အယ်လ်ဇိုင်းမား ရောဂါဆိုတာ ဘာလဲ - Ivan Seah Yu Jun
-
0:07 - 0:08လေးစက္ကန့်တိုင်းမှာ
-
0:08 - 0:10တစ်စုံတစ်ယောက်ထံမှာ
-
0:10 - 0:12အယ်လ်ဇိုင်းမား ရောဂါရှိတာ တွေ့ရှိရတယ်။
-
0:12 - 0:14ကမ္ဘာတစ်လွှားမှာ လူ သန်း ၄၀ ကျော်ကို
-
0:14 - 0:17ဒုက္ခပေးနေတဲ့ စိတ်ဖေါက်ပြန်မှုရဲ့
အဖြစ်အများဆုံး အကြောင်းရင်း -
0:17 - 0:19တစ်ခုဆိုပေမဲ့ ကုမှုတစ်ခု
ရှာဖွေခြင်းကတော့ ယနေ့ -
0:19 - 0:22သုတေသီတွေအတွက်
လိုက်လေဝေးလေဖြစ်သေးတဲ့ အရာတစ်ခုပါ။ -
0:22 - 0:25ဂျာမန် စိတ်ကုပညာရှင်
Dr. Alois Alzheimer က ၁၉၀၁ မှာ -
0:25 - 0:28ရောဂါလက္ခဏာတွေကို ပထမဆုံး ဖော်ပြခဲ့တယ်။
-
0:28 - 0:30ဆေးရုံ လူနာတစ်ဦးမှာ အိပ်မရခြင်း၊
-
0:30 - 0:32စိတ်ဝေဒနာရှိတဲ့ မှတ်ဉာဏ်၊ စိုးရိမ်ရတဲ့
-
0:32 - 0:34စိတ် အပြောင်းအလဲတွေနဲ့
-
0:34 - 0:37တိုးလာနေတဲ့ စိတ်ရှုပ်ထွေးမှု အပါအဝင်
ခပ်ဆန်းဆန်း ပြဿနာတွေ -
0:37 - 0:40ရှိနေတာကို
သူ သတိထားမိစဉ်ကပါ။ -
0:40 - 0:42လူနာ ကွယ်လွန်သွားတဲ့အခါ
-
0:42 - 0:44Alzheimer ဟာ အလောင်းခွဲစိတ်မှု လုပ်ကာ
-
0:44 - 0:46လူနာရဲ့ လက္ခဏာတွေဟာ ဦးနှောက်တည်ဆောက်မှုထဲက
-
0:46 - 0:48မူမမှန်မှုတွေကြောင့် ဖြစ်နိုင်တယ်ဆိုတဲ့
-
0:48 - 0:50သူ့အယူအဆကို စမ်းသပ်နိုင်ခဲ့တယ်။
-
0:50 - 0:52အဏုကြည့်မှန်ပြောင်းအောက်မှာ
သူတွေ့ရတာတွေက -
0:52 - 0:55ပလိပ်လို့ ခေါ်တဲ့ ခေါက်ရိုးလွဲနေတဲ့
ပရိုတိန်းတွေနဲ့ -
0:55 - 0:57အာရုံကြောမျှင် အထွေးတွေရဲ့ပုံစံတွေရှိတဲ့
-
0:57 - 0:58ဦးနှောက် တစ်ရှူးအတွင်းက
-
0:58 - 1:01မြင်နိုင်တဲ့ ခြားနားမှုတွေပါ။
-
1:01 - 1:03ဒီ ပလိပ်တွေနဲ့ အထွေးတွေဟာ ဦးနှောက်ရဲ့
-
1:03 - 1:05တည်ဆောက်မှုကို ဖျက်ဆီးဖို့
အတူတူ လုပ်ဆောင်တယ်။ -
1:05 - 1:07အာရုံကြော ဆဲလ်တွေကို ဝန်းရံနေတဲ့
-
1:07 - 1:10အဆီအလွှာပါးထဲက အခြား ပရိုတိန်းတစ်ခုဟာ
-
1:10 - 1:12အင်ဇိုင်းတစ်ခုခုရဲ့ အလွှာခံရတဲ့အခါ
ပလိပ်တွေ ပေါ်လာတယ်။ -
1:12 - 1:15ဒါက ဘီတာ အမ်မိလွိုက်
ပရိုတိန်းတွေ ဖြစ်စေတယ်။ -
1:15 - 1:17ဒါတွေက စေးကပ်ပြီး စုဖွဲ့တတ်တဲ့
-
1:17 - 1:18သဘောရှိတယ်။
-
1:18 - 1:20စုခဲခြင်းက ပလိပ်တွေလို့ သိကြတဲ့
-
1:20 - 1:23အရာတွေကို ဖွဲ့စည်းတာပါ။
-
1:23 - 1:24ဒီစုခဲမှုတွေက အချက်ပြမှုကို
-
1:24 - 1:26တားဆီးတာကြောင့် မသန်စွမ်းတဲ့
-
1:26 - 1:28အာရုံကြော ဆဲလ်တွေ
ပျက်စီးမှုကို ဖြစ်စေတဲ့ -
1:28 - 1:31ကိုယ်ခံအား တုံ့ပြန်မှုတွေကို
အစပျိုးပေးတယ် ထင်ရတဲ့ -
1:31 - 1:33ဆဲလ်တွေကြားက ဆက်သွယ်ရေးရောပါ။
-
1:33 - 1:36အယ်လ်ဇိုင်းမား ရောဂါမှာ
အာရုံကြောအမျှင် အထွေးတွေကို -
1:36 - 1:39tau လို့ သိကြတဲ့ ပရိုတိန်းတစ်ခုကနေ
တည်ဆောက်တယ်။ -
1:39 - 1:42ဦးနှောက် အာရုံကြော ဆဲလ်တွေမှာ
အခြားအရာတွေအနက် အစာ မော်လီကျူး -
1:42 - 1:44တွေအတွက် အမြန်လမ်းလို လုပ်ဆောင်တဲ့
-
1:44 - 1:45ပြွန်ကွန်ရက်တစ်ခု ပါဝင်တယ်။
-
1:45 - 1:48ထုံးစံကတော့ tau ပရိုတိန်းက မော်လီကျူးတွေ
-
1:48 - 1:50လွတ်လပ်စွာ ဖြတ်သန်းခွင့်ပေးတဲ့
-
1:50 - 1:52ဒီပြွန်တွေ ဖြောင့်တန်းအောင် လုပ်ပေးတာပါ။
-
1:52 - 1:54ဒါပေမဲ့ အယ်လ်ဇိုင်းမား ရောဂါမှာတော့
-
1:54 - 1:57ပရိုတိန်းက လိမ်နေတဲ့ အမျှင်တွေ (သို့)
အထွေးတွေအဖြစ် ပြိုကွဲတယ်။ -
1:57 - 1:59ပြွန်တွေကို တစ်စစီဖြစ်စေကာ
-
1:59 - 2:01အာဟာရဓာတ်တွေကို အာရုံကြော
ဆဲလ်ဆီ ရောက်ခြင်းကနေ -
2:01 - 2:04တားဆီးပြီး ဆဲလ်ကို သေစေတာပါ။
-
2:04 - 2:06ပလိပ်တွေနဲ့ အထွေးတွေရဲ့
ဖျက်ဆီးတတ်တဲ့ တွဲဖက်မှုက -
2:06 - 2:09မှတ်ဉာဏ်တွေ ဖွဲ့စည်းရာမှာ တာဝန်ရှိတဲ့
-
2:09 - 2:11hippocampus လို့ခေါ်တဲ့ နေရာမှာ စတင်တယ်။
-
2:11 - 2:13ဒါကြောင့် ရေတိုမှတ်ဉာဏ် ပျောက်မှုက
-
2:13 - 2:16အယ်လ်ဇိုင်းမားရဲ့ ပထမဆုံး လက္ခဏာ
အမြဲ ဖြစ်တာပါ။ -
2:16 - 2:17ဒီနောက် ပရိုတိန်းတွေက ဦးနှောက် အခြား
-
2:17 - 2:19အပိုင်းတွေကို တရွေ့ရွေ့ ဝင်ရောက်ကာ
-
2:19 - 2:21ဒီရောဂါရဲ့ အဆင့်မျိုးစုံကို အချက်ပြတဲ့
-
2:21 - 2:23ထူးခြားတဲ့ ပြောင်းလဲမှုတွေကို ဖန်တီးတယ်။
-
2:23 - 2:25ဦးနှောက်ရဲ့ အရှေ့ဘက်မှာ
-
2:25 - 2:28ပရိုတိန်းက ယုတ္တိတန်တဲ့ အတွေးတွေ
ထုတ်ပေးနိုင်စွမ်းကို ဖျက်ဆီးတယ်။ -
2:28 - 2:31နောက် ၎င်းတို့ဟာ စိတ်ခံစားမှုတွေကို
ထိန်းချုပ်တဲ့ နေရာဆီ ပြောင်းကာ -
2:31 - 2:34တစ်သတ်မှတည်းမဟုတ်တဲ့ စိတ်
အပြောင်းအလဲတွေဖြစ်စေတယ်။ -
2:34 - 2:35ဦးနှောက်ရဲ့ ထိပ်ပိုင်းမှာ
-
2:35 - 2:37ဒါတွေက သံသယလွန်ကဲမှု၊
စိတ်ချောက်ချားမှု ဖြစ်စေပြီး -
2:37 - 2:39ဦးနှောက်ရဲ့ အနောက်ဘက်ကို
ရောက်တာနဲ့ -
2:39 - 2:41ပလိပ်တွေနဲ့ အထွေးတွေက
ဦးနှောက်ရဲ့ -
2:41 - 2:44အတွင်းကျဆုံး မှတ်ဉာဏ်တွေကို
ဖျက်ဖို့ အတူ လုပ်တယ်။ -
2:44 - 2:45နောက်ဆုံး နှလုံးခုန်နှုန်းနဲ့
-
2:45 - 2:48အသက်ရှူတာ စိုးမိုးတဲ့ ထိန်းချုပ်မှု
ဗဟိုတွေပါ အရေးနိမ့်ကာ -
2:48 - 2:50သေဆုံးမှု ဖြစ်စေတယ်။
-
2:50 - 2:52ဒီရောဂါရဲ့ ဧရာမ ဖျက်ဆီးတတ်တဲ့ သဘာဝက
-
2:52 - 2:55ကုသမှုတစ်ခု ရှာဖွေဖို့ သုတေသီများစွာကို
စေ့ဆော်ပေးခဲ့ပေမဲ့ -
2:55 - 2:59လေလောဆယ်တော့ ၎င်းရဲ့ တိုးလာမှုကို
နှေးအောင်လုပ်ရာမှာ အာရုံစိုက်တာပါ။ -
2:59 - 3:00ယာယီ ကုသမှုတစ်ခုက
-
3:00 - 3:03၎င်းကို ဖန်တီးတဲ့ အာရုံကြော
ဆဲလ်တွေ သေဆုံးမှုကြောင့် -
3:03 - 3:05အယ်လ်ဇိုင်းမား ဝေဒနာရှင်တွေမှာ
လျော့ပါးလာတဲ့ -
3:05 - 3:08ဦးနှောက်ထဲက အရေးပါတဲ့ ဓာတု သတင်းပေးသူ
-
3:08 - 3:11acetylcholine ပြိုကွဲမှုကို
လျှော့ချရာမှာ ကူညီတယ်။ -
3:11 - 3:13အခြားဖြစ်နိုင်တဲ့ ဖြေရှင်းနည်းတစ်ခုက
-
3:13 - 3:16ဘီတာ အမ်မီလွှိုက် ပလိပ်တွေ
စုခဲမသွားခင် ဒါတွေကို -
3:16 - 3:19တိုက်ခိုက်ဖို့ ခန္ဓာကိုယ် ခုခံမှုစနစ်ကို
လေ့ကျင့်ပေးတဲ့ ကာကွယ်ဆေးပါ။ -
3:19 - 3:22ဒါပေမဲ့ ကုသမှု အစစ်တစ်ခု ရှာဖွေဖို့
လိုအပ်တုန်းပါ။ -
3:22 - 3:24အယ်လ်ဇိုင်းမား ရောဂါကို လွန်ခဲ့တဲ့
-
3:24 - 3:25ရာစုတစ်ခုကျော်က တွေ့ရှိခဲ့ပေမဲ့
-
3:25 - 3:28ကောင်းကောင်း နားမလည်နိုင်သေးပါဘူး။
-
3:28 - 3:30ဖြစ်နိုင်တာက တစ်နေ့မှာတော့
-
3:30 - 3:33ဒီခြိမ်းခြောက်မှုနောက်ကွယ်က
တိကျတဲ့ ယန္တရား လုပ်ကိုင်ပုံကို -
3:33 - 3:35ဖမ်းဆုပ်ပြီး အဖြေတစ်ခုကို
ဖော်ထုတ်နိုင်လာမှာပါ။
- Title:
- အယ်လ်ဇိုင်းမား ရောဂါဆိုတာ ဘာလဲ - Ivan Seah Yu Jun
- Description:
-
သင်ခန်းစာ အပြည့်အစုံကို http://ed.ted.com/lessons/what-is-alzheimer-s-disease-ivan-seah-yu-jun တွင် ကြည့်ရှုပါ။
အယ်လ်ဇိုင်းမား ရောဂါဟာ ကမ္ဘာတစ်လွှားမှာ လူပေါင်း သန်း ၄၀ ကျော်ကို ဒုက္ခပေးနေတဲ့ ရောဂါကြောင့် စိတ်ဖေါက်ပြန်မှုရဲ့ အဖြစ်အများဆုံး အကြောင်းရင်း တစ်ခုပါ။ လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုက ရှာဖွေတွေ့ရှိခဲ့ပေမဲ့ သိပ္ပံပညာရှင်တွေဟာ ကုသနိုင်ဖို့အတွက်တော့ နပန်းလုံးနေရဆဲပါ။ Ivan Seah Yu Jun ကနေပြီး ဒီရှုပ်ထွေးတဲ့၊ ဖျက်ဆီးတတ်တဲ့ ရောဂါရဲ့ အဆင့်အမျိုးမျိုးကို ရှင်းလင်းပြရင်း အယ်လ်ဇိုင်းမား ရောဂါက ဦးနှောက်ကို ထိခိုက်စေပုံကို သရုပ်ဖော်ထားပါတယ်။
သင်ခန်းစာကို Ivan Seah Yu Jun က ပြုစုပြီး လှုပ်ရှားမှု ပုံရိပ်များကို STK Films က ဖန်တီးထားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
- Duration:
- 03:50
sann tint approved Burmese subtitles for What is Alzheimer's disease? - Ivan Seah Yu Jun | ||
Myo Aung accepted Burmese subtitles for What is Alzheimer's disease? - Ivan Seah Yu Jun | ||
Myo Aung edited Burmese subtitles for What is Alzheimer's disease? - Ivan Seah Yu Jun | ||
sann tint edited Burmese subtitles for What is Alzheimer's disease? - Ivan Seah Yu Jun | ||
sann tint edited Burmese subtitles for What is Alzheimer's disease? - Ivan Seah Yu Jun | ||
sann tint edited Burmese subtitles for What is Alzheimer's disease? - Ivan Seah Yu Jun | ||
sann tint edited Burmese subtitles for What is Alzheimer's disease? - Ivan Seah Yu Jun | ||
sann tint edited Burmese subtitles for What is Alzheimer's disease? - Ivan Seah Yu Jun |