညာကို သင်ယူနေပါတယ်။
  • 6:40 - 6:43
    သူမဟာ အားကစား နှစ်မျိုးကို လိုက်စားသူပါ။
    ကျောင်းမှာ အမှတ်ကောင်းသူပါ။
  • 6:44 - 6:46
    သူမနဲ့ ပတ်သက်လို့ မှတ်သားစရာက
  • 6:46 - 6:49
    မိဘ သုံးပါးမှ မွေးဖွားခဲ့တဲ့ ပထမဦးဆုံး
    လူသား ဖြစ်တယ်ဆိုတဲ့ အချက်ပါ။
  • 6:50 - 6:51
    ဘာကြောင့်လဲ?
  • 6:51 - 6:54
    သူ့မှာ mitochondrial ရောဂါဆိုး ရှိခဲ့တယ်၊
  • 6:54 - 6:55
    အဲဒီရောဂါ မျိုးဆက်နိုင်ခဲ့တယ်။
  • 6:55 - 6:57
    အဲဒါနဲ့ တတိယလူ တစ်ယောက်ရဲ့ DNA ကို
  • 6:58 - 6:59
    ယူပြီး သူ့ထဲ အစားထိုး ထည့်ပေးလိုက်ကာ
  • 6:59 - 7:01
    သူ့အသက်ကို ကယ်တင်ပေးခဲ့ရလို့ပါ။
  • 7:02 - 7:04
    မျိုးရိုးဗီဇဆိုင်ရာ
    ပြုစုမှုကို လုပ်ပေးခြင်းဖြစ်ရာ၊
  • 7:04 - 7:08
    သူမ ကလေးမွေးလာခဲ့သော်၊
    ကလေးတွေကိုပါ ကယ်တင်လိုက်ပါပြီ၊
  • 7:08 - 7:10
    သူတို့မှာ အဲဒါ မဖြစ်နိုင်ပါ။
  • 7:10 - 7:11
    သူတို့ကလေးတွေ၊ မြေးတွေ
  • 7:11 - 7:13
    ကယ်တင်ခံလိုက်ကြရပါပြီ၊
  • 7:13 - 7:14
    ဆက်ခံနိုင်ကြမှာပါ။
  • 7:15 - 7:17
    ဒါတွေက လူတွေကို စိတ်ရှုပ်စေပါတယ်။
  • 7:17 - 7:19
    လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက၊
    ပညာရှင်များက၊
  • 7:19 - 7:21
    ဒါကို နည်းနည်းလေး လေ့လာကြည့်ရင်ကော?
  • 7:22 - 7:26
    အရဲစွန့် လုပ်လိုက်လို့၊ မလုပ်လိုက်လို့
    အန္တရာယ်တွေ ရှိခဲ့ပါတယ်၊
  • 7:26 - 7:29
    ခုနက နည်းပညာနဲ့ ကယ်တင်ပေးနိုင်ခဲ့တဲ့
    လူတွေ နှစ်ဒါဇင်လောက် ရှိပါတယ်၊
  • 7:29 - 7:32
    အဲဒီနောက် နှစ်ပေါင်း ၂၀ အကြာမှာ
    အဲဒါကို စဉ်းစားလာခဲ့ကြပါတယ်။
  • 7:33 - 7:34
    အဲဒီလို စဉ်းစားနေခိုက်
  • 7:34 - 7:38
    "ဟေး၊ ကျွန်ုပ်တို့ ပိုပြီးအချိန်ယူ
    စူးစမ်းသင့်တယ်၊
  • 7:38 - 7:40
    ဒီလိုလုပ်ရင် ဟိုလို လုပ်ရင်
    ကောင်းမလား" စဉ်းစားတယ်၊
  • 7:40 - 7:44
    လုပ်လိုက်လို့ ဖြစ်လာမှာ၊ မလုပ်လိုက်လို့
    ဖြစ်လာမယ့် အကျိုးဆက်တွေ ရှိတယ်။
  • 7:45 - 7:47
    သေလုနီး ရောဂါတွေ ကုသမှုလိုပါပဲ --
  • 7:48 - 7:50
    တကယ်တော့၊ အဲဒါကို လုံးဝကို
    သဘောမကျတဲ့ နည်းပါ။
  • 7:51 - 7:54
    လူသားဆိုတာ ပိုလီယို၊ ကျောက် (သို့)
    အဆုပ်ရောဂါ ကပ်ဘေးကြီးကြောင့်
  • 7:54 - 7:58
    ရောဂါဖြစ် သေဆုံးရခြင်းဟာ
    ပုံမှန် သဘာဝကျပါတယ်။
  • 7:58 - 8:02
    ကျွန်ုပ်တို့က လူသားရဲ့ ခန္ဓာကိုယ်ထဲကို
    ကာကွယ်ဆေး ထိုးပေးကြခြင်းဟာ
  • 8:02 - 8:03
    သဘာဝကျတဲ့ အရာမဟုတ်ပေမဲ့၊
  • 8:03 - 8:07
    ရရှိမယ့် အကျိုးစီးပွားဟာ အန္တရာယ်ထက်
    သာလွန်နေတယ်လို့ ယုံကြည်ကြလို့ပါ။
  • 8:08 - 8:12
    ကျွန်ုပ်တို့က သဘာဝမကျတဲ့ အပင်တွေ၊ သဘာဝ
    မကျတဲ့ အကောင်တွေ ပျိုးထောင်ခဲ့လို့၊
  • 8:12 - 8:14
    လူ ခုနစ်ဘီလီယံကို ကျွေးမွေးနိုင်ကြလို့ပါ။
  • 8:14 - 8:18
    ကျွန်ုပ်တို့ဟာ ဘဝပုံစံ အသစ်လို
    အရာများကို ဖန်တီးနိုင်ကြပါတယ်။
  • 8:18 - 8:22
    ကျွန်ုပ်တို့က ဘဝပုံစံအသစ်တွေကို
    ဖန်တီးလာတာနဲ့အမျှ၊
  • 8:22 - 8:24
    ကြောက်စရာ ထိတ်လန့်စရာ ထင်ရပေမဲ့၊
  • 8:24 - 8:27
    အဲဒီဘဝပုံစံများ ကျွန်ုပ်တို့ ထမင်းစားရာမှာ
    ရှိတာကို သဘောတူကြရမှာပါ။
  • 8:28 - 8:30
    ညာစာစားတဲ့ စားပွဲပေါ်က
    ပန်းတွေဆိုပါစို့ --
  • 8:30 - 8:32
    ၎င်းတို့ထဲမှာ ဘဘာဝကျတာဆိုလို့
    သိပ်မရှိတော့ပါ၊
  • 8:32 - 8:35
    လူတွေက အဲဒီပန်းတွေရဲ့ အရောင်ကို၊
    အရွယ်အစားကို၊
  • 8:35 - 8:37
    တပတ်ကြာခံရန် မျိုးထုတ်ယူခဲ့ကြလို့ပါ။
  • 8:37 - 8:40
    အလေ့ကျ ပေါက်တဲ့ ပန်းတွေဟာ
    အကြာကြီး မခံနိုင်ကြလို့
  • 8:40 - 8:43
    အဲဒါတွေကို လက်ဆောင်အဖြစ်
    မပေးကြပါဘူး။
  • 8:45 - 8:46
    ဒါတွေအားလုံးက တကယ်တော့
  • 8:46 - 8:49
    Darwin သီအိုရီကို ပြောင်းပြန်
    လှန်ပစ်လိုက်တယ်။
  • 8:49 - 8:51
    နှစ်ပေါင်း လေးဘီလီယံ ကြာလာခဲ့တဲ့အထိ၊
  • 8:51 - 8:54
    ဒီဂြိုဟ်ပေါ်မှာ နေထိုင်သေခဲ့ကြသမျှဟာ
    မူနှစ်ရပ်ကို နာခံရတယ်-
  • 8:55 - 8:57
    သဘာဝရဲ့ ရွေးချယ်မှုနဲ့
    ကျပန်းပြောင်းလဲမှုကိုပါ။
  • 8:58 - 9:01
    ဒီတော့ အသက်ရှင် သေကြေမှုဟာ
    ဖွဲ့စည်းတည်ဆောက်မှုဟာ
  • 9:01 - 9:03
    အခုတော့ ဇောက်ထိုး ပြောင်းသွားပါပြီ။
  • 9:04 - 9:05
    ကျွန်ုပ်တို့ လုပ်တာကျတော့
  • 9:05 - 9:08
    စင်ပြိုင် ဆင့်ကဲစနစ်ကို
    တီထွင်ခဲ့ကြကာ ကျွန်ုပ်တို့ဟာ
  • 9:08 - 9:11
    သဘာဝမကျတဲ့ ရွေးချယ်မှုနဲ့ ကျပန်း
    မဟုတ်တဲ့ ပြောင်းလဲမှုကို လုပ်နေကြတယ်။
  • 9:11 - 9:13
    အဲဒါကို ကျွန်တော် ရှင်းပြပါရစေ။
  • 9:13 - 9:15
    ဒါက သဘာဝကျတဲ့ ရွေးချယ်မှုပါ။
  • 9:15 - 9:16
    ဒါက သဘာဝမကျတဲ့ ရွေးချယ်မှုပါ။
  • 9:17 - 9:19
    (ရယ်မောသံများ)
  • 9:20 - 9:23
    ဒီတော့ ဒီလိုအရာတွေရဲ့ အစကို ပြောရရင်၊
  • 9:23 - 9:25
    ဝံပုလွေတွေကို မျိုးစပ်လာတာ
    နှစ်ပေါင်းထောင်ချီပါပြီ
  • 9:25 - 9:27
    အာရှအလယ်မှာ
    ခွေးများဖြစ်အောင် လုပ်ခဲ့ကြပါတယ်။
  • 9:28 - 9:30
    အဲ့နောက် ကြီးမားတဲ့
    ခွေးများအဖြစ်၎င်း၊ သေးငယ်တဲ့
  • 9:30 - 9:32
    ခွေးများအဖြစ်၎င်း ပြောင်းလဲလာကြတယ်။
  • 9:32 - 9:33
    Fifth Avenue မှာ သားရေအိတ်ထဲ
  • 9:33 - 9:36
    မြင်ရတဲ့ Chihuahua ဆိုတဲ့ ခွေးကိုယူပြီး
  • 9:36 - 9:39
    အာဖရိကကို သွားတဲ့ လေယာဉ်ပေါ်များ
    တင်ပေးလိုက်ရင်၊
  • 9:39 - 9:41
    သဘာဝရွေးချယ်မှုကို စောင့်ကြည့်နိုင်မှာပါ။
  • 9:41 - 9:44
    (ရယ်မောသံများ)
  • 9:46 - 9:49
    ကမ္ဘာကြီးပေါ်မှာ ပြောင်းခင်းလောက် သဘာဝ
    မကျတဲ့ အရာ နည်းပါတယ်။
  • 9:50 - 9:54
    ကျွန်ုပ်တို့ဟာ၊ ဘယ်လိုနည်းနဲ့မှ၊
    သဘာဝ သစ်တောထဲ လမ်းလျှောက်သွားရင်၊
  • 9:54 - 9:56
    တစ်မျိုးတည်းသော အပင်တွေ
    အတန်းလိုက် ပေါက်နေတာကို
  • 9:56 - 9:58
    တခြားအပင်တွေ ရှိနေတာကို
  • 9:58 - 9:59
    မြင်တွေ့ဖို့ မလွယ်ပါ။
  • 10:00 - 10:02
    ပြောင်းခင်း ဆိုရင်
  • 10:02 - 10:04
    ဘာတွေ ရှိရမယ်၊
    ဘာတွေ သေရမယ်ဆိုတာ ရွေးတာပါ။
  • 10:04 - 10:06
    သဘာဝမကျတဲ့ ရွေးချယ်နည်းနဲ့
    အဲဒီလို ရွေးတားပါ။
  • 10:06 - 10:10
    ဂျုံခင်းကိုပဲ ယူကြည့်မလား၊ စပါးခင်းကို
    ယူကြည့်မလား၊ အတူတူပါပဲ။
  • 10:10 - 10:12
    မြို့တွေကို ယူကြည့်၊ ဆင်ခြေဖုံး
    ဒေသကို ယူကြည့် တူမှာပါ။
  • 10:12 - 10:14
    တကယ်တော့ ကမ္ဘာကြီးမျက်နှာပြင် တစ်ဝက်ကို
  • 10:14 - 10:16
    သဘာဝဆန့်ကျင် စီမံပြုစုထားရာ
  • 10:16 - 10:19
    အဲဒီမှာ ဘာတွေ သေရမယ်၊ ဘာတွေ
    အသက်ရှင်ရမယ် ဆိုတာကို၊
  • 10:19 - 10:21
    ကျွန်ုပ်တို့က ဆုံးဖြတ်ကြတာပါ၊
    အဲဒါကြောင့်မို့လို့
  • 10:21 - 10:23
    Manhattan မှာ ဝက်ဝံကို မတွေ့နိုင်တာပါ။
  • 10:25 - 10:27
    ဒီလို ကျပန်း ပြောင်းလဲမှု ကျတော့ကော?
  • 10:27 - 10:28
    ဒါဟာ ကျပန်းပြောင်းမှုပါ။
  • 10:28 - 10:30
    ဒါက Antonio Alfonseca ပါ။
  • 10:30 - 10:33
    သူရဲ့ အများသိ နောက်အမည် တစ်ခု
    အမည်ပြောင်က Octopus ပါ။
  • 10:33 - 10:35
    သူဟာ 2000 တုန်းက
    နာမည်အကြီးဆုံး စပစ်ပေးသူပါ။
  • 10:36 - 10:39
    သူ့ဆီမှာ ကျပန်းပြောင်းလဲမှုကြောင့်
    လက်တိုင်းမှာ လက်ချောင်း
  • 10:39 - 10:41
    ခြောက်ချောင်းဆီ ရှိခဲ့တာပါ။
  • 10:41 - 10:44
    စပစ်ပေးသူအတွက် သိပ်ကို
    အသုံးဝင်မှန်း တွေ့လာခဲ့ရတယ်။
  • 10:44 - 10:45
    (ရယ်မောသံများ)
  • 10:46 - 10:48
    ကျပန်းမဟုတ်တဲ့ အပြောင်းအလဲကော?
  • 10:48 - 10:51
    ဘီယာ ဆိုရင် ကျပန်းးမဟုတ်တဲ့ အပြောင်းအလဲပါ။
  • 10:51 - 10:53
    ဝိုင်အရက်၊ ဒိန်ချဉ်ဟာ အဲဒါမျိုးပါ။
  • 10:54 - 10:56
    တောထဲ သွားရင် ခင်ဗျားတို့ဟာ
    သဘာဝကျတဲ့ ဒိန်ခဲတွေကို
  • 10:56 - 10:58
    ဘယ်နှစ်ကြိမ်များ တွေ့ခဲ့ဘူးကြလဲ?
  • 10:59 - 11:00
    သဘာဝကျတဲ့ ဒိန်ချဉ်ကိုရော?
  • 11:01 - 11:03
    ဒါတွေကျွန်တော်တို့ တီထွင်လာခဲ့ကြတာပါ။
  • 11:03 - 11:04
    စိတ်ဝင်စားစရာ ကောင်းတာက
  • 11:04 - 11:06
    အဲဒါတွေ ကောင်းမွန်စွာ သိရန်လိုတယ်။
  • 11:06 - 11:10
    ဒိန်ချဉ်အတွင်းမှာ ရှာတွေ့လိုက်တဲ့ CRISPR
    ဆိုတဲ့ အရာဟာ သိပ်ကို အားကောင်းတဲ့
  • 11:10 - 11:12
    ဗီဇပြုပြင်တီထွင်ရေး ကိရိယာပါ။
  • 11:13 - 11:15
    ဆဲလ်တွေကို နည်းပညာဖြင့်
    ပြုစုမွမ်းမံလာကြရာ
  • 11:15 - 11:19
    အဆစ်ရောင်နာကို ကုသရန် သုံးတဲ့
    အရောင်းရတွင်ဆုံး ဆေးဖြစ်တဲ့
  • 11:20 - 11:23
    Humira အပါအဝင် ဆေးဝါး ၁၀ မျိုးထဲက
    အနည်းဆုံး ၈ ခုကို၊
  • 11:23 - 11:25
    ထုတ်လုပ်ပေးလာနိုင်ခဲ့ကြပါတယ်။
  • 11:26 - 11:27
    အဲဒါကြောင့် ဘဝကုဒ်ဖြစ်လာတာပါ။
  • 11:28 - 11:30
    တကယ့်ကို ဆူပါစွမ်းထက်ပါတယ်။
  • 11:30 - 11:32
    တကယ့်ကို ပြုစုလို့ ရနိုင်တဲ့ နည်းလမ်းပါ၊
  • 11:32 - 11:35
    ဘဝကုဒ်ထက်ကို ကျွန်တော်တို့ ဘဝကို
    ပိုပြောင်းလဲနိုင်တဲ့
  • 11:35 - 11:37
    တခြား အရာရယ်လို့ မရှိနိုင်ပါ။
  • 11:38 - 11:40
    ဘဝကုဒ် အကြောင်းကို စဉ်းစားကြပြီဆိုရင်၊
  • 11:40 - 11:41
    ကျွန်ုပ်တို့အား လမ်းညွှန်စတင်ရန်
  • 11:42 - 11:44
    အခြေခံမူ ငါးရပ်ကို ချပြပေးကာ
  • 11:44 - 11:46
    ကျွန်တော် နောက်တစ်ခုကိုပေးမယ်။
  • 11:46 - 11:48
    ကောင်းပြီ၊ အခြေခံမူ နံပါတ်တစ်-
  • 11:48 - 11:50
    ကျွန်တော်တို့ဟာ
    ဒီအရာအတွက် တာဝန်ယူကြရပါမယ်။
  • 11:51 - 11:54
    ကျွန်တော်တို့ဟာ အဲဒါကို
    တာဝန်ယူ လုပ်သူဖြစ်တော့
  • 11:54 - 11:55
    အဲဒါ့ တာဝန်ယူရန် လိုအပ်တယ်။
  • 11:55 - 11:57
    ဒါတွေဟာ ကျပန်းပြောင်းလဲမှု မဟုတ်ကြပါ။
  • 11:57 - 11:59
    ကျွန်ုပ်တို့က လုပ်ကိုင်ကြကာ ရွေးကြတာပါ။
  • 11:59 - 12:01
    "ဖြစ်ပျက်ခဲ့တဲ့ အရာ" လုံးဝ မဟုတ်ပါ။
  • 12:01 - 12:02
    ကျပန်းးသဘောမျိုး ဖြစ်မလာခဲ့ပါ။
  • 12:02 - 12:05
    တစ်ယောက်ယောက်ရဲ့ အမိန့်ဖြင့်
    ကျဆင်းလာခဲ့တာ မဟုတ်ပါ။
  • 12:05 - 12:07
    ကျွန်ုပ်တို့က တီထွင်ပြုစုခဲ့ကြရာ၊
  • 12:07 - 12:10
    Pottery Barn ရဲ့ စည်းနဲ့အညီ
    ကိုယ့်ကြောင့် ကျိုးရင် ကိုယ်တာဝန်ပေါ့။
  • 12:11 - 12:12
    အခြေခံမူ နှစ်-
  • 12:13 - 12:16
    ဒီအရာထဲက မတူကွဲပြားမှုကို ကျွန်ုပ်တို့
    အသိအမှတ်ပြု ဂုဏ်ယူကြရမယ်။
  • 12:16 - 12:19
    ကျောက်ခေတ်လူသားတွေဟာ
    ကျွန်ုပ်တို့ ကမ္ဘာပေါ်မှာ နေထိုင်ခဲ့ကြတာ
  • 12:19 - 12:21
    ၃၃ မျိုး ရှိခဲ့ကြပါတယ်။
  • 12:21 - 12:23
    အားလုံးနီးပါးဟာ၊
    ကျွန်ုပ်တို့မှအပ၊ မရှိကြတော့ပါ။
  • 12:24 - 12:26
    ဒီကမ္ဘာကြီးမှာ လူသား
    မျိုးနွယ် အများအပြားတို့
  • 12:26 - 12:29
    တချိန်တည်းမှာ ပြိုင်တူ နေထိုင်ကျင်လည်
    ကြတယ်ဆိုတာဟာ သဘာဝကျတဲ့ အချက်ပါပဲ၊
  • 12:29 - 12:32
    ဒါကြောင့် အများစုထဲမှာ
    Neanderthal တွေလည်း ရှိတယ်၊
  • 12:33 - 12:35
    တချို့ထဲမှာကျတော့ Denisova
    တစိတ်ပါရှိနိုင်တယ်။
  • 12:35 - 12:37
    ဝါရှင်တန်မှ လူအချို့ထဲ
    အများကြီး ပါနိုင်ပါသေးတယ်။
  • 12:37 - 12:40
    (ရယ်မောသံများ)
  • 12:40 - 12:42
    အခြေခံမူ သုံး-
  • 12:42 - 12:44
    အခြားသူရဲ့ရွေးချယ်မှုကို
    လေးစားရမယ်။
  • 12:45 - 12:47
    အချို့တို့က ဘယ်တော့မှ မပြောင်းလဲရန်
    ရွေးကြမယ်။
  • 12:47 - 12:49
    တချို့က အားလုံးပြောင်းလဲရန် ရွေးကြမယ်။
  • 12:49 - 12:51
    တချို့က အပင်တွေ ပြောင်းမယ်၊
    အကောင်တွေ မပြောင်းရွေးကြမယ်။
  • 12:51 - 12:53
    တချို့က သူတို့ကို ပြောင်းရန် ရွေးနိုင်တယ်။
  • 12:53 - 12:56
    တချို့က သူတို့ကို
    ဆင့်ကဲပြောင်းရန် ရွေးကြမယ်။
  • 12:56 - 12:57
    မတူကွဲပြားမှုဟာ မဆိုးပါဘူး။
  • 12:57 - 13:00
    လူသားတွေ မျိုးစုံလျက် မတူကွဲပြားတာကို
    ဆန်းစစ်ကြည့်ရင်
  • 13:00 - 13:02
    မျိုးတုံးလုနီးအခြေအနေမျိုး ရင်ဆိုင်ခဲ့ရကာ၊
  • 13:02 - 13:05
    ကျွန်တော်တို့ အားလုံးဟာ
    တစ်ခုတည်းသာ အာဖရိက မိခင်ကြီးထံမှ
  • 13:05 - 13:06
    ဆင်းသက်မှုရဲ့ အကျိုးဆက်အရ
  • 13:06 - 13:11
    လူသား ခုနစ်ဘီလီယံတွေ အကြားက
    ကွဲပြားမှုတွေဟာ အာဖရိက
  • 13:11 - 13:13
    မျောက်ဝံ ၅၅ အကြား ကွဲပြားမှုထက်နည်းတယ်။
  • 13:14 - 13:16
    အခြေခံမူ လေး-
  • 13:17 - 13:19
    ကမ္ဘာကြီးရဲ့
    လေးပုံတစ်ပုံကို ခွဲထားလျက်
  • 13:20 - 13:22
    အဲဒီထဲမှာသာ Darwin ရဲ့
    ပြပွဲကို ခွင့်ပြုရပါမယ်။
  • 13:23 - 13:25
    အဲဒါထိစပ်နေရန် မလိုပါ။
  • 13:25 - 13:26
    အားလုံး ချိတ်တွဲနေရန်လည်း မလိုပါ။
  • 13:26 - 13:29
    သမုဒ္ဒရာရဲ့ တစိတ်
    ကုန်းမြေ တစိတ် ဖြစ်နိုင်တယ်။
  • 13:29 - 13:32
    ဆင့်ကဲဖြစ်စဉ်ရဲ့ ဆုံးဖြတ်ချက်တိုင်းကို
    ဒီဂြိုဟ်မှာ ခွင့်မပြုသင့်ပါ။
  • 13:32 - 13:35
    ကိုယ်ပိုင် ဆင့်ကဲစနစ်ကို
    ခွင့်ပြုသင့်ပါတယ်။
  • 13:35 - 13:38
    ကျွန်တော်တို့ Darwin ရဲ့ ဆင့်ကဲဖြစ်စဉ်
    လည်ပတ်စေသင့်တယ်၊
  • 13:38 - 13:41
    တကယ် အရေးကြီးဆုံးအချက်က အဲဒီစနစ် နှစ်ခု
    စင်ပြိုင်လျက် လည်ပတ်နေရန်နဲ့
  • 13:41 - 13:43
    ဆင့်ကဲဖြစ်စဉ် လွှမ်းမခြုံရပါ။
  • 13:43 - 13:47
    (လက်ခုပ်တီးသံများ)
  • 13:50 - 13:52
    ကနောက်ဆုံး ပြောချင်တာက။
  • 13:53 - 13:56
    ဒါဟာဖြင့် လူသား လုပ်ကိုင်ခဲ့တဲ့
    စိတ်လှုပ်ရှားစရာ စွန့်စားမှုပါပဲ။
  • 13:56 - 13:59
    ဒါဟာဖြင့် လူသားတို့ ပိုင်ဆိုင်ခဲ့တဲ့ထဲက
    အကြီးမားဆုံး စွမ်းပကားပါ။
  • 13:59 - 14:02
    အဲဒါကို ကြောက်ရွံ့နေလို့၊
    အဲဒါ မမြင်ချင် ပုန်းကွယ်ချင်လို့၊
  • 14:02 - 14:03
    အဲဒီထဲ ခင်ဗျားတို့ မပါဝင်ရင်၊
  • 14:03 - 14:05
    ရာဇဝတ်မှုကြီးကို ကျူးလွန်မိပါမယ်။
  • 14:05 - 14:08
    ခင်ဗျားတို့ဟာ လူ့ကျင့်ဝတ် ကိစ္စများထဲ
    နိုင်ငံရေးထဲ ပါဝင်နိုင်ကြပါတယ်။
  • 14:08 - 14:10
    ခင်ဗျားတို့ လုပ်ငန်းထဲ ပါဝင်နိုင်တယ်
  • 14:10 - 14:13
    ဆေးပညာ ဘယ်ဆီ ဦးတည်နေတာ စက်မှုလုပ်ငန်းတွေ
    ဘယ်ဆီ သွားနေတာ၊ ကမ္ဘာကို
  • 14:13 - 14:15
    ဘယ်ဆီ ခေါ်သွားမလဲထဲမှာ
  • 14:15 - 14:16
    ခင်ဗျားတို့ ပါလက်တွဲဝင်နိုင်ကြပါတယ်။
  • 14:16 - 14:18
    တစ်ယောက်ယောက်က ရေကူးကန်နားမှာ
    ပေါ်လာကာ
  • 14:18 - 14:22
    စကားလုံး တစ်လုံးကို၊ တခုတည်းသော
    စကားလုံးကို၊
  • 14:22 - 14:25
    "ဘဝကုဒ်" လို့ ပြောလိုက်တာကို
    ခင်ဗျားတို့ မကြားမိကြဘူး၊
  • 14:25 - 14:28
    မသိနားမလည်ကြဘူးဆိုရင်
    ရာဇဝတ်ကျူးလွန်မှု ဖြစ်ပါမယ်။
  • 14:28 - 14:29
    အထူး ကျေးဇူးတင်ပါတယ်။
  • 14:29 - 14:36
    (လက်ခုပ်တီးသံများ)
Title:
ကျွန်ုပ်တို့ မိမိတို့ဘဝကို ပြန်စီစဉ်နိုင်ပါတယ်။ အဲဒါကို ပါးနပ်စွာ ဘယ်လို လုပ်ကြမလဲ။
Speaker:
Juan Enriquez
Description:

နှစ်ပေါင်း လေးဘီလီယံကြာ ကမ္ဘာကြီးမှာ နေထိုင်လျက် သေခဲ့ကြတဲ့ အရာများဟာ သဘာဝရဲ့ ရွေးချယ်မှုနဲ့ အမှတ်တမဲ့ ပြောင်းလဲမှုကြောင့် သေခဲ့ကြရပါတယ်။ လူသားဆိုတာ ရောက်လာတာနဲ့ အရာအားလုံးကို ပြောင်းလဲပစ်ပါတယ် - အပင်တွေကို မျိုးစပ်ခြင်း၊ တိရိစ္ဆာန်တွေကို မွေးမြူခြင်း၊ပတ်ဝန်းကျင်ကို ပြောင်းလဲခြင်းနဲ့ မိမိကိုမိမိ ရည်ရွယ်ချက်ဖြင့် ဆင့်ကဲပြောင်းလဲခြင်း လုပ်လာပါတယ်။ Juan Enriquez ဟာ အသက်ကို စီစဉ်ပြုပြင်ရေး အဲဒီလို စွမ်းပကား လျင်မြန်စွာ ပြောင်းလဲလာမယ့် အနာဂတ်အတွက် လမ်းညွှန်ချက် ငါးခုကို မျှဝေထားပါတယ်။ "ဒါဟာဖြင့် လူသားတို့ လုပ်ခဲ့ဘူးတဲ့ထဲက စိတ်လှုပ်ရှားစရာ အကောင်းဆုံး စွန့်စားမှု ဖြစ်တယ်"။ "ဒါဟာဖြင့် လူသားဆီမှာ ရှိခဲ့ဘူးတဲ့ အထက်မြင်ဆုံး စွမ်းပကားကြီးပါပဲ"လို့ " Enriquez က ဆိုပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
14:49

Burmese subtitles

Revisions