တစ်စုံတစ်ယောက်ကများသင့်ကို "မတ်မတ်ရပ်ပါ" ဟုပြောဖူးပါသလား။ မိသားစုညစာစားပွဲတစ်ခုမှာ ပျင်းရိပျင်းတွဲ ထိုင်နေလို့ ဆူခံခဲ့ရဖူးသလား။ ဒီလိုပြောဆိုတာက စိတ်တိုချင်စရာကောင်းပေမည့် သူတို့ပြောတာတွေကမမှားပါဘူး။ ထိုင်နေတဲ့အချိန် (သို့) ရပ်နေတဲ့အချိန်မှာ သင့်ရဲ့ကိုယ်ဟန်အနေအထားဟာ သင့်ခန္ဓာကိုယ်လှုပ်ရှားမှုတိုင်းရဲ့ အခြေခံဖြစ်တယ်။ ပြီးတော့ ဖိစီးမှုဒဏ်ကိုဘယ်လောက်ခံနိုင်လဲ ဆိုတာကိုလည်းဆုံးဖြတ်ပေးနိုင်တယ်။ ဖိစီးမှုဒဏ် ဆိုတာတွေဟာ အလေးအပင် မ တာတွေ ကိုးရို့ကားရားထိုင်တာတွေဖြစ်နိုင်ပါတယ်။ ငါတို့နေ့စဉ် တစ်နေ့လုံးကြုံတွေ့နေရတာကြီး တစ်ခုက ကမ္ဘာမြေရဲ့ဆွဲအားပါ။ အကယ်လို့ သင့်ကိုယ်ဟန် မမှန်ခဲ့ရင် သင့်ခန္ဓာကိုယ် တည့်တည့်မတ်မတ်ရှိနေဖို့ ကြွက်သားတွေက အလုပ်ပိုလုပ်ပေးရတယ် အချို့ကြွက်သားတွေကမာကြောပြီး တောင့်တင်းသွားမယ်။ အခြားကြွက်သားတွေတော့ ဆိုင်းသွားလိမ့်မယ်။ အချိန်ကြာလာတော့ ဒီပုံမမှန်နေထိုင်မှုတွေက ခန္ဓာကိုယ်ရဲ့လုပ်ဆောင်နိုင်စွမ်းကို ပျက်ပြားစေလာပါတယ် ပုံမမှန်တဲ့ကိုယ်ဟန်ဟာ အဆစ်တွေ အရွတ်တွေကို ပုံမှန်ထက် ပိုပြီး ထိခိုက် ပျက်စီးစေနိုင်ပါတယ် နောက်ပြီးအဆုတ်လို ကိုယ်အင်္ဂါအချို့ရဲ့ လုပ်ဆောင်နိုင်စွမ်းကိုလည်း လျော့ကျစေပါတယ် သုတေသီတွေအဆိုအရ ပုံမမှန်တဲ့ကိုယ်ဟန်ဟာ ခါးရိုးစောင်းတာတွေ ခေါင်းကိုက်တာတွေ ခါးနာတာတွေနဲ့ ဆက်စပ်နေပါတယ် ဒါပေမယ့် ပုံမမှန်တဲ့ကိုယ်ဟန် က အဓိကအကြောင်းတော့မဟုတ်ပါဘူး ကိုယ်ဟန်အနေအထားက သင့်စိတ်အခြေအနေနဲ့ နာကျင်မှုကို တုံ့ပြန်မှှုကိုတောင် လွှမ်းမိုးနိုင်ပါတယ်။ ကိုယ်ဟန်မှန်မှန်နေထိုင်ဖို့ အကြောင်းအရင်းများစွာရှိပါတယ် ယခုအခါမှာ ပိုခက်ခဲလာပါပြီ အချိန်အကြာကြီးကိုးရို့ကားယားထိုင်တာတွေ ကွန်ပျူတာ လက်ကိုင်ဖုန်းတွေသုံးတာလိုမျိုး အောက်ငုံ့ကြည့်ရတာတွေက ကိုယ်ဟန်မမှန်မှုကိုဖြစ်စေပါတယ် လေ့လာမှုတွေက ယေဘုယျအားဖြင့် ကိုယ်ဟန်အနေအထားဟာပိုဆိုးလာပြီ လို့ဆိုပါတယ် ဒါဆို ပုံမှန်တဲ့ ကိုယ်ဟန်အနေအထားဆိုတာဘာလဲ အရှေ့(သို့)အနောက်ကနေပြီး သင့်ကျောရိုးကိုကြည့်တဲ့အခါ ကျောရိုးဆစ်၃၃ချောင်းလုံးဟာ မျဉ်းတစ်ဖြောင့်တည်းရှိနေရပါမယ် ဘေးတိုက်ကြည့်ရင် ကျောရိုးမှာ မျဉ်းကွေး ၃ခုရှိပါတယ် တစ်ခုက လည်ပင်းမှာ၊နောက်တစ်ခုက ပုခုံးမှာ နောက်ဆုံးအသေးတစ်ခုက ခါးမှာရှိပါတယ် သင့်ရဲ့ကျောရိုးဟာမွေးတုန်းက "S"စာလုံးပုံမဟုတ်ဘူး မွေးစကလေးတွေရဲ့ကျောရိုးဟာ"C"စာလုံးလိုမျိုး မျဉ်းကွေးတစ်ခုပဲရှိပါတယ်။ နောက်မျဉ်းကွေးနှစ်ခုကတော့ ၁၂-၁၈လအရွယ်မှာ ကြွက်သားတွေရဲ့ တင်းအားကြောင့်ဖြစ်ပေါ်လာပါတယ် ဒီမျဉ်းကွေးတွေက တည့်မတ်အောင် ကူညီပေးသလို လမ်းလျှောက်တာခုန်တာတို့လို လှုပ်ရှားမှုတွေက ဖြစ်လာတဲ့ ဒဏ်ကိုလည်းလျော့ချပေးတယ်။ တကယ်လို့ သင်မတ်တက်ရပ်နေတဲ့အချိန် ကျောရိုးဆစ်တွေသာနေရာတကျ ရှိမယ်ဆိုရင် သင်ဟာမျဉ်းဖြောင့်တစ်ကြောင်းကို သင်ပုခုံးရှေ့အမှတ်တခုကနေ တင်ပဆုံရိုးရဲ့အနောက် ဒူးရဲ့အရှေ့ ခြေဖနောင့်ရဲ့အရှေ့ လက်မအနည်းငယ်အကွာထိ ဆွဲနိုင်မှာဖြစ်ပါတယ် ဒီပုံစံဟာသင့်ပေါ်သက်ရောက်နေတဲ့မြေဆွဲအားကို ဗဟိုကျအောင်လုပ်ပေးပြီး အားအင်အနည်းဆုံးနဲ့ ညောင်းညာခြင်းမရှိစေဘဲ သင့်လှုပ်ရှားမှုတွေကို ချောမွေ့စေပါတယ်။ သင်ထိုင်နေတဲ့အခါ လည်ပင်းဟာဒေါင်လိုက်မျဉ်းအတိုင်းရှိရပါမယ် ရှေ့ကိုထွက်မနေရပါဘူး လက်နှစ်ဖက်ကကိုယ်ကိုကပ်ထားပြီး ပုခုံးကသက်တောင့်သက်သာရှိနေရပါမယ် ဒူးကခြေဖဝါးနဲ့ဒေါင့်မှန်အနေအထားရှိနေပြီး ခြေဖဝါးက ကြမ်းပြင်ပေါ်အပြားလိုက်ရှိစေရမယ် ဒီထိုင်တဲ့ပုံစံက ဘာလို့အဆင်မပြေသေးတာလဲ။ သင့်ပတ်ဝန်းကျင်ကို ပြောင်းဖို့ကြိုးစားပါ။ တီဗွီဖန်သားပြင်ကို မျက်စိနဲ့တန်းတန်း(သို့) အောက်နည်းနည်းလျော့ထားပါ လိုအပ်မယ်ဆို တံတောင်ဆစ် လက်ကေက်ဝတ်လို ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ထောက်ကန်ပေးမယ့်ပစ္စည်းတွေကိုအသုံးပြုပါ လည်ပင်းအောက်ခေါင်းအုံးထား ခြေထောက်နှစ်ခုကြား ခေါင်းအုံးထည့်ပြီး ဘေးတစောင်းအိပ်ပါ ဒေါက်နိမ့်ဖိနပ်တွေစီးပါ ဖိနပ်နင်းပြားမှာအခုံးကောင်းကောင်းပါတာစီးပါ ဖုန်းပြောဆိုမှုတွေအတွက် နားကြပ်အသုံးပြုပါ ဒါတွေဟာ ကိုယ်ခန္ဓာပုံစံမှန်ဖို့ မလုံလောက်သေးပါဘူး ကြွက်သားတွေ အဆစ်တွေလှုပ်ရှားနေမှုကလည်း အလွန်အရေးပါပါတယ် တကယ်တော့ ပုံစံကျကျနဲ့ မလှုပ်ရှားဘဲအကြာကြီးထိုင်နေတာက ပုံမကျဘဲပုံမှန်လှုပ်ရှားနေတာထက် ပိုဆိုးပါတယ် လှုပ်ရှားတိုင်း စနစ်ကျပါစေ သင် မ,ထားရတဲ့အရာဝထ္တုတွေကို ခန္ဓာကိုယ်နဲ့ကပ်ထားပါ ကျောပိုးအိတ်တွေကို ဘယ်ညာညီညီမျှမျှဖြင့် ကျောကုန်းနဲ့ကပ်နေအောင်လွယ်ပါ အကြာကြီးထိုင်မယ်ဆို မကြာခဏ ထပြီး လှုပ်ရှားမှုပြုလုပ်ပါ လေ့ကျင့်ခန်းတွေလုပ်ပါ ကြွက်သားတွေအသုံးပြုခြင်းဟာ ကိုယ်ခန္ဓာတောင်းတင်းသန်မာစေပါတယ် အဆစ်၊အရိုး၊ဦးနှောက်၊နှလုံးတို့အတွက်လည်း အကျိုးကျေးဇူးများဖြစ်စေပါတယ် ပုံမမှန်တဲ့နေထိုင်မှုကိုစိုးရိမ်တယ်ဆိုရင် ကာယပညာရှင်နဲ့ဆွေးနွေးပါ ဟုတ်ပါတယ်။ သင်ဟာအမှန်တကယ် မတ်မတ်ရပ်သင့်ပါတယ်။