1 00:00:08,207 --> 00:00:11,126 အိမ်ကနေ မိုင်ထောင်ချီဝေးရာမှာ ကိုယ်က သောင်တင်နေတယ်။ 2 00:00:11,126 --> 00:00:14,097 ပိုက်ဆံ (သို့) ဘာပိုင်ဆိုင်မှုမှမရှိဘူး။ 3 00:00:14,097 --> 00:00:19,526 ဒီလိုအကျပ်အတည်းက လူအများကို လက်မှိုင်ချကာ ကြမ္မာဆိုးကို ကျိန်ဆဲမိအောင်လုပ်လိမ့်မယ်။ 4 00:00:19,526 --> 00:00:26,506 ဒါပေမဲ့ Cyprus က Zeno ကျတော့ သူ့ဘဝ လက်ရာနဲ့ အမွေအနှစ်ရဲ့ အုတ်မြစ်ဖြစ်လာခဲ့တယ် 5 00:00:26,506 --> 00:00:31,411 တစ်ခါက ချမ်းသာတဲ့ ကုန်သည်ဟာ ဘီစီ ၃၀၀ လောက်က 6 00:00:31,411 --> 00:00:34,386 Athens မှာ သင်္ဘောပျက်ရာပါသွားတော့ အကုန်လုံးဆုံးရှုံးသွားတယ်။ 7 00:00:34,386 --> 00:00:37,631 အခြားလုပ်စရာသိပ်မရှိတော့ စာအုပ်ဆိုင် တစ်ဆိုင် ယောင်တောင်ရောက်သွားမိကာ 8 00:00:37,631 --> 00:00:40,526 Socrates အကြောင်းစာအုပ်ဖတ်ရင်း စိတ်ဝင်စားမိသွားတယ်။ 9 00:00:40,526 --> 00:00:46,667 ဆက်လက် ရှာဖွေပြီးမြို့ရဲ့ ထင်ရှားတဲ့ ဒဿနပညာရှင်တွေနဲ့အတူ ဆည်းပူးခဲ့တယ်။ 10 00:00:46,667 --> 00:00:49,396 Zeno ဟာ သူ့တပည့်တွေကို စတင်သင်ကြားစဉ်မှာ 11 00:00:49,396 --> 00:00:53,359 ဥပက္ခာဝါဒလို့ သိကြတဲ့ ဒဿနကို ဖန်တီးခဲ့တယ်။ 12 00:00:53,359 --> 00:00:56,862 သူ့သင်ကြားမှုတွေ သုစရိုက်၊ သည်းခံမှုနဲ့ မိမိကိုယ်ကို ထိန်းချုပ်မှုတို့ဟာ 13 00:00:56,862 --> 00:01:01,649 အတွေးအခေါ်ပညာရှင်တွေနဲ့ ခေါင်းဆောင်တွေရဲ့ မျိုးဆက်တွေကို စေ့ဆော်ပေးခဲ့တယ်။ 14 00:01:01,649 --> 00:01:05,337 Stoicism ဆိုတဲ့အမည်က အလှဆင်ထားတဲ့ လူထုတိုင်လုံးအစဉ် 15 00:01:05,337 --> 00:01:07,296 Stoa Poikile ကနေ ဆင်းသက်လာတာပါ။ 16 00:01:07,296 --> 00:01:11,358 Zeno နဲ့ သူ့ရဲ့ နောက်လိုက်တွေ ဆွေးနွေးဖို့ စုဝေးရာပေါ့။ 17 00:01:11,358 --> 00:01:14,606 ယနေ့ခေတ်မှာ အရပ်သုံးအနေနဲ့ ဥပက္ခာဝါဒခြင်းဆိုတဲ့ စကားလုံးကို 18 00:01:14,606 --> 00:01:18,068 ဖိအားတွေအောက်မှာ တည်ငြိမ်နေပြီး စိတ်ခံစားမှု အစွန်းတရားတွေကို 19 00:01:18,068 --> 00:01:21,127 ရှောင်ရှားသူဆိုတဲ့ အနက်ဆောင်ဖို့ သုံးကြတယ်။ 20 00:01:21,127 --> 00:01:24,717 ဒါပေမဲ့ ဒါက ဥပက္ခာဝါဒရဲ့ အရေးပါတဲ့ လက္ခဏာသွင်ပြင်တွေကို တင်ပြတာပေမဲ့ 21 00:01:24,717 --> 00:01:29,057 မူလဒဿနကဟာ သဘောထားတစ်ခုထက် ပိုပါတယ်။ 22 00:01:29,057 --> 00:01:31,348 ဥပက္ခာဝါဒီတွေယုံကြည်တာက ကျွန်ုပ်တို့ဝန်းကျင်ရှိ 23 00:01:31,348 --> 00:01:34,758 အရာတိုင်းဟာ ကိုယ်ပိုင်တံဆိပ်လို့ခေါ်တဲ့ 24 00:01:34,758 --> 00:01:37,902 စကြာဝဠာရဲ့ ယုတ္တိတန်တဲ့တည်ဆောက်မှု တစ်ခုမှာ အကျိုးဆက်ပေါ်တဲ့ 25 00:01:37,902 --> 00:01:40,768 အကြောင်းနဲ့အကျိုးရဲ့ ကွန်ရက်တစ်ခုအတိုင်း လုပ်ဆောင်တာပါ။ 26 00:01:40,768 --> 00:01:44,989 ကျွန်ုပ်တို့ကို ထိခိုက်စေတဲ့ အဖြစ်ပျက် တွေကို အမြဲ မထိန်းချုပ်နိုင်လောက်ပေမဲ့ 27 00:01:44,989 --> 00:01:49,799 အကြောင်းအရာတွေကို ချဉ်းကပ်ပုံကိုတော့ ထိန်းချုပ်နိုင်ပါတယ်။ 28 00:01:49,799 --> 00:01:52,297 စံပြလူ့အဖွဲ့အစည်းတစ်ခုကို စိတ်ကူးယဉ်နေခြင်းထက် 29 00:01:52,297 --> 00:01:55,828 ဥပက္ခာဝါဒီတွေဟာ ကမ္ဘာကြီးကို အရှိအတိုင်း ရင်ဆိုင်ဖို့ ကြိုးစားပါတယ်၊ 30 00:01:55,828 --> 00:02:00,479 အခြေခံအကျဆုံး သုစရိုက် လေးပါးကနေ မိမိတိုးတက်ရေးအတွက် လိုက်စားရင်းပါ။ 31 00:02:00,479 --> 00:02:01,829 လက်တွေကျတဲ့ ဉာဏ်ပညာ 32 00:02:01,829 --> 00:02:08,220 ရှုပ်ထွေးတဲ့ အခြေအနေတွေကို ဆီလျော်၊ အသိ များ၊ အေးဆေးတဲ့အမူအရာနဲ့ ရှာဖွေနိုင်စွမ်း 33 00:02:08,220 --> 00:02:09,250 ခြိုးခြံခြင်း 34 00:02:09,250 --> 00:02:14,449 မိမိကိုယ်ကို ထိန်းချုပ်မှု အလေ့အကျင့်နဲ့ ဘဝရှုထောင့် အာလုံးမှာ အစွန်းမရောက်ခြင်း 35 00:02:14,449 --> 00:02:15,870 တရာမျှတမှု 36 00:02:15,870 --> 00:02:20,129 သူတို့တွေ အမှားလုပ်မိတဲ့အခါမှာတောင် အခြားသူတွေအေပါ် မျှတမှုနဲ့ ဆက်ဆံခြင်း။ 37 00:02:20,129 --> 00:02:21,580 ပြီးတော့ သတ္တိပါ၊ 38 00:02:21,580 --> 00:02:24,210 ထူးခြားတဲ့ အခြအနေတွေမှာတင်မဟုတ်ပဲ 39 00:02:24,210 --> 00:02:28,820 နေ့စဉ် စိန်ခေါ်မှုတွေကိုပါ ပြတ်သားမှု၊ တည်ကြည်မှုနဲ့ ရင်ဆိုင်ခြင်းပါ။ 40 00:02:28,820 --> 00:02:32,180 အထင်ရှားဆုံးတစ်ယောက်ဖြစ်တဲ့ ရိုမန် ဥပက္ခာဝါဒီ Seneca ရေးထားတာက 41 00:02:32,180 --> 00:02:36,460 "တစ်ခါတစ်လေမှာ ရှင်သန်ဖို့ဆိုတာတောင် သတ္တိရဲ့ လုပ်ဆောင်ချက်ပါ"တဲ့ 42 00:02:36,460 --> 00:02:40,281 ဒါပေမဲ့ ဥပက္ခာဝါဒဟာ တစ်ကိုယ်ရေ တိုးတက်မှုကို အာရုံစိုက်ပေမဲ့ 43 00:02:40,281 --> 00:02:42,971 ဒါဟာ အတ္တဗဟိုပြု ဒဿနတော့မဟုတ်ဘူး။ 44 00:02:42,971 --> 00:02:47,221 တစ်ချိန်မှာ ရိုမန် ဥပဒေတွေက ကျွန်တွေကို ပစ္စည်းအဖြစ်သဘောထားတော့ 45 00:02:47,221 --> 00:02:49,871 Seneca က သူတို့ရဲ့ လူသားဆန်တဲ့ အရေးယူမှု တောင်းဆိုပြီး 46 00:02:49,871 --> 00:02:54,542 အားလုံးဟာ တူညီတဲ့ အခြေခံ လူသားသဘာဝ ရှိတာကို အလေးပေးခဲ့တယ်။ 47 00:02:54,542 --> 00:02:57,511 ဥပက္ခာဝါဒဟာ ပြုသမျှနုတာကိုလည်း အားမပေးပါဘူး။ 48 00:02:57,511 --> 00:03:00,742 အယူအဆက သုစရိုက်နဲ့ မိမိကိုယ်ကို ထိန်းချုပ်မှု ပျိုးထောင်တဲ့လူတွေပဲ 49 00:03:00,742 --> 00:03:07,012 အခြားသူတွေအတွက် အပြုသဘောပြောင်းလဲမှုတွေ ဆောင်ကြဉ်းနိုင်တယ်ဆိုတာပါ။ 50 00:03:07,012 --> 00:03:12,141 ထင်ရှားတဲ့ဥပက္ခာဝါဒီ စာဆိုတစ်ယောက်ကတော့ ရောမရဲ့ အကြီးကျယ်ဆုံး ဧကရာဇ်တစ်ယောက်ပါ။ 51 00:03:12,141 --> 00:03:14,862 သူ့ရဲ့ ၁၉ နှစ်အုပ်ချုပ်မှုတစ်လျောက်မှာ 52 00:03:14,862 --> 00:03:21,413 ဥပက္ခာဝါဒက Marcus Aurelius ကို များပြားတဲ့ သူ့ကလေးတွေ ဆုံးရှုံးတာကိုရင်ဆိုင်နေစဉ် 53 00:03:21,413 --> 00:03:25,532 စစ်ပွဲကြီးနှစ်ခုကနေ အင်ပါရာကိုဦးဆောင်ဖို့ စိတ်ကြံ့ခိုင်မှုကိုပေးခဲ့တယ်၊ 54 00:03:25,532 --> 00:03:30,143 ရာစုနှစ်တွေအကြာ Marcus ရဲ့မှတ်တမ်းဟာ Nelson Mandela ကို တောင်အာဖရိကမှာ 55 00:03:30,143 --> 00:03:32,923 လူမျိုးရေး တန်းတူညီမျှဖို့ ရုန်းကန်လှုပ်ရှားစဉ်အတွင်း 56 00:03:32,923 --> 00:03:37,173 သူရဲ့ ၂၇ နှစ် အကျဉ်းကျတာကနေ လမ်းညွှန်၊ နှစ်သိမ့်ပေးလိမ့်မပေါ့။ 57 00:03:37,173 --> 00:03:42,664 လွတ်ပြီး နောက်ဆုံးအောင်ပွဲမှာ Mandela ဟာ ငြိမ်းချမ်းမှုရေး၊ ရင်ကြားစေ့မှုကို အလေးထား 58 00:03:42,664 --> 00:03:46,152 အတိတ်ရဲ့ မတရားမှုတွေဟာ မပြောင်းလဲနိုင်ပေမဲ့ 59 00:03:46,152 --> 00:03:49,234 ပြည်သူတွေကို ၎င်းတို့ကို လက်ရှိ ရင်ဆိုင်ပြီး ပိုကောင်း၊ ပိုမျှတတဲ့ 60 00:03:49,234 --> 00:03:52,803 အနာဂတ်တစ်ခုကို တည်ဆောက်ဖို့ ကြိုးပမ်းနိုင်လို့ယုံကြည်ရင်းပါ။ 61 00:03:52,803 --> 00:03:56,813 ဥပက္ခာဝါဒဟာ ရာစုများစွာတိုင် ဂရိနဲ့ ရောမမှာ 62 00:03:56,813 --> 00:03:58,593 တက်ကြွတဲ့ ဒဿနအဖွဲ့ဖြစ်ခဲ့တယ် 63 00:03:58,593 --> 00:04:01,202 သမားရိုကျ အဖွဲ့အစည်းအနေနဲ့ မှေးမှိန်ခဲ့ပေမဲ့ 64 00:04:01,202 --> 00:04:05,095 ၎င်းရဲ့ ဩဇာကတော့ ယနေ့တိုင် တည်ရှိဆဲပါ။ 65 00:04:05,095 --> 00:04:08,184 Thomas Aquinas လို ခရစ်ယာန် ဘာသာရေးစူးစမ်းသူတွေဟာ 66 00:04:08,184 --> 00:04:12,211 သုစရိုက်တွေမပေါ် ၎င်းရဲ့ ဆုံချက်တွေကို လေးစားပြီး မွေးစားခဲ့ပြီး 67 00:04:12,211 --> 00:04:17,264 Stoic Ataraxia (သို့) စိတ်ရဲ့အေးချမ်းမှု နဲ့ ဗုဒ္ဓဘာသာ နိဗ္ဗာန်သဘောအကြားမှာ 68 00:04:17,264 --> 00:04:21,486 နှိုင်းယှဉ်ချက်တွေရှိခဲ့တယ်။ 69 00:04:21,486 --> 00:04:25,658 ထူးထူးခြားခြား ဩဇာရှိတဲ့ ဥပက္ခာဝါဒီ ကတော့ ဒဿနပညာရှင် Epictetus ပါ၊ 70 00:04:25,658 --> 00:04:27,489 ဝေဒနာခံစားခြင်းဟာ ကျွန်ုပ်တို့ဘဝတွေထဲက 71 00:04:27,489 --> 00:04:32,338 အဖြစ်အပျက်တွေမှာ အရင်းမခံပဲ ဒါတွေကို အကဲဖြတ်တာကပါလို့ ရေးခဲ့သူပါ။ 72 00:04:32,338 --> 00:04:35,300 ဒါဟာ ခေတ်သစ်စိတ်ပညာနဲ့ မိမိကိုယ်ကို ကူညီမှု လှုပ်ရှားမှုနဲ့အတူ 73 00:04:35,300 --> 00:04:37,819 ပြင်းထန်စွာ ဟိန်းထွက်ခဲ့တယ်။ 74 00:04:37,819 --> 00:04:41,013 ဥပမာ မူမှန် စိတ်လှုပ်ရှားမှု အပြုအမူဆိုင်ရာကုထုံးဟာ 75 00:04:41,013 --> 00:04:44,115 လူတွေဟာ သူတို့ဘဝအြခအနေတွေ အကြောင်းဖြစ်တည်တဲ့ 76 00:04:44,115 --> 00:04:48,816 မိမိဘာသာ အရှုံးပေးတဲ့ သဘောထားတွေ ပြောင်းလဲခြင်းကို အ၊ရုံစိုက်တယ်။ 77 00:04:48,816 --> 00:04:53,102 Viktor Frankl ရဲ့ logotheraphy ဆိုတာလည်း ရှိပါသေးတယ်။ 78 00:04:53,102 --> 00:04:57,137 စစ်အကျဉ်းသားအဖြစ်နဲ့ Frankl ရဲ့ ကိုယ်တွေ့အချိန်ကနေ သိခဲ့တဲ့ 79 00:04:57,137 --> 00:04:59,895 logotheraphy ဟာ ကျွန်ုပ်တို့ရဲ့ စိတ်စွမ်းအားကို 80 00:04:59,895 --> 00:05:04,159 စိတ်ဓာတ်အကျဆုံး အခြေအနေတွေမှာတောင် ဘဝတွေကို အဓိပ္ပါယ်နဲ့ဖြည့်ဖို့ ထိန်းချုပ် 81 00:05:04,159 --> 00:05:06,775 အသုံးပြုနိုင်တယ်ဆိုတဲ့ ဥပက္ခာ မူကို အခြေခံပါတယ်။