Return to Video

အာကာသထဲမှာ အကွာအဝေးကို တိုင်ကြပုံ - Yuan-Sen Ting

  • 0:07 - 0:10
    ကျွန်တော်တို့ သိတဲ့ထဲမယ်
    အလင်းရောင်ဟာ အမြန်ဆုံးပါ။
  • 0:10 - 0:13
    မြန်လွန်လို့ အရမ်းကို ဝေးလှတဲ့
    အကွာအဝေးကို တိုင်းထွာရာတွင်
  • 0:13 - 0:16
    ၎င်းတို့ဆီကို ရောက်ဖို့ အလင်းရောင်အနေနဲ့
    သွားရတဲ့ ကာလကို တိုင်းကြပါတယ်။
  • 0:16 - 0:20
    တစ်နှစ်အတွင်းမှာ၊ အလင်းရောင်ဟာ
    မိုင် ၆,၀၀၀,၀၀၀,၀၀၀,၀၀၀ ခရီးသွားနိုင်တယ်။
  • 0:20 - 0:23
    အဲဒါကို ကျွန်တော်တို့က
    အလင်းနှစ် နှစ်လို့ ခေါ်ပါတယ်။
  • 0:23 - 0:25
    အဲဒါ ဘယ်လောက် ဝေးလဲဆိုတာကို
    နားလည်နိုင်ဖို့အတွက်၊
  • 0:25 - 0:29
    အပိုလို အာကာသယာဉ်မှူးတွေ
    လေးရက်ကြာ သွားခဲ့ရတဲ့ လ ဟာ
  • 0:29 - 0:32
    ကမ္ဘာဂြိုဟ်ထံမှ
    အလင်း တစ်စက္ကန့် အကွာမှာ ရှိပါတယ်။
  • 0:32 - 0:37
    ပြီးတော့ နေစကြာဝဠာ အပြင်က
    အနီးဆုံးကြယ် Proxima Centauri ဆိုရင်
  • 0:37 - 0:40
    ၄. ၂၄ အလင်းနှစ် ဝေးပါတယ်။
  • 0:40 - 0:44
    ကျွန်တော်တို့ရဲ့ နဂါးငွေ့တန်း ကျတော့
    အလင်းနှစ် ၁၀၀ ၀၀၀ ခန့်ဝေးပါတယ်။
  • 0:44 - 0:47
    ကျွန်တော်တို့နဲ့ အနီးဆုံး ကြယ်စုဖြစ်တဲ့
    Andromeda ဟာ
  • 0:47 - 0:50
    အလင်းနှစ် ၂.၅ သန်း ဝေးပါတယ်။
  • 0:50 - 0:53
    အာကာသဟာ ခန့်မှန်းမရအောင်ကို
    ကျယ်ဝန်းလှပါတယ်။
  • 0:53 - 0:57
    ဒါနဲ့၊ အဲဒီကြယ်တွေ၊ ကြယ်စုတွေ ဘယ်လောက်
    ဝေးတာကို ကျွန်တော်တို့ ဘယ်လိုလုပ် သိလဲ?
  • 0:57 - 1:01
    ကျွန်တော်တို့ ကောင်းကင်ကို ကြည့်လိုက်ရင်
    ပြားချပ်နေသလို မြင်ရပါတယ်။
  • 1:01 - 1:05
    ကျွန်တော်တို့က ကြယ်တစ်ပွင့်ဆီကို
    ထိုးပြလို့ ဘယ်လောက် ဝေးတာကို မပြောနိုင်ပါ။
  • 1:05 - 1:09
    အဲဒါကို နက္ခတရူပဗေဒ ပညာရှင်တွေကို
    ဘယ်လို တိုင်းကြတာလဲ?
  • 1:09 - 1:11
    အတော့ကို နီးတဲ့ အရာတွေအတွက်
  • 1:11 - 1:15
    ကျွန်တော်တို့ တရီဂိုနိုမေတြီ parallax
    ဆိုတာကို သုံးပါတယ်။
  • 1:15 - 1:17
    အဲဒါဟာ အတော်ကလေး လွယ်ပါတယ်။
  • 1:17 - 1:18
    စမ်းသပ်မှု တစ်ခု လုပ်ကြည့်ကြပါစို့။
  • 1:18 - 1:21
    သင့် လက်မကို ဆန့်ထုတ်လိုက်ပြီး
    သင့် ဘယ်မျက်လုံးကို ပိတ်လိုက်ပါ။
  • 1:21 - 1:25
    အခုတော့ သင့် ဘယ်မျက်လုံးကို ဖွင့်လိုက်ပြီး
    ညာမျက်လုံးကို ပိတ်လိုက်ပါ။
  • 1:25 - 1:27
    သင့် လက်မရဲ့ နေရာဟာ ရွေ့သွားသလို ထင်ရပေမဲ့
  • 1:27 - 1:31
    ပိုဝေးတဲ့ နောက်ခံ အရာတွေကျတော့
    နေရာ မပြောင်းဘူးလို့ ထင်ရတယ်။
  • 1:31 - 1:34
    ကျွန်တော်တို့ ကြယ်တွေဆီကို ကြည့်တဲ့
    အခါမှာလည်း အလားတူ ကြုံရမှာပါ၊
  • 1:34 - 1:37
    ဒါပေမဲ့၊ ဝေးလံလှတဲ့ ကြယ်တွေဟာ ဆန့်ထားတဲ့
    လက်မောင်းထက် များစွာမှ ပိုဝေးပါတယ်၊
  • 1:37 - 1:39
    ကမ္ဘာကြီးဟာလည်း သိပ် မကြီးလှပါဘူး၊
  • 1:39 - 1:42
    အီကွေတာ တလျှောက်မှာ မှန်ပြောင်းတွေကို
    ချထားတောင်မှ၊
  • 1:42 - 1:46
    နေရာ ရွေ့မှုကို တွေ့ဖို့ ခဲယဉ်းပါတယ်။
  • 1:46 - 1:51
    အဲဒါအစား၊ ကြယ်ရဲ့ နေရာပြောင်းမှုကို
    ခြောက်လအကြာမှာ ကြည့်ပါတယ်၊
  • 1:51 - 1:55
    ကမ္ဘာကြီးက နေကို ပတ်တဲ့ ပတ်လည်
    ခရီးတစ်ဝက် နေရာကို ပြောတာပါ။
  • 1:55 - 1:59
    ကျွန်တော်တို့က ကြယ်တွေ အချင်းချင်း
    တည်နေကြပုံကို နွေရာသီမှာ တိုင်းလိုက်ပြီး၊
  • 1:59 - 2:03
    ထပ်ပြီး ဆောင်းရာသီမှာ ဆိုင်းလိုက်ခြင်းဟာ
    နောက်မျက်လုံး တစ်ဖက်နဲ့ ကြည့်သလိုပါပဲ။
  • 2:03 - 2:06
    အနီးက ကြယ်တွေဟာ ပိုဝေးကြတဲ့
    ကြယ်တွေ နဲ့ ကြယ်စုတွေရဲ့ နောက်ခံမှာ
  • 2:06 - 2:08
    ရွေ့သွားကြသလို ခံစားရပါမယ်။
  • 2:08 - 2:13
    ဒါပေမဲ့ ဒီနည်းကို အလင်းနှစ် ထောင်အနည်းငယ်
    ရှိတဲ့ အရာ အရာတွေအတွက်သာ သုံးနိုင်တယ်။
  • 2:13 - 2:16
    ကျွန်တော်တို့ ကြယ်စု အပြင်မှာ
    အကွာအဝေးတွေဟာ ကြီးလွန်းလို့
  • 2:16 - 2:21
    အာရုံခံနိုင်ဆုံး ကိရိယာတွေ
    အတွက်တောင် parallax ဟာ သေးလှပါတယ်။
  • 2:21 - 2:24
    ဒါကြောင့်မို့လို့ ကျွန်တော်တို့ဟာ
    ဒီနေရာမှာ အခြားတစ်နည်းကို
  • 2:24 - 2:27
    စံဖယောင်းတိုင်များ လို့ခေါ်တဲ့
    အညွှန်းများကို သုံးကြပါတယ်။
  • 2:27 - 2:30
    ကျွန်တော်တို့က ပင်ကိုယ်
    လင်းမှု သို့မဟုတ် တောက်ပမှုအားကို
  • 2:30 - 2:34
    ကောင်းကောင်းသိကြတဲ့ အရာတွေကို
    စံဖယောင်းတိုင်များလို့ ခေါ်ပါတယ်။
  • 2:34 - 2:37
    ဥပမာ၊ ခင်ဗျား မီးလုံးရဲ့ တောက်ပမှုအားကို
    ခင်ဗျား သိတယ်ဆိုပါစို့၊
  • 2:37 - 2:41
    အဲဒီမီးလုံးကို သင့်မိတ်ဆွေကို ပေးလိုက်ပြီး
    ဝေးရာသို့ လျှောက်သွားခိုင်းမယ်ဆိုရင်၊
  • 2:41 - 2:44
    သင့်မိတ်ဆွေထံမှ နေပြီး
    သင့်ဆီကို ရောက်လာမယ့် အလင်းပမာဏဟာ
  • 2:44 - 2:47
    အကွာအဝေးရဲ့ နှစ်ထပ်ကိန်းနှုန်းဖြင့်
    လျော့နည်းမှာကို သင်သိပါတယ်။
  • 2:47 - 2:49
    ဒီတော့ ခင်ဗျား ရရှိမယ့် အလင်းပမာဏကို
  • 2:49 - 2:52
    မီးလုံးရဲ့ မူလတောင်ပမှုနှင့်
    နှိုင်းယှဉ်ကြည့်ခြင်းဖြင့်၊
  • 2:52 - 2:55
    သင့်မိတ်ဆွေ ဘယ်လောက်ဝေးကြောင်းကို
    ပြောနိုင်ပါမယ်။
  • 2:55 - 2:59
    နက္ခတ္တဗေဒ ထဲမှာကျတော့ ကျွန်တော်တို့ရဲ့
    မီးလုံးဟာ အထူးပုံစံကြယ် ဖြစ်ပြီး
  • 2:59 - 3:01
    ပြောင်းလဲတတ်တဲ့ cepheid လို့ ခေါ်ပါတယ်။
  • 3:01 - 3:03
    အဲဒီကြယ်တွေဟာ သူတို့ရဲ့
    အတွင်းပိုင်း သဘာဝအရ
  • 3:03 - 3:07
    တည်ငြိမ်ခြင်းမရှိဘဲ ဖောင်းလိုက်
    ချုံ့လိုက်ဖြစ်နေတဲ့ ပူဖောင်းနဲ့တူပါတယ်။
  • 3:07 - 3:11
    အဲဒီလို ဖောင်းမှုနဲ့ ကျုံ့မှုကြောင့်
    တောက်ပမှု ပြောင်းလဲတတ်ပါတယ်
  • 3:11 - 3:15
    အဲဒီစက်ဝန်း ကာလကို တိုင်းလျက်
    ၎င်းတို့ရဲ့ တောက်ပမှုကို တွက်နိုင်ပါတယ်
  • 3:15 - 3:18
    ပိုနှေးစွာ ပြောင်းလဲနေကြတဲ့
    တောက်ပကြတဲ့ ကြယ်တွေ အများကြီးရှိပါတယ်။
  • 3:18 - 3:21
    အဲဒီလို ကြယ်များဆီက မြင်ရတဲ့ အလင်းရောင်ကို
  • 3:21 - 3:24
    ခုနကနည်းဖြင့် တွက်ချက်ရခဲ့တဲ့ ပင်ကိုယ်
    တောက်ပမှုဖြင့် နှိုင်းယှဉ်ကြည့်လိုက်ရင်၊
  • 3:24 - 3:27
    ၎င်းတို့ ဘယ်လောက် ဝေးကြကြောင်းကို
    ပြောနိုင်ပါတယ်။
  • 3:27 - 3:30
    ကျွန်တော်ပြောပြချင်တာကို ဒီမှာတင်
    အဆုံး မသတ်နိုင်ခြင်းဟာ ဝမ်နည်းစရာပါ။
  • 3:30 - 3:35
    အလင်းနှစ် ၄၀,၀၀၀,၀၀၀ အထိသာ ရှိကြတဲ့
    ကြယ်တွေကိုသာ ကြည့်ရှုနိုင်ပါတယ်
  • 3:35 - 3:38
    အဲဒီထက် ဝေးတာတွေက
    သိပ်ကို မှန်ဝါးလာကြလို့ မပြတ်သားတော့ပါဘူး။
  • 3:38 - 3:41
    ကံကောင်းချင်တော့ ကျွန်တော်တို့ဆီမှာ
    စံဖယောင်းတိုင် နောက်တစ်မျိုး ရှိပါတယ်၊
  • 3:41 - 3:44
    နာမည်ကြီး 1a supernova ပါပဲ။
  • 3:44 - 3:49
    ကြယ်ရဲ့ ဧရာမပေါက်ကွဲမှုကြီးတွေ ဖြစ်တဲ့
    Supernova ကြယ်တွေရဲ့ ချုပ်ငြိမ်းမှုပါပဲ။
  • 3:49 - 3:52
    အဲဒီပေါက်ကွဲမှုတွေဟာ
    သိပ်ကို တောက်ပလွန်းလို့၊
  • 3:52 - 3:54
    ၎င်းတို့တည်ရှိရာ ကြယ်စုကို
    လင်းထိန်းလာစေပါတယ်။
  • 3:54 - 3:58
    ဒီတော့ ကျွန်တော်တို့ဟာ ကြယ်စုထဲက
    ကြယ်တစ်ပွင့်ချင်းစီကို မမြင်နိုင်တောင်မှ၊
  • 3:58 - 4:01
    ကျွနတော်တို့ဟာ supernova ပေါက်ကွဲခဲ့ရင်
    မြင်နိုင်ကြပါသေးတယ်။
  • 4:01 - 4:05
    အဲဒါကြောင့် 1a supernova ပုံစံကြယ်တွေကို
    စံဖယောင်းတိုင်အဖြစ် သုံးလိုရနိုင်တယ်
  • 4:05 - 4:09
    ပိုတောက်တဲ့ ကြယ်တွေက ပိုမှိန်တာနဲ့စာရင်
    ပိုနှေးပြီး မှိန်သွားတတ်လို့ပါ။
  • 4:09 - 4:11
    တောက်ပမှု နှင့် မှိန်မှောင်သွားမှုနှုန်း
    ဆက်စပ်နေပုံကို
  • 4:11 - 4:13
    သိထားရတဲ့ နောက်မှာ ကျွန်တော်တို့ဟာ
  • 4:13 - 4:15
    အဲဒီလို supernova တွေကို သုံးပြီး
    အကွာအဝေးကို
  • 4:15 - 4:19
    အလင်းနှစ် ဘီလီယံများစွာအထိကို
    တိုင်းနိုင်ပါပြီ။ ဒါနဲ့ ဒီလို ဝေးလံလှတဲ့
  • 4:19 - 4:24
    ကြယ်တွေ မြင်ရဖို့ကိစ္စ ဘာဖြစ်လို့
    အရေးကြီးသလဲလို့ မေးစရာရှိနိုင်ပါတယ်။
  • 4:24 - 4:27
    အလင်းရဲ့ မြန်ဆန်မှုကို
    ကျွန်တော်တို့ မှတ်မိဖို့လိုပါတယ်။
  • 4:27 - 4:31
    ဥပမာ၊ နေဆီက ဖြာထွက်လာတဲ့ အလင်းရောင်
    ကျွနတော်တို့ဆီ ရောက်ဖို့ ရှစ်မိနစ်ကြာတယ်၊
  • 4:31 - 4:35
    တနည်း၊ ကျွန်တော်တို့ မြင်ရတဲ့ နေဟာ
    လွန်ခဲ့တဲ့ ရှစ်မိနစ်တုန်းက ပုံပါ။
  • 4:35 - 4:38
    ကျွန်တော်တို့က Big Dipper
    ကိုကြည့်တဲ့ အခါမှာကျတော့
  • 4:38 - 4:41
    လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ တုန်းက
    ကားချပ်ပုံ ဖြစ်ပါတယ်။
  • 4:41 - 4:44
    ပျံ့ပြီးစွန်းထင်းနေတဲ့
    ဟိုကြယ်စုတွေ ဆိုရင်ကော?
  • 4:44 - 4:46
    ၎င်းတို့ဟာ အလင်းနှစ် သန်းချီ ဝေးလံကြပါတယ်။
  • 4:46 - 4:49
    အဲဒီက အလင်းရောင် ကျွန်တော်ဆီကို
    ရောက်လာဖို့ နှစ်သန်းချီ ကြာခဲ့ပါတယ်။
  • 4:49 - 4:55
    ဒီတော့ စကြာဝဠာ ကိုယ်နှိုက်ကိုက
    သဘာဝကြီးရဲ့ နာရီကြီးနဲ့ တူပါတယ်။
  • 4:55 - 4:59
    ပိုဝေးအောင် ကြည့်ရှုနိုင်လေလေ
    ပိုပြီးနုတဲ့ စကြာဝဠာကို မြင်ရလေလေ ဖြစ်မယ်။
  • 4:59 - 5:02
    နက္ခတရူပပညာရှင်များဟာ စကြာဝဠာရဲ့
    သမိုင်းကို ဖတ်ကြည့်ဖို့ ကြိုးပမ်းနေပါတယ်၊
  • 5:02 - 5:06
    ကျွန်တော်တို့ဟာ ဘယ်လိုနည်းနဲ့ ဘယ်ကနေ
    ပေါ်လာခဲ့ကြတာလဲ ဆိုတာ နားလည်ရန် အတွက်ပါ။
  • 5:06 - 5:10
    စကြာဝဠာဟာ အလင်းရဲ့ ပုံစံဖြင့်
    အချက်အလက်တွေကို ပို့ပေးနေပါတယ်။
  • 5:10 - 5:14
    ကျွန်တော်တို့ လုပ်ဖို့ကျန်တာက အဲဒါကို
    အဓိပ္ပါယ် ဖွင့်ထုတ်သုံးဖို့ပါပဲ။
Title:
အာကာသထဲမှာ အကွာအဝေးကို တိုင်ကြပုံ - Yuan-Sen Ting
Description:

ဒီသင်ခန်းစာ အပြည့်ကို ကြည့်ရှုလိုရင်: http://ed.ted.com/lessons/how-do-we-measure-distances-in-space-yuan-sen-ting

ကျွန်တော်တို့က ကောင်းကင်ဆီကို မျှော်ကြည့်ရင် ပြားချပ်နေတဲ့ မြင်ကွင်းကို မြင်ရသလို ရှိပါတယ်။ နက္ခတပညာရှင်များက ဝေးလံကြတဲ့ ကြယ်တွေနဲ့ ကြယ်စုတွေ ကမ္ဘာကြီးဆီမှ ဘယ်လောက် ဝေးတယ်ဆိုတာကို ဘယ်လိုများ တိုင်ကြပါလိမ့်? Yuan-Sen Ting က တြီဂိုနိုမေတြီ parallax များ၊ စံဖယောင်တိုင်များ နှင့် အခြားနည်းတွေကိ သုံးပြီး ကမ္ဘာဂြိုဟ်မှ အလင်းနှစ် ဘီလီယံချီ ဝေးကြတဲ့ အရာများရဲ့ အကွာအဝေး တိုင်းပုံကို စိတ်ဝင်စားဖွယ် တင်ပြထားပါတယ်။
Yuan-Sen Ting ရဲ့ သင်ခန်းစာကို TED-Ed မှ လှုပ်ရှားမှုရုပ်များဖြင့် ဖန်တီး​ပေးခဲ့ပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:30

Burmese subtitles

Revisions