Return to Video

အယ်လ်ဇိုင်းမား ရောဂါဆိုတာ ဘာလဲ - Ivan Seah Yu Jun

  • 0:07 - 0:08
    လေးစက္ကန့်တိုင်းမှာ
  • 0:08 - 0:10
    တစ်စုံတစ်ယောက်ထံမှာ
  • 0:10 - 0:12
    အယ်လ်ဇိုင်းမား ရောဂါရှိတာ တွေ့ရှိရတယ်။
  • 0:12 - 0:14
    ကမ္ဘာတစ်လွှားမှာ လူ သန်း ၄၀ ကျော်ကို
  • 0:14 - 0:17
    ဒုက္ခပေးနေတဲ့ စိတ်ဖေါက်ပြန်မှုရဲ့
    အဖြစ်အများဆုံး အကြောင်းရင်း
  • 0:17 - 0:19
    တစ်ခုဆိုပေမဲ့ ကုမှုတစ်ခု
    ရှာဖွေခြင်းကတော့ ယနေ့
  • 0:19 - 0:22
    သုတေသီတွေအတွက်
    လိုက်လေဝေးလေဖြစ်သေးတဲ့ အရာတစ်ခုပါ။
  • 0:22 - 0:25
    ဂျာမန် စိတ်ကုပညာရှင်
    Dr. Alois Alzheimer က ၁၉၀၁ မှာ
  • 0:25 - 0:28
    ရောဂါလက္ခဏာတွေကို ပထမဆုံး ဖော်ပြခဲ့တယ်။
  • 0:28 - 0:30
    ဆေးရုံ လူနာတစ်ဦးမှာ အိပ်မရခြင်း၊
  • 0:30 - 0:32
    စိတ်ဝေဒနာရှိတဲ့ မှတ်ဉာဏ်၊ စိုးရိမ်ရတဲ့
  • 0:32 - 0:34
    စိတ် အပြောင်းအလဲတွေနဲ့
  • 0:34 - 0:37
    တိုးလာနေတဲ့ စိတ်ရှုပ်ထွေးမှု အပါအဝင်
    ခပ်ဆန်းဆန်း ပြဿနာတွေ
  • 0:37 - 0:40
    ရှိနေတာကို
    သူ သတိထားမိစဉ်ကပါ။
  • 0:40 - 0:42
    လူနာ ကွယ်လွန်သွားတဲ့အခါ
  • 0:42 - 0:44
    Alzheimer ဟာ အလောင်းခွဲစိတ်မှု လုပ်ကာ
  • 0:44 - 0:46
    လူနာရဲ့ လက္ခဏာတွေဟာ ဦးနှောက်တည်ဆောက်မှုထဲက
  • 0:46 - 0:48
    မူမမှန်မှုတွေကြောင့် ဖြစ်နိုင်တယ်ဆိုတဲ့
  • 0:48 - 0:50
    သူ့အယူအဆကို စမ်းသပ်နိုင်ခဲ့တယ်။
  • 0:50 - 0:52
    အဏုကြည့်မှန်ပြောင်းအောက်မှာ
    သူတွေ့ရတာတွေက
  • 0:52 - 0:55
    ပလိပ်လို့ ခေါ်တဲ့ ခေါက်ရိုးလွဲနေတဲ့
    ပရိုတိန်းတွေနဲ့
  • 0:55 - 0:57
    အာရုံကြောမျှင် အထွေးတွေရဲ့ပုံစံတွေရှိတဲ့
  • 0:57 - 0:58
    ဦးနှောက် တစ်ရှူးအတွင်းက
  • 0:58 - 1:01
    မြင်နိုင်တဲ့ ခြားနားမှုတွေပါ။
  • 1:01 - 1:03
    ဒီ ပလိပ်တွေနဲ့ အထွေးတွေဟာ ဦးနှောက်ရဲ့
  • 1:03 - 1:05
    တည်ဆောက်မှုကို ဖျက်ဆီးဖို့
    အတူတူ လုပ်ဆောင်တယ်။
  • 1:05 - 1:07
    အာရုံကြော ဆဲလ်တွေကို ဝန်းရံနေတဲ့
  • 1:07 - 1:10
    အဆီအလွှာပါးထဲက အခြား ပရိုတိန်းတစ်ခုဟာ
  • 1:10 - 1:12
    အင်ဇိုင်းတစ်ခုခုရဲ့ အလွှာခံရတဲ့အခါ
    ပလိပ်တွေ ပေါ်လာတယ်။
  • 1:12 - 1:15
    ဒါက ဘီတာ အမ်မိလွိုက်
    ပရိုတိန်းတွေ ဖြစ်စေတယ်။
  • 1:15 - 1:17
    ဒါတွေက စေးကပ်ပြီး စုဖွဲ့တတ်တဲ့
  • 1:17 - 1:18
    သဘောရှိတယ်။
  • 1:18 - 1:20
    စုခဲခြင်းက ပလိပ်တွေလို့ သိကြတဲ့
  • 1:20 - 1:23
    အရာတွေကို ဖွဲ့စည်းတာပါ။
  • 1:23 - 1:24
    ဒီစုခဲမှုတွေက အချက်ပြမှုကို
  • 1:24 - 1:26
    တားဆီးတာကြောင့် မသန်စွမ်းတဲ့
  • 1:26 - 1:28
    အာရုံကြော ဆဲလ်တွေ
    ပျက်စီးမှုကို ဖြစ်စေတဲ့
  • 1:28 - 1:31
    ကိုယ်ခံအား တုံ့ပြန်မှုတွေကို
    အစပျိုးပေးတယ် ထင်ရတဲ့
  • 1:31 - 1:33
    ဆဲလ်တွေကြားက ဆက်သွယ်ရေးရောပါ။
  • 1:33 - 1:36
    အယ်လ်ဇိုင်းမား ရောဂါမှာ
    အာရုံကြောအမျှင် အထွေးတွေကို
  • 1:36 - 1:39
    tau လို့ သိကြတဲ့ ပရိုတိန်းတစ်ခုကနေ
    တည်ဆောက်တယ်။
  • 1:39 - 1:42
    ဦးနှောက် အာရုံကြော ဆဲလ်တွေမှာ
    အခြားအရာတွေအနက် အစာ မော်လီကျူး
  • 1:42 - 1:44
    တွေအတွက် အမြန်လမ်းလို လုပ်ဆောင်တဲ့
  • 1:44 - 1:45
    ပြွန်ကွန်ရက်တစ်ခု ပါဝင်တယ်။
  • 1:45 - 1:48
    ထုံးစံကတော့ tau ပရိုတိန်းက မော်လီကျူးတွေ
  • 1:48 - 1:50
    လွတ်လပ်စွာ ဖြတ်သန်းခွင့်ပေးတဲ့
  • 1:50 - 1:52
    ဒီပြွန်တွေ ဖြောင့်တန်းအောင် လုပ်ပေးတာပါ။
  • 1:52 - 1:54
    ဒါပေမဲ့ အယ်လ်ဇိုင်းမား ရောဂါမှာတော့
  • 1:54 - 1:57
    ပရိုတိန်းက လိမ်နေတဲ့ အမျှင်တွေ (သို့)
    အထွေးတွေအဖြစ် ပြိုကွဲတယ်။
  • 1:57 - 1:59
    ပြွန်တွေကို တစ်စစီဖြစ်စေကာ
  • 1:59 - 2:01
    အာဟာရဓာတ်တွေကို အာရုံကြော
    ဆဲလ်ဆီ ရောက်ခြင်းကနေ
  • 2:01 - 2:04
    တားဆီးပြီး ဆဲလ်ကို သေစေတာပါ။
  • 2:04 - 2:06
    ပလိပ်တွေနဲ့ အထွေးတွေရဲ့
    ဖျက်ဆီးတတ်တဲ့ တွဲဖက်မှုက
  • 2:06 - 2:09
    မှတ်ဉာဏ်တွေ ဖွဲ့စည်းရာမှာ တာဝန်ရှိတဲ့
  • 2:09 - 2:11
    hippocampus လို့ခေါ်တဲ့ နေရာမှာ စတင်တယ်။
  • 2:11 - 2:13
    ဒါကြောင့် ရေတိုမှတ်ဉာဏ် ပျောက်မှုက
  • 2:13 - 2:16
    အယ်လ်ဇိုင်းမားရဲ့ ပထမဆုံး လက္ခဏာ
    အမြဲ ဖြစ်တာပါ။
  • 2:16 - 2:17
    ဒီနောက် ပရိုတိန်းတွေက ဦးနှောက် အခြား
  • 2:17 - 2:19
    အပိုင်းတွေကို တရွေ့ရွေ့ ဝင်ရောက်ကာ
  • 2:19 - 2:21
    ဒီရောဂါရဲ့ အဆင့်မျိုးစုံကို အချက်ပြတဲ့
  • 2:21 - 2:23
    ထူးခြားတဲ့ ပြောင်းလဲမှုတွေကို ဖန်တီးတယ်။
  • 2:23 - 2:25
    ဦးနှောက်ရဲ့ အရှေ့ဘက်မှာ
  • 2:25 - 2:28
    ပရိုတိန်းက ယုတ္တိတန်တဲ့ အတွေးတွေ
    ထုတ်ပေးနိုင်စွမ်းကို ဖျက်ဆီးတယ်။
  • 2:28 - 2:31
    နောက် ၎င်းတို့ဟာ စိတ်ခံစားမှုတွေကို
    ထိန်းချုပ်တဲ့ နေရာဆီ ပြောင်းကာ
  • 2:31 - 2:34
    တစ်သတ်မှတည်းမဟုတ်တဲ့ စိတ်
    အပြောင်းအလဲတွေဖြစ်စေတယ်။
  • 2:34 - 2:35
    ဦးနှောက်ရဲ့ ထိပ်ပိုင်းမှာ
  • 2:35 - 2:37
    ဒါတွေက သံသယလွန်ကဲမှု၊
    စိတ်ချောက်ချားမှု ဖြစ်စေပြီး
  • 2:37 - 2:39
    ဦးနှောက်ရဲ့ အနောက်ဘက်ကို
    ရောက်တာနဲ့
  • 2:39 - 2:41
    ပလိပ်တွေနဲ့ အထွေးတွေက
    ဦးနှောက်ရဲ့
  • 2:41 - 2:44
    အတွင်းကျဆုံး မှတ်ဉာဏ်တွေကို
    ဖျက်ဖို့ အတူ လုပ်တယ်။
  • 2:44 - 2:45
    နောက်ဆုံး နှလုံးခုန်နှုန်းနဲ့
  • 2:45 - 2:48
    အသက်ရှူတာ စိုးမိုးတဲ့ ထိန်းချုပ်မှု
    ဗဟိုတွေပါ အရေးနိမ့်ကာ
  • 2:48 - 2:50
    သေဆုံးမှု ဖြစ်စေတယ်။
  • 2:50 - 2:52
    ဒီရောဂါရဲ့ ဧရာမ ဖျက်ဆီးတတ်တဲ့ သဘာဝက
  • 2:52 - 2:55
    ကုသမှုတစ်ခု ရှာဖွေဖို့ သုတေသီများစွာကို
    စေ့ဆော်ပေးခဲ့ပေမဲ့
  • 2:55 - 2:59
    လေလောဆယ်တော့ ၎င်းရဲ့ တိုးလာမှုကို
    နှေးအောင်လုပ်ရာမှာ အာရုံစိုက်တာပါ။
  • 2:59 - 3:00
    ယာယီ ကုသမှုတစ်ခုက
  • 3:00 - 3:03
    ၎င်းကို ဖန်တီးတဲ့ အာရုံကြော
    ဆဲလ်တွေ သေဆုံးမှုကြောင့်
  • 3:03 - 3:05
    အယ်လ်ဇိုင်းမား ဝေဒနာရှင်တွေမှာ
    လျော့ပါးလာတဲ့
  • 3:05 - 3:08
    ဦးနှောက်ထဲက အရေးပါတဲ့ ဓာတု သတင်းပေးသူ
  • 3:08 - 3:11
    acetylcholine ပြိုကွဲမှုကို
    လျှော့ချရာမှာ ကူညီတယ်။
  • 3:11 - 3:13
    အခြားဖြစ်နိုင်တဲ့ ဖြေရှင်းနည်းတစ်ခုက
  • 3:13 - 3:16
    ဘီတာ အမ်မီလွှိုက် ပလိပ်တွေ
    စုခဲမသွားခင် ဒါတွေကို
  • 3:16 - 3:19
    တိုက်ခိုက်ဖို့ ခန္ဓာကိုယ် ခုခံမှုစနစ်ကို
    လေ့ကျင့်ပေးတဲ့ ကာကွယ်ဆေးပါ။
  • 3:19 - 3:22
    ဒါပေမဲ့ ကုသမှု အစစ်တစ်ခု ရှာဖွေဖို့
    လိုအပ်တုန်းပါ။
  • 3:22 - 3:24
    အယ်လ်ဇိုင်းမား ရောဂါကို လွန်ခဲ့တဲ့
  • 3:24 - 3:25
    ရာစုတစ်ခုကျော်က တွေ့ရှိခဲ့ပေမဲ့
  • 3:25 - 3:28
    ကောင်းကောင်း နားမလည်နိုင်သေးပါဘူး။
  • 3:28 - 3:30
    ဖြစ်နိုင်တာက တစ်နေ့မှာတော့
  • 3:30 - 3:33
    ဒီခြိမ်းခြောက်မှုနောက်ကွယ်က
    တိကျတဲ့ ယန္တရား လုပ်ကိုင်ပုံကို
  • 3:33 - 3:35
    ဖမ်းဆုပ်ပြီး အဖြေတစ်ခုကို
    ဖော်ထုတ်နိုင်လာမှာပါ။
Title:
အယ်လ်ဇိုင်းမား ရောဂါဆိုတာ ဘာလဲ - Ivan Seah Yu Jun
Description:

သင်ခန်းစာ အပြည့်အစုံကို http://ed.ted.com/lessons/what-is-alzheimer-s-disease-ivan-seah-yu-jun တွင် ကြည့်ရှုပါ။


အယ်လ်ဇိုင်းမား ရောဂါဟာ ကမ္ဘာတစ်လွှားမှာ လူပေါင်း သန်း ၄၀ ကျော်ကို ဒုက္ခပေးနေတဲ့ ရောဂါကြောင့် စိတ်ဖေါက်ပြန်မှုရဲ့ အဖြစ်အများဆုံး အကြောင်းရင်း တစ်ခုပါ။ လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုက ရှာဖွေတွေ့ရှိခဲ့ပေမဲ့ သိပ္ပံပညာရှင်တွေဟာ ကုသနိုင်ဖို့အတွက်တော့ နပန်းလုံးနေရဆဲပါ။ Ivan Seah Yu Jun ကနေပြီး ဒီရှုပ်ထွေးတဲ့၊ ဖျက်ဆီးတတ်တဲ့ ရောဂါရဲ့ အဆင့်အမျိုးမျိုးကို ရှင်းလင်းပြရင်း အယ်လ်ဇိုင်းမား ရောဂါက ဦးနှောက်ကို ထိခိုက်စေပုံကို သရုပ်ဖော်ထားပါတယ်။

သင်ခန်းစာကို Ivan Seah Yu Jun က ပြုစုပြီး လှုပ်ရှားမှု ပုံရိပ်များကို STK Films က ဖန်တီးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
03:50

Burmese subtitles

Revisions