Return to Video

အထီးကျန် စိတ်ဝေဒနာကို နားလည်ဖို့ မျက်နှာမလွှဲပါနဲ့။

  • 0:01 - 0:03
    "ငါ့ကို ကြည့်"
  • 0:05 - 0:09
    ဒီစကားစုက ကျွန်မကို မျက်လုံးချင်း
    ဆက်သွယ်တဲ့ နည်းပြဖြစ်စေခဲ့တယ်။
  • 0:11 - 0:14
    ကျွန်မက Ivan ရဲ့အမေပါ၊ သူက ၁၅ နှစ်သားပါ။
  • 0:15 - 0:16
    သူ့မှာ အထီးကျန် စိတ်ဝေဒနာရှိတယ်။
  • 0:16 - 0:18
    သူ စကားမပြောတတ်ဘူး၊
  • 0:18 - 0:20
    ရုပ်ပုံတွေမှာ တည်ရှိတဲ့
  • 0:20 - 0:24
    သူ့ရဲ့ စကားလုံးတွေရဲ့ စကြာဝဠာ တစ်ခုလုံးရှိ
    ရာ iPad ကနေ ဆက်သွယ်ပါတယ်။
  • 0:26 - 0:30
    သူ နှစ်နှစ်ခွဲမှာ ရောဂါပေါ်ခဲ့တာပါ။
  • 0:32 - 0:36
    အဲဒီနေ့ကို နာကျင်စွာပဲ
    ကျွန်မ အမှတ်ရနေဆဲပါ။
  • 0:37 - 0:40
    ကျွန်မတို့ဟာ တကယ်
    ဆုံးရှုံးမှု ခံစားရတယ်၊
  • 0:41 - 0:44
    ဘယ်က စရမှန်း မသိခဲ့ကြဘူးလေ။
  • 0:45 - 0:47
    အင်တာနက်က မရှိခဲ့
  • 0:47 - 0:50
    သတင်းအချက်အလက်ကို ရှာလို့မရခဲ့တော့
  • 0:51 - 0:53
    အလိုလိုသိစိတ် သက်သက်ကနေ
  • 0:54 - 0:56
    ဒီပထမ ခြေလှမ်းတွေ လှမ်းခဲ့တယ်။
  • 0:58 - 1:00
    Ivan က မျက်လုံးချင်း အဆုံမခံခဲ့ဘူး၊
  • 1:01 - 1:03
    သူသိခဲ့တဲ့ စကားလုံးတွေ ပျောက်ဆုံးခဲ့ကာ
  • 1:04 - 1:08
    စကားလုံးတွေဟာ ဆူညံသံလို သူ့အမည်(သို့)
  • 1:09 - 1:11
    ကျွန်မတို့ မေးတဲ့တစ်ခုခုကို
    မတုံ့ပြန်ခဲ့ဘူးလေ။
  • 1:13 - 1:17
    သူဖြစ်နေတာနဲ့ သူခံစားရတာကို
  • 1:18 - 1:20
    ကျွန်မသိနိုင်တဲ့
  • 1:20 - 1:22
    တစ်ခုတည်းသော နည်းလမ်းက
  • 1:22 - 1:24
    သူ့မျက်လုံးထဲကို ကြည့်နေခြင်းပါ။
  • 1:26 - 1:28
    ဒါပေမဲ့ ဒီတံတားက ကျိုးနေတယ်။
  • 1:31 - 1:33
    သူ့ကို ဘဝအကြောင်း ဘယ်လိုသင်ပေးနိုင်မလဲ။
  • 1:36 - 1:39
    သူကြိုက်တာတွေ လုပ်ပေးတဲ့အခါ
    ကျွန်မကို သူက ကြည့်တော့
  • 1:39 - 1:41
    ကျွန်မတို့ ဆက်သွယ်မိသွားတယ်ပေါ့။
  • 1:42 - 1:45
    ဒါနဲ့ ဒီအရာတွေကို သူနဲ့တွဲလုပ်ဖို့
    ကိုယ့်ကိုယ်ကို ရည်စူးခဲ့တယ်။
  • 1:45 - 1:50
    ဒါနဲ့ ကျွန်မတို့ မျက်လုံးချင်း ဆက်သွယ်တဲ့
    ကာလတွေ ပိုများများလာခဲ့တယ်။
  • 1:51 - 1:58
    သူ့ရဲ့ အစ်မ Alexia နဲ့အတူ နာရီများစွာ
    ကျွန်မတို့ လိုက်တမ်းပြေးတမ်း ကစားခဲ့တယ်။
  • 1:59 - 2:01
    "မိပြီဟေ့" လို့ ကျွန်မတို့ ပြောတဲ့အခါ
  • 2:02 - 2:04
    သူဟာ ကျွန်မတို့ကို ပတ်ပြီးရှာနေတော့
  • 2:05 - 2:10
    အဲဒီအခိုက်မှာ သူ အသက်ရှိသေးတာကို
    ကျွန်မခံစားလို့ရတယ်။
  • 2:13 - 2:18
    ရေကူးကန်က နာရီတွေကို မှတ်ထားသေးတယ်
  • 2:19 - 2:23
    Ivan က အမြဲပဲ ရေဆို အရမ်းကြိုက်တာလေ။
  • 2:24 - 2:27
    သူနှစ်နှစ်ခွဲအရွယ်က မိုးရွာတဲ့
    ဆောင်းတွင်း တစ်နေ့မှာ
  • 2:28 - 2:31
    သူ့ကို မိုးလုံလေလုံ ရေကူးကန်တစ်ခုကို
  • 2:31 - 2:34
    ခေါ်သွားတာ မှတ်မိတယ်၊
  • 2:34 - 2:36
    မိုးရွာတဲ့နေ့တွေမှာတောင်
    ကျွန်မတို့က ရေကူးကန်သွားတာလေ။
  • 2:38 - 2:42
    ကျွန်မတို့တွေ အဝေးပြေးလမ်းပေါ်မှာ
    ထွက်ပေါက်မှားခဲ့တယ်။
  • 2:42 - 2:46
    သူက မျက်ရည်ပေါက်ပေါက်ကျပြီး
    ချော့မရအေင် မရပ်မနား ငိုတာ
  • 2:46 - 2:48
    ပြန်မလှည်ခင်အထိလေ။
  • 2:49 - 2:50
    အဲဒီတော့မှပဲ သူငြိမ်ကျသွားတယ်။
  • 2:52 - 2:55
    နှစ်နှစ်ခွဲသားလေးက သူ့နာမည်ကို မတုံ့ပြန်တာ
  • 2:55 - 2:57
    ဘယ်လိုဖြစ်ရတာလဲ။
  • 2:58 - 3:02
    ကျွန်မ ဘာမှ မမြင်ရတဲ့
    မိုးနဲ့ မြူခိုးကြားမှာ
  • 3:02 - 3:06
    သူက လမ်းကြောင်းကို အတိအကျသိတာလေ။
  • 3:09 - 3:13
    အဲဒီအချိန် သဘောပေါက်လိုက်တာက
    Ivan ဟာ သူမတူတဲ့ အမြင်ပိုင်းမှတ်ဉဏ်ရှိပြီး
  • 3:14 - 3:17
    ဒါဟာ ကျွန်မ လုပ်ရမယ့်ဟာဆိုတာပါ။
  • 3:18 - 3:20
    ဒါနဲ့ အရာတိုင်းကို ဓာတ်ပုံတွေ စရိုက်ပြီး
  • 3:21 - 3:23
    သူ့ကို တစ်ပုံချင်းပြကာ ဘဝဆိုတာဘယ်လိုဆိုတာ
  • 3:23 - 3:27
    သူကို သင်ပေးခဲ့တယ်။
  • 3:28 - 3:32
    အခုမှ ဒါဟာ Ivan လိုချင်တဲ့၊
  • 3:32 - 3:34
    သူလိုအပ်တဲ့၊
  • 3:34 - 3:36
    သူလည်းခံစားရတဲ့
  • 3:36 - 3:39
    ဆက်သွယ်နည်းပါ။
  • 3:42 - 3:45
    ဒါပေမဲ့ Ivan ရဲ့ မျက်လုံးချင်းဆက်သွယ်မှု
    တင် အရေးပါတာ မဟုတ်ပါဘူး။
  • 3:47 - 3:49
    အခြားလူတိုင်းလည်း လုပ်ခဲ့တာပဲလေ။
  • 3:51 - 3:55
    သူ့ရဲ့ အထီးကျန် စိတ်ဝေဒနာကို
    လူတွေမြင်အောင်လုပ်တာမက၊
  • 3:55 - 3:56
    သူ့ကို လူတစ်ယောက်လို မြင်ဖို့
  • 3:57 - 3:59
    သူပေးနိုင်တာ အားလုံး၊
  • 4:00 - 4:02
    သူကြိုက်တာ၊ မကြိုက်တာတွေ
  • 4:03 - 4:06
    ကျွန်မတို့ အားလုံးလိုပဲဖြစ်အောင်
  • 4:06 - 4:08
    ကျွန်မ ဘယ်လိုများလုပ်နိုင်လဲ။
  • 4:09 - 4:12
    ဒါပေမဲ့ ဒါအတွက်တော့
    စိတ်ရောကိုယ်ပါ မြှုပ်နှံဖို့လည်းလိုပါတယ်။
  • 4:14 - 4:16
    သူ့ကို လွှတ်ပေးဖို့ အင်အားရှိဖို့လိုတယ်။
  • 4:17 - 4:19
    ဒါက အင်မတန် ခက်ပါတယ်၊
  • 4:21 - 4:23
    Ivan က ၁၁ နှစ်သားဖြစ်ပြီး
  • 4:24 - 4:27
    အိမ်နားက ရပ်ကွက်ထဲမှာ
    ကုသဖို့ သူသွားခဲ့တယ်။
  • 4:29 - 4:32
    နေ့လည်ခင်းတစ်ခုမှာ
    သူ့ကို ကျွန်မစောင့်နေတုန်း
  • 4:33 - 4:34
    ကုန်စိမ်းဆိုင်ထဲကိုဝင်ခဲ့တယ်
  • 4:34 - 4:37
    တိုလီမုတ်စလေးတွေ အကုန်ရှိတဲ့
    တကယ့် ရပ်ကွက်ဆိုင်ပါ။
  • 4:38 - 4:40
    စျေးဝယ်နေတုန်း
  • 4:40 - 4:43
    ဆိုင်ရှင် Jose နဲ့ စကားစပြောမိတယ်။
  • 4:45 - 4:46
    သူ့ကို Ivan အကြောင်းပြောမိတယ်
  • 4:47 - 4:48
    သူက အထီးကျန်စိတ်ဝေဒနာရှိတယ်၊
  • 4:49 - 4:54
    ဘယ်သူမှ လက်မကိုင်စေပဲ လမ်းထဲမှာ သူ့ဘာသာ
  • 4:54 - 4:56
    လမ်းလျှောက် တတ်စေချင်တယ်ပေါ့။
  • 4:57 - 5:01
    ဒီတော့ ကြသပတေး နေ့လည် ၂ နာရီလောက်
    Ivan လာပြီး စင်တွေပေါ်က ရေဘူးတွေ
  • 5:02 - 5:05
    ကူစီပေးလို့ရ၊ မရ
    Jose ကိုမေးဖို့ဆုံးဖြတ်တယ်
  • 5:05 - 5:08
    သူက ပစ္စည်းတွေ စီတာကြိုက်တာကိုး။
  • 5:08 - 5:11
    ဆုအနေနဲ့ ချောကလက် ကွတ်ကီးတွေ
    ပေးလို့ရတယ်၊
  • 5:11 - 5:13
    ဒါတွေက သူ့အကြိုက်တွေလေ။
  • 5:16 - 5:17
    သူက ချက်ချင်းပဲ သဘောတူခဲ့တယ်။
  • 5:19 - 5:22
    ဒီတော့ ဒါက တစ်နှစ်တာဖြစ်ခဲ့ပုံပါ။
  • 5:22 - 5:24
    Ivan ဟာ Jose ရဲ့ ကုန်စိမ်းဆိုင်ကိုသွား၊
  • 5:25 - 5:29
    တံဆိပ်တွေကိုတစ်ဘက်တည်းမှာ
    အံကိုက်တန်းပေးကာ
  • 5:29 - 5:34
    သူ့ကို ရေဘူး စင်တွေကို ကူပြီး စီပေးတယ်၊
  • 5:34 - 5:38
    သူ့အကြိုက်ဆုံး ချောကလက် ကွတ်ကီးတွေနဲ့
    ပျော်ပျော်ထွက်လာတယ်။
  • 5:44 - 5:46
    Jose ဟာ အထီးကျန် စိတ်ဝေနာ
    ကျွမ်းကျင်သူ မဟုတ်ပါဘူး။
  • 5:49 - 5:52
    ကျွမ်းကျင်သူဖြစ်ဖို့ မလိုသလို
  • 5:53 - 5:57
    တစ်ယောက်ယောက် ပါဝင်စေဖို့
    သူရဲကောင်းဆန်တာ တစ်ခုမှ မလုပ်ပါဘူး။
  • 6:00 - 6:02
    ကျွန်မတို့ အဲဒီမှာ ရှိရုံပါပဲ။
  • 6:03 - 6:04
    (လက်ခုပ်သံများ)
  • 6:11 - 6:13
    (လက်ခုပ်သံ အဆုံးသတ်သည်)
  • 6:14 - 6:15
    သူရဲကောင်းဆန်တဲ့ လုပ်ရပ်မရှိပဲ
  • 6:17 - 6:19
    အနီးကပ် ရှိဖို့ပဲလိုတာပါ။
  • 6:22 - 6:24
    ကျွန်မတို့ တစ်ခုခုကို ကြောက်ရင်
  • 6:25 - 6:27
    သို့မဟုတ် တစ်ခုခုကို နားမလည်ရင်
  • 6:27 - 6:28
    ကျွန်မတို့ မေးဖို့လိုတယ်။
  • 6:29 - 6:31
    ဘယ်တော့မှ ဂရုမစိုက်မဖြစ်ပဲ
  • 6:32 - 6:36
    သိလိုစိတ်ရှိကြပါစို့။
  • 6:38 - 6:42
    တစ်ဦးနဲ့တစ်ဦး မျက်လုံးချင်း
    ကြည်ဖို့ သတ္တိရှိကြပါစို့၊
  • 6:44 - 6:46
    အကြောင်းက ကြည့်ခြင်းကနေ
  • 6:47 - 6:50
    အခြားသူလူတစ်ယောက်အတွက်
    ကမ္ဘာတစ်ခုလုံးကို ဖွင့်ပေးနိုင်လို့ပါ။
  • 6:51 - 6:54
    လက်ခုပ်သံများ)
  • 6:54 - 6:56
    (ဩဘာသံများ)
Title:
အထီးကျန် စိတ်ဝေဒနာကို နားလည်ဖို့ မျက်နှာမလွှဲပါနဲ့။
Speaker:
Carina Morillo
Description:

Carina Morillo ဟာ သူမရဲ့သား Ivan ရောဂါစပေါ်တော့ အထီးကျန် စိတ်ဝေဒနာအကြောင်းကို ဘာမှ မသိသလောက်ပါ။ သူ စကားမပြောဘူး ဒါမှမဟုတ် စကားလုံးတွေကို မတုံ့ပြန်ဘူးဆိုတာ လောက်ဖြစ်ပြီး သူနဲ့ ဆက်သွယ်ဖို့အတွက် အခြားနည်းလမ်းတွေ ရှာခဲ့ရပါတယ်။ သူနဲ့အတူလိုက်ပြီး သိချင်စိတ်ဖြစ်ခြင်းကနေ သူမရဲ့သားကို ဖွံ့ဖြိုးရှင်သန်စေဖို့ အထောက်အကူပေးဖို့ ဘယ်လို သူမလေ့လာ သင်ယူခဲ့တယ်ဆိုတာကို မျှဝေထားပါတယ်။

more » « less
Video Language:
Spanish
Team:
closed TED
Project:
TEDTalks
Duration:
07:09

Burmese subtitles

Revisions