Return to Video

လူတွေနားထောင်ချင်လာအောင် စကားပြောဆိုနည်း

  • 0:02 - 0:04
    လူသားရဲ့အသံ၊
  • 0:04 - 0:06
    ဒါဟာ ကျွန်တော်တို့အားလုံး အသုံးပြုနေကြတဲ့ တူရိယာပစ္စည်းပါ။
  • 0:06 - 0:08
    ကမ္လာပေါ်မှာ စွမ်းအားအကောင်းဆုံး အသံ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
  • 0:08 - 0:10
    ဒီအသံတစ်ခုတည်းကပဲ စစ်ပွဲတစ်ခုကို စတင်ဖြစ်ပေါ်စေနိူင်ပြီး
  • 0:10 - 0:12
    "ချစ်တယ်"လို့လဲ ပြောဆိုနိူင်ပါတယ်။
  • 0:12 - 0:13
    ဒါပေမဲ့ လူတော်တော်များများ တွေ့ကြုံနေရတာက သူတို့စကားပြောတဲ့အခါ
  • 0:13 - 0:16
    လူတွေက သူတို့ကို နားမထောင်ကြဘူးဆိုတာပါ။
  • 0:16 - 0:17
    ဒီတော့ ဘာလို့အဲလို ဖြစ်ရတာပါလိမ့်။
  • 0:17 - 0:19
    ကမ္ဘာကြီးမှာ အပြောင်းအလဲဖြစ်ပေါ်ဖို့ ဘယ်ပုံဘယ်နည်းနဲ့
  • 0:19 - 0:21
    ကျွန်တော်တို့တွေ အားကောင်းမောင်းသန်နဲ့ စကားပြောဆိုနိူင်ကြမလဲ။
  • 0:21 - 0:23
    ကျွန်တော် အကြံပြုချင်တာကတော့ ကျွန်တော်တို့တွေမှာ
  • 0:23 - 0:25
    ဖယ်ရှားပစ်ဖို့လိုအပ်နေတဲ့ အမူအကျင့် တော်တော်များများရှိပါတယ်။
  • 0:25 - 0:27
    ဒီမှာတော့ ခင်ဗျားတို့ သဘောကျဖြစ်ဖို့အတွက် စကားပြောခြင်းနဲ့ပတ်သက်တဲ့
  • 0:27 - 0:29
    အပြစ်ကြီး (၇)ပါးကို ကျွန်တော်စုစည်းထားပေးပါတယ်။
  • 0:29 - 0:32
    ကျွန်တော့အနေနဲ့ ဒါဟာ ပြီးပြည့်စုံတဲ့စာရင်းတစ်ခုလို့တော့ ဟိတ်ဟန်ထုတ်မနေပါဘူးဗျာ။
  • 0:32 - 0:35
    ဒါပေမဲ့ ကျွန်တော့အထင်တော့ ဒီ(၇)ခုဟာ ကျွန်တော်တို့အားလုံး ခွဲခြမ်းစိတ်ဖြာနိူင်တဲ့
  • 0:35 - 0:37
    တော်တော်လေးကြီးမားတဲ့ အမူအကျင့်တွေပါပဲ။
  • 0:37 - 0:40
    ပထမတစ်ခုက အတင်းအဖျင်းပေါ့၊
  • 0:40 - 0:43
    လူတစ်ယောက်ရဲ့ နောက်ကွယ်မှာ အဲဒီလူရဲ့အကြောင်း မကောင်းပြောခြင်းပေါ့ဗျာ။
  • 0:43 - 0:44
    ကောင်းတဲ့အမူအကျင့်တစ်ခုတော့ မဟုတ်ဘူးဗျ။ အတင်းအဖျင်းပြောနေတဲ့ လူတစ်ယောက်ဟာ
  • 0:44 - 0:47
    နောက်(၅)မိနစ်လောက်ကြာပြီးတဲ့ခါ ကျွန်တော်တို့ အကြောင်းကိုလည်းပြောနေလိမ့်ဦးမယ်ဆိုတာ
  • 0:47 - 0:50
    ကျွန်တော်တို့ ကောင်းကောင်းကြီးကို သိတာပေါ့ဗျာ။
  • 0:50 - 0:52
    ဒုတိယတစ်ခုကတော့ ထင်မြင်ချက်ပေးခြင်းပါ။
  • 0:52 - 0:53
    စကားဝိုင်းထဲက ဒီလိုလူမျိုးတွေကို ကျွန်တော်တို့ သိပါတယ်။
  • 0:53 - 0:55
    အကယ်လို့ ခင်ဗျားဟာ ထင်မြင်ချက်ပေးခြင်းတာခံနေရပြီး ၊
  • 0:55 - 0:58
    တစ်ချိန်တည်းမှာပဲ ပြစ်ချက်ရှိတယ်ဆိုတာ ခင်ဗျား သိရှိလိုက်ရင်
  • 0:58 - 1:00
    တစ်ယောက်ယောက်ကို နားစိုက်ထောင်ဖို့ဆိုတာ တော်တော်ခက်ပါတယ်
  • 1:00 - 1:02
    တတိယတစ်ခုကတော့ အပျက်သဘောဆောင်ခြင်းပါ။
  • 1:02 - 1:04
    ဒါကို ခင်ဗျား ခွဲခြမ်း စိတ်ဖြာနိူင်ပါတယ်။
  • 1:04 - 1:05
    ကျွန်တော့ရဲ့အမေပေါ့၊ သူ့ဘဝရဲ့ နောင်ဆုံးနှစ်တွေမှာ
  • 1:05 - 1:07
    တော်တော်လေး အရမ်း၊ အရမ်းကို အပျက်သဘောဆောင်ခဲ့တာပေါ့။
  • 1:07 - 1:09
    တစ်နေ့ကိုမှတ်မိသေးတယ်ဗျာ။
  • 1:09 - 1:10
    ကျွန်တော်သူ့ကို ပြောလိုက်တာက "အောက်တိုဘာလ (၁)ရက်နေ့လေ"လို့။
  • 1:10 - 1:13
    သူမပြန်ပြောတာက "ငါသိတယ်၊ ကြောက်စရာကောင်းတဲ့ နေ့ပဲမဟုတ်ဘူးလား"တဲ့လေ။
  • 1:13 - 1:15
    (ရယ်သံများ)
  • 1:15 - 1:18
    တစ်စုံတစ်ယောက်က ဒီလို အပျက်သဘောဖြစ်နေတဲ့အခါမှာ နားထောင်ဖို့မလွယ်ဘူးလေ။
  • 1:18 - 1:21
    အပျက်သဘော နောက်တစ်ခုကတော့ ညည်းညူခြင်းပဲဆိုပါတော့ဗျာ။
  • 1:21 - 1:26
    ကောင်းပြီ၊ ဒါဟာ U.K. မှာရှိတဲ့ အမျိုးသား အနုပညာပဲဖြစ်ပါတယ်။
  • 1:26 - 1:28
    ဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားအားကစားပါပဲ။
  • 1:28 - 1:30
    ကျွန်တော်တို့တွေဟာ မိုးလေဝသနဲ့ ပတ်သက်ပြီး၊ အားကစားနဲ့ ပတ်သက်ပြီး၊ နိူင်ငံရေးနဲ့ ပတ်သက်ပြီး၊ အရာရာနဲ့ ပတ်သက်ပြီးတော့ကို ညည်းညူတတ်ကြပါတယ်။
  • 1:30 - 1:32
    ဒါပေမဲ့ တကယ်တမ်းကျတော့ ညည်းညူခြင်းဆိုတာဟာ ကူးစက်တတ်တဲ့ စိတ်ဆင်းရဲမှုပဲလေ။
  • 1:32 - 1:36
    ဒါဟာ ကမ္ဘာပေါ်မှာ နေရာင်ခြည်နဲ့ လင်းပမှုကို ဖြန့်ကြက်ပေးတာ မဟုတ်ပါဘူး။
  • 1:36 - 1:39
    ဆင်ခြေဆင်လက်တွေ၊ ဒီကောင်ကို ကျွန်တော်တို့အားလုံး ဆုံကြဖူးပါတယ်။
  • 1:39 - 1:41
    ကျွန်တော်တို့အားလုံးဟာ ဒီအကောင်ဖြစ်ချင်ဖြစ်ခဲ့ဖူးကြမှာပေါ့။
  • 1:41 - 1:43
    တစ်ချို့လူတွေကတော့ အပြစ်လွှဲတတ်ကြသူတွေပါ။
  • 1:43 - 1:46
    သူတို့တွေဟာ လူတိုင်းကို အပြစ်လွှဲတတ်ကြပြီး၊
  • 1:46 - 1:47
    သူတို့ရဲ့လုပ်ဆောင်မှုတွေအတွက် တာဝန်မယူတတ်ကြဘူးလေ။
  • 1:47 - 1:50
    ဒီတော့ နောက်တစ်ခုက ဒီလိုဖြစ်နေတဲ့ လူမျိုးတွေကိုလည်း နားထောင်ရတာ အခက်သားကလားဗျာ။
  • 1:50 - 1:53
    နောက်ဆုံးပိတ်မတိုင်မှီလေးပေါ့ဗျာ၊ (၇)ခုထဲက ဆဌမမြောက်ကတော့
  • 1:53 - 1:56
    အကွန့်အညွန့်၊ ပုံကြီးချဲ့ခြင်းဆိုပါတော့ဗျာ။
  • 1:56 - 1:59
    ဒါဟာ ကျွန်တော်တို့ ဘာသာစကားကို အရိုအသေတန်စေတာပေါ့ဗျာ။ တကယ်ဆိုရင် တစ်ခါတစ်လေဆိုပါတော့ဗျာ။
  • 1:59 - 2:00
    ဥပမာပြောရရင်ဗျာ၊ တကယ်လို့ ကျွန်တော်ဟာ
  • 2:00 - 2:02
    တကယ့်ကို အံ့ဩစရာကောင်းတဲ့ တစ်စုံတစ်ရာကို မြင်တွေ့မိတယ်ဆိုပါစို့၊
  • 2:02 - 2:04
    ကျွန်တော် ဒါကို ဘယ်လိုခေါ်ရမလဲဗျာ။
  • 2:04 - 2:06
    (ရယ်သံများ)
  • 2:06 - 2:08
    နောက်ပြီးတော့ ဒီအပိုချဲ့ကားပြောဆိုခြင်းဆိုတာက လိမ်ညာခြင်းဖြစ်လာတော့တာပါပဲ။
  • 2:08 - 2:10
    လိမ်ပြီးရင်းကို လိမ်ကာ၊ လိမ်ကာ နေတော့တာပေါ့။ ပြီးတော့ ကျွန်တော်တို့ကို လိမ်နေတယ်ဆိုတာကို
  • 2:10 - 2:12
    သိနေတဲ့လူမျိုးတွေကိုကျွန်တော်တို့ နားမထောင်ချင်ကြဘူးလေ။
  • 2:12 - 2:15
    နောက်ဆုံးအနေနဲ့ပေါ့ဗျာ၊ တစ်ယူသန်ခြင်းပေါ့၊
  • 2:15 - 2:19
    အချက်အလက်တွေကို ထင်မြင်ချက်တွေနဲ့ ရောသမပြီး ရှုပ်ထွေးအောင်လုပ်ထာတာပေါ့။
  • 2:19 - 2:21
    အကြောင်းအရာ (၂)ခုကို ပေါင်းစပ်ထားတဲ့အခါမှာ
  • 2:21 - 2:22
    ခင်ဗျားဟာ လေကိုပဲ နားထောင်နေတော့မှာပေါ့ဗျာ။ ခင်ဗျားတို့ သိတဲ့အတိုင်းပဲလေဗျာ၊
  • 2:22 - 2:26
    တစ်ယောက်ယောက်က သူတို့ရဲ့ အထင်အမြင်တွေကို အမှန်ဆိုသလိုမျိုး တရစပ်ထိုးနှက်နေလို့ကတော့
  • 2:26 - 2:29
    ဒါကိုနားထောင်ရတာ ခက်တာပေါ့ဗျာ။
  • 2:29 - 2:32
    ဒီတော့ ဒီမှာ စကားပြောဆိုခြင်းဆိုင်ရာ ဆိုးဝါးလှတဲ့ အပြစ်(ရ)ပါးပေါ့ဗျာ။
  • 2:32 - 2:34
    ဒါတွေဟာ ကျွန်တော်တို့ ရှောင်ရှားအပ်တဲ့အရာတွေပဲလို့ ကျွန်တော်ထင်ပါတယ်။
  • 2:34 - 2:37
    ဒါပေမဲ့ ဒီအကြောင်းကို စဉ်းစားလို့ ကောင်းကျိုးတစ်စုံတစ်ရာရှိလို့လားဗျာ။
  • 2:37 - 2:38
    ဟုတ်ကဲ့၊ ရှိပါတယ်ဗျာ။
  • 2:38 - 2:40
    ကျွန်တော် အကြုံပြုလိုတာကတော့ တကယ့်ကို စွမ်းအားကောင်းတဲ့ အုတ်မြစ်
  • 2:40 - 2:43
    (၄)ခုရှိပါတယ်။ ကျွန်တော်တို့ရဲ့ ပြောပုံဆိုပုံတွေ စွမ်းအားပြည့်ဝစေချင်ရင်၊ ကမ္ဘာကြီးကို
  • 2:43 - 2:46
    အပြောင်းအလဲတွေပြုလုပ်ချင်ရင်တော့
  • 2:46 - 2:50
    ကျွန်တော်တို့တွေ ရပ်တည်လို့ရနိူင်မယ့် အခြေခံအုတ်မြစ်တွေပါ။
  • 2:50 - 2:53
    ကံကောင်းချင်တော့ ဒီအကြောင်းတရားတွေကို စကားလုံတစ်လုံး အဖြစ်စာလုံးပေါင်းလို့ရတယ်။
  • 2:53 - 2:56
    စာလုံးက "hail" ဖြစ်ပြီးတော့ သူ့မှာ ကြီးမားတဲ့ အနက်အဓိပ္ပါယ် တစ်ခုလည်းရှိနေပါတယ်။
  • 2:56 - 2:58
    ဒီဥစ္စာကို မိုးပေါ်ကကျလာပြီး၊ ခင်ဗျာတို့ခေါင်းပေါ်ကို လာထိမှန်တယ်လို့
  • 2:58 - 2:59
    ကျွန်တော်ပြောနေတာမဟုတ်ဘူးနော်။
  • 2:59 - 3:00
    ကျွန်တော်ပြောတဲ့အကြောင်းက သူ့ရဲ့ အနက်အဓိပ္ပါယ်ကိုပါ၊
  • 3:00 - 3:03
    ကျွန်တော်တို့တွေဟာ ဒီအုတ်မြစ်တွေပေါ်မှာ ရပ်လိုက်မယ်ဆိုရင်
  • 3:03 - 3:05
    ကျွန်တော်တို့တွေရဲ့ စကားလုံးတွေဟာ တုန့်ပြန်ခံရမယ်ဆိုတာကို ကျွန်တော်စဉ်းစားပုံကို
  • 3:05 - 3:07
    စိတ်ပါလက်ပါနဲ့ ကြိုဆို၊ ဂုဏ်ပြုထောပနာပေးဖို့ပါ။
  • 3:07 - 3:08
    ဒီတော့ ဒီစာလုံးတွေက ဘာကို ကိုယ်စားပြုနေတာပါလိမ့်။
  • 3:08 - 3:10
    ခင်ဗျားတို့မှန်းကြည့်နိူင်မလားဆိုတာ ကြည့်ရအောင်လားဗျာ။
  • 3:10 - 3:13
    H (honesty)ဆိုတဲ့စာလုံးက တကယ်တော့ ရိုးသားမှုပါ၊
  • 3:13 - 3:16
    သင်ပြောတာဟာ မှန်ကန်မှုရှိခြင်း၊ ဖြောင့်မတ်ပြီး ရှင်းလင်းမှုရှိခြင်းဆိုပါတော့ဗျာ။
  • 3:16 - 3:20
    A (authenticity)ဆိုတဲ့စာလုံးက စစ်မှန်မှုပါ၊ သင်ကိုယ်တိုင်ဖြစ်ခြင်းပေါ့ဗျာ။
  • 3:20 - 3:22
    ကျွန်တော့ မိတ်ဆွေတစ်ယောက်ကတော့ ဒါကို
  • 3:22 - 3:24
    ကိုယ်ပိုင်အမှန်တရားအတွင်းမှာ ရပ်တည်ခြင်းလို့ သရုပ်ဖော်လိုက်တယ်၊
  • 3:24 - 3:25
    ဒါဟာ လှပတဲ့ သရုပ်ဖော်ချက်လို့ ကျွန်တော်ထင်ပါတယ်။
  • 3:25 - 3:28
    I (integrity)ဆိုတဲ့ စာလုံးကတော့ တည်ကြည်မှုပါ။ စကားတည်ခြင်းပေါ့။
  • 3:28 - 3:30
    ပြောတာကို တကယ်လုပ်ဆောင်ခြင်းဖြစ်ပြီး၊
  • 3:30 - 3:32
    လူအများက ယုံကြည်ရတဲ့ သူတစ်ယောက်ဖြစ်ခြင်းပါ။
  • 3:32 - 3:35
    နောက်ပြီး L (love) ကတော့ ချစ်ခြင်းမေတ္တာပဲဖြစ်ပါတယ်။
  • 3:35 - 3:37
    ကျွန်တော်ဆိုလိုတာက ကြည်နူးဖွယ်ရာ ချစ်ဇာတ်လမ်း မဟုတ်ပါဘူး။
  • 3:37 - 3:41
    ကျွန်တော် တကယ်ပြောချင်တာက လူအများကို ခုနက အကြောင်းပြချက် (၂)မျိုးအတွက် မေတ္တာထားရှိခြင်းကိုပါ။
  • 3:41 - 3:43
    ပထမအနေနဲ့ လုံးဝပကတိ ရိုးသားမှုဟာ
  • 3:43 - 3:44
    ကျွန်တော်တို့လိုချင်တာ ဟုတ်ချင်မှဟုတ်မှာပါ။
  • 3:44 - 3:47
    ပြောချင်တာက အမယ်လေးဗျာ၊ ဒီမနက်မှာ ခင်ဗျားဟာ ရုပ်ဆိုးလှပါကလား၊
  • 3:47 - 3:50
    ဒါဟာ လိုချင်မှလည်း လိုအပ်မှာပါ။
  • 3:50 - 3:53
    တကယ်တော့ မေတ္တာတရား အရင်းခံတဲ့ ရိုးသားမှုဟာ ကြီးကျယ်မြင့်မြတ်တဲ့အရာတစ်ခုပါ။
  • 3:53 - 3:56
    ဒါပေမဲ့လည်း ရှိသေးတာက အကယ်၍ ခင်ဗျားဟာ တစ်စုံတစ်ယောက်အပေါ် ကောင်းမွန်စေချင်တဲ့ ဆန္ဒရှိနေမယ်ဆိုရင်
  • 3:56 - 3:59
    တစ်ချိန်တည်းမှာပဲ သူတို့ကို သုံးသပ်ဖို့၊ သဘောထားအမြင်ပေးဖို့ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စပါ။
  • 3:59 - 4:02
    ဒီနှစ်ခုစလုံးကိုတစ်ပြိုင်နက်ထဲ ခင်ဗျားလုပ်နိူင်ဖို့ဆိုတာ
  • 4:02 - 4:03
    ကျွန်တော်တောင် မသေချာပါဘူး။
  • 4:03 - 4:05
    ဒီတော့ "h a i l"ပါ။
  • 4:05 - 4:07
    နောက်ပြီးတော့ အခုခင်ဗျားတို့ပြောကြတာက၊
  • 4:07 - 4:08
    ဒါဟာ သီချင်းဟောင်းတစ်ပုဒ်လိုပါပဲပေါ့။ ဒါဟာ ခင်ဗျားတို့ပြောကြတာပါ။
  • 4:08 - 4:10
    ဒါကို ခင်ဗျားတို့ပြောဆိုကြပုံဆိုလည်း ဟုတ်တယ်လေ။
  • 4:10 - 4:12
    ခင်ဗျားမှာက အံ့ဩစရာကောင်းတဲ့ ကိရိယာတွေထည့်ထားတဲ့ သေတ္တာတစ်လုံးရှိတယ်လေ။
  • 4:12 - 4:14
    ဒီကိရိယာက တော်တော်ကို ထူးခြားလှပါတယ်။
  • 4:14 - 4:18
    ဒါပေမဲ့ဗျာ အလွန်နည်းပါးတဲ့ လူတွေလောက်ပဲ ဒီသေတ္တာကိုဖွင့်သုံးဖူးကြတာပါ။
  • 4:18 - 4:19
    ကျွန်တော် ခင်ဗျားတို့နဲ့အတူ နည်းနည်းကလေး အဲဒါကို
  • 4:19 - 4:21
    လှန်လှောမွှေနှောက်ကြည့်ချင်ပါတယ်ဗျာ။ ခင်ဗျားတို့ ထုတ်ယူပြီး ကစားဖို့ နှစ်သက်ကောင်း နှစ်သက်ကြမယ့်
  • 4:21 - 4:23
    ကိရိယာ အနည်းအကျဉ်းလောက်ကိုပဲ ဆွဲထုတ်ပြီးတော့ပေါ့၊၊
  • 4:23 - 4:26
    ဒါက ခင်ဗျားတို့ရဲ့ စကားပြော စွမ်းအားကို တိုးပွားစေမှာပါ။
  • 4:26 - 4:28
    ဥပမာအားဖြင့်တော့ အသံအနိမ့်အမြင့် ဆိုပါတော့ဗျာ။
  • 4:28 - 4:32
    ကဲဒီတော့ အမြင့်သံဟာ အချိန်တော်တော်များများမှာတော့ အသုံးဝင်ချင်မှဝင်မှာပါ။
  • 4:32 - 4:34
    ဒါပေမဲ့ ဒီအကြားမှာ ကြားသံ တစ်ခုရှိတယ်။
  • 4:34 - 4:36
    ဒီအကြောင်းနဲ့ပတ်သက်ပြီး သိပ်ပြီးပညာရပ်ဆန်တာတွေ ပြောမနေတော့ပါဘူးဗျာ။
  • 4:36 - 4:37
    ခင်ဗျားတို့တွေက အသံပိုင်းဆိုင်ရာနည်းပြတွေ မဟုတ်ကြလို့ပါ။
  • 4:37 - 4:39
    ဒါပေမဲ့ဗျာ၊ ခငိဗျားတို့အသံကို ခင်ဗျားတို့ ရှာကြည့်လို့ရတယ်လေ။
  • 4:39 - 4:42
    ဒါကြောင့် ဟောဒီ နှာခေါင်းထဲကနေ ကျွန်တော်ထုတ်ပြောလိုက်ရင် မတူညီတဲ့အသံကို ခင်ဗျားတို့ကြားနိူင်ပါတယ်။
  • 4:42 - 4:43
    ကျွန်တော် ဟောဒီ လည်ချောင်းရဲ့ အောက်ဘက်ကို ဆင်းလိုက်ရင်တော့
  • 4:43 - 4:47
    ဒါက ကျွန်တော်တို့တွေအများစု အချိန်တော်တော်များများမှာ စကားပြောတဲ့ နေရာပေါ့ဗျာ။
  • 4:47 - 4:49
    ဒါပေမဲ့ ခင်ဗျား ဩဇာညောင်းစေချင်ရင်တော့
  • 4:49 - 4:51
    ရင်ခေါင်းအထိဆင်းလိုက်ဖို့လိုတာပေါ့ဗျာ။
  • 4:51 - 4:53
    ခြားနားချက်ကို ခင်ဗျားတို့ ကြားလိုက်လား။
  • 4:53 - 4:57
    နိူင်ငံရေးသမားတွေကို အနိမ့်သံတွေနဲ့ ကျွန်တော်တို့မဲပေးကြတယ်လေ။ ဒါအမှန်ပဲလေ။
  • 4:57 - 5:00
    အကြောင်းကတော့ ကျွန်တော်တို့ဟာ နက်ရှိုင်းမှုကို ဩဇာတိက္ကမနဲ့၊
  • 5:00 - 5:02
    အခွင့်အာဏာနဲ့ ဆက်စပ်တွဲဖက်ကြတယ်လေ။
  • 5:02 - 5:04
    ဒါဟာ အသံအနိမ့်အမြင့် ဆိုတာပါ။
  • 5:04 - 5:06
    နောက်ပြီးတော့ အသံစဉ် အနိမ့်အမြင့် ဆိုတာရှိပါတယ်။
  • 5:06 - 5:07
    ဒါက အသံကို ကျွန်တော်တို့ ခံစားရပုံကိုပြောတာပါ။
  • 5:07 - 5:09
    နောက်ရှိသေးတာက ကျွန်တော်တို့ဟာ ချောကလက်ပူပူလို ကြွယ်ဝ၊ ချောမွေ့ နွေးထွေးတဲ့
  • 5:09 - 5:15
    အသံတွေကို ပိုပြီးလိုလားကြတယ်လို့ သုသေသနပြုချက်က ပြဆိုပါတယ်။
  • 5:15 - 5:18
    ခင်ဗျားတို့ဆီမှာ အဲဒါမရှိဘူးဆိုရင်လည်း ကမ္ဘာကြီးပျက်တော့မယ့် ကိစ္စတော့မဟုတ်ပါဘူးဗျာ။
  • 5:18 - 5:19
    ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ လေ့ကျင့်လို့ရတာကိုး။
  • 5:19 - 5:21
    အသံပိုင်းဆိုင်ရာ နည်းပြတစ်ယောက်ဆီကို သွားပြီး၊ သင်လိုက်ပေါ့။
  • 5:21 - 5:22
    အသက်ရှုခြင်း၊ ကိုယ်ဟန်အနေအထား ပြီးတော့ လေ့ကျင့်ခန်းတွေနဲ့ ပတ်သက်ပြီး
  • 5:22 - 5:25
    ခင်ဗျားတို့ရဲ့ အသံဩဇာ ပိုမိုကောင်းမွန်အောင်လုပ်ဖို့ ခင်ဗျားတို့ လုပ်ဆောင်နိူင်တဲ့
  • 5:25 - 5:27
    ထူးခြားတဲ့အရာတွေအများကြီးရှိပါတယ်။
  • 5:27 - 5:29
    နောက်ပြီးတော့ ကဗျာဖွဲ့ခြင်းပေါ့။ ကျွန်တော်က ကဗျာဖွဲ့တာကို ကြိုက်တယ်ဗျ။
  • 5:29 - 5:31
    ဒါက နိမ့်ချည်၊ မြင့်ချည်နဲ့ ပြောဆိုတဲ့ဟန်ပါ။
  • 5:31 - 5:33
    အဓိပ္ပါယ်ပေါ်လွင်ဖို့ ကျွန်တော်တို့အသုံးပြုကြတဲ့ ဘာသာစကားပဲပေါ့။
  • 5:33 - 5:36
    စကားပြောဆိုရာမှာ အဓိပ္ပါယ်အတွက်တော့ အရင်းခံတစ်ခုပါ။
  • 5:36 - 5:39
    တကယ်လို့ ကဗျာသံ၊ စာသံ လုံးဝကိုမပါပဲ
  • 5:39 - 5:40
    အသံတစ်ပြေးတည်း တောက်လျှောက်ပြောတဲ့သူတွေကို
  • 5:40 - 5:43
    နားထောင်ရတာ တော်တော်ကိုခက်ပါတယ်။
  • 5:43 - 5:46
    ဒါဟာ "ငြီးငွေ့ဖို့ ကောင်းလိုက်တဲ့လောက"ဆိုတဲ့ စကားလုံး ဆင်းသက်လာရာ နေရာပေါ့ဗျာ။
  • 5:46 - 5:48
    ဒါမှမဟုတ် တစ်ခါလာလည်းမဲပြာပုဆိုး၊ အသံတစ်ပြေးတည်း ဆိုတာတွေပေါ့။
  • 5:48 - 5:52
    နောက်ပြီး ထပ်တလဲလဲ ကဗျာဟန်ချည်းပဲ လာလာနေတာလည်းရှိသေးတယ်ဗျ။
  • 5:52 - 5:54
    တကယ့်တကယ်က မေးခွန်းမဟုတ်တဲ့နေရာမှာ မေးခွန်းတစ်ခုလိုမျိုး
  • 5:54 - 5:56
    စာကြောင်းတိုင်းကို အဆုံးသတ်တဲ့ နေရာမှာလေ။ ဒါကတော့ အဆိုပြုချက်တစ်ခုပါ။
  • 5:56 - 5:59
    (ရယ်သံများ)
  • 5:59 - 6:01
    ခင်ဗျားဟာ တစ်ခုတည်းကို ထပ်ခါထပ်ခါ ပြောနေတယ်ဆိုရင်
  • 6:01 - 6:03
    ဒါ တကယ်တော့ ကဗျာသံဟန်နဲ့ ဆက်သွယ်ဖို့
  • 6:03 - 6:04
    ခင်ဗျားရဲ့ အစွမ်းကို ကန့်သတ်နေတာပေါ့ဗျာ။
  • 6:04 - 6:06
    ကျွန်တော့ အထင်တော့ ဒါဟာ ရှက်စရာကောင်းပါတယ်ဗျာ။
  • 6:06 - 6:09
    ဒါကြောင့် ဒီအမူအကျင့်ကို ကြိုးစားပြီး ဖျောက်ကြရအောင်လားဗျာ။
  • 6:09 - 6:11
    အရှိန်။ တကယ့်ကို မြန်မြန်သွက်သွက်ပြောလိုက်ခြင်းအားဖြင့်
  • 6:11 - 6:12
    အရမ်း၊ အရမ်းကို စိတ်လှုပ်ရှားတဲ့ခံစားမှုကို ကျွန်တော် ရနိူင်တာပေါ့ဗျာ။
  • 6:12 - 6:17
    ဒါမှမဟုတ်လည်း အလေးအနက်ပြုလိုတဲ့အခါကျတော့ အရှိန်လျော့ချလို့ရတာပေါ့။
  • 6:17 - 6:19
    ပြီးတော့ တကယ်တော့ အဲဒါရဲ့ အဆုံးသတ်ကတော့ ကျွန်တော်တို့ရဲ့ မိတ်ဆွေဟောင်းကြီး
  • 6:19 - 6:21
    တိတ်ဆိတ်ခြင်းပေါ့ဗျာ။
  • 6:23 - 6:24
    ဟောပြောချက်တစ်ခုမှာ မဆိုစလောက်ကလေး တိတ်ဆိတ်သွားတာဟာ
  • 6:24 - 6:27
    ဘာမှမဖြစ်မသွားဘူး၊ မဟုတ်လား။
  • 6:27 - 6:29
    ဒါကို အင်တွေ၊ အာတွေနဲ့ ဖြည့်ဖို့ မလိုပါဘူး။
  • 6:29 - 6:32
    ဒါက အရမ်းကို စွမ်းအားကြီးသွားနိူင်တယ်လေ။
  • 6:32 - 6:34
    တကယ်တမ်းကျတော့ နှိုးဆွမှုကို ဖော်ပြဖို့ကျတော့ အသံအနိမ့်အမြင့်က သွက်လက်မှုနဲ့
  • 6:34 - 6:37
    မကြာခဏ ပူးပေါင်းလုပ်ဆောင်ပါတယ်။ ဒါပေမဲ့လည်း ဒါကို အသံအနိမ့်အမြင့်နဲ့ပဲ လုပ်လို့ရပါတယ်။
  • 6:37 - 6:38
    ကျွန်တော့ သော့တွေ ဘယ်မှာထားခဲ့လဲ။
  • 6:38 - 6:40
    ကျွန်တော့ သော့တွေ ဘယ်မှာထားခဲ့လဲ။
  • 6:40 - 6:42
    ဒီတော့ အဲဒီပြောဆိုဟန် (၂)ခုမှာ အဓိပ္ပါယ်ကတော့
  • 6:42 - 6:44
    အနည်းငယ်ကွဲပြားပါတယ်။
  • 6:44 - 6:46
    နောက်ဆုံးအနေနဲ့ကတော့ အသံအတိုးအကျယ်ပေါ့။
  • 6:46 - 6:50
    အသံအတိုးအကျယ်ကို အသုံးပြုပြီးတော့ တကယ့်စိတ်လှုပ်ရှားမှုကို ရနိူင်တယ်လေ။
  • 6:50 - 6:52
    ကျွန်တော် တစ်ယောက်ယောက်ကို အထတ်တလန့်လုပ်မိသွားတယ်ဆိုရင် တောင်းပန်ပါတယ်ဗျာ။
  • 6:52 - 6:54
    ဒါမှမဟုတ်လည်း အရမ်းကို တိတ်ဆိတ်တဲ့နည်းလမ်းနဲ့ ခင်ဗျားတို့ရဲ့
  • 6:54 - 6:56
    အာရုံစိုက်မှုကို ကျွန်တော်ရနိူင်ပါတယ်။
  • 6:56 - 6:58
    တစ်ချို့တွေကတော့ တစ်ချိန်လုံးကို ဟောပြောနေကြပါတယ်။
  • 6:58 - 7:00
    ဒါကို မလုပ်မိအောင် ကြိုးစားကြပါ။
  • 7:00 - 7:03
    ဒါကို မကြားဝံ့၊ မနာသာပြောဆိုခြင်း လို့ခေါ်ပါတယ်။
  • 7:03 - 7:06
    ခင်ဗျားရဲ့အသံကို အနီးတစ်ဝိုက်မှာရှိတဲ့ လူတွေအပေါ်ကို
  • 7:06 - 7:09
    ဂရုမစိုက်ပဲ၊ ကိုယ်ချင်းမစာပဲ ရိုက်သွင်းနေတာလေ။ နားထောင်မကောင်းပါဘူးဗျာ။
  • 7:09 - 7:12
    တကယ်တမ်းကျတော့ ဒါအားလုံး အများဆုံး သင်ဝင်လှုပ်ရှားတဲ့ နေရာကတော့
  • 7:12 - 7:14
    ကျွန်တော်တို့တွေ တကယ်ကို အရေးတကြီး လုပ်ဆောင်စရာရှိတဲ့အချိန်တွေမှာပါ။
  • 7:14 - 7:16
    ဒီလိုမျိုး စင်ပေါ်မှာရပ်နေပြီး လူတွေကို ဟောပြောမယ့်
  • 7:16 - 7:17
    အချိန်မျိုးဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
  • 7:17 - 7:20
    မင်္ဂလာပွဲမှာဆုတောင်းပတ္ထနာပြုနေချိန်
  • 7:20 - 7:23
    မင်္ဂလာစကားမြွက်ကြားပေးဖို့ တောင်းခံနေချိန်လည်း ဖြစ်ကောင်းဖြစ်မှာပါ။
  • 7:23 - 7:25
    ဘာပဲဖြစ်ဖြစ်ပါ၊ ဒါဟာ တကယ်ကို အရေးကြီးပါတယ်။
  • 7:25 - 7:28
    ဒီကိရိယာတန်ဆာပလာ ထည့်တဲ့ဘူးကို ကြည့်ရှု ထိန်သိမ်းဖို့နဲ့ စက်လည်ပတ်ဖို့ကတော့
  • 7:28 - 7:31
    ခင်ဗျားကိုယ်တိုင်ပဲ တာဝန်ရှိတာပေါ့ဗျာ။
  • 7:31 - 7:34
    စက်ကို နွှေးမထားလို့ကတော့ ဘယ်စက်ကမှ လည်ပတ်မှာမဟုတ်ပါဘူးဗျာ။
  • 7:34 - 7:36
    ခင်ဗျားတို့အသံကို နွှေးထားလိုက်ပါတော့။
  • 7:36 - 7:37
    အမှန်ကတော့ဗျာ ဒါကို ဘယ်လိုလုပ်ဆောင်တယ်ဆိုတာကို ခင်ဗျားတို့ကို ကျွန်တော်ပြသပါရစေ။
  • 7:37 - 7:41
    ခင်ဗျားတို့အားလုံး တစ်ဆိတ်လောက် မတ်တပ်ရပ်ပေးလို့ရမလားဗျာ။
  • 7:41 - 7:43
    ကွန်တော်ဟောပြောပွဲမတိုင်ခင်တိုင်းမှာ ပြုလုပ်တဲ့ အသံပိုင်းဆိုင်ရာ
  • 7:43 - 7:47
    သွေးပူလေ့ကျင့်ခန်း (၆)ခုကို ပြသပေးတော့မှာမို့လို့ပါ။
  • 7:47 - 7:50
    ဘယ်ပုဂ္ဂိုလ်မျိုးကို မဆို တစ်ချိန်ချိန်မှာ အရေးကြီးတဲ့ စကားပြောရတော့မယ်ဆိုရင် ဒါတွေကို လုပ်လိုက်ပါတော့။
  • 7:50 - 7:53
    ပထမ လက်မောင်းတွေကို မြောက်လိုက်၊ အသက်ပြင်းပြင်းရှု၊
  • 7:53 - 7:56
    ပြီးတော့ ရှိုက်ထုတ်လိုက်၊ အားဟား........ဒီလိုမျိုးပေါ့။
  • 7:56 - 7:57
    နောက်တစ်ခေါက်လောက်ထပ်လုပ်လိုက်ပါဦး။
  • 7:57 - 8:00
    အားဟား....အရမ်းကောင်းတယ်။
  • 8:00 - 8:02
    ကဲအခု ကျွန်တော်တို့ရဲ့နှုတ်ခမ်းတွေကို သွေးပူလေ့ကျင့်ခန်းလုပ်ပါတော့မယ်။
  • 8:02 - 8:04
    ကျွန်တော်တို့ ဘာ ဘာ ဘာ ဘာ ဘာ ဘာ ဘာ ဘာ လို့အော်တော့မယ်။
  • 8:04 - 8:07
    သိပ်ကောင်းတယ်။
  • 8:07 - 8:08
    ကဲအခုတော့ "ဘရား.......".
  • 8:11 - 8:12
    ခင်ဗျားတို့ ကလေးလေးအရွယ်တုန်းကလိုလေ။ "
  • 8:12 - 8:15
    ဘရား....."။ အခုဆိုရင်ခင်ဗျားတို့ နှုတ်ခမ်းတွေဟာ အသက်ဝင်လောက်ပြီပေါ့ဗျာ။
  • 8:15 - 8:16
    နောက်ပြီး လာ လာ လာ လာ လာ လာ လာ လာ လာ ဆိုပြီး
  • 8:16 - 8:21
    ချဲ့ကားလွန်းတဲ့နည်းနဲ့ လျှာကို လေ့ကျင့်ခန်း လုပ်ကြတော့မှာပါ။
  • 8:21 - 8:22
    မိုက်တယ်ဗျာ။ ခင်းဗျားတို့ဟာ တော်တော် တော်တဲ့လူတွေပဲဗျာ။
  • 8:22 - 8:26
    နောက်ပြီးတော့ "ရ..."ဆိုပြီးလျှာကို လိပ်လိုက်ပါ။
  • 8:26 - 8:28
    ဒါကတော့ ရှန်ပိန်ကို လျှာပေါ်တို့လိုက်သလိုမျိုးပဲဗျို့။
  • 8:28 - 8:30
    နောက်ဆုံးတစ်ခုကတော့ ဒါနဲ့ ခင်ဗျားတို့အနေနဲ့ ဒီတစ်ခုကိုပဲ လုပ်နိူင်တယ်ဆိုရင် ပေါ့၊
  • 8:30 - 8:32
    ဆရာကြီးတွေကတော့ ဒါကို "အချက်ပေးဥဩသံ"လို့ခေါ်ကြတယ်ဗျ။
  • 8:32 - 8:35
    ဒါကတော်တော်ကောင်းပါတယ်။ "ဝီး"ဆိုတဲ့အသံနဲ့စတင်ပြီး၊ နောက် "အော်"လို့ဆိုလိုက်တယ်။
  • 8:35 - 8:36
    ။ "ဝီး"ဆိုတာက အမြင့်သံ၊ "အော်"ဆိုတာက အနိမ့်သံ။
  • 8:36 - 8:43
    ဒီတော့ ခင်ဗျားတို့ဆိုလိုက်တာက "ဝီးအော်"၊ ဝီးအော်" နဲ့ပေါ့။
  • 8:43 - 8:45
    ကောင်းလိုက်တာဗျာ။ ကိုယ့်ကိုကိုယ် လက်ခုပ်ဩဘာသံလေး တစ်လှည့်လောက် ပေးလိုက်ကြပါဦးဗျာ။
  • 8:45 - 8:48
    ထိုင်နိူင်ကြပါပြီဗျာ၊ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)
  • 8:48 - 8:50
    နောက်တစ်ခါ ခင်ဗျားတို့ စကားပြောတဲ့အခါ ဒါတွေကိုကြိုတင်လုပ်ထားလိုက်ကြပေတော့ဗျို့။
  • 8:50 - 8:53
    ကဲအခုတော့ အဆုံးသတ်ဖို့ ဒါကို ဆက်စပ်စဉ်းစားရမယ့် အကြောင်းအရာထဲမှာ ထည့်သွင်းပါရစေဗျာ။
  • 8:53 - 8:55
    အရေးကြီးတဲ့ အချက်တစ်ခုက ဒီမှာပါ။
  • 8:55 - 8:57
    ဒါက အခုကျွန်တော်တို့ရှိနေကြတဲ့နေရာလေ၊ ဟုတ်တယ်နော်။
  • 8:57 - 8:59
    ဆူညံပြီးတော့ အသံအရည်အသွေးညံ့ဖျင်းတဲ့ ပတ်ဝန်းကျင်မှာ ထိုင်နေကြတဲ့
  • 8:59 - 9:00
    လူတွေဟာ ဘယ်လိုမှ နားထောင်လို့ မရဘူးဆိုတော့ ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် စကားဘယ်လိုပြောရနိုင်မလဲ။
  • 9:03 - 9:05
    ကျွန်တော် ဒီအကြောင်းကို အဆင့်မျိုးမျိုးနဲ့
  • 9:05 - 9:07
    ဒီစင်မြင့်ပေါ်မှာ ဟောပြောပြီးပါပြီ။
  • 9:07 - 9:08
    အကယ်၍များ ရည်ရွယ်ချက်နဲ့ တကယ်ကို ကိုက်ညီမှုရှိတဲ့
  • 9:08 - 9:10
    ပတ်ဝန်းကျင်တွေမှာ နိူးနိူးကြားကြားနဲ့ နားထောင်သူတွေကို ကျွန်တော်တို့တွေဟာ
  • 9:10 - 9:12
    အားကောင်းမောင်းသန်နဲ့ စကားပြောနေကြမယ်ဆိုရင် လောကကြီးက
  • 9:12 - 9:16
    ဘယ်လိုများဖြစ်နေမှာပါလိမ့်မလဲဗျာ ဘယ်လိုများဖြစ်နေမှာပါလိမ့်မလဲ။
  • 9:16 - 9:19
    ဒါမှမဟုတ်လည်း နည်းနည်းလေး အကျယ်ချဲ့လိုက်ပြီးတော့ဗျာ၊ ကျွန်တော်တို့တွေဟာ
  • 9:19 - 9:20
    အသံကို သတိရှိရှိနဲ့ ဖန်တီးနေပြီးတော့၊
  • 9:20 - 9:22
    အသံကို သတိရှိရှိ အသုံးပြုပြီး
  • 9:22 - 9:24
    အသံအတွက် ကျွန်တော်တို့ ပတ်ဝန်းကျင်ကိုတွေကို
  • 9:24 - 9:26
    သတိရှိရှိ ပုံဖေါ်နေကြတယ်ဆိုရင်ရောဗျာ လောကကြီးက
  • 9:26 - 9:27
    ဘယ်လိုများဖြစ်နေမှာပါလိမ့်မလဲ။
  • 9:27 - 9:31
    လှပတဲ့ အသံများဖြင့် ပြည့်နေမယ့် လောကတစ်ခုဖြစ်နေတော့မှာပေါ့ဗျာ။
  • 9:31 - 9:33
    နားလည်မှုဆိုတာက ပုံမှန်စံတစ်ခုဖြစ်နေမယ့်
  • 9:33 - 9:35
    နေရာတစ်ခုပဲပေါ့။
  • 9:35 - 9:37
    နောက်ပြီးတော့ ဒါဟာ စိတ်ကူးတစ်ခု ဖြန့်ကျက်နိူင်ပေးနိူင်မယ့်နေရာပေပဲပေါ့ဗျာ။
  • 9:37 - 9:40
    ကျေးဇူးတင်ပါတယ်။
  • 9:40 - 9:41
    ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)
Title:
လူတွေနားထောင်ချင်လာအောင် စကားပြောဆိုနည်း
Speaker:
ဂျူလီယန် ထရေးရှား (Julian Treasure)
Description:

သင်ကတော့ ပြောဆိုနေပြီး ဘယ်သူကမှနားမထောင်နေတာမျိုး သင်ခံစားဖူးပါသလား။ ဒီမှာ ဂျူလီယန် ထရေရှာက ကူညီပါလိမ့်မယ်။ ဒီ အသုံးဝင်လှတဲ့ ဟောပြောချက်ထဲမှာ အသံပိုင်းဆိုင်ရာ ကျွမ်းကျင်သူက အင်တိုက်အားတိုက်နဲ့ ပြောဆိုရမယ့်နည်းလမ်းတွေကို ညွှန်းပြထားပါတယ်။ အသုံးပြုရတာ အဆင်ပြေတဲ့ အသံပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတစ်ချို့ကနေပြီးတော့ စာနာစိတ်ထားပြီး ဘယ်လိုပြောဆိုရမယ်ဆိုတဲ့ အကြံပြုနည်းလမ်းတွေကိုပါ လမ်းညွန်ပေးထားပါတယ်။ ကမ္ဘာကြီးကို ပိုပြီး နားဝင်ချိုစေဖို့ အကူအညီပေးကောင်းပေးနိူင်မယ့် ဟောပြောချက်တစ်ခုပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
09:58

Burmese subtitles

Revisions