ကွန်ပြူတာဖန်ပြင်တွေမပါတဲ့ အင်တာနက်တစ်ခုဟာ ဒီလိုဖြစ်ကောင်းဖြစ်လိမ့်မယ်။
-
0:01 - 0:05သင်တို့ရဲ့ ပျော်စံရာကို သွားဖို့
မေးမြန်းရင်း စချင်တယ်၊ ကျေးဇူးပြုပြီး။ -
0:05 - 0:07ဟုတ် ပျော်စရာနေရာပါ။
-
0:07 - 0:09အတုဆိုတောင် သင်တို့မှာတစ်ခုရှိတာ သိပါတယ်
-
0:09 - 0:10(ရယ်သံများ)
-
0:10 - 0:11ကောင်းပြီ၊ အဆင်ပြေရဲ့လား။
-
0:11 - 0:12ကောင်းတယ်။
-
0:12 - 0:15ကဲ၊ လာမယ့်မေးခွန်းတွေကို
စိတ်ထဲက ဖြေစေချင်တယ်။ -
0:16 - 0:18သင်တို့ရဲ့ ပျော်စံရာမှာ မီးချောင်းရှိလား။
-
0:19 - 0:21ပလပ်စတစ် စားပွဲတွေရော။
-
0:21 - 0:22ပေါ်လီအက်စတာ ကြမ်းခင်း။
-
0:23 - 0:24မိုဘိုင်ဖုန်းရော။
-
0:25 - 0:26မရှိဘူးလား။
-
0:26 - 0:28ပျော်စံရာဟာ သဘာဝကျတဲ့ တစ်နေရာရာလို့
-
0:28 - 0:30အားလုံးသိကြတယ် ထင်ပါတယ်၊ အပြင်ဘက်တွေ
-
0:31 - 0:32ကမ်းခြေမှာ၊ မီးလင်းဖိုရှေ့ပေါ့။
-
0:32 - 0:36စာဖတ်နေမယ်၊ စားနေမယ် ဒါမှမဟုတ်
သိုးမွှေးထိုးနေမယ်ပေါ့။ -
0:36 - 0:41ပြီးတော့ သဘာဝအလင်း၊ သဘာဝ ဒြပ်တွေနဲ့
ဝန်းရံနေတာပေါ့။ -
0:41 - 0:43သဘာဝ ပစ္စည်းတွေက ကျွန်တော်တို့ကို
ပျော်ရွှင်စေပါတယ်။ -
0:43 - 0:47ပျော်ရွှင်မှုဟာ ကြီးမားတဲ့ လှုံ့ဆော်အားပါ။
ပျော်ရွှင်မှုအတွက် ရုန်းကန်ကြတယ်။ -
0:47 - 0:50ဒါကြောင့် အမြဲပဲ အရာရာ
ဒီဇိုင်းပြန်ထုတ်တာဖြစ်နိုင်တယ်။ -
0:50 - 0:55ဖြေရှင်းနည်းတွေဟာ ပိုပြီးသဘာဝ ကျလာမယ်
ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ -
0:55 - 0:56ဒီတော့ အဲဒီမှာ စရအောင်။
-
0:56 - 1:00ဒီဇိုင်းကောင်းဟာ သဘာဝကို
ခံစားစေလိမ့်မယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့။ -
1:01 - 1:04သင့်ရဲ့ဖုန်းဟာ သိပ်သဘာဝမဆန်ပါ။
-
1:05 - 1:08သင့်ဖုန်းကို စွဲလန်းနေတယ်လို့
ထင်ကောင်းထင်ပေမဲ့ -
1:08 - 1:09တကယ်တမ်းက မဟုတ်ပါဘူး။
-
1:09 - 1:11ကိရိယာတွေကို မစွဲလမ်းကြပါဘူး၊
-
1:11 - 1:14စွဲလန်းတာက ဒါတွေကို ဖြတ်စီးဆင်းနေတဲ့
သတင်းအချက်အလက်တွေကိုပါ။ -
1:15 - 1:18အပြင်လောကက ဘာသတင်းအချက်အလက်မှ
မပါပဲ သင့်ပျော်စံရာမှာ -
1:18 - 1:21ဘယ်လောက်များ ကြာကြာ
ပျော်လိမ့်မလဲလို့ တွေးမိတယ်။ -
1:22 - 1:24ကျွန်တော်တို့ သတင်းအချက်အလက်ကို
ဘယ်လိုရတယ်၊ -
1:24 - 1:26ဘယ်လို ခံစားတယ်ဆိုတာ စိတ်ဝင်စားမိတယ်။
-
1:26 - 1:30ကျွန်တော်တို့ဟာ ငြိမ်နေတဲ့
သတင်းအချက်အလက်ရဲ့ အချိန်တစ်ခုကနေ -
1:30 - 1:33စာအုပ်တွေကို ကိုင်ပြီး စာကြည့်တိုက်တွေနဲ့
ကားမှတ်တိုင်တွေ၊ -
1:33 - 1:35ဒစ်ဂျစ်တယ် သတင်းခေတ်ကနေ
စီးဆင်းတဲ့သတင်း ကာလဆီ -
1:35 - 1:37ဘာမဆို၊ ဘယ်နေရာ၊ ဘယ်အချိန်မဆို
ရောက်ရှိဖို့ -
1:37 - 1:44ကလေးတွေ မျှော်လင့်တဲ့ စီးဆင်းတဲ့သတင်း
ကာလဆီကို ရွေ့ရှားနေကြတာပါ၊ -
1:44 - 1:48ကွမ်တမ် ရူပဗေဒကနေ အလယ်ခေတ်
စပျစ်စိုက်ခင်းဆီကို၊ -
1:48 - 1:51လိင်သီအိုရီကနေ မနက်ဖြန်အတွက်
မိုးလေဝသဆီကို၊ -
1:52 - 1:54မီးလုံးဖွင့်လိုက်သလိုပေါ့။
-
1:55 - 1:56စိတ်ကူးကြည့်လိုက်ပါ။
-
1:56 - 1:59လူသားတွေဟာလည်း ရိုးရိုးကိရိယာတွေလိုပါ။
-
1:59 - 2:02သင့်ဖုန်းဟာ ရိုးရှင်းတဲ့ ကိရိယာတစ်ခု
မဟုတ်ပါဘူး။ -
2:02 - 2:04ခက်ရင်းဟာ ရိုးရိုးကိရိယာ တစ်ခုပါ။
-
2:04 - 2:05(ရယ်သံများ)
-
2:05 - 2:08ဒါတွေကို ပလပ်စတစ်နဲ့လုပ်တာ
မကြိုက်ကြပါဘူး။ -
2:08 - 2:11ကျွန်တော့ဖုန်းကို
သိပ်သဘောမကျပုံမျိုးပေါ့၊ -
2:11 - 2:15သတင်းအချက်အလက်ကို ဒီနည်းနဲ့
တွေ့ကြုံမခံစားချင်ဘူး။ -
2:15 - 2:20လောကကို ဖန်ပြင်တွေကနေ သုံးသပ်မှာထက်
ပိုကောင်းတဲ့ နည်းတွေရှိတယ်လို့ထင်တယ်။ -
2:20 - 2:22ဖန်ပြင်တွေကို မမုန်းပါဘူး၊ ခံစားလို့မရတာ၊
-
2:22 - 2:24ဘယ်သူတစ်ဦးမှ ဒါတွေပေါ်မှာ ပျော့ခွေပြီး
-
2:24 - 2:27အချိန်တွေကုန်တာ ကောင်းလိုက်တာလို့
ခံစားရတယ် မထင်ဘူး။ -
2:28 - 2:29ကံကောင်းချင်တော့
-
2:29 - 2:31နည်းပညာကုမ္ပဏီကြီးတွေက သဘောတူပုံရတယ်။
-
2:31 - 2:36တကယ်တော့ ထိတွေ့မှုနဲ့ အပြော၊ အမူအရာ
တွေမှာ အများကြီး ရင်းနှီးမြှပ်နှံကြတယ်၊ -
2:36 - 2:38အာရုံခံတွေမှာ ရောပေါ့၊
-
2:38 - 2:41ခွက်တွေလိုပဲ၊ ပစ္စည်းတွေကို
ဆွံ့သွားအောင်လုပ်ပြီး -
2:41 - 2:44အင်တာနက်ရဲ့ မှော်အစွမ်းနဲ့
ပြည့်စေတာမျိုးတွေပေါ့၊ -
2:44 - 2:47ဖြစ်နိုင်တာက ဒီ ဒစ်ဂျစ်တယ် မိုးတိမ်ကို
-
2:47 - 2:49ထိနိုင်၊ ရွေ့နိုင်လောက်တဲ့ တစ်ခုခုကို
ပြောင်းခြင်းပါ။ -
2:50 - 2:52T.V ချိန်နဲ့ ပတ်သက်ပြီး အကျပ်ရိုက်နေတဲ့
မိဘတွေ သူတို့ -
2:53 - 2:56ကလေးတွေ စာဖတ်သင်ပေးတဲ့ ရုပ်ပိုင်း
ဆိုင်ရာ ဒစ်ဂျစ်တယ် ကစားစရာ အပြင် -
2:56 - 2:58မိသားစု ဘေးကင်းစေတဲ့ app
ဆိုင်တွေပါ လိုအပ်တယ်။ -
3:00 - 3:03အင်း အမှန်က ဒါဟာ တကယ်ကို
ဖြစ်နေနှင့်ပြီလို့ထင်တယ်။ -
3:04 - 3:08အရှိတရားဟာ ဖန်သားပြင်တွေထက်
ပိုကြွယ်ဝပါတယ်။ -
3:09 - 3:12ဥပမာ ကျွန်တော် စာအုပ်တွေကို နှစ်သက်တယ်။
-
3:12 - 3:17ကျွန်တော့အတွက် ကာလယန္တရားတွေပေါ့၊
အက်တမ်နဲ့ မော်လီကျူးဟာ သူတို့ -
3:17 - 3:21ဖြစ်တည်ချိန်ကနေ ကြုံရတဲ့
တဒင်္ဂထိ အာကာသမှာ ခုန်ပေါက်တယ်။ -
3:21 - 3:23ဒါပေမဲ့ ရှင်းရှင်း ပြောရရင်
-
3:23 - 3:25ပါဝင်မှုက ကျွန်တော့ဖုန်းပေါ်မှာ အတူတူပါပဲ
-
3:25 - 3:30ဒီတော့ ဖန်သားပြင်တွေထက်ဘာက
ပိုကြွယ်ဝတဲ့ အတွေ့အကြုံကို ဖြစ်စေတာလဲ။ -
3:30 - 3:33ဆိုလိုတာက သိပ္ပံနည်းကျကျပေါ့။
-
3:33 - 3:35တကယ်တော့ ဖန်သားပြင်တွေ လိုတာပေါ့။
-
3:35 - 3:40ရုပ်ရှင်ပြတော့မယ်ဆို ဖန်သားပြင်
အကြီးကြီး လိုတာပေါ့။ -
3:41 - 3:44ဒါပေမဲ့ ဒီ မှော်သေတ္တာတွေနဲ့က
ပိုလုပ်နိုင်တာပေါ့ဗျာ။ -
3:45 - 3:48ခင်ဗျားရဲ့ဖုန်းဟာ အင်တာနက်
တံခါးစောင့်ခွေးမ မဟုတ်ဘူးလေ။ -
3:48 - 3:49(ရယ်သံများ)
-
3:49 - 3:52အရာဝတ္ထုတွေ ဆောက်နိုင်တယ်--
ရူဗဗေဒ စက်ပစ္စည်းတွေကို -
3:52 - 3:54သုံးပြီး အင်တာနက်ကို
ကျွန်တော်တို့ဝန်းကျင်က -
3:54 - 3:57ကမ္ဘာထဲကို ပေါင်းစပ်ပေးနိုင်တဲ့
ရုပ်ဝတ္ထုတွေပေါ့၊ -
3:57 - 4:00ဒါတွေထဲက နမူနာတချို့ကို ပြပါ့မယ်။
-
4:02 - 4:05တလောတုန်းက Berg ဆိုတဲ့ ဒီဇိုင်း
အေဂျင်စီ တစ်ခုနဲ့တွဲလုပ်ခဲ့တယ် -
4:05 - 4:10ဖန်သားပြင်မဲ့ အင်တာနက်ဟာ တကယ်မှာ
ဘာပုံပေါက်နေမလဲဆိုတာ စူးစမ်းဖို့ပေါ့။ -
4:10 - 4:12သူတို့က အင်တာနက်ကို အမှန်တကယ်
-
4:12 - 4:17အသက်သွင်းဖို့ အလင်းဟာ ရိုးရှင်းတဲ့
အာရုံခံတွေနဲ့ ရုပ်ဝတ္ထုနဲ့ -
4:17 - 4:22အလုပ်လုပ်နိုင်တဲ့ နည်းလမ်းအမျိုးမျိုး
ကျွန်တော့ကို ပြခဲ့တယ်။ -
4:22 - 4:26ဒီ မယုံနိုင်အောင် စက်ဆန်တဲ့
YouTube ဖွင့်တာမျိုးလိုပေါ့။ -
4:27 - 4:29ပြီး ဒါက ကျွန်တော့အတွက်
ဉာဏ်ကွန့်မြူးမှု တစ်ခုပါ။ -
4:31 - 4:34နောက်ပြီး AQ ဆိုတဲ့
ဂျပန် အေဂျင်စီနဲ့ လုပ်ခဲ့တယ်၊ -
4:34 - 4:36စိတ်ကျန်မာရေးကို သုသေသနပြုတဲ့
ပရောဂျက်တစ်ခုပါ။ -
4:36 - 4:37ရောဂါရှာဖွေမှုအတွက်
-
4:37 - 4:41အရမ်းလိုအပ်တဲ့ စိတ်အပြောင်းအလဲတွေ
တစ်ဝိုက်က ခံစားချက်ကို အခြေခံတဲ့ -
4:41 - 4:43အချက်အလက် ဖမ်းယူနိုင်တဲ့
ပစ္စည်းကို ဖန်တီးချင်ခဲ့တယ်။ -
4:44 - 4:46ဒီပစ္စည်းက သင့်ထိတွေ့မှုကို
ဖမ်းယူနိုင်တယ်၊ -
4:46 - 4:49ဒီတော့ စိတ်တိုတယ်ဆိုရင် အတင်းဖိမှာပေါ့၊
-
4:49 - 4:51ဒါမှမဟုတ် စိတ်ငြိမ်နေရင် ပွတ်သပ်တယ်။
-
4:51 - 4:54ဒါက ဒစ်ဂျစ်တယ် အီမိုဂျိ တုတ်တံလိုပါ။
-
4:54 - 4:57နောက်ပြီး ဒီကာလတွေဆီ ပြန်လာပြီး
-
4:57 - 4:59အွန်လိုင်းက အခြေအနေတွေ
ထပ်ဖြည့်တယ်။ -
4:59 - 5:01အထူးသဖြင့်
-
5:01 - 5:04သင့်အိတ်ကပ်ထဲကို
ထည့်နိုင်ပြီး နှစ်သက်နိုင်တဲ့ -
5:04 - 5:06ရင်းနှီးပြီး လှပတဲ့အရာလေး
-
5:06 - 5:07ဖန်တီးချင်ခဲ့တာပါ။
-
5:09 - 5:11Sydney Opera House ရဲ့ နှစ် ၄၀ မြောက်မှာ
-
5:11 - 5:13မှန်ပြောင်းတွေဟာ တကယ့် မွေးနေ့လက်ဆောင်ပါ။
-
5:13 - 5:17Boston မှာရှိတဲ့ Tellart က မိတ်ဆွေတွေက
လမ်းသုံး မှန်ပြောင်းတစ်လက်ကို ယူလာခဲ့တယ်၊ -
5:17 - 5:20Empire State Building မှာ
တွေ့လောက်မယ့်ဟာမျိုးပေါ့။ -
5:20 - 5:22ပြီးတော့ ဒါတွေကို လေးဘက်မြင်
အခြား လူသိများတဲ့ -
5:22 - 5:25ကမ္ဘာ့အမွေအနှစ် ရှုခင်းတွေနဲ့အတူ
တပ်ဆင်လိုက်တယ်... -
5:25 - 5:27(ရယ်သံများ)
-
5:27 - 5:29Street View သုံးပြီးတော့လေ။
-
5:29 - 5:32နောက်ပြီး ဒါတွေကို လှေခါးထစ်တွေ
အောက်မှာ ကပ်လိုက်တယ်။ -
5:32 - 5:37ဒီတော့ ဒါတွေက တကယ့် ရုပ်ပိုင်းဆိုင်ရာ
ပြန်လည်ချဉ်းကပ်မှု ဖြစ်လာတယ်၊ -
5:37 - 5:39(သို့) အခြားအသွင်တွေအတွက် မုခ်လိုပေါ့။
-
5:39 - 5:42ဒီတော့ Versailles (သို့) Shackleton's Hut
ကိုတွေ့မိနိုင်တယ်။ -
5:42 - 5:45အခြေခံကတော့ ဒါဟာ ၁၉၅၅ လောက်က
အစစ် နီးနီးပါ။ -
5:45 - 5:47(ရယ်သံများ)
-
5:47 - 5:51ကျွန်တော်တို့ရုံးမှာ URL တွေ လည်ပတ်ဖို့
ဖြစ်ကတတ်ဆန်း အိတ်တွေသုံးတယ်။ -
5:51 - 5:54သင်တို့ရဲ့ Opal card လို ဒါက
အရမ်းကို ရိုးရှင်းပါတယ်။ -
5:54 - 5:57ချစ်ပ်ပြားလေးပေါ်က ဝက်ဘ်ဆိုဒ်ကို
ဒီမှာ သွင်းလိုက်ပြီး -
5:58 - 6:01ဒါကိုလုပ်လိုက်တော့ ပေါက်ကရ၊
-
6:01 - 6:03ဝက်ဘ်ဆိုဒ်က ဖုန်းမှာပေါ်လာတယ်၊
-
6:03 - 6:06၁၀ ဆင့်လောက်ပါ။
-
6:06 - 6:08Treehugger ဟာ Sydney မှာ
Grumpy Sailor နဲ့ -
6:08 - 6:10Finch ပေါင်းပြီး
ကျွန်တော်တို့ လုပ်နေတဲ့ ပရောဂျက်ပါ။ -
6:11 - 6:13ဖုန်းတွေကို ဆွဲခွာလိုက်ပြီး
အပိုင်းလေးတွေကို သစ်ပင်တွေမှာ -
6:13 - 6:17ထားလိုက်ရင် ဘာဖြစ်လာမလဲဆိုတာကို
အရမ်း စိတ်လှုပ်ရှားမိတယ်။ -
6:17 - 6:20ဒါဟာ ကလေးတွေ လည်ပတ်ခွင့်ရတဲ့
မှော်ကြိမ်လုံးနဲ့ -
6:20 - 6:25ညှို့ငင်တတ်တဲ့ တောအုပ်ဖြစ်လောက်တယ်။
-
6:25 - 6:28ဒီမှာ ဒစ်ဂျစ်တယ် နတ်သမီးတွေကို
စကားပြောပြီး မေးခွန်းတွေမေး၊ -
6:28 - 6:30ပြီးတော့ ပြန်အမေးခံလိုက်နဲ့လေ။
-
6:30 - 6:31မြင်တဲ့အတိုင်းပဲ
-
6:31 - 6:33ကျွန်တော်တို့ဟာ ဒါနဲ့အတူ ကတ်ထူစင်မြင့်မှာ။
-
6:33 - 6:35(ရယ်သံများ)
-
6:35 - 6:36ဒါပေမဲ့ ဖန်သားပြင်မပါတဲ့
-
6:36 - 6:40အပြင်ဘက်ကို ကလေးတွေကို ပြန်ခေါ်ဖို့
ဖြစ်နိုင်ခြေကို စိတ်လှုပ်ရှားမိတယ်။ -
6:40 - 6:44ဒါပေမဲ့ သူတို့လက်ဖျားတွေက အင်တာနက်ရဲ့
မှော်အစွမ်း အားလုံးနဲ့အတူပါ။ -
6:44 - 6:48ဒီနှစ်မကုန်ခင် ဒီလိုမျိုး အလုပ်လုပ်တာ
တစ်ခုခု ရှိလာဖို့ မျှော်လင့်ပါတယ်။ -
6:50 - 6:51ဒီတော့ ပြန်ချုံ့ကြရအောင်။
-
6:52 - 6:54လူသားတွေဟာ သဘာဝ
ဖြေရှင်းနည်းတွေ ကြိုက်တယ် -
6:54 - 6:56သတင်းအချက်အလက်ကို နှစ်သက်တယ်။
-
6:56 - 6:58ရိုးစင်းတဲ့ ကိရိယာတွေ လိုတယ်။
-
6:59 - 7:04မူတွေက အင်တာနက်ပေါ်မှာတင်
မဟုတ်ပဲ အနာဂတ်ကို ဘယ်လိုပုံဖော်မလဲ -
7:04 - 7:06ဆိုတာကို ထောက်ကန်ထားသင့်တယ်။
-
7:06 - 7:12ရွှေ့ပြောင်းမယ့် သတင်းခေတ်နဲ့ ပတ်သက်ပြီး
စိတ်မသက်မသာ ဖြစ်ချင်ဖြစ်မိမယ်။ -
7:12 - 7:16ရိုးရိုး စိတ်လှုပ်ရှားတာထက်
အကဲစမ်းခံရတယ်လို့ ခံစားမိနိုင်တယ်။ -
7:16 - 7:18ဘာလဲ မှန်းကြည့်ပါလား၊ ကျွန်တော်ရောပဲလေ။
-
7:18 - 7:22ဒါဟာ လူ့သမိုင်းရဲ့ တကယ့် ထူးခြားတဲ့ ကာလပါ။
-
7:24 - 7:28ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာကို
တကယ်တမ်း တည်ဆောက်သူတွေပါ၊ -
7:28 - 7:30ဉာဏ်ရည်တုဆိုတာ မရှိသေး...
-
7:30 - 7:31မရှိသေးပါဘူး။
-
7:31 - 7:33(ရယ်သံများ)
-
7:33 - 7:39ကျွန်တော်တို့ပဲ ဒီဇိုင်နာတွေ၊ ဗိသုကာတွေ၊
အနုပညာရှင်တွေ၊ အင်ဂျင်နီယာတွေလေ။ -
7:39 - 7:41ကိုယ့်ကိုယ်ကို စိန်ခေါ်လိုက်ရင်
-
7:41 - 7:45မီးလုံးဖွင့်လိုက်တာလို သဘဝကျပြီး
-
7:45 - 7:48ရိုးရှင်းတာမျိုးခံစားနိုင်တဲ့
ကိုယ်ကြိုက်တဲ့ -
7:48 - 7:53သတင်းတွေ ပြည့်နေတဲ့
ပျော်စံရာ ရနိုင်တယ်ထင်ပါတယ်။ -
7:53 - 7:54ဒါဟာ ရှောင်လွဲမရနိုင်လောက်ပေမည့်လည်း
-
7:54 - 8:00ဒါဟာ အများပြည်သူလိုချင်တဲ့ နာရီတွေ၊
ဝက်ဘ်ဆိုဒ်တွေ၊ ကိရိယာလေးတွေပါ။ -
8:00 - 8:06ဖော့ဆို့၊ အလင်းနဲ့ ဖြစ်ကတတ်ဆန်း အိတ်တွေကို
အတွေးလေးတွေ ပေးနိုင်လောက်တယ်။ -
8:06 - 8:07ကျေးဇူးအများကြီး တင်ပါတယ်။
-
8:07 - 8:10(လက်ခုပ်သံများ)
- Title:
- ကွန်ပြူတာဖန်ပြင်တွေမပါတဲ့ အင်တာနက်တစ်ခုဟာ ဒီလိုဖြစ်ကောင်းဖြစ်လိမ့်မယ်။
- Speaker:
- Tom Uglow
- Description:
-
ဒီဇိုင်နာ Tom Uglow ဟာ လူသားတို့ နှစ်ခြိုက်ကြ သဘာဝ နည်းလမ်းတွေနဲ့ ရိုးစင်းတဲ့ကိရိယာတွေဟာ ကျွန်တော်တို့ရဲ့ လိုအပ်ချက် သတင်းအချက်အလက်တွေနဲ့ ကျွန်တော်တို့ကို အထောက်အပံ့ပြုတဲ့ ကိရိယာတွေနဲ့အတူ ယှဉ်တွဲရပ်နိုင်မယ့် အနာဂတ်ကို ဖန်တီးနေပါတယ်။ သူပြောတာက "အရှိတရားဟာ ဖန်သားပြင်တွေထက် ပိုကြွယ်ဝပါတယ်။" "မီးလုံးဖွင့်လိုက်ခြင်းလို သဘဝကျပြီး ရိုးရှင်းတာမျိုး ခံစားနိုင်တဲ့ ကိုယ်နှစ်သက်တဲ့ အချက်အလက်တွေနဲ့ ပြည့်နေတဲ့ ပျော်စံရာရှိနိုင်ပါတယ် "တဲ့။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 08:23
Myo Aung approved Burmese subtitles for An Internet without screens might look like this | ||
Myo Aung accepted Burmese subtitles for An Internet without screens might look like this | ||
Myo Aung edited Burmese subtitles for An Internet without screens might look like this | ||
Myo Aung edited Burmese subtitles for An Internet without screens might look like this | ||
Myo Aung edited Burmese subtitles for An Internet without screens might look like this | ||
sann tint edited Burmese subtitles for An Internet without screens might look like this | ||
sann tint edited Burmese subtitles for An Internet without screens might look like this | ||
sann tint edited Burmese subtitles for An Internet without screens might look like this |