1 00:00:00,368 --> 00:00:02,505 ကျန်းမာရေးဆိုင်ရာ စိမ်ခေါ်မှုများဟာ 2 00:00:02,505 --> 00:00:04,197 ကျွန်မတို့လက်များအတွင်းသို့ ကျရောက်လျက်ရှိနေပါတယ်။ 3 00:00:04,197 --> 00:00:07,257 ပြောချင်တာကတော့ ကျွန်မတို့ လောလောဆယ် 4 00:00:07,257 --> 00:00:10,182 ရှာဖွေ၊ကြံဆထုတ်လုပ်နေသော ဆေးဝါးအသစ်များဟာ 5 00:00:10,182 --> 00:00:14,360 ကုန်ကျစရိတ် အတော့်ကို ကြီးမားပါတယ်။ အချိန်လည်း အတော်ယူရပါတယ်။ 6 00:00:14,360 --> 00:00:18,074 နောက်ပြီးတော့ အောင်မြင်တာထက် ပျက်ယွင်းသွားတာက ပိုများပါတယ်။ 7 00:00:18,074 --> 00:00:21,451 ဒါက အလုပ်မဖြစ်ရုံတင်မကပါဘူး။ ဆိုလိုတာက 8 00:00:21,451 --> 00:00:24,498 ကုထုံးအသစ်တွေကို အလွန်အမင်းကိုလိုအပ်နေတဲ့ လူနာတွေဆီကို 9 00:00:24,498 --> 00:00:26,209 မရောက်ရှိနိုင်ပဲ၊ 10 00:00:26,209 --> 00:00:29,707 ရောဂါတွေကို မကုသနိုင်ပဲဖြစ်နေတာကိုပါ။ 11 00:00:29,707 --> 00:00:32,790 ကျွန်မတို့တွေဟာ ပိုက်ဆံတွေကို တစ်နေ့တခြား တိုးတိုးပြီးသုံးလာနေသလိုပါပဲ။ 12 00:00:32,790 --> 00:00:36,886 ဒါကြောင့် သုသေသန နဲ့ တီထွင်ထုတ်လုပ်မှုမှာ အသုံးပြုနေတဲ့ ဒေါ်လာသန်းတစ်ထောင်တိုင်း၊ တစ်ထောင်တိုင်း အတွက် 13 00:00:36,886 --> 00:00:40,715 ကျွန်မတို့ ရရှိနေတဲ့ ဈေးကွက်ထဲမှာ ထောက်ခံအတည်ပြုထားတဲ့ ဆေးဝါးတွေက ပိုပြီးလျော့နည်းနေပါတယ်။ 14 00:00:40,715 --> 00:00:43,932 ပိုက်ဆံမျာများသုံးလေ၊ဆေးဝါးနည်းလေလေ ဖြစ်နေတာပေါ့။ 15 00:00:43,932 --> 00:00:45,437 ကဲ ဒီတော့ ဘာတွေဖြစ်နေတာလဲ။ 16 00:00:46,942 --> 00:00:48,447 ကောင်းပြီ ဒီနေရာမှာ မြောက်မြားစွာသော အကြောင်းခံတရားတွေ ါဝင်ပတ်သက်နေပါတယ်။ 17 00:00:48,447 --> 00:00:50,468 ဒါပေမယ့် ကျွန်မထင်တဲ့ အဓိကအကြောင်းခံတစ်ခုကတော့ 18 00:00:50,468 --> 00:00:52,865 ကျွန်မတို့ လက်ရှိအသုံးပြုနေတဲ့ စမ်းသပ်တဲ့ ကိရိယာတွေပါ၊ 19 00:00:52,865 --> 00:00:56,948 ဆေးဝါးတစ်ခုကို အလုပ်ဖြစ်မဖြစ် စမ်းသပ်ဖို့ပဲဖြစ်ဖြစ်၊ 20 00:00:56,948 --> 00:00:58,337 အာနိသင်ထက်မြက်မှုရှိမရှိ မရှိ 21 00:00:58,337 --> 00:01:00,103 ဒါမှမဟုတ် စိတ်ချရမှုရှိမရှိ စမ်းသပ်ဖို့ပဲဖြစ်ဖြစ်ပါ၊ 22 00:01:00,103 --> 00:01:03,655 လူသားတွေကို ကုသမှုဆိုင်ရာ စမ်းသပ်စစ်ဆေးမှုမလုပ်ခင်မှာပေါ့။ 23 00:01:03,655 --> 00:01:05,806 ဒီကိရိယာတွေက ကျွန်မတို့ကို အလွဲလွဲ အချော်ချော်ဖြစ်နေစေတာပါပဲ။ ဒီစက်ကိရိယာတွေက ကြိုတင်ပြီး မခန့်မှန်းနိူင်ဘူးဖြစ်နေတာက 24 00:01:05,806 --> 00:01:09,034 လူသားတွေဆီမှာ ဘာအကျိုးဆက် ဖြစ်လာမလဲဆိုတာကို ပဲပေါ့။ 25 00:01:09,034 --> 00:01:11,757 ပြီးတော့ ကျွန်မတို့ဆီမှာ လိုသလိုစိတ်ကြိုက်သုံးလို့ရတဲ့ 26 00:01:11,757 --> 00:01:13,771 အဓိကကိရိယာ နှစ်ခုတော့ ရှိတယ်။ 27 00:01:13,771 --> 00:01:17,812 သူတို့ကတော့ ပန်းကန်တွေထဲက ဆဲလ်တွေရယ်၊ တိရိစ္ဆာန်တွေကို အသုံးပြုပြီး စမ်းသပ်ခြင်းတွေပဲပေါ့။ 28 00:01:17,812 --> 00:01:21,132 အခုကျွန်မတို့ ပထမတစ်ခုအကြောင်း ပြောကြရအောင်၊ ပန်းကန်တွေထဲက ဆဲလ်တွေ အကြောင်းပေါ့။ 29 00:01:21,132 --> 00:01:24,285 ဒီတော့ ဆဲလ်တွေဆိုတာက ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ထဲမှာပဲ အဆင်ပြေပြေ လည်ပတ်လုပ်ဆောင်နေတာပါ။ 30 00:01:24,285 --> 00:01:25,953 အဲဒီ ဆဲလ်တွေကို သူတို့ရဲ့မူလပတ်ဝန်းကျင်ကနေ လှီးထုတ်၊ဖြတ်ယူပြီး 31 00:01:27,621 --> 00:01:29,289 ဒီပန်းကန်ပြားတွေထဲက တစ်ချပ်ချပ်ထဲကို ပစ်ထည့်လိုက်ပါမယ်။ 32 00:01:29,289 --> 00:01:30,874 ပြီးတော့ သူတို့ အလုပ်လုပ်တာကို စောင့် ကြည့်ပါမယ်။ 33 00:01:30,874 --> 00:01:33,067 မှန်းကြည့်စမ်းပါဦး။ သူတို့အလုပ်မလုပ်ပါဘူး။ 34 00:01:33,067 --> 00:01:34,729 သူတို့ အဲဒီပတ်ဝန်းကျင်ကို မကြိုက်ကြပါဘူး။ 35 00:01:34,729 --> 00:01:36,361 အဲဒီနေရာက သူတို့ ခန္ဓာကိုယ်ထဲမှာတုန်းက 36 00:01:36,361 --> 00:01:39,037 ရရှိတာနဲ့ ဘာမှမဆိုင်တော့လို့ပေါ့။ 37 00:01:39,037 --> 00:01:41,108 တိရိစ္ဆာန်တွေနဲ့ စမ်းသပ်တာကရော့။ 38 00:01:41,108 --> 00:01:43,993 အင့်းတိရိစ္ဆာန်တွေနဲ့ ကတော့ အလုပ်ဖြစ်ပါတယ်။ ပြီးတော့ 39 00:01:43,993 --> 00:01:46,255 အင်မတန်မှကိုပဲ အသုံးဝင်တဲ့ သတင်းအချက်အလက်တွေကိုလည်း ပံ့ပိုးပေးနိုင်တယ်လေ။ 40 00:01:46,255 --> 00:01:47,964 သူတို့က ခက်ခဲရှုပ်ထွေးလှတဲ့ 41 00:01:47,964 --> 00:01:50,293 ဇီဝရုပ်အဖွဲ့အစည်းထဲမှာ ဖြစ်ပျက်နေတာတွေကိုပါသင်ပေးတယ်လေ။ 42 00:01:50,293 --> 00:01:53,301 ဇီဝဗေဒဘာသာအကြောင်းကို ကျွန်မတို့ ပိုမိုသဘောပေါ်က်နားလည်စေတာပေါ့။ 43 00:01:53,301 --> 00:01:56,199 ဒါပေမယ့် မကြာခဏဆိုသလို 44 00:01:56,199 --> 00:02:00,415 တိရိစ္ဆာန်နမူနာတွေကို သီးခြားလက္ခဏာဆောင်တဲ့ ဆေးဝါးတွေနဲ့ စမ်းသပ်ကြည့်တဲ့အခါမှာ 45 00:02:00,415 --> 00:02:03,601 လူသားတွေအတွက် ဘယ်လိုအကျိုးသက်ရောက်မှုရှိမယ် ဆိုတာကို ခန့်မှန်းဖို့ ပျက်ကွက်နေပြန်တယ်။ 46 00:02:03,601 --> 00:02:05,980 ဒါကြောင့် ကျွန်မတို့အတွက် ပိုပြီးကောင်းမွန်တဲ့ ကိရိယာတွေ လိုအပ်နေပါတယ်။ 47 00:02:05,980 --> 00:02:07,733 ကျွန်မတို့ လူသားဆဲလ်တွေ လိုအပ်ပါတယ်။ 48 00:02:07,733 --> 00:02:10,483 ဒါပေမယ့် ကိုယ်ခန္ဓာအပြင်ဖက်မှာ ဆဲလ်တွေကို အဆင်ပြေပြေ 49 00:02:10,483 --> 00:02:12,074 ထိန်းသိမ်းထားဖို့ နည်းလမ်းတစ်ခုရှာဖို့ လိုပါတယ်။ 50 00:02:12,074 --> 00:02:14,980 ကျွန်မတို့ ခန္ဓာကိုယ်ဟာ ရွေ့လျားနေတဲ့ ပတ်ဝန်းကျင်တစ်ခုပါ။ 51 00:02:14,980 --> 00:02:16,820 ကျွန်မတို့ဟာ အဆက်မပြတ် လှုပ်ရှားနေပါတယ်။ 52 00:02:16,820 --> 00:02:19,011 ဒါကို ကျွန်မတို့ ဆဲလ်တွေက ကြုံတွေ့နေရပါတယ်။ 53 00:02:19,011 --> 00:02:21,820 သူတိုတွေဟာ ကျွန်မတို့ ကိုယ်ခန္ဓာထဲက ရွေ့လျားနေတဲ့ပတ်ဝန်းကျင်တွေထဲမှာပါ။ 54 00:02:21,820 --> 00:02:24,575 သူတို့တွေဟာ အမြဲမပြတ်လှုပ်ရှားနေတဲ့ စွမ်းအားတွေရဲ့အောက်မှာ ရှိနေတာပါ။ 55 00:02:24,575 --> 00:02:27,031 ဒါကြောင့် ဆဲလ်တွေ ကျွန်မတို့ရဲ့ကိုယ်ခန္ဓာရဲ့ 56 00:02:27,031 --> 00:02:28,460 အပြင်ဖက်မှာ အဆင်ပြေပြေ နေစေချင်တယ်ဆိုရင် 57 00:02:28,460 --> 00:02:30,986 ကျွန်မတို့တွေဟာ ဆဲလ်ဆိုင်ရာ ဗိသုကာတွေ ဖြစ်ဖို့လိုပါတယ်။ 58 00:02:30,986 --> 00:02:35,330 ကျွန်မတို့ဟာ ဆဲလ်တွေ ကိုယ့်အိမ်ကိုယ့်ရာလို နေနိုင်အောင် 59 00:02:35,330 --> 00:02:38,561 ပုံစံချဖို့၊ တည်ဆောက်ဖို့ နဲ့ စီမံဖို့ တော့ လိုတာပေါ့။ 60 00:02:38,561 --> 00:02:40,235 နောက်ပြီး Wyss သိပ္ပံဋ္ဌာနမှာ 61 00:02:40,235 --> 00:02:42,173 ကျွန်မတို့ အဲဒါကို သုတေသန ပြုလုပ်ထားပါတယ်။ 62 00:02:42,173 --> 00:02:45,197 အဲဒါကို "ချစ်(ပ်)အပြားလေးပေါ်က ကိုယ်အင်္ဂါအစိတ်အပိုင်း ကလေးတစ်ခု"လို့ အမည်ပေးထားပါတယ်။ 63 00:02:45,197 --> 00:02:46,988 အခု ကျွန်မလက်ထဲမှာ ရှိနေတာကလေးပါ။ 64 00:02:46,988 --> 00:02:49,803 လှတယ် မဟုတ်လား။ ဒါပေမယ့် ဒါလေးက တော်တော်လေးကို ဆန်းပြားပါတယ်။ 65 00:02:49,803 --> 00:02:54,303 အခု ကျွန်မလက်ထဲမှာရှိနေတာကလေးက ချစ်(ပ်)အပြားကလေးပေါ်က 66 00:02:54,303 --> 00:02:56,961 အသက်ရှုနေတဲ့၊အသက်ရှိနေတဲ့ လူ့အဆုတ် တစ်ခုပါ။ 67 00:02:56,961 --> 00:02:59,089 ဒါကလေးက အလှသက်သက်ချည်းပဲ မဟုတ်ပါဘူး။ 68 00:02:59,089 --> 00:03:01,529 သူလုပ်ဆောင်နိူင်တာတွေက တပုံတခေါင်းကြီးပါ။ 69 00:03:01,529 --> 00:03:05,308 ဒီချစ်(ပ်)သေးသေးလေးထဲမှာ ကျွန်မတို့ သက်ရှိ ဆဲလ်တွေ ထည့်ထားပါတယ်။ 70 00:03:05,308 --> 00:03:07,858 ရွေ့လျားနေတဲ့ ပတ်ဝန်းကျင် တစ်ခုထဲမှာရှိတဲ့ ဆဲလ်တွေဟာ 71 00:03:07,858 --> 00:03:10,939 အခြားမျိုးမတူတဲ့ ဆဲလ်တွေနဲ့အတူ အပြန်အလှန်အကျိုးပြုဆက်သွယ်နေတာပါ။ 72 00:03:10,939 --> 00:03:12,578 စမ်းသပ်ခန်းထဲမှာ ဆဲလ်တွေဖြစ်ထွန်းဖို့ 73 00:03:12,578 --> 00:03:14,439 စမ်းသပ်နေသူတွေ အများကြီးရှိလာပါပြီ။ 74 00:03:14,439 --> 00:03:17,595 နည်းလမ်းပေါင်းများစွာနဲ့ကို သူတို့ စမ်းသပ်ထားတာပါ။ 75 00:03:17,595 --> 00:03:20,222 ကိုယ်အင်္ဂါအသေးစားတွေကို စမ်းသပ်ခန်းထဲမှာ ပြုစုပျိုးထောင်ဖို့ကိုတောင် သူတို့ စမ်းကြည့်ထားပါတယ်။ 76 00:03:20,222 --> 00:03:21,771 ဒီနေရာမှာတော့ ဒါမျိုးကို စမ်းသပ် လုပ်ဆောင်မှာ မဟုတ်ပါဘူး။ 77 00:03:21,771 --> 00:03:23,897 ကျွန်မတို့ ဘာကို ပြန်လည်ဆန်းသစ် တီထွင်နေတာလည်းဆိုတော့ 78 00:03:23,897 --> 00:03:25,474 ဒီ သေးကွေးလှတဲ့ ချစ်(ပ်)ထဲမှာ 79 00:03:25,474 --> 00:03:28,491 အရမ်းကို သေးငယ်တဲ့ ယန္တရားတစ်ခုရှိနေတယ်။ 80 00:03:28,491 --> 00:03:31,045 ဒီယန္တရားဟာ 81 00:03:31,045 --> 00:03:34,169 ခန္ဓာကိုယ်တွေထဲမှာ ဆဲလ်တွေ 82 00:03:34,169 --> 00:03:37,685 ကြုံတွေ့ရတဲ့ ဇီဝဓာတုဓာတ်တွေ၊ လည်ပတ်မှုတွေ နဲ့ လှုပ်ရှားမှုဆိုင်ရာ စရိုက်ကို ကိုယ်စားပြုတယ်။ 83 00:03:37,685 --> 00:03:40,717 အခု ဒီပစ္စည်း ဘယ်လို အလုပ်လုပ်သလဲဆိုတာ ကျွန်မ ရှင်းပြပါမယ်။ 84 00:03:40,717 --> 00:03:43,351 ဒီ ဖွဲ့စည်းတည်ဆောက်ပုံတွေ ပြုလုပ်ဖို့ 85 00:03:43,351 --> 00:03:44,984 ကွန်ပြူတာချစ်(ပ်)ထုတ်လုပ်တဲ့ လုပ်ငန်းက နည်းပညာတွေကိုယူသုံးပါတယ်။ 86 00:03:44,984 --> 00:03:47,181 ဆဲလ်တွေရော၊ သူတို့ရဲ့ပတ်ဝန်းကျင်ပါ 87 00:03:47,181 --> 00:03:50,077 နှစ်ခုစလုံးနဲ့ ဆီလျော်တဲ့ အချိုးကျစကေးတခု ရှိမှုကို ရယူပါတယ်။ 88 00:03:50,077 --> 00:03:52,141 ကျွန်မတို့မှာ အရည်စီးဆင်းမှုကိုထိန်းကျောင်းပေးတဲ့ လမ်းကြောင်း(ပြွန်) (၃)ခုရှိပါတယ်။ 89 00:03:52,141 --> 00:03:55,853 အလယ်ဗဟိုမှာတော့ ပြောရမယ်ဆိုရင် အဆုတ်ထဲကယူထားတဲ့ 90 00:03:55,853 --> 00:03:57,916 လူသားဆဲလ်တွေထည့်နိုင်လောက်တဲ့ အရည်စိမ့်ဝင်နိုင်ပြီး ပျော့ပျောင်းတဲ့ 91 00:03:57,916 --> 00:03:59,260 အလွှာပါးတစ်လွှာ ရှိပါတယ်။ 92 00:03:59,260 --> 00:04:01,747 နောက်ပြီး အောက်ဖက်မှာတော့ ဆံချည်မျှင်ဆဲလ်တွေ ရှိပါတယ်။ 93 00:04:01,747 --> 00:04:03,535 သွေးကြောတွေထဲမှာရှိတဲ့ ဆဲလ်တွေပါ။ 94 00:04:03,535 --> 00:04:07,855 အဲဒီနောက်မှာတော့ ချစ်(ပ်)ပြားပေါ်ကို လှုပ်ရှားမှုဆိုင်ရာစွမ်းအားတွေကို သက်ရောက်စေပြီး 95 00:04:07,855 --> 00:04:10,684 အလွှာပါးကို ဆန့်နှိုင်၊ကျုံ့နိုင်စေပါတယ်။ 96 00:04:10,684 --> 00:04:13,781 ဒါကြောင့် ကျွန်မတို့ အသက်ရှူတဲ့အခါ သူတို့ ရခဲ့တဲ့ 97 00:04:13,781 --> 00:04:16,714 လှုပ်ရှားမှုဆိုင်ရာစွမ်းအားတွေ အတိုင်းကို ခံစားရတာပါ။ 98 00:04:16,714 --> 00:04:19,874 ခန္ဓာကိုယ်ထဲမှာတုန်းက သူတို့ခံစားခဲ့ရတဲ့ ပုံလိုမျိုးကို ခံစားရတာပါ။ 99 00:04:19,874 --> 00:04:22,274 အပေါ်ဖက်ပြွန်ကိုဖြတ်ပြီး လေက စီးဆင်းနေပါတယ်။ 100 00:04:22,274 --> 00:04:25,623 နောက်ပြီး အဟာရဓာတ်တွေပါတဲ့ အရည်ကို 101 00:04:25,623 --> 00:04:28,462 သွေးပြွန်တွေကတဆင့် စီးဝင်စေပါတယ်။ 102 00:04:28,462 --> 00:04:30,834 အခုတော့ ချစ်(ပ်)ပြားကလေးက တော်တော့ လှနေပါတယ်။ 103 00:04:30,834 --> 00:04:32,931 ဒါပေမယ့် ဒါလေးနဲ့ ကျွန်မတို့ ဘာလုပ်နိုင်မှာပါလိမ့်။ 104 00:04:32,931 --> 00:04:35,255 မယုံနိူင်လောက်တဲ့ လုပ်ဆောင်မှုတွေကို 105 00:04:35,255 --> 00:04:37,006 ဒီချစ်(ပ်)သေးသေးကလေးတွေထဲကနေ ရရှိနှိုင်ပါတယ်။ 106 00:04:37,006 --> 00:04:38,512 ကျွန်မပြသပါမယ်။ 107 00:04:38,512 --> 00:04:41,143 ဥပမာအားဖြင့် ရောဂါကူးစက်မှုကို အသွင်တူပြုလုပ်လို့ ရပါတယ်။ 108 00:04:41,143 --> 00:04:44,679 အဲလိုလုပ်တဲ့အခါမှာ အဆုတ်ထဲကို ဗက်တီးရီးယားဆဲလ်တွေ ထည့်လိုက်ပါတယ်။ 109 00:04:44,679 --> 00:04:47,611 နောက်ပြီး လူ့ သွေးဖြူဥဆဲလ်တွေ ထပ်ထည့်နိူင်ပါတယ်။ 110 00:04:47,611 --> 00:04:50,202 သွေးဖြူဥဆဲလ်တွေဟာ ဘက်တီးရီးယားတိုက်ခိုက်သူတွေကို 111 00:04:50,202 --> 00:04:51,570 ကာကွယ်ဖို့ ခန္ဓာကိုယ်ရဲ့ ခံစစ်တွေပါ။ 112 00:04:51,570 --> 00:04:54,739 ရောဂါကူးစက်မှုကြောင့် ရောင်ရမ်းတာကို အာရုံခံမိတဲ့ အခါမှာတော့ 113 00:04:54,739 --> 00:04:57,596 သူတို့တွေဟာ အဆုတ်ထဲကို သွေးထဲကနေ ဝင်ရောက်ပြီး 114 00:04:57,596 --> 00:04:59,511 ဘက်တီးရီးယားကို ဝိုင်းရံထားမှာဖြစ်ပါတယ်။ 115 00:04:59,511 --> 00:05:01,759 ကဲ အခုတော့ ချစ်(ပ်)ပြားတစ်ခုပေါ်မှာရှိတဲ့ တကယ့် လူ့အဆုတ်တစ်ခုရဲ့ 116 00:05:01,759 --> 00:05:05,069 ဖြစ်စဉ်ကို တိုက်ရိုက် မြင်တွေ့ရတော့ မှာပါ။ 117 00:05:05,069 --> 00:05:08,612 သွေးျဖူဥဆဲလ်တွေကို အညွှန်းတွေကပ်ထားတာမို့လို့ သူတို့စီးဆင်းသွားတာကို တွေ့နိုင်ပါတယ်။ 118 00:05:08,612 --> 00:05:10,773 ရောဂါကူးစက်မှုကို တွေ့တဲ့အခါ 119 00:05:10,773 --> 00:05:12,170 သူတို့ဟာ စတင်စေးကပ်လာပါတယ်။ 120 00:05:12,170 --> 00:05:16,057 သူတို့ စေးကပ်သွားတယ် ၊ျပီးတော့ သွေးျပွန်တွေရဲ 121 00:05:16,057 --> 00:05:17,838 ဘေးကနေမှ အဆုတ်ထဲကို တိုးဝင်သွားပါတယ်။ 122 00:05:17,838 --> 00:05:21,527 နောက်ျပီး ဒီမှာအားလုံးတွေ့နိူင်ပါတယ်။ သွေးဖြူဥဆဲလ်ကို 123 00:05:21,527 --> 00:05:25,286 တကယ်အစစ်အမှန်အတိုင်း မြင်ယောင်စေနိုင်တာပါ။ 124 00:05:25,286 --> 00:05:27,542 အဲဒါက စေးကပ်နေတယ်၊ ဆဲလ်လွှာတွေအကြား သူျဖတ်သန်းသွားစဉ်မှာ တွန့်လိမ်နေျပီး 125 00:05:27,542 --> 00:05:29,857 စိမ့်ပေါက်ငယ်ကလေးတွေက တဆင့် 126 00:05:29,857 --> 00:05:32,278 အလွှာပါးရဲ့ အျခားတစ်ဖက်ကနေ ထွက်လာပါတယ်။ 127 00:05:32,278 --> 00:05:35,713 အဲ့ဒီမှာပါ။ သူက အစိမ်းရောင်အညွှန်းကပ်ထားတဲ့ 128 00:05:35,713 --> 00:05:37,362 ဘက်တီးရီးယားကို ဝိုင်းရံတော့မှာပါ။ 129 00:05:37,362 --> 00:05:40,366 ဒီချစ်(ပ်)သေးသေးလေးထဲမှာ သင်တို့ မျက်ျမင်ဒိဋ္ဌ တွေ့လိုက်ရတာက 130 00:05:40,366 --> 00:05:43,547 ခန္ဓာကိုယ်မှာရှိတဲ့ အခြေခံအကျဆုံး တုံ့ပြန်မှု တစ်ခုဖြစ်တဲ့ 131 00:05:43,547 --> 00:05:45,504 ရောဂါကူးစက်ျခင်းကို တန်ပြန်တာကိုပါ။ 132 00:05:45,504 --> 00:05:49,274 ဒါက ကျွန်မတို့ရဲ့ တုံ့ပြန်ပုံပဲလေ၊ ခုခံတုံ့ပြန်မှု ဆိုပါတော့။ 133 00:05:49,274 --> 00:05:51,675 တော်တော်လေး စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ 134 00:05:51,675 --> 00:05:54,018 အခု ကျွန်မ ဒီရုပ်ပုံကလေးကို အားလုံးနဲ့ မျှဝေချင်ပါတယ်။ 135 00:05:54,018 --> 00:05:56,656 အရမ်းကို လှပတဲ့ပုံဖြစ်နေလို့ချည်းပဲတော့ မဟုတ်ပါဘူး။ 136 00:05:56,656 --> 00:05:59,992 ဒီပုံပြောနေတာက ချစ်(ပ်)ပြားတွေရဲ့ အတွင်းပိုင်းမှာ ဆဲလ်တွေ 137 00:05:59,992 --> 00:06:02,589 လုပ်ဆောင်တာနဲ့ပတ်သက်ပီး သတင်းအချက်အလက်တွေ အများကြီးကိုပါ၊ 138 00:06:02,589 --> 00:06:04,848 ဒီပုံကပြောပြနေတာကတော့ 139 00:06:04,848 --> 00:06:07,159 အဆုတ်တွေ အတွင်းပိုင်းမှာရှိတဲ့ အသက်ရှုလမ်းကြောင်းက ဆဲလ်တွေဟာ 140 00:06:07,159 --> 00:06:08,910 အားလုံး မျှော်လင့်ထားသလိုပဲ 141 00:06:08,910 --> 00:06:10,918 ဆံချည်မျှင်ပုံသဏ္ဍာန်တွေ ဖြစ်တည်နေတယ် ဆိုတာကိုပါ။ 142 00:06:10,918 --> 00:06:12,383 ဒီတည်ဆောက်ပုံတွေကို (cilia) ဆီလီယာလို့ ခေါ်ပါတယ်။ 143 00:06:12,383 --> 00:06:15,293 တကယ်တော့ သူတို့ဟာ အဆုတ်ထဲက ချွဲတွေကို တွန်းထုတ်ပေးတာပါ။ 144 00:06:15,293 --> 00:06:16,832 ဟုတ်ပါတယ်။ ချွဲတွေပါ။ ရွံဖို့ကောင်းလိုက်တာ။ 145 00:06:16,832 --> 00:06:19,272 ဒါပေမယ့် တကယ်တမ်းကျတော့ ချွဲတွေက တော်တော်အရေးပါတယ်နော်။ 146 00:06:19,272 --> 00:06:21,853 ချွဲတွေက အမှုန်အမွှားတွေ၊ ဗိုင်းရပ်(စ်)၊ 147 00:06:21,853 --> 00:06:23,312 ဓာတ်မတည့်တာဖြစ်ဖို့ အလားအလာရှိတာတွေကို စစ်ဖယ်ပေးတယ်။ 148 00:06:23,312 --> 00:06:24,913 ပြီးတော့မှ ဒီ(cilia)ဆီလီယာ လေးတွေက 149 00:06:24,913 --> 00:06:27,163 ချွဲတွေကို တွန်းထုတ်ပြီး ရှင်းပစ်လိုက်ပါတယ်။ 150 00:06:27,163 --> 00:06:29,075 သူတို့ ထိခိုက်ပျက်စီးတဲ့အခါမှာတော့ ဆိုပါတော့ 151 00:06:29,075 --> 00:06:31,494 ဆေးလိပ်သောက်တာတို့ ဘာတို့ကြောင့်ပေါ့ 152 00:06:31,494 --> 00:06:34,302 အဲဒီအခါမှာတော့ သူတို့ ကောင်းကောင်း အလုပ်မလုပ်တော့ပါဘူး။ ချွဲတွေကိုလည်း ရှင်းမပေးနိုင်တော့ဘူးပေါ့။ 153 00:06:34,302 --> 00:06:38,119 အဲဒီကနေ ချောင်းဆိုးရင်ကျပ်လို ရောဂါမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ 154 00:06:38,119 --> 00:06:40,766 (Cilia)ဆီလီယာနဲ့ ချွဲရှင်းထုတ်ပစ်ခြင်းတို့ဟာ 155 00:06:40,766 --> 00:06:45,227 အင်မတန်ဆိုးဝါးတဲ့ ရောဂါတွေဖြစ်တဲ့ အသက်ရှုလမ်းကြောင်း ပိတ်ရောဂါမျိုးတွေနဲ့ ပတ်သက်မှုရှိပါတယ်။ 156 00:06:45,227 --> 00:06:48,777 ဒါပေမယ့် အခုတော့ ဒီချစ်(ပ်)တွေပေါ်ကရတဲ့ လုပ်ဆောင်ချက်တွေအရ 157 00:06:48,777 --> 00:06:50,601 အလားအလာရှိတဲ့ ကုသမှုအသစ်တွေကို 158 00:06:50,601 --> 00:06:53,114 စတင်ရှာဖွေနိုင်တော့မှာပါ။ 159 00:06:53,114 --> 00:06:55,066 ချစ်(ပ်)ပြားပေါ်က အဆုတ်နဲ့တင် မပြီးသေးပါဘူး။ 160 00:06:55,066 --> 00:06:56,950 ကျွန်မတို့ အူတစ်ခုကို ချစ်(ပ်)ပေါ် တင်ထားပါတယ်။ 161 00:06:56,950 --> 00:06:58,980 ဒါကို ဟောဒီညာဖက်မှာ တွေ့နိုင်ပါတယ်။ 162 00:06:58,980 --> 00:07:02,206 နောက်ပြီး အူအတွင်းပိုင်းဆိုင်ရာ လူသားဆဲလ်တွေကို 163 00:07:02,206 --> 00:07:04,111 ချစ်(ပ်)ပြားပေါ်က အူထဲမှာ ထည့်ထားပါတယ်။ 164 00:07:04,111 --> 00:07:06,948 သူတို့ ဟာ အမြဲမပြတ် လှိုင်းတွေလို တွန်းထိုးရွေ့မှုရဲ့အောက်မှာ တည်ရှိနေပြီးတော့ 165 00:07:06,948 --> 00:07:10,139 ဒီတစက်စီ ဆဲလ်တွေတလျှောက် ယိုကျစီးဆင်းနေပါတယ်။ 166 00:07:10,139 --> 00:07:12,697 သင်တို့မြင်တွေ့ဖို့ 167 00:07:12,697 --> 00:07:14,960 မျှော်လင့်ထားတဲ့ လုပ်ဆောင်ချက် တော်တော်များများကို 168 00:07:14,960 --> 00:07:16,653 လူတွေရဲ့ အူတွေထဲမှာ မြင်တွေ့နိုင်ပါတယ်။ 169 00:07:16,653 --> 00:07:20,444 အခု ကျမတို့ ရောဂါတွေရဲ့ နမူနာပုံစံတွေကို စတင်ဖန်တီးနိုင်ပါပြီ။ 170 00:07:20,444 --> 00:07:22,854 ဥပမာ ကသိကအောက်နိုင်လှတဲ့ အူသိမ်အူမနဲ့ဆိုင်တဲ့ လက္ခဏာလို ရောဂါတွေပေါ့။ 171 00:07:22,854 --> 00:07:24,936 ဒါက လူတော်တော်များများကို 172 00:07:24,936 --> 00:07:26,847 ကူးစက်စေတဲ့ ရောဂါတစ်ခုပါ။ 173 00:07:26,847 --> 00:07:28,621 ဒါက တော်တော်ကြီးကို အားအင်ကုန်ခန်းစေပြီးတော့ 174 00:07:28,621 --> 00:07:32,563 ကောင်းမွန်တဲ့ ကုသမှုတွေလည်း သိပ်များများစားစား မရှိပါဘူး။ 175 00:07:32,563 --> 00:07:34,865 ကျွန်မတို့လက်တွေ့ခန်းတွေမှာ 176 00:07:34,865 --> 00:07:37,144 ကိုယ်ခန္ဓာ အစိတ်အပိုင်း အမျိုးမျိုးပါဝင်တဲ့ ချစ်(ပ်)တွေ 177 00:07:37,144 --> 00:07:40,876 တသီတတန်းကြီး ရှိနေပါပြီ။ 178 00:07:40,876 --> 00:07:44,295 ဒီနည်းပညာရဲ့ တကယ့်စွမ်းအား အစစ်အမှန်ဆိုတာက တကယ်တော့ 179 00:07:44,295 --> 00:07:46,420 ဒီအစိတ်အပိုင်းတွေကို 180 00:07:46,420 --> 00:07:48,965 ပြေပြစ်ညက်ညောစွာ ချိတ်ဆက်ပေးခြင်းဆိုတဲ့ အချက်က ရရှိတာပါ။ 181 00:07:48,965 --> 00:07:50,912 ဒီဆဲလ်တွေကိုဖြတ်ပြီး စီးဆင်းမှုတဲ့ အရည်ကြည်တွေ ရှိပါတယ်။ 182 00:07:50,912 --> 00:07:52,991 ဒါကြောင့် မတူညီတဲ့ ချစ်(ပ်)ပေါင်းစုံကို 183 00:07:52,991 --> 00:07:55,853 ချိတ်ဆက်ပြီး virtual human လို့ ခေါ်တဲ့ လူသားအသွင်တူ တစ်ခုကို 184 00:07:55,853 --> 00:08:00,066 ချစ်(ပ်)ပြား တစ်ချပ်ပေါ်မှာ ပုံဖေါ်နိုင်ပါတယ်။ 185 00:08:00,066 --> 00:08:03,075 အခုအချိန်ဟာ ပိုစိတ်လှုပ်ရှားစရာပဲနော်။ 186 00:08:03,075 --> 00:08:07,170 ဒီချစ်(ပ်)တွေပေါ်မှာ လူသားသဏ္ဌန် တစ်ခုလုံးကို ပြန်လည်ဖန်တီးမှာ မဟုတ်ပါဘူး။ 187 00:08:07,170 --> 00:08:11,339 ဒါပေမယ့် ကျွန်မတို့ ရည်မှန်းထားတာက 188 00:08:11,339 --> 00:08:13,352 လူသားတွေရဲ့ ကိုယ်ခန္ဓာမှာ ဖြစ်ပျက်နေတာနဲ့ ပတ်သက်ပြီး 189 00:08:13,352 --> 00:08:15,712 ပိုကောင်းမွန်တဲ့ ခန့်မှန်းချက်တွေ လုပ်နိုင်အောင်လို့ လုံလောက်တဲ့ 190 00:08:15,712 --> 00:08:17,926 လုပ်ဆောင်ချက်တွေ ပြန်လည် ဖန်တီးနိုင်ဖို့ပါ။ 191 00:08:17,926 --> 00:08:20,850 ဥပမာဆိုပါတော့ အခု ကျွန်မတို့ aerosol drug လို့ ခေါ်တဲ့ လေဖိအားသုံးဆေးဝါးလို ဆေးတစ်မျိုးကို 192 00:08:20,850 --> 00:08:24,284 ထည့်သွင်းျပီး ျဖစ်ပျက်ပုံတွေကို စတင် စူးစမ်းလေ့လာနိုင်ပါပီ။ 193 00:08:24,284 --> 00:08:27,270 ဒီ ပရိသတ်ထဲက ကျွန်မလို ပန်းနာသည်တွေ ဆိုပါစို့၊ ရှူဆေးဘူး ရှူတဲ့အခါ၊ ဆေးတွေ 194 00:08:27,270 --> 00:08:30,196 အဆုတ်တွေထဲကို ဘယ်လိုရောက်လာပုံ၊ 195 00:08:30,196 --> 00:08:31,822 ခန္ဓာကိုယ်ထဲကို ဘယ်လိုဝင်လာပုံ၊ ပြောရရင် 196 00:08:31,822 --> 00:08:33,576 နှလုံးကိုဘယ်လို ထိခိုက်စေပုံ စတာတွေကို စူးစမ်းလေ့လာနိုင်ပါပြီ။ 197 00:08:33,576 --> 00:08:35,484 ဒါက နှလုံးခုန်သံတွေကို ပြောင်းလဲစေလား။ 198 00:08:35,484 --> 00:08:37,125 ဒီအထဲမှာ အဆိပ်အာနိသင်တွေ ပါဝင်နေလား။ 199 00:08:37,125 --> 00:08:39,133 ဒါကို အသည်းက ရှင်းထုတ်ပစ်နိုင်မလား။ 200 00:08:39,133 --> 00:08:41,284 အသည်းထဲမှာ အစာချေဖျက်မှု ဖြစ်စေလား။ 201 00:08:41,284 --> 00:08:43,176 ကျောက်ကပ်ထဲမှာ စွန့်ထုတ်တာလား။ 202 00:08:43,176 --> 00:08:45,388 ဆေးဝါးတစ်ခုနဲ့ ပတ်သက်ျပီး ခန္ဓာကိုယ်က 203 00:08:45,388 --> 00:08:48,013 သွက်လက်ျမန်ဆန်တဲ့ တုံ့ျပန်မှုတွေကို စတင်လေ့လာနိုင်ပါပီ။ 204 00:08:48,028 --> 00:08:49,947 ဒါဟာ ဆေးဝါးထုတ်လုပ်တဲ့လုပ်ငန်းတွေတင်မကပဲ ၊ 205 00:08:49,947 --> 00:08:51,596 အလှပြင်ဆင်မှုဆိုင်ရာလုပ်ငန်းအပါအဝင် 206 00:08:51,596 --> 00:08:54,534 လုပ်ငန်းပေါင်းများစွာကို 207 00:08:54,534 --> 00:08:56,907 အခြေခံကျကျ ပြောင်းလဲစေနိုင်မှာဖြစ်တဲ့အတွက် 208 00:08:56,907 --> 00:08:59,307 အပြောင်းအလဲ ဖြစ်စေမယ့် ကစားပွဲ ဖြစ်မလာဘဲ၊ 209 00:08:59,307 --> 00:09:02,189 အရေပြားကို ချစ်(ပ်)တစ်ခုပေါ်တင်ပြီး စမ်းသပ်ဖို့ အလားအလာရှိနိုင်ပါတယ်။ 210 00:09:02,189 --> 00:09:04,150 လောလောဆယ် ဒါကို စမ်းသပ်ခန်းမှာ စီစဉ်ဆောင်ရွက်နေပါတယ်။ 211 00:09:04,150 --> 00:09:06,704 တိရိစ္ဆာန်တွေ အသုံးျပုစရာမလိုပဲ အရေပြားပေါ်မှာ လိမ်းကျံ 212 00:09:06,704 --> 00:09:09,987 အသုံးပြုနေတဲ ထုတ်ကုန်တွေမှာပါဝင်တဲ့ ပစ္စည်းတွေဟာ 213 00:09:09,987 --> 00:09:12,676 တကယ်ပဲ စိတ်ချရမလားဆိုတာကို စမ်းသပ်ဖို့ပါ။ 214 00:09:12,676 --> 00:09:14,620 နေစဉ်လိုလို ပတ်ဝန်းကျင်မှာ ထိတွေ့နေရတဲ့ 215 00:09:14,620 --> 00:09:16,873 ဓါတုပစ္စည်းတွေရဲ့ ဘေးကင်းမှုကို 216 00:09:16,873 --> 00:09:18,787 စမ်းသပ်လို့ ရပါတယ်။ဥပမာအားဖြင့် 217 00:09:18,787 --> 00:09:22,518 သုံးနေကျ အိမ်တွင်းသုံး သန့်ရှင်းရေးပစ္စည်းတွေပေါ့။ 218 00:09:22,518 --> 00:09:25,720 ချစ်(ပ်)တွေပေါ်မှာရှိတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ဇီဝလက်နက်အသုံးပြုတဲ့ 219 00:09:25,720 --> 00:09:28,499 အကြမ်းဖက်မှုတွေ၊ ဒါမှမဟုတ် ဓာတ်ရောင်ခြည်သင့်မှုဆိုင်ရာ 220 00:09:28,499 --> 00:09:31,070 လုပ်ဆောင်မှုတွေအတွက်လည်း အသုံးပြုနိုင်ပါသေးတယ်။ 221 00:09:31,070 --> 00:09:34,420 ဒါတွေကို အသုံးပြုပြီးတော့ အီဗိုလာ အဖျားရောဂါမျိုးတွေ၊ 222 00:09:34,420 --> 00:09:37,464 သေလောက်အောင်ဆိုးဝါးတဲ့ ရောဂါတွေဖြစ်တဲ့ SARS လို အသက်ရှုလမ်းကြောင်းဆိုင်ရာ 223 00:09:37,464 --> 00:09:41,356 ရောဂါမျိုးတွေအကြောင်း ပိုပြီးတော့ လေ့လာနိုင်ပါသေးတယ်။ 224 00:09:41,356 --> 00:09:43,194 ချစ်(ပ်)ပေါ်က ကိုယ်အင်္ဂါအစိတ်အပိုင်း အပိုင်းတွေဟာ ကျွန်မတို့ရဲ့ ဆေးကုသမှု 225 00:09:43,194 --> 00:09:46,568 ဆ်ိုင်ရာ စမ်းသပ်ချက်တွေကို အနာဂတ်မှာ ပြောင်းပစ်နိုင်ပါတယ်။ 226 00:09:46,568 --> 00:09:49,155 အခုလောလောဆယ် ဆေးဝါးကုသ စမ်းသပ်မှုတွေမှာ 227 00:09:49,155 --> 00:09:52,525 ပါဝင်ပတ်သက်နေသူတွေက ပျမ်းမျှကြိမ်နှုန်းပဲရှိတာပါ။ 228 00:09:52,525 --> 00:09:55,851 လူလတ်ပိုင်းတွေနဲ့အမျိုးသမီးတွေပဲ ဖြစ်နေတာများပါတယ်။ 229 00:09:55,851 --> 00:09:58,323 ကလေးတွေ ပါဝင်ပတ်သက်တဲ့ 230 00:09:58,323 --> 00:09:59,838 ဆေဝါးကုသ စမ်းသပ်မှုမျိုးကို မတွေ့နိုင်ပါဘူး။ 231 00:09:59,838 --> 00:10:03,385 ဒါပေမယ့် နေ့တိုင်းနေ့တိုင်း ကလေးတွေကို ဆေးဝါးတွေ ပေးနေရတယ်။ 232 00:10:03,385 --> 00:10:07,131 ဒီဆေးဝါးနဲ့ပတ်သက်တဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ 233 00:10:07,131 --> 00:10:10,205 အချက်အလက်တွေက လူကြီးတွေဆီကနေရယူထားတာပါ။ 234 00:10:10,205 --> 00:10:11,999 ကလေးတွေက လူကြီးမှ မဟုတ်တာ။ 235 00:10:11,999 --> 00:10:15,132 သူတို့ရဲ့တုံ့ပြန်မှုတွေက လူကြီးတွေနဲ့ မတူဘူးလေ။ 236 00:10:15,132 --> 00:10:17,544 မျိုးရိုးဗီဇဆိုင်ရာ ကွဲပြားခြားနားမှုလိုမျိုး 237 00:10:17,544 --> 00:10:18,977 တခြားသောအရာတွေက အန္တရာယ်ရှိနိုင်တဲ့ 238 00:10:18,977 --> 00:10:22,083 ဆေးဝါးတွေရဲ့ဆန့်ကျင်ဖက်ဆိုးရွားစွာ 239 00:10:22,083 --> 00:10:25,520 တုံ့ပြန်မှုတွေကြောင့် လူတွေကို ဘေးဥပါဒ်ဖြစ်စေနိုင်ပါတယ်။ 240 00:10:25,520 --> 00:10:28,909 ကဲ အခုကျွန်မတို့ လူအမျိုးမျိုးဆီကဆဲလ်တွေကိုယူ၊ 241 00:10:28,919 --> 00:10:30,827 ပြီးရင် သူတို့ကိုချစ်(ပ်)တွေပေါ်မှာတင်ပြီး 242 00:10:30,827 --> 00:10:32,791 လူမျိုးပေါင်းစုံကို ပြန်လည် ဖန်တီးနိုင်ဖို့ကို စိတ်ကူးကြည့်ကြရအောင်။ 243 00:10:32,791 --> 00:10:34,629 ဒါဟာ ဆေးကုသမှုဆိုင်ရာ စမ်းသပ်မှုတွေမှာ လုပ်ဆောင်ပုံတွေအတွက် 244 00:10:34,629 --> 00:10:36,698 အတော်ကြီးကို ပြောင်းလဲသွားနိုင်ပါတယ်။ 245 00:10:36,698 --> 00:10:39,530 ဒါကတော့ ဒါကိုလုပ်ဆောင်နေတဲ့ အဖွဲ့ နဲ့ အဖွဲ့သားတွေပါ။ 246 00:10:39,530 --> 00:10:42,787 ကျွန်မတို့ဆီမှာ အင်ဂျင်နီယာတွေ၊ ဇီဝဗေဒပညာရှင်တွေ၊ 247 00:10:42,787 --> 00:10:46,561 ဆေးကုသမှုဆိုင်ရာပညာရှင်တွေ အားလုံးပူးပေါင်းလုပ်ဆောင်ကြပါတယ်။ 248 00:10:46,561 --> 00:10:48,487 ကျွန်မတို့ဟာ Wyss သိပ္ပံဌာနကြီးမှာ တော်တော်ကို မယုံနိုင်စရာကောင်းတဲ့ 249 00:10:48,487 --> 00:10:50,092 တစုံတရာ ဖြစ်လာမှာကို တကယ်ပဲ မြင်ယောင်မိနေကြတာပါ။ 250 00:10:50,092 --> 00:10:52,263 ဒါဟာ တကယ်ပဲ ပညာရပ်တွေ ပေါင်းဆုံတဲ့နေရာပါ။ 251 00:10:52,263 --> 00:10:55,983 ဒီနေရာမှာ ဇီဝဗေဒပညာရပ်က ကျွန်မတို့ရဲ့ပုံစံထုတ်ပုံ၊ 252 00:10:55,983 --> 00:10:58,645 စီမံထုတ်လုပ်ပုံ၊ဆောက်လုပ်ပုံတွေအပေါ် အတော်လွှမ်းမိုးမှုရှိပါတယ်။ 253 00:10:58,645 --> 00:11:00,048 တော်တော်လေးကို စိတ်လှုပ်ရှားဖို့ ကောင်းတာပေါ့။ 254 00:11:00,048 --> 00:11:03,612 ကျွန်မတို့နဲ့လက်ရှိလုပ်ကိုင်နေတဲ့ ဒီဂျစ်တယ်ပစ္စည်းတွေ 255 00:11:03,612 --> 00:11:06,985 ကျယ်ကျယ်ပြန့်ပြန့်ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုလိုမျိုး 256 00:11:06,985 --> 00:11:10,584 အရေးပါတဲ့ စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုတွေကို ထူထောင်ဖို့ လုပ်ကိုင်နေပါတယ်။ 257 00:11:10,584 --> 00:11:12,603 သူတို့တွေက 258 00:11:12,603 --> 00:11:14,129 ဒီလိုချစ်(ပ်)တွေကို 259 00:11:14,129 --> 00:11:15,712 သုသေသနပညာရှင်တွေဆီကို 260 00:11:15,712 --> 00:11:17,381 ရောက်နိူင်သမျှ အများဆုံးရောက်အောင် 261 00:11:17,381 --> 00:11:20,270 သန်းနဲ့ချီပြီး ကူညီထုတ်လုပ်ပေးကြမှာပါ။ 262 00:11:20,270 --> 00:11:24,486 ဒါဟာ ဒီနည်းပညာရဲ့အလားအလာ အတွက် အဓိကသော့ချက်ပဲ ဖြစ်ပါတယ်။ 263 00:11:24,486 --> 00:11:27,023 အခု ကျွန်မတို့ရဲ့ ကိရိယာကို ပြသပါရစေ။ 264 00:11:27,023 --> 00:11:29,012 ဒီကိရိယာက လေလောဆယ် ကျွန်မတို့ အင်ဂျင်နီယာတွေ 265 00:11:29,012 --> 00:11:31,630 လက်တွေ့ခန်းမှာ တကယ့်ကို ပုံစံတူထုတ်လုပ်နေတာပါ။ 266 00:11:31,630 --> 00:11:33,939 ဒီကိရိယာက ကျွန်မတို့လိုအပ်မယ့် ကိုယ်အင်္ဂါ (၁၀)ခု ဒါမှမဟုတ် ဒိထက်ပိုတဲ့ 267 00:11:33,939 --> 00:11:36,398 အစိတ်အပိုင်းတွေကို အတူတကွ ချိတ်ဆက်လို့ရအောင် 268 00:11:36,398 --> 00:11:40,566 အင်ဂျင်နီယာပိုင်းဆိုင်ရာ ထိန်းချုပ်မှုတွေကိုပေးမှာပါ။ 269 00:11:40,566 --> 00:11:42,795 ဒါထက်ကို အရမ်းအရေးကြီးတာကိုလည်း လုပ်ဆောင်ပါတယ်။ 270 00:11:42,795 --> 00:11:45,639 အသုံးပြုသူလွယ်ကူစေမယ့် ကြားခံစနစ်တစ်ခုကို ဖန်တီးပေးပါတယ်။ 271 00:11:45,639 --> 00:11:48,629 ဒါကြောင့် ကျွန်မလို ဆဲလ်ဆိုင်ရာ ဇီဝဗေဒပညာရှင်တစ်ယောက်ဟာ ဝင်လာပြီး 272 00:11:48,629 --> 00:11:50,637 ချစ်(ပ်)တစ်ခုကိုယူပြီးတော့ အခုမြင်နေရတဲ့ 273 00:11:50,637 --> 00:11:52,569 နမူနာပုံစံလိုမျိုး ကျည်တောက်ပုံ ဗူးတစ်ခုထဲကို ထည့်ပါတယ်။ 274 00:11:52,569 --> 00:11:54,640 နောက်ပြီး CD ချပ်ထည့်သလိုမျိုး 275 00:11:54,640 --> 00:11:56,128 စက်ထဲကိုထည့်လိုက်ပါတယ်။ 276 00:11:56,128 --> 00:11:57,260 ဒါဆိုရပြီပေါ့။ 277 00:11:57,260 --> 00:12:00,009 ပလတ်ခေါင်းထိုးပြီး ဖွင့်လိုက်တာပါပဲ။ အလွယ်လေးပါ။ 278 00:12:00,009 --> 00:12:02,523 ကဲ အခုနည်းနည်းလေး စိတ်ကူးပုံဖေါ်ကြည့်ရအောင်။ 279 00:12:02,523 --> 00:12:03,902 ကျွန်မက ရှင်တို့ရဲ့ ပင်မ ဆဲကလာပ်စည်း တွေကိုယူပြီး 280 00:12:03,902 --> 00:12:06,315 ချစ်(ပ်)တစ်ခုပေါ်ကိုတင်လိုက်ရင် 281 00:12:06,315 --> 00:12:07,755 အနာဂတ်ဟာ ဘယ်လိုများ 282 00:12:07,755 --> 00:12:10,974 ပုံများပေါက်နေမလဲဆိုတာကိုပေါ့။ 283 00:12:10,974 --> 00:12:14,475 ဒါဟာ ရှင်တို့ အတွက်သီးသန့် ပြုလုပ်ထားတဲ့ ကိုယ်ပိုင် ချစ်(ပ်) ဖြစ်လာမှာပေါ့။ 284 00:12:14,475 --> 00:12:17,683 အခု ဒီမှာရှိနေတဲ့ ကျွန်မတို့အားလုံးဟာ တစ်ဦးချင်းစီတွေပါပဲ။ 285 00:12:17,683 --> 00:12:20,521 ဒီလိုတစ်ယောက်ခြင်း ကွဲပြားခြာနားနေကြတာနဲ့အညီ 286 00:12:20,521 --> 00:12:22,963 ကျွန်မတို့တွေဟာ ဆေးဝါးတွေနဲ့ပတ်သက်ပြီး ကွဲပြားခြားနားစွာ တုန့်ပြန်တတ်ကြတယ်။ 287 00:12:22,963 --> 00:12:27,210 နောက်ပြီး တခါတလေကျရင် မခန့်မှန်းနိုင်တဲ့ နည်းလမ်းတွေနဲ့ တုံ့ပြန်တတ်ကြပြန်ပါတယ်။ 288 00:12:27,210 --> 00:12:31,778 လွန်ခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်တုန်းက ကျွန်မကိုယ်တိုင် အတော်ဆိုးဝါးတဲ့ ခေါင်းကိုက်ဝေဒနာ ခံစားခဲ့ရတယ်။ 289 00:12:31,778 --> 00:12:34,191 ခေါင်းကို လှုပ်လို့မရနိူင်အောင်ကို ဖြစ်ခဲ့တာ။ အဲဒီအချိန်မှာ တွေးမိတာက ''ငါ အပြောင်းအလဲတခုခုကို စမ်းကြည့်မှပဲ''လို့ပေါ့။ 290 00:12:34,191 --> 00:12:36,326 ကျွန်မ Advil ဆိုတဲ့ဆေးကိုသောက်လိုက်တယ်။ (၁၅)မိနစ်လောက်လဲကြာရော 291 00:12:36,326 --> 00:12:38,206 တကယ့် ပန်းနာရင်ကျပ်ရောဂါကြီးနဲ့ 292 00:12:38,206 --> 00:12:40,099 အရေးပေါ်အခန်းကို ပြေးရတော့တာပဲ။ 293 00:12:40,099 --> 00:12:41,929 အခုတော့ သေလောက်အောင် မဟုတ်တော့တာ သိသာထင်ရှားပါတယ်။ 294 00:12:41,929 --> 00:12:45,102 ကံအကြောင်းမလှစွာပဲ တချို့သော ဆေးဝါးဆိုင်ရာ 295 00:12:45,102 --> 00:12:48,711 ဆန့်ကျင်တုံ့ပြန်မှုတွေဟာ အသက်ကိုပါ သေစေနိုင်ပါတယ်။ 296 00:12:48,711 --> 00:12:50,652 ကဲ ဒီတော့ဒါတွေကို ကျွန်မတို့ ဘယ်လိုတားဆီးကြမလဲ။ 297 00:12:50,652 --> 00:12:53,232 ကောင်းပါပြီ၊ တနေ့မှာတော့ 298 00:12:53,232 --> 00:12:55,575 Geraldine ကို ချစ်(ပ်) တစ်ခုပေါ်မှာတင်၊ 299 00:12:55,575 --> 00:12:57,324 Danielle ကို ချစ်(ပ်)တစ်ခုပေါ်မှာတင်၊ ဒီကလူတွေကိုလည်း ချစ်(ပ်)တစ်ခုစီပေါ်မှာ 300 00:12:57,324 --> 00:12:58,797 တင်ထားနိုင်မယ်လို့ စိတ်ကူးမြင်ယောင်နိုင်တော့မှာပါ။ 301 00:12:58,797 --> 00:13:01,185 သီးသန့်ကိုယ်ပိုင်ဆေး လို့ပဲဆိုပါတော့။ ကျေးဇူးတင်ပါတယ်။ 302 00:13:01,185 --> 00:13:05,339 လက်ခုပ် သံများ။