Return to Video

ကိုယ်ဟန်မှန်မှန်နေခြင်း၏အကျိုးကျေးဇူးများ- Murat Dalkilinç

  • 0:08 - 0:11
    တစ်စုံတစ်ယောက်ကများသင့်ကို
    "မတ်မတ်ရပ်ပါ" ဟုပြောဖူးပါသလား။
  • 0:11 - 0:15
    မိသားစုညစာစားပွဲတစ်ခုမှာ ပျင်းရိပျင်းတွဲ
    ထိုင်နေလို့ ဆူခံခဲ့ရဖူးသလား။
  • 0:15 - 0:19
    ဒီလိုပြောဆိုတာက စိတ်တိုချင်စရာကောင်းပေမည့်
    သူတို့ပြောတာတွေကမမှားပါဘူး။
  • 0:19 - 0:23
    ထိုင်နေတဲ့အချိန် (သို့) ရပ်နေတဲ့အချိန်မှာ
    သင့်ရဲ့ကိုယ်ဟန်အနေအထားဟာ
  • 0:23 - 0:26
    သင့်ခန္ဓာကိုယ်လှုပ်ရှားမှုတိုင်းရဲ့
    အခြေခံဖြစ်တယ်။
  • 0:26 - 0:31
    ပြီးတော့ ဖိစီးမှုဒဏ်ကိုဘယ်လောက်ခံနိုင်လဲ
    ဆိုတာကိုလည်းဆုံးဖြတ်ပေးနိုင်တယ်။
  • 0:31 - 0:34
    ဖိစီးမှုဒဏ် ဆိုတာတွေဟာ
    အလေးအပင် မ တာတွေ
  • 0:34 - 0:36
    ကိုးရို့ကားရားထိုင်တာတွေဖြစ်နိုင်ပါတယ်။
  • 0:36 - 0:41
    ငါတို့နေ့စဉ် တစ်နေ့လုံးကြုံတွေ့နေရတာကြီး
    တစ်ခုက ကမ္ဘာမြေရဲ့ဆွဲအားပါ။
  • 0:41 - 0:43
    အကယ်လို့ သင့်ကိုယ်ဟန်
    မမှန်ခဲ့ရင်
  • 0:43 - 0:47
    သင့်ခန္ဓာကိုယ် တည့်တည့်မတ်မတ်ရှိနေဖို့
    ကြွက်သားတွေက အလုပ်ပိုလုပ်ပေးရတယ်
  • 0:47 - 0:50
    အချို့ကြွက်သားတွေကမာကြောပြီး
    တောင့်တင်းသွားမယ်။
  • 0:50 - 0:52
    အခြားကြွက်သားတွေတော့
    ဆိုင်းသွားလိမ့်မယ်။
  • 0:52 - 0:54
    အချိန်ကြာလာတော့ ဒီပုံမမှန်နေထိုင်မှုတွေက
  • 0:54 - 0:59
    ခန္ဓာကိုယ်ရဲ့လုပ်ဆောင်နိုင်စွမ်းကို
    ပျက်ပြားစေလာပါတယ်
  • 0:59 - 1:03
    ပုံမမှန်တဲ့ကိုယ်ဟန်ဟာ အဆစ်တွေ အရွတ်တွေကို
    ပုံမှန်ထက် ပိုပြီး ထိခိုက်
  • 1:03 - 1:05
    ပျက်စီးစေနိုင်ပါတယ်
  • 1:05 - 1:10
    နောက်ပြီးအဆုတ်လို ကိုယ်အင်္ဂါအချို့ရဲ့
    လုပ်ဆောင်နိုင်စွမ်းကိုလည်း လျော့ကျစေပါတယ်
  • 1:10 - 1:12
    သုတေသီတွေအဆိုအရ
    ပုံမမှန်တဲ့ကိုယ်ဟန်ဟာ ခါးရိုးစောင်းတာတွေ
  • 1:12 - 1:14
    ခေါင်းကိုက်တာတွေ
  • 1:14 - 1:15
    ခါးနာတာတွေနဲ့
    ဆက်စပ်နေပါတယ်
  • 1:15 - 1:19
    ဒါပေမယ့် ပုံမမှန်တဲ့ကိုယ်ဟန် က
    အဓိကအကြောင်းတော့မဟုတ်ပါဘူး
  • 1:19 - 1:22
    ကိုယ်ဟန်အနေအထားက
    သင့်စိတ်အခြေအနေနဲ့ နာကျင်မှုကို
  • 1:22 - 1:24
    တုံ့ပြန်မှှုကိုတောင် လွှမ်းမိုးနိုင်ပါတယ်။
  • 1:24 - 1:28
    ကိုယ်ဟန်မှန်မှန်နေထိုင်ဖို့
    အကြောင်းအရင်းများစွာရှိပါတယ်
  • 1:28 - 1:30
    ယခုအခါမှာ ပိုခက်ခဲလာပါပြီ
  • 1:30 - 1:34
    အချိန်အကြာကြီးကိုးရို့ကားယားထိုင်တာတွေ
  • 1:34 - 1:37
    ကွန်ပျူတာ လက်ကိုင်ဖုန်းတွေသုံးတာလိုမျိုး
    အောက်ငုံ့ကြည့်ရတာတွေက
  • 1:37 - 1:39
    ကိုယ်ဟန်မမှန်မှုကိုဖြစ်စေပါတယ်
  • 1:39 - 1:44
    လေ့လာမှုတွေက ယေဘုယျအားဖြင့်
    ကိုယ်ဟန်အနေအထားဟာပိုဆိုးလာပြီ လို့ဆိုပါတယ်
  • 1:44 - 1:46
    ဒါဆို ပုံမှန်တဲ့ ကိုယ်ဟန်အနေအထားဆိုတာဘာလဲ
  • 1:46 - 1:49
    အရှေ့(သို့)အနောက်ကနေပြီး
    သင့်ကျောရိုးကိုကြည့်တဲ့အခါ
  • 1:49 - 1:53
    ကျောရိုးဆစ်၃၃ချောင်းလုံးဟာ
    မျဉ်းတစ်ဖြောင့်တည်းရှိနေရပါမယ်
  • 1:53 - 1:56
    ဘေးတိုက်ကြည့်ရင် ကျောရိုးမှာ
    မျဉ်းကွေး ၃ခုရှိပါတယ်
  • 1:56 - 2:01
    တစ်ခုက လည်ပင်းမှာ၊နောက်တစ်ခုက ပုခုံးမှာ
    နောက်ဆုံးအသေးတစ်ခုက ခါးမှာရှိပါတယ်
  • 2:01 - 2:03
    သင့်ရဲ့ကျောရိုးဟာမွေးတုန်းက
    "S"စာလုံးပုံမဟုတ်ဘူး
  • 2:03 - 2:07
    မွေးစကလေးတွေရဲ့ကျောရိုးဟာ"C"စာလုံးလိုမျိုး
    မျဉ်းကွေးတစ်ခုပဲရှိပါတယ်။
  • 2:07 - 2:10
    နောက်မျဉ်းကွေးနှစ်ခုကတော့ ၁၂-၁၈လအရွယ်မှာ
    ကြွက်သားတွေရဲ့
  • 2:10 - 2:13
    တင်းအားကြောင့်ဖြစ်ပေါ်လာပါတယ်
  • 2:13 - 2:16
    ဒီမျဉ်းကွေးတွေက တည့်မတ်အောင်
    ကူညီပေးသလို လမ်းလျှောက်တာခုန်တာတို့လို
  • 2:16 - 2:19
    လှုပ်ရှားမှုတွေက ဖြစ်လာတဲ့
    ဒဏ်ကိုလည်းလျော့ချပေးတယ်။
  • 2:19 - 2:21
    တကယ်လို့ သင်မတ်တက်ရပ်နေတဲ့အချိန်
  • 2:21 - 2:22
    ကျောရိုးဆစ်တွေသာနေရာတကျ
  • 2:22 - 2:24
    ရှိမယ်ဆိုရင်
    သင်ဟာမျဉ်းဖြောင့်တစ်ကြောင်းကို
  • 2:24 - 2:26
    သင်ပုခုံးရှေ့အမှတ်တခုကနေ
  • 2:26 - 2:28
    တင်ပဆုံရိုးရဲ့အနောက်
  • 2:28 - 2:29
    ဒူးရဲ့အရှေ့
    ခြေဖနောင့်ရဲ့အရှေ့
  • 2:29 - 2:32
    လက်မအနည်းငယ်အကွာထိ ဆွဲနိုင်မှာဖြစ်ပါတယ်
  • 2:32 - 2:36
    ဒီပုံစံဟာသင့်ပေါ်သက်ရောက်နေတဲ့မြေဆွဲအားကို
    ဗဟိုကျအောင်လုပ်ပေးပြီး
  • 2:36 - 2:38
    အားအင်အနည်းဆုံးနဲ့ ညောင်းညာခြင်းမရှိစေဘဲ
  • 2:38 - 2:41
    သင့်လှုပ်ရှားမှုတွေကို ချောမွေ့စေပါတယ်။
  • 2:41 - 2:44
    သင်ထိုင်နေတဲ့အခါ
    လည်ပင်းဟာဒေါင်လိုက်မျဉ်းအတိုင်းရှိရပါမယ်
  • 2:44 - 2:45
    ရှေ့ကိုထွက်မနေရပါဘူး
  • 2:45 - 2:49
    လက်နှစ်ဖက်ကကိုယ်ကိုကပ်ထားပြီး
    ပုခုံးကသက်တောင့်သက်သာရှိနေရပါမယ်
  • 2:49 - 2:54
    ဒူးကခြေဖဝါးနဲ့ဒေါင့်မှန်အနေအထားရှိနေပြီး
    ခြေဖဝါးက ကြမ်းပြင်ပေါ်အပြားလိုက်ရှိစေရမယ်
  • 2:54 - 2:56
    ဒီထိုင်တဲ့ပုံစံက ဘာလို့အဆင်မပြေသေးတာလဲ။
  • 2:56 - 2:59
    သင့်ပတ်ဝန်းကျင်ကို ပြောင်းဖို့ကြိုးစားပါ။
  • 2:59 - 3:04
    တီဗွီဖန်သားပြင်ကို မျက်စိနဲ့တန်းတန်း(သို့)
    အောက်နည်းနည်းလျော့ထားပါ
  • 3:04 - 3:06
    လိုအပ်မယ်ဆို တံတောင်ဆစ် လက်ကေက်ဝတ်လို
  • 3:06 - 3:09
    ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို
  • 3:09 - 3:12
    ထောက်ကန်ပေးမယ့်ပစ္စည်းတွေကိုအသုံးပြုပါ
  • 3:12 - 3:14
    လည်ပင်းအောက်ခေါင်းအုံးထား
    ခြေထောက်နှစ်ခုကြား
  • 3:14 - 3:17
    ခေါင်းအုံးထည့်ပြီး
    ဘေးတစောင်းအိပ်ပါ
  • 3:17 - 3:20
    ဒေါက်နိမ့်ဖိနပ်တွေစီးပါ
    ဖိနပ်နင်းပြားမှာအခုံးကောင်းကောင်းပါတာစီးပါ
  • 3:20 - 3:22
    ဖုန်းပြောဆိုမှုတွေအတွက် နားကြပ်အသုံးပြုပါ
  • 3:22 - 3:26
    ဒါတွေဟာ
    ကိုယ်ခန္ဓာပုံစံမှန်ဖို့ မလုံလောက်သေးပါဘူး
  • 3:26 - 3:30
    ကြွက်သားတွေ အဆစ်တွေလှုပ်ရှားနေမှုကလည်း
    အလွန်အရေးပါပါတယ်
  • 3:30 - 3:34
    တကယ်တော့ ပုံစံကျကျနဲ့
    မလှုပ်ရှားဘဲအကြာကြီးထိုင်နေတာက
  • 3:34 - 3:39
    ပုံမကျဘဲပုံမှန်လှုပ်ရှားနေတာထက်
    ပိုဆိုးပါတယ်
  • 3:39 - 3:41
    လှုပ်ရှားတိုင်း စနစ်ကျပါစေ
  • 3:41 - 3:44
    သင် မ,ထားရတဲ့အရာဝထ္တုတွေကို
    ခန္ဓာကိုယ်နဲ့ကပ်ထားပါ
  • 3:44 - 3:49
    ကျောပိုးအိတ်တွေကို ဘယ်ညာညီညီမျှမျှဖြင့်
    ကျောကုန်းနဲ့ကပ်နေအောင်လွယ်ပါ
  • 3:49 - 3:52
    အကြာကြီးထိုင်မယ်ဆို မကြာခဏ
    ထပြီး လှုပ်ရှားမှုပြုလုပ်ပါ
  • 3:52 - 3:55
    လေ့ကျင့်ခန်းတွေလုပ်ပါ
  • 3:55 - 3:58
    ကြွက်သားတွေအသုံးပြုခြင်းဟာ
    ကိုယ်ခန္ဓာတောင်းတင်းသန်မာစေပါတယ်
  • 3:58 - 4:04
    အဆစ်၊အရိုး၊ဦးနှောက်၊နှလုံးတို့အတွက်လည်း
    အကျိုးကျေးဇူးများဖြစ်စေပါတယ်
  • 4:04 - 4:07
    ပုံမမှန်တဲ့နေထိုင်မှုကိုစိုးရိမ်တယ်ဆိုရင်
    ကာယပညာရှင်နဲ့ဆွေးနွေးပါ
  • 4:07 - 4:11
    ဟုတ်ပါတယ်။ သင်ဟာအမှန်တကယ်
    မတ်မတ်ရပ်သင့်ပါတယ်။
Title:
ကိုယ်ဟန်မှန်မှန်နေခြင်း၏အကျိုးကျေးဇူးများ- Murat Dalkilinç
Speaker:
Murat Dalkilinç
Description:

တစ်စုံတစ်ယောက်ကများသင့်ကို"မတ်မတ်ရပ်ပါ" ဟုပြောဖူးပါသလား။မိသားစုညစာစားပွဲတစ်ခုမှာ ပျင်းရိပျင်းတွဲထိုင်နေလို့ ဆူခံခဲ့ရဖူးသလား။ ဒီလိုပြောဆိုတာက စိတ်တိုချင်စရာကောင်းပေမယ့် သူတို့ပြောတာတွေကမမှားပါဘူး။ထိုင်နေတဲ့အချိန် (သို့) ရပ်နေတဲ့အချိန်မှာ သင့်ရဲ့ကိုယ်ဟန်အနေအထားဟာသင့်ခန္ဓာကိုယ်လှုပ်ရှားမှုတိုင်းရဲ့ အခြေခံဖြစ်တယ်။ ပြီးတော့ ဖိစီးမှုဒဏ်ကိုဘယ်လောက်ခံနိုင်လဲဆိုတာကိုလည်းဆုံးဖြတ်ပေးတယ်။ Murat Dalkilinç က ကိုယ်ဟန်မှန်မှန်နေခြင်း၏ကောင်းကျိုးတွေကို ပြောပြပေးမှာပါ။

သင်ခန်းစာ - Murat Dalkilinç, သရုပ်ဖော် - Nadav Arbel.

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:27

Burmese subtitles

Revisions