Return to Video

ကျွန်တော့အဖိုးကို လုံခြုံနေအောင် ပြုစုထုတ်လုပ်လိုက်တဲ့ ကျွန်တော်ရဲ့ တီထွင်မှုရိုးရိုးလေး

  • 0:00 - 0:02
    အမေရိကန် ပြည်သူတွေရဲ့ ကျန်းမာရေးအတွက်
  • 0:02 - 0:04

    အမြန်ဆုံး ကြီးထွားလာနေတဲ့ အန္တရာယ်ကဘာလဲ။
  • 0:04 - 0:07
    ကင်ဆာလား၊နှလုံးဖောက်ပြန်မှုလား၊ဆီးချိုလား၊
  • 0:08 - 0:09
    အဲဒါတွေ တခုမှ မဟုတ်ပါ၊ အဖြေမှန်က
  • 0:09 - 0:11
    Alzheimer ရောဂါပါ။
  • 0:11 - 0:13
    ၆၇ စက္ကန့်တိုင်းမှာ၊ အမေရိကန် ပြည်ထောင်စုထဲတွင်
  • 0:13 - 0:16
    လူတစ်ယောက်ကျ Alzheimer ရောဂါရှိတာကို
    တွေ့ရှိနေရပါတယ်။
  • 0:16 - 0:18
    ၂၀၅၀ ပြည့်နှစ် အရောက်မှာ Alzheimer
  • 0:18 - 0:20
    ရောဂါရှိသူဦးရေဟာ သုံးဆများလာမယ်ဆိုတော့၊
  • 0:20 - 0:23
    သူတို့ကို၊ ပြီးတော့ သက်ကြီးအားလုံးတို့ကို၊
    စောင့်ရှောက်ပေးရေးဟာ
  • 0:23 - 0:25
    လူ့အဖွဲ့အစည်းကြီးအတွက် တကယ့်ကို
    ကြီးမားလှတဲ့ စိန်ခေါ်မှုကြီး ဖြစ်လာပါမယ်။
  • 0:25 - 0:27
    ကျွန်တော့မိသားစုဟာ Alzheimer ရောဂါ ရှိသူအား
  • 0:27 - 0:28
    စောင့်ရှောက်ရေး ပြဿနာနဲ့
  • 0:28 - 0:31
    ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်လာခဲ့ရပါတယ်။
  • 0:31 - 0:33
    မျိုးဆက် သုံးခု နေထိုင်နေတဲ့ မိသားစုထဲမှာ
    ကြီးထွားလာခဲ့ရတာမို့လို့
  • 0:33 - 0:35
    ကျွန်တော်ဟာ ကျွန်တော့ အဖိုးနဲ့
    သိပ်ကို နီးနီးကပ်ကပ် ဆက်ဆံခဲ့ရပါတယ်။
  • 0:35 - 0:37
    ကျွန်တော် လေးနှစ်အရွယ်တုန်းက ကျွန်တော်နဲ့
  • 0:37 - 0:39
    အဖိုးတို့ဟာ ဂျပန်နိုင်ငံထဲက
    ပန်းခြံမှာ လမ်းလျှောက်နေခဲ့စဉ်
  • 0:39 - 0:40
    အဖိုးဟာ ရုတ်တရက်ဆိုသလို
    လမ်းပျောက်သွားခဲ့ပါတယ်။
  • 0:40 - 0:44
    အဲဒါဟာ ကျွန်တော့ဘဝအတွက်
    စိတ်အခြောက်ခြားဆုံး အချိန်ဖြစ်ခဲ့ကာ၊
  • 0:44 - 0:46
    အဲဒီအချိန်ကစပြီး အဖိုးဆီမှာ
    Alzheimer ရောဂါရှိနေတာကို
  • 0:46 - 0:48
    ကျွန်တော်တို့ ပထမဆုံးအကြိမ် သိလိုက်ကြရတာပါ။
  • 0:48 - 0:50
    လွန်ခဲ့တဲ့ ၁၂ နှစ်ကာလအတွင်းမှာ သူ့အခြေအနေဟာ
  • 0:50 - 0:52
    ပိုပို ဆိုးဝါးလာခဲ့ပါတယ်၊
  • 0:52 - 0:54
    သူ ထပြီး တစ်နေရာရာကို
    လမ်းလျှောက်ထွက်သွားမှာကို
  • 0:54 - 0:56
    ကျွန်တော့မိသားစုဟာ သိပ်ကို စိတ်ပူရပါတယ်။
  • 0:56 - 0:57
    ၎င်းအား အဓိကစောင့်ရှောက်ပေးသူ
    ကျွန်တော့အဒေါ်ဆိုရင်၊
  • 0:57 - 0:59
    ညမှာတောင် သူ့ကို စောင့်ကြည့်နေဖို့အတွက်
  • 0:59 - 1:00
    အိပ်မပျော်မိအောင် မနည်းကြီး ကြိုးစားရပါတယ်၊
  • 1:00 - 1:02
    ပြီးတော့ အဖိုးဟာ အိပ်ရာပေါ်မှ ထသွားတာကို
    သတိမထားမိဘဲ
  • 1:02 - 1:03
    လွတ်လွတ်သွားတာ မကြာခဏပါပဲ။
  • 1:03 - 1:06
    ကျွန်တော်ဟာ ကျွန်တော့
    အဒေါ်ရဲ့ ကျန်းမာရေးအတွက် နဲ့
  • 1:06 - 1:08
    ကျွန်တော့အဖိုးရဲ့ လုံခြုံမှုအတွက်ပါ
    ကျွန်တော်ဟာ သိပ်ကို စိတ်ပူမိပါတယ်။
  • 1:08 - 1:09
    အဲဒါနဲ့ ကျွန်တော့မိသားစုရဲ့ ပြဿနာကို
    ကူညီဖြေရှင်းနိုင်မယ့်
  • 1:09 - 1:11
    အဖြေကို အပတ်တကုတ် ရှာကြံခဲ့ရာ၊
  • 1:11 - 1:12
    တခုကိုမှ ရှာမတွေ့ခဲ့ပါ။
  • 1:13 - 1:15
    အဲဒါနဲ့၊ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်တုန်းက
    ညတညမှာ၊
  • 1:15 - 1:17
    ကျွန်တော်ဟာ အဖိုးကို စောင့်ကြည့်နေစဉ်
    ကုတင်းပေါ်မှ
  • 1:17 - 1:19
    ထလိုက်တာကို တွေ့လိုက်ပါတယ်။
  • 1:19 - 1:21
    သူ့ခြေဖဝါးက ကြမ်းနဲ့ ထိလိုက်ချိန်မှာ၊
  • 1:21 - 1:23
    သူ့ခြေဖနောက်မှာ ဖိအားကို
    ခံစားသိနိုင်မဲ့ အာရုံခံကိရိယာ
  • 1:23 - 1:24
    တစ်ခုတပ်ဆင်ပေးဖို့ စိတ်ကူးရလိုက်တယ်။
  • 1:24 - 1:26
    သူဟာ ကြမ်းပေါ်ကို ခြေကို ချလိုက်လို့
    ကုတင်းပေါ်မှ ထလိုက်တာနဲ့၊
  • 1:26 - 1:28
    ဖိအား အာရုံခံကိရိယာဟာ
    ခန္ဓာကိုယ်ရဲ့
  • 1:28 - 1:31
    အလေးချိန် ဖိအားကို ခံစားနိုင်မှာမို့၊
  • 1:31 - 1:32
    စောင့်ရှောက်ပေးသူရဲ့ စမတ်ဖုန်းဆီကို
    ကြိုးမဲ့ စာတိုကို ပို့ပေးနိုင်မှာပါ။
  • 1:32 - 1:34
    အဲဒီလိုဆိုရင် ကျွန်တော့ အဒေါ်ဟာ
    အဖိုးလျှောက်သွားနေမှာကို
  • 1:34 - 1:36
    စိုးရိမ်စရာမလိုဘဲ
  • 1:36 - 1:39
    ညဖက်မှာ စိတ်ချလက်ချ အိပ်နိုင်မှာဖြစ်ပါတယ်။
  • 1:39 - 1:42
    အခုတော့ ကျွန်တော်ဟာ အဲဒီခြေအိတ်ကို
    လက်တွေ့ ပြပေးချင်ပါတယ်။
  • 1:42 - 1:45
    ကျွန်တော့ရဲ့ ခြေအိတ်မော်ဒယ်ကို
    စင်မြင့်ပေါ်ကို
  • 1:45 - 1:48
    ယူဆောင်ပေးနိုင်မလားခင်ဗျာ။
  • 1:49 - 1:51
    ဟုတ်ပြီ။
  • 1:52 - 1:56
    ဒီတော့ လူနာက ကြမ်းပြင်ပေါ်ကို
    ခြေကို ခြေချလိုက်တာနဲ့ --
  • 1:56 - 1:57
    (အသံမြည်နေ) --
  • 1:57 - 1:59
    သတိပေးချက် တခုကို စောင့်ရှောက်ပေးသူရဲ့
  • 1:59 - 2:00
    စမတ်ဖုန်းဆီသို့ ပို့လိုက်ပါတယ်။
  • 2:05 - 2:06
    ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)
  • 2:06 - 2:09
    ကျေးဇူးတင်ပါတယ်၊ ဒါက ခြေအိတ်မော်ဒယ်ပါ။
  • 2:12 - 2:14
    ဒါက ကျွန်တော် စစချင်းမှာ
    ရေးဆွဲခဲ့တဲ့ ပုံစံဒီဇိုင်းပါ။
  • 2:14 - 2:16
    ခံစားနိုင်စွမ်းကို အခြေခံထားတဲ့ နည်းပညာကို
    တီထွင်ဖို့
  • 2:16 - 2:18
    ကျွန်တော် စိတ်ကူးရလာတာက
  • 2:18 - 2:20
    အာရုံခံကိရိယာများ နဲ့ နည်းပညာတွေကို တသက်လုံး
  • 2:20 - 2:22
    စိတ်ဝင်စားခဲ့မှုနဲ့ ဆက်စပ်နေတာ ဖြစ်နိုင်ပါတယ်။
  • 2:22 - 2:23
    ကျွန်တော် အသက် ခြောက်နှစ်တုန်းက၊
  • 2:23 - 2:25
    အသက်ကြီးရင့်သူ ကျွန်တော်တို့ မိသားစုရဲ့
    မိတ်ဆွေတဦးဟာ
  • 2:25 - 2:26
    ရေချိုးခန်းထဲမှာ လဲကျသွားခဲ့လို့
  • 2:26 - 2:28
    ဒဏ်ရာတွေ အပြင်းအထန် ရရှိသွားခဲ့ပါတယ်။
  • 2:28 - 2:30
    ကျွန်တော့ အဖိုးအဖွားတို့အတွက်ပါ
    စိုးရိမ်မိလာလို့
  • 2:30 - 2:32
    ရေချိုးခန်း အတွက် စမတ်စနစ် တခုကို
    တီထွင်ရန် ဆုံးဖြတ်လိုက်ပါတယ်။
  • 2:32 - 2:34
    ရေချိုးခန်းကြမ်း ကြွေပြားတွေထဲကို လှုပ်ရှားမှုကို
  • 2:34 - 2:36
    သိနိုင်တဲ့ အာရုံခံကိရိယာတွေကို
    ထည့်သွင်းပေးခြင်းဖြင့််
  • 2:36 - 2:37
    အသက်ကြီးသူတွေကို
    ရေချိုးခန်းထဲက ကြမ်းပေါ်ကို
  • 2:37 - 2:39
    လဲကျမိတိုင်းမှာ သိရှိနိုင်မှာ ဖြစ်ပါတယ်။
  • 2:39 - 2:41
    ကျွန်တော်ဟာ အဲဒီတုန်းက
    အသက်ခြောက်နှစ်သာ ရှိခဲ့ကာ
  • 2:41 - 2:44
    သူငယ်တန်းကို မပြီးဆုံးခဲ့သေးတော့၊
  • 2:44 - 2:46
    ကျွန်တော့ စိတ်ကူးကို လက်တွေ့ ရုပ်လုံးဖေါ်ဖို့
    လိုအပ်တဲ့
  • 2:46 - 2:48
    အရင်းအမြစ်များ နဲ့ ကိရိယာတွေ မရှိခဲ့ပေမဲ့၊
  • 2:48 - 2:50
    အဲဒီလို စူးစမ်းလိုစိတ်က သက်ကြီးသူတွေကို
    ကူညီပေးရန်
  • 2:50 - 2:53
    အာရုံခံကိရိယာတွေကို အသုံးပြုရေး
    ဆိုတဲ့ စိတ်ကူးဟာ
  • 2:53 - 2:55
    ကျွန်တော့ခေါင်းထဲမှာ
    တချိန်လုံး ရှိနေခဲ့ပါတယ်။
  • 2:55 - 2:57
    အာရုံခံကိရိယာတွေဟာ သက်ကြီးတွေရဲ့
    ဘဝ အရည်အသွေးကို
  • 2:57 - 3:00
    မြှင့်တင်ကူညီနိုင်မှာကို
    ကျွန်တော် တကယ်ယုံကြည်ပါတယ်။
  • 3:00 - 3:02
    ကျွန်တော့ စိတ်ကူးကို ချကြည့်လိုက်တော့၊
    စိန်ခေါ်မှုကြီး
  • 3:02 - 3:04
    သုံးခု ရင်ဆိုင်ရမှာကို နားလည်လိုက်တယ်၊
  • 3:04 - 3:06
    ပထမဦးဆုံးက အာရုံခံကိရိယာကို တီထွင်ရန်ပါပဲ၊
  • 3:06 - 3:08
    ဒုတိယက ပတ်လမ်းဇယားကို ဒီဇိုင်းပြုစုရန်၊
  • 3:08 - 3:09
    ပြီးတော့ တတိယက
    စမတ်ဖုန်း အက်ပ် ကုဒ်ကို ပြုစုရန်ပါပဲ။
  • 3:09 - 3:11
    အဲဒီကျမှ ကျွန်တော့ ပရိုဂျက်ကို
    ရုပ်လုံးဖေါ်ရေးဟာ
  • 3:11 - 3:13
    အစပိုင်းမှာ ကျွန်တော် ထင်ခဲ့တာထက်ကို
  • 3:13 - 3:15
    များစွာမှ ခဲယဉ်းတာကို
    ကျွန်တော် နားလည်လိုက်တယ်။
  • 3:15 - 3:17
    ပမထအချက်အနေနဲ့၊ လူနာ ခြေဖဝါးမှာ
    သက်သောင့်သက်သာရှိကာ
  • 3:17 - 3:19
    တပ်ဆင်ပေးလို့ရမယ့် ပါးပြီးပျော့ပျောင်းတဲ့
    အာရုံခံကိရိယာကို
  • 3:19 - 3:21
    ကျွန်တော် တီထွင်ရန် လိုခဲ့ပါတယ်။
  • 3:21 - 3:23
    တော်တော်များများ သုတေသန ပြုလုပ်ခဲ့ကာ
  • 3:23 - 3:25
    ရာဘာလို ပစ္စည်းအမျိုးမျိုးကို စမ်းကြည့်ခဲ့လို့၊
  • 3:25 - 3:26
    ရာဘာဟာ ထူလွန်းလို့
    ခြေဖဝါးအောက်မှာ ဝတ်ဆင်ဖို့
  • 3:26 - 3:28
    အဆင်သိပ်မပြေတာကို တွေ့ခဲ့တယ်။
  • 3:28 - 3:29
    အဲဒါနဲ့ ကျွန်တော်ဟာ လျှပ်စီးနိုင်ကာ
    ဖိအားကို
  • 3:29 - 3:30
    အာရုံခံနိုင်တဲ့ မင်မှုန်လေးတွေပါတဲ့
  • 3:30 - 3:31
    အလွှာပါး အာရုံခံကိရိယာကို
    ပုံနှိပ်ယူရန်
  • 3:31 - 3:33
    ဆုံးဖြတ်လိုက်ပါတယ်။
  • 3:33 - 3:35
    ဖိအား ရှိလာတာနဲ့ အမှုန်တွေအကြားက
    လျှပ်စီးမှုဟာ တိုးလာပါတယ်။
  • 3:35 - 3:37
    အဲဒါနဲ့ ကျွန်တော်ဟာ ၎င်းတို့ရဲ့ လျှပ်စစ်
  • 3:37 - 3:39
    ခုခံနိုင်စွမ်းကို တိုင်းကြည့်ကာ
  • 3:39 - 3:41
    ဖိအားကို တိုင်းနိုင်မယ့် စက်ကို ထွင်ခဲ့ရပါတယ်။
  • 3:41 - 3:42
    အဲဒီနောက်၊ ကျွန်တော်ဟာ ဆောင်လို့ရနိုင်တဲ့
  • 3:42 - 3:44
    ကြိုးမဲ့ ပတ်လမ်းကို ပုံစံဆွဲခဲ့ရပါတယ်၊
  • 3:44 - 3:46
    ဒါပေမဲ့ ကြိုးမဲ့ အချက်ပြမှု ထုတ်လွင့်ပေးဖို့အတွက်
  • 3:46 - 3:47
    စွမ်းအား တော်တော်များများ လိုအပ်ကာ၊
  • 3:47 - 3:49
    လေးလံကြီးမားတဲ့ ဓာတ်ခဲတွေ လိုပါတယ်။
  • 3:49 - 3:51
    ကံကောင်းချင်တော့၊ ကျွန်တော်ဟာ Bluetooth
  • 3:51 - 3:53
    စွမ်းအားနိမ့် နည်းပညာကို ရှာတွေ့နိုင်ခဲ့ရာ
  • 3:53 - 3:54
    စွမ်းအားသုံးစွဲမှု နည်းတဲ့အပြင် အကြွေစေ့အရွယ်
  • 3:54 - 3:56
    ဓာတ်ခဲလေးနဲ့ မောင်းနှင်နိုင်ပါတယ်။
  • 3:56 - 3:58
    အဲဒါကြောင့်မို့လို့ ကျွန်တော့စနစ်ဟာ
    ညနက်ချိန်မှာ
  • 3:58 - 4:00
    အားကုန်သွားမှာကို ကြောက်စရာ မလိုခဲ့ပါ။
  • 4:00 - 4:02
    နောက်ဆုံးအနေနဲ့၊ စမတ်ဖုန်း
    အက်ပ်ကို ကုဒ်သွင်းပေးလျက်
  • 4:02 - 4:04
    စောင့်ရှောက်ပေးသူရဲ့ စမတ်ဖုန်းကို အဝေးထိန်း
  • 4:04 - 4:06
    စောင့်ကြည့်စက်လို ပြောင်းလဲပစ်ရန် ဖြစ်ခဲ့ပါတယ်။
  • 4:06 - 4:08
    အဲဒီလို လုပ်နိုင်ဖို့အတွက်၊ Java နဲ့ XCode
    တွေဆိုင်ရာ
  • 4:08 - 4:09
    အသိပညာတွေကို လေ့လာယူခဲ့ရကာ
  • 4:09 - 4:12
    စွမ်းအင်နိမ့် ဘလူးတုသ် ကိရိယာတွေကို
    ကုဒ်သွင်းပေးဖို့ကိုကျတော့
  • 4:12 - 4:14
    YouTube လက်တွေ့သင်တန်းတွေ နဲ့
  • 4:14 - 4:16
    စာအုပ်အမျိုးမျိုးတို့ထဲမှ လေ့လာခဲ့ပါတယ်။
  • 4:16 - 4:19
    အဲဒီ အစိတ်အပိုင်းတွေကို စုစည်းပေးလျက်၊
    ကျွန်တော်ဟာ
  • 4:19 - 4:21
    ရှေ့ပြေးပုံစံ နှစ်မျိုးကို အောင်မြင်စွာ
    တီထွင်ခဲ့တယ်၊
  • 4:21 - 4:23
    တခုထဲတွင် အာရုံခံကိရိယာကို
    ခြေအိတ်ထဲ ထည့်သွင်းခဲ့တယ်၊
  • 4:23 - 4:26
    နောက်တခုကျတော့ ဖြုတ်တပ်နိုင်တဲ့
    အာရုံခံပစ္စည်းအစုံဖြစ်ခဲ့ရာ
  • 4:26 - 4:28
    လူနာရဲ့ ခြေဖဝါး အောက်ပိုင်းနဲ့ ထိတွေ့နိုင်တဲ့
  • 4:28 - 4:30
    ဘယ်နေရာမှာမဆို တပ်ဆင်ပေးရန် ဖြစ်တယ်။
  • 4:30 - 4:31
    ကျွန်တော်ဟာ ကျွန်တော့ ကိရိယာကို
    အဖိုးပေါ်မှာ
  • 4:31 - 4:33
    စမ်းသပ်ကြည့်တာ တနှစ်ခန့်ရှိပြီ၊
  • 4:33 - 4:35
    ၎င်းဟာ သူရဲ့ ထွက်လျှောက်မှု အကြိမ် ၉၀၀
    ရှိခဲ့တဲ့ထဲက
  • 4:35 - 4:37
    ၁၀၀ ရာခိုင်နှုန်းပြည့်ကို
    ဖေါ်ထုတ်ပေးနိုင်ခဲ့ပါတယ်။
  • 4:37 - 4:39
    လွန်ခဲ့တဲ့ နွေရာသီမှာ ကျွန်တော်ဟာ
  • 4:39 - 4:40
    ကျွန်တော့ ကိရိယာရဲ့ ဘီတာ စမ်းသပ်မှုကို
  • 4:40 - 4:42
    ကယ်လီဖိုနီးယား လူနေရပ်ကွက်များထဲက
    စောင့်ရှောက်ရေး
  • 4:42 - 4:44
    နေရာ အများအပြားမှာ စမ်းသပ်ခဲ့လို့
  • 4:44 - 4:45
    ကျွန်တော်ဟာ ရရှိခဲ့တဲ့ တုံ့ပြန်ချက်တွေကို
    လေ့လာနေကာ
  • 4:45 - 4:47
    ကိရိယာကို ဈေးကွက်တင် ရောင်းနိုင်ဖို့
  • 4:47 - 4:49
    မြှင့်တင်ရန် အားထုတ်နေပါတယ်။
  • 4:49 - 4:51
    အဲဒီကိရိယာကို လူနာ တော်တော်များများနဲ့
    စမ်းသပ်ကြည့်ခဲ့လို့
  • 4:51 - 4:53
    လူတွေအနေနဲ့ ညဖက်မှာ ခြေအိတ်ကို
    စွပ်ထားရန် မလိုအပ်တဲ့
  • 4:53 - 4:54
    ဖြေရှင်းနည်းမျိုး တီထွင်ပေးမှာကို လူတွေ
  • 4:54 - 4:56
    လိုချင်နေကြတာ သိလာရပါတယ်။
  • 4:56 - 4:58
    လူနာ အများအပြားတို့ထံမှ စုစည်းရရှိထားတဲ့
  • 4:58 - 5:00
    အဲဒီလို အာရုံခံကိရိယာရဲ့ ဒေတာဟာ
  • 5:00 - 5:01
    လူနာများအား စောင့်ရှောက်မှုကို မြှင့်တင်ရာမှာ
    အသုံးဝင်နိုင်သလို
  • 5:01 - 5:03
    ရောဂါတွေကို ကုစားပေးရေး နည်းစနစ်ကိုပါ
    ရှာတွေ့ရေးဆီကို
  • 5:03 - 5:05
    ဦးတည်ပေးချင် ပေးနိုင်ပါမယ်။
  • 5:05 - 5:07
    ဥပမာ၊ လောလောဆယ်မှာ ကျွန်တော်ဟာ
    လူနာတယောက်ရဲ့
  • 5:07 - 5:09
    ညအချိန် ထွက်လျှောက်တတ်တဲ့ ကြိမ်နှုန်း နဲ့
  • 5:09 - 5:11
    သူရဲ့ နေ့စဉ် စားသောက်မှု အမူအကျင့်များနဲ့
  • 5:11 - 5:13
    ဆက်နွှယ်နေပုံကို လေ့လာနေပါတယ်။
  • 5:14 - 5:16
    ကျွန်တော် ဘယ်တော့မှာမှ မေ့မရနိုင်တာကတော့
  • 5:16 - 5:17
    ကျွန်တော့အဖိုး ညအချိန်မှာ ကုတင်းပေါ်မှထလျက်
  • 5:17 - 5:19
    ထွက်လျှောက်ခဲ့တာကို
    ပထမဆုံးအကြိမ် ရှာတွေ့နိုင်ခဲ့မှုပါပဲ။
  • 5:19 - 5:20
    အဲဒီအချိန်ကလေးမှာ၊
    ကျွန်တော်ဟာ နည်းပညာတွေရဲ့
  • 5:20 - 5:22
    ဘဝကို ပြောင်းလဲ မြှင့်တင်ပေးရေး
  • 5:22 - 5:24
    စွမ်းပကားကို တကယ့်ကို အံ့အားသင့်နေခဲ့ပါတယ်။
  • 5:24 - 5:26
    ကျွန်တော် စိတ်ကူးယဉ်မိတဲ့ ကမ္ဘာကြီးက
  • 5:26 - 5:28
    လူတွေ ပျော်ရွှင်စွာ နဲ့ ကျန်းမာစွာ
    နေထိုင်နိုင်ကြမယ့် ကမ္ဘာကြီးပါပဲ။
  • 5:28 - 5:30
    အထူး ကျေးဇူးတင်ပါတယ်။
  • 5:30 - 5:34
    (လက်ခုပ်သံများ)
Title:
ကျွန်တော့အဖိုးကို လုံခြုံနေအောင် ပြုစုထုတ်လုပ်လိုက်တဲ့ ကျွန်တော်ရဲ့ တီထွင်မှုရိုးရိုးလေး
Speaker:
Kenneth Shinozuka
Description:

စိတ်ဖောက်ပြန်မှု ရောဂါရှိသူတို့ရဲ့ ခြောက်ဆယ် ရာခိုင်နှုန်းတို့ဟာ ထထွက်ပြီး လမ်းလျှောက်တတ်ကြရာ၊ လူနာအတွက်ရော စောင့်ရှောက်ပေးကြသူတို့ အတွက်ပါ တော်တော့ကို စိတ်ညစ်စရာကြီးပါ။ လက်ရှိ စိတ်ဝင်စားစရာ ဆွေးနွေးပွဲထဲမှာ လူငယ် တီထွင်ရှင် Kenneth Shinozuka က ညညမှာ လမ်းထွက် လျှောက်တတ်တဲ့ သူ့အဖိုး နဲ့ ၎င်းအား စောင့်ရှောက်ပေးနေခဲ့တဲ့ သူ့အဒေါ်ကို ကူညီပေးရန် ဖြေရှင်းနည်း အသစ်ကို ရှာကြံခဲ့ပုံ နဲ့ Alzheimer ရောဂါ ရှိကြသူတို့အား ကူညီပေးနိုင်မယ့် သူ့မျှော်လင့်ချက်များ အကြောင်း တင်ပြထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
05:46

Burmese subtitles

Revisions