Return to Video

Vermeer ရဲ့ ပုလဲနားကပ်နဲ့ ကောင်မလေး "Girl with the Pearl Earring" ကို ဘာကြောင့် အပြောင်မြောက်ဆုံး လက်ရာအဖြစ် အဖြစ် ခံယူကြတာလဲ - James Earle

  • 0:07 - 0:10
    သူမမျက်နှာဟာ သင့်ဆီကို ဒါမှမဟုတ်
    သင်ဆီကနေ လှည့်နေတာလား။
  • 0:10 - 0:12
    တစ်ယောက်မှ သဘောမညီနိုင်ပါဘူး။
  • 0:12 - 0:15
    သူမဟာ ဒတ်ချ် ပန်းချီဆရာ Johannes Vermeer
    ရဲ့ "ပုလဲနားကပ်နဲ့ ကောင်မလေး"
  • 0:15 - 0:17
    ပန်းချီကားထဲက
    အသိရခက်တဲ့ ဇာတ်ကောင်ပါ။
  • 0:17 - 0:22
    မြောက်ပိုင်းရဲ့ မိုနာလီဇာလို့ မကြာခဏ
    ရည်ညွှန်းလေ့ရှိတဲ့ ပန်းချီကားပါ။
  • 0:22 - 0:27
    စံထားတဲ့ ဒတ်ချ်ဟန်နဲ့ဆိုင်တဲ့ တစ်ခါတစ်ရံ
    လွန်ကဲစွာ ဖော်ညွှန်းတဲ့ ပန်းချီကားတွေကို
  • 0:27 - 0:29
    tronies လို့ အသိများပါတယ်။
  • 0:29 - 0:31
    "ပုလဲနားကပ်နဲ့ ကောင်မလေးဟာ"
    Vermeer'လက်ရာရဲ့
  • 0:31 - 0:35
    ညှို့ဓာတ်နဲ့ သိမ်မွေ့မှု
    လက္ခဏာရပ် ရှိပါတယ်။
  • 0:35 - 0:38
    ဒါပေမဲ့ ဒီပန်းချီကားက Vermeer ရဲ့
    ကား အများကြီးနေ ကျွန်တော်တို့
  • 0:38 - 0:42
    လေ့လာမိတဲ့ တိတ်ဆိတ်တဲ့ ဇာတ်ကြောင်းပြော
    မြင်ကွင်းတွေကနေ သီးခြားဖြစ်နေတယ်။
  • 0:42 - 0:43
    စာဖတ်နေတဲ့ ကောင်မလေး။
  • 0:43 - 0:45
    စန္ဒရားသင်ခန်းစာ။
  • 0:45 - 0:47
    အလုပ်ခန်းက ပန်ချီဆရာပုံတူ။
  • 0:47 - 0:51
    ဒီပန်းချီကားတွေက ခပ်ခွာခွာဖြစ်ပေမဲ့
    ရင်းနှီးမှုသဘောကို ပေးတယ်၊
  • 0:51 - 0:55
    ဆွဲချထားတဲ့ ကန့်လန့်ကာက မကြာခဏတော့
    ကွဲကွာခြင်းကို အသားပေးပါတယ်။
  • 0:55 - 0:58
    နို့ဇလုံထဲ အေးချမ်းစွာ နို့လောင်းချနေတဲ့
    နို့ညှစ်သမကို သက်သေခံနိုင်ပါတယ်။
  • 0:58 - 1:00
    ဒါပေမဲ့ နို့က ကျွန်တော်တို့အတွက် မဟုတ်ဘူး။
  • 1:00 - 1:02
    ကျွန်တော်တို့က ဘေးကကြည့်သူ သက်သက်ပါ။
  • 1:02 - 1:05
    Vermeer ပန်းချီကားတွေထဲက
    တမင်လုပ်ထားတဲ့ အထားအသိုဟာ
  • 1:05 - 1:07
    တည်ငြိမ်တဲ့ လိုက်ဖက်မှုကို တောင်းခံပါတယ်။
  • 1:07 - 1:10
    သူ့လက်ရာ အတော်များများက
    ကျားကွက်ပုံ ကြမ်းပြင်နဲ့အတူ
  • 1:10 - 1:14
    Vermeer ဟာ အမြင်ရေးနည်းနဲ့ မျက်နှာစာ အသား
    ပေးဆွဲခြင်းရဲ့ သူ့ကျွမ်းကျင်မှုကို ပြတယ်။
  • 1:14 - 1:16
    ဒါဟာ ဝတ္ထုကို အဝေးကို ဆုတ်ခြင်းရဲ့
  • 1:16 - 1:21
    လှည့်စားမှုကိုပေးဖို့ ပုံပျက်ခြင်းကို
    သုံးတဲ့ နည်းစနစ်ပါ။
  • 1:21 - 1:24
    အခြား အစိတ်အပိုင်းတွေ
    ဥပမာ အမြင်ပိုင်းမျဉ်းတွေ၊
  • 1:24 - 1:28
    မှန်တွေ၊ အလင်း လာရာတွေဟာ
    နေရာနဲ့ အနေအထားကနေ သရုပ်ဖော်တယ်။
  • 1:28 - 1:30
    ဖွင့်ထားတဲ့ ပြတင်းနားမှာ
    စာဖတ်နေတဲ့ အမျိုးသမီးကို
  • 1:30 - 1:35
    သူမရဲ့ပုံရိပ်ကြည့်ရှုသူဆီ ပြတင်းမှာ ပြန်
    ဟပ်အောင်တိတိကျကျ နေရာချထားတယ်။
  • 1:35 - 1:40
    Vermeer ဟာ အထားအသိုအတွက် ပန်းချီ ဒေါက်
    တိုင်ရဲ့ ခြေကိုတောင် ကွယ်ထားခဲ့လိမ့်မယ်။
  • 1:40 - 1:45
    ဒီအစိတ်အပိုင်းတွေ မရှိခြင်းက
    "ပုလဲနားကပ်နဲ့ ကောင်မလေး"ကို အသက်ဝင်စေတယ်။
  • 1:45 - 1:49
    Vermeer ရဲ့ အလင်းအမှောင် ရှုထောင့်က
    သုံးဖက်မြင်ကျမှုကို
  • 1:49 - 1:55
    ပိုပြီး မီးမောင်းထိုးဖို့
    အနက်ရောင် အပြား နောက်ခံသုံးထားတယ်။
  • 1:55 - 1:59
    ဇာတ်ဆန်တဲ့ ဇာတ်ကြောင်းပြော မြင်ကွင်း
    တစ်ခုမှာလို ထည့်သွင်းတာအစား
  • 1:59 - 2:02
    သူမဟာ စိတ်ပိုင်းဆိုင်ရာ
    ဇာတ်ကောင် ဖြစ်လာတယ်။
  • 2:02 - 2:06
    တစ်ခုခု ပြောမယ့်ဟန် သူမရဲ့ မျက်လုံးအကြည့်
    နဲ့ မပွင့်တပွင့် နှုတ်ခမ်းတွေဟာ
  • 2:06 - 2:09
    သူမရဲ့ ငေးမောမှုထဲ ခေါ်သွားတယ်။
  • 2:09 - 2:13
    ပုံတူရေးပညာရဲ့အစဉ်အလာ ဇာတ်ကောင်တွေဟာ မကြာ
    ခဏ မှူးမတ်နွယ်နဲ့ ဘာသာရေးဆိုင်ရာ ပုံတွေပါ။
  • 2:13 - 2:17
    ဒီတော့ ဘာလို့ Vermeer ပန်းချီကားက
    အမည်မသိ မိန်းကလေးဖြစ်ရတာလဲ။
  • 2:17 - 2:20
    ၁၇ ရာစု Delft မြို့တော်ဟာ
    ယေဘုယျအနေနဲ့ Netherlands လို
  • 2:20 - 2:25
    မင်းစိုးမျိုးနွယ်နဲ့ Catholic church
    အုပ်ချုပ်ခြင်းကို ကာပြန်ခဲ့တယ်။
  • 2:25 - 2:28
    စပိန် အာဏာကို ဆန့်ကျင်တဲ့
    ဆယ်စုနှစ် ရှစ်ခု သူပုန်ထအပြီးမှာ
  • 2:28 - 2:34
    ဒတ်တွေဟာ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့
    သမ္မတစနစ် စိတ်ကူးကို နှစ်သက်ခဲ့တယ်။
  • 2:34 - 2:38
    Delft လို မြို့တော်တွေဟာ ဘုရင်တွေ၊
    ဘုန်းတော်ကြီးတွေ မကြီးကြပ်ခဲ့တော့
  • 2:38 - 2:43
    Vermeer လို ပန်းချီပညာရှင်တွေဟာ
    အစဉ်အလာ ထောက်ပံ့သူမဲ့ပြီး ကျန်ခဲ့တယ်။
  • 2:43 - 2:45
    ကံကောင်းတော့ စီးပွားရေး ဆန်းသစ်မှုကို
  • 2:45 - 2:48
    ဒတ်ချ် အရှေ့အိန္ဒိယ ကုမ္ပဏီက ဦးဆောင်ကာ
    Netherlands က
  • 2:48 - 2:51
    စီးပွားရေး အနေအထားကို
    ပြောင်းလဲခဲ့တယ်။
  • 2:51 - 2:55
    ဒါက ကုန်သည် လူတန်းစားတစ်ရပ်နဲ့
    ထောက်ပံသူ အသစ် ဖန်တီးခဲ့တယ်။
  • 2:55 - 2:58
    သူတို့ ငွေးကြေးထောက်ပံ့တဲ့ ပန်ချီကားတွေ
    ထဲမှာ ကိုယ်စားပြုခံ
  • 2:58 - 3:01
    လိုချင်ခြင်းနဲ့ ဒီကုန်သည်တွေဟာ
    လူလတ်တန်းစား
  • 3:01 - 3:04
    ဇာတ်ကောင်တွေကို သူတို့အိမိလိုနေရာတွေမှာ
    မြင်နေကျ အရာဝတ္ထုတွေ
  • 3:04 - 3:06
    ဝန်းရံကာကို သရုပ်ဖော်တာ
    ပိုလိုလားခဲ့ကြတယ်။
  • 3:06 - 3:09
    ဥပမာ Vermeer ရဲ့ ပန်းချီကားတွေမှာ
    ပေါ်နေတဲ့ မြေပုံတွေဟာ
  • 3:09 - 3:11
    ဒတ်ခ် ရွှေခေတ်လို သိကြတဲ့ ကုန်သည်
  • 3:11 - 3:16
    လူတန်းစားတွေအနေနဲ့ ခေတ်ဆန်ပြီး
    လောကီဆန်တယ်လို့ ယူဆခဲ့ကြတယ်။
  • 3:16 - 3:19
    ပုလဲနားကပ်နဲ့ ကောင်မလေး ပေါင်းထားတဲ့
    အရှေ့တိုင်း ခေါင်းပေါင်းဟာ
  • 3:19 - 3:23
    ကုန်သည်လူတန်းစားရဲ့
    လောကီဆန်မှုကိုလည်း အသားပေးထားပြီး
  • 3:23 - 3:27
    ပုလဲ ကိုယ်၌ကတော့ ချမ်းသာမှုရဲ့
    သင်္ကေတ ချဲ့ကားခြင်းသက်သက်ပါ။
  • 3:27 - 3:32
    Vermeer ဟာ ဒီအရွယ် ပုလဲအစစ်
    မတတ်နိုင်လောက်ပါဘူး။
  • 3:32 - 3:37
    ဒါက ဖန် (သို့) သံဖြူတစ်လုံးကို ပုလဲနဲ့
    တူအောင် အရောင်တင်ထားတာ ဖြစ်နိုင်ပါတယ်။
  • 3:37 - 3:40
    ချမ်းသာမှုရဲ့ တံလျှပ်သဘောက
    ပန်းချီကား ကိုယ်၌မှာကို ထင်ဟပ်ပါတယ်။
  • 3:40 - 3:44
    ပိုကျယ်ပြန့်တဲ့ ဆက်စပ်မှုမှာ ပုလဲက
    လုံးဝန်းပြီး လေးပုံရပေမဲ့
  • 3:44 - 3:49
    အနုစိတ် အမြင်မှာကျတော့ ဒါက
    လွင့်နေတဲ့ ဆေးထင်းရာတစ်ခုပါပဲ။
  • 3:49 - 3:55
    အနီးကပ် စစ်ဆေးကြည့်ရင် စိတ်လှည့်စားမှု
    ဖန်တီးသူ Vermeer ရဲ့ အစွမ်းကို သတိရစေတယ်။
  • 3:55 - 3:58
    "ပုလဲနားကပ်နဲ့ ကောင်မလေး" ရဲ့ ပင်ကိုယ်
    အစစ်ကို ဘယ်လိုမှ မသိနိုင်လောက်ပေမဲ့
  • 3:58 - 4:02
    မမေ့နိုင်တဲ့ နည်းလမ်းတစ်ခုမှာ သူမရဲ့
    ပုံတူနဲ့ ကျွန်တော်တို့ အပ်မိနိုင်ပါတယ်။
  • 4:02 - 4:06
    The Hague က Mauritshuis ပြတိုက် မှာ သူမရဲ့
    အမြဲတမ်းနေရာတစ်ခုမှာ ချိတ်ထားတာကြောင့်
  • 4:06 - 4:10
    သူမရဲ့ တည်ရှိမှုဟာ တစ်ပြိုင်နက်
    စူးရှပြီး သိမ်မွေ့ပါတယ်။
  • 4:10 - 4:15
    ပဟေဠိဆန်တဲ့ဟန်မှာ သူမဟာ စီးပွားရေး၊
    နိုင်ငံရေးနဲ့ အချစ်အကြောင်း ခေတ်သစ်
  • 4:15 - 4:18
    ရှုထောင့်တစ်ခု မွေးဖွားခြင်းကို
    ကိုယ်စားပြုပါတယ်။
Title:
Vermeer ရဲ့ ပုလဲနားကပ်နဲ့ ကောင်မလေး "Girl with the Pearl Earring" ကို ဘာကြောင့် အပြောင်မြောက်ဆုံး လက်ရာအဖြစ် အဖြစ် ခံယူကြတာလဲ - James Earle
Description:

သင်ခန်းစာ အပြည့်အစုံကို http://ed.ted.com/lessons/why-is-vermeer-s-girl-with-the-pearl-earring-considered-a-masterpiece-james-earle တွင်ကြည့်ရှုပါ။
သူမ မျက်နှာမူနေတာ သင့်ဆီကိုလား၊ ဒါမှမဟုတ် သင်ဆီကနေလား။ တစ်ယောက်မှ သဘောမညီနိုင်ပါဘူး။ သူမဟာ ဒတ်ချ်လူမျိုး ပန်းချီဆရာကြီး Johannes Vermeer ရဲ့ ပုလဲနားကပ်နဲ့ ကောင်မလေး "Girl with the Pearl Earring" ပန်းချီကားရဲ့ ဇာတ်ကောင်ပါ။ မြောက်ပိုင်းရဲ့ မိုနာလီဇာလို့ မကြာခဏ ရည်ညွှန်းလေ့ရှိတဲ့ ပန်းချီကားချပ်ပါ။ ဒါပေမဲ့ ဘယ်အရာက ဒီပန်းချီကားကို ဒီလောက်ကြီး ဆွဲဆောင်နေစေလဲ။ James Earle ကနေပြီး ဒီလက်ရာက စီးပွားရေး၊ နိုင်ငံရေးနဲ့ အချစ်အကြောင်း ခေတ်သစ် ရှုထောင့်တစ်ခု မွေးဖွားခြင်းကို ဘယ်လို ကိုယ်စားပြုတယ်ဆိုတာကို ရှင်းပြထားပါတယ်။
သင်ခန်းစာကို James Earle ကပြုစုပြီး လှုပ်ရှားရုပ်ပုံများကို Tess Martin က ဖန်တီးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:34

Burmese subtitles

Revisions