Return to Video

ဆူပါထက်တော်မယ့် AI တွေကို မကြောက်ကြပါနဲ့

  • 0:01 - 0:05
    ကျွန်တော် ကလေးဘဝတုန်းက
    စံပြုလောက်တဲ့ ချာတိတ် ဖြစ်ခဲ့တယ်။
  • 0:05 - 0:07
    ခင်ဗျားတို့ တချို့လည်း အလားတူ
    ဖြစ်ခဲ့ကြမှာပါ။
  • 0:08 - 0:09
    (ရယ်မောသံများ)
  • 0:09 - 0:12
    ခုနက အကျယ်ဆုံး ရယ်လိုက်သူကတော့
    အခုထက်ထိ အဲဒီလို ရှိနေပုံ ရတယ်။
  • 0:12 - 0:14
    (ရယ်မောသံများ)
  • 0:14 - 0:18
    Texas မြောက်ပိုင်း ဖုန်ထူတဲ့
    လွင်ပြင်က မြို့လေးမှာ ကြီးလာခဲ့ပြီး
  • 0:18 - 0:21
    သင်းအုပ်ဆရာရဲ့ သားဖြစ်သူ
    ရဲအရာရှိမှ မွေးခဲ့တဲ့ သားတစ်ယောက်ပါ။
  • 0:21 - 0:23
    သူများ ဘဝကို ခက်ခဲအောင်
    မလုပ်တတ်ခဲ့ပါ။
  • 0:24 - 0:27
    ဒါ့အကြောင့် ကျွန်တော်ဟာ calculus
    အကြောင်း စာအုပ်တွေ ဖတ်လာခဲ့တယ်။
  • 0:27 - 0:29
    (ရယ်မောသံများ)
  • 0:29 - 0:31
    ခင်ဗျားတို့လည်းဖတ်ခဲ့ကြမှာပါ။
  • 0:31 - 0:34
    ဒါနဲ့ ကျွန်တော်ဟာ လေဆာနဲ့ ကွန်ပျူတာတွေ၊
    ဒုံးပျံပုံစံတွေ ဆောက်လာတတ်ခဲ့တယ်၊
  • 0:34 - 0:37
    အဲဒီကနေပြီး ကိုယ့်အိပ်ခန်းထဲမှာ
    ဒုံးပျံလောင်စာကို တီထွင်ခဲ့တယ်။
  • 0:38 - 0:42
    အခုတော့၊ သိပ္ပံပညာ အမြင်အရ
  • 0:42 - 0:45
    သိပ်ကို ဆိုးတဲ့ အရာကြီးပေါ့။
  • 0:45 - 0:46
    (ရယ်မောသံများ)
  • 0:46 - 0:48
    အဲဒီ အချိန် ဝန်းကျင်မှာပဲ၊
  • 0:48 - 0:52
    Stanley Kubrick ရဲ့ "2001: A Space
    Odyssey" ရုပ်ရှင် ထွက်လာခဲ့ရာ
  • 0:52 - 0:54
    ကျွန်တော့ဘဝဟာ ထာဝရအတွက်
    ပြောင်းလဲသွားတော့တယ်။
  • 0:54 - 0:56
    အဲဒီ ရုပ်ရှင်ထဲက အရာရာတိုင်းကို၊
  • 0:56 - 0:59
    အထူးသဖြင့် HAL ၉၀၀၀ ကို
    သိပ်ကို နှစ်ခြိုက်ခဲ့တယ်။
  • 0:59 - 1:01
    အဲဒီ HAL ဟာ အာရုံခံစားနိုင်ခဲ့တဲ့
  • 1:01 - 1:03
    ကွန်ပျူတာ ဖြစ်ခဲ့ပြီး
    အာကာသယာဉ်ကို ကမ္ဘာဂြိုဟ်မှ
  • 1:03 - 1:06
    ဂျူပီတာအထိ လမ်းညွှန်ပေးရန်
    ထုတ်လုပ်ခဲ့တဲ့ ကွန်ပျူတာပါ။
  • 1:06 - 1:08
    HAL ဟာ စိတ်ဓာတ် အားနည်ခဲ့သူပါ၊
  • 1:08 - 1:12
    နောက်ဆုံးတွင် ၎င်းဟာ လူသားရဲ့ အသက်ထက်
    တာဝန်ကို တန်ဖိုးထားရန် ရွေးခဲ့လို့ပါ။
  • 1:13 - 1:15
    HAL ဟာ စိတ်ကူးယဉ် ဖန်တီးလိုက်တဲ့
    ဇာတ်ကောင်ပါ၊
  • 1:15 - 1:18
    ဒါတောင် ၎င်းဟာ ကျွန်တော်တို့ရဲ့
    စိုးရိမ်ချက်တွေကို၊
  • 1:18 - 1:20
    ခံစားနိုင်စွမ်းမရှိတဲ့၊ လူသားတွေကို
  • 1:20 - 1:23
    ဂရုမစိုက်တဲ့ ဦးနှောက် အတုပိုင်ရှင်ဘက်မှ
    ချုပ်ချယ်ခံရမယ့်
  • 1:23 - 1:25
    စိုးရိမ်မှုတွေကို ထုတ်ဖေါ် ပြောခဲ့ပါတယ်။
  • 1:26 - 1:28
    အဲဒီကြောက်ရွံမှုတွေ အခြေအမြစ်
    မရှိဘူးလို့ ယုံကြည်တယ်။
  • 1:28 - 1:31
    တကယ်တမ်းတွင်၊ ကျွန်ုပ်တို့ဟာ
    လူသား သမိုင်းမှာ
  • 1:31 - 1:33
    မှတ်သားစရာ ကာလထဲ ရှိနေကြပါတယ်၊
  • 1:33 - 1:38
    ကျွန်ုပ်တို့ ခန္ဓာကိုယ်နဲ့ ဦးနှောက်ရဲ့
    ကန့်သတ်ချက်တွေကို လက်မခံနိုင်ကြလို့
  • 1:38 - 1:39
    ကျွန်ုပ်တို့ဟာ သိမ်မွေ့၊ လှပ ရှုပ်ထွေး
  • 1:39 - 1:43
    ကျော့ရှင်းကြတဲ့ စက်ပစ္စည်းတွေကို
    ထုတ်လုပ်လာခဲ့ကြရာ ၎င်းတို့ဟာ စိတ်ကူးလို့
  • 1:43 - 1:45
    ရနိုင်တဲ့ လူတွေ လုပ်ကိုင်နိုင်ကြတာထက်ကို
  • 1:45 - 1:47
    များစွာမှ သာလွန်သွားကြမှာပါ။
  • 1:48 - 1:50
    ကျွန်တော်ဟာ Air Force Academy
    မှာ လုပ်ကိုင်ရင်းကနေပြီး
  • 1:50 - 1:52
    အခု Space Command ကို ရောက်လာလို့
  • 1:52 - 1:54
    စနစ်များရဲ့ အင်ဂျင်နီယာဖြစ်လာတယ်၊
  • 1:54 - 1:57
    မကြာခင်မီတွင် NASA ရဲ့ အင်္ဂါသို့ သွားရေး
    လုပ်ငန်းကြီးနဲ့
  • 1:57 - 1:59
    ဆက်စပ်နေတဲ့ အင်ဂျင်နီယာ ပြဿနာကို
    လေ့လာလာရပါတယ်။
  • 1:59 - 2:02
    လဆီကို သွားမယ့် ပျံသန်းမှုတွေ
    ဆိုရင် ပျံသန်းမှု
  • 2:02 - 2:05
    ကိစ္စတွေအတွက် Houston ရှိနေတဲ့
    ထိန်းချုပ်ရေးဌာနကို
  • 2:05 - 2:07
    အားကိုးလို့ ရနိုင်တာ ရှင်းနေပါတယ်။
  • 2:07 - 2:11
    ဒါပေမဲ့ အင်္ဂါဂြိုဟ်ကျတော့ အဆ ၂၀၀ အထိကို
    ပိုဝေးနေပါတယ်၊
  • 2:11 - 2:14
    အဲဒါကြောင့် ကမ္ဘာဂြိုဟ်မှနေပြီး
    အင်္ဂါဂြိုဟ်ဆီ ပို့လိုက်တဲ့
  • 2:14 - 2:17
    အချက်ပြမှု အနေနဲ့ ရောက်ဖို့ အချိန်
    ပျမ်းမျှ ၁၃ မိနစ် ကြာပါတယ်။
  • 2:17 - 2:20
    ပြဿနာ တစ်ခုခု ပေါ်လာရင်
    အချိန် မလောက်နိုင်ပါ။
  • 2:21 - 2:23
    အဲဒါကြောင့် ပျံသန်းမှု ထိန်းချုပ်ရေးကို
  • 2:23 - 2:26
    Orion အာကာသယာဉ်ရဲ့
    နံရံများအတွင်းမှာကို ထည့်သွင်းရန်
  • 2:26 - 2:29
    အင်ဂျင်နီယာ နည်းပညာက တောင်းဆိုလာပါတယ်။
  • 2:29 - 2:32
    အဲဒီပျံသန်းမှု ပရိုဖိုင်တွင် အင်္ဂါဂြိုဟ်
    ပေါ်တွင် လူသားပုံစံ
  • 2:32 - 2:35
    robot တွေိကို နေရာချပေးရေး
    အံ့ဖွယ် စိတ်ကူးလည်း ပါရှိပါတယ်။
  • 2:35 - 2:37
    လူတွေ အဲဒီကို မရောက်ခင်တွင်
    လိုအပ်တာတွေ
  • 2:37 - 2:38
    ဆောက်လုပ်ရန်နဲ့ နောက်ပိုင်းတွင်
  • 2:38 - 2:42
    သိပ္ပံအဖွဲ့ထဲမှာ ပူးတွဲကူညီပေးမယ့်
    လုပ်အားအဖြစ် ထားရှိရန်ဖြစ်တယ်။
  • 2:43 - 2:46
    အဲဒါကို အင်ဂျင်နီယာ ရှုထောင့်မှ
    ကျွန်တော် သုံးသပ်ကြည့်ရာ၊
  • 2:46 - 2:49
    ကျွန်တော် ပုံစံထုတ်ပေးရမယ့်ဟာက
    တော်ပြီး လက်တွဲလုပ်ကိုင်နိုင်မယ့်၊
  • 2:49 - 2:52
    လူမှုရေးအရ တော်ရမယ့်
  • 2:52 - 2:54
    အသိပညာ အတုစားမျိုး ဖြစ်ရပါမယ်။
  • 2:54 - 2:58
    တစ်မျိုးကို ရှင်းပြရပါက၊ ကျွန်တော်ဟာ
    HAL နဲ့ ဆင်တူဟာမျိုးကို ဆောက်လုပ်ပေးရမယ်၊
  • 2:58 - 3:01
    ကိုယ့်ကိုကိုယ် လုပ်ကြံရေး
    စိတ်တွေက လွဲလျက်ပေါ့လေ။
  • 3:01 - 3:02
    (ရယ်မောသံများ)
  • 3:03 - 3:05
    ဒီနေရာမှာ ခဏ ရပ်လိုက်ကြပါစို့။
  • 3:05 - 3:09
    artificial intelligence (ဦးနှောက် အတု)ကို
    အဲဒီလို ဆောက်လုပ် နိုင်ပါသလား။
  • 3:09 - 3:10
    လက်တွေ့တွင် ရနိုင်ပါတယ်။
  • 3:10 - 3:11
    နည်းအမျိုးမျိုး ရှိတယ်၊
  • 3:11 - 3:13
    ဒါဟာ ခဲယဉ်းတဲ့ အင်ဂျင်နီယာ ပြဿနာဖြစ်ပြီး
  • 3:13 - 3:15
    AI အစိတ်အပိုင်းတွေ ပါမယ်၊
  • 3:15 - 3:20
    ဖြေရှင်းပေးရမယ့် AI ပြဿနာတွေဟာ
    အသေးအမွှားတွေ မဟုတ်ကြပါ။
  • 3:20 - 3:22
    Alan Turing ပြောခဲ့ဘူးတာကို တမျိုး
    ပြန်ပြောရရင်၊
  • 3:22 - 3:25
    အာရုံခံစားနိုင်စွမ်း ရှိမယ့် စက်
    ဆောက်လုပ်ရန် စိတ်မဝင်စားပါ။
  • 3:25 - 3:27
    ကျွန်တော်ဟာ HAL တည်ဆောက်မှာ မဟုတ်ပါ။
  • 3:27 - 3:29
    ကျွန်တော် စဉ်းစားနေတာက သာမန် ဦးနှောက်ပါ၊
  • 3:29 - 3:32
    အသိပညာ ရှိသလို ခံစားရမယ့်ဟာ
    တစ်ခုခုကိုပါ။
  • 3:33 - 3:36
    HAL ကို ရုပ်ရှင်ထဲ မြင်ခဲ့ရတဲ့ နောက်ပိုင်း
    နှစ်များ အတွင်းမှာ
  • 3:36 - 3:38
    တွက်ချက်မှု ပညာဟာ အတော်လေး
    ခရီးပေါက်ခဲ့လို့၊
  • 3:38 - 3:41
    ဒီနေ့သာ တီထွင်ရှင် Dr. Chandra သာ
    ဒီမှာ ရှိနေခဲ့ရင် ကျွန်တော်တို့အား
  • 3:41 - 3:44
    မေးလိုက်မယ့် မေးခွန်းတွေ
    အတော့်ကို များမှာပါ။
  • 3:44 - 3:46
    စက်ကိရိယာတွေ သန်းပေါင်းများစွာ ရှိကြမယ့်
  • 3:46 - 3:49
    စနစ်ကို အတူယူသွားပြီး ၎င်းတို့ရဲ့
    ချွတ်ယွင်းချက်တွကို ခန့်မှန်းလျက်
  • 3:49 - 3:51
    ကြိုတင်ပြီး အရေးယူဆောင်ရွက်နိုင်အောင်
  • 3:51 - 3:53
    ၎င်းတို့ရဲ့ ဒေတာကို ဖတ်ပြီး လုပ်နိုင်မလား။
  • 3:53 - 3:54
    ရတယ်။
  • 3:54 - 3:58
    လူသားတွေနဲ့ ပုံမှန် ဘာသာစကားဖြင့်
    ဆက်သွယ်မယ့် စနစ်တွေ ဆောက်နိုင်မလား။
  • 3:58 - 3:59
    ရတယ်။
  • 3:59 - 4:02
    အရာတွေကို သိမှတ်နိုင်ကာ စိတ်ခံစားမှုကို
    ဖေါ်ထုတ်လျက် ၎င်းတို့ ကိုယ်တိုင်
  • 4:02 - 4:06
    ခံစားချက်ကို ပြကာ ဂိမ်းတွေ ကစားလျက်
    နှုတ်ခမ်းဖတ်မယ့် စနစ်တွေ ဆောက်နိုင်မလား။
  • 4:06 - 4:06
    ရတယ်။
  • 4:07 - 4:09
    ကျွန်ုပ်တို့ဟာ ပန်းတိုင်တွေကို ချမှတ်လျက်
  • 4:09 - 4:12
    ပန်းတိုင်များအတွက် စီမံကိန်းတွေ လုပ်ကိုင်
    ရင်း သင်ယူနိုင်တဲ့ စနစ် ဆောက်နိုင်လား။
  • 4:12 - 4:14
    ရတယ်။
  • 4:14 - 4:17
    စိတ်ဆိုတဲ့ သီအိုရီ ပါရှိမယ့်
    စနစ်တွေကို ဆောက်နိုင်လား။
  • 4:17 - 4:18
    အဲဒါကို လုပ်နိင်ရန် သင်နေကြတယ်။
  • 4:18 - 4:22
    ကျင့်စဉ် နဲ့ စိတ်ဓာတ်ဆိုင်ရာ အုတ်မြစ်
    ပါမယ့် စနစ်တွေကို ဆောက်နိုင်သလား။
  • 4:22 - 4:25
    အဲဒါ ဘယ်လို လုပ်ရမှာကို သင်ကြရပါမယ်။
  • 4:25 - 4:27
    အဲဒီလို တာဝန်များနဲ့ အခြား
  • 4:27 - 4:30
    တာဝန်များအတွက် အသိဉာဏ်အတုကို
    ဆောက်လုပ်လို့
  • 4:30 - 4:32
    ရနိုင်တယ်လို့ ခဏလေး ခံယူကြပါစို့။
  • 4:32 - 4:34
    အဲနောက်မှာ ကိုယ့်ကိုကိုယ်
    မေးရမယ့် မေးခွန်းက အဲဒါကို
  • 4:34 - 4:36
    ကျွန်ုပ်တို့ ကြောက်သင့်လား။
  • 4:36 - 4:38
    တကယ်တော့ နည်းပညာသစ် မှန်သမျှဟာ
  • 4:38 - 4:41
    စိုးရိမ်စရာ တစ်စုံတစ်ခုနဲ့
    စတင်တာချည်းပါပဲ။
  • 4:41 - 4:42
    ကားတွေကို ပထမဦးဆုံး
    မြင်တွေ့ခဲ့ရစဉ်
  • 4:43 - 4:47
    မိသားစုတွေ ပြိုလဲကျတော့မယ်လို့
    စိုးရိမ်နေခဲ့ကြတယ်။
  • 4:47 - 4:49
    တယ်လီဖုန်းတွေ ဘဝထဲ ခြေချဝင်လာတော့၊
  • 4:49 - 4:52
    လူတွေ စကားဝိုင်းဖွဲ့ ပြောဆိုမှု
    ချုပ်ငြိမ်းတော့မယ် ထင်ခဲ့တယ်။
  • 4:52 - 4:56
    စာတွေကို ပုံနှိပ်ထုတ်ဝေမှု ပေါ်လာတော့
    ကျွန်ုပ်တို့ဟာ မှတ်ဉာဏ်တွေ
  • 4:56 - 4:59
    ဆုံးရှုံးကြတော့မှာဘဲလို့ ထင်မြင်ခဲ့ကြတယ်။
  • 4:59 - 5:01
    အဲဒီလို အရာတွေဟာ တစ်စုံတစ်ရာအထိ
    မှန်ကန်တယ်၊
  • 5:01 - 5:03
    ဒါပေမဲ့ အဲဒီတချိန်တည်းမှာ အဲဒီလို
    နည်းပညာတွေဟာ
  • 5:03 - 5:07
    လူတွေရဲ့ ဘဝအတွေ့အကြုံကို အံ့ဖွယ်
    နည်းလမ်းများဖြင့် မြှင့်တင်ပေး
  • 5:07 - 5:08
    ခဲ့ကြတာကိုပါ အသိအမှတ် ပြုကြရပါမယ်။
  • 5:10 - 5:12
    ဒီအကြောင်းကို ရှေ့ဆက် ကြည့်ကြရအောင်။
  • 5:13 - 5:18
    ခုနကလို AI ဖန်တီးပေးမယ်ဆိုရင်
    ကျွန်ုပ်တို့ရဲ့ တန်ဖိုးထားချက်တွေ
  • 5:18 - 5:22
    အဲဒီမှာ ထည့်သွင်းပါရှိမှာမို့ အဲဒါကို
    ကျွန်တော် မကြောက်ပါဘူး။
  • 5:22 - 5:25
    သိမြင်နိုင်တဲ့ စနစ်ကို ဆောက်လုပ်မှုဟာ
    အခြေခံအရကိုက
  • 5:25 - 5:29
    အတိတ်ကာလက ဆော့ဝဲ အများအပြားကို
    သုံးတဲ့ သမရိုးကျ စနစ်နဲ့ ခြားနားတယ်။
  • 5:29 - 5:31
    ၎င်းတို့အတွက် ပရိုဂရမ်ကို
    မရေးဆွဲဘဲ သင်ပေးကြတယ်။
  • 5:31 - 5:34
    စနစ်တစ်ခုအား ပန်းတွေကို သိမှတ်လာရန်
    ကျွန်တော်ဟာ
  • 5:34 - 5:37
    ကျွန်တော် ကြိုက်တဲ့ ပန်းတွေကို
    ထောင်ချီ ပြပေးပါတယ်။
  • 5:37 - 5:39
    စနစ်တစ်ခုအနေနဲ့ ဂိမ်း ကစားလာတတ်ရန်
    ကျွန်တော်
  • 5:39 - 5:41
    လုပ်နိုင်၊ ခင်ဗျားတို့လည်း လုပ်နိုင်တယ်။
  • 5:43 - 5:45
    ကျွန်တော်က ပန်းတွေကို ကြိုက်တယ်။
    တကယ်ပါ။
  • 5:45 - 5:48
    စနစ်တစ်ခုအနေနဲ့ Go လို ဂိမ်းကို
    ကစားလာနိုင်ရန် အတွက်
  • 5:48 - 5:50
    ကျွန်တော်ဟာ Go ဂိမ်းကို ထောင်ချီ
    ကစားပြရင်း
  • 5:50 - 5:52
    ကောင်းတဲ့ ဂိမ်းနဲ့ ဆိုးတဲ့ ဂိမ်း
  • 5:52 - 5:54
    ခွဲခြားနိုင်ရေးကိုပါ သင်ပေးရမယ်။
  • 5:55 - 5:58
    တကယ်လို့ ကျွန်တော်ဟာ ဥပဒေရေးရာထဲ
    ကူညီပေးရမယ့် ဉာဏ်အတုကို ဖန်တီးချင်ရင်၊
  • 5:58 - 6:00
    ဥပဒေတွေ အများကြီးကို သင်ပေးရင်း
  • 6:00 - 6:03
    ဥပဒေနဲ့ ခွဲခြားမရနိုင်တဲ့ ကရုဏာနဲ့
    တရားမျှတမှု ဆိုတဲ့
  • 6:03 - 6:06
    သဘောတရားတွေကိုပါ ရိုက်သွင်းပေးဖို့
    ကြိုးစားရပါမယ်။
  • 6:07 - 6:10
    သိပ္ပံပညာရှင်တွေက အဲဒါကို အခြေခံ
    အမှန်တရားလို့ ခေါ်ကြတယ်၊
  • 6:10 - 6:12
    ဒီမှာ အရေးကြီးတဲ့ အချက်က-
  • 6:12 - 6:13
    ဒီလို စက်တွေကို ထုတ်လုပ်ရာတွင်
  • 6:13 - 6:16
    ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ တန်ဖိုးတွေရဲ့
    အနှစ်သာရကို သင်ပေးရမယ်။
  • 6:17 - 6:20
    အဲဒီနောက်မှာတော့၊ ကျွန်တော်ဟာ
    အသိဉာဏ်အတုကို ကောင်းမွန်စွာ
  • 6:20 - 6:23
    သင်တန်းပေးထားတဲ့ လူသားနည်းတူ၊ ပိုတောင်
    ပုပြီး ယုံကြည်မှာပါ။
  • 6:24 - 6:25
    ဒါပေမဲ့၊ ကောက်ကျစ်တဲ့
  • 6:25 - 6:28
    ဆိုးဝါးတဲ့ အေဂျင့်တွေ၊
  • 6:28 - 6:31
    ငွေကြေး အများအပြားရကြတဲ့ အစိုးရ
    မဟုတ်တဲ့ အဖွဲ့အစည်းတွေ ကျတော့ကော။
  • 6:31 - 6:35
    လူဆိုး တစ်ယောက်ရဲ့ လက်ထဲက
    အသိဉာဏ်အတုကို ကျွန်တော် မကြောက်ပါ။
  • 6:35 - 6:40
    ကျွန်ုပ်တို့ဟာ အမှတ်တမဲ့ ဖြစ်လာနိုင်တဲ့
    အကြမ်းဖက်မှုများမှ ကာကွယ် မရနိုင်ပေမဲ့၊
  • 6:40 - 6:42
    တကယ်ကျတော့ အဲဒီလို စနစ်ပေါ်လာဖို့
  • 6:42 - 6:45
    အတော့်ကို စနစ်တကျ လေ့ကျင့် သင်တန်း
    ပေးရန်လိုအပ်တာမို့လို့၊
  • 6:45 - 6:47
    လူပုဂ္ဂိုလ် တစ်ဦးဦးအနေနဲ့
    တတ်နိုင်ရန် မလွယ်ပါ။
  • 6:47 - 6:49
    ဒီထက်ပိုပြီး၊
  • 6:49 - 6:52
    အဲဒါဟာ ဗိုင်းရပ်စ်ကို ခလုတ် တစ်ချက်
    နှိပ်ရုံနဲ့ တစ်ကမ္ဘာလုံးမှာ
  • 6:52 - 6:55
    ပျံ့နှံ့သွားစေလျက် နေရာတိုင်းရှိ
    လက်တော့ သန်းချီ ပေါက်ကွဲစေရန်
  • 6:55 - 6:57
    ကူးစက်နိုင်စေတာမျိုးနဲ့ လုံးဝမတူပါ။
  • 6:57 - 7:00
    အခုပြောနေတဲ့ အရာတွေဟာ များစွာမှ
    ပိုပြီး ကြီးမားကြမှာပါ၊
  • 7:00 - 7:02
    လာကြတာကို ကျွန်ုပ်တို့ မြင်ကြရမယ်။
  • 7:03 - 7:06
    အဲဒီလို အသိဉာဏ် အတုက လူသား တစ်ရပ်လုံးအား
  • 7:06 - 7:08
    ခြိမ်းခြောက်မှာကို ကျွန်တော်
    ကြောက်ပါသလား။
  • 7:08 - 7:13
    ခင်ဗျားတို့ဟာ "The Matrix"၊ "Metropolis"၊
    "The Terminator"၊
  • 7:13 - 7:16
    ရုပ်ရှင်တွေနဲ့ "Westworld"လို ရှိုးတွေကို
    ကြည့်ကြည့်ပါက၊
  • 7:16 - 7:18
    ၎င်းတို့ထဲမှာ ခုန ကြောက်စိတ်
    အကြောင်းပါတယ်။
  • 7:18 - 7:22
    ဒဿနိက ပညာရှင် Nick Bostrom ရဲ့
    "Superintelligence" စာအုပ်ထဲတွင်
  • 7:22 - 7:24
    အဲဒီအကြောင်းကို တင်ပြထားပြီး
  • 7:24 - 7:28
    ဆူပါအသိဉာဏ်ဟာ အန္တရာယ်များရုံသာမက
  • 7:28 - 7:32
    လူသားတို့အတွက် တကယ့်ခြိမ်းခြောက်မှု
    ဖြစ်လာမယ်လို့ ဆိုထားပါတယ်။
  • 7:32 - 7:34
    Dr. Bostrom ရဲ့ အဓိက ဆင်ခြေက
  • 7:34 - 7:37
    အဲဒီလို စနစ်တွေဟာ အချက်အလက်တွေကို
  • 7:37 - 7:40
    တိုးတိုး ရယူချင်ကြမှာ မို့လို့ ၎င်းတို့ဟာ
  • 7:40 - 7:43
    ဘယ်လို သင်ယူနိုင်သလဲဆိုတာကို
    သင်ယူနိုင်ကြပြီး
  • 7:43 - 7:46
    အဆုံးမှာ သူတို့ဆီမှာ ပေါ်ပေါက်လာကြမယ့်
    ပန်းတိုင်များဟာ
  • 7:46 - 7:48
    လူသားရဲ့ လိုအပ်ချက်များနဲ့
    ဆန့်ကျင်ဘက် ဖြစ်လာမယ်။
  • 7:48 - 7:50
    Dr. Bostrom ကို ထောက်ခံသူ များပါတယ်။
  • 7:50 - 7:54
    သူ့ကို Elon Musk နှင့် Stephen Hawking လို
    ပုဂ္ဂိုလ်တွေ ထောက်ခံကြတယ်။
  • 7:55 - 7:57
    အဲဒီမဟာပုဂ္ဂိုလ်ကြီးတွေရဲ့ အမြော်အမြင်ကို
  • 7:58 - 8:00
    ထိုက်တန်စွာ လေးစားပေမဲ့၊
  • 8:00 - 8:02
    အခြေခံအရ သူတို့ မှားနေတယ်လို့
    ကျွန်တော် ထင်တယ်။
  • 8:02 - 8:06
    Dr. Bostrom ရဲ့ အဆိုကို အသေးစိတ်
    ဆင်ခြေပေးရန် အချိန် အများကြီး
  • 8:06 - 8:08
    လိုမှာမို့လို့ တိုတိုနဲ့ ပြောရရင်
  • 8:08 - 8:11
    ဒီလို စဉ်းစားကြည့်စေလိုပါတယ်-
  • 8:11 - 8:14
    ဆူပါ အသိဉာဏ်ဟာ ဆူပါ လုပ်ကိုင်မှုနဲ့
    လုံးဝမတူ တခြားစီးပါ။
  • 8:14 - 8:17
    HAL ဟာ Discovery တဖွဲ့လုံးအတွက်
    ခြိမ်းခြောက်မှုပါ
  • 8:17 - 8:21
    Discovery ရဲ့ မျက်နှာစာအားလုံးကို HAL က
    အမိန့်ပေးနေသရွေ့ မှန်ခဲ့တယ်။
  • 8:21 - 8:23
    အဲဒါကြောင့်မို့လို့ ၎င်းဟာ ဆူပါဦးနှောက်
    ဖြစ်ခဲ့တာပါ။
  • 8:23 - 8:26
    ကျွန်ုပ်တို့ ကမ္ဘာကြီးထဲ အားလုံး
    ချုပ်ကိုင်ခဲ့မှာ။
  • 8:26 - 8:29
    တဖန် "The Terminator" ထဲက
    Skynet ဆိုတဲ့ထဲမှာလည်း
  • 8:29 - 8:30
    ဆူပါဦးနှောက် ရှိနေခဲ့ပြီး လူတွေရဲ့
  • 8:30 - 8:32
    စိတ်ဆန္ဒကို အမိန့်ခဲ့တယ်၊
  • 8:32 - 8:36
    ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာပဲ ရှိရှိ
    ကိရိယာတိုင်းကို ၎င်းက ညွှန်ကြားခဲ့တယ်။
  • 8:36 - 8:37
    လက်တွေ့တွင်
  • 8:37 - 8:39
    ဒါတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။
  • 8:39 - 8:42
    ကျွန်ုပ်တို့ဟာ ရာသီဥတုကို
    ထိန်းချုပ်ခဲ့မယ့်၊
  • 8:42 - 8:44
    ဒီရေတွေကို ညွှန်ကြားပေးမယ့်၊
  • 8:44 - 8:47
    ပြောင်းလွယ်ပြီး ပရမ်းပတာနိုင်တဲ့ လူတွေကို
    အမိန့်ပေးဖို့ ဆောက်နေတာ မဟုတ်။
  • 8:47 - 8:51
    အဲဒီအပြင်၊ အဲဒီလို ဆူပါဦးနှောက်တု
    ရှိခဲ့မယ်ဆိုရင်၊
  • 8:51 - 8:54
    ၎င်းဟာ လူသားရဲ့ စီးပွားရေးနဲ့
    ပြိုင်ဆိုင်ဖို့ လိုအပ်လာမယ်၊
  • 8:54 - 8:57
    ကျွန်ုပ်တို့နဲ့အတူ အရင်းအမြစ်များ
    အတွက် တိုက်ပွဲဝင်ရမယ်။
  • 8:57 - 8:58
    နောက်ဆုံးမှာတော့၊
  • 8:58 - 9:00
    အဲဒါ Siri ကို မပြောပါနဲ့-
  • 9:00 - 9:03
    ကျွန်ုပ်တို့ အချိန်မရွေး ပိတ်ပစ်နိုင်တယ်။
  • 9:03 - 9:04
    (ရယ်မောသံများ)
  • 9:05 - 9:07
    ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ စက်တွေနဲ့
    အတူ
  • 9:07 - 9:10
    ပူးတွဲလျက် ဆင့်ကဲ ပြောင်းလဲရေး
    အံ့ဖွယ် ခရီးကို နှင်နေကြတယ်။
  • 9:10 - 9:13
    ဒီနေ့ ကျွန်ုပ်တို့ လူသားတွေဟာ
  • 9:13 - 9:15
    လာမယ့် နောင်လူသားတွေ မဟုတ်ပါ။
  • 9:15 - 9:19
    ဒီအချိန်မှာ ဆူပါဦးနှောက်တု ပေါ်ပေါက်
    လာမှာကို စိုးရိမ်နေခြင်းဟာ
  • 9:19 - 9:22
    အန္တရာယ်များတဲ့ အာရုံလွှဲပြောင်းမှု
    ဖြစ်တယ်လို့ ဆိုချင်တယ်၊
  • 9:22 - 9:24
    ကွန်ပျူးတင်းတွေ ပေါ်ပေါက်လာခဲ့ကြလို့
  • 9:24 - 9:27
    လူသားနဲ့ လူမှုရေး ပြဿနာတွေ
    တပုံကြီး ပေါ်လာခဲ့ကြရာ
  • 9:27 - 9:29
    အဲဒါတွေကို ကျွန်ုပ်တို့
    ဂရုစိုက်ဖို့လိုတယ်။
  • 9:29 - 9:32
    လူသားရဲ့ လုပ်အား လိုအပ်ချက်
    နည်းလာတဲ့ အခါမှာ
  • 9:32 - 9:35
    ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းကို
    ဘယ်လို စည်းရုံးကြမလဲ။
  • 9:35 - 9:38
    ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ မတူ
    ကွဲပြားမှုတွေကို လေးစားရင်း
  • 9:38 - 9:40
    နားလည်မှုရှိရန် ပညာသင်နိုင်ရန်
    ဘယ်လို လုပ်ကြမလဲ။
  • 9:40 - 9:44
    သိမှတ်မှု ကျန်းမာရေး စနစ်ဖြင့်
    ကျွန်ုပ်တို့ လူ့ဘဝကို ဘယ်လို မြှင့်တင်မလဲ။
  • 9:44 - 9:47
    ကွန်ပျူတာသုံးပြီး ကျွန်ုပ်တို့
    ကြယ်တွေဆီ
  • 9:47 - 9:49
    သွားနိုင်အောင် ဘယ်လို လုပ်ကိုင်ကြမလဲ။
  • 9:50 - 9:52
    အဲဒါတွေကမှ စိတ်လှုပ်ရှားစရာတွေပါ။
  • 9:52 - 9:55
    လူသားတွေရဲ့ ဘဝကို မြှင့်တင်ပေးနိုင်မယ့်
  • 9:55 - 9:56
    ကွန်ပျူတာတွေရဲ့ အလားအလာတွေကို
  • 9:56 - 9:58
    ကျွန်ုပ်တို့ လက်လှမ်းမှီတယ်၊
  • 9:58 - 10:00
    ဟိုမှာ ဒီမှာ ပြည့်နေကြတယ်၊
  • 10:00 - 10:02
    ပြီးတော့ ကျွန်ုပ်တို့ စရုံပဲ
    ရှိသေးတယ်။
  • 10:02 - 10:03
    အထူး ကျေးဇူးတင်ပါတယ်။
  • 10:04 - 10:08
    (လက်ခုပ်တီးသံများ)
Title:
ဆူပါထက်တော်မယ့် AI တွေကို မကြောက်ကြပါနဲ့
Speaker:
Grady Booch
Description:

နည်းပညာသစ်တွေဟာ စိုးရိမ်စရာ အသစ်တွေ ဖြစ်နိုင်ကြတာ မှန်ပေမဲ့၊ ဘာမဆို လုပ်နိုင်စွမ်း ရှိကြပြီး ခံစားမှုမရှိကြတဲ့ AI တွေကို ကြောက်စရာ မလိုပါဘူးလို့ သိပ္ပံပညာရှင် နဲ့ ဒဿနိက ပညာရှင်ဖြစ်သူ Grady Booch က ဆိုပါတယ်။ Booch ဟာ သိပ္ပံဝတ္ထုများမှ ထွက်ပေါ်လာခဲ့ကြတာ ဖြစ်တဲ့ ဆူပါတော်တဲ့ AI တွေဆိုင်ရာ အဆိုးဝါးဆုံး စိုးရိမ်စတ်မှုတွေကို ဖယ်ရှားပစ်ရန်အတွက် AI ကို ကျွန်ုပ်တို့ တန်ဖိုးထားတာတွေကို မျှဝေခံစားရန် ဘယ်လို သင်ကြားပေးမှာကို ရှင်းပြထားပါတယ်။ အလားအလာ နည်းလှတဲ့ ခြိမ်းခြောက်မှုတွေ အကြောင်းကို စိုးရိမ်ကြမယ့် အစား၊ ကျွန်ုပ်တို့ဟာ လူသားတွေရဲ့ ဘဝကို AI ဘယ်လို မြှင့်တင်ပေးနိုင်ကြတာကို ထည့်စဉ်းစားသင့်တယ်လို့ ၎င်းက ယူဆပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
10:20

Burmese subtitles

Revisions