သင်တို့ရဲ့ ပျော်စံရာကို သွားဖို့ မေးမြန်းရင်း စချင်တယ်၊ ကျေးဇူးပြုပြီး။ ဟုတ် ပျော်စရာနေရာပါ။ အတုဆိုတောင် သင်တို့မှာတစ်ခုရှိတာ သိပါတယ် (ရယ်သံများ) ကောင်းပြီ၊ အဆင်ပြေရဲ့လား။ ကောင်းတယ်။ ကဲ၊ လာမယ့်မေးခွန်းတွေကို စိတ်ထဲက ဖြေစေချင်တယ်။ သင်တို့ရဲ့ ပျော်စံရာမှာ မီးချောင်းရှိလား။ ပလပ်စတစ် စားပွဲတွေရော။ ပေါ်လီအက်စတာ ကြမ်းခင်း။ မိုဘိုင်ဖုန်းရော။ မရှိဘူးလား။ ပျော်စံရာဟာ သဘာဝကျတဲ့ တစ်နေရာရာလို့ အားလုံးသိကြတယ် ထင်ပါတယ်၊ အပြင်ဘက်တွေ ကမ်းခြေမှာ၊ မီးလင်းဖိုရှေ့ပေါ့။ စာဖတ်နေမယ်၊ စားနေမယ် ဒါမှမဟုတ် သိုးမွှေးထိုးနေမယ်ပေါ့။ ပြီးတော့ သဘာဝအလင်း၊ သဘာဝ ဒြပ်တွေနဲ့ ဝန်းရံနေတာပေါ့။ သဘာဝ ပစ္စည်းတွေက ကျွန်တော်တို့ကို ပျော်ရွှင်စေပါတယ်။ ပျော်ရွှင်မှုဟာ ကြီးမားတဲ့ လှုံ့ဆော်အားပါ။ ပျော်ရွှင်မှုအတွက် ရုန်းကန်ကြတယ်။ ဒါကြောင့် အမြဲပဲ အရာရာ ဒီဇိုင်းပြန်ထုတ်တာဖြစ်နိုင်တယ်။ ဖြေရှင်းနည်းတွေဟာ ပိုပြီးသဘာဝ ကျလာမယ် ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ဒီတော့ အဲဒီမှာ စရအောင်။ ဒီဇိုင်းကောင်းဟာ သဘာဝကို ခံစားစေလိမ့်မယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့။ သင့်ရဲ့ဖုန်းဟာ သိပ်သဘာဝမဆန်ပါ။ သင့်ဖုန်းကို စွဲလန်းနေတယ်လို့ ထင်ကောင်းထင်ပေမဲ့ တကယ်တမ်းက မဟုတ်ပါဘူး။ ကိရိယာတွေကို မစွဲလမ်းကြပါဘူး၊ စွဲလန်းတာက ဒါတွေကို ဖြတ်စီးဆင်းနေတဲ့ သတင်းအချက်အလက်တွေကိုပါ။ အပြင်လောကက ဘာသတင်းအချက်အလက်မှ မပါပဲ သင့်ပျော်စံရာမှာ ဘယ်လောက်များ ကြာကြာ ပျော်လိမ့်မလဲလို့ တွေးမိတယ်။ ကျွန်တော်တို့ သတင်းအချက်အလက်ကို ဘယ်လိုရတယ်၊ ဘယ်လို ခံစားတယ်ဆိုတာ စိတ်ဝင်စားမိတယ်။ ကျွန်တော်တို့ဟာ ငြိမ်နေတဲ့ သတင်းအချက်အလက်ရဲ့ အချိန်တစ်ခုကနေ စာအုပ်တွေကို ကိုင်ပြီး စာကြည့်တိုက်တွေနဲ့ ကားမှတ်တိုင်တွေ၊ ဒစ်ဂျစ်တယ် သတင်းခေတ်ကနေ စီးဆင်းတဲ့သတင်း ကာလဆီ ဘာမဆို၊ ဘယ်နေရာ၊ ဘယ်အချိန်မဆို ရောက်ရှိဖို့ ကလေးတွေ မျှော်လင့်တဲ့ စီးဆင်းတဲ့သတင်း ကာလဆီကို ရွေ့ရှားနေကြတာပါ၊ ကွမ်တမ် ရူပဗေဒကနေ အလယ်ခေတ် စပျစ်စိုက်ခင်းဆီကို၊ လိင်သီအိုရီကနေ မနက်ဖြန်အတွက် မိုးလေဝသဆီကို၊ မီးလုံးဖွင့်လိုက်သလိုပေါ့။ စိတ်ကူးကြည့်လိုက်ပါ။ လူသားတွေဟာလည်း ရိုးရိုးကိရိယာတွေလိုပါ။ သင့်ဖုန်းဟာ ရိုးရှင်းတဲ့ ကိရိယာတစ်ခု မဟုတ်ပါဘူး။ ခက်ရင်းဟာ ရိုးရိုးကိရိယာ တစ်ခုပါ။ (ရယ်သံများ) ဒါတွေကို ပလပ်စတစ်နဲ့လုပ်တာ မကြိုက်ကြပါဘူး။ ကျွန်တော့ဖုန်းကို သိပ်သဘောမကျပုံမျိုးပေါ့၊ သတင်းအချက်အလက်ကို ဒီနည်းနဲ့ တွေ့ကြုံမခံစားချင်ဘူး။ လောကကို ဖန်ပြင်တွေကနေ သုံးသပ်မှာထက် ပိုကောင်းတဲ့ နည်းတွေရှိတယ်လို့ထင်တယ်။ ဖန်ပြင်တွေကို မမုန်းပါဘူး၊ ခံစားလို့မရတာ၊ ဘယ်သူတစ်ဦးမှ ဒါတွေပေါ်မှာ ပျော့ခွေပြီး အချိန်တွေကုန်တာ ကောင်းလိုက်တာလို့ ခံစားရတယ် မထင်ဘူး။ ကံကောင်းချင်တော့ နည်းပညာကုမ္ပဏီကြီးတွေက သဘောတူပုံရတယ်။ တကယ်တော့ ထိတွေ့မှုနဲ့ အပြော၊ အမူအရာ တွေမှာ အများကြီး ရင်းနှီးမြှပ်နှံကြတယ်၊ အာရုံခံတွေမှာ ရောပေါ့၊ ခွက်တွေလိုပဲ၊ ပစ္စည်းတွေကို ဆွံ့သွားအောင်လုပ်ပြီး အင်တာနက်ရဲ့ မှော်အစွမ်းနဲ့ ပြည့်စေတာမျိုးတွေပေါ့၊ ဖြစ်နိုင်တာက ဒီ ဒစ်ဂျစ်တယ် မိုးတိမ်ကို ထိနိုင်၊ ရွေ့နိုင်လောက်တဲ့ တစ်ခုခုကို ပြောင်းခြင်းပါ။ T.V ချိန်နဲ့ ပတ်သက်ပြီး အကျပ်ရိုက်နေတဲ့ မိဘတွေ သူတို့ ကလေးတွေ စာဖတ်သင်ပေးတဲ့ ရုပ်ပိုင်း ဆိုင်ရာ ဒစ်ဂျစ်တယ် ကစားစရာ အပြင် မိသားစု ဘေးကင်းစေတဲ့ app ဆိုင်တွေပါ လိုအပ်တယ်။ အင်း အမှန်က ဒါဟာ တကယ်ကို ဖြစ်နေနှင့်ပြီလို့ထင်တယ်။ အရှိတရားဟာ ဖန်သားပြင်တွေထက် ပိုကြွယ်ဝပါတယ်။ ဥပမာ ကျွန်တော် စာအုပ်တွေကို နှစ်သက်တယ်။ ကျွန်တော့အတွက် ကာလယန္တရားတွေပေါ့၊ အက်တမ်နဲ့ မော်လီကျူးဟာ သူတို့ ဖြစ်တည်ချိန်ကနေ ကြုံရတဲ့ တဒင်္ဂထိ အာကာသမှာ ခုန်ပေါက်တယ်။ ဒါပေမဲ့ ရှင်းရှင်း ပြောရရင် ပါဝင်မှုက ကျွန်တော့ဖုန်းပေါ်မှာ အတူတူပါပဲ ဒီတော့ ဖန်သားပြင်တွေထက်ဘာက ပိုကြွယ်ဝတဲ့ အတွေ့အကြုံကို ဖြစ်စေတာလဲ။ ဆိုလိုတာက သိပ္ပံနည်းကျကျပေါ့။ တကယ်တော့ ဖန်သားပြင်တွေ လိုတာပေါ့။ ရုပ်ရှင်ပြတော့မယ်ဆို ဖန်သားပြင် အကြီးကြီး လိုတာပေါ့။ ဒါပေမဲ့ ဒီ မှော်သေတ္တာတွေနဲ့က ပိုလုပ်နိုင်တာပေါ့ဗျာ။ ခင်ဗျားရဲ့ဖုန်းဟာ အင်တာနက် တံခါးစောင့်ခွေးမ မဟုတ်ဘူးလေ။ (ရယ်သံများ) အရာဝတ္ထုတွေ ဆောက်နိုင်တယ်-- ရူဗဗေဒ စက်ပစ္စည်းတွေကို သုံးပြီး အင်တာနက်ကို ကျွန်တော်တို့ဝန်းကျင်က ကမ္ဘာထဲကို ပေါင်းစပ်ပေးနိုင်တဲ့ ရုပ်ဝတ္ထုတွေပေါ့၊ ဒါတွေထဲက နမူနာတချို့ကို ပြပါ့မယ်။ တလောတုန်းက Berg ဆိုတဲ့ ဒီဇိုင်း အေဂျင်စီ တစ်ခုနဲ့တွဲလုပ်ခဲ့တယ် ဖန်သားပြင်မဲ့ အင်တာနက်ဟာ တကယ်မှာ ဘာပုံပေါက်နေမလဲဆိုတာ စူးစမ်းဖို့ပေါ့။ သူတို့က အင်တာနက်ကို အမှန်တကယ် အသက်သွင်းဖို့ အလင်းဟာ ရိုးရှင်းတဲ့ အာရုံခံတွေနဲ့ ရုပ်ဝတ္ထုနဲ့ အလုပ်လုပ်နိုင်တဲ့ နည်းလမ်းအမျိုးမျိုး ကျွန်တော့ကို ပြခဲ့တယ်။ ဒီ မယုံနိုင်အောင် စက်ဆန်တဲ့ YouTube ဖွင့်တာမျိုးလိုပေါ့။ ပြီး ဒါက ကျွန်တော့အတွက် ဉာဏ်ကွန့်မြူးမှု တစ်ခုပါ။ နောက်ပြီး AQ ဆိုတဲ့ ဂျပန် အေဂျင်စီနဲ့ လုပ်ခဲ့တယ်၊ စိတ်ကျန်မာရေးကို သုသေသနပြုတဲ့ ပရောဂျက်တစ်ခုပါ။ ရောဂါရှာဖွေမှုအတွက် အရမ်းလိုအပ်တဲ့ စိတ်အပြောင်းအလဲတွေ တစ်ဝိုက်က ခံစားချက်ကို အခြေခံတဲ့ အချက်အလက် ဖမ်းယူနိုင်တဲ့ ပစ္စည်းကို ဖန်တီးချင်ခဲ့တယ်။ ဒီပစ္စည်းက သင့်ထိတွေ့မှုကို ဖမ်းယူနိုင်တယ်၊ ဒီတော့ စိတ်တိုတယ်ဆိုရင် အတင်းဖိမှာပေါ့၊ ဒါမှမဟုတ် စိတ်ငြိမ်နေရင် ပွတ်သပ်တယ်။ ဒါက ဒစ်ဂျစ်တယ် အီမိုဂျိ တုတ်တံလိုပါ။ နောက်ပြီး ဒီကာလတွေဆီ ပြန်လာပြီး အွန်လိုင်းက အခြေအနေတွေ ထပ်ဖြည့်တယ်။ အထူးသဖြင့် သင့်အိတ်ကပ်ထဲကို ထည့်နိုင်ပြီး နှစ်သက်နိုင်တဲ့ ရင်းနှီးပြီး လှပတဲ့အရာလေး ဖန်တီးချင်ခဲ့တာပါ။ Sydney Opera House ရဲ့ နှစ် ၄၀ မြောက်မှာ မှန်ပြောင်းတွေဟာ တကယ့် မွေးနေ့လက်ဆောင်ပါ။ Boston မှာရှိတဲ့ Tellart က မိတ်ဆွေတွေက လမ်းသုံး မှန်ပြောင်းတစ်လက်ကို ယူလာခဲ့တယ်၊ Empire State Building မှာ တွေ့လောက်မယ့်ဟာမျိုးပေါ့။ ပြီးတော့ ဒါတွေကို လေးဘက်မြင် အခြား လူသိများတဲ့ ကမ္ဘာ့အမွေအနှစ် ရှုခင်းတွေနဲ့အတူ တပ်ဆင်လိုက်တယ်... (ရယ်သံများ) Street View သုံးပြီးတော့လေ။ နောက်ပြီး ဒါတွေကို လှေခါးထစ်တွေ အောက်မှာ ကပ်လိုက်တယ်။ ဒီတော့ ဒါတွေက တကယ့် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ချဉ်းကပ်မှု ဖြစ်လာတယ်၊ (သို့) အခြားအသွင်တွေအတွက် မုခ်လိုပေါ့။ ဒီတော့ Versailles (သို့) Shackleton's Hut ကိုတွေ့မိနိုင်တယ်။ အခြေခံကတော့ ဒါဟာ ၁၉၅၅ လောက်က အစစ် နီးနီးပါ။ (ရယ်သံများ) ကျွန်တော်တို့ရုံးမှာ URL တွေ လည်ပတ်ဖို့ ဖြစ်ကတတ်ဆန်း အိတ်တွေသုံးတယ်။ သင်တို့ရဲ့ Opal card လို ဒါက အရမ်းကို ရိုးရှင်းပါတယ်။ ချစ်ပ်ပြားလေးပေါ်က ဝက်ဘ်ဆိုဒ်ကို ဒီမှာ သွင်းလိုက်ပြီး ဒါကိုလုပ်လိုက်တော့ ပေါက်ကရ၊ ဝက်ဘ်ဆိုဒ်က ဖုန်းမှာပေါ်လာတယ်၊ ၁၀ ဆင့်လောက်ပါ။ Treehugger ဟာ Sydney မှာ Grumpy Sailor နဲ့ Finch ပေါင်းပြီး ကျွန်တော်တို့ လုပ်နေတဲ့ ပရောဂျက်ပါ။ ဖုန်းတွေကို ဆွဲခွာလိုက်ပြီး အပိုင်းလေးတွေကို သစ်ပင်တွေမှာ ထားလိုက်ရင် ဘာဖြစ်လာမလဲဆိုတာကို အရမ်း စိတ်လှုပ်ရှားမိတယ်။ ဒါဟာ ကလေးတွေ လည်ပတ်ခွင့်ရတဲ့ မှော်ကြိမ်လုံးနဲ့ ညှို့ငင်တတ်တဲ့ တောအုပ်ဖြစ်လောက်တယ်။ ဒီမှာ ဒစ်ဂျစ်တယ် နတ်သမီးတွေကို စကားပြောပြီး မေးခွန်းတွေမေး၊ ပြီးတော့ ပြန်အမေးခံလိုက်နဲ့လေ။ မြင်တဲ့အတိုင်းပဲ ကျွန်တော်တို့ဟာ ဒါနဲ့အတူ ကတ်ထူစင်မြင့်မှာ။ (ရယ်သံများ) ဒါပေမဲ့ ဖန်သားပြင်မပါတဲ့ အပြင်ဘက်ကို ကလေးတွေကို ပြန်ခေါ်ဖို့ ဖြစ်နိုင်ခြေကို စိတ်လှုပ်ရှားမိတယ်။ ဒါပေမဲ့ သူတို့လက်ဖျားတွေက အင်တာနက်ရဲ့ မှော်အစွမ်း အားလုံးနဲ့အတူပါ။ ဒီနှစ်မကုန်ခင် ဒီလိုမျိုး အလုပ်လုပ်တာ တစ်ခုခု ရှိလာဖို့ မျှော်လင့်ပါတယ်။ ဒီတော့ ပြန်ချုံ့ကြရအောင်။ လူသားတွေဟာ သဘာဝ ဖြေရှင်းနည်းတွေ ကြိုက်တယ် သတင်းအချက်အလက်ကို နှစ်သက်တယ်။ ရိုးစင်းတဲ့ ကိရိယာတွေ လိုတယ်။ မူတွေက အင်တာနက်ပေါ်မှာတင် မဟုတ်ပဲ အနာဂတ်ကို ဘယ်လိုပုံဖော်မလဲ ဆိုတာကို ထောက်ကန်ထားသင့်တယ်။ ရွှေ့ပြောင်းမယ့် သတင်းခေတ်နဲ့ ပတ်သက်ပြီး စိတ်မသက်မသာ ဖြစ်ချင်ဖြစ်မိမယ်။ ရိုးရိုး စိတ်လှုပ်ရှားတာထက် အကဲစမ်းခံရတယ်လို့ ခံစားမိနိုင်တယ်။ ဘာလဲ မှန်းကြည့်ပါလား၊ ကျွန်တော်ရောပဲလေ။ ဒါဟာ လူ့သမိုင်းရဲ့ တကယ့် ထူးခြားတဲ့ ကာလပါ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာကို တကယ်တမ်း တည်ဆောက်သူတွေပါ၊ ဉာဏ်ရည်တုဆိုတာ မရှိသေး... မရှိသေးပါဘူး။ (ရယ်သံများ) ကျွန်တော်တို့ပဲ ဒီဇိုင်နာတွေ၊ ဗိသုကာတွေ၊ အနုပညာရှင်တွေ၊ အင်ဂျင်နီယာတွေလေ။ ကိုယ့်ကိုယ်ကို စိန်ခေါ်လိုက်ရင် မီးလုံးဖွင့်လိုက်တာလို သဘဝကျပြီး ရိုးရှင်းတာမျိုးခံစားနိုင်တဲ့ ကိုယ်ကြိုက်တဲ့ သတင်းတွေ ပြည့်နေတဲ့ ပျော်စံရာ ရနိုင်တယ်ထင်ပါတယ်။ ဒါဟာ ရှောင်လွဲမရနိုင်လောက်ပေမည့်လည်း ဒါဟာ အများပြည်သူလိုချင်တဲ့ နာရီတွေ၊ ဝက်ဘ်ဆိုဒ်တွေ၊ ကိရိယာလေးတွေပါ။ ဖော့ဆို့၊ အလင်းနဲ့ ဖြစ်ကတတ်ဆန်း အိတ်တွေကို အတွေးလေးတွေ ပေးနိုင်လောက်တယ်။ ကျေးဇူးအများကြီး တင်ပါတယ်။ (လက်ခုပ်သံများ)