Return to Video

ဥပက္ခာဝါဒ၏ ဒဿန။ Massimo Pigliucci

  • 0:08 - 0:11
    အိမ်ကနေ မိုင်ထောင်ချီဝေးရာမှာ
    ကိုယ်က သောင်တင်နေတယ်။
  • 0:11 - 0:14
    ပိုက်ဆံ (သို့) ဘာပိုင်ဆိုင်မှုမှမရှိဘူး။
  • 0:14 - 0:20
    ဒီလိုအကျပ်အတည်းက လူအများကို လက်မှိုင်ချကာ
    ကြမ္မာဆိုးကို ကျိန်ဆဲမိအောင်လုပ်လိမ့်မယ်။
  • 0:20 - 0:27
    ဒါပေမဲ့ Cyprus က Zeno ကျတော့ သူ့ဘဝ
    လက်ရာနဲ့ အမွေအနှစ်ရဲ့ အုတ်မြစ်ဖြစ်လာခဲ့တယ်
  • 0:27 - 0:31
    တစ်ခါက ချမ်းသာတဲ့ ကုန်သည်ဟာ
    ဘီစီ ၃၀၀ လောက်က
  • 0:31 - 0:34
    Athens မှာ သင်္ဘောပျက်ရာပါသွားတော့
    အကုန်လုံးဆုံးရှုံးသွားတယ်။
  • 0:34 - 0:38
    အခြားလုပ်စရာသိပ်မရှိတော့ စာအုပ်ဆိုင်
    တစ်ဆိုင် ယောင်တောင်ရောက်သွားမိကာ
  • 0:38 - 0:41
    Socrates အကြောင်းစာအုပ်ဖတ်ရင်း
    စိတ်ဝင်စားမိသွားတယ်။
  • 0:41 - 0:47
    ဆက်လက် ရှာဖွေပြီးမြို့ရဲ့ ထင်ရှားတဲ့
    ဒဿနပညာရှင်တွေနဲ့အတူ ဆည်းပူးခဲ့တယ်။
  • 0:47 - 0:49
    Zeno ဟာ သူ့တပည့်တွေကို စတင်သင်ကြားစဉ်မှာ
  • 0:49 - 0:53
    ဥပက္ခာဝါဒလို့ သိကြတဲ့ ဒဿနကို ဖန်တီးခဲ့တယ်။
  • 0:53 - 0:57
    သူ့သင်ကြားမှုတွေ သုစရိုက်၊ သည်းခံမှုနဲ့
    မိမိကိုယ်ကို ထိန်းချုပ်မှုတို့ဟာ
  • 0:57 - 1:02
    အတွေးအခေါ်ပညာရှင်တွေနဲ့ ခေါင်းဆောင်တွေရဲ့
    မျိုးဆက်တွေကို စေ့ဆော်ပေးခဲ့တယ်။
  • 1:02 - 1:05
    Stoicism ဆိုတဲ့အမည်က
    အလှဆင်ထားတဲ့ လူထုတိုင်လုံးအစဉ်
  • 1:05 - 1:07
    Stoa Poikile ကနေ ဆင်းသက်လာတာပါ။
  • 1:07 - 1:11
    Zeno နဲ့ သူ့ရဲ့ နောက်လိုက်တွေ ဆွေးနွေးဖို့
    စုဝေးရာပေါ့။
  • 1:11 - 1:15
    ယနေ့ခေတ်မှာ အရပ်သုံးအနေနဲ့
    ဥပက္ခာဝါဒခြင်းဆိုတဲ့ စကားလုံးကို
  • 1:15 - 1:18
    ဖိအားတွေအောက်မှာ တည်ငြိမ်နေပြီး
    စိတ်ခံစားမှု အစွန်းတရားတွေကို
  • 1:18 - 1:21
    ရှောင်ရှားသူဆိုတဲ့
    အနက်ဆောင်ဖို့ သုံးကြတယ်။
  • 1:21 - 1:25
    ဒါပေမဲ့ ဒါက ဥပက္ခာဝါဒရဲ့ အရေးပါတဲ့
    လက္ခဏာသွင်ပြင်တွေကို တင်ပြတာပေမဲ့
  • 1:25 - 1:29
    မူလဒဿနကဟာ သဘောထားတစ်ခုထက်
    ပိုပါတယ်။
  • 1:29 - 1:31
    ဥပက္ခာဝါဒီတွေယုံကြည်တာက
    ကျွန်ုပ်တို့ဝန်းကျင်ရှိ
  • 1:31 - 1:35
    အရာတိုင်းဟာ
    ကိုယ်ပိုင်တံဆိပ်လို့ခေါ်တဲ့
  • 1:35 - 1:38
    စကြာဝဠာရဲ့ ယုတ္တိတန်တဲ့တည်ဆောက်မှု
    တစ်ခုမှာ အကျိုးဆက်ပေါ်တဲ့
  • 1:38 - 1:41
    အကြောင်းနဲ့အကျိုးရဲ့ ကွန်ရက်တစ်ခုအတိုင်း
    လုပ်ဆောင်တာပါ။
  • 1:41 - 1:45
    ကျွန်ုပ်တို့ကို ထိခိုက်စေတဲ့ အဖြစ်ပျက်
    တွေကို အမြဲ မထိန်းချုပ်နိုင်လောက်ပေမဲ့
  • 1:45 - 1:50
    အကြောင်းအရာတွေကို ချဉ်းကပ်ပုံကိုတော့
    ထိန်းချုပ်နိုင်ပါတယ်။
  • 1:50 - 1:52
    စံပြလူ့အဖွဲ့အစည်းတစ်ခုကို
    စိတ်ကူးယဉ်နေခြင်းထက်
  • 1:52 - 1:56
    ဥပက္ခာဝါဒီတွေဟာ ကမ္ဘာကြီးကို အရှိအတိုင်း
    ရင်ဆိုင်ဖို့ ကြိုးစားပါတယ်၊
  • 1:56 - 2:00
    အခြေခံအကျဆုံး သုစရိုက် လေးပါးကနေ
    မိမိတိုးတက်ရေးအတွက် လိုက်စားရင်းပါ။
  • 2:00 - 2:02
    လက်တွေကျတဲ့ ဉာဏ်ပညာ
  • 2:02 - 2:08
    ရှုပ်ထွေးတဲ့ အခြေအနေတွေကို ဆီလျော်၊ အသိ
    များ၊ အေးဆေးတဲ့အမူအရာနဲ့ ရှာဖွေနိုင်စွမ်း
  • 2:08 - 2:09
    ခြိုးခြံခြင်း
  • 2:09 - 2:14
    မိမိကိုယ်ကို ထိန်းချုပ်မှု အလေ့အကျင့်နဲ့
    ဘဝရှုထောင့် အာလုံးမှာ အစွန်းမရောက်ခြင်း
  • 2:14 - 2:16
    တရာမျှတမှု
  • 2:16 - 2:20
    သူတို့တွေ အမှားလုပ်မိတဲ့အခါမှာတောင်
    အခြားသူတွေအေပါ် မျှတမှုနဲ့ ဆက်ဆံခြင်း။
  • 2:20 - 2:22
    ပြီးတော့ သတ္တိပါ၊
  • 2:22 - 2:24
    ထူးခြားတဲ့ အခြအနေတွေမှာတင်မဟုတ်ပဲ
  • 2:24 - 2:29
    နေ့စဉ် စိန်ခေါ်မှုတွေကိုပါ ပြတ်သားမှု၊
    တည်ကြည်မှုနဲ့ ရင်ဆိုင်ခြင်းပါ။
  • 2:29 - 2:32
    အထင်ရှားဆုံးတစ်ယောက်ဖြစ်တဲ့ ရိုမန်
    ဥပက္ခာဝါဒီ Seneca ရေးထားတာက
  • 2:32 - 2:36
    "တစ်ခါတစ်လေမှာ ရှင်သန်ဖို့ဆိုတာတောင်
    သတ္တိရဲ့ လုပ်ဆောင်ချက်ပါ"တဲ့
  • 2:36 - 2:40
    ဒါပေမဲ့ ဥပက္ခာဝါဒဟာ တစ်ကိုယ်ရေ
    တိုးတက်မှုကို အာရုံစိုက်ပေမဲ့
  • 2:40 - 2:43
    ဒါဟာ အတ္တဗဟိုပြု ဒဿနတော့မဟုတ်ဘူး။
  • 2:43 - 2:47
    တစ်ချိန်မှာ ရိုမန် ဥပဒေတွေက ကျွန်တွေကို
    ပစ္စည်းအဖြစ်သဘောထားတော့
  • 2:47 - 2:50
    Seneca က သူတို့ရဲ့ လူသားဆန်တဲ့
    အရေးယူမှု တောင်းဆိုပြီး
  • 2:50 - 2:55
    အားလုံးဟာ တူညီတဲ့ အခြေခံ လူသားသဘာဝ
    ရှိတာကို အလေးပေးခဲ့တယ်။
  • 2:55 - 2:58
    ဥပက္ခာဝါဒဟာ ပြုသမျှနုတာကိုလည်း
    အားမပေးပါဘူး။
  • 2:58 - 3:01
    အယူအဆက သုစရိုက်နဲ့ မိမိကိုယ်ကို
    ထိန်းချုပ်မှု ပျိုးထောင်တဲ့လူတွေပဲ
  • 3:01 - 3:07
    အခြားသူတွေအတွက် အပြုသဘောပြောင်းလဲမှုတွေ
    ဆောင်ကြဉ်းနိုင်တယ်ဆိုတာပါ။
  • 3:07 - 3:12
    ထင်ရှားတဲ့ဥပက္ခာဝါဒီ စာဆိုတစ်ယောက်ကတော့
    ရောမရဲ့ အကြီးကျယ်ဆုံး ဧကရာဇ်တစ်ယောက်ပါ။
  • 3:12 - 3:15
    သူ့ရဲ့ ၁၉ နှစ်အုပ်ချုပ်မှုတစ်လျောက်မှာ
  • 3:15 - 3:21
    ဥပက္ခာဝါဒက Marcus Aurelius ကို များပြားတဲ့
    သူ့ကလေးတွေ ဆုံးရှုံးတာကိုရင်ဆိုင်နေစဉ်
  • 3:21 - 3:26
    စစ်ပွဲကြီးနှစ်ခုကနေ အင်ပါရာကိုဦးဆောင်ဖို့
    စိတ်ကြံ့ခိုင်မှုကိုပေးခဲ့တယ်၊
  • 3:26 - 3:30
    ရာစုနှစ်တွေအကြာ Marcus ရဲ့မှတ်တမ်းဟာ
    Nelson Mandela ကို တောင်အာဖရိကမှာ
  • 3:30 - 3:33
    လူမျိုးရေး တန်းတူညီမျှဖို့
    ရုန်းကန်လှုပ်ရှားစဉ်အတွင်း
  • 3:33 - 3:37
    သူရဲ့ ၂၇ နှစ် အကျဉ်းကျတာကနေ
    လမ်းညွှန်၊ နှစ်သိမ့်ပေးလိမ့်မပေါ့။
  • 3:37 - 3:43
    လွတ်ပြီး နောက်ဆုံးအောင်ပွဲမှာ Mandela ဟာ
    ငြိမ်းချမ်းမှုရေး၊ ရင်ကြားစေ့မှုကို အလေးထား
  • 3:43 - 3:46
    အတိတ်ရဲ့ မတရားမှုတွေဟာ
    မပြောင်းလဲနိုင်ပေမဲ့
  • 3:46 - 3:49
    ပြည်သူတွေကို ၎င်းတို့ကို လက်ရှိ
    ရင်ဆိုင်ပြီး ပိုကောင်း၊ ပိုမျှတတဲ့
  • 3:49 - 3:53
    အနာဂတ်တစ်ခုကို တည်ဆောက်ဖို့
    ကြိုးပမ်းနိုင်လို့ယုံကြည်ရင်းပါ။
  • 3:53 - 3:57
    ဥပက္ခာဝါဒဟာ ရာစုများစွာတိုင်
    ဂရိနဲ့ ရောမမှာ



  • 3:57 - 3:59
    တက်ကြွတဲ့ ဒဿနအဖွဲ့ဖြစ်ခဲ့တယ်
  • 3:59 - 4:01
    သမားရိုကျ အဖွဲ့အစည်းအနေနဲ့
    မှေးမှိန်ခဲ့ပေမဲ့
  • 4:01 - 4:05
    ၎င်းရဲ့ ဩဇာကတော့ ယနေ့တိုင် တည်ရှိဆဲပါ။
  • 4:05 - 4:08
    Thomas Aquinas လို
    ခရစ်ယာန် ဘာသာရေးစူးစမ်းသူတွေဟာ
  • 4:08 - 4:12
    သုစရိုက်တွေမပေါ် ၎င်းရဲ့ ဆုံချက်တွေကို
    လေးစားပြီး မွေးစားခဲ့ပြီး
  • 4:12 - 4:17
    Stoic Ataraxia (သို့) စိတ်ရဲ့အေးချမ်းမှု
    နဲ့ ဗုဒ္ဓဘာသာ နိဗ္ဗာန်သဘောအကြားမှာ
  • 4:17 - 4:21
    နှိုင်းယှဉ်ချက်တွေရှိခဲ့တယ်။
  • 4:21 - 4:26
    ထူးထူးခြားခြား ဩဇာရှိတဲ့ ဥပက္ခာဝါဒီ
    ကတော့ ဒဿနပညာရှင် Epictetus ပါ၊
  • 4:26 - 4:27
    ဝေဒနာခံစားခြင်းဟာ ကျွန်ုပ်တို့ဘဝတွေထဲက
  • 4:27 - 4:32
    အဖြစ်အပျက်တွေမှာ အရင်းမခံပဲ ဒါတွေကို
    အကဲဖြတ်တာကပါလို့ ရေးခဲ့သူပါ။
  • 4:32 - 4:35
    ဒါဟာ ခေတ်သစ်စိတ်ပညာနဲ့ မိမိကိုယ်ကို
    ကူညီမှု လှုပ်ရှားမှုနဲ့အတူ
  • 4:35 - 4:38
    ပြင်းထန်စွာ ဟိန်းထွက်ခဲ့တယ်။
  • 4:38 - 4:41
    ဥပမာ မူမှန် စိတ်လှုပ်ရှားမှု
    အပြုအမူဆိုင်ရာကုထုံးဟာ
  • 4:41 - 4:44
    လူတွေဟာ သူတို့ဘဝအြခအနေတွေ
    အကြောင်းဖြစ်တည်တဲ့
  • 4:44 - 4:49
    မိမိဘာသာ အရှုံးပေးတဲ့ သဘောထားတွေ
    ပြောင်းလဲခြင်းကို အ၊ရုံစိုက်တယ်။
  • 4:49 - 4:53
    Viktor Frankl ရဲ့ logotheraphy
    ဆိုတာလည်း ရှိပါသေးတယ်။
  • 4:53 - 4:57
    စစ်အကျဉ်းသားအဖြစ်နဲ့
    Frankl ရဲ့ ကိုယ်တွေ့အချိန်ကနေ သိခဲ့တဲ့
  • 4:57 - 5:00
    logotheraphy ဟာ
    ကျွန်ုပ်တို့ရဲ့ စိတ်စွမ်းအားကို
  • 5:00 - 5:04
    စိတ်ဓာတ်အကျဆုံး အခြေအနေတွေမှာတောင်
    ဘဝတွေကို အဓိပ္ပါယ်နဲ့ဖြည့်ဖို့ ထိန်းချုပ်
  • 5:04 - 5:07
    အသုံးပြုနိုင်တယ်ဆိုတဲ့ ဥပက္ခာ
    မူကို အခြေခံပါတယ်။
Title:
ဥပက္ခာဝါဒ၏ ဒဿန။ Massimo Pigliucci
Description:

သင်ခန်းစာ အပြည့်အစုံကို http://ed.ted.com/lessons/the-philosophy-of-stoicism-massimo-pigliucci တွင်ကြည့်ပါ။
ကျွန်ုပ်တို့ နေထိုင်နိုင်တဲ့ အကောင်းဆုံးဘဝက ဘာပါလဲ။ လောကြီးက ကျွန်ုပ်တို့ကို ပစ်ပေးသမျှကို ကိုင်တွယ်ဖြေရှင်းနိုင်ပြီး ဘာပဲဖြစ်နေနေ ဘယ်လို ဆက်လက် ရှင်သန်နိုင်မလဲ။ ဆင်းရဲဥပက္ခာဝါဒရဲ့ ရှေးဟောင်း Greco-Roman ဒဿနကနေပြီး ကျွန်ုပ်တို့ကို ထိခိုက်စေတဲ့ အဖြစ်အပျက်တွေကို ထိန်းချုပ်လို့ မရနိုင်လောက်ပေမယ့် အကြောင်းခြင်းရာတွေကို ကျွန်ုပ်တို့ ချဉ်းကပ်ပုံကို ထိန်းချုပ်နိုင်ပါတယ်ဆိုတာကို ရှင်းပြထားပါတယ်။ Massimo Pigliucci ကနေပြီး ဥပက္ခာဝါဒ၏ ဒဿနကို သရုပ်ဖော်ရှင်းပြထားပါတယ်။
သင်ခန်းစာကို Massimo Pigliucci ကပြုစုပြီး လှုပ်ရှားမှုရုပ်ပုံများကိုတော့ Compote Collective က ဖန်တီးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:30

Burmese subtitles

Revisions