Return to Video
ဝယ်လိုအားနိယာမ (Law of Demand)
  • 0:01 - 0:05
    ဒီဗီဒီယိုထဲမှာ Microeconomics ထဲမှာ အရေးကြီးဆုံး သဘောတရားတစ်ခုဖြစ်တဲ့
  • 0:05 - 0:08
    Law of Demand (၀ယ်လိုအားနိယာမ) နဲ့ ပတ်သက်ပြီး ပြောကြမှာဖြစ်ပါတယ်။
  • 0:08 - 0:11
    ကံကောင်းစွာနဲ့အဲဒါဟာ ရိုးရှင်းတဲ့ သဘောတရားတစ်ခုလည်းဖြစ်ပါတယ်။
  • 0:11 - 0:17
    ဘာကိုပြောသလဲဆိုရင် ကျွန်တော်တို့ဟာ ကုန်တစ်ခုရဲ့  ဈေးကိုမြင့်လိုက်တဲ့အခါ
  • 0:17 - 0:22
    လိုချင်တဲ့ ပမာဏ ကျဆင်းသွားမှာဖြစ်ပါတယ်။
  • 0:22 - 0:24
    လိုချင်တဲ့ ပမာဏကျဆင်းသွားတဲ့အခါ
  • 0:24 - 0:26
    ပြောင်းပြန်ပြန်ကြည့်နိုင်ပါတယ်။
  • 0:26 - 0:31
    ကုန်တစ်ခုကို ဈေးချလိုက်တဲ့အခါ
  • 0:31 - 0:37
    ကုန်ရဲ့ ဝယ်ယူလိုတဲ့ပမာဏ တက်သွားပါတယ်။
  • 0:37 - 0:40
  • 0:40 - 0:42
    နောက်လာမယ့် ဗီဒီယိုတွေမှာ မြင်တွေရမယ့်အတိုင်း
  • 0:42 - 0:45
    အနည်းငယ် ခြွင်းချက်လေးတွေတော့ရှိပါတယ်။
  • 0:45 - 0:47
    ပိုပြီးရှင်းသွားအောင်လို့
  • 0:47 - 0:50
    ကုန်တစ်ခုရဲ့  ၀ယ်လိုအားကို စဉ်းစားရအောင်။
  • 0:50 - 0:52
    ကျွန်တော်ရှင်းအောင်ပြောပြချင်ပြီး
  • 0:52 - 0:55
    ပိုမိုမရှုပ်သွားအောင်ပြောခြင်တာကတော့
  • 0:55 - 0:57
  • 0:57 - 1:00
    စီးပွားရေး ဆန်ဆန် အနေနဲ့
  • 1:00 - 1:02
    ပမာဏ တစ်ခုတည်းကိုပြောတာမဟုတ်ပါ။
  • 1:02 - 1:03
    အခြားသော အရာ တွေ အားလုံးပြောင်းလဲမှုမရှိဟု ယူဆထားပါတယ်။
  • 1:03 - 1:05
    ဒါကို လက်တင်လို ceterus perbus လို့ခေါ်ပါတယ်။
  • 1:05 - 1:10
    ဈေးနှုန်းနှင့် ပမာဏ လိုအပ်ချက် အကြားမှာရှိတဲ့ ဆက်နွယ်မှုအားလုံးဖြစ်ပါတယ်။
  • 1:10 - 1:12
    တစ်ကယ့် အရေအတွက် အကြောင်းကိုပြောမယ်ဆိုရင်
  • 1:12 - 1:14
  • 1:14 - 1:18
  • 1:18 - 1:20
    မတူညီတဲ့ အရာနှစ်ခုဖြစ်ပါတယ်။
  • 1:20 - 1:23
    အခု သင့်ကို နည်းနည်းရှုပ်နေမယ်ဆိုရင်
  • 1:23 - 1:24
    ဒီဗီဒီယို ပြီးသွားတဲ့အခါမှာ
  • 1:24 - 1:26
  • 1:26 - 1:27
    အနည်းငယ် ပိုရှင်းသွားမှာပါ။
  • 1:27 - 1:29
    နောက်ဗီဒီယိုတွေအပြီးမှာ လုံးဝကိုရှင်းသွားမှာပါ။
  • 1:29 - 1:32
    ဘာကြောင့်လဲဆိုတော့ ဒီဗီဒီယိုမှာ ကျွန်တော်တို့ဟာ
  • 1:32 - 1:35
    ဈေးနှုန်းအပေါ်မှာမူတည်ပြီး ၀ယ်ယူလိုသော ပမာဏ ဘယ်လိုပြောင်းသွားတာကို အဓိက ထားမှာ ဖြစ်လို့ပါ။
  • 1:35 - 1:38
    နောက်လာမယ့် ဗီဒီယိုတွေမှာ ဆက်နွယ်မှုအလုံးစုံကို ကျွနု်ပ်တို့ပြောကြမှာပါ။
  • 1:38 - 1:41
    ပြီးတော့ အခြားအကြောင်းအရာတွေပေါ်မှာမူတည်ပြီး ၀ယ်လိုအားပြောင်းလဲမှုဖြစ်ပေါ်တာကိုလည်းပြောကြမှာပါ။
  • 1:41 - 1:43
    ပို ပြီး ရှင်းလင်းသွားအောင်
  • 1:43 - 1:48
    ကျွန်တော်ဟာ အာကသအကြောင်း ဒါမှမဟုတ် တစ်ခုခုရေးထားတယ့် သိပ္ဗံ ၀တ္ထု စာအုပ်တစ်အုပ် ထုတ်တော့မယ် ဆိုပါစို့။
  • 1:48 - 1:51
    ထုတ်ဝေခြင်တဲ့ စာအုပ်ကို
  • 1:51 - 1:55
    ကျွန်တော်ဟာ e-book ထုတ်မယ်ဆိုပါစို့။
  • 1:55 - 1:57
    ဈေးကွက်လေ့လာမှုကိုလည်းပြုလုပ်ပြီးပါပြီ။
  • 1:57 - 1:59
    ဒါမှမဟုတ် ဈေးဘယ်လောက်ရှိတယ်ဆိုတာကို သိပါပြီ။
  • 1:59 - 2:00
    ဒါမှမဟုတ် ဈေးနှုန်းအပေါ်မှာမူတည်ပြီး ၀ယ်လိုအားဘယ်လောက်ရှိတာရယ်
  • 2:00 - 2:02
    ဒါမှမဟုတ် ၀ယ်လိုအားအပေါ်မှာမူတည်ပြီး ဈေးနှုန်းဘယ်လို ဆက်နွယ်မှုရှိတာရယ်။
  • 2:02 - 2:07
  • 2:07 - 2:09
    ဇယားကွက်တစ်ခုပါ။
  • 2:09 - 2:10
    ဘာပြလဲဆိုရင်
  • 2:10 - 2:15
    ဈေးနှုန်းဟာ ဘယ်လို။ ကဲ ကျွန်တော်ပထမဆုံးမှားပြောပါပြီ။
  • 2:15 - 2:17
    ကျွန်တော်ဟာ ၀ယ်လိုအားနှင့် ဈေးနှုန်းဘယ်လိုဆက်နွယ်သလဲဆိုတာကို ပြောမိပါတယ်။
  • 2:17 - 2:21
    အမှန်ပြောရမှာက ၀ယ်ယူလိုသော ပမာဏနှင့် ဈေးနှုန်းဘယ်လိုဆက်နွယ်သလဲဆိုတာကို ပြောရမှာပါ။
  • 2:21 - 2:23
    ဒါမှမဟုတ် ဈေးနှုန်းနှင့် ၀ယ်ယူလိုသော ပမာဏ ဘယ်လိုဆက်နွယ်သလဲဆိုတာကို ပြောရမှာပါ။
  • 2:23 - 2:26
    ဒီလိုဆိုရင် ၀ယ်လိုအား ဇယားဟာ
  • 2:26 - 2:30
    ဈေးနှုန်းနှင့် ၀ယ်ယူလိုသော ပမာဏ အကြား ပတ်သက်မှု ကို ပြသခြင်းဖြစ်ပါတယ်။
  • 2:30 - 2:32
    အခြားအကြောင်းအရာတွေက ပြောင်းလဲခြင်းမရှိပါ ဟုယူဆထားပါသည်။
  • 2:32 - 2:36
    ဒါဆိုကျွန်တော်တို့ဟာ ဖြစ်နိုင်ချေ အခြေအနေမျိုးစုံကို ရမှာဖြစ်ပါတယ်။
  • 2:36 - 2:39
    ဒါဆို ဒီကော်လံက ဖြစ်နိုင်ချေ အခြေအနေတွေ အတွက်ဖြစ်ပါတယ်။
  • 2:40 - 2:41
    ဒီကော်လံ ထဲမှာ ကျွန်တော်ရဲ့  ဈေးနှုန်းကို ထည့်လိုက်ပါမယ်။
  • 2:41 - 2:51
    ဒီကော်လံထဲမှာ ကျွန်တော်ရဲ့ ဝယ်ယူလိုသော ပမာဏကို ထည့်လိုက်ပါမယ်။
  • 2:51 - 2:52
    ဖြစ်နိုင်ချေအခြေအနေ တစ်ခုကိုရပါပြီ။
  • 2:52 - 2:54
    Scenario A ဆိုပါစို့။
  • 2:54 - 3:00
    စာအုပ် ကို ၂ဒေါ်လာ နဲ့ ဈေးနှုန်းသတ်မှတ်နိုင်ပါတယ်။
  • 3:00 - 3:03
    ဒီဈေးနှုန်းနှင့် ဆိုရင် လူတွေအများကြီး က ဒေါင်းလုပ် လုပ်ကြမှာပါ။
  • 3:03 - 3:06
    ဒါဆိုရင် ဒီဈေးနှုန်းနဲ့ ဒေါင်းလုပ် လုပ်ကြမယ့်
  • 3:06 - 3:10
    လူ ၆၀၀၀၀ ရပါမယ်။
  • 3:10 - 3:13
    Scenario B မှာ ၂ဒေါ်လာ တိုးလိုက်ပါမယ်။
  • 3:13 - 3:17
    အခု ၄ဒေါ်လာဖြစ်သွားပါပြီ။ ဒါကြောင့် ၀ယ်လိုအား အတော်များများ ပျောက်သွားပါလိမ့်မယ်။
  • 3:17 - 3:19
    ဒါကြောင့် ၀ယ်ယူလိုတဲ့ပမာဏဟာ
  • 3:19 - 3:22
    လူ ၄၀၀၀၀ အထိကျသွားပါတယ်။
  • 3:22 - 3:23
    Scenario C ကို သွားကြရအောင်။
  • 3:23 - 3:25
    ၂ဒေါ်လာဆက်တင်ကြည့်မယ်။
  • 3:25 - 3:27
    အခု ၆ဒေါ်လာဖြစ်သွားပါပြီ။
  • 3:27 - 3:32
    ဒါကြောင့် ၀ယ်ယူလိုတဲ့ ပမာဏဟာ ၃၀၀၀၀ အထိကျသွားပါတယ်။
  • 3:32 - 3:34
    နည်းနည်းထပ်လုပ်ကြည့်ရအောင်။
  • 3:34 - 3:37
    နောက်ထပ် ၂ဒေါ်လာ တိုးကြည့်ရအောင်။
  • 3:37 - 3:40
    အခုဆို ၈ဒေါ်လာ ဖြစ်သွားပါပြီ။
  • 3:40 - 3:44
  • 3:44 - 3:46
    နောက်ထပ်တစ်ခုထပ်လုပ်ကြည့်ရအောင်။
  • 3:46 - 3:48
    ဘယ် အရောင်မသုံးရသေးဘူးလဲလို့ကြည့်ရအောင်။
  • 3:48 - 3:50
    အ၀ါရောင်။
  • 3:50 - 3:53
    Scenario Eမှာ ၁၀ဒေါ်လာ အထိ တင်ကြည့်ရအောင်။
  • 3:53 - 4:00
    အခုဆိုရင် ၀ယ်ယူလိုသော ပမာဏဟာ ၂၃၀၀၀ ဖြစ်သွားပါပြီ။
  • 4:00 - 4:03
    ဒါကြောင့် ဒီဆက်နွယ်မှုဟာ
  • 4:03 - 4:05
  • 4:05 - 4:07
    ပြီးတော့ ဒီ ဇယားဟာ
  • 4:07 - 4:09
    ဈေးနှုန်းအပေါ်မှာမူတည်ပြီး ၀ယ်ယူလိုသော ပမာဏ ဘယ်လိုပြောင်းသလဲဆိုတာနှင့် ၀ယ်ယူလိုသော ပမာဏ အပေါ်မှာမူတည်ပြီး ဈေးနှုန်းဘယ်လို ပြောင်းသလဲဆိုတာကို ပြပါတယ်။
  • 4:09 - 4:12
    ဒါကို ၀ယ်လိုအား ဇယားလို့ခေါ်ပါတယ်။
  • 4:12 - 4:15
    အခုဆိုရင် အဲဒီ ၀ယ်လိုအား ဇယားကို အခြေခံပြီး
  • 4:15 - 4:16
  • 4:16 - 4:18
    အဲဒီ ပွိုင့်တွေကို ချပြီး
  • 4:18 - 4:21
    သူတို့ကို ဆက်ထားတဲ့ ဂရပ်ကို ဆွဲခြင်းဖြစ်ပါတယ်။
  • 4:21 - 4:23
    ဖြစ်နိုင်ချေတွေက ဒါပဲ မဟုတ်ပဲ
  • 4:23 - 4:25
    သူတို့တွေ ကြားထဲမှာလဲ ဖြစ်နိုင်ချေတွေရှိတဲ့အတွက် ဆက်ဆွဲနိုင်ခြင်းဖြစ်ပါတယ်။
  • 4:25 - 4:26
    စာအုပ်ကို ၂.၀၁ ဒေါ်လာ လို့လည်းသတ်မှတ်လို့ရတယ်။
  • 4:26 - 4:28
    ၄.၅၀ ဒေါ်လာလို့လည်းသတ်မှတ်လို့ရပါတယ်။
  • 4:28 - 4:31
    ဒါကြောင့် ၀ယ်လိုအား ဂရပ်က နည်းနည်းပိုကောင်းပါတယ်။
  • 4:31 - 4:34
    ပွိုင့် ၅ခုထဲမဟုတ်ပဲ တောက်လျှောက်ဆွဲထားတဲ့ ဂရပ်လည်းဖြစ်ပါတယ်။
  • 4:34 - 4:36
    လုပ်ကြရအောင်။
  • 4:36 - 4:37
    ဂရပ်ဆွဲကြမယ်။
  • 4:37 - 4:39
    ဒါဟာ ဘောဂဗေဒ ပညာရပ်ရဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်ပါတယ်။
  • 4:39 - 4:41
    ကျွန်တော်ကတော့ သိပ်ပြီးတော့ သဘော မတွေ့လှပါဘူး
  • 4:41 - 4:46
    ဘာကြောင့်လဲဆိုတော့ လူအတော်များများဟာ ဈေးနှုန်းပြောင်းလဲတာကိုပြောကြပြီး
  • 4:46 - 4:49
    အဲဒီကတစ်ဆင့် ဘယ်လို ၀ယ်ယူလိုသော ပမာဏ ပြောင်းလဲတာကို ပြောကြပါတယ်။
  • 4:49 - 4:51
    ပုံမှန်အားဖြင့် သင်္ချာနှင့် သိပ္ဗံပညာရပ် တွေ အနေနှင့် ကြည့်မယ်ဆိုရင်
  • 4:51 - 4:52
    သင် ပြောင်းလဲလိုတာကို
  • 4:52 - 4:55
    အလျားလိုက် ၀င်ရိုးမှာ ထားလေ့ ရှိပါတယ်။
  • 4:55 - 4:58
    ဒါကြောင့် ကျွန်တော်သာ လုပ်ပိုင်ခွင့်ရှိမယ်ဆိုရင်
  • 4:58 - 5:02
    ဈေးနှုန်းကို အလျားလိုက် ၀င်ရိုးမှာ ထားမှာဖြစ်ပါတယ်။
  • 5:02 - 5:04
    ဒါပေမယ့် အများက လုပ်ကြတာက
  • 5:04 - 5:06
    ဈေးနှုန်းကို ဒေါင်လိုက် ၀င်ရိုးမှာ ထားကြပါတယ်။
  • 5:06 - 5:08
    ဒါကို
  • 5:08 - 5:10
    အတန်းတွေထဲမှာ မြင်နေကျဖြစ်မှာ ဆိုတော့
  • 5:10 - 5:11
    မပြောင်းလဲပဲထားလိုက်ပါမယ်။
  • 5:11 - 5:13
    ဈေးနှုန်းကို ဒေါင်လိုက်ဝင်ရိုးမှာထားမယ်။
  • 5:13 - 5:21
  • 5:21 - 5:24
    ဒါကြောင့် အခုဆိုရင် ၀ယ်ယူလိုသော ပမာဏဟာ ၆၀၀၀၀ အထိ တောက်လျှောက်တက်သွားပါပြီ။
  • 5:24 - 5:30
    ဒါကြောင့် ၁၀၊၂၀၊၃၀၊ ၄၀၊၅၀၊၆၀။
  • 5:30 - 5:32
    ဒါဟာ ၁၀။ ထောင်ဂဏန်းနဲ့ ပါ။
  • 5:32 - 5:38
    ၂၀၊၃၀ မှားလို့ ၄၅ မဟုတ်ဘူး။ ၄၀၊၅၀ နဲ့ ၆၀။
  • 5:38 - 5:41
    ဒါတွေဟာ ထောင်ဂဏန်းတွေနဲ့ပါ။
  • 5:41 - 5:44
    ဈေးနှုန်းဟာလည်း ၁၀ဒေါ်လာ အထိ တက်သွားပါပြီ။
  • 5:44 - 5:45
    ၂ဒေါ်လာ မှ ၁၀ ဒေါ်လာ အထိပါ။
  • 5:45 - 5:55
    ၂၊၄၊၆၊၈ နဲ့ ၁၀ ဆိုပါစို့။
  • 5:55 - 5:58
    အဲဒီအခြေအနေတွေကို ဆွဲ ကြရအောင်။
  • 5:58 - 6:01
    ဒါဟာ Scenario A ၊ဈေးနှုန်းက ၂ဒေါ်လာ ပါ။
  • 6:01 - 6:03
    အရေအတွက် ၆၀၀၀၀ လိုအပ်ပါတယ်။
  • 6:03 - 6:06
    အခု မြင်ရတာက Scenario A ဖြစ်ပါတယ်။
  • 6:06 - 6:09
    Scenario B။ ဈေးနှုန်းက ၄ဒေါ်လာဖြစ်သွားတဲ့အခါ
  • 6:09 - 6:11
    အရေအတွက် ၄၀၀၀၀ လိုအပ်ပါတယ်။
  • 6:11 - 6:15
  • 6:15 - 6:16
    Scenario B ဖြစ်ပါတယ်။
  • 6:16 - 6:26
    Scenario C ၊ ၆ ဒေါ်လာ၊အရေအတွက် ၃၀၀၀၀
  • 6:26 - 6:29
    Scenario D၊ ၈ ဒေါ်လာ၊အရေအတွက် ၂၅၀၀၀။
  • 6:29 - 6:33
    ၈ဒေါ်လာ၊ ၂၅ ဟာ ဒီနားလောက်မှာပါ။
  • 6:33 - 6:36
    ဒီကြားမှာ ၂၅၀၀၀ ဖြစ်လောက်ပါတယ်။ ဒီလောက်ဆို နီး စပ်နေပါပြီ။
  • 6:36 - 6:40
    Scenario D ဟာ ဒီ နားလောက်မှာ ပါ။
  • 6:40 - 6:42
    နောက်ဆုံးအနေနဲ့ Scenario E ရောက်လာပါပြီ။
  • 6:42 - 6:47
    ၁၀ဒေါ်လာ၊၂၃၀၀၀ အရေအတွက်
  • 6:47 - 6:49
    ဒီနားလောက်မှာ ဖြစ်မှာပါ။
  • 6:49 - 6:51
    Scenario E ဖြစ်ပါတယ်။
  • 6:51 - 6:54
    ဒါကြောင့် ကျွန်တော်တို့ဟာ သူတို့တွေ ကြားထဲမှာ ရှိတဲ့ ဘယ်နေရာမှာ မဆို ဈေးနှုန်းတွေ သတ်မှတ်နိုင်ပါတယ်။
  • 6:54 - 6:55
    ဒီ ထက် အပြင်ကိုလည်းသွားလို့ရပါတယ်။
  • 6:55 - 6:57
    ဒီနားမှာပါ။
  • 6:57 - 6:59
    ဒါကြောင့် ၀ယ်လိုအား ဂရပ်ကို ဆွဲမယ်ဆိုရင်
  • 6:59 - 7:01
    ဒီလိုပုံလေးထွက်လာနိုင်ပါတယ်။
  • 7:01 - 7:04
  • 7:04 - 7:07
    ကြိုးစားပြီးတော့ ဖြောင့်အောင် ဆွဲနေပါတယ်။
  • 7:07 - 7:09
    ဒီလိုပုံမျိုးလေးပါ။
  • 7:09 - 7:11
    ကျွန်တော် ဆက်ပြီး ဆက်ပြီး ဆွဲသွားပါမယ်။
  • 7:11 - 7:14
    ဒါဟာ ၀ယ်လိုအား ကို ပြနိုင်တဲ့ နည်းလမ်းနှစ်မျိုးဖြစ်ပါတယ်။
  • 7:14 - 7:16
    ဒါကြောင့် အစောပိုင်းမှာပြောခဲ့တဲ့ ဟာ ကို ပြန်ပြောပါမယ်။
  • 7:16 - 7:21
  • 7:21 - 7:23
    ကျွန်တော် ရဲ့  စာအုပ်ကို ဒေါင်းလုပ် ဒါမှမဟုတ်
  • 7:23 - 7:26
  • 7:26 - 7:30
  • 7:30 - 7:33
    သူတို့ရဲ့ ဆက်နွယ်မှု တစ်ခုလုံးကို ပြောရပါမယ်။
  • 7:33 - 7:35
    ဒါကြောင့် ၀ယ်လိုအား ဟာ
  • 7:35 - 7:36
  • 7:36 - 7:38
    ဒါမှမဟုတ် တစ်ခြားနည်းလမ်းနဲ့ စဉ်းစားမယ်ဆိုရင်ဖြင့်
  • 7:38 - 7:39
  • 7:39 - 7:43
  • 7:43 - 7:45
    ဂရပ် အသစ်တစ်ခုလိုအပ်ပါမယ်။
  • 7:45 - 7:47
    ဂရပ် ဟာ ရွေ့ သွားနိုင်ပါတယ်။
  • 7:47 - 7:50
    ဒါမှမဟုတ် ဇယားမှာပါတဲ့ ထည့်ထားတာတွေဟာ ပြောင်းသွားနိုင်ပါတယ်။
  • 7:50 - 7:52
  • 7:52 - 7:53
    ဂရပ်တစ်ခုလုံးအပေါ်တွင် လိုက် ရွေ့ သွားပါမယ်။
  • 7:53 - 7:55
    အခြားအရာတွေအားလုံး ကို မပြောင်းလဲပါက
  • 7:55 - 7:57
    ဈေးနှုန်းတစ်ခုတည်းကို သာ ပြောင်းလဲလို့ ရပါတယ်။
  • 7:57 - 7:59
    ရှင်းပါသလား။
  • 7:59 - 8:01
    တစ်ခြားအရာတွေအားလုံးပြောင်းလဲမှုမရှိလျှင်
  • 8:01 - 8:03
    ပြီးတော့သင်ဟာ ဈေးနှုန်းကိုသာ ပြောင်းလဲမှုပြုမယ်ဆိုရင်
  • 8:03 - 8:04
  • 8:04 - 8:06
  • 8:06 - 8:08
    အခြားသော အရာတွေပြောင်းလဲခြင်းမရှိလျှင် ၀ယ်လိုအားဆိုတာ
  • 8:08 - 8:10
    အဲဒီ ဆက်နွယ်မှု ကို ဆိုလိုခြင်းဖြစ်ပါတယ်။
  • 8:10 - 8:11
    နောက်လာမယ့် ဗီဒီယို အနည်းငယ်မှာ
  • 8:11 - 8:12
    အဲဒီ တစ်ခြားသော အရာတွေကို ပြောင်းလဲမယ်ဆိုရင်
  • 8:12 - 8:16
    ဘာဖြစ်လာသလဲဆိုတာကို စဉ်းစားကြမှာဖြစ်ပါတယ်။
Title:
ဝယ်လိုအားနိယာမ (Law of Demand)
Description:
more » « less
Video Language:
English
Duration:
08:16
Jonathan Shu edited Burmese subtitles for Law of Demand
sumaung984 edited Burmese subtitles for Law of Demand
sumaung984 edited Burmese subtitles for Law of Demand
Burmese subtitles
Revisions