Return to Video

ကမ္ဘာ့ အဆန်းကြယ်ဆုံး စာအုပ် Stephen Bax

  • 0:07 - 0:11
    Yale's Beinecke Rare Book နဲ့
    Manuscript Library ရဲ့ အတွင်းဘက်ကျကျမှာ
  • 0:11 - 0:15
    စာမျက်နှာ ၂၄၀ ပါတဲ့ ကျမ်းကြီး ရှိပါတယ်။
  • 0:15 - 0:18
    မကြာသေးမီ ကာဗွန်သက်နည်းအရ
    ၁၄၂၀ ခုနှစ် ဝန်းကျင်ကဖြစ်တဲ့
  • 0:18 - 0:20
    ၎င်းရဲ့ သားရေတု စာမျက်နှာတွေမှာ
    ကွင်းဆက် လက်ရေးနဲ့
  • 0:20 - 0:24
    လက်နဲ့ဆွဲထားတဲ့ ရုပ်ပုံတွေဟာ အိပ်မက်
    တစ်ခုထဲကနေ ခိုးထားတယ်လို့ ထင်ရတဲ့ ပါတယ်။
  • 0:24 - 0:26
    တကယ်အပင်တွေနဲ့ စိတ်ကူးယဉ် အပင်တွေ၊
  • 0:26 - 0:27
    မျောလွင့်နေတဲ့ ရဲတိုက်တွေ၊
  • 0:27 - 0:29
    ရေချိုးနေတဲ့ အမျိုးသမီးတွေ၊
  • 0:29 - 0:30
    နက္ခတ်ဗေဒင် ကားချပ်တွေ၊
  • 0:30 - 0:31
    ဆယ့်နှစ်ရာသီခွင်တွေ၊
  • 0:31 - 0:37
    ပြီးတော့ စာသားပါတဲ့ မျက်နှာတွေပါတဲ့
    နေတွေ၊ လတွေပါ။
  • 0:37 - 0:42
    ဒီ ၂၄x၁၆ စင်တီမီတာ စာအုပ်ကို
    Voynich လက်ရေးစာမူလို့ ခေါ်ပြီး
  • 0:42 - 0:45
    သမိုင်းရဲ ဖြေရှင်းမရတဲ့ အကြီးဆုံး
    လျှို့ဝှက်ဆန်းကျယ်မှု တစ်ခုပါ။
  • 0:45 - 0:46
    အကြောင်းရင်းက ဘာပါလိမ့်။
  • 0:46 - 0:49
    ၎င်းက ဘာကို ဆိုလိုကြောင်း ဘယ်သူမှ
    မှန်းဆလို့မရနိုင်လို့ပါ။
  • 0:49 - 0:51
    အမည်က ၁၉၁၂ ခုနှစ်က အီတလီမှာရှိတဲ့
  • 0:51 - 0:55
    Jesuit ကောလိပ်မှာ ဒီမှတ်တမ်းကိုတွေ့ခဲ့တဲ့
    Wilfrid Voynich ဆိုတဲ့ ပိုလန်
  • 0:55 - 0:57
    စာအုပ်ရောင်းသမား ဆီကလာတာပါ။
  • 0:57 - 0:58
    သူ အကြံအိုက်သွားခဲ့တယ်။
  • 0:58 - 0:59
    ဒါကို ဘယ်သူရေးတာလဲ။
  • 0:59 - 1:00
    ဒါကို ဘယ်မှာ လုပ်ခဲ့တာလဲ။
  • 1:00 - 1:04
    ဒီထူးဆန်းတဲ့ စကားလုံးတွေနဲ့
    မြူးကြွတဲ့ ပုံတွေက ဘာကို ကိုယ်စားပြုလဲ။
  • 1:04 - 1:07
    ဘယ်လျှို့ဝှက်ချက်တွေက
    စာမျက်နှာတွေကို ထိန်းတာလဲ။
  • 1:07 - 1:10
    သူဟာ ဒီလက်ရေးမူကို ကောလိပ်က
    ဘိုင်ကျနေတဲ့ ဘုန်းကြီးဆီက ဝယ်ပြီး
  • 1:10 - 1:12
    နောက်ဆုံး U.S ကို ယူလာခဲ့တယ်၊
  • 1:12 - 1:16
    အဲဒီမှာ ကျွမ်းကျင်သူတွေ ရာစုနှစ်တစ်ခုကျော်
    ဆက်ပြီး အကြံအိုက်ခဲ့ကြတယ်။
  • 1:16 - 1:20
    လက်ရေးပညာ ဖော်ထုတ်သူတွေက ဒီလက်ရေးမှာ
    ဘယ်သူမှ အရင်က မမြင်ဖူးတဲ့
  • 1:20 - 1:23
    တကယ့် ဘာသာစကား တစ်ခုရဲ့
    လက္ခဏာအားလုံး ရှိတယ်တဲ့။
  • 1:23 - 1:25
    ဒါကို တကယ့် ဘာသာစကားတွေမှာ
    အစစ်အမှန်လို့ ထင်ရအောင်လုပ်တာက
  • 1:25 - 1:29
    တသမတ်တည်းရှိတဲ့ ကြိမ်နှုန်းတွေနဲ့
    စာလုံးတွေနဲ့ စာလုံးစုတွေ ပုံပေါ်တာဖြစ်ပြီး
  • 1:29 - 1:32
    Voynich လက်ရေးမူထဲက ဘာသာစကားမှာ
  • 1:32 - 1:35
    ကျပန်း စာလုံးထုတ်စက်ကနေ
    သင်မတွေ့ရတဲ့ အဆင်တွေရှိနေတာပါ။
  • 1:35 - 1:39
    ဒါ့ထက်ပိုတာက ကျွန်ုပ်တို့ဟာ ကိုယ်မြင်နိုင်
    တာထက် နည်းနည်း ပိုသိကြတယ်။
  • 1:39 - 1:41
    စာလုံးတွေဟာ ပုံစံနဲ့ အမြင့်မှာ
    အမျိုးမျိုးဖြစ်နေတယ်။
  • 1:41 - 1:45
    တစ်ချို့က အခြားအက္ခရာတွေက
    ငှားယူထားပေမဲ့ အများအပြားက ထူးခြားတယ်။
  • 1:45 - 1:48
    ပိုရှည်တဲ့ စာလုံးတွေကို ကြိုးစင် လက္ခဏာတွေ
    အမည်တပ်ထားတယ်။
  • 1:48 - 1:50
    ဒီလက်ရေးစာမူဟာ
    ရှေးစာခွေလို အကွန့်အညွန့်တွေနဲ့
  • 1:50 - 1:53
    အလွန်အကဲ တန်ဆာဆင်ထားတယ်။
  • 1:53 - 1:55
    လက်နှစ်စုံ (သို့) ပိုများတဲ့ လက်တွေနဲ့
    ရေးထားပုံပေါ်တယ်။
  • 1:55 - 1:58
    ဆေးခြယ်ပြီး နောက်တစ်ဖွဲ့ ရှိသေးတာပေါ့။
  • 1:58 - 2:04
    နှစ်တွေကြာလာတော့ လက်ရေးမူနဲ့ပတ်သက်တဲ့
    အဓိက သီအိုရီ သုံးခုပေါ်ပေါက်လာတယ်။
  • 2:04 - 2:06
    ပထမက ဒါက လျှို့ဝှက်
    အဓိပ္ပါယ်ကို ဖုံးကွယ်ဖို့
  • 2:06 - 2:10
    တမင်တကာ ပုံစံထုတ်ထားတဲ့ လျှို့ဝှက်
    သင်္ကေတ စကားဝှက်နဲ့ ရေးထားတာတဲ့။
  • 2:10 - 2:13
    ဒုတိယက ဒီစာရွက်စာတမ်းက ယုံလွယ်တဲ့
  • 2:13 - 2:16
    ဝယ်သူတစ်ယောက်ဆီက
    ငွေလိမ်ယူဖို့ ရေးထားတဲ့ လှည့်ကွက်တဲ့။
  • 2:16 - 2:19
    တစ်ချို့ ထင်ကြေးပေးတာက စာရေးသူဟာ
    အလယ်ခေတ်က လူလိမ် တစ်ယောက်တဲ့။
  • 2:19 - 2:23
    အခြားသူတွေက ဒါဟာ Voynich ကိုယ်တိုင်တဲ့။
  • 2:23 - 2:27
    တတိယ သီအိုရီက ဒီလက်ရေးမူဟာ
    တကယ့်ဘာသာစကား တစ်ခုနဲ့ ရေးထားပေမဲ့
  • 2:27 - 2:29
    မသိရသေးတဲ့ စာတဲ့။
  • 2:29 - 2:32
    ဖြစ်နိုင်တာက အလယ်ခေတ် ပညာရှင်တွေဟာ
    ပြောဆိုခဲ့ပေမဲ့ မရေးရသေးတဲ့
  • 2:32 - 2:35
    ဘာသာစကားတစ်ခုရဲ့ အက္ခရာကို
    ထွင်ဖို့ ကြိုးစားနေတာပါ။
  • 2:35 - 2:39
    ဒီကိစ္စမှာ Voynich လက်ရေးမူဟာ
    ဒီစာ ပျက်ပြားစေတဲ့ ယဉ်ကျေးမှုနောက်ပိုင်း
  • 2:39 - 2:41
    အခုအခါ ဖတ်မရနိုင်တဲ့
  • 2:41 - 2:45
    Easter Island မှာ ထွင်ခဲ့တဲ့ rongorongo
    စာလိုဖြစ်လောက်တယ်၊
  • 2:45 - 2:47
    Voynich လက်ရေးမူကို ဘယ်သူမှမဖတ်နိုင်ပေမဲ့
  • 2:47 - 2:50
    ၎င်းက ပြောနိုင်လောက်တာကို
    မှန်းဆခြင်းကနေ ရပ်မသွားခဲ့ဘူး။
  • 2:50 - 2:53
    ဒီလက်ရေးမူဟာ အရေးဘာသာစကား
    တစ်ခုရဲ့ ပုံစံသစ်ကို ဖန်တီးဖို့
  • 2:53 - 2:55
    ကြိုးစားမှုတစ်ခုလို့ ယုံကြည်သူတွေက
  • 2:55 - 2:57
    ဒါက ၎င်းက ထွက်တဲ့ ယဉ်ကျေးမှုရဲ့
    အသိသုတတွေပါတဲ့
  • 2:57 - 3:00
    စွယ်စုံကျမ်းတစ်ခုဖြစ်လောက်တယ်လို့
    ထင်ကြေးပေးကြတယ်။
  • 3:00 - 3:04
    အခြားသူတွေက ဒါဟာ သဒ္ဒါရဲ့ လူတိုင်း
    လက်ခံတဲ့ဥပဒသကို နားလည်ဖို့ ကြိုးပမ်းခဲ့တဲ့
  • 3:04 - 3:08
    ၁၃ ရာစု ဒဿနပညာရှင် Roger Bacon
  • 3:08 - 3:12
    (သို့) ၁၆ ရာစုက အဂ္ဂိရတ်နဲ့ ဂမ္ဘီရဉာဏ်ကို
    ဟောကိန်းထုတ်တဲ့ အဲလီဇဘက်ခေတ်
  • 3:12 - 3:15
    တန်ခိုးရှင် John Dee
    ရေးခဲ့တာလို့ ယုံကြည်ကြတယ်။
  • 3:15 - 3:19
    ဒီစာအုပ်ဟာ အီတလီ စုန်းမတစ်သိုက် (သို့)
    အင်္ဂါဂြိုဟ်သားတွေကတောင် ရေးတာဆိုတဲ့
  • 3:19 - 3:22
    ဘေးပန်း သီအိုရီတွေရှိသေးတယ်။
  • 3:22 - 3:24
    နှစ် ၁၀၀ အားမလိုအားမရ ဖြစ်ပြီးနောက်မှာ
  • 3:24 - 3:28
    မကြာခင်က သိပ္ပံပညာရှင်တွေဟာ
    လျှို့ဝှက်မှုကို အနည်းငယ် ဖော်ထုတ်ခဲ့တယ်။
  • 3:28 - 3:30
    ပထမတွေ့ရှိမှုက ကာဗွန် သက်တမ်းပါ၊
  • 3:30 - 3:34
    ဒါ့အပြင် ခေတ်ပြိုင် သမိုင်းဆရာတွေက
    စာမူရဲ့ အထောက်အထားကို
  • 3:34 - 3:38
    ရောမ၊ ပရာဟာတို့ကနေ ၁၆၁၂
    အစောပိုင်းအထိ ခြေရာခံခဲ့တယ်၊
  • 3:38 - 3:41
    မြင့်မြတ်တဲ့ ရိုမန်ဧကရာဇ် Rudolf II ကနေ
    သမားတော် Jacobus Sinapius ကို
  • 3:41 - 3:44
    လွဲပြောင်းပေးချိန် ဖြစ်လောက်ပါတယ်။
  • 3:44 - 3:47
    ဒီသမိုင်းဆိုင်ရာ
    တိုးတက်ဖြစ်ပေါ်မှုတွေအပြင်
  • 3:47 - 3:51
    မျာမကြာမီက ဘာသာဗေဒ သုတေသီတွေက
    လက်ရေးမူရဲ့ အချို့စာလုံးတွေရဲ့
  • 3:51 - 3:54
    ယာယီကိုယ်စားပြုချက်ကို အဆိုပြုခဲ့တယ်။
  • 3:54 - 3:57
    Tauran ကို စာလုံးပေါင်းတဲ့ ကြယ်ခုနှစ်လုံး
    ဘေးက စာလုံးတွေဟာ
  • 3:57 - 3:59
    Taurus အတွက် အမည်ဖြစ်နိုင်လား။
  • 3:59 - 4:02
    Pleiades လို့ခေါ်တဲ့ ကြယ်ခုနှစ်လုံးပါတဲ့
    ကြယ်စုလေ။
  • 4:02 - 4:07
    ဒီစကားလုံးက ပုံထဲက Centaurea
    အပင်အတွက် Centaurun ဖြစ်နိုင်လား။
  • 4:07 - 4:10
    ဖြစ်နိုင်တာက တိုးတက်မှုက နှေးတယ်ပေါ့။
  • 4:10 - 4:13
    ၎င်းရဲ့ စကားဝှက်ကို ဖြည်နိုင်ရင်
    ဘာတွေ့နိုင်လောက်လဲ။
  • 4:13 - 4:15
    ၁၅ ရာစု သရုပ်ဖော်ပန်းချီဆရာရဲ့
    အိပ်မက် မှတ်တမ်းလား။
  • 4:15 - 4:17
    ပေါက်တတ်ကရ အစုကြီးလား။
  • 4:17 - 4:19
    ဒါမှမဟုတ် မေ့လျော့ခံ ယဉ်ကျေးမှုရဲ့
    ပျောက်သွားတဲ့ အသိသုတလား။
  • 4:19 - 4:21
    ဘာလို့ သင်ထင်သလဲ။
Title:
ကမ္ဘာ့ အဆန်းကြယ်ဆုံး စာအုပ် Stephen Bax
Speaker:
Stephen Bax
Description:

သင်ခန်းစာ အပြည့်အစုံကို http://ed.ted.com/lessons/the-world-s-most-mysterious-book-stephen-bax တွင်ကြည့်ရှုပါ။
Yale's Beinecke Rare Book နဲ့ Manuscript Library ရဲ့ အတွင်းဘက်ကျကျ နေရာမှာ စာမျက်နှာ ၂၄၀ ပါတဲ့ ကျမ်းကြီး ရှိပါတယ်။ မကြာသေးမီ ကာဗွန်နည်းအရ ၁၄၂၀ ဝန်းကျင်က ဖြစ်တယ်လို့ သိလာရတဲ့ ၎င်ထဲမှာ ကွင်းဆက်ဖြစ်နေတဲ့ လက်ရေးနဲ့ လက်နဲ့ဆွဲထားတဲ့ ရုပ်ပုံတွေဟာဖြင့်
အိပ်မက်တစ်ခုထဲကနေ ခိုးထားတယ်လို့ ထင်ရပါတယ်။ ဒါကို Voynich လက်ရေးမူလို့ခေါ်ပြီး ဒါဟာ သမိုင်းရဲ ဖြေရှင်းလို့မရတဲ့ အကြီးဆုံး လျှို့ဝှက်ဆန်းကြယ်မှုတွေထဲက တစ်ခုပါ။
သင်ခန်းစာကို Stephen Bax ကပြုစုပြီး လှုပ်ရှားရုပ်ပုံတွေကိုတော့ TED-Ed က ဖန်တီးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:43

Burmese subtitles

Revisions