(၁၉၆၅)ခုနှစ်က (၁၇)နှစ်သား အထက်တန်း
ကျောင်းသား ရန်ဒီ ဂါဒ်နာဟာ
(၂၆၄)နာရီ ကြာအောင်
မအိပ်ဘဲနေခဲ့တယ်
မအိပ်ရင် ဘယ်လိုနေမလဲ
သိဖို့ (၁၁)ရက်တာပေါ့
ဒုတိယနေ့မှာမျက်လုံးတွေ
အာရုံစိုက်မရတော့ဘူး
အဲဒီနောက် ထိတွေ့သိနိုင်မှု
ပျောက်လာပါတယ်။
တတိယနေ့မှာ ဂါဒ်နာဟာ
သုန်မှုန်ပြီး စနစ်မကျတော့ဘူး။
စမ်းသပ်မှုအပြီး သူဟာ
အာရုံစိုက်ဖို့ ကြိုးစားနေရတယ်၊
ကာလတိုမှတ်ဉာဏ် သုံးရခက်လာတယ်၊
ကယောင်ကတမ်း ဖြစ်လာတယ်
သွေးလေ ချောက်ခြားလာတယ်
ရေရှည်စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ
ချို့ယွင်းမှုမဖြစ်ဘဲ
ဂါနာပြန်ကောင်းလာပေမယ့်
အချို့ဆို အိပ်ပျက်တာ
ဟော်မုန်းဟန်ချက်မညီဖြစ်စေတယ်၊
နေမကောင်းတာ၊
အလွန်ဆုံး သေတာ ဖြစ်စေနိုင်တယ်၊
ဘာလို့အိပ်ရတာလဲ ဆိုတာနားလည်ပြီပေါ့၊
အိပ်စက်ဖို့လိုတာ ကျွန်တော်တို့သိကြတာပဲ။
လူကြီးတွေဟာ တစ်ည
(၇)နာရီ၊ (၈)နာရီအိပ်ဖို့ လိုတယ်၊
ဆယ်ကျော်သက်တွေက
ဆယ်နာရီလောက်လိုတယ်၊
ခန္ဓာကိုယ်က အချက်ပြလို့
အိပ်ချင်လာတာပါ၊
ပင်ပန်းလှပြီလို့
ဦးနှောက်ကိုပြောတယ်လေ၊
ပတ်ဝန်းကျင်ကအပြင်မှာ
မှောင်ပြီလို့အချက်ပြတယ်။
adenosine၊ melatonin တို့လို
အိပ်ချင်စေတဲ့ ဓာတ်တွေ တိုးလာတော့
မှေးစက်အိပ်ပျော်သွားစေတယ်၊
အသက်ရှုတာ၊ နှလုံးခုန်တာ နှေးကွေး
ကြွက်သားတွေ ပြေလျော့လို့ပေါ့
ဒီ REM မဟုတ်တဲ့ အိပ်စက်မှုမှာ
DNA ကို ပြုပြင်ပေးတယ်
နောက်နေ့အတွက် ခန္ဓာကိုယ်ကို အားဖြည့်ပေးတယ်
US မှာဆိုရင်၊
လူကြီး ၃၀% နဲ့ ဆယ်ကျော်သက် ၆၆% ဟာ
ပုံမှန် အိပ်ရေးမဝကြဘူးလို့ ခန့်မှန်းထားတယ်
ဒါသာမန် အဆင်မပြေရုံ မဟုတ်ဘူး
မအိပ်ဘဲ နှိုးနေခြင်းက
ခန္ဓာကိုယ်ကို ဘေးဆိုးဖြစ်စေတယ်။
အိပ်ရေးပျက်ရင်၊
သင်ယူမှု၊
မှတ်ဉာဏ်၊
စိတ်ထား၊
နဲ့ တုန့်ပြန်မှုအချိန်ကို ထိခိုက်တယ်။
အိပ်ရေးမဝမှုဟာ ရောင်ရမ်းမှုကိုဖြစ်စေတယ်၊
သွေလေ ချောက်ခြားစေတယ်
သွေးတိုးစေတယ်၊
ဆီးချိုနဲ့ အဝလွန် ရောဂါတောင်
ဖြစ်စေတယ်
(၂၀၁၄)ခုနှစ်မှာ ဘောလုံး
ဝါသနာအိုး တစ်ယောက်ဆုံးတယ်။
(၄၈)နာရီကြာအောင်ကို
ကမ္ဘာ့ဖလားကို ထိုင်ကြည့်နေခဲ့လို့လေ
သူဆုံးတာ လေဖြတ်လို့ဆိုပေမယ့်၊
လေ့လာမှုအရ တစ်ည ၆ နာရီထက်
နည်းပြီး အိပ်မယ်ဆိုရင်
လေဖြတ်နိုင်ခြေ လေးဆခွဲ တိုးစေတယ်တဲ့၊
(၇)နာရီ၊ (၈)နာရီပုံမှန်
အိပ်သူတွေနဲ့နှိုင်းရင်ပေါ့လေ။
ရှားပါးတဲ့ မျိုးရိုးဗီဇဆိုင်ရာ
ချွတ်ယွင်းချက်ရှိ လူတစ်ချို့အဖို့
နေ့စဉ်ရက်ဆက် အိပ်မရဖြစ်တတ်တယ်
Fatal Familial Insomnia
ခေါ်တဲ့ရောဂါဟာ
ခန္ဓာကိုယ်ကိုအိပ်မက်ဆိုးလို နိုးထစေတယ်
အိပ်မပျော်စေဘူးပေါ့။
လတွေနှစ်တွေအထိ ကြာလာတော့
ဒီရောဂါပိုပိုဆိုးလာကာ
ရူးသွပ်တာ၊ သေတာထိဖြစ်လာစေမယ်။
အိပ်ရေးမရတာနဲ့ ဒီလောက်ဆိုးတဲ့
ရောဂါဘယ်လိုဖြစ်စေတာလဲ။
သိပ္ပံပညာရှင်တွေ တွေးတာက
ဦးနှောက်ထဲတွင် အမှိုက်တွေ
တိုးလာလို့ပါတဲ့။
နိုးနေတဲ့အချိန်မှာ
ဆဲလ်တွေ တစ်နေ့တာ စွမ်းအင်တွေကိုသုံးပစ်တယ်၊
စွမ်းအင်တွေက ဘေးထွက် ပစ္စည်းတွေဖြစ်သွားရော
adenosine လည်း ပါတာပေါ့။
adenosine များလာတာနဲ့
အိပ်ချင်စိတ် ပိုများလာတယ်။
တကယ်တော့ ကဖိန်းဓာတ်က
adenosine လက်ခံလမ်းကို ပိတ်ပေးတာ။
တခြားအမှိုက်တွေလည်း ဦးနှောက်ထဲစုလာတယ်
ဒါတွေကိုမရှင်းပစ်ရင် ဦးနှောက်ထဲစုအုံနေတယ်၊
ပြီးတော့အိပ်ပျက်တဲ့
လက္ခဏာဆိုးတွေဖြစ်စေရော။
ဒီတော့ ဒါကိုကာကွယ်ဖို့
အိပ်ရင် ဦးနှောက်ထဲဘာဖြစ်နေလဲ။
သိပ္ဗံပညာရှင်တွေက
Glymphtic System ကိုတွေ့တယ်၊
အမှိုက်တွေရှင်းထုတ်တဲ့ စနစ်တစ်ခုပေါ့
ဒီစနစ်က အိပ်ချိန်မှာ ပိုအလုပ်လုပ်တယ်
အဆိပ်အမှိုက်တွေကို ဦးနှောက်နဲ့
ကျောရိုးအရည် သုံးပြီးရှင်းပေးတယ်၊
ဒီပစ္စည်းတွေက ဆဲလ်တွေကြားပွားတာ
ရောဂါကာကွယ်တဲ့ ဆဲလ်လမ်းကြောင်းတွေ
ဖြစ်တဲ့ သွေးဖြူဥသွေးကြောတွေ၊
မကြာခင်က ဦးနှောက်မှာ တွေ့တယ်
ဦးနှောက်ရဲ့နေ့စဉ် အမှိုက်တွေရှင်းရာမှာ
ဒါတွေလည်းပါမှာ။
သိပ္ဗံပညာရှင်တွေက အိပ်ခြင်းနောက်ကွယ်က
ကျန်းမာထောက်ကူ စနစ်တွေကိုဆက်လေ့လာဆဲ
လဲလျောင်းအိပ်စက်ဖို့လိုတယ်
ဆိုတာတော့ သေချာတယ်
ကျန်းမာရွှင်လန်းချင်ရင်ပေါ့လေ။