-
မိတ်ဆွေတွေကတော့
-
ရာသီဥတုဆိုးရတဲ့ကြားမှာ ဟယ်လီကော်ပတာပျံတော့ တအားကြောက်ကြတာပေါ့
-
ကျွန်မအတွက်ကျ ဒါက စိန်ခေါ်စရာ တွန်းအားတစ်ခုပါပဲ
-
ပါပူရာကို ပြန်မလာခင်တုန်းက ကျွန်မမှာ အိပ်မက်တစ်ခှုရှိခဲ့တယ်
-
ငါပြန်လာတဲ့အချိန်မှာဒီနယ်တစ်ခုလုံးကို တာဝန်ယူနိုင်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်၇မယ်လို့လေ...
-
အခုတော့ ဒီအိပ်မက်က တကယ်ဖြစ်လာခဲ့ပါပြီ။
-
ဒီမှာရှိတဲ့Baliem Mission Centre မှာကျွန်မ အလုပ်လုပ်ပါတယ်
-
အဖွဲ့အစည်းတည်ဆောက်ပုံအရ ကျွန်မကဒီမှာ ဆေးပညာဆိုင်ရာ မန်နေဂျာဖြစ်ပြီး
-
၂ လတစ်ကြီမ် အချိန်ဇယားအလိုက် လုပ်ဆောင်ရပါတယ်
-
BMC ကပိုင်တဲ့ နေရာအချို့ကိုတော့ကျွန်မတို့ သွားလည်နိုင်ပါတယ်
-
ပထမဆုံးကတော့ မြောက်ဘက်ပေါ့
-
အဒါက Kaimana မှာရှိတယ်
-
အဲဒီနေရာမှာEsrotnaba ကန်ရှိတယ်လေ
-
ဒီနေရာကဆေးပညာဆိုင်ရာ အကူအညီပေးနိုငဖို့ သိပ်အချက်အချာကျတဲ့နေရာပေါ့။တောင်ပိုင်းကတော့ Korowai ပေါ့.
-
Helivida နဲ့လည်းကျွန်မတို့ပူးပေါင်းလုပ်ဆောင်ပါတယ်
-
Helivida ဆိုတာက ဒိနေရာတစ်ခုလုံးကိုစောင့်ရှောက်ပေးတဲ့ ဖောင်ဒေးရှင်းပေါ့
-
တစ်ခ့တုန်းက ကျွန်မ လေယာဉ်မှူး Erwin ,လေယာဉ်မှူး Helivida တို့နဲ့ အတူသွားဖူးတယ်
-
နေ့လည် ၁၂ နာရီလောက်မှာ ပျံသန်းခဲ့ပြီး
-
ရွာလေးတစ်ရွာမှာ အရေးပေါ်ကုသမှု လိုတဲ့အတွက်ကြောင့်လေ
-
အဲဒီ၇ွာက Oksibil နဲ့ Boven Digul တို့ အနီးအနားမှာရှိတာ
-
Wamenna ကနေ ၂နာရီ မိနစ် ၂၀ လောက်သွားယူ၇တယ်။
-
Boven Digul ကိုသွားဖို့ဆိုရင် Kurima, Iberoma, Tama တို့အနီးက တောင်တန်းများပြီး လေလည်း အင်မတန်တိုက်တဲ့နေရာတွေကို ဖြတ်ပျံသန်းဖို့လိုတယ်.
-
ရုတ်တရက်ဆိုသလိုပဲ တိမ်တွေပေါ်လာပြီး တောင်တန်းနယ်မြေတ၀ိုက်ကို ကွယ်ချပစ်လိုက်တာ..ကျွန်မတို့ဘာမှ မမြင်ရတော့ဘူး။
-
ဒါနဲ့ သိပ်ပြီး အမြင့် ပျံဖို့ မဖြစ်နိုင်တော့ဘူး။
-
ဒီတော့ ကျွန်မတို့ Baliem မြစ်အတိုင်းလိုက်တယ်။ဒါပေမယ့် မိုးကသည်းပါလေရော။
-
ကျွန်မက ဆိတ်ဆိတ်နေမိတုန်း လေယာဉ်မှူးကပြောလာတယ်
-
ဒေါက်တာ စိတ်မပူနဲ့။ ဒီလို မိုးသည်းပေးလို့ ဘုရားကို ကျေးဇူးတင် တဲံ့။
-
ဒီအဓိပ္ပါယ်က တိမ်တွေဟာ ကျွန်မတို့ရှေ့မှာ ဆက်မရှိနိုင်တော့ဘူး ဆိုတာပဲ။
-
ဘုရားသခင်က ကောင်းကင်ပေါ်ကနေ ကျွန်မတို့ရှေ့က အခက်အခဲကို ဆေးကြောပြီးဖြစ်နေတယ်
-
ဟုတ်ပါရဲ့။ စိတ်ထဲမှာ ဖိစီးနေတာတွေ ချက်ချင်းဆိုသလို ပျောက်သွားတယ်။
-
ဆေးရုံမှာနေ့တိုင်းအလုပ်လုပ်ပြီး Helivida က အရေးပေါ်ခေါ်ရင်တော့ ကျွန်မအဲဒီကိုသွားပါတယ်။
-
ကျွန်မက ဒီမှာ အသင့်အနေအထားနဲ့ အမြဲရှိနေဖို့လိုတယ်.
-
ရာသီဥတု ဆိုးဆိုးကောင်းကောင်း အရေးပေါ်ဖုန်းလာတာနဲ့ ကျွန်မသွားတယ်
-
လေယာဉ်မှူးအဆင့်သင့်ဖြစ်ပြီဆိုရင် ခက်ခဲတဲ့နေရာက လူနာများကို ကုသဖို့ ကျွန်မအဆင်သင့်ဖြစ်ဖို့လိုပြီ။
-
အမေ..ဟောဒါက ကျွန်မအမေလေ.
-
မီယာ့အဖေနဲ့ ကျွန်မက သူနာပြုတွေရယ်ပါ
-
လူနာတွေကို ကူတယ်
-
ဒီလို ဝေးလံခေါင်သီတဲ့အရပ်က လူနာတွေပေါ့
-
ခေါင်တဲ့ဒေသမှာတောင်မှ
-
ရွာသူရွာသားတွေက ကျွန်မတို့လာမှာ ကြောက်ကြတယ်
-
ဒါပေမယ့် ကျွန်မနဲ့ သူကတော့
-
ဒီကလူတွေအတွက် စိတ်နှလုံးကိုမြုပ်နှံလျက်ပါ.
-
ကျွန်မရဲ့ဒီစိတ်ထားကို မိဘတွေဆီက အမွေရခဲ့တာပါ.
-
ကျွန်မငယ်စဉ်ကထဲက အဖေ့က အိမ်မှာ ခွဲစိတ်မှုတွေလုပ်ဖို့ တောင်းဆိုခံရတယ်
-
ဖေဖေက တစ်စက်မှတောင်မနားဘဲ ညကမနက်အထိ ခရီးသွားရတာပါ
-
ဆရာဝန်ဆီင်္ကနေ ခွဲစိတ်ဖို့လိုတဲ့လူနာရှိရင် ဆရာဝန်ကသူ့ကို ခေါ်ပြီး ဆရာဝန်လက်ထောက်အဖြစ်ခရီးစထွက်တော့တာပဲ
-
အဲဒီခွဲစိတ်မှုတွေအပြင် MAF (Mission Aviation Fellowship)က ပေ၇ာဂျက်တွေလည်း ရံဖန်ရံခါရှိပါသေးတယ်.
-
သူခရီးထွက်သွားပြီး ကျွန်မတို့ကို ရက်အတန်ကြာထားခဲ့လေ့ရှိတယ်။
-
ဒီအဖွဲ့အစည်းဒီမှာရှိနေလို့ ကျုပ်က ပရောဂျက်ကို ဦးဆောင်နိုင်တယ်.
-
လူနာတွေကို အခြေခံ ရောဂါကာကွယ်ဆေးတွေပေးပါတယ်။
-
ကျုပ်..ဒီမှာပဲ နေပြီး ဒီမှာပဲ အလုပ်လုပ်တယ်
-
ဒါကတော့ အလုပ်လုပ်တဲ့ ဆေးဝါးစင်တာ.
-
တော်တော်ကြာခဲ့ပြီဆိုတော့ ဓါတ်ပုံက အဖြူအမည်းပဲရှိတော့တယ်။
-
Karumbaga ကနေ Bokondini ကို လာခဲ့ရတာ တကယ့် စိတ်လှုပ်ရှားစရာခရီးတစ်ခုပေါ့။
-
နည်းနည်းတော့ ဝေးတာပေါ့လေ.
-
ဒါကြောင့်မီယာ့ကိုထည့်ဖို့ နိုကမ်တောင်း (ကလေးထည့်တောင်း)လိုခဲ့တာပေါ့.
-
ဒါပေမယ့် သူမက အဲဒီတုန်းက သိပ်သေးနေတယ်.
-
တကယ်လို့များ သူမ ရေဆာရင်
-
သူမကို အောက်ချပြီး နို့နည်းနည်းတိုက်ပါတယ်.
-
ပြီး လမ်းဆက်လျှောက်တာပေါ့.
-
မီယာလေးကို တောင်းထဲထည့် လွယ်ပိုးပြီး တောင်တွေတတောင်ပြီးတစ်တောင်တက်ခဲ့ကြတယ်
-
သူကလေးကို ပခုံးနဲ့သာ ချီပိုးသွားရင်တော့ တကယ်ခက်မှာပါ
-
တောင်တက်ရတဲ့အခါ ပိုတောင်ခက်သေး.လမ်းတစ်လျှောက်ကလည်း သစ်ပင်တွေအပြည့်လေ။
-
သစ်ကိုင်းအတော်များများနဲ့ ခေါင်းတိုက်မိခဲ့တာကလား။..အခက်အခဲတွေက အများကြီးပေါ့။
-
ဒါကြောင့် သိပ်တော့ မြန်မြန် မလျှောက်နိုင်ဘူး
-
ဒါပေမယ့် Noken တောင်းနဲ့ဆိုတော့ နည်းနည်းတော့လျှောက်နိုင်တယ်.
-
တောင်ပေါ်တက်တဲ့အချိန် လက်နှစ်ဘက်လွတ်နေတော့ ပင်စည်လေးဖြစ်ဖြစ် ကျုပ်တို့ ဖမ်းကိုင်နိုင်ထားနိုင်တယ်လေ။ကဲ..လွယ်သွားပြီမှတ်လား.
-
၂၀၀၉ ..Wamena မှာလုပ်တုန်းက..အဲဒီတုန်းက ကျွန်မအရေးပေါ်ဆေးရုံအတွက်လည်းစအလုပ်လုပ်နေပြီ..အဲဒီတုန်းက စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတစ်ခု ပြောစရာရှိတယ်.
-
မျိုးနွယ်စုမတူကြားထဲမှာ ရုတ်တရက်ဆိုသလို တိုက်ပွဲတစ်ခု ဖြစ်ခဲ့တယ်.
-
ုပြီးတော့ ဒဏ်ရာရလူနာအများစုကို Wamena မှာရှိတဲ့ အရေးပေါ်ဆေးရုံကို ပြောင်းရွှေ့ပေးခဲ့တယ်
-
အဲဒီအချိန်မှာ ဆီနီယာ အစ်မတစ်ယောက် အခန်းထဲဝင်လာပြီး ကျွန်မခေါင်းကို ဒီလိုလာထိတယ်.
-
ဟုတ်တယ် ။သူဘာပြောချင်သလဲဆိုတာကို ကျွန်မသိတယ်။ နားလည်တယ်။
-
သူမက ကျွန်မခေါင်းကို ခုလိုသာသာလေးထိသွားရုံပဲ။ ဒီအဓိပ္ပ္ပါယ်က သူဟာ ကျွန်မကို သူရဲ့ နိုကမ်တောင်းနဲ့ သယ်ပေးခဲ့ဖူးတယ်.
-
သူ့ခေါင်းမှာ တောင်းကြိုးချည်ပြီး တချိန်တုန်းက ကျွန်မကို လွယ်ပိုးပေးခဲ့ဖူးတာပေါ့။
-
ဘုရားသခင်ရဲ့ဂရုဏာရိပ်လို့ ကျွန်မသတ်မှတ်ခဲ့တဲ့ညီအစ်ကို မောင်နှမတွေရဲ့ မေတ္တာ...အကြင်နာတွေကို ပြန်လည်ပေးဆပ်ရမယ့် အချိန်ရောက်လာပါပြီ.
-
ပိုက်ဆံက ဘယ်တော့မှလောက်တယ် မရှိဘူး.
-
သူတို့ဆီက ကျွန်မရထားတဲ့ ကြင်နာမှုနဲ့မေတ္ပ္ပ္တ္တ္တာကိုပဲ ပြန်လည်ပေးဆပ်သင့်တာပေါ့.
-
အခုတော့ ဒီနေရာက လူအားလုံးကို ကျွန်မရဲ့ အကြင်နာနဲ့ ပြန်လည်ပေးဆပ်နေပါပြီ်။
-
ဆေးကုသတာကို ကိုယ်ပိုင်စီးပွားရေးအဖြစ် ကျွန်မမလုပ်လိုဘူး။
-
လူနာတွေဆီက ပိုက်ဆံယူဖို့
-
ကျွန်မကောင်းကျိုး ကျွန်မကြည့်ဖို့....အိုး..နိုး..မဖြစ်နိုင်ဘူး။
-
ကျွန်မအတွက်တော့ ဆရာဝန် ဆိုတာ ကုစားပေးသူပါပဲ။