Return to Video

ငွေကြေးမပါပဲ ယိုယွင်းနေတဲ့ပညာရေးကို ဘယ်လိုပြုပြင်နိုင်မလဲ

  • 0:01 - 0:03
    ကျွန်မတို့မှာ အစွဲလေးတွေရှိကြပါတယ်
  • 0:03 - 0:06
    တချို့တွေက ယိုယွင်းနေတဲ့ အုပ်ချုပ်ရေးစနစ်
  • 0:06 - 0:09
    ပြောင်းလဲရတာဟာခက်တယ်လို့ တွေးကြတယ်
  • 0:10 - 0:12
    အုပ်ချုပ်ရေးစနစ်လို့တွေးလိုက်ရင်
  • 0:12 - 0:15
    ဒါတွေဟာရှေးကျတယ်၊ရှေးရိုးစွဲတွေလို့
    ထင်တတ်ကြတယ်။
  • 0:15 - 0:18
    နောက် ဖြစ်လောက်တာက ခေါင်းဆောင်မှုဟာ
    အရာတွေပြောင်းလဲဖို့
  • 0:18 - 0:19
    ဗြူရိုကရက်ဆန်လွန်းတယ်ပေါ့။
  • 0:20 - 0:23
    ဒီနေ့ ကျွန်မ ဒီအဆိုကို စိန်ခေါ်ချင်ပါတယ်။
  • 0:24 - 0:28
    ကျွန်မ အစိုးရစနစ်ကြီး တစ်ခု
    အကြောင်းကိုပြောပြပါမယ်။
  • 0:28 - 0:31
    ဒါကပြောင်းလဲရေးလမ်းပေါ်ရောက်
    သွားရုံတင် မကဘူး။
  • 0:31 - 0:35
    ၃နှစ် အတွင်းမှာ အားရလောက်တဲ့
  • 0:35 - 0:36
    ရလဒ်တွေလည်း ရှိတယ်
  • 0:37 - 0:41
    အိန္ဒိယက အစိုးရစာသင်ကျောင်းတစ်ခုက ဒီလိုပါ။
  • 0:41 - 0:43
    အဲဒီလိုကျောင်းပေါင်း ၁ သန်းရှိပါတယ်။
  • 0:44 - 0:47
    အိန္ဒိယမှာ တစ်သက်လုံးနေလာတဲ့ ကျွန်မတောင်
  • 0:47 - 0:50
    အဲဒီလိုကျောင်းတွေထဲဝင်သွားရင်
    အတော်ခံစားရတယ်
  • 0:51 - 0:53
    ကလေးတွေ ၁၁နှစ်ရောက်တဲ့အခါ
  • 0:53 - 0:57
    တစ်ဝက်လောက်က ပြန်ရဖို့
    မျှော်လင့်ချက်မရှိတဲ့
  • 0:57 - 0:59
    ပညာရေးကိုလိုက်မမီကြတော့ဘူး။
  • 1:00 - 1:02
    ၁၁နှစ်ကလေးက ပေါင်းတာနှုတ်တာ မလုပ်တတ်ဘူး၊
  • 1:02 - 1:05
    သဒ္ဒါမှန်မှန်နဲ့ ဝါကျတစ်ကြောင်း
    မဖွဲ့တတ်ဘူး။
  • 1:06 - 1:09
    ဒါတွေက ၈နှစ်သားတစ်ယောက် လုပ်တတ်ဖို့
    ကျွန်မတို့
  • 1:09 - 1:10
    မျှော်လင့်မယ့် အရာတွေပါ။
  • 1:11 - 1:13
    ကလေးတွေ ၁၃၊ ၁၄နှစ်ရောက်တော့
  • 1:13 - 1:15
    ကျောင်းတွေ ထွက်ကုန်ကြပြန်ရော
  • 1:16 - 1:20
    အိန္ဒိကမှာက အစိုးရကျောင်းတွေဟာ
    အခမဲ့ ပညာရေးသာမက
  • 1:20 - 1:23
    ဖတ်စာအုပ် အခမဲ့၊ လေ့ကျင့်ခန်းစာအုပ်
    အခမဲ့နေ့လည်စာ အခမဲ့ပေးပြီး
  • 1:23 - 1:25
    တချို့ဆို ပညာသင်ဆုတောင် ရကြသေးတယ်။
  • 1:26 - 1:29
    ဒါတောင် ဒီနေ့မှာ ၄၀%သော မိဘတွေက
  • 1:29 - 1:32
    သူတို့ကလေးတွေကို
    အစိုးရကျောင်းတွေကနေ ထုတ်ပြီး
  • 1:32 - 1:35
    ပုဂ္ဂလိကကျောင်းတွေမှာ
    ပိုက်ဆံပေးပြီး ထားကြတယ်။
  • 1:35 - 1:39
    တော်တော်လေးချမ်းသာတဲ့ US နဲ့ နှိုင်းရရင်
  • 1:39 - 1:41
    ဒီရာခိုင်နှုန်းက ၁၀ % ပဲရှိပါတယ်။
  • 1:41 - 1:46
    ဒါဟာအိန္ဒိယပညာရေးနစ်ရဲ့
    ပျက်ယွင်းနေပုံပါပဲ။
  • 1:47 - 1:52
    ဒီလိုနဲ့ ၂၀၁၃ နွေမှာ Surina Rajan ခေါ်တဲ့
  • 1:52 - 1:56
    တော်တော်လေး ထက်မြက်တဲ့အမျိုးသမီးက
    ကျွန်မကိုဖုန်းခေါ်ခဲ့တယ်။
  • 1:56 - 2:00
    အဲဒီတုန်းက သူက Haryana
    လို့ခေါ်တဲ့ ပြည်နယ်က
  • 2:00 - 2:02
    ကျောင်းပညာရေးဌာနက ဦးစီးမှူးတစ်ယောက်ပါ။
  • 2:02 - 2:05
    သူကပြောတယ်- "ဒီမှာ ကျွန်မဦးစီးလာတဲ့
  • 2:05 - 2:07
    ၂နှစ်အတွင်း အတော်များများ
  • 2:07 - 2:10
    ကြိုးစားပြီးပြီ။ တခုမှ အလုပ်မဖြစ်ကြဘူး။
  • 2:10 - 2:11
    ဖြစ်နိုင်ရင် ကူညီပေးပါလား"တဲ့။
  • 2:13 - 2:16
    Haryana အကြောင်း နည်းနည်း ပြောပြပါရစေ။
  • 2:16 - 2:19
    Haryana က လူဦးရေ သန်း ၃၀
    ရှိတဲ့ ပြည်နယ်တစ်ခုပါ။
  • 2:20 - 2:23
    ကျောင်းသားပေါင်း ၂သန်းကျော်က
  • 2:23 - 2:26
    အစိုးရကျောင်းပေါင်း ၁၅၀၀၀မှာ တက်နေကြပါတယ်။
  • 2:26 - 2:29
    ဒီလိုနဲ့ အဓိကကတော့ ဖုန်းပေါ်ကနေပဲ
  • 2:29 - 2:31
    ပြည်နယ်တစ်ခုနဲ့ စနစ်ကို
    ကူညီမယ်လို့ ကတိပေးခဲ့တယ်။
  • 2:31 - 2:35
    ပီရူး ကနေဒါတို့လို ပြောင်းလဲတဲ့
    ကြီးမားတဲ့ ဒီစနစ်ကြီးကိုပေါ့။
  • 2:37 - 2:40
    လုပ်ငန်းစတာနဲ့ ရင်နာစရာ
    ၂ချက်တွေ့လိုက်ရတယ်။
  • 2:40 - 2:43
    တစ်ချက်က ကျွန်မတစ်ခါမှ မလုပ်ဖူးတဲ့ဟာရယ်
  • 2:43 - 2:45
    ဒုတိယက လုပ်ခဲ့သူအများအပြား မအောင်
    မြင်တာ၊
  • 2:48 - 2:49
    လုပ်ဖော်တွေနဲ့အတူ
  • 2:51 - 2:53
    တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံး လေ့လာတော့
  • 2:53 - 2:54
    Haryana မှာလို ရွေးကာ
  • 2:54 - 2:57
    ပုံတူကူးနိုင်တဲ့ အခြား
    နမူနာတစ်ခုမှ မတွေ့ခဲ့ဘူး။
  • 2:57 - 3:00
    ဒါနဲ့ ကိုယ့်လမ်း ကိုယ်ဖောက်
    ရတော့မှာကို သိခဲ့တယ်။
  • 3:01 - 3:04
    ဒီလိုနဲ့ လုပ်ဆိုတော့လည်း
    ကျွန်မတို့ လုပ်ကြတာပေါ့။။
  • 3:04 - 3:07
    ဒီတော့ ရှိသမျှ အကြံဉာဏ်တွေ ပလူပျံနေတယ်။
  • 3:07 - 3:10
    ပြောကြတယ်။ ဆရာအသစ်တွေစုဆောင်းတဲ့
    နည်းကို ပြောင်းကြစို့တဲ့။
  • 3:10 - 3:12
    ကျောင်းအုပ် အသစ်တွေခန့်ပြီး
    လေ့ကျင့်ပေးစို့၊
  • 3:12 - 3:15
    နိုင်ငံခြားကိုလွှတ်ပြီး ပညာသင်ခိုင်းစို့။
  • 3:15 - 3:17
    အတန်းထဲကို နည်းပညာတွေ ထည့်ပေးစို့တဲ့။
  • 3:17 - 3:20
    တစ်ပတ်လည်းကုန်ရော အကြံ ၅၀ လောက် ရခဲ့ကြတယ်။
  • 3:20 - 3:22
    အကုန်လုံးက အဆင်ပြေပြီး ဖြစ်နိုင်တာချည်းပါ
  • 3:22 - 3:27
    ဒီ၅၀ လုံးကို ချလုပ်ဖို့ကတော့မရနိုင်ဘူးပေါ့
  • 3:27 - 3:29
    ဒါကြောင့် ကျွန်မကနေ "ခဏလေး ရပ်ကြပါ။
  • 3:29 - 3:32
    ကျွန်မတို့ ဖြစ်ချင်တာကို အရင်ဆုံးဖြစ်
    အောင်ဆုံးဖြတ်ရအောင်။"
  • 3:32 - 3:35
    ဒီတော ့တွန်းလိုက်၊
    ဆွွဲလိုက် ငြင်းကြခုန်ကြနဲ့၊
  • 3:35 - 3:39
    Haryana းက ၂၀၂၀ မှာ ၈၀% သောကလေးတွေ
  • 3:39 - 3:43
    အတန်းနဲ့ညီတဲ့ဗဟုသုတ ရရမယ်လို့ချမှတ်ခဲ့တယ်။
  • 3:44 - 3:46
    အခုဆိုရင် ဒီပန်းတိုင်က ပြဿနာမရှိတော့ပဲ
  • 3:46 - 3:49
    ပန်းတိုင်ကိုဘယ်လိုသွားမလဲက ပြဿနာဖြစ်လာတယ်။
  • 3:50 - 3:53
    ဘာလို့ဆိုတော့ ချလိုက်တဲ့အကြံဉာဏ်တွေက
  • 3:53 - 3:54
    စုပုံနေပြီး၊ ဘယ်တစ်ခုကို
  • 3:54 - 3:57
    သုံးမလဲဆိုတာက စကားပြောနေတယ်။
  • 3:57 - 4:01
    ဒီအကြံကအလုပ်ဖြစ်လား၊ ဖြစ်တယ်ဆိုဆက်လုပ်မယ်။
  • 4:01 - 4:04
    ဒါမဖြစ်နိုင်ဘူးလား၊ ဘေးကိုခဏဖယ်ထားလိုက်။
  • 4:04 - 4:09
    ပြောရင်တော့လွယ်တယ်။ ရှေ့တည့်တည့်မှာ
    ရှိတဲ့ တိကျတဲ့ ရည်မှန်းချက်က
  • 4:09 - 4:12
    ပြုပြင်ပြောင်းလဲရေးမှာ
    ထင်ရှား၊ ပြတ်သားစေဖို့
  • 4:12 - 4:14
    ကျွန်မတို့ကို အခွင့်ပေးပါတယ်။
  • 4:14 - 4:16
    လွန်ခဲ့တဲ့ ၂နှစ်ခွဲလောက်ကိုပြန်ကြည့်မယ်ဆို
  • 4:16 - 4:18
    ကြီးမားတဲ့ အပြုသဘောဆောင်တာတွေ ရှိပါတယ်။
  • 4:19 - 4:21
    အခု ပန်းတိုင်ရှိပြီ။
  • 4:21 - 4:24
    ဒါဆို ပြဿနာတွေကဘာ၊ ဘာတွေယိုယွင်း
    နေလဲဆိုတာကိုသိဖို့လိုပြီ။
  • 4:25 - 4:28
    ကျွန်မတို့ကျောင်းတွေကို ဝင်မစစ်ခင်ကဆို
    ပြောကြတယ်
  • 4:28 - 4:30
    ပညာရေး အရည်အသွေး ညံ့ဖျင်းတာက
  • 4:30 - 4:34
    ဆရာတွေပျင်းလို့၊ ကျောင်းမလာကြလို့၊
  • 4:34 - 4:37
    သူတို့ စာဘယ်လိုသင်ရမယ်ဆိုတာမသိလို့ စသဖြင့်
  • 4:37 - 4:42
    တကယ်ကျောင်းတွေလိုက်ကြည့်တဲ့အခါမှာ
    လုံးဝခြားနားနေတဲ့အရာကို တွေ့လိုက်ရတယ်။
  • 4:42 - 4:45
    နေ့အများစုမှာတော့
    ဆရာတွေကျောင်းမှာရှိပါတယ်။
  • 4:46 - 4:47
    သူတို့နဲ့ စကားပြောကြည့်တဲ့အခါ
  • 4:47 - 4:51
    သူတို့ဟာ မူလတန်းတွေကို စာကောင်းကောင်း
    သင်နိုင်တာ သိနိုင်ပါတယ်။
  • 4:52 - 4:54
    ဒါပေမယ့် သူတို့ စာမသင်နေကြပါဘူး။
  • 4:55 - 4:56
    ကျွန်မကျောင်းတစ်ခုကိုသွားတာ
  • 4:56 - 4:59
    ဆရာတွေက စာသင်ခန်းနဲ့ အိမ်သာဆောက်နေတာကို
  • 4:59 - 5:01
    ဝင်ကြီးကြပ်နေရတာကို တွေ့ရတယ်
  • 5:02 - 5:03
    နောက် တစ်ကျောင်းထပ်သွားတယ်
  • 5:03 - 5:06
    ဆရာ ၂ ယောက်က ကလေးပညာသင်ဆုပေးဖို့
    အနီးနားကဘဏ်ကိုတစ်ခုကိုသွား၊
  • 5:06 - 5:09
    ကလေးတွေရဲ့ ဘဏ်စာရင်းထဲ ငွေထည့်နေရတယ်။
  • 5:09 - 5:14
    ထမင်းစားချိန်ကြပြန်တော့ အများစုက
    ကလေးတွေကို ကျွေးဖို့
  • 5:14 - 5:18
    ချက်ပြုတ်နေ၊ ကြီးကြပ်နေရတယ်။
  • 5:19 - 5:20
    ကျွန်မတို့ မေးကြည့်တာပေါ့
  • 5:20 - 5:23
    "ဘာဖြစ်တာလဲ၊ ဘာလို့ စာမသင်ကြတာလဲ။"
  • 5:23 - 5:25
    ဖြေတာက "ကျွန်မတို့ကို
    ဒါလုပ်ဖို့ လိုလားတာ။
  • 5:26 - 5:29
    ကြီးကြပ်ရေးမှူးတွေလာစစ်ရင်
  • 5:29 - 5:31
    သူတို့ကဒီလို အလားတူတေွလုပ်စေချင်ကြတာလေ။
  • 5:31 - 5:34
    အိမ်သာ ဆောက်ပြီးပြီလား၊
    ထမင်းကျွေးပြီးပြီလား။
  • 5:34 - 5:37
    ကျောင်းအုပ်က ရုံးချုပ်ကို
    အစည်းအဝေးသွားရင်လည်း
  • 5:37 - 5:39
    ဆွေးနွေးတဲ့အရာတွေက ဒါတွေပဲတဲ့။"
  • 5:40 - 5:45
    ဆယ်စုနှစ် ၂ ခုလောက် ဘာတွေဖြစ်နေတယ်
    ဆိုတာ တွေ့ပြီဟုတ်နော်။
  • 5:45 - 5:48
    အိန္ဒိယဟာ ကျောင်းတွေအလုံ
    အလောက်ရဖို့နဲ့ ကျောင်းအပ်နံရေး
  • 5:48 - 5:51
    ကလေးတိုင်း ကျောင်းနေနိုင်ရေး
    ရုန်းကန်ခဲ့ရပါတယ်။
  • 5:51 - 5:55
    ဒါကြောင့်အစိုးရက
    ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းဖို့၊
  • 5:55 - 5:56
    အစီအစဉ်တစ်သီကြီး ချမှတ်ခဲ့တယ်။
  • 5:57 - 6:01
    ဆရာတွေဟာဆိုရင်လည်း ဒီအစီအစဉ်တွေရဲ့
    သွယ်ဝိုက်လုပ်ဆောင်သူတွေဖြစ်ခဲ့တယ်။
  • 6:01 - 6:03
    တိတိကျကျမဟုတ်ဘူးနော်၊ သွယ်ဝိုက်ပြီးပါ။
  • 6:05 - 6:10
    အခုဆိုတကယ်လိုပ်တာက ဆရာတွေကို လေ့ကျင့်ပေးဖို့နဲ့
  • 6:10 - 6:12
    စောင့်ကြပ်ဖို့လိုတာမဟုတ်ပဲ
  • 6:12 - 6:15
    ဆရာတွေကို စာသင်ခန်းထဲပြန်ဝင်ပြီး
    စာသင်ဖို့ ဆိုတာ
  • 6:16 - 6:18
    အရေးကြီးဆုံးအချက်ပဲ ဆိုတာကိုပြောပြဖို့ပါ။
  • 6:18 - 6:22
    သူတို့ကို ကြပ်မတ်ဆောင်ရွက်ပြီး
    သင်ကြားမှု အရည်အသွေးအပေါ်
  • 6:22 - 6:23
    ဆုချီးမြှင့်ဖို့လဲ လိုပါတယ်
  • 6:23 - 6:25
    တခြားဟာမျိုးတွေပေါ် မဟုတ်ပါဘူး။
  • 6:26 - 6:28
    ကျွန်မတို့ ပညာရေးစနစ်ထဲ သေချာလေ့လာခဲ့တယ်
  • 6:29 - 6:34
    အတွင်းကျကျ လေ့လာလိုက်တော့ တေွ့ရှိရတဲ့
    အဓိက ရင်းမြစ်အကြောင်းခံတွေကတော့
  • 6:34 - 6:38
    စနစ်ထဲမှာ လူတွေပြုမူပုံကို ပုံဖော်ပေး
    နေတာကို ဖန်တီးပေးနေတာတွေပါ။
  • 6:38 - 6:42
    သိလိုက်ရတာကကျွန်မတို့သာ ဒီအသေးစိတ်
    အကြောင်းအရာတွေကို မပြင်ဘူးဆိုရင်
  • 6:42 - 6:44
    တခြားဟာတွေ အများကြီး လုပ်လို့ရတာပေါ့။
  • 6:44 - 6:46
    ဆရာတွေကိုလေ့ကျင့်တာ၊ နည်းပညာတွေ
    ကျောင်းတွေမှာ ထည့်သွင်းတာ၊
  • 6:46 - 6:48
    ဒါပေမဲ့ စနစ်က ပြောင်းသွားမှာမဟုတ်ဘူး။
  • 6:48 - 6:52
    ဒီလို မသိသာတဲ့ အဓိကပြဿနာတွေကို
    ကိုင်တွယ်ခြင်းဟာ
  • 6:52 - 6:53
    အစီအစဉ်ရဲ့ အဓိကအပိုင်းဖြစ်လာခဲ့တယ်။
  • 6:55 - 6:58
    ခုဆိုရင် ပန်းတိုင်ရပြီ။ ပြဿနာလည်းရပြီ။
  • 6:58 - 7:00
    ကဲဒါဆို အဖြေတေွက ဘာတွေလည်းဆိုတာ
    တွက်ဆဖို့ လိုအပ်ပါတယ်။
  • 7:01 - 7:03
    ကျွန်မတို့က စနစ်တစ်ခုလုံးကို
    အစအဆုံးမပြင်ချင်ဘူး။
  • 7:03 - 7:06
    ဒီတော့ "အနီးနားကိုကြည့်ပြီး
    တွေ့နိုင်တာကို ကြည့်စို့"
  • 7:06 - 7:11
    အဲဒီမှာပဲ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးက
  • 7:11 - 7:14
    ဒီလှပတဲ့ ရှေ့ပြေးစမ်းသပ်မှုတွေ တွေ့ခဲ့တယ်။
  • 7:14 - 7:18
    NGO တွေ ဖောင်ဒေးရှင်းတွေက
    လုပ်နေကြတဲ့အငယ်စားလေးတွေပါ။
  • 7:18 - 7:22
    ဒါပေမဲ့ စိတ်ဝင်စားစရာက တစ်ခုမှ
    အချိုးကိုက်လုပ်မထားတာပါ။
  • 7:22 - 7:26
    အားလုံးဟာ ကျောင်း ၅၀၊၁၀၀၊၅၀၀
    စသဖြင့် ကန့်သတ်ထားတယ်။
  • 7:26 - 7:29
    ဒီမှာက ကျောင်း ၁၅၀၀၀ အတွက်
    အဖြေတစ်ခုရဗာနေတာပါ။
  • 7:29 - 7:31
    ဒီတော့ ဘာလို့လဲလို့ စစ်ဆေးကြည့်တယ်။
  • 7:31 - 7:34
    ဒါတွေဟာ တကယ်အလုပ်ဖြစ်ရင်
    ဘာဖြစ်လို့ အချိုးမကိုက်တာလဲ။
  • 7:35 - 7:38
    ဖြစ်တာက ပုံစံကျ NGO တစ်ခု ဝင်လာရင်
  • 7:38 - 7:40
    အပိုအရင်းအမြစ်တွေသာမကဘူး
  • 7:40 - 7:43
    ပညာရှင်တွေလဲ ပါလာကြတယ်။
  • 7:43 - 7:45
    ငွေကြေးပါလာမယ်။
  • 7:45 - 7:46
    လူတွေပါလာမယ်။
  • 7:46 - 7:48
    နည်းပညာတွေလဲပါလာမယ်။
  • 7:48 - 7:52
    ကျောင်း ၅၀၊၁၀၀ မှာ တကယ် လုပ်ဆောင်တယ်။
  • 7:52 - 7:55
    ဒီအပိုအရင်းအမြစ်တွေက ခြားန၁ားမှု
    တစ်ခု ဖန်တီးပေးတယ်။
  • 7:55 - 7:58
    အခု အဲဒီNGO ဦးစီးကနေ
  • 7:58 - 8:01
    ဒီကျောင်းပညာရေးဦးစီးဌာနမှူး ဆီဝင်ပြီး
  • 8:01 - 8:04
    "ကဲ ကျောင်း ၁၅၀၀၀ အတွက် လုပ်ကြစို့" လို့
    ပြောတယ်လို့ စိတ်ကူးကြည့်ပါ။
  • 8:04 - 8:08
    ဒီငနဲ (သို့ ကလေးမဟာ ဒီကျောင်းပေါင်း
    ၁၅၀၀၀ အတွက်
  • 8:08 - 8:10
    တကယ် အချိုးကျဖို့
    ဘယ်ကပိုက်ဆံ သွားရှာရမလဲ။
  • 8:10 - 8:12
    သူ့မှာ အပိုဝင်ငွေလဲမရှိဘူး၊
  • 8:12 - 8:14
    တခြားအရင်းမြစ်လဲမရှိဘူး။
  • 8:14 - 8:16
    ဒါဆို ဆန်းသစ်ပြောင်းလဲမှုက
    အချိုးမကျဘူး။
  • 8:17 - 8:20
    ဒါကြောင့်ပဲ စီမံကိန်းစတာနဲ့
    ပြောထားတာက
  • 8:20 - 8:23
    "ဘာပဲလုပ်လုပ် အချိုးကျ ဖြစ်ရမယ်
  • 8:23 - 8:26
    ကျောင်း ၁၅၀၀၀ လုံးမှာ အလုပ်ဖြစ်ရမယ်။"
  • 8:26 - 8:30
    နိုင်ငံမှာ တကယ်ရှိတဲ့ ရှိနေတဲ့ဘက်ဂျက်နဲ့
    အရင်းအမြစ်တွေအတွင်းမှာ
  • 8:30 - 8:33
    အလုပ်ဖြစ်ဖို့လိုတယ်။
  • 8:34 - 8:35
    ပြောတာတော့ လွယ်တာပေါ့ရှင်။
  • 8:35 - 8:37
    (ရယ်သည်)
  • 8:37 - 8:39
    ကျွန်မထင်တယ် အဲ့အချိန်က ကျွန်မကို
  • 8:39 - 8:41
    သူ့တို့ မုန်းခဲ့ကြတာ ကျိန်းသေပဲ။
  • 8:41 - 8:46
    ရုံးထဲမှာ၊ ကော်ဖီဆိုင်မှာ၊ တစ်ခါတစ်လေ
    ဘားထဲမှာတောင် အချိန်အများကြီးအကုန်ခံပြီး
  • 8:46 - 8:47
    ရသမျှ ကုတ်ခြစ်ပြီး
  • 8:47 - 8:49
    စဉ်းစားခဲ့ကြကာ ပြောနေခဲ့တယ်။
  • 8:49 - 8:52
    "အဖြေတွေက ဘယ်မှာလဲ။"
    "ငါတို့ ဒီပြဿနာကို ဘယ်လို ဖြေရှင်းမှာလဲ။"
  • 8:52 - 8:56
    နောက်ဆုံးတော့ ပြဿနာများစွာအတွက်
    အဖြေကို ရှာတွေ့ခဲ့ကြပါတယ်။
  • 8:56 - 8:58
    ကျွန်မဥပမာတစ်ခုပေးပါမယ်။
  • 8:58 - 9:00
    ထိရောက်စွာ သင်ယူခြင်းအောက်မှာ
  • 9:00 - 9:03
    လူပြောများတဲ့ အကြောင်းအရာတစ်ခုက
    ဆင့်ပွားသင်ယူခြင်းပါ။
  • 9:03 - 9:06
    ကလေးတွေက စာအုပ်ထဲကဟာကို အလွတ်မကျက်သင့်ဘူး။
  • 9:06 - 9:07
    လက်တွေ့လုပ်ဆောင်မှုတွေ
    လုပ်သင့်တယ်
  • 9:07 - 9:09
    ဒါ သင်ယူဖို့ ပိုထိရောက်တဲ့
    နည်းလမ်းတစ်ခုပါ
  • 9:09 - 9:12
    အခြေခံအားဖြင့် သူတို့ကို ပုတီးစေ့တွေ၊
  • 9:12 - 9:15
    သင်ထောက်ကူတွေ၊ ပေသီးစတာတွေ ပေးတာမျိုးပေါ့။
  • 9:15 - 9:18
    ဒါပေမဲ့ ကျောင်း ၁၅၀၀၀ က
    ကလေး ၂ သန်းအတွက်
  • 9:18 - 9:20
    ပေးဖို့ ဘတ်ဂျက်မရှိခဲ့ဘူး။
  • 9:20 - 9:22
    ဒီတော့ နောက်အဖြေ လိုပြန်ရော။
  • 9:22 - 9:24
    ဘာမှ တွေးမရနိုင်ခဲ့ဘူး။
  • 9:24 - 9:27
    တစ်နေ့မှာ အဖွဲ့ထဲက တစ်ယောက်က
    ကျောင်းကိုသွားတော့
  • 9:27 - 9:32
    ဆရာတစ်ယောက် ခြံအပြင်က
    တုတ်ချောင်းတွေ၊ ကျောက်ခဲတွေကောက်ပြီး
  • 9:32 - 9:33
    အတန်းထဲသယ်သွားတာ ကျောင်းသားတွေကို
  • 9:33 - 9:35
    ပေးနေတာ တွေ့တယ်။
  • 9:36 - 9:39
    ဒါကျွန်မတို့ရှာနေတဲ့ အဖြေရချိန်ပဲ
  • 9:40 - 9:42
    ခုဆိုရင် Haryana မှာ ဖတ်စာအုပ်ထဲမှာ
  • 9:43 - 9:45
    အယူအဆတစ်ခုပြီးတိုင်း
    ပုံးလေးတစ်ပုံး ထုတ်ပေးတယ်။
  • 9:45 - 9:48
    ဒါတွေက ဆရာအတွက် ညွန်ကြားချက်တွေဖြစ်ပြီး
    ပြောတာက
  • 9:48 - 9:52
    ဒီအယူအဆကို သင်ပေးဖို့ ဟောဒီမှာ
    သင်လုပ်နိုင်တဲ့ လက်တွေလုပ်ဆောင်မှုပါ။
  • 9:52 - 9:55
    ဒီနည်းလမ်းနဲ့ ဒီလက်တွေ့လုပ်ဆောင်မှုကို
    လုပ်ဖို့
  • 9:55 - 9:58
    ဟောဒီမှာ သင့်ဝန်းကျင်ကနေ သုံးနိုင်တဲ့
    အရာတွေပါ။
  • 9:58 - 10:01
    ခြံအပြင်ဘက်က (သို့) စာသင်ခန်းထဲက
    ဖြစ်ဖြစ်ပါ
  • 10:01 - 10:04
    ကလေးထွေအတွက် သင်ထောက်ကူအဖြစ်
    အသုံးပြုနိုင်ပါတယ်။"
  • 10:04 - 10:07
    Haryana တစ်ခုလုံးက ဆရာတွေက
    ကျောင်းသားတွေကို
  • 10:07 - 10:10
    သင်ပေးနိုင်ဖို့ ဆန်းသစ်တဲ့ပစ္စည်းတွေသုံး
    နေတာမြင်ရပါတယ်။
  • 10:11 - 10:14
    ဒီတော့ ဒီနည်းလမ်းကိုပဲ ကျွန်မတို့
    ပုံစံထုတ်တာနဲ့ ကျောင်းပ၁၅၀၀၀ လုံးကို
  • 10:14 - 10:16
    တနေ့တည်းမှာပဲ
  • 10:16 - 10:19
    စတင်အကောင်ထည်ဖော်နိုင်ခဲ့ပါတယ်။
  • 10:20 - 10:22
    အခုကျွန်မပြောမယ့်
    နောက်ဆုံးအချက် ရောက်လာပါပြီ။
  • 10:23 - 10:26
    ကျောင်း ၁၅၀၀၀ ဆရာမ တစ်သိန်းကို ဘယ်လိုများ
  • 10:26 - 10:28
    စအကောင်ထည်ဖော်တာလဲ။
  • 10:28 - 10:30
    ဌာနက သိပ်စိတ်ဝင်စားဖို့ကောင်းတဲ့
  • 10:30 - 10:32
    လုပ်ငန်းစဉ်တစ်ခုရှိဖူးတယ်။
  • 10:32 - 10:34
    'မျှော်လင့်ချက် အစဉ်အတန်း'
    လို့ခေါ်ချင်ပါတယ်။
  • 10:36 - 10:39
    ဌာနချုပ်ကနေ စာတစ်စောင်ရေးပြီြ
  • 10:39 - 10:40
    နောက်တဆင့်ထိကို ပို့မယ်၊
  • 10:40 - 10:42
    ဒါက ခရိုင်ရုံးတွေပါ။
  • 10:42 - 10:45
    သူတို့ မျှော်လင့်ကြမှာက
    ခရိုင်ရုံးခွဲတိုင်းက
  • 10:45 - 10:49
    အရာရှိတစ်ဦးဟာ
    ဒီစာကိုရမယ်၊ ဖွင့်ပြီး ဖတ်မယ်၊
  • 10:49 - 10:51
    ပြီးရင် နောက်တစ်ဆင့်ကို ဆက်ပို့ပေးမယ်၊
  • 10:51 - 10:53
    ဒါက သီးခြားရုံးတွေပါ။
  • 10:53 - 10:57
    ဒီနောက် မျှော်လင့်မှာက
    သီးခြားရုံးက
  • 10:57 - 10:58
    တစ်ယောက်ယောက်က စာရမယ်၊
  • 10:58 - 11:02
    ဖွင့်ပြီး ဖတ်ကြည့်ကာ နောက်ဆုံး
    ကျောင်းအုပ် ၁၅၀၀၀ ဆီ တစ်ဆင့်ပို့ပေးမယ်။
  • 11:02 - 11:05
    ဒီနောက်မျှော်လင့်တာက
    ကျောင်းအုပ်တွေ စာကိုရမယ်၊
  • 11:05 - 11:08
    လက်ခံမယ် နားလည်းသွားမယ်၊
  • 11:08 - 11:10
    နောက်တော့ စတင် အကောင်အတည်
    ဖော်မယ်ပေါ့။
  • 11:10 - 11:11
    ဒါကတော့နည်းနည်း ဟာသဆန်ပါတယ်။
  • 11:13 - 11:15
    အခု နည်းပညာက အဖြေဆိုတာကို သိထားတယ်။
  • 11:15 - 11:17
    ဒါပေမယ့် ကျွန်မတို့ သိသေးတာက
    ကျောင်းတိုင်းက
  • 11:17 - 11:19
    ကွန်ပျူတာနဲ့ အီးမေး မရှိကြပြန်ဘူး။
  • 11:20 - 11:24
    ဘာပဲဖြစ်ဖြစ်ဆရာတွေမှာ ဖုန်းတော့ရှိကြပါတယ်
  • 11:24 - 11:28
    SMS WhatsApp, Facebook ကနေ
    အမြဲမပြတ် ဆက်သွယ်ကြတယ်။
  • 11:29 - 11:31
    ဒီတော့ Haryana းမှာ ဘာဖြစ်သွားသလဲဆိုတော့
  • 11:31 - 11:36
    ကျောင်းအုပ်တွေနဲ့ ဆရာတွေဟာ WhatsApp မှာ
    ရာနဲ့ချီတဲ့ အုပ်စုတွေခွဲပြီး ဆွေးနွေးတယ်။
  • 11:36 - 11:38
    တစ်ခုခု ဆက်သွယ်လိုတဲ့အချိန်တိုင်း
  • 11:38 - 11:41
    WhatsApp group တွေမှာ ပို့စ်တင်လိုက်တာပဲ။
  • 11:41 - 11:44
    ဒါက တောမီးလို့ ပျံ့နှံ့သွားတယ်။
  • 11:44 - 11:47
    ဘယ်သူရပြီးပြီ၊ ဖတ်ထားပြီ
    ဆိုတာကိုလည်း
  • 11:47 - 11:48
    ချက်ချင်း ကြည့်နိုင်တယ်။၏
  • 11:48 - 11:52
    ဆရာတွေဟာ ရှင်းလင်းပြသဖို့ မေးခွန်းတွေ
    တစ်ပြိုင်နက် မေးလို့ရတယ်။
  • 11:52 - 11:53
    စိတ်ဝင်စားဖို့ကောင်းတာက
  • 11:53 - 11:57
    ဒီမေးခွန်းတွေကို ဖြေနေသူတွေဟာ
    ရုံးချုပ်ကတင် မဟုတ်ဘူး၊
  • 11:57 - 11:59
    ပြည်နယ်ရဲ့ လုံးဝခြားနားတဲ့ အပိုင်းက
    အခြား ဆရာတွေကပါ
  • 11:59 - 12:02
    ရပ်တည် ဖြေကြားကြမှာပါ။
  • 12:02 - 12:05
    လူတိုင်းဟာ လူတိုင်းရဲ့ သက်တူရွယ်တူ
    အသင်းလိုလုပ်ဆောင်နေကာ
  • 12:05 - 12:06
    ကိစ္စတွေကို အကောင်အထည်ဖော်နေပါတယ်။
  • 12:08 - 12:10
    ဒီတော့ ယနေ့ Haryana က
    ကျောင်းကို သွားရင်
  • 12:10 - 12:12
    အရာတွေက ပြောင်းလဲသွားပုံပါ။
  • 12:12 - 12:14
    ဆရာတွေဟာ အခန်းထဲပြန်ပြီး
  • 12:14 - 12:15
    စာဝင်သင်နေကြပါပြီ။
  • 12:15 - 12:17
    မကြာခဏတော့ ဆန်းသစ်တဲ့
    နည်းစနစ်တွေနဲ့ပါ။
  • 12:18 - 12:21
    ကြီးကြပ်ရေးမှူး စယသင်ခန်းကိုလာရင်လည်း
  • 12:21 - 12:25
    အိမ်သာဆောက်တာတင်မကတော့ဘူး၊
  • 12:25 - 12:27
    သင်ကြားမှု အရည်အသွေးပိုင်းကိုပါ
    စစ်ဆေးနေပါပြီ။
  • 12:28 - 12:31
    သုံးလတစ်ကြိမ်
    ပြည်နယ်တစ်လွှားက ကျောင်းသားအားလုံးရဲ့
  • 12:31 - 12:33
    သင်ကြားမှု ရလဒ်အပေါ်
    အကဲဖြတ်နေပြီး
  • 12:33 - 12:36
    စာသင်ကောင်းတဲ့ကျောင်းတွေကိုလည်း
    ဆုချီးမြှင့်ပေးနေပါတယ်။
  • 12:36 - 12:39
    စာသင်မကာင်းတဲ့ ကျောင်းတွေကလည်းပဲ
  • 12:39 - 12:41
    ခက်ခဲတဲ့ ဆွေးနွေးမှုတွေ သူတို့ကိုယ်တိုင်
    ကြုံနေရတယ်
  • 12:42 - 12:44
    တကယ်က သူတို့ အနာဂတ်မှာ ပိုကောင်းနိုင်ဖို့
  • 12:44 - 12:46
    အပို ထောက်ပံ့မှုတွေရတယ်။
  • 12:47 - 12:49
    ပညာရေးလို့ဆိုရာမှာ
  • 12:49 - 12:51
    ရလဒ်တွေကိုမြန်မြန်
    သိရဖို့ဆိုတာ မလွယ်ပါဘူး။
  • 12:52 - 12:55
    လူတွေက စနစ်ကျတဲ့ အကြီးစား
    ပြောင်းလဲမှုအကြောင်းပြောတဲ့အခါ
  • 12:55 - 12:58
    ၇ နှစ် ၁၀ နှစ်ကာလအကြောင်း
    ပြောကြတယ်။
  • 12:58 - 12:59
    Haryana မှာတော့ မဟုတ်ဘူး
  • 13:00 - 13:04
    မနှစ်ကဆို လွတ်လပ်တဲ့ လေ့လာမှု
    သုံးခု လုပ်ထားတယ်၊
  • 13:04 - 13:07
    အားလုံးက ကျောင်းသားတွေရဲ့
    သင်ယူမှု ရလဒ်တွေ တိုင်းတာကာ
  • 13:07 - 13:09
    ဒါက အခြေခံကျတဲ့ အရာတစ်ခုကို ပြသပါတယ်။
  • 13:09 - 13:11
    Haryana မှာ ထူးခြားတာ
    ဖြစ်နေတယ်ဆိုတာပါ။
  • 13:12 - 13:15
    ကလေးတွေရဲ့ သင်ယူမှုအဆင့်တွေကျဆင်းတာ
    ရပ်ဆိုင်းသွားပြီး
  • 13:15 - 13:16
    စတင် တိုးတက်လာပါတယ်။
  • 13:16 - 13:20
    Haryana ဟာ နိုင်ငံထဲက တိုးတက်မှုကို
    ပြသနေတဲ့
  • 13:20 - 13:21
    ပြည်နယ်အနည်းငယ်ထဲက တစ်ခုဖြစ်ပြီး
  • 13:21 - 13:25
    သေချာတာက တိုးတက်မှုနှုန်း
    အမြန်ဆန်ဆုံး တစ်ခုပါပဲ။
  • 13:26 - 13:27
    ဒါတွေက ကနဦး လက္ခဏာတွေပါ။
  • 13:27 - 13:29
    ဆက်လုပ်ဖို့က အများကြီးပါ
  • 13:29 - 13:31
    ဒါပေမဲ့ အနာဂတ်အတွက်
    မျှော်လင့်ချက်အများကြီးပေးတယ်။
  • 13:33 - 13:34
    တလောက ကျောင်းတစ်ကျောင်း
    သွားတယ်။
  • 13:34 - 13:36
    ပြန်အထွက်မှာ အမျိုးသမီးတစ်ယောက်နဲ့
  • 13:36 - 13:38
    အမှတ်မထင် ဆုံခဲ့တယ်။
  • 13:38 - 13:39
    သူမ အမည်က Parvati တဲ့။
  • 13:39 - 13:40
    ကလေးတစ်ယောက်ရဲ့ အမေပါ။
  • 13:40 - 13:41
    သူမက ပြုံးနေတယ်။
  • 13:42 - 13:45
    ကျွန်မက "ဘာဖြစ်လို့ ပြုံးနေတာလဲ အမ၊
    ဘာဖြစ်နေလို့လဲ" ပေါ့။
  • 13:45 - 13:48
    သူမက ပြောတာက
    "ကျွန်မ ဘာဖြစ်နေတာလဲ ဆိုတာတော့မသိဘူး၊
  • 13:48 - 13:51
    ဒါပေမဲ့ ကျွန်မသိတာက ကလေးတွေစာသင်နေကြတယ်၊
  • 13:51 - 13:52
    ပျော်နေကြတယ်။
  • 13:52 - 13:55
    လောလောဆယ်တော့ သူတို့ကိုပို့ဖို့
    ပုဂ္ဂလိကကျောင်းရှာတာကို
  • 13:55 - 13:56
    ရပ်လိုက်တော့မယ်"တဲ့။
  • 13:58 - 14:00
    ဒါကြောင့် ကျွန်မ စခဲ့တာလေးကို ပြန်သွားမယ်။
  • 14:00 - 14:01
    အစိုးရစနစ်တွေကို ပြောင်းလဲလို့ရလား။
  • 14:02 - 14:04
    ကျွန်မတော့ ရတယ်လို့ယုံကြည်တယ်။
  • 14:04 - 14:06
    မှန်ကန်တဲ့ ကုတ်တံသာေပးမယ်ဆို
  • 14:06 - 14:07
    တောင်ကို ရွေ့နိုင်မယ်
    ထင်တယ်။
  • 14:08 - 14:09
    ကျေးဇူးတင်ပါတယ်။
  • 14:09 - 14:15
    (လက်ခုပ်တီးသံ)
Title:
ငွေကြေးမပါပဲ ယိုယွင်းနေတဲ့ပညာရေးကို ဘယ်လိုပြုပြင်နိုင်မလဲ
Speaker:
Seema Bansal
Description:

Seema Bansal သည် ဟာရီရားနားမှာရှိတဲ့ ​ကျောင်း​ပေါင်း ၁၅၀၀၀ ပါဝင်လည်ပတ်​နေတဲ့ ပညာ​ရေးစနစ်ကို ​ပြောင်းလဲဖို့  ၂၀၂၀မှာ ၈၀%​သော​ ကျောင်းသား​တွေ အတန်းပညာနဲ့ညီတဲ့ ဗဟုသုတ​တွေ ရရမယ်ဆိုတဲ့ ရည်မှန်းချက် ချမှတ်၍ လုပ်​ဆောင်ခဲ့ပါတယ်။ သူမဟာ ​ကျောင်း​တွေမှာ ထပ်​ဆောင်း သင်​ထောက်ကူ​တွေ ထပ်မထည့်ပဲနဲ့ ထိုရည်မှန်းချက်ကို အ​ကောင်အထည်​ဖော်​ဆောင်ဖို့ လုပ်​ဆောင်​နေပါတယ်။ Bansal  နဲ့ အဖွဲ့ ဟာ ဆရာတွေအချင်းချင်း လွယ်ကူရိုးစင်းပြီး ဆန်းသစ်တဲ့ SMS group chat စနစ်ကိုသုံး၍ သင်ကြား​အောင်မြင်​နေပြီး တိုးတက်မှုများကိုလည်း မြင်​တွေ့နိုင်ကာ၊ ထိုစနစ်ကို Haryana က ​ကျောင်း​တွေမှာ စတင်ကျင့်သုံး​နေကြတာကို ​တွေ့ရှိထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
14:28

Burmese subtitles

Revisions