Geraldine Hamilton: ချစ်(ပ်)ပြားကလေးပေါ်က ခန္ဓာကိုယ်အစိတ်အပိုင်း ကလေးများ
-
0:00 - 0:03ကျန်းမာရေးဆိုင်ရာ စိမ်ခေါ်မှုများဟာ
-
0:03 - 0:04ကျွန်မတို့လက်များအတွင်းသို့
ကျရောက်လျက်ရှိနေပါတယ်။ -
0:04 - 0:07ပြောချင်တာကတော့ ကျွန်မတို့ လောလောဆယ်
-
0:07 - 0:10ရှာဖွေ၊ကြံဆထုတ်လုပ်နေသော ဆေးဝါးအသစ်များဟာ
-
0:10 - 0:14ကုန်ကျစရိတ် အတော့်ကို ကြီးမားပါတယ်။
အချိန်လည်း အတော်ယူရပါတယ်။ -
0:14 - 0:18နောက်ပြီးတော့ အောင်မြင်တာထက်
ပျက်ယွင်းသွားတာက ပိုများပါတယ်။ -
0:18 - 0:21ဒါက အလုပ်မဖြစ်ရုံတင်မကပါဘူး။ ဆိုလိုတာက
-
0:21 - 0:24ကုထုံးအသစ်တွေကို အလွန်အမင်းကိုလိုအပ်နေတဲ့
လူနာတွေဆီကို -
0:24 - 0:26မရောက်ရှိနိုင်ပဲ၊
-
0:26 - 0:30ရောဂါတွေကို မကုသနိုင်ပဲဖြစ်နေတာကိုပါ။
-
0:30 - 0:33ကျွန်မတို့တွေဟာ ပိုက်ဆံတွေကို
တစ်နေ့တခြား တိုးတိုးပြီးသုံးလာနေသလိုပါပဲ။ -
0:33 - 0:37ဒါကြောင့် သုသေသန နဲ့ တီထွင်ထုတ်လုပ်မှုမှာ အသုံးပြုနေတဲ့
ဒေါ်လာသန်းတစ်ထောင်တိုင်း၊ တစ်ထောင်တိုင်း အတွက် -
0:37 - 0:41ကျွန်မတို့ ရရှိနေတဲ့ ဈေးကွက်ထဲမှာ ထောက်ခံအတည်ပြုထားတဲ့
ဆေးဝါးတွေက ပိုပြီးလျော့နည်းနေပါတယ်။ -
0:41 - 0:44ပိုက်ဆံမျာများသုံးလေ၊ဆေးဝါးနည်းလေလေ
ဖြစ်နေတာပေါ့။ -
0:44 - 0:45ကဲ ဒီတော့ ဘာတွေဖြစ်နေတာလဲ။
-
0:47 - 0:48ကောင်းပြီ ဒီနေရာမှာ မြောက်မြားစွာသော
အကြောင်းခံတရားတွေ ါဝင်ပတ်သက်နေပါတယ်။ -
0:48 - 0:50ဒါပေမယ့် ကျွန်မထင်တဲ့
အဓိကအကြောင်းခံတစ်ခုကတော့ -
0:50 - 0:53ကျွန်မတို့ လက်ရှိအသုံးပြုနေတဲ့
စမ်းသပ်တဲ့ ကိရိယာတွေပါ၊ -
0:53 - 0:57ဆေးဝါးတစ်ခုကို အလုပ်ဖြစ်မဖြစ်
စမ်းသပ်ဖို့ပဲဖြစ်ဖြစ်၊ -
0:57 - 0:58အာနိသင်ထက်မြက်မှုရှိမရှိ မရှိ
-
0:58 - 1:00ဒါမှမဟုတ် စိတ်ချရမှုရှိမရှိ စမ်းသပ်ဖို့ပဲဖြစ်ဖြစ်ပါ၊
-
1:00 - 1:04လူသားတွေကို ကုသမှုဆိုင်ရာ
စမ်းသပ်စစ်ဆေးမှုမလုပ်ခင်မှာပေါ့။ -
1:04 - 1:06ဒီကိရိယာတွေက ကျွန်မတို့ကို အလွဲလွဲ အချော်ချော်ဖြစ်နေစေတာပါပဲ။
ဒီစက်ကိရိယာတွေက ကြိုတင်ပြီး မခန့်မှန်းနိူင်ဘူးဖြစ်နေတာက -
1:06 - 1:09လူသားတွေဆီမှာ ဘာအကျိုးဆက်
ဖြစ်လာမလဲဆိုတာကို ပဲပေါ့။ -
1:09 - 1:12ပြီးတော့ ကျွန်မတို့ဆီမှာ
လိုသလိုစိတ်ကြိုက်သုံးလို့ရတဲ့ -
1:12 - 1:14အဓိကကိရိယာ နှစ်ခုတော့ ရှိတယ်။
-
1:14 - 1:18သူတို့ကတော့ ပန်းကန်တွေထဲက ဆဲလ်တွေရယ်၊
တိရိစ္ဆာန်တွေကို အသုံးပြုပြီး စမ်းသပ်ခြင်းတွေပဲပေါ့။ -
1:18 - 1:21အခုကျွန်မတို့ ပထမတစ်ခုအကြောင်း ပြောကြရအောင်၊
ပန်းကန်တွေထဲက ဆဲလ်တွေ အကြောင်းပေါ့။ -
1:21 - 1:24ဒီတော့ ဆဲလ်တွေဆိုတာက ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ထဲမှာပဲ
အဆင်ပြေပြေ လည်ပတ်လုပ်ဆောင်နေတာပါ။ -
1:24 - 1:26အဲဒီ ဆဲလ်တွေကို သူတို့ရဲ့မူလပတ်ဝန်းကျင်ကနေ
လှီးထုတ်၊ဖြတ်ယူပြီး -
1:28 - 1:29ဒီပန်းကန်ပြားတွေထဲက တစ်ချပ်ချပ်ထဲကို
ပစ်ထည့်လိုက်ပါမယ်။ -
1:29 - 1:31ပြီးတော့ သူတို့ အလုပ်လုပ်တာကို စောင့် ကြည့်ပါမယ်။
-
1:31 - 1:33မှန်းကြည့်စမ်းပါဦး။
သူတို့အလုပ်မလုပ်ပါဘူး။ -
1:33 - 1:35သူတို့ အဲဒီပတ်ဝန်းကျင်ကို မကြိုက်ကြပါဘူး။
-
1:35 - 1:36အဲဒီနေရာက သူတို့ ခန္ဓာကိုယ်ထဲမှာတုန်းက
-
1:36 - 1:39ရရှိတာနဲ့ ဘာမှမဆိုင်တော့လို့ပေါ့။
-
1:39 - 1:41တိရိစ္ဆာန်တွေနဲ့ စမ်းသပ်တာကရော့။
-
1:41 - 1:44အင့်းတိရိစ္ဆာန်တွေနဲ့ ကတော့
အလုပ်ဖြစ်ပါတယ်။ ပြီးတော့ -
1:44 - 1:46အင်မတန်မှကိုပဲ အသုံးဝင်တဲ့
သတင်းအချက်အလက်တွေကိုလည်း ပံ့ပိုးပေးနိုင်တယ်လေ။ -
1:46 - 1:48သူတို့က ခက်ခဲရှုပ်ထွေးလှတဲ့
-
1:48 - 1:50ဇီဝရုပ်အဖွဲ့အစည်းထဲမှာ
ဖြစ်ပျက်နေတာတွေကိုပါသင်ပေးတယ်လေ။ -
1:50 - 1:53ဇီဝဗေဒဘာသာအကြောင်းကို ကျွန်မတို့
ပိုမိုသဘောပေါ်က်နားလည်စေတာပေါ့။ -
1:53 - 1:56ဒါပေမယ့် မကြာခဏဆိုသလို
-
1:56 - 2:00တိရိစ္ဆာန်နမူနာတွေကို သီးခြားလက္ခဏာဆောင်တဲ့
ဆေးဝါးတွေနဲ့ စမ်းသပ်ကြည့်တဲ့အခါမှာ -
2:00 - 2:04လူသားတွေအတွက် ဘယ်လိုအကျိုးသက်ရောက်မှုရှိမယ်
ဆိုတာကို ခန့်မှန်းဖို့ ပျက်ကွက်နေပြန်တယ်။ -
2:04 - 2:06ဒါကြောင့် ကျွန်မတို့အတွက် ပိုပြီးကောင်းမွန်တဲ့
ကိရိယာတွေ လိုအပ်နေပါတယ်။ -
2:06 - 2:08ကျွန်မတို့ လူသားဆဲလ်တွေ လိုအပ်ပါတယ်။
-
2:08 - 2:10ဒါပေမယ့် ကိုယ်ခန္ဓာအပြင်ဖက်မှာ
ဆဲလ်တွေကို အဆင်ပြေပြေ -
2:10 - 2:12ထိန်းသိမ်းထားဖို့ နည်းလမ်းတစ်ခုရှာဖို့ လိုပါတယ်။
-
2:12 - 2:15ကျွန်မတို့ ခန္ဓာကိုယ်ဟာ ရွေ့လျားနေတဲ့
ပတ်ဝန်းကျင်တစ်ခုပါ။ -
2:15 - 2:17ကျွန်မတို့ဟာ အဆက်မပြတ် လှုပ်ရှားနေပါတယ်။
-
2:17 - 2:19ဒါကို ကျွန်မတို့ ဆဲလ်တွေက ကြုံတွေ့နေရပါတယ်။
-
2:19 - 2:22သူတိုတွေဟာ ကျွန်မတို့ ကိုယ်ခန္ဓာထဲက
ရွေ့လျားနေတဲ့ပတ်ဝန်းကျင်တွေထဲမှာပါ။ -
2:22 - 2:25သူတို့တွေဟာ အမြဲမပြတ်လှုပ်ရှားနေတဲ့
စွမ်းအားတွေရဲ့အောက်မှာ ရှိနေတာပါ။ -
2:25 - 2:27ဒါကြောင့် ဆဲလ်တွေ ကျွန်မတို့ရဲ့ကိုယ်ခန္ဓာရဲ့
-
2:27 - 2:28အပြင်ဖက်မှာ အဆင်ပြေပြေ နေစေချင်တယ်ဆိုရင်
-
2:28 - 2:31ကျွန်မတို့တွေဟာ ဆဲလ်ဆိုင်ရာ
ဗိသုကာတွေ ဖြစ်ဖို့လိုပါတယ်။ -
2:31 - 2:35ကျွန်မတို့ဟာ ဆဲလ်တွေ
ကိုယ့်အိမ်ကိုယ့်ရာလို နေနိုင်အောင် -
2:35 - 2:39ပုံစံချဖို့၊ တည်ဆောက်ဖို့ နဲ့ စီမံဖို့ တော့ လိုတာပေါ့။
-
2:39 - 2:40နောက်ပြီး Wyss သိပ္ပံဋ္ဌာနမှာ
-
2:40 - 2:42ကျွန်မတို့ အဲဒါကို သုတေသန ပြုလုပ်ထားပါတယ်။
-
2:42 - 2:45အဲဒါကို "ချစ်(ပ်)အပြားလေးပေါ်က ကိုယ်အင်္ဂါအစိတ်အပိုင်း
ကလေးတစ်ခု"လို့ အမည်ပေးထားပါတယ်။ -
2:45 - 2:47အခု ကျွန်မလက်ထဲမှာ ရှိနေတာကလေးပါ။
-
2:47 - 2:50လှတယ် မဟုတ်လား။ ဒါပေမယ့် ဒါလေးက
တော်တော်လေးကို ဆန်းပြားပါတယ်။ -
2:50 - 2:54အခု ကျွန်မလက်ထဲမှာရှိနေတာကလေးက
ချစ်(ပ်)အပြားကလေးပေါ်က -
2:54 - 2:57အသက်ရှုနေတဲ့၊အသက်ရှိနေတဲ့
လူ့အဆုတ် တစ်ခုပါ။ -
2:57 - 2:59ဒါကလေးက အလှသက်သက်ချည်းပဲ
မဟုတ်ပါဘူး။ -
2:59 - 3:02သူလုပ်ဆောင်နိူင်တာတွေက တပုံတခေါင်းကြီးပါ။
-
3:02 - 3:05ဒီချစ်(ပ်)သေးသေးလေးထဲမှာ ကျွန်မတို့ သက်ရှိ
ဆဲလ်တွေ ထည့်ထားပါတယ်။ -
3:05 - 3:08ရွေ့လျားနေတဲ့ ပတ်ဝန်းကျင်
တစ်ခုထဲမှာရှိတဲ့ ဆဲလ်တွေဟာ -
3:08 - 3:11အခြားမျိုးမတူတဲ့ ဆဲလ်တွေနဲ့အတူ
အပြန်အလှန်အကျိုးပြုဆက်သွယ်နေတာပါ။ -
3:11 - 3:13စမ်းသပ်ခန်းထဲမှာ ဆဲလ်တွေဖြစ်ထွန်းဖို့
-
3:13 - 3:14စမ်းသပ်နေသူတွေ အများကြီးရှိလာပါပြီ။
-
3:14 - 3:18နည်းလမ်းပေါင်းများစွာနဲ့ကို
သူတို့ စမ်းသပ်ထားတာပါ။ -
3:18 - 3:20ကိုယ်အင်္ဂါအသေးစားတွေကို စမ်းသပ်ခန်းထဲမှာ
ပြုစုပျိုးထောင်ဖို့ကိုတောင် သူတို့ စမ်းကြည့်ထားပါတယ်။ -
3:20 - 3:22ဒီနေရာမှာတော့ ဒါမျိုးကို
စမ်းသပ် လုပ်ဆောင်မှာ မဟုတ်ပါဘူး။ -
3:22 - 3:24ကျွန်မတို့ ဘာကို ပြန်လည်ဆန်းသစ်
တီထွင်နေတာလည်းဆိုတော့ -
3:24 - 3:25ဒီ သေးကွေးလှတဲ့ ချစ်(ပ်)ထဲမှာ
-
3:25 - 3:28အရမ်းကို သေးငယ်တဲ့ ယန္တရားတစ်ခုရှိနေတယ်။
-
3:28 - 3:31ဒီယန္တရားဟာ
-
3:31 - 3:34ခန္ဓာကိုယ်တွေထဲမှာ ဆဲလ်တွေ
-
3:34 - 3:38ကြုံတွေ့ရတဲ့ ဇီဝဓာတုဓာတ်တွေ၊ လည်ပတ်မှုတွေ နဲ့
လှုပ်ရှားမှုဆိုင်ရာ စရိုက်ကို ကိုယ်စားပြုတယ်။ -
3:38 - 3:41အခု ဒီပစ္စည်း ဘယ်လို အလုပ်လုပ်သလဲဆိုတာ
ကျွန်မ ရှင်းပြပါမယ်။ -
3:41 - 3:43ဒီ ဖွဲ့စည်းတည်ဆောက်ပုံတွေ ပြုလုပ်ဖို့
-
3:43 - 3:45ကွန်ပြူတာချစ်(ပ်)ထုတ်လုပ်တဲ့ လုပ်ငန်းက
နည်းပညာတွေကိုယူသုံးပါတယ်။ -
3:45 - 3:47ဆဲလ်တွေရော၊ သူတို့ရဲ့ပတ်ဝန်းကျင်ပါ
-
3:47 - 3:50နှစ်ခုစလုံးနဲ့ ဆီလျော်တဲ့ အချိုးကျစကေးတခု
ရှိမှုကို ရယူပါတယ်။ -
3:50 - 3:52ကျွန်မတို့မှာ အရည်စီးဆင်းမှုကိုထိန်းကျောင်းပေးတဲ့
လမ်းကြောင်း(ပြွန်) (၃)ခုရှိပါတယ်။ -
3:52 - 3:56အလယ်ဗဟိုမှာတော့ ပြောရမယ်ဆိုရင်
အဆုတ်ထဲကယူထားတဲ့ -
3:56 - 3:58လူသားဆဲလ်တွေထည့်နိုင်လောက်တဲ့
အရည်စိမ့်ဝင်နိုင်ပြီး ပျော့ပျောင်းတဲ့ -
3:58 - 3:59အလွှာပါးတစ်လွှာ ရှိပါတယ်။
-
3:59 - 4:02နောက်ပြီး အောက်ဖက်မှာတော့
ဆံချည်မျှင်ဆဲလ်တွေ ရှိပါတယ်။ -
4:02 - 4:04သွေးကြောတွေထဲမှာရှိတဲ့ ဆဲလ်တွေပါ။
-
4:04 - 4:08အဲဒီနောက်မှာတော့ ချစ်(ပ်)ပြားပေါ်ကို
လှုပ်ရှားမှုဆိုင်ရာစွမ်းအားတွေကို သက်ရောက်စေပြီး -
4:08 - 4:11အလွှာပါးကို ဆန့်နှိုင်၊ကျုံ့နိုင်စေပါတယ်။
-
4:11 - 4:14ဒါကြောင့် ကျွန်မတို့ အသက်ရှူတဲ့အခါ သူတို့ ရခဲ့တဲ့
-
4:14 - 4:17လှုပ်ရှားမှုဆိုင်ရာစွမ်းအားတွေ
အတိုင်းကို ခံစားရတာပါ။ -
4:17 - 4:20ခန္ဓာကိုယ်ထဲမှာတုန်းက သူတို့ခံစားခဲ့ရတဲ့
ပုံလိုမျိုးကို ခံစားရတာပါ။ -
4:20 - 4:22အပေါ်ဖက်ပြွန်ကိုဖြတ်ပြီး လေက စီးဆင်းနေပါတယ်။
-
4:22 - 4:26နောက်ပြီး အဟာရဓာတ်တွေပါတဲ့ အရည်ကို
-
4:26 - 4:28သွေးပြွန်တွေကတဆင့် စီးဝင်စေပါတယ်။
-
4:28 - 4:31အခုတော့ ချစ်(ပ်)ပြားကလေးက
တော်တော့ လှနေပါတယ်။ -
4:31 - 4:33ဒါပေမယ့် ဒါလေးနဲ့ ကျွန်မတို့ ဘာလုပ်နိုင်မှာပါလိမ့်။
-
4:33 - 4:35မယုံနိူင်လောက်တဲ့ လုပ်ဆောင်မှုတွေကို
-
4:35 - 4:37ဒီချစ်(ပ်)သေးသေးကလေးတွေထဲကနေ
ရရှိနှိုင်ပါတယ်။ -
4:37 - 4:39ကျွန်မပြသပါမယ်။
-
4:39 - 4:41ဥပမာအားဖြင့် ရောဂါကူးစက်မှုကို
အသွင်တူပြုလုပ်လို့ ရပါတယ်။ -
4:41 - 4:45အဲလိုလုပ်တဲ့အခါမှာ အဆုတ်ထဲကို
ဗက်တီးရီးယားဆဲလ်တွေ ထည့်လိုက်ပါတယ်။ -
4:45 - 4:48နောက်ပြီး လူ့ သွေးဖြူဥဆဲလ်တွေ
ထပ်ထည့်နိူင်ပါတယ်။ -
4:48 - 4:50သွေးဖြူဥဆဲလ်တွေဟာ
ဘက်တီးရီးယားတိုက်ခိုက်သူတွေကို -
4:50 - 4:52ကာကွယ်ဖို့ ခန္ဓာကိုယ်ရဲ့ ခံစစ်တွေပါ။
-
4:52 - 4:55ရောဂါကူးစက်မှုကြောင့် ရောင်ရမ်းတာကို
အာရုံခံမိတဲ့ အခါမှာတော့ -
4:55 - 4:58သူတို့တွေဟာ အဆုတ်ထဲကို
သွေးထဲကနေ ဝင်ရောက်ပြီး -
4:58 - 5:00ဘက်တီးရီးယားကို
ဝိုင်းရံထားမှာဖြစ်ပါတယ်။ -
5:00 - 5:02ကဲ အခုတော့ ချစ်(ပ်)ပြားတစ်ခုပေါ်မှာရှိတဲ့
တကယ့် လူ့အဆုတ်တစ်ခုရဲ့ -
5:02 - 5:05ဖြစ်စဉ်ကို တိုက်ရိုက် မြင်တွေ့ရတော့ မှာပါ။
-
5:05 - 5:09သွေးျဖူဥဆဲလ်တွေကို အညွှန်းတွေကပ်ထားတာမို့လို့
သူတို့စီးဆင်းသွားတာကို တွေ့နိုင်ပါတယ်။ -
5:09 - 5:11ရောဂါကူးစက်မှုကို တွေ့တဲ့အခါ
-
5:11 - 5:12သူတို့ဟာ စတင်စေးကပ်လာပါတယ်။
-
5:12 - 5:16သူတို့ စေးကပ်သွားတယ် ၊ျပီးတော့
သွေးျပွန်တွေရဲ -
5:16 - 5:18ဘေးကနေမှ အဆုတ်ထဲကို တိုးဝင်သွားပါတယ်။
-
5:18 - 5:22နောက်ျပီး ဒီမှာအားလုံးတွေ့နိူင်ပါတယ်။
သွေးဖြူဥဆဲလ်ကို -
5:22 - 5:25တကယ်အစစ်အမှန်အတိုင်း
မြင်ယောင်စေနိုင်တာပါ။ -
5:25 - 5:28အဲဒါက စေးကပ်နေတယ်၊ ဆဲလ်လွှာတွေအကြား
သူျဖတ်သန်းသွားစဉ်မှာ တွန့်လိမ်နေျပီး -
5:28 - 5:30စိမ့်ပေါက်ငယ်ကလေးတွေက တဆင့်
-
5:30 - 5:32အလွှာပါးရဲ့ အျခားတစ်ဖက်ကနေ ထွက်လာပါတယ်။
-
5:32 - 5:36အဲ့ဒီမှာပါ။ သူက အစိမ်းရောင်အညွှန်းကပ်ထားတဲ့
-
5:36 - 5:37ဘက်တီးရီးယားကို ဝိုင်းရံတော့မှာပါ။
-
5:37 - 5:40ဒီချစ်(ပ်)သေးသေးလေးထဲမှာ
သင်တို့ မျက်ျမင်ဒိဋ္ဌ တွေ့လိုက်ရတာက -
5:40 - 5:44ခန္ဓာကိုယ်မှာရှိတဲ့ အခြေခံအကျဆုံး
တုံ့ပြန်မှု တစ်ခုဖြစ်တဲ့ -
5:44 - 5:46ရောဂါကူးစက်ျခင်းကို တန်ပြန်တာကိုပါ။
-
5:46 - 5:49ဒါက ကျွန်မတို့ရဲ့ တုံ့ပြန်ပုံပဲလေ၊
ခုခံတုံ့ပြန်မှု ဆိုပါတော့။ -
5:49 - 5:52တော်တော်လေး စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။
-
5:52 - 5:54အခု ကျွန်မ ဒီရုပ်ပုံကလေးကို
အားလုံးနဲ့ မျှဝေချင်ပါတယ်။ -
5:54 - 5:57အရမ်းကို လှပတဲ့ပုံဖြစ်နေလို့ချည်းပဲတော့
မဟုတ်ပါဘူး။ -
5:57 - 6:00ဒီပုံပြောနေတာက ချစ်(ပ်)ပြားတွေရဲ့ အတွင်းပိုင်းမှာ ဆဲလ်တွေ
-
6:00 - 6:03လုပ်ဆောင်တာနဲ့ပတ်သက်ပီး
သတင်းအချက်အလက်တွေ အများကြီးကိုပါ၊ -
6:03 - 6:05ဒီပုံကပြောပြနေတာကတော့
-
6:05 - 6:07အဆုတ်တွေ အတွင်းပိုင်းမှာရှိတဲ့
အသက်ရှုလမ်းကြောင်းက ဆဲလ်တွေဟာ -
6:07 - 6:09အားလုံး မျှော်လင့်ထားသလိုပဲ
-
6:09 - 6:11ဆံချည်မျှင်ပုံသဏ္ဍာန်တွေ
ဖြစ်တည်နေတယ် ဆိုတာကိုပါ။ -
6:11 - 6:12ဒီတည်ဆောက်ပုံတွေကို
(cilia) ဆီလီယာလို့ ခေါ်ပါတယ်။ -
6:12 - 6:15တကယ်တော့ သူတို့ဟာ အဆုတ်ထဲက
ချွဲတွေကို တွန်းထုတ်ပေးတာပါ။ -
6:15 - 6:17ဟုတ်ပါတယ်။ ချွဲတွေပါ။ ရွံဖို့ကောင်းလိုက်တာ။
-
6:17 - 6:19ဒါပေမယ့် တကယ်တမ်းကျတော့
ချွဲတွေက တော်တော်အရေးပါတယ်နော်။ -
6:19 - 6:22ချွဲတွေက အမှုန်အမွှားတွေ၊ ဗိုင်းရပ်(စ်)၊
-
6:22 - 6:23ဓာတ်မတည့်တာဖြစ်ဖို့ အလားအလာရှိတာတွေကို
စစ်ဖယ်ပေးတယ်။ -
6:23 - 6:25ပြီးတော့မှ ဒီ(cilia)ဆီလီယာ လေးတွေက
-
6:25 - 6:27ချွဲတွေကို တွန်းထုတ်ပြီး ရှင်းပစ်လိုက်ပါတယ်။
-
6:27 - 6:29သူတို့ ထိခိုက်ပျက်စီးတဲ့အခါမှာတော့ ဆိုပါတော့
-
6:29 - 6:31ဆေးလိပ်သောက်တာတို့ ဘာတို့ကြောင့်ပေါ့
-
6:31 - 6:34အဲဒီအခါမှာတော့ သူတို့ ကောင်းကောင်း အလုပ်မလုပ်တော့ပါဘူး။
ချွဲတွေကိုလည်း ရှင်းမပေးနိုင်တော့ဘူးပေါ့။ -
6:34 - 6:38အဲဒီကနေ ချောင်းဆိုးရင်ကျပ်လို
ရောဂါမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ -
6:38 - 6:41(Cilia)ဆီလီယာနဲ့ ချွဲရှင်းထုတ်ပစ်ခြင်းတို့ဟာ
-
6:41 - 6:45အင်မတန်ဆိုးဝါးတဲ့ ရောဂါတွေဖြစ်တဲ့ အသက်ရှုလမ်းကြောင်း
ပိတ်ရောဂါမျိုးတွေနဲ့ ပတ်သက်မှုရှိပါတယ်။ -
6:45 - 6:49ဒါပေမယ့် အခုတော့ ဒီချစ်(ပ်)တွေပေါ်ကရတဲ့
လုပ်ဆောင်ချက်တွေအရ -
6:49 - 6:51အလားအလာရှိတဲ့ ကုသမှုအသစ်တွေကို
-
6:51 - 6:53စတင်ရှာဖွေနိုင်တော့မှာပါ။
-
6:53 - 6:55ချစ်(ပ်)ပြားပေါ်က အဆုတ်နဲ့တင် မပြီးသေးပါဘူး။
-
6:55 - 6:57ကျွန်မတို့ အူတစ်ခုကို ချစ်(ပ်)ပေါ် တင်ထားပါတယ်။
-
6:57 - 6:59ဒါကို ဟောဒီညာဖက်မှာ တွေ့နိုင်ပါတယ်။
-
6:59 - 7:02နောက်ပြီး အူအတွင်းပိုင်းဆိုင်ရာ
လူသားဆဲလ်တွေကို -
7:02 - 7:04ချစ်(ပ်)ပြားပေါ်က
အူထဲမှာ ထည့်ထားပါတယ်။ -
7:04 - 7:07သူတို့ ဟာ အမြဲမပြတ် လှိုင်းတွေလို
တွန်းထိုးရွေ့မှုရဲ့အောက်မှာ တည်ရှိနေပြီးတော့ -
7:07 - 7:10ဒီတစက်စီ ဆဲလ်တွေတလျှောက်
ယိုကျစီးဆင်းနေပါတယ်။ -
7:10 - 7:13သင်တို့မြင်တွေ့ဖို့
-
7:13 - 7:15မျှော်လင့်ထားတဲ့ လုပ်ဆောင်ချက်
တော်တော်များများကို -
7:15 - 7:17လူတွေရဲ့ အူတွေထဲမှာ မြင်တွေ့နိုင်ပါတယ်။
-
7:17 - 7:20အခု ကျမတို့ ရောဂါတွေရဲ့ နမူနာပုံစံတွေကို
စတင်ဖန်တီးနိုင်ပါပြီ။ -
7:20 - 7:23ဥပမာ ကသိကအောက်နိုင်လှတဲ့
အူသိမ်အူမနဲ့ဆိုင်တဲ့ လက္ခဏာလို ရောဂါတွေပေါ့။ -
7:23 - 7:25ဒါက လူတော်တော်များများကို
-
7:25 - 7:27ကူးစက်စေတဲ့ ရောဂါတစ်ခုပါ။
-
7:27 - 7:29ဒါက တော်တော်ကြီးကို
အားအင်ကုန်ခန်းစေပြီးတော့ -
7:29 - 7:33ကောင်းမွန်တဲ့ ကုသမှုတွေလည်း
သိပ်များများစားစား မရှိပါဘူး။ -
7:33 - 7:35ကျွန်မတို့လက်တွေ့ခန်းတွေမှာ
-
7:35 - 7:37ကိုယ်ခန္ဓာ အစိတ်အပိုင်း
အမျိုးမျိုးပါဝင်တဲ့ ချစ်(ပ်)တွေ -
7:37 - 7:41တသီတတန်းကြီး ရှိနေပါပြီ။
-
7:41 - 7:44ဒီနည်းပညာရဲ့ တကယ့်စွမ်းအား
အစစ်အမှန်ဆိုတာက တကယ်တော့ -
7:44 - 7:46ဒီအစိတ်အပိုင်းတွေကို
-
7:46 - 7:49ပြေပြစ်ညက်ညောစွာ ချိတ်ဆက်ပေးခြင်းဆိုတဲ့
အချက်က ရရှိတာပါ။ -
7:49 - 7:51ဒီဆဲလ်တွေကိုဖြတ်ပြီး စီးဆင်းမှုတဲ့
အရည်ကြည်တွေ ရှိပါတယ်။ -
7:51 - 7:53ဒါကြောင့် မတူညီတဲ့ ချစ်(ပ်)ပေါင်းစုံကို
-
7:53 - 7:56ချိတ်ဆက်ပြီး virtual human လို့ ခေါ်တဲ့
လူသားအသွင်တူ တစ်ခုကို -
7:56 - 8:00ချစ်(ပ်)ပြား တစ်ချပ်ပေါ်မှာ ပုံဖေါ်နိုင်ပါတယ်။
-
8:00 - 8:03အခုအချိန်ဟာ ပိုစိတ်လှုပ်ရှားစရာပဲနော်။
-
8:03 - 8:07ဒီချစ်(ပ်)တွေပေါ်မှာ လူသားသဏ္ဌန်
တစ်ခုလုံးကို ပြန်လည်ဖန်တီးမှာ မဟုတ်ပါဘူး။ -
8:07 - 8:11ဒါပေမယ့် ကျွန်မတို့ ရည်မှန်းထားတာက
-
8:11 - 8:13လူသားတွေရဲ့ ကိုယ်ခန္ဓာမှာ ဖြစ်ပျက်နေတာနဲ့
ပတ်သက်ပြီး -
8:13 - 8:16ပိုကောင်းမွန်တဲ့ ခန့်မှန်းချက်တွေ
လုပ်နိုင်အောင်လို့ လုံလောက်တဲ့ -
8:16 - 8:18လုပ်ဆောင်ချက်တွေ ပြန်လည် ဖန်တီးနိုင်ဖို့ပါ။
-
8:18 - 8:21ဥပမာဆိုပါတော့ အခု ကျွန်မတို့ aerosol drug လို့ ခေါ်တဲ့
လေဖိအားသုံးဆေးဝါးလို ဆေးတစ်မျိုးကို -
8:21 - 8:24ထည့်သွင်းျပီး ျဖစ်ပျက်ပုံတွေကို
စတင် စူးစမ်းလေ့လာနိုင်ပါပီ။ -
8:24 - 8:27ဒီ ပရိသတ်ထဲက ကျွန်မလို ပန်းနာသည်တွေ ဆိုပါစို့၊
ရှူဆေးဘူး ရှူတဲ့အခါ၊ ဆေးတွေ -
8:27 - 8:30အဆုတ်တွေထဲကို ဘယ်လိုရောက်လာပုံ၊
-
8:30 - 8:32ခန္ဓာကိုယ်ထဲကို ဘယ်လိုဝင်လာပုံ၊ ပြောရရင်
-
8:32 - 8:34နှလုံးကိုဘယ်လို ထိခိုက်စေပုံ စတာတွေကို
စူးစမ်းလေ့လာနိုင်ပါပြီ။ -
8:34 - 8:35ဒါက နှလုံးခုန်သံတွေကို ပြောင်းလဲစေလား။
-
8:35 - 8:37ဒီအထဲမှာ အဆိပ်အာနိသင်တွေ ပါဝင်နေလား။
-
8:37 - 8:39ဒါကို အသည်းက ရှင်းထုတ်ပစ်နိုင်မလား။
-
8:39 - 8:41အသည်းထဲမှာ အစာချေဖျက်မှု ဖြစ်စေလား။
-
8:41 - 8:43ကျောက်ကပ်ထဲမှာ စွန့်ထုတ်တာလား။
-
8:43 - 8:45ဆေးဝါးတစ်ခုနဲ့ ပတ်သက်ျပီး ခန္ဓာကိုယ်က
-
8:45 - 8:48သွက်လက်ျမန်ဆန်တဲ့ တုံ့ျပန်မှုတွေကို စတင်လေ့လာနိုင်ပါပီ။
-
8:48 - 8:50ဒါဟာ ဆေးဝါးထုတ်လုပ်တဲ့လုပ်ငန်းတွေတင်မကပဲ ၊
-
8:50 - 8:52အလှပြင်ဆင်မှုဆိုင်ရာလုပ်ငန်းအပါအဝင်
-
8:52 - 8:55လုပ်ငန်းပေါင်းများစွာကို
-
8:55 - 8:57အခြေခံကျကျ ပြောင်းလဲစေနိုင်မှာဖြစ်တဲ့အတွက်
-
8:57 - 8:59အပြောင်းအလဲ ဖြစ်စေမယ့် ကစားပွဲ ဖြစ်မလာဘဲ၊
-
8:59 - 9:02အရေပြားကို ချစ်(ပ်)တစ်ခုပေါ်တင်ပြီး
စမ်းသပ်ဖို့ အလားအလာရှိနိုင်ပါတယ်။ -
9:02 - 9:04လောလောဆယ် ဒါကို စမ်းသပ်ခန်းမှာ
စီစဉ်ဆောင်ရွက်နေပါတယ်။ -
9:04 - 9:07တိရိစ္ဆာန်တွေ အသုံးျပုစရာမလိုပဲ
အရေပြားပေါ်မှာ လိမ်းကျံ -
9:07 - 9:10အသုံးပြုနေတဲ ထုတ်ကုန်တွေမှာပါဝင်တဲ့
ပစ္စည်းတွေဟာ -
9:10 - 9:13တကယ်ပဲ စိတ်ချရမလားဆိုတာကို စမ်းသပ်ဖို့ပါ။
-
9:13 - 9:15နေစဉ်လိုလို ပတ်ဝန်းကျင်မှာ ထိတွေ့နေရတဲ့
-
9:15 - 9:17ဓါတုပစ္စည်းတွေရဲ့ ဘေးကင်းမှုကို
-
9:17 - 9:19စမ်းသပ်လို့ ရပါတယ်။ဥပမာအားဖြင့်
-
9:19 - 9:23သုံးနေကျ အိမ်တွင်းသုံး သန့်ရှင်းရေးပစ္စည်းတွေပေါ့။
-
9:23 - 9:26ချစ်(ပ်)တွေပေါ်မှာရှိတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို
ဇီဝလက်နက်အသုံးပြုတဲ့ -
9:26 - 9:28အကြမ်းဖက်မှုတွေ၊ ဒါမှမဟုတ်
ဓာတ်ရောင်ခြည်သင့်မှုဆိုင်ရာ -
9:28 - 9:31လုပ်ဆောင်မှုတွေအတွက်လည်း
အသုံးပြုနိုင်ပါသေးတယ်။ -
9:31 - 9:34ဒါတွေကို အသုံးပြုပြီးတော့
အီဗိုလာ အဖျားရောဂါမျိုးတွေ၊ -
9:34 - 9:37သေလောက်အောင်ဆိုးဝါးတဲ့ ရောဂါတွေဖြစ်တဲ့
SARS လို အသက်ရှုလမ်းကြောင်းဆိုင်ရာ -
9:37 - 9:41ရောဂါမျိုးတွေအကြောင်း
ပိုပြီးတော့ လေ့လာနိုင်ပါသေးတယ်။ -
9:41 - 9:43ချစ်(ပ်)ပေါ်က ကိုယ်အင်္ဂါအစိတ်အပိုင်း
အပိုင်းတွေဟာ ကျွန်မတို့ရဲ့ ဆေးကုသမှု -
9:43 - 9:47ဆ်ိုင်ရာ စမ်းသပ်ချက်တွေကို
အနာဂတ်မှာ ပြောင်းပစ်နိုင်ပါတယ်။ -
9:47 - 9:49အခုလောလောဆယ် ဆေးဝါးကုသ စမ်းသပ်မှုတွေမှာ
-
9:49 - 9:53ပါဝင်ပတ်သက်နေသူတွေက ပျမ်းမျှကြိမ်နှုန်းပဲရှိတာပါ။
-
9:53 - 9:56လူလတ်ပိုင်းတွေနဲ့အမျိုးသမီးတွေပဲ ဖြစ်နေတာများပါတယ်။
-
9:56 - 9:58ကလေးတွေ ပါဝင်ပတ်သက်တဲ့
-
9:58 - 10:00ဆေဝါးကုသ စမ်းသပ်မှုမျိုးကို မတွေ့နိုင်ပါဘူး။
-
10:00 - 10:03ဒါပေမယ့် နေ့တိုင်းနေ့တိုင်း
ကလေးတွေကို ဆေးဝါးတွေ ပေးနေရတယ်။ -
10:03 - 10:07ဒီဆေးဝါးနဲ့ပတ်သက်တဲ့
ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ -
10:07 - 10:10အချက်အလက်တွေက
လူကြီးတွေဆီကနေရယူထားတာပါ။ -
10:10 - 10:12ကလေးတွေက လူကြီးမှ မဟုတ်တာ။
-
10:12 - 10:15သူတို့ရဲ့တုံ့ပြန်မှုတွေက
လူကြီးတွေနဲ့ မတူဘူးလေ။ -
10:15 - 10:18မျိုးရိုးဗီဇဆိုင်ရာ
ကွဲပြားခြားနားမှုလိုမျိုး -
10:18 - 10:19တခြားသောအရာတွေက အန္တရာယ်ရှိနိုင်တဲ့
-
10:19 - 10:22ဆေးဝါးတွေရဲ့ဆန့်ကျင်ဖက်ဆိုးရွားစွာ
-
10:22 - 10:26တုံ့ပြန်မှုတွေကြောင့် လူတွေကို
ဘေးဥပါဒ်ဖြစ်စေနိုင်ပါတယ်။ -
10:26 - 10:29ကဲ အခုကျွန်မတို့
လူအမျိုးမျိုးဆီကဆဲလ်တွေကိုယူ၊ -
10:29 - 10:31ပြီးရင် သူတို့ကိုချစ်(ပ်)တွေပေါ်မှာတင်ပြီး
-
10:31 - 10:33လူမျိုးပေါင်းစုံကို ပြန်လည် ဖန်တီးနိုင်ဖို့ကို
စိတ်ကူးကြည့်ကြရအောင်။ -
10:33 - 10:35ဒါဟာ ဆေးကုသမှုဆိုင်ရာ စမ်းသပ်မှုတွေမှာ
လုပ်ဆောင်ပုံတွေအတွက် -
10:35 - 10:37အတော်ကြီးကို ပြောင်းလဲသွားနိုင်ပါတယ်။
-
10:37 - 10:40ဒါကတော့ ဒါကိုလုပ်ဆောင်နေတဲ့
အဖွဲ့ နဲ့ အဖွဲ့သားတွေပါ။ -
10:40 - 10:43ကျွန်မတို့ဆီမှာ အင်ဂျင်နီယာတွေ၊
ဇီဝဗေဒပညာရှင်တွေ၊ -
10:43 - 10:47ဆေးကုသမှုဆိုင်ရာပညာရှင်တွေ
အားလုံးပူးပေါင်းလုပ်ဆောင်ကြပါတယ်။ -
10:47 - 10:48ကျွန်မတို့ဟာ Wyss သိပ္ပံဌာနကြီးမှာ
တော်တော်ကို မယုံနိုင်စရာကောင်းတဲ့ -
10:48 - 10:50တစုံတရာ ဖြစ်လာမှာကို တကယ်ပဲ
မြင်ယောင်မိနေကြတာပါ။ -
10:50 - 10:52ဒါဟာ တကယ်ပဲ ပညာရပ်တွေ
ပေါင်းဆုံတဲ့နေရာပါ။ -
10:52 - 10:56ဒီနေရာမှာ ဇီဝဗေဒပညာရပ်က
ကျွန်မတို့ရဲ့ပုံစံထုတ်ပုံ၊ -
10:56 - 10:59စီမံထုတ်လုပ်ပုံ၊ဆောက်လုပ်ပုံတွေအပေါ်
အတော်လွှမ်းမိုးမှုရှိပါတယ်။ -
10:59 - 11:00တော်တော်လေးကို စိတ်လှုပ်ရှားဖို့
ကောင်းတာပေါ့။ -
11:00 - 11:04ကျွန်မတို့နဲ့လက်ရှိလုပ်ကိုင်နေတဲ့
ဒီဂျစ်တယ်ပစ္စည်းတွေ -
11:04 - 11:07ကျယ်ကျယ်ပြန့်ပြန့်ထုတ်လုပ်တဲ့
ကုမ္ပဏီတစ်ခုလိုမျိုး -
11:07 - 11:11အရေးပါတဲ့ စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုတွေကို
ထူထောင်ဖို့ လုပ်ကိုင်နေပါတယ်။ -
11:11 - 11:13သူတို့တွေက
-
11:13 - 11:14ဒီလိုချစ်(ပ်)တွေကို
-
11:14 - 11:16သုသေသနပညာရှင်တွေဆီကို
-
11:16 - 11:17ရောက်နိူင်သမျှ အများဆုံးရောက်အောင်
-
11:17 - 11:20သန်းနဲ့ချီပြီး ကူညီထုတ်လုပ်ပေးကြမှာပါ။
-
11:20 - 11:24ဒါဟာ ဒီနည်းပညာရဲ့အလားအလာ အတွက်
အဓိကသော့ချက်ပဲ ဖြစ်ပါတယ်။ -
11:24 - 11:27အခု ကျွန်မတို့ရဲ့ ကိရိယာကို ပြသပါရစေ။
-
11:27 - 11:29ဒီကိရိယာက လေလောဆယ် ကျွန်မတို့ အင်ဂျင်နီယာတွေ
-
11:29 - 11:32လက်တွေ့ခန်းမှာ တကယ့်ကို ပုံစံတူထုတ်လုပ်နေတာပါ။
-
11:32 - 11:34ဒီကိရိယာက ကျွန်မတို့လိုအပ်မယ့်
ကိုယ်အင်္ဂါ (၁၀)ခု ဒါမှမဟုတ် ဒိထက်ပိုတဲ့ -
11:34 - 11:36အစိတ်အပိုင်းတွေကို အတူတကွ ချိတ်ဆက်လို့ရအောင်
-
11:36 - 11:41အင်ဂျင်နီယာပိုင်းဆိုင်ရာ ထိန်းချုပ်မှုတွေကိုပေးမှာပါ။
-
11:41 - 11:43ဒါထက်ကို အရမ်းအရေးကြီးတာကိုလည်း
လုပ်ဆောင်ပါတယ်။ -
11:43 - 11:46အသုံးပြုသူလွယ်ကူစေမယ့်
ကြားခံစနစ်တစ်ခုကို ဖန်တီးပေးပါတယ်။ -
11:46 - 11:49ဒါကြောင့် ကျွန်မလို ဆဲလ်ဆိုင်ရာ
ဇီဝဗေဒပညာရှင်တစ်ယောက်ဟာ ဝင်လာပြီး -
11:49 - 11:51ချစ်(ပ်)တစ်ခုကိုယူပြီးတော့ အခုမြင်နေရတဲ့
-
11:51 - 11:53နမူနာပုံစံလိုမျိုး ကျည်တောက်ပုံ
ဗူးတစ်ခုထဲကို ထည့်ပါတယ်။ -
11:53 - 11:55နောက်ပြီး CD ချပ်ထည့်သလိုမျိုး
-
11:55 - 11:56စက်ထဲကိုထည့်လိုက်ပါတယ်။
-
11:56 - 11:57ဒါဆိုရပြီပေါ့။
-
11:57 - 12:00ပလတ်ခေါင်းထိုးပြီး ဖွင့်လိုက်တာပါပဲ။
အလွယ်လေးပါ။ -
12:00 - 12:03ကဲ အခုနည်းနည်းလေး စိတ်ကူးပုံဖေါ်ကြည့်ရအောင်။
-
12:03 - 12:04ကျွန်မက ရှင်တို့ရဲ့ ပင်မ ဆဲကလာပ်စည်း တွေကိုယူပြီး
-
12:04 - 12:06ချစ်(ပ်)တစ်ခုပေါ်ကိုတင်လိုက်ရင်
-
12:06 - 12:08အနာဂတ်ဟာ ဘယ်လိုများ
-
12:08 - 12:11ပုံများပေါက်နေမလဲဆိုတာကိုပေါ့။
-
12:11 - 12:14ဒါဟာ ရှင်တို့ အတွက်သီးသန့် ပြုလုပ်ထားတဲ့
ကိုယ်ပိုင် ချစ်(ပ်) ဖြစ်လာမှာပေါ့။ -
12:14 - 12:18အခု ဒီမှာရှိနေတဲ့ ကျွန်မတို့အားလုံးဟာ
တစ်ဦးချင်းစီတွေပါပဲ။ -
12:18 - 12:21ဒီလိုတစ်ယောက်ခြင်း ကွဲပြားခြာနားနေကြတာနဲ့အညီ
-
12:21 - 12:23ကျွန်မတို့တွေဟာ ဆေးဝါးတွေနဲ့ပတ်သက်ပြီး
ကွဲပြားခြားနားစွာ တုန့်ပြန်တတ်ကြတယ်။ -
12:23 - 12:27နောက်ပြီး တခါတလေကျရင် မခန့်မှန်းနိုင်တဲ့
နည်းလမ်းတွေနဲ့ တုံ့ပြန်တတ်ကြပြန်ပါတယ်။ -
12:27 - 12:32လွန်ခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်တုန်းက ကျွန်မကိုယ်တိုင်
အတော်ဆိုးဝါးတဲ့ ခေါင်းကိုက်ဝေဒနာ ခံစားခဲ့ရတယ်။ -
12:32 - 12:34ခေါင်းကို လှုပ်လို့မရနိူင်အောင်ကို ဖြစ်ခဲ့တာ။ အဲဒီအချိန်မှာ
တွေးမိတာက ''ငါ အပြောင်းအလဲတခုခုကို စမ်းကြည့်မှပဲ''လို့ပေါ့။ -
12:34 - 12:36ကျွန်မ Advil ဆိုတဲ့ဆေးကိုသောက်လိုက်တယ်။
(၁၅)မိနစ်လောက်လဲကြာရော -
12:36 - 12:38တကယ့် ပန်းနာရင်ကျပ်ရောဂါကြီးနဲ့
-
12:38 - 12:40အရေးပေါ်အခန်းကို ပြေးရတော့တာပဲ။
-
12:40 - 12:42အခုတော့ သေလောက်အောင် မဟုတ်တော့တာ
သိသာထင်ရှားပါတယ်။ -
12:42 - 12:45ကံအကြောင်းမလှစွာပဲ တချို့သော ဆေးဝါးဆိုင်ရာ
-
12:45 - 12:49ဆန့်ကျင်တုံ့ပြန်မှုတွေဟာ
အသက်ကိုပါ သေစေနိုင်ပါတယ်။ -
12:49 - 12:51ကဲ ဒီတော့ဒါတွေကို
ကျွန်မတို့ ဘယ်လိုတားဆီးကြမလဲ။ -
12:51 - 12:53ကောင်းပါပြီ၊ တနေ့မှာတော့
-
12:53 - 12:56Geraldine ကို ချစ်(ပ်) တစ်ခုပေါ်မှာတင်၊
-
12:56 - 12:57Danielle ကို ချစ်(ပ်)တစ်ခုပေါ်မှာတင်၊
ဒီကလူတွေကိုလည်း ချစ်(ပ်)တစ်ခုစီပေါ်မှာ -
12:57 - 12:59တင်ထားနိုင်မယ်လို့
စိတ်ကူးမြင်ယောင်နိုင်တော့မှာပါ။ -
12:59 - 13:01သီးသန့်ကိုယ်ပိုင်ဆေး လို့ပဲဆိုပါတော့။
ကျေးဇူးတင်ပါတယ်။ -
13:01 - 13:05လက်ခုပ် သံများ။
- Title:
- Geraldine Hamilton: ချစ်(ပ်)ပြားကလေးပေါ်က ခန္ဓာကိုယ်အစိတ်အပိုင်း ကလေးများ
- Speaker:
- Geraldine Hamilton
- Description:
-
ဆေးဝါးသစ်တစ်မျိုး၊ တချို့သော နာမကျန်းဖြစ်ခြင်းတွေအတွက် ပိုမိုကောင်းမွန်တဲ့ ကုသမှုတစ်ခုကို စိတ်ကူးကြည့်ရတာ အတော်လေးလွယ်ကူပါတယ်။ ဒါပေမယ့် ခက်ခဲတဲ့အပိုင်းကတော့ ဒါကို စမ်းသပ်ပါ။ ဒီအကြောင်းက အလားအလာရှိတဲ့ ကုသမှုအသစ်တွေကို နှောင့်နှေးကြန့်ကြာစေတာပါ။
အခု ဒီကျကျနနရှင်းပြထားတဲ့ ဟောပြောချက်ထဲမှာ Geraldine Hamilton က သူမရဲ့ စမ်းသပ်ခန်းကနေ တီထွင်ထားတဲ့ ချစ်(ပ်)တစ်ခုပေါ်မှာ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ထည့်သွင်းထားပုံကို ပြသထားပါတယ်။ ဆေးဝါးသစ်တွေကို စမ်းသပ်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတွေကို ရှင်းလင်းလွယ်ကူတဲ့ တည်ဆောက်မှုတွေကိုအသုံးပြုထားပါတယ်။ တိတိကျကျသတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်အတွက် အထူးပြုလုပ်ထားတဲ့ ကုသမှုတွေတောင် ပါဝင်ပါတယ်။ - Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 13:23
Myo Aung edited Burmese subtitles for Body parts on a chip | ||
Myo Aung edited Burmese subtitles for Body parts on a chip | ||
Dimitra Papageorgiou approved Burmese subtitles for Body parts on a chip | ||
sann tint commented on Burmese subtitles for Body parts on a chip | ||
Thanda Oo accepted Burmese subtitles for Body parts on a chip | ||
Thanda Oo commented on Burmese subtitles for Body parts on a chip | ||
Thanda Oo edited Burmese subtitles for Body parts on a chip | ||
Thanda Oo edited Burmese subtitles for Body parts on a chip |
Thanda Oo
တခါတရံ၊ တစတစ those words should not be like တစ္ခါတစ္ရံ apart from that, excellent translation and well done :)
sann tint
thank you very very much , Ma Thanda , for your kind review ! I also review your works and hoping to be more encouraged from you or to you !