လူသားရဲ့အသံ၊ ဒါဟာ ကျွန်တော်တို့အားလုံး အသုံးပြုနေကြတဲ့ တူရိယာပစ္စည်းပါ။ ကမ္လာပေါ်မှာ စွမ်းအားအကောင်းဆုံး အသံ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒီအသံတစ်ခုတည်းကပဲ စစ်ပွဲတစ်ခုကို စတင်ဖြစ်ပေါ်စေနိူင်ပြီး "ချစ်တယ်"လို့လဲ ပြောဆိုနိူင်ပါတယ်။ ဒါပေမဲ့ လူတော်တော်များများ တွေ့ကြုံနေရတာက သူတို့စကားပြောတဲ့အခါ လူတွေက သူတို့ကို နားမထောင်ကြဘူးဆိုတာပါ။ ဒီတော့ ဘာလို့အဲလို ဖြစ်ရတာပါလိမ့်။ ကမ္ဘာကြီးမှာ အပြောင်းအလဲဖြစ်ပေါ်ဖို့ ဘယ်ပုံဘယ်နည်းနဲ့ ကျွန်တော်တို့တွေ အားကောင်းမောင်းသန်နဲ့ စကားပြောဆိုနိူင်ကြမလဲ။ ကျွန်တော် အကြံပြုချင်တာကတော့ ကျွန်တော်တို့တွေမှာ ဖယ်ရှားပစ်ဖို့လိုအပ်နေတဲ့ အမူအကျင့် တော်တော်များများရှိပါတယ်။ ဒီမှာတော့ ခင်ဗျားတို့ သဘောကျဖြစ်ဖို့အတွက် စကားပြောခြင်းနဲ့ပတ်သက်တဲ့ အပြစ်ကြီး (၇)ပါးကို ကျွန်တော်စုစည်းထားပေးပါတယ်။ ကျွန်တော့အနေနဲ့ ဒါဟာ ပြီးပြည့်စုံတဲ့စာရင်းတစ်ခုလို့တော့ ဟိတ်ဟန်ထုတ်မနေပါဘူးဗျာ။ ဒါပေမဲ့ ကျွန်တော့အထင်တော့ ဒီ(၇)ခုဟာ ကျွန်တော်တို့အားလုံး ခွဲခြမ်းစိတ်ဖြာနိူင်တဲ့ တော်တော်လေးကြီးမားတဲ့ အမူအကျင့်တွေပါပဲ။ ပထမတစ်ခုက အတင်းအဖျင်းပေါ့၊ လူတစ်ယောက်ရဲ့ နောက်ကွယ်မှာ အဲဒီလူရဲ့အကြောင်း မကောင်းပြောခြင်းပေါ့ဗျာ။ ကောင်းတဲ့အမူအကျင့်တစ်ခုတော့ မဟုတ်ဘူးဗျ။ အတင်းအဖျင်းပြောနေတဲ့ လူတစ်ယောက်ဟာ နောက်(၅)မိနစ်လောက်ကြာပြီးတဲ့ခါ ကျွန်တော်တို့ အကြောင်းကိုလည်းပြောနေလိမ့်ဦးမယ်ဆိုတာ ကျွန်တော်တို့ ကောင်းကောင်းကြီးကို သိတာပေါ့ဗျာ။ ဒုတိယတစ်ခုကတော့ ထင်မြင်ချက်ပေးခြင်းပါ။ စကားဝိုင်းထဲက ဒီလိုလူမျိုးတွေကို ကျွန်တော်တို့ သိပါတယ်။ အကယ်လို့ ခင်ဗျားဟာ ထင်မြင်ချက်ပေးခြင်းတာခံနေရပြီး ၊ တစ်ချိန်တည်းမှာပဲ ပြစ်ချက်ရှိတယ်ဆိုတာ ခင်ဗျား သိရှိလိုက်ရင် တစ်ယောက်ယောက်ကို နားစိုက်ထောင်ဖို့ဆိုတာ တော်တော်ခက်ပါတယ် တတိယတစ်ခုကတော့ အပျက်သဘောဆောင်ခြင်းပါ။ ဒါကို ခင်ဗျား ခွဲခြမ်း စိတ်ဖြာနိူင်ပါတယ်။ ကျွန်တော့ရဲ့အမေပေါ့၊ သူ့ဘဝရဲ့ နောင်ဆုံးနှစ်တွေမှာ တော်တော်လေး အရမ်း၊ အရမ်းကို အပျက်သဘောဆောင်ခဲ့တာပေါ့။ တစ်နေ့ကိုမှတ်မိသေးတယ်ဗျာ။ ကျွန်တော်သူ့ကို ပြောလိုက်တာက "အောက်တိုဘာလ (၁)ရက်နေ့လေ"လို့။ သူမပြန်ပြောတာက "ငါသိတယ်၊ ကြောက်စရာကောင်းတဲ့ နေ့ပဲမဟုတ်ဘူးလား"တဲ့လေ။ (ရယ်သံများ) တစ်စုံတစ်ယောက်က ဒီလို အပျက်သဘောဖြစ်နေတဲ့အခါမှာ နားထောင်ဖို့မလွယ်ဘူးလေ။ အပျက်သဘော နောက်တစ်ခုကတော့ ညည်းညူခြင်းပဲဆိုပါတော့ဗျာ။ ကောင်းပြီ၊ ဒါဟာ U.K. မှာရှိတဲ့ အမျိုးသား အနုပညာပဲဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားအားကစားပါပဲ။ ကျွန်တော်တို့တွေဟာ မိုးလေဝသနဲ့ ပတ်သက်ပြီး၊ အားကစားနဲ့ ပတ်သက်ပြီး၊ နိူင်ငံရေးနဲ့ ပတ်သက်ပြီး၊ အရာရာနဲ့ ပတ်သက်ပြီးတော့ကို ညည်းညူတတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ညည်းညူခြင်းဆိုတာဟာ ကူးစက်တတ်တဲ့ စိတ်ဆင်းရဲမှုပဲလေ။ ဒါဟာ ကမ္ဘာပေါ်မှာ နေရာင်ခြည်နဲ့ လင်းပမှုကို ဖြန့်ကြက်ပေးတာ မဟုတ်ပါဘူး။ ဆင်ခြေဆင်လက်တွေ၊ ဒီကောင်ကို ကျွန်တော်တို့အားလုံး ဆုံကြဖူးပါတယ်။ ကျွန်တော်တို့အားလုံးဟာ ဒီအကောင်ဖြစ်ချင်ဖြစ်ခဲ့ဖူးကြမှာပေါ့။ တစ်ချို့လူတွေကတော့ အပြစ်လွှဲတတ်ကြသူတွေပါ။ သူတို့တွေဟာ လူတိုင်းကို အပြစ်လွှဲတတ်ကြပြီး၊ သူတို့ရဲ့လုပ်ဆောင်မှုတွေအတွက် တာဝန်မယူတတ်ကြဘူးလေ။ ဒီတော့ နောက်တစ်ခုက ဒီလိုဖြစ်နေတဲ့ လူမျိုးတွေကိုလည်း နားထောင်ရတာ အခက်သားကလားဗျာ။ နောက်ဆုံးပိတ်မတိုင်မှီလေးပေါ့ဗျာ၊ (၇)ခုထဲက ဆဌမမြောက်ကတော့ အကွန့်အညွန့်၊ ပုံကြီးချဲ့ခြင်းဆိုပါတော့ဗျာ။ ဒါဟာ ကျွန်တော်တို့ ဘာသာစကားကို အရိုအသေတန်စေတာပေါ့ဗျာ။ တကယ်ဆိုရင် တစ်ခါတစ်လေဆိုပါတော့ဗျာ။ ဥပမာပြောရရင်ဗျာ၊ တကယ်လို့ ကျွန်တော်ဟာ တကယ့်ကို အံ့ဩစရာကောင်းတဲ့ တစ်စုံတစ်ရာကို မြင်တွေ့မိတယ်ဆိုပါစို့၊ ကျွန်တော် ဒါကို ဘယ်လိုခေါ်ရမလဲဗျာ။ (ရယ်သံများ) နောက်ပြီးတော့ ဒီအပိုချဲ့ကားပြောဆိုခြင်းဆိုတာက လိမ်ညာခြင်းဖြစ်လာတော့တာပါပဲ။ လိမ်ပြီးရင်းကို လိမ်ကာ၊ လိမ်ကာ နေတော့တာပေါ့။ ပြီးတော့ ကျွန်တော်တို့ကို လိမ်နေတယ်ဆိုတာကို သိနေတဲ့လူမျိုးတွေကိုကျွန်တော်တို့ နားမထောင်ချင်ကြဘူးလေ။ နောက်ဆုံးအနေနဲ့ပေါ့ဗျာ၊ တစ်ယူသန်ခြင်းပေါ့၊ အချက်အလက်တွေကို ထင်မြင်ချက်တွေနဲ့ ရောသမပြီး ရှုပ်ထွေးအောင်လုပ်ထာတာပေါ့။ အကြောင်းအရာ (၂)ခုကို ပေါင်းစပ်ထားတဲ့အခါမှာ ခင်ဗျားဟာ လေကိုပဲ နားထောင်နေတော့မှာပေါ့ဗျာ။ ခင်ဗျားတို့ သိတဲ့အတိုင်းပဲလေဗျာ၊ တစ်ယောက်ယောက်က သူတို့ရဲ့ အထင်အမြင်တွေကို အမှန်ဆိုသလိုမျိုး တရစပ်ထိုးနှက်နေလို့ကတော့ ဒါကိုနားထောင်ရတာ ခက်တာပေါ့ဗျာ။ ဒီတော့ ဒီမှာ စကားပြောဆိုခြင်းဆိုင်ရာ ဆိုးဝါးလှတဲ့ အပြစ်(ရ)ပါးပေါ့ဗျာ။ ဒါတွေဟာ ကျွန်တော်တို့ ရှောင်ရှားအပ်တဲ့အရာတွေပဲလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ ဒီအကြောင်းကို စဉ်းစားလို့ ကောင်းကျိုးတစ်စုံတစ်ရာရှိလို့လားဗျာ။ ဟုတ်ကဲ့၊ ရှိပါတယ်ဗျာ။ ကျွန်တော် အကြုံပြုလိုတာကတော့ တကယ့်ကို စွမ်းအားကောင်းတဲ့ အုတ်မြစ် (၄)ခုရှိပါတယ်။ ကျွန်တော်တို့ရဲ့ ပြောပုံဆိုပုံတွေ စွမ်းအားပြည့်ဝစေချင်ရင်၊ ကမ္ဘာကြီးကို အပြောင်းအလဲတွေပြုလုပ်ချင်ရင်တော့ ကျွန်တော်တို့တွေ ရပ်တည်လို့ရနိူင်မယ့် အခြေခံအုတ်မြစ်တွေပါ။ ကံကောင်းချင်တော့ ဒီအကြောင်းတရားတွေကို စကားလုံတစ်လုံး အဖြစ်စာလုံးပေါင်းလို့ရတယ်။ စာလုံးက "hail" ဖြစ်ပြီးတော့ သူ့မှာ ကြီးမားတဲ့ အနက်အဓိပ္ပါယ် တစ်ခုလည်းရှိနေပါတယ်။ ဒီဥစ္စာကို မိုးပေါ်ကကျလာပြီး၊ ခင်ဗျာတို့ခေါင်းပေါ်ကို လာထိမှန်တယ်လို့ ကျွန်တော်ပြောနေတာမဟုတ်ဘူးနော်။ ကျွန်တော်ပြောတဲ့အကြောင်းက သူ့ရဲ့ အနက်အဓိပ္ပါယ်ကိုပါ၊ ကျွန်တော်တို့တွေဟာ ဒီအုတ်မြစ်တွေပေါ်မှာ ရပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့တွေရဲ့ စကားလုံးတွေဟာ တုန့်ပြန်ခံရမယ်ဆိုတာကို ကျွန်တော်စဉ်းစားပုံကို စိတ်ပါလက်ပါနဲ့ ကြိုဆို၊ ဂုဏ်ပြုထောပနာပေးဖို့ပါ။ ဒီတော့ ဒီစာလုံးတွေက ဘာကို ကိုယ်စားပြုနေတာပါလိမ့်။ ခင်ဗျားတို့မှန်းကြည့်နိူင်မလားဆိုတာ ကြည့်ရအောင်လားဗျာ။ H (honesty)ဆိုတဲ့စာလုံးက တကယ်တော့ ရိုးသားမှုပါ၊ သင်ပြောတာဟာ မှန်ကန်မှုရှိခြင်း၊ ဖြောင့်မတ်ပြီး ရှင်းလင်းမှုရှိခြင်းဆိုပါတော့ဗျာ။ A (authenticity)ဆိုတဲ့စာလုံးက စစ်မှန်မှုပါ၊ သင်ကိုယ်တိုင်ဖြစ်ခြင်းပေါ့ဗျာ။ ကျွန်တော့ မိတ်ဆွေတစ်ယောက်ကတော့ ဒါကို ကိုယ်ပိုင်အမှန်တရားအတွင်းမှာ ရပ်တည်ခြင်းလို့ သရုပ်ဖော်လိုက်တယ်၊ ဒါဟာ လှပတဲ့ သရုပ်ဖော်ချက်လို့ ကျွန်တော်ထင်ပါတယ်။ I (integrity)ဆိုတဲ့ စာလုံးကတော့ တည်ကြည်မှုပါ။ စကားတည်ခြင်းပေါ့။ ပြောတာကို တကယ်လုပ်ဆောင်ခြင်းဖြစ်ပြီး၊ လူအများက ယုံကြည်ရတဲ့ သူတစ်ယောက်ဖြစ်ခြင်းပါ။ နောက်ပြီး L (love) ကတော့ ချစ်ခြင်းမေတ္တာပဲဖြစ်ပါတယ်။ ကျွန်တော်ဆိုလိုတာက ကြည်နူးဖွယ်ရာ ချစ်ဇာတ်လမ်း မဟုတ်ပါဘူး။ ကျွန်တော် တကယ်ပြောချင်တာက လူအများကို ခုနက အကြောင်းပြချက် (၂)မျိုးအတွက် မေတ္တာထားရှိခြင်းကိုပါ။ ပထမအနေနဲ့ လုံးဝပကတိ ရိုးသားမှုဟာ ကျွန်တော်တို့လိုချင်တာ ဟုတ်ချင်မှဟုတ်မှာပါ။ ပြောချင်တာက အမယ်လေးဗျာ၊ ဒီမနက်မှာ ခင်ဗျားဟာ ရုပ်ဆိုးလှပါကလား၊ ဒါဟာ လိုချင်မှလည်း လိုအပ်မှာပါ။ တကယ်တော့ မေတ္တာတရား အရင်းခံတဲ့ ရိုးသားမှုဟာ ကြီးကျယ်မြင့်မြတ်တဲ့အရာတစ်ခုပါ။ ဒါပေမဲ့လည်း ရှိသေးတာက အကယ်၍ ခင်ဗျားဟာ တစ်စုံတစ်ယောက်အပေါ် ကောင်းမွန်စေချင်တဲ့ ဆန္ဒရှိနေမယ်ဆိုရင် တစ်ချိန်တည်းမှာပဲ သူတို့ကို သုံးသပ်ဖို့၊ သဘောထားအမြင်ပေးဖို့ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စပါ။ ဒီနှစ်ခုစလုံးကိုတစ်ပြိုင်နက်ထဲ ခင်ဗျားလုပ်နိူင်ဖို့ဆိုတာ ကျွန်တော်တောင် မသေချာပါဘူး။ ဒီတော့ "h a i l"ပါ။ နောက်ပြီးတော့ အခုခင်ဗျားတို့ပြောကြတာက၊ ဒါဟာ သီချင်းဟောင်းတစ်ပုဒ်လိုပါပဲပေါ့။ ဒါဟာ ခင်ဗျားတို့ပြောကြတာပါ။ ဒါကို ခင်ဗျားတို့ပြောဆိုကြပုံဆိုလည်း ဟုတ်တယ်လေ။ ခင်ဗျားမှာက အံ့ဩစရာကောင်းတဲ့ ကိရိယာတွေထည့်ထားတဲ့ သေတ္တာတစ်လုံးရှိတယ်လေ။ ဒီကိရိယာက တော်တော်ကို ထူးခြားလှပါတယ်။ ဒါပေမဲ့ဗျာ အလွန်နည်းပါးတဲ့ လူတွေလောက်ပဲ ဒီသေတ္တာကိုဖွင့်သုံးဖူးကြတာပါ။ ကျွန်တော် ခင်ဗျားတို့နဲ့အတူ နည်းနည်းကလေး အဲဒါကို လှန်လှောမွှေနှောက်ကြည့်ချင်ပါတယ်ဗျာ။ ခင်ဗျားတို့ ထုတ်ယူပြီး ကစားဖို့ နှစ်သက်ကောင်း နှစ်သက်ကြမယ့် ကိရိယာ အနည်းအကျဉ်းလောက်ကိုပဲ ဆွဲထုတ်ပြီးတော့ပေါ့၊၊ ဒါက ခင်ဗျားတို့ရဲ့ စကားပြော စွမ်းအားကို တိုးပွားစေမှာပါ။ ဥပမာအားဖြင့်တော့ အသံအနိမ့်အမြင့် ဆိုပါတော့ဗျာ။ ကဲဒီတော့ အမြင့်သံဟာ အချိန်တော်တော်များများမှာတော့ အသုံးဝင်ချင်မှဝင်မှာပါ။ ဒါပေမဲ့ ဒီအကြားမှာ ကြားသံ တစ်ခုရှိတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး သိပ်ပြီးပညာရပ်ဆန်တာတွေ ပြောမနေတော့ပါဘူးဗျာ။ ခင်ဗျားတို့တွေက အသံပိုင်းဆိုင်ရာနည်းပြတွေ မဟုတ်ကြလို့ပါ။ ဒါပေမဲ့ဗျာ၊ ခငိဗျားတို့အသံကို ခင်ဗျားတို့ ရှာကြည့်လို့ရတယ်လေ။ ဒါကြောင့် ဟောဒီ နှာခေါင်းထဲကနေ ကျွန်တော်ထုတ်ပြောလိုက်ရင် မတူညီတဲ့အသံကို ခင်ဗျားတို့ကြားနိူင်ပါတယ်။ ကျွန်တော် ဟောဒီ လည်ချောင်းရဲ့ အောက်ဘက်ကို ဆင်းလိုက်ရင်တော့ ဒါက ကျွန်တော်တို့တွေအများစု အချိန်တော်တော်များများမှာ စကားပြောတဲ့ နေရာပေါ့ဗျာ။ ဒါပေမဲ့ ခင်ဗျား ဩဇာညောင်းစေချင်ရင်တော့ ရင်ခေါင်းအထိဆင်းလိုက်ဖို့လိုတာပေါ့ဗျာ။ ခြားနားချက်ကို ခင်ဗျားတို့ ကြားလိုက်လား။ နိူင်ငံရေးသမားတွေကို အနိမ့်သံတွေနဲ့ ကျွန်တော်တို့မဲပေးကြတယ်လေ။ ဒါအမှန်ပဲလေ။ အကြောင်းကတော့ ကျွန်တော်တို့ဟာ နက်ရှိုင်းမှုကို ဩဇာတိက္ကမနဲ့၊ အခွင့်အာဏာနဲ့ ဆက်စပ်တွဲဖက်ကြတယ်လေ။ ဒါဟာ အသံအနိမ့်အမြင့် ဆိုတာပါ။ နောက်ပြီးတော့ အသံစဉ် အနိမ့်အမြင့် ဆိုတာရှိပါတယ်။ ဒါက အသံကို ကျွန်တော်တို့ ခံစားရပုံကိုပြောတာပါ။ နောက်ရှိသေးတာက ကျွန်တော်တို့ဟာ ချောကလက်ပူပူလို ကြွယ်ဝ၊ ချောမွေ့ နွေးထွေးတဲ့ အသံတွေကို ပိုပြီးလိုလားကြတယ်လို့ သုသေသနပြုချက်က ပြဆိုပါတယ်။ ခင်ဗျားတို့ဆီမှာ အဲဒါမရှိဘူးဆိုရင်လည်း ကမ္ဘာကြီးပျက်တော့မယ့် ကိစ္စတော့မဟုတ်ပါဘူးဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ လေ့ကျင့်လို့ရတာကိုး။ အသံပိုင်းဆိုင်ရာ နည်းပြတစ်ယောက်ဆီကို သွားပြီး၊ သင်လိုက်ပေါ့။ အသက်ရှုခြင်း၊ ကိုယ်ဟန်အနေအထား ပြီးတော့ လေ့ကျင့်ခန်းတွေနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ရဲ့ အသံဩဇာ ပိုမိုကောင်းမွန်အောင်လုပ်ဖို့ ခင်ဗျားတို့ လုပ်ဆောင်နိူင်တဲ့ ထူးခြားတဲ့အရာတွေအများကြီးရှိပါတယ်။ နောက်ပြီးတော့ ကဗျာဖွဲ့ခြင်းပေါ့။ ကျွန်တော်က ကဗျာဖွဲ့တာကို ကြိုက်တယ်ဗျ။ ဒါက နိမ့်ချည်၊ မြင့်ချည်နဲ့ ပြောဆိုတဲ့ဟန်ပါ။ အဓိပ္ပါယ်ပေါ်လွင်ဖို့ ကျွန်တော်တို့အသုံးပြုကြတဲ့ ဘာသာစကားပဲပေါ့။ စကားပြောဆိုရာမှာ အဓိပ္ပါယ်အတွက်တော့ အရင်းခံတစ်ခုပါ။ တကယ်လို့ ကဗျာသံ၊ စာသံ လုံးဝကိုမပါပဲ အသံတစ်ပြေးတည်း တောက်လျှောက်ပြောတဲ့သူတွေကို နားထောင်ရတာ တော်တော်ကိုခက်ပါတယ်။ ဒါဟာ "ငြီးငွေ့ဖို့ ကောင်းလိုက်တဲ့လောက"ဆိုတဲ့ စကားလုံး ဆင်းသက်လာရာ နေရာပေါ့ဗျာ။ ဒါမှမဟုတ် တစ်ခါလာလည်းမဲပြာပုဆိုး၊ အသံတစ်ပြေးတည်း ဆိုတာတွေပေါ့။ နောက်ပြီး ထပ်တလဲလဲ ကဗျာဟန်ချည်းပဲ လာလာနေတာလည်းရှိသေးတယ်ဗျ။ တကယ့်တကယ်က မေးခွန်းမဟုတ်တဲ့နေရာမှာ မေးခွန်းတစ်ခုလိုမျိုး စာကြောင်းတိုင်းကို အဆုံးသတ်တဲ့ နေရာမှာလေ။ ဒါကတော့ အဆိုပြုချက်တစ်ခုပါ။ (ရယ်သံများ) ခင်ဗျားဟာ တစ်ခုတည်းကို ထပ်ခါထပ်ခါ ပြောနေတယ်ဆိုရင် ဒါ တကယ်တော့ ကဗျာသံဟန်နဲ့ ဆက်သွယ်ဖို့ ခင်ဗျားရဲ့ အစွမ်းကို ကန့်သတ်နေတာပေါ့ဗျာ။ ကျွန်တော့ အထင်တော့ ဒါဟာ ရှက်စရာကောင်းပါတယ်ဗျာ။ ဒါကြောင့် ဒီအမူအကျင့်ကို ကြိုးစားပြီး ဖျောက်ကြရအောင်လားဗျာ။ အရှိန်။ တကယ့်ကို မြန်မြန်သွက်သွက်ပြောလိုက်ခြင်းအားဖြင့် အရမ်း၊ အရမ်းကို စိတ်လှုပ်ရှားတဲ့ခံစားမှုကို ကျွန်တော် ရနိူင်တာပေါ့ဗျာ။ ဒါမှမဟုတ်လည်း အလေးအနက်ပြုလိုတဲ့အခါကျတော့ အရှိန်လျော့ချလို့ရတာပေါ့။ ပြီးတော့ တကယ်တော့ အဲဒါရဲ့ အဆုံးသတ်ကတော့ ကျွန်တော်တို့ရဲ့ မိတ်ဆွေဟောင်းကြီး တိတ်ဆိတ်ခြင်းပေါ့ဗျာ။ ဟောပြောချက်တစ်ခုမှာ မဆိုစလောက်ကလေး တိတ်ဆိတ်သွားတာဟာ ဘာမှမဖြစ်မသွားဘူး၊ မဟုတ်လား။ ဒါကို အင်တွေ၊ အာတွေနဲ့ ဖြည့်ဖို့ မလိုပါဘူး။ ဒါက အရမ်းကို စွမ်းအားကြီးသွားနိူင်တယ်လေ။ တကယ်တမ်းကျတော့ နှိုးဆွမှုကို ဖော်ပြဖို့ကျတော့ အသံအနိမ့်အမြင့်က သွက်လက်မှုနဲ့ မကြာခဏ ပူးပေါင်းလုပ်ဆောင်ပါတယ်။ ဒါပေမဲ့လည်း ဒါကို အသံအနိမ့်အမြင့်နဲ့ပဲ လုပ်လို့ရပါတယ်။ ကျွန်တော့ သော့တွေ ဘယ်မှာထားခဲ့လဲ။ ကျွန်တော့ သော့တွေ ဘယ်မှာထားခဲ့လဲ။ ဒီတော့ အဲဒီပြောဆိုဟန် (၂)ခုမှာ အဓိပ္ပါယ်ကတော့ အနည်းငယ်ကွဲပြားပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ အသံအတိုးအကျယ်ပေါ့။ အသံအတိုးအကျယ်ကို အသုံးပြုပြီးတော့ တကယ့်စိတ်လှုပ်ရှားမှုကို ရနိူင်တယ်လေ။ ကျွန်တော် တစ်ယောက်ယောက်ကို အထတ်တလန့်လုပ်မိသွားတယ်ဆိုရင် တောင်းပန်ပါတယ်ဗျာ။ ဒါမှမဟုတ်လည်း အရမ်းကို တိတ်ဆိတ်တဲ့နည်းလမ်းနဲ့ ခင်ဗျားတို့ရဲ့ အာရုံစိုက်မှုကို ကျွန်တော်ရနိူင်ပါတယ်။ တစ်ချို့တွေကတော့ တစ်ချိန်လုံးကို ဟောပြောနေကြပါတယ်။ ဒါကို မလုပ်မိအောင် ကြိုးစားကြပါ။ ဒါကို မကြားဝံ့၊ မနာသာပြောဆိုခြင်း လို့ခေါ်ပါတယ်။ ခင်ဗျားရဲ့အသံကို အနီးတစ်ဝိုက်မှာရှိတဲ့ လူတွေအပေါ်ကို ဂရုမစိုက်ပဲ၊ ကိုယ်ချင်းမစာပဲ ရိုက်သွင်းနေတာလေ။ နားထောင်မကောင်းပါဘူးဗျာ။ တကယ်တမ်းကျတော့ ဒါအားလုံး အများဆုံး သင်ဝင်လှုပ်ရှားတဲ့ နေရာကတော့ ကျွန်တော်တို့တွေ တကယ်ကို အရေးတကြီး လုပ်ဆောင်စရာရှိတဲ့အချိန်တွေမှာပါ။ ဒီလိုမျိုး စင်ပေါ်မှာရပ်နေပြီး လူတွေကို ဟောပြောမယ့် အချိန်မျိုးဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ မင်္ဂလာပွဲမှာဆုတောင်းပတ္ထနာပြုနေချိန် မင်္ဂလာစကားမြွက်ကြားပေးဖို့ တောင်းခံနေချိန်လည်း ဖြစ်ကောင်းဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ်ပါ၊ ဒါဟာ တကယ်ကို အရေးကြီးပါတယ်။ ဒီကိရိယာတန်ဆာပလာ ထည့်တဲ့ဘူးကို ကြည့်ရှု ထိန်သိမ်းဖို့နဲ့ စက်လည်ပတ်ဖို့ကတော့ ခင်ဗျားကိုယ်တိုင်ပဲ တာဝန်ရှိတာပေါ့ဗျာ။ စက်ကို နွှေးမထားလို့ကတော့ ဘယ်စက်ကမှ လည်ပတ်မှာမဟုတ်ပါဘူးဗျာ။ ခင်ဗျားတို့အသံကို နွှေးထားလိုက်ပါတော့။ အမှန်ကတော့ဗျာ ဒါကို ဘယ်လိုလုပ်ဆောင်တယ်ဆိုတာကို ခင်ဗျားတို့ကို ကျွန်တော်ပြသပါရစေ။ ခင်ဗျားတို့အားလုံး တစ်ဆိတ်လောက် မတ်တပ်ရပ်ပေးလို့ရမလားဗျာ။ ကွန်တော်ဟောပြောပွဲမတိုင်ခင်တိုင်းမှာ ပြုလုပ်တဲ့ အသံပိုင်းဆိုင်ရာ သွေးပူလေ့ကျင့်ခန်း (၆)ခုကို ပြသပေးတော့မှာမို့လို့ပါ။ ဘယ်ပုဂ္ဂိုလ်မျိုးကို မဆို တစ်ချိန်ချိန်မှာ အရေးကြီးတဲ့ စကားပြောရတော့မယ်ဆိုရင် ဒါတွေကို လုပ်လိုက်ပါတော့။ ပထမ လက်မောင်းတွေကို မြောက်လိုက်၊ အသက်ပြင်းပြင်းရှု၊ ပြီးတော့ ရှိုက်ထုတ်လိုက်၊ အားဟား........ဒီလိုမျိုးပေါ့။ နောက်တစ်ခေါက်လောက်ထပ်လုပ်လိုက်ပါဦး။ အားဟား....အရမ်းကောင်းတယ်။ ကဲအခု ကျွန်တော်တို့ရဲ့နှုတ်ခမ်းတွေကို သွေးပူလေ့ကျင့်ခန်းလုပ်ပါတော့မယ်။ ကျွန်တော်တို့ ဘာ ဘာ ဘာ ဘာ ဘာ ဘာ ဘာ ဘာ လို့အော်တော့မယ်။ သိပ်ကောင်းတယ်။ ကဲအခုတော့ "ဘရား.......". ခင်ဗျားတို့ ကလေးလေးအရွယ်တုန်းကလိုလေ။ " ဘရား....."။ အခုဆိုရင်ခင်ဗျားတို့ နှုတ်ခမ်းတွေဟာ အသက်ဝင်လောက်ပြီပေါ့ဗျာ။ နောက်ပြီး လာ လာ လာ လာ လာ လာ လာ လာ လာ ဆိုပြီး ချဲ့ကားလွန်းတဲ့နည်းနဲ့ လျှာကို လေ့ကျင့်ခန်း လုပ်ကြတော့မှာပါ။ မိုက်တယ်ဗျာ။ ခင်းဗျားတို့ဟာ တော်တော် တော်တဲ့လူတွေပဲဗျာ။ နောက်ပြီးတော့ "ရ..."ဆိုပြီးလျှာကို လိပ်လိုက်ပါ။ ဒါကတော့ ရှန်ပိန်ကို လျှာပေါ်တို့လိုက်သလိုမျိုးပဲဗျို့။ နောက်ဆုံးတစ်ခုကတော့ ဒါနဲ့ ခင်ဗျားတို့အနေနဲ့ ဒီတစ်ခုကိုပဲ လုပ်နိူင်တယ်ဆိုရင် ပေါ့၊ ဆရာကြီးတွေကတော့ ဒါကို "အချက်ပေးဥဩသံ"လို့ခေါ်ကြတယ်ဗျ။ ဒါကတော်တော်ကောင်းပါတယ်။ "ဝီး"ဆိုတဲ့အသံနဲ့စတင်ပြီး၊ နောက် "အော်"လို့ဆိုလိုက်တယ်။ ။ "ဝီး"ဆိုတာက အမြင့်သံ၊ "အော်"ဆိုတာက အနိမ့်သံ။ ဒီတော့ ခင်ဗျားတို့ဆိုလိုက်တာက "ဝီးအော်"၊ ဝီးအော်" နဲ့ပေါ့။ ကောင်းလိုက်တာဗျာ။ ကိုယ့်ကိုကိုယ် လက်ခုပ်ဩဘာသံလေး တစ်လှည့်လောက် ပေးလိုက်ကြပါဦးဗျာ။ ထိုင်နိူင်ကြပါပြီဗျာ၊ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ) နောက်တစ်ခါ ခင်ဗျားတို့ စကားပြောတဲ့အခါ ဒါတွေကိုကြိုတင်လုပ်ထားလိုက်ကြပေတော့ဗျို့။ ကဲအခုတော့ အဆုံးသတ်ဖို့ ဒါကို ဆက်စပ်စဉ်းစားရမယ့် အကြောင်းအရာထဲမှာ ထည့်သွင်းပါရစေဗျာ။ အရေးကြီးတဲ့ အချက်တစ်ခုက ဒီမှာပါ။ ဒါက အခုကျွန်တော်တို့ရှိနေကြတဲ့နေရာလေ၊ ဟုတ်တယ်နော်။ ဆူညံပြီးတော့ အသံအရည်အသွေးညံ့ဖျင်းတဲ့ ပတ်ဝန်းကျင်မှာ ထိုင်နေကြတဲ့ လူတွေဟာ ဘယ်လိုမှ နားထောင်လို့ မရဘူးဆိုတော့ ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် စကားဘယ်လိုပြောရနိုင်မလဲ။ ကျွန်တော် ဒီအကြောင်းကို အဆင့်မျိုးမျိုးနဲ့ ဒီစင်မြင့်ပေါ်မှာ ဟောပြောပြီးပါပြီ။ အကယ်၍များ ရည်ရွယ်ချက်နဲ့ တကယ်ကို ကိုက်ညီမှုရှိတဲ့ ပတ်ဝန်းကျင်တွေမှာ နိူးနိူးကြားကြားနဲ့ နားထောင်သူတွေကို ကျွန်တော်တို့တွေဟာ အားကောင်းမောင်းသန်နဲ့ စကားပြောနေကြမယ်ဆိုရင် လောကကြီးက ဘယ်လိုများဖြစ်နေမှာပါလိမ့်မလဲဗျာ ဘယ်လိုများဖြစ်နေမှာပါလိမ့်မလဲ။ ဒါမှမဟုတ်လည်း နည်းနည်းလေး အကျယ်ချဲ့လိုက်ပြီးတော့ဗျာ၊ ကျွန်တော်တို့တွေဟာ အသံကို သတိရှိရှိနဲ့ ဖန်တီးနေပြီးတော့၊ အသံကို သတိရှိရှိ အသုံးပြုပြီး အသံအတွက် ကျွန်တော်တို့ ပတ်ဝန်းကျင်ကိုတွေကို သတိရှိရှိ ပုံဖေါ်နေကြတယ်ဆိုရင်ရောဗျာ လောကကြီးက ဘယ်လိုများဖြစ်နေမှာပါလိမ့်မလဲ။ လှပတဲ့ အသံများဖြင့် ပြည့်နေမယ့် လောကတစ်ခုဖြစ်နေတော့မှာပေါ့ဗျာ။ နားလည်မှုဆိုတာက ပုံမှန်စံတစ်ခုဖြစ်နေမယ့် နေရာတစ်ခုပဲပေါ့။ နောက်ပြီးတော့ ဒါဟာ စိတ်ကူးတစ်ခု ဖြန့်ကျက်နိူင်ပေးနိူင်မယ့်နေရာပေပဲပေါ့ဗျာ။ ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)