Return to Video

မအိပ်စက်ရင် ဘာဖြစ်မလဲ - Claudia Aguirre

  • 0:07 - 0:12
    (၁၉၆၅)ခုနှစ်က (၁၇)နှစ်သား အထက်တန်း
    ကျောင်းသား ရန်ဒီ ဂါဒ်နာဟာ
  • 0:12 - 0:16
    (၂၆၄)နာရီ ကြာအောင်
    မအိပ်ဘဲနေခဲ့တယ်
  • 0:16 - 0:20
    မအိပ်ရင် ဘယ်လိုနေမလဲ
    သိဖို့ (၁၁)ရက်တာပေါ့
  • 0:20 - 0:23
    ဒုတိယနေ့မှာမျက်လုံးတွေ
    အာရုံစိုက်မရတော့ဘူး
  • 0:23 - 0:27
    အဲဒီနောက် ထိတွေ့သိနိုင်မှု
    ပျောက်လာပါတယ်။
  • 0:27 - 0:31
    တတိယနေ့မှာ ဂါဒ်နာဟာ
    သုန်မှုန်ပြီး စနစ်မကျတော့ဘူး။
  • 0:31 - 0:34
    စမ်းသပ်မှုအပြီး သူဟာ
    အာရုံစိုက်ဖို့ ကြိုးစားနေရတယ်၊
  • 0:34 - 0:36
    ကာလတိုမှတ်ဉာဏ် သုံးရခက်လာတယ်၊
  • 0:36 - 0:37
    ကယောင်ကတမ်း ဖြစ်လာတယ်
  • 0:37 - 0:39
    သွေးလေ ချောက်ခြားလာတယ်
  • 0:39 - 0:41
    ရေရှည်စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ
  • 0:41 - 0:43
    ချို့ယွင်းမှုမဖြစ်ဘဲ
    ဂါနာပြန်ကောင်းလာပေမယ့်
  • 0:43 - 0:47
    အချို့ဆို အိပ်ပျက်တာ
    ဟော်မုန်းဟန်ချက်မညီဖြစ်စေတယ်၊
  • 0:47 - 0:48
    နေမကောင်းတာ၊
  • 0:48 - 0:51
    အလွန်ဆုံး သေတာ ဖြစ်စေနိုင်တယ်၊
  • 0:51 - 0:55
    ဘာလို့အိပ်ရတာလဲ ဆိုတာနားလည်ပြီပေါ့၊
  • 0:55 - 0:57
    အိပ်စက်ဖို့လိုတာ ကျွန်တော်တို့သိကြတာပဲ။
  • 0:57 - 1:00
    လူကြီးတွေဟာ တစ်ည
    (၇)နာရီ၊ (၈)နာရီအိပ်ဖို့ လိုတယ်၊
  • 1:00 - 1:02
    ဆယ်ကျော်သက်တွေက
    ဆယ်နာရီလောက်လိုတယ်၊
  • 1:02 - 1:05
    ခန္ဓာကိုယ်က အချက်ပြလို့
    အိပ်ချင်လာတာပါ၊
  • 1:05 - 1:07
    ပင်ပန်းလှပြီလို့
    ဦးနှောက်ကိုပြောတယ်လေ၊
  • 1:07 - 1:11
    ပတ်ဝန်းကျင်ကအပြင်မှာ
    မှောင်ပြီလို့အချက်ပြတယ်။
  • 1:11 - 1:13
    adenosine၊ melatonin တို့လို
  • 1:13 - 1:15
    အိပ်ချင်စေတဲ့ ဓာတ်တွေ တိုးလာတော့
  • 1:15 - 1:18
    မှေးစက်အိပ်ပျော်သွားစေတယ်၊
  • 1:18 - 1:21
    အသက်ရှုတာ၊ နှလုံးခုန်တာ နှေးကွေး
  • 1:21 - 1:24
    ကြွက်သားတွေ ပြေလျော့လို့ပေါ့
  • 1:24 - 1:27
    ဒီ REM မဟုတ်တဲ့ အိပ်စက်မှုမှာ
    DNA ကို ပြုပြင်ပေးတယ်
  • 1:27 - 1:30
    နောက်နေ့အတွက် ခန္ဓာကိုယ်ကို အားဖြည့်ပေးတယ်
  • 1:30 - 1:32
    US မှာဆိုရင်၊
  • 1:32 - 1:37
    လူကြီး ၃၀% နဲ့ ဆယ်ကျော်သက် ၆၆% ဟာ
  • 1:37 - 1:39
    ပုံမှန် အိပ်ရေးမဝကြဘူးလို့ ခန့်မှန်းထားတယ်
  • 1:39 - 1:42
    ဒါသာမန် အဆင်မပြေရုံ မဟုတ်ဘူး
  • 1:42 - 1:45
    မအိပ်ဘဲ နှိုးနေခြင်းက
    ခန္ဓာကိုယ်ကို ဘေးဆိုးဖြစ်စေတယ်။
  • 1:45 - 1:46
    အိပ်ရေးပျက်ရင်၊
  • 1:46 - 1:47
    သင်ယူမှု၊
  • 1:47 - 1:48
    မှတ်ဉာဏ်၊
  • 1:48 - 1:49
    စိတ်ထား၊
  • 1:49 - 1:51
    နဲ့ တုန့်ပြန်မှုအချိန်ကို ထိခိုက်တယ်။
  • 1:51 - 1:53
    အိပ်ရေးမဝမှုဟာ ရောင်ရမ်းမှုကိုဖြစ်စေတယ်၊
  • 1:53 - 1:55
    သွေလေ ချောက်ခြားစေတယ်
  • 1:55 - 1:56
    သွေးတိုးစေတယ်၊
  • 1:56 - 2:00
    ဆီးချိုနဲ့ အဝလွန် ရောဂါတောင်
    ဖြစ်စေတယ်
  • 2:00 - 2:04
    (၂၀၁၄)ခုနှစ်မှာ ဘောလုံး
    ဝါသနာအိုး တစ်ယောက်ဆုံးတယ်။
  • 2:04 - 2:08
    (၄၈)နာရီကြာအောင်ကို
    ကမ္ဘာ့ဖလားကို ထိုင်ကြည့်နေခဲ့လို့လေ
  • 2:08 - 2:11
    သူဆုံးတာ လေဖြတ်လို့ဆိုပေမယ့်၊
  • 2:11 - 2:15
    လေ့လာမှုအရ တစ်ည ၆ နာရီထက်
    နည်းပြီး အိပ်မယ်ဆိုရင်
  • 2:15 - 2:19
    လေဖြတ်နိုင်ခြေ လေးဆခွဲ တိုးစေတယ်တဲ့၊
  • 2:19 - 2:23
    (၇)နာရီ၊ (၈)နာရီပုံမှန်
    အိပ်သူတွေနဲ့နှိုင်းရင်ပေါ့လေ။
  • 2:23 - 2:28
    ရှားပါးတဲ့ မျိုးရိုးဗီဇဆိုင်ရာ
    ချွတ်ယွင်းချက်ရှိ လူတစ်ချို့အဖို့
  • 2:28 - 2:30
    နေ့စဉ်ရက်ဆက် အိပ်မရဖြစ်တတ်တယ်
  • 2:30 - 2:34
    Fatal Familial Insomnia
    ခေါ်တဲ့ရောဂါဟာ
  • 2:34 - 2:38
    ခန္ဓာကိုယ်ကိုအိပ်မက်ဆိုးလို နိုးထစေတယ်
  • 2:38 - 2:41
    အိပ်မပျော်စေဘူးပေါ့။
  • 2:41 - 2:43
    လတွေနှစ်တွေအထိ ကြာလာတော့
  • 2:43 - 2:47
    ဒီရောဂါပိုပိုဆိုးလာကာ
    ရူးသွပ်တာ၊ သေတာထိဖြစ်လာစေမယ်။
  • 2:47 - 2:51
    အိပ်ရေးမရတာနဲ့ ဒီလောက်ဆိုးတဲ့
    ရောဂါဘယ်လိုဖြစ်စေတာလဲ။
  • 2:51 - 2:55
    သိပ္ပံပညာရှင်တွေ တွေးတာက
    ဦးနှောက်ထဲတွင် အမှိုက်တွေ
  • 2:55 - 2:57
    တိုးလာလို့ပါတဲ့။
  • 2:57 - 2:58
    နိုးနေတဲ့အချိန်မှာ
  • 2:58 - 3:02
    ဆဲလ်တွေ တစ်နေ့တာ စွမ်းအင်တွေကိုသုံးပစ်တယ်၊
  • 3:02 - 3:04
    စွမ်းအင်တွေက ဘေးထွက် ပစ္စည်းတွေဖြစ်သွားရော
  • 3:04 - 3:07
    adenosine လည်း ပါတာပေါ့။
  • 3:07 - 3:08
    adenosine များလာတာနဲ့
  • 3:08 - 3:13
    အိပ်ချင်စိတ် ပိုများလာတယ်။
  • 3:13 - 3:18
    တကယ်တော့ ကဖိန်းဓာတ်က
    adenosine လက်ခံလမ်းကို ပိတ်ပေးတာ။
  • 3:18 - 3:21
    တခြားအမှိုက်တွေလည်း ဦးနှောက်ထဲစုလာတယ်
  • 3:21 - 3:25
    ဒါတွေကိုမရှင်းပစ်ရင် ဦးနှောက်ထဲစုအုံနေတယ်၊
  • 3:25 - 3:30
    ပြီးတော့အိပ်ပျက်တဲ့
    လက္ခဏာဆိုးတွေဖြစ်စေရော။
  • 3:30 - 3:34
    ဒီတော့ ဒါကိုကာကွယ်ဖို့
    အိပ်ရင် ဦးနှောက်ထဲဘာဖြစ်နေလဲ။
  • 3:34 - 3:37
    သိပ္ဗံပညာရှင်တွေက
    Glymphtic System ကိုတွေ့တယ်၊
  • 3:37 - 3:40
    အမှိုက်တွေရှင်းထုတ်တဲ့ စနစ်တစ်ခုပေါ့
  • 3:40 - 3:43
    ဒီစနစ်က အိပ်ချိန်မှာ ပိုအလုပ်လုပ်တယ်
  • 3:43 - 3:49
    အဆိပ်အမှိုက်တွေကို ဦးနှောက်နဲ့
    ကျောရိုးအရည် သုံးပြီးရှင်းပေးတယ်၊
  • 3:49 - 3:51
    ဒီပစ္စည်းတွေက ဆဲလ်တွေကြားပွားတာ
  • 3:51 - 3:55
    ရောဂါကာကွယ်တဲ့ ဆဲလ်လမ်းကြောင်းတွေ
    ဖြစ်တဲ့ သွေးဖြူဥသွေးကြောတွေ၊
  • 3:55 - 3:58
    မကြာခင်က ဦးနှောက်မှာ တွေ့တယ်
  • 3:58 - 4:04
    ဦးနှောက်ရဲ့နေ့စဉ် အမှိုက်တွေရှင်းရာမှာ
    ဒါတွေလည်းပါမှာ။
  • 4:04 - 4:09
    သိပ္ဗံပညာရှင်တွေက အိပ်ခြင်းနောက်ကွယ်က
    ကျန်းမာထောက်ကူ စနစ်တွေကိုဆက်လေ့လာဆဲ
  • 4:09 - 4:13
    လဲလျောင်းအိပ်စက်ဖို့လိုတယ်
    ဆိုတာတော့ သေချာတယ်
  • 4:13 - 4:17
    ကျန်းမာရွှင်လန်းချင်ရင်ပေါ့လေ။
Title:
မအိပ်စက်ရင် ဘာဖြစ်မလဲ - Claudia Aguirre
Speaker:
Claudia Aguirre
Description:

​သင်ခန်း​စာ​အ​ပြည့်​အ​စုံ​ကို ​ကြည့်​ရန်​လင့် - http://ed.ted.com/lessons/what-would-happen-if-you-didn-t-sleep-claudia-aguirre

​အ​မေ​ရိ​ကန်​နိုင်​ငံ​တွင် ​လူ​ကြီး (၃၀) ​ရာ​ခိုင်​နှုန်း​နှင့် ​ဆယ်​ကျော်​သက် (၆၆) ​ရာ​ခိုင်​နှုန်း​မှာ ​ပုံ​မှန်​ အိပ်​ရေး​မဝကြ​ဟု ​ခန့်​မှန်းကြ​သည်။ ​၎င်း​သည် ​သာ​မန်​အ​ဆင်​မ​ပြေ​မှု​ သက်​သက်​မ​ဟုတ်​ပေ။ ​မ​အိပ်​ဘဲ​နေ​လျှင် ​ခ​န္ဓာ​ကိုယ်​ကို ​ကြီးမား​စွာ​ ထိခိုက်စေနိုင်​သော​ကြောင့် ​ဖြစ်​သည်။ ​မ​အိပ်​ဘဲ​နေ​လျှင် ​ခ​န္ဓာ​ကိုယ်​နှင့်​ဦး​နှောက် ​မည်​သို့ ဖြစ်လယ​နိုင်​ကြောင်း ​က​လော်​ဒီ​ယာ​အ​ဂီ​ရီ​က ​ရှင်း​ပြ​ထား​သည်။

​က​လော်​ဒီ​ယာ​အ​ဂီ​ရီ​၏ ​သင်ခန်း​စာ​ကို TED-Ed ​က ​သ​ရုပ်​ဖော်​ပေးထားသည်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:35

Burmese subtitles

Revisions Compare revisions