WEBVTT 00:00:00.000 --> 00:00:02.067 အမေရိကန် ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် 00:00:02.067 --> 00:00:04.135 အမြန်ဆုံး ကြီးထွားလာနေတဲ့ အန္တရာယ်ကဘာလဲ။ 00:00:04.135 --> 00:00:06.973 ကင်ဆာလား၊နှလုံးဖောက်ပြန်မှုလား၊ဆီးချိုလား၊ 00:00:07.603 --> 00:00:09.449 အဲဒါတွေ တခုမှ မဟုတ်ပါ၊ အဖြေမှန်က 00:00:09.449 --> 00:00:11.250 Alzheimer ရောဂါပါ။ 00:00:11.250 --> 00:00:13.276 ၆၇ စက္ကန့်တိုင်းမှာ၊ အမေရိကန် ပြည်ထောင်စုထဲတွင် 00:00:13.276 --> 00:00:15.567 လူတစ်ယောက်ကျ Alzheimer ရောဂါရှိတာကို တွေ့ရှိနေရပါတယ်။ 00:00:15.567 --> 00:00:17.858 ၂၀၅၀ ပြည့်နှစ် အရောက်မှာ Alzheimer 00:00:17.858 --> 00:00:20.149 ရောဂါရှိသူဦးရေဟာ သုံးဆများလာမယ်ဆိုတော့၊ 00:00:20.149 --> 00:00:23.446 သူတို့ကို၊ ပြီးတော့ သက်ကြီးအားလုံးတို့ကို၊ စောင့်ရှောက်ပေးရေးဟာ 00:00:23.446 --> 00:00:25.119 လူ့အဖွဲ့အစည်းကြီးအတွက် တကယ့်ကို ကြီးမားလှတဲ့ စိန်ခေါ်မှုကြီး ဖြစ်လာပါမယ်။ 00:00:25.119 --> 00:00:26.792 ကျွန်တော့မိသားစုဟာ Alzheimer ရောဂါ ရှိသူအား 00:00:26.792 --> 00:00:28.465 စောင့်ရှောက်ရေး ပြဿနာနဲ့ 00:00:28.465 --> 00:00:30.967 ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်လာခဲ့ရပါတယ်။ 00:00:30.967 --> 00:00:33.107 မျိုးဆက် သုံးခု နေထိုင်နေတဲ့ မိသားစုထဲမှာ ကြီးထွားလာခဲ့ရတာမို့လို့ 00:00:33.107 --> 00:00:35.262 ကျွန်တော်ဟာ ကျွန်တော့ အဖိုးနဲ့ သိပ်ကို နီးနီးကပ်ကပ် ဆက်ဆံခဲ့ရပါတယ်။ 00:00:35.262 --> 00:00:36.689 ကျွန်တော် လေးနှစ်အရွယ်တုန်းက ကျွန်တော်နဲ့ 00:00:36.689 --> 00:00:39.192 အဖိုးတို့ဟာ ဂျပန်နိုင်ငံထဲက ပန်းခြံမှာ လမ်းလျှောက်နေခဲ့စဉ် 00:00:39.192 --> 00:00:40.497 အဖိုးဟာ ရုတ်တရက်ဆိုသလို လမ်းပျောက်သွားခဲ့ပါတယ်။ 00:00:40.497 --> 00:00:43.710 အဲဒါဟာ ကျွန်တော့ဘဝအတွက် စိတ်အခြောက်ခြားဆုံး အချိန်ဖြစ်ခဲ့ကာ၊ 00:00:43.710 --> 00:00:46.117 အဲဒီအချိန်ကစပြီး အဖိုးဆီမှာ Alzheimer ရောဂါရှိနေတာကို 00:00:46.117 --> 00:00:48.086 ကျွန်တော်တို့ ပထမဆုံးအကြိမ် သိလိုက်ကြရတာပါ။ 00:00:48.086 --> 00:00:50.055 လွန်ခဲ့တဲ့ ၁၂ နှစ်ကာလအတွင်းမှာ သူ့အခြေအနေဟာ 00:00:50.055 --> 00:00:51.977 ပိုပို ဆိုးဝါးလာခဲ့ပါတယ်၊ 00:00:51.977 --> 00:00:53.899 သူ ထပြီး တစ်နေရာရာကို လမ်းလျှောက်ထွက်သွားမှာကို 00:00:53.899 --> 00:00:55.823 ကျွန်တော့မိသားစုဟာ သိပ်ကို စိတ်ပူရပါတယ်။ 00:00:55.823 --> 00:00:57.331 ၎င်းအား အဓိကစောင့်ရှောက်ပေးသူ ကျွန်တော့အဒေါ်ဆိုရင်၊ 00:00:57.331 --> 00:00:58.839 ညမှာတောင် သူ့ကို စောင့်ကြည့်နေဖို့အတွက် 00:00:58.839 --> 00:01:00.241 အိပ်မပျော်မိအောင် မနည်းကြီး ကြိုးစားရပါတယ်၊ 00:01:00.241 --> 00:01:01.643 ပြီးတော့ အဖိုးဟာ အိပ်ရာပေါ်မှ ထသွားတာကို သတိမထားမိဘဲ 00:01:01.643 --> 00:01:03.047 လွတ်လွတ်သွားတာ မကြာခဏပါပဲ။ 00:01:03.047 --> 00:01:05.858 ကျွန်တော်ဟာ ကျွန်တော့ အဒေါ်ရဲ့ ကျန်းမာရေးအတွက် နဲ့ 00:01:05.858 --> 00:01:07.615 ကျွန်တော့အဖိုးရဲ့ လုံခြုံမှုအတွက်ပါ ကျွန်တော်ဟာ သိပ်ကို စိတ်ပူမိပါတယ်။ 00:01:07.615 --> 00:01:09.372 အဲဒါနဲ့ ကျွန်တော့မိသားစုရဲ့ ပြဿနာကို ကူညီဖြေရှင်းနိုင်မယ့် 00:01:09.372 --> 00:01:11.130 အဖြေကို အပတ်တကုတ် ရှာကြံခဲ့ရာ၊ 00:01:11.130 --> 00:01:12.490 တခုကိုမှ ရှာမတွေ့ခဲ့ပါ။ 00:01:12.960 --> 00:01:15.026 အဲဒါနဲ့၊ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်တုန်းက ညတညမှာ၊ 00:01:15.026 --> 00:01:17.092 ကျွန်တော်ဟာ အဖိုးကို စောင့်ကြည့်နေစဉ် ကုတင်းပေါ်မှ 00:01:17.092 --> 00:01:19.158 ထလိုက်တာကို တွေ့လိုက်ပါတယ်။ 00:01:19.158 --> 00:01:20.909 သူ့ခြေဖဝါးက ကြမ်းနဲ့ ထိလိုက်ချိန်မှာ၊ 00:01:20.909 --> 00:01:22.660 သူ့ခြေဖနောက်မှာ ဖိအားကို ခံစားသိနိုင်မဲ့ အာရုံခံကိရိယာ 00:01:22.660 --> 00:01:24.412 တစ်ခုတပ်ဆင်ပေးဖို့ စိတ်ကူးရလိုက်တယ်။ 00:01:24.412 --> 00:01:26.446 သူဟာ ကြမ်းပေါ်ကို ခြေကို ချလိုက်လို့ ကုတင်းပေါ်မှ ထလိုက်တာနဲ့၊ 00:01:26.446 --> 00:01:28.480 ဖိအား အာရုံခံကိရိယာဟာ ခန္ဓာကိုယ်ရဲ့ 00:01:28.480 --> 00:01:30.516 အလေးချိန် ဖိအားကို ခံစားနိုင်မှာမို့၊ 00:01:30.516 --> 00:01:32.448 စောင့်ရှောက်ပေးသူရဲ့ စမတ်ဖုန်းဆီကို ကြိုးမဲ့ စာတိုကို ပို့ပေးနိုင်မှာပါ။ 00:01:32.448 --> 00:01:34.380 အဲဒီလိုဆိုရင် ကျွန်တော့ အဒေါ်ဟာ အဖိုးလျှောက်သွားနေမှာကို 00:01:34.380 --> 00:01:36.312 စိုးရိမ်စရာမလိုဘဲ 00:01:36.312 --> 00:01:39.002 ညဖက်မှာ စိတ်ချလက်ချ အိပ်နိုင်မှာဖြစ်ပါတယ်။ 00:01:39.002 --> 00:01:41.935 အခုတော့ ကျွန်တော်ဟာ အဲဒီခြေအိတ်ကို လက်တွေ့ ပြပေးချင်ပါတယ်။ 00:01:41.935 --> 00:01:44.868 ကျွန်တော့ရဲ့ ခြေအိတ်မော်ဒယ်ကို စင်မြင့်ပေါ်ကို 00:01:44.868 --> 00:01:47.802 ယူဆောင်ပေးနိုင်မလားခင်ဗျာ။ 00:01:48.831 --> 00:01:50.560 ဟုတ်ပြီ။ 00:01:52.170 --> 00:01:55.950 ဒီတော့ လူနာက ကြမ်းပြင်ပေါ်ကို ခြေကို ခြေချလိုက်တာနဲ့ -- 00:01:55.950 --> 00:01:57.360 (အသံမြည်နေ) -- 00:01:57.360 --> 00:01:58.770 သတိပေးချက် တခုကို စောင့်ရှောက်ပေးသူရဲ့ 00:01:58.770 --> 00:02:00.182 စမတ်ဖုန်းဆီသို့ ပို့လိုက်ပါတယ်။ 00:02:04.571 --> 00:02:06.057 ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ) 00:02:06.057 --> 00:02:09.225 ကျေးဇူးတင်ပါတယ်၊ ဒါက ခြေအိတ်မော်ဒယ်ပါ။ 00:02:12.045 --> 00:02:14.177 ဒါက ကျွန်တော် စစချင်းမှာ ရေးဆွဲခဲ့တဲ့ ပုံစံဒီဇိုင်းပါ။ 00:02:14.177 --> 00:02:16.309 ခံစားနိုင်စွမ်းကို အခြေခံထားတဲ့ နည်းပညာကို တီထွင်ဖို့ 00:02:16.309 --> 00:02:18.195 ကျွန်တော် စိတ်ကူးရလာတာက 00:02:18.195 --> 00:02:20.081 အာရုံခံကိရိယာများ နဲ့ နည်းပညာတွေကို တသက်လုံး 00:02:20.081 --> 00:02:21.969 စိတ်ဝင်စားခဲ့မှုနဲ့ ဆက်စပ်နေတာ ဖြစ်နိုင်ပါတယ်။ 00:02:21.979 --> 00:02:23.251 ကျွန်တော် အသက် ခြောက်နှစ်တုန်းက၊ 00:02:23.251 --> 00:02:24.523 အသက်ကြီးရင့်သူ ကျွန်တော်တို့ မိသားစုရဲ့ မိတ်ဆွေတဦးဟာ 00:02:24.523 --> 00:02:25.795 ရေချိုးခန်းထဲမှာ လဲကျသွားခဲ့လို့ 00:02:25.795 --> 00:02:27.505 ဒဏ်ရာတွေ အပြင်းအထန် ရရှိသွားခဲ့ပါတယ်။ 00:02:27.505 --> 00:02:29.606 ကျွန်တော့ အဖိုးအဖွားတို့အတွက်ပါ စိုးရိမ်မိလာလို့ 00:02:29.606 --> 00:02:31.592 ရေချိုးခန်း အတွက် စမတ်စနစ် တခုကို တီထွင်ရန် ဆုံးဖြတ်လိုက်ပါတယ်။ 00:02:31.592 --> 00:02:33.578 ရေချိုးခန်းကြမ်း ကြွေပြားတွေထဲကို လှုပ်ရှားမှုကို 00:02:33.578 --> 00:02:35.520 သိနိုင်တဲ့ အာရုံခံကိရိယာတွေကို ထည့်သွင်းပေးခြင်းဖြင့်် 00:02:35.520 --> 00:02:37.462 အသက်ကြီးသူတွေကို ရေချိုးခန်းထဲက ကြမ်းပေါ်ကို NOTE Paragraph 00:02:37.462 --> 00:02:39.404 လဲကျမိတိုင်းမှာ သိရှိနိုင်မှာ ဖြစ်ပါတယ်။ 00:02:39.404 --> 00:02:41.416 ကျွန်တော်ဟာ အဲဒီတုန်းက အသက်ခြောက်နှစ်သာ ရှိခဲ့ကာ 00:02:41.416 --> 00:02:43.635 သူငယ်တန်းကို မပြီးဆုံးခဲ့သေးတော့၊ 00:02:43.635 --> 00:02:45.854 ကျွန်တော့ စိတ်ကူးကို လက်တွေ့ ရုပ်လုံးဖေါ်ဖို့ လိုအပ်တဲ့ 00:02:45.854 --> 00:02:48.073 အရင်းအမြစ်များ နဲ့ ကိရိယာတွေ မရှိခဲ့ပေမဲ့၊ 00:02:48.073 --> 00:02:50.367 အဲဒီလို စူးစမ်းလိုစိတ်က သက်ကြီးသူတွေကို ကူညီပေးရန် 00:02:50.367 --> 00:02:52.661 အာရုံခံကိရိယာတွေကို အသုံးပြုရေး ဆိုတဲ့ စိတ်ကူးဟာ 00:02:52.661 --> 00:02:54.965 ကျွန်တော့ခေါင်းထဲမှာ တချိန်လုံး ရှိနေခဲ့ပါတယ်။ 00:02:54.965 --> 00:02:57.269 အာရုံခံကိရိယာတွေဟာ သက်ကြီးတွေရဲ့ ဘဝ အရည်အသွေးကို 00:02:57.269 --> 00:02:59.654 မြှင့်တင်ကူညီနိုင်မှာကို ကျွန်တော် တကယ်ယုံကြည်ပါတယ်။ 00:02:59.654 --> 00:03:02.039 ကျွန်တော့ စိတ်ကူးကို ချကြည့်လိုက်တော့၊ စိန်ခေါ်မှုကြီး 00:03:02.039 --> 00:03:04.425 သုံးခု ရင်ဆိုင်ရမှာကို နားလည်လိုက်တယ်၊ 00:03:04.425 --> 00:03:06.194 ပထမဦးဆုံးက အာရုံခံကိရိယာကို တီထွင်ရန်ပါပဲ၊ 00:03:06.194 --> 00:03:07.773 ဒုတိယက ပတ်လမ်းဇယားကို ဒီဇိုင်းပြုစုရန်၊ 00:03:07.773 --> 00:03:09.491 ပြီးတော့ တတိယက စမတ်ဖုန်း အက်ပ် ကုဒ်ကို ပြုစုရန်ပါပဲ။ 00:03:09.491 --> 00:03:11.209 အဲဒီကျမှ ကျွန်တော့ ပရိုဂျက်ကို ရုပ်လုံးဖေါ်ရေးဟာ 00:03:11.209 --> 00:03:12.927 အစပိုင်းမှာ ကျွန်တော် ထင်ခဲ့တာထက်ကို 00:03:12.927 --> 00:03:14.982 များစွာမှ ခဲယဉ်းတာကို ကျွန်တော် နားလည်လိုက်တယ်။ 00:03:14.982 --> 00:03:17.067 ပမထအချက်အနေနဲ့၊ လူနာ ခြေဖဝါးမှာ သက်သောင့်သက်သာရှိကာ 00:03:17.067 --> 00:03:19.152 တပ်ဆင်ပေးလို့ရမယ့် ပါးပြီးပျော့ပျောင်းတဲ့ အာရုံခံကိရိယာကို 00:03:19.152 --> 00:03:20.986 ကျွန်တော် တီထွင်ရန် လိုခဲ့ပါတယ်။ 00:03:20.986 --> 00:03:22.820 တော်တော်များများ သုတေသန ပြုလုပ်ခဲ့ကာ 00:03:22.820 --> 00:03:24.610 ရာဘာလို ပစ္စည်းအမျိုးမျိုးကို စမ်းကြည့်ခဲ့လို့၊ 00:03:24.610 --> 00:03:26.400 ရာဘာဟာ ထူလွန်းလို့ ခြေဖဝါးအောက်မှာ ဝတ်ဆင်ဖို့ 00:03:26.400 --> 00:03:27.519 အဆင်သိပ်မပြေတာကို တွေ့ခဲ့တယ်။ 00:03:27.519 --> 00:03:28.638 အဲဒါနဲ့ ကျွန်တော်ဟာ လျှပ်စီးနိုင်ကာ ဖိအားကို 00:03:28.638 --> 00:03:29.978 အာရုံခံနိုင်တဲ့ မင်မှုန်လေးတွေပါတဲ့ 00:03:29.978 --> 00:03:31.318 အလွှာပါး အာရုံခံကိရိယာကို ပုံနှိပ်ယူရန် 00:03:31.318 --> 00:03:32.660 ဆုံးဖြတ်လိုက်ပါတယ်။ 00:03:32.660 --> 00:03:34.840 ဖိအား ရှိလာတာနဲ့ အမှုန်တွေအကြားက လျှပ်စီးမှုဟာ တိုးလာပါတယ်။ 00:03:34.840 --> 00:03:37.020 အဲဒါနဲ့ ကျွန်တော်ဟာ ၎င်းတို့ရဲ့ လျှပ်စစ် 00:03:37.020 --> 00:03:39.200 ခုခံနိုင်စွမ်းကို တိုင်းကြည့်ကာ 00:03:39.200 --> 00:03:40.808 ဖိအားကို တိုင်းနိုင်မယ့် စက်ကို ထွင်ခဲ့ရပါတယ်။ 00:03:40.808 --> 00:03:42.416 အဲဒီနောက်၊ ကျွန်တော်ဟာ ဆောင်လို့ရနိုင်တဲ့ 00:03:42.416 --> 00:03:44.056 ကြိုးမဲ့ ပတ်လမ်းကို ပုံစံဆွဲခဲ့ရပါတယ်၊ 00:03:44.056 --> 00:03:45.696 ဒါပေမဲ့ ကြိုးမဲ့ အချက်ပြမှု ထုတ်လွင့်ပေးဖို့အတွက် 00:03:45.696 --> 00:03:47.338 စွမ်းအား တော်တော်များများ လိုအပ်ကာ၊ 00:03:47.338 --> 00:03:49.134 လေးလံကြီးမားတဲ့ ဓာတ်ခဲတွေ လိုပါတယ်။ 00:03:49.134 --> 00:03:50.930 ကံကောင်းချင်တော့၊ ကျွန်တော်ဟာ Bluetooth 00:03:50.930 --> 00:03:52.703 စွမ်းအားနိမ့် နည်းပညာကို ရှာတွေ့နိုင်ခဲ့ရာ 00:03:52.703 --> 00:03:54.476 စွမ်းအားသုံးစွဲမှု နည်းတဲ့အပြင် အကြွေစေ့အရွယ် 00:03:54.476 --> 00:03:56.277 ဓာတ်ခဲလေးနဲ့ မောင်းနှင်နိုင်ပါတယ်။ 00:03:56.277 --> 00:03:58.078 အဲဒါကြောင့်မို့လို့ ကျွန်တော့စနစ်ဟာ ညနက်ချိန်မှာ 00:03:58.078 --> 00:03:59.880 အားကုန်သွားမှာကို ကြောက်စရာ မလိုခဲ့ပါ။ 00:03:59.880 --> 00:04:01.860 နောက်ဆုံးအနေနဲ့၊ စမတ်ဖုန်း အက်ပ်ကို ကုဒ်သွင်းပေးလျက် 00:04:01.860 --> 00:04:03.840 စောင့်ရှောက်ပေးသူရဲ့ စမတ်ဖုန်းကို အဝေးထိန်း 00:04:03.840 --> 00:04:05.725 စောင့်ကြည့်စက်လို ပြောင်းလဲပစ်ရန် ဖြစ်ခဲ့ပါတယ်။ 00:04:05.725 --> 00:04:07.610 အဲဒီလို လုပ်နိုင်ဖို့အတွက်၊ Java နဲ့ XCode တွေဆိုင်ရာ 00:04:07.610 --> 00:04:09.497 အသိပညာတွေကို လေ့လာယူခဲ့ရကာ 00:04:09.497 --> 00:04:11.618 စွမ်းအင်နိမ့် ဘလူးတုသ် ကိရိယာတွေကို ကုဒ်သွင်းပေးဖို့ကိုကျတော့ 00:04:11.618 --> 00:04:13.739 YouTube လက်တွေ့သင်တန်းတွေ နဲ့ 00:04:13.739 --> 00:04:16.165 စာအုပ်အမျိုးမျိုးတို့ထဲမှ လေ့လာခဲ့ပါတယ်။ 00:04:16.165 --> 00:04:18.591 အဲဒီ အစိတ်အပိုင်းတွေကို စုစည်းပေးလျက်၊ ကျွန်တော်ဟာ 00:04:18.591 --> 00:04:21.019 ရှေ့ပြေးပုံစံ နှစ်မျိုးကို အောင်မြင်စွာ တီထွင်ခဲ့တယ်၊ 00:04:21.019 --> 00:04:23.347 တခုထဲတွင် အာရုံခံကိရိယာကို ခြေအိတ်ထဲ ထည့်သွင်းခဲ့တယ်၊ 00:04:23.347 --> 00:04:25.743 နောက်တခုကျတော့ ဖြုတ်တပ်နိုင်တဲ့ အာရုံခံပစ္စည်းအစုံဖြစ်ခဲ့ရာ 00:04:25.743 --> 00:04:27.949 လူနာရဲ့ ခြေဖဝါး အောက်ပိုင်းနဲ့ ထိတွေ့နိုင်တဲ့ 00:04:27.949 --> 00:04:29.526 ဘယ်နေရာမှာမဆို တပ်ဆင်ပေးရန် ဖြစ်တယ်။ 00:04:29.526 --> 00:04:31.103 ကျွန်တော်ဟာ ကျွန်တော့ ကိရိယာကို အဖိုးပေါ်မှာ 00:04:31.103 --> 00:04:32.682 စမ်းသပ်ကြည့်တာ တနှစ်ခန့်ရှိပြီ၊ 00:04:32.682 --> 00:04:34.593 ၎င်းဟာ သူရဲ့ ထွက်လျှောက်မှု အကြိမ် ၉၀၀ ရှိခဲ့တဲ့ထဲက 00:04:34.593 --> 00:04:36.746 ၁၀၀ ရာခိုင်နှုန်းပြည့်ကို ဖေါ်ထုတ်ပေးနိုင်ခဲ့ပါတယ်။ 00:04:36.746 --> 00:04:38.899 လွန်ခဲ့တဲ့ နွေရာသီမှာ ကျွန်တော်ဟာ 00:04:38.899 --> 00:04:40.465 ကျွန်တော့ ကိရိယာရဲ့ ဘီတာ စမ်းသပ်မှုကို 00:04:40.465 --> 00:04:42.031 ကယ်လီဖိုနီးယား လူနေရပ်ကွက်များထဲက စောင့်ရှောက်ရေး 00:04:42.031 --> 00:04:43.598 နေရာ အများအပြားမှာ စမ်းသပ်ခဲ့လို့ 00:04:43.598 --> 00:04:45.309 ကျွန်တော်ဟာ ရရှိခဲ့တဲ့ တုံ့ပြန်ချက်တွေကို လေ့လာနေကာ 00:04:45.309 --> 00:04:47.020 ကိရိယာကို ဈေးကွက်တင် ရောင်းနိုင်ဖို့ 00:04:47.020 --> 00:04:48.733 မြှင့်တင်ရန် အားထုတ်နေပါတယ်။ 00:04:48.733 --> 00:04:50.841 အဲဒီကိရိယာကို လူနာ တော်တော်များများနဲ့ စမ်းသပ်ကြည့်ခဲ့လို့ 00:04:50.841 --> 00:04:52.639 လူတွေအနေနဲ့ ညဖက်မှာ ခြေအိတ်ကို စွပ်ထားရန် မလိုအပ်တဲ့ 00:04:52.639 --> 00:04:54.437 ဖြေရှင်းနည်းမျိုး တီထွင်ပေးမှာကို လူတွေ 00:04:54.437 --> 00:04:56.168 လိုချင်နေကြတာ သိလာရပါတယ်။ 00:04:56.168 --> 00:04:57.899 လူနာ အများအပြားတို့ထံမှ စုစည်းရရှိထားတဲ့ 00:04:57.899 --> 00:04:59.630 အဲဒီလို အာရုံခံကိရိယာရဲ့ ဒေတာဟာ 00:04:59.630 --> 00:05:01.345 လူနာများအား စောင့်ရှောက်မှုကို မြှင့်တင်ရာမှာ အသုံးဝင်နိုင်သလို 00:05:01.345 --> 00:05:03.060 ရောဂါတွေကို ကုစားပေးရေး နည်းစနစ်ကိုပါ ရှာတွေ့ရေးဆီကို 00:05:03.060 --> 00:05:04.777 ဦးတည်ပေးချင် ပေးနိုင်ပါမယ်။ 00:05:04.777 --> 00:05:06.620 ဥပမာ၊ လောလောဆယ်မှာ ကျွန်တော်ဟာ လူနာတယောက်ရဲ့ 00:05:06.620 --> 00:05:08.651 ညအချိန် ထွက်လျှောက်တတ်တဲ့ ကြိမ်နှုန်း နဲ့ 00:05:08.651 --> 00:05:10.682 သူရဲ့ နေ့စဉ် စားသောက်မှု အမူအကျင့်များနဲ့ 00:05:10.682 --> 00:05:12.714 ဆက်နွှယ်နေပုံကို လေ့လာနေပါတယ်။ 00:05:13.854 --> 00:05:15.513 ကျွန်တော် ဘယ်တော့မှာမှ မေ့မရနိုင်တာကတော့ 00:05:15.513 --> 00:05:17.172 ကျွန်တော့အဖိုး ညအချိန်မှာ ကုတင်းပေါ်မှထလျက် 00:05:17.172 --> 00:05:18.709 ထွက်လျှောက်ခဲ့တာကို ပထမဆုံးအကြိမ် ရှာတွေ့နိုင်ခဲ့မှုပါပဲ။ 00:05:18.709 --> 00:05:20.246 အဲဒီအချိန်ကလေးမှာ၊ ကျွန်တော်ဟာ နည်းပညာတွေရဲ့ 00:05:20.246 --> 00:05:21.784 ဘဝကို ပြောင်းလဲ မြှင့်တင်ပေးရေး 00:05:21.784 --> 00:05:23.761 စွမ်းပကားကို တကယ့်ကို အံ့အားသင့်နေခဲ့ပါတယ်။ 00:05:24.011 --> 00:05:26.131 ကျွန်တော် စိတ်ကူးယဉ်မိတဲ့ ကမ္ဘာကြီးက 00:05:26.131 --> 00:05:28.156 လူတွေ ပျော်ရွှင်စွာ နဲ့ ကျန်းမာစွာ နေထိုင်နိုင်ကြမယ့် ကမ္ဘာကြီးပါပဲ။ 00:05:28.156 --> 00:05:30.216 အထူး ကျေးဇူးတင်ပါတယ်။ 00:05:30.216 --> 00:05:33.526 (လက်ခုပ်သံများ)