Return to Video
videos.engagemedia.org/.../12-in-search-of-shelter-wmv.webm
  • 0:02 - 0:07
    ခိုလှုံရာ ဖွေရှာခြင်း
    မြန်မာအစိုးရရဲ့ဖိနှိပ်မှုကြောင့်
  • 0:07 - 0:13
    ထောင်ပေါင်းများစွာသောမြန်မာတွေဟာ အမိနိုင်ငံဆီမှထွက်ပြေးလာကြပါတယ်
  • 0:13 - 0:16
    အများစုကတော့တိုင်းနယ်ပြည်နယ်(၇)ခုကတိုင်းရင်းသားတွေပါ
  • 0:16 - 0:22
    သူတို့တွေဟာ ထိုင်းနဲ့မလေးရှားလိုအိမ်နီးချင်းနိုင်ငံတွေမှာ နိုင်ငံရေးခိုလှုံသူတွေအဖြစ် အဆုံးသတ်သွားကြပါတယ်
  • 0:24 - 0:30
    ကျွန်တော်တို့က ယဉ်ကျေးမှုနဲ့ပညာရေးနည်းနည်းပဲရှိတဲ့တိုင်းရင်းသားအုပ်စုလေးပါ
  • 0:31 - 0:36
    အဓိကပြသနာကတော့ အစိုးရရဲ့ခွဲခြားဆက်ဆံမှုပဲ
  • 0:36 - 0:44
    ကျွန်တော်တို့ချင်းလူမျိုးတွေဟာ အတင်းအကြပ်စေခိုင်းတာမျိုးတွေကို ရင်ဆိုင်နေရတယ်
  • 0:46 - 0:55
    မလေးရှားမှာ ဒုက္ခသည်(၁)သိန်းလောက်ရှိပေမယ့်(၄၀)ရာခိုင်နှုန်းလောက်သာ UNHCR ထဲမှာတရားဝင်စာရင်းဝင်တာ
  • 0:56 - 0:59
    မလေးရှားကို တစ်နေ့ထက်တစ်နေ့ပိုရောက်လာကြတာပဲ
  • 1:00 - 1:04
    UNHCR ကတ်မရှိတဲ့ကျောင်းသားတွေကြုံရတဲ့..
  • 1:05 - 1:12
    ပထမပြဿနာကတော့ ကျောင်းလာတက်တဲ့လမ်းမှာ လုံခြုံမှုမရှိတာပဲ
  • 1:12 - 1:16
    သူတို့လေးတွေက သိပ်ငယ်တဲ့ကလေးတွေတော့မဟုတ်ပါဘူး
  • 1:16 - 1:22
    ၁၃နှစ်၊ ၁၄ နှစ်၊ ၁၆ နှစ် လောက်လေးတွေပေါ့။ သူတို့မကြာခဏအဖမ်းခံရတယ်
  • 1:22 - 1:29
    ဒုတိယပြဿနာကတော့ UNHCR ကတ်မရှိသူတွေဟာ...
  • 1:29 - 1:40
    အစိုးရဆီက စာမေးပွဲဝင်ဖြေခွင့်၊ နောက်ဆုံးတက္ကသိုလ်တက်ခွင့်တွေပါ ရမှာမဟုတ်ဘူး
  • 1:41 - 1:48
    လက်ရှိမှာ ကျောင်းသား ဦးရေ(၃၉)ယောက်ရှိတယ်
  • 1:48 - 1:52
    ဒီအတန်းကအငယ်ဆုံးပဲ။ pre-school ပေါ့
  • 1:52 - 2:04
    UNHCR နဲ့အတူမှတ်ပုံတင်ထားတာလူဦးရေ(၃၉၀)ပေမယ့်(၄၀%)လောက်ကပဲ တရားဝင်ဖြစ်တာ
  • 2:04 - 2:11
    စာရွက်စာတမ်းမဲ့လို့ တရားမ၀င်ဖြစ်နေတာက မိဘနဲ့အတူနေနေတဲ့ကလေးတွေပါသလိုတစ်ကောင်ကြွက်လေးတွေလည်းပါတယ်။
  • 2:11 - 2:17
    UNHCRမှာစာရင်းဝင်နေတဲ့ဆရာစာရင်းက(၁၀)ယောက်ထဲပါ
  • 2:17 - 2:21
    တစ်ခြားဆရာအယောက်(၂၀)က UNHCR မှာစာရင်းမ၀င်ဘူး
  • 2:22 - 2:28
    ပြီးခဲ့တဲ့လကဆို ရဲကဆရာ(၃)ယောက်ကိုဖမ်းလိုက်တယ်
  • 2:28 - 2:34
    ရင်းဂစ်၂၀၀၀ ပေးမှ သူတို့ကိုပြန်လွှတ်တယ်
  • 2:34 - 2:36
    ရဲတွေဆီက ပြန်လွှတ်တာလေ
  • 2:53 - 3:00
    ကချင်အဖွဲ့အစည်းကတ်ကိုင်ထားတဲ့လူ ရောဂါဖြစ်ရင်
  • 3:01 - 3:07
    ဥပမာ ကျောက်ကပ်ခွဲဖို့၊ ကလေးမွေးဖို့တို့
  • 3:07 - 3:10
    ရင်သားကင်ဆာဖြစ်တာတို့..
  • 3:10 - 3:17
    ဒါမျိုးတွေဖြစ်လာရင် ကျွန်တော်တို့မှာသူတို့ကိုကုသဖို့ငွေမရှိဘူး
  • 3:18 - 3:26
    UN မှတ်ပုံတင်ကတ်ရှိရင်တော့ ဆေးရုံတက်ဖို့၊ဆေးကုသခံဖို့ မျှော်လင့်ချက်ပိုရှိတယ်
  • 3:26 - 3:29
    ကုသစရိတ်ကို (၁၅ % )လျှော့ပေးလို့လေ
  • 3:33 - 3:40
    အမျိုးသမီးအများစုကမိသားစုနဲ့ပါ။ ခုဆို ကိုယ်ဝန်သည်(၂၀)ရှိတယ်
  • 3:40 - 3:42
    ဒါကတကယ့်ပြဿနာပဲ
  • 3:47 - 3:58
    အမျိုးသမီးတွေကပြင်ပမှာအလုပ်လုပ်ဖို့အခွင့်အရေးမ၇ှိဘူးလေ။ ဒါက ပြဿနာဖြစ်စေတယ်
  • 4:00 - 4:06
  • 4:07 - 4:12
    ဒါကြောင့်ဒုက္ခသည်တွေက ခြိမ်းခြောက်မှုပေါင်းစုံရဲ့ပစ်မှတ်ဖြစ်လာပါတယ်
  • 4:13 - 4:18
    မလေးရှားကဒုက္ခသည်တွေဟာ တုန်လှုပ်စရာပြဿနာတွေနဲ့ နေ့စဉ်ကြုံတွေ့နေရပါတယ်
  • 4:19 - 4:27
    အလုပ်ခွင်မှာ မလုံခြုံသလို စာရေးသောက်ရေးနဲ့ ပုဂ္ဂလိကဘ၀မှာလည်းလုံခြုံမှုမရှိကြပါ။
  • 4:27 - 4:34
    ပြဿနာကတော့ပေါင်းစုံပဲ။ အဓိကပြဿနာကိုက UNHCR ဖြစ်နေတာ
  • 4:34 - 4:38
    ကျန်းမာရေးလို ပညာရေးလို တခြားပြဿနာတွေလည်းရှိတာပေါ့
  • 4:38 - 4:45
    အလုပ်ခန့်တာ၊လုံခြုံမှုပိုင်းဆိုင်ရာ၊အဖမ်းခံရတာ.
  • 4:45 - 4:48
    ဒါတွေအားလုံးကို ဒီမှာနေ့စဉ်တွေ့နေတာပဲ
  • 4:48 - 4:58
    UNHCR နဲ့မှတ်ပုံမတင်ထားရင် အလုပ်လုပ်ဖို့နဲ့ဆေးရုံဆေးခန်းသွားဖို့ တော်တော်ဒုက္ဂ္ခရောက်မယ်
  • 4:58 - 5:05
    ပညာသင်ဖို့ရောပဲ။ ဒီပြဿနာတွေအားလုံးက UNHCR မှာစာရင်းမ၀င်လို့ဖြစ်လာတာ
Title:
Video Language:
English
Team:
EngageMedia
Burmese subtitles
Revisions