Return to Video

အလွန်အကျွံ အုပ်ထိန်းမှုမပါဘဲ အောင်မြင်တဲ့ ကလေးများကို ပျိုးထောင်နည်း -

  • 0:01 - 0:04
    ရှင်တို့ကို သိစေချင်တာက ကျွန်မဟာ
    ကလေးတွေကို အုပ်ထိန်းသူ ပါရဂူ မဟုတ်ပါ၊
  • 0:05 - 0:08
    တကယ်တော့၊ အုပ်ထိန်းရတာကို
    သိပ်တော့လည်း စိတ်မဝင်စားပါ။
  • 0:09 - 0:13
    ဒါပေမဲ့ ဒီနေ့ တွေ့မြင်နေရတဲ့ ကလေးတွေအား
    အုပ်ထိန်းပုံ ပုံစံတစ်မျိုးဟာ
  • 0:13 - 0:16
    ကလေးတွေကို စိတ်ရှုပ်သွားစေလျက်
  • 0:16 - 0:21
    သူတို့ကို သူတို့ဖြစ်သင့်တာ ဖြစ်မလာဖို့
    ဟန့်တားနိုင်လို့ပါ။
  • 0:21 - 0:24
    ဒီနေ့တွင် ကလေးအား အုပ်ထိန်းပုံ ပုံစံကို
  • 0:24 - 0:25
    အထင်အရှား မြင်နေရတယ်။
  • 0:25 - 0:27
    ကျွန်မတို့ဟာ ကိုယ့်ကလေးတွေရဲ့
  • 0:27 - 0:29
    ပညာရေး ဒါမှမဟုတ် အုပ်ထိန်းမှုထဲမှာ
  • 0:29 - 0:32
    လုံလုံလောက်လောက် မပါဝင်ကြတဲ့
    မိဘတွေအကြောင်း ကျွန်မတို့ဟာ
  • 0:32 - 0:34
    တော်တော်များများ ဆွေးနွေးကြတာ
  • 0:34 - 0:35
    မှန်သင့်သလောက် မှန်တယ်။
  • 0:36 - 0:38
    ဒါပေမဲ့ နောက်တဖက်မှ ကြည့်မယ်ဆိုရင်၊
  • 0:38 - 0:41
    မိဘတွေက အရာရာတိုင်းမှ ဟန့်တား
    ကာကွယ်မပေးဘူး၊
  • 0:41 - 0:44
    ဖြစ်ရပ်တိုင်းကို ဖူးဖူးမှုတ်မနေရင်၊
    အရာတိုင်းကို အသေးစိတ်
  • 0:44 - 0:48
    စီမံညွှန်ကြားမပေးဘူးဆိုရင်၊
    သူတို့ ကလေးတွေကို ကော်လိပ်ကျောင်းကြီးဆီ
  • 0:48 - 0:52
    အလုပ်ရာထူး ကောင်းရာသို့ ဦးတည့်
    မပေးကြဘူးဆိုရင်၊
  • 0:52 - 0:57
    ကလေးတွေ အောင်မြင်ကြမှာ မဟုတ်ဘူးလို့
    ယုံကြည်နေကြတဲ့ မိဘတွေလည်း ရှိကြပါသေးတယ်။
  • 0:59 - 1:01
    ကလေးတွေကို အဲဒီလိုပုံစံမျိုးဖြင့်
    အုပ်ထိန်းကြမယ်ဆိုရင်၊
  • 1:01 - 1:03
    ကျွန်မ ပြောချင်တာက၊
  • 1:03 - 1:06
    ကျွန်မကိုယ်တိုင် ဆယ်ကျော်အရွယ်
    ကလေးနှစ်ဦးကို ပျိုးထောင်စဉ်
  • 1:06 - 1:09
    အဲဒီလို လုပ်ချင်စိတ်က ရှိနေခဲ့တယ် ဆိုတော့၊
  • 1:09 - 1:13
    ကျွန်မတို့ ကလေးတွေဟာ လုပ်ရမယ့် စာရင်း
    အတိုင်း နေထိုင်ရန် လမ်းညွှန်ခဲ့ကြတယ်။
  • 1:13 - 1:16
    လုပ်ရမယ့် စာရင်းအတိုင်း ကြီးလာတဲ့
    ကလေးတွ ဘာနဲ့တူလဲ။
  • 1:16 - 1:19
    ကျွန်မတို့သူတို့ကို ဘေးကင်းလျက်
    အားလုံး ကောင်းနေအောင် ထားတယ်
  • 1:19 - 1:21
    ကျွေးမွေးလျက် ရေတိုက်ပေးတယ်၊
  • 1:22 - 1:24
    ပြီးတော့ သူတို့ဟာ မှန်ကန်တဲ့ ကျောင်းတွေကို
    သွားကြမှာကို
  • 1:24 - 1:27
    မှန်ကန်တဲ့ အတန်းထဲ၊ မှန်ကန်တဲ့ ကျောင်းမှာ
    ရှိကြမှာကို၊
  • 1:27 - 1:30
    မှန်ကန်တဲ့ ကျောင်းထဲက မှန်ကန်တဲ့
    အတန်းထဲ၊ မှန်ကန်တဲ့ အဆင့်တွေ ရစေလိုတယ်။
  • 1:30 - 1:32
    အဆင့်သာမက အမှတ်တွေရော၊
    ပြီးတော့ အဲဒီ
  • 1:32 - 1:35
    အဆင့်နဲ့ အမှတ်တွေသာမက၊ ဂုဏ်ပြုလွှာနဲ့
    ဆုတွေ၊ အားကစားတွေ၊
  • 1:35 - 1:38
    လှုပ်ရှားမှုတွေ၊ ခေါင်းဆောင်တွေ
    ဖြစ်စေချင်တယ်။
  • 1:38 - 1:40
    ကလေးတွေကို ကလပ်ထဲ ပါဝင်ရန် မဟုတ်ဘဲ
  • 1:40 - 1:42
    ကောလိပ်တွေ လိုချင်သလို ကလပ်စတင်ရန်
    ပြောကြတယ်။
  • 1:42 - 1:44
    ရပ်ရွာ ဝန်ဆောင်မှုထဲမှာလည်း ပါစေလိုတယ်။
  • 1:44 - 1:46
    အခြားသူတွေကို ဂရုစိုက်တာကို
    ကောလိပ်ကို ပြဖို့လေ။
  • 1:46 - 1:48
    (ရယ်မောသံများ)
  • 1:48 - 1:53
    ဒါတွေအားလုံးကို လုပ်ရတာက မျှော်လင့်ထားသလို
    တော်သူ ဖြစ်ဖို့အတွက်ပါ။
  • 1:53 - 1:56
    ကျွန်မတို့ ကိုယ်တိုင် ဘယ်တုန်းကမှ
    မနေထိုင်ခဲ့ဘူးကြတဲ့
  • 1:56 - 1:59
    တော်တဲ့ သူတွေ ဖြစ်ကြလို့ကို ကျွန်မတို့
    ကလေးတွေကို နေထိုင်စေလိုကြတယ်။
  • 1:59 - 2:01
    အဲဒီလို တောင်းဆိုတာတွေက များလွန်းတော့၊
  • 2:01 - 2:03
    ကျွန်မတို့ ထင်ကြတာက၊
  • 2:03 - 2:06
    မိဘတွေဟာ ဆရာတိုင်း၊ ကျောင်းအုပ်ဆရာတိုင်း၊
  • 2:06 - 2:08
    သင်တန်းဆရာတိုင်း၊ အားကစားဆရာတိုင်းနဲ့
    တွေ့ဆုံလျက်
  • 2:09 - 2:11
    ကျွန်မတို့ ကလေးတွေရဲ့ ရှေ့နေလို၊ ကိုယ်ရေး
    လုပ်ကိုင်ပေးသူလို၊
  • 2:11 - 2:13
    အတွင်းရေးမှူးလို
  • 2:14 - 2:16
    ပြောဆိုတောင်းဆိုရမယ်လို့ ယူဆကြတယ်။
  • 2:16 - 2:18
    ကျွန်မတို့ရဲ့ ကလေးတွေကို
    အသာအယာ တွန်းပေးလိုက်၊
  • 2:18 - 2:20
    မြှောက်ပင့်လိုက်၊ ညွှန်ပေးလိုက်၊
    ကူပေးလိုက်၊
  • 2:20 - 2:24
    လိုရင်လိုသလို ဈေးဆစ်လိုက်၊ နားပူနာဆာ
    လုပ်လိုက် အချိန်ကုန်ခံကြကာ
  • 2:25 - 2:27
    သူတို့ဟာ မဟုတ်တာ မလုပ်မိကြမှာကို၊
  • 2:27 - 2:30
    တံခါး မပိတ်လိုက်ကြမှာကို၊
  • 2:30 - 2:32
    သူတို့ရဲ့ အနာဂတ်အား မဖျက်ဆီးမိမှာကို၊
  • 2:32 - 2:35
    ကြိုးပမ်းရင်း၊ လျှောက်လွှာတိုင်းလိုလိုကို
  • 2:35 - 2:37
    ပယ်ချတတ်ကြတဲ့ အနည်းအကျဉ်းမျှသော
    ကောလိပ်ကျောင်းကို
  • 2:37 - 2:40
    ဝင်ခွင့်ရမှာကို မျှော်လင့်လေ့ ရှိကြပါတယ်။
  • 2:43 - 2:48
    အဲဒီလို စာရင်းရှည်နဲ့အညီ နေထိုင်ကြရတဲ့
    ကလေးတွေရဲ့ ဘဝ ဖြစ်လာပုံ ပြောပြမယ်။
  • 2:48 - 2:51
    ပထမ အချက်က စိတ်ကြိုက်
    ကစားဖို့ အချိန်လုံးဝမရှိပါ။
  • 2:51 - 2:52
    မွန်းလွဲချိန်မှာ အားလပ်မှု မရှိပါ။
  • 2:52 - 2:55
    အရာရာတိုင်းကို ပြည့်ဝနေဖို့
    လိုအပ်လို့ပါ။
  • 2:55 - 2:59
    အဲဒါက အိမ်စာတိုင်း၊ ပဟေဠိတိုင်း၊
    လုပ်ကိုင်သမျှတိုင်းဟာ
  • 2:59 - 3:03
    သူတို့အတွက် ကျွန်မတို့ စိတ်ကူးထဲက အနာဂတ်
    အတွက် မလုပ်လို့ကိုမရတဲ့ အရာဖြစ်လို့ပါ၊
  • 3:03 - 3:06
    ပြီးတော့ သူတို့ကို အိမ်မှုကိစ္စများမှ
    လွတ်ငြိမ်းခွင့် ပေးကြတယ်
  • 3:06 - 3:10
    သူတို့ရဲ့ စာရင်းထဲက အရာတွေကို စစ်ကြည့်
    လုပ်မပြီးသေးရင်
  • 3:10 - 3:15
    အိပ်ဖို့ကိုတောင် ခွင့်မလွှတ်ချင်ကြပါဘူး။
  • 3:15 - 3:18
    စာရင်းအတိုင်း နေထိုင်ရတဲ့ ကလေးတွေကို
    ကျွန်မတို့က သူတို့ စိတ်ချမ်းသာပါစေ
  • 3:18 - 3:20
    ဆိုပေမဲ့၊ သူတို့ ကျောင်းမှ အိမ်ကို
    ပြန်လာရင်
  • 3:21 - 3:24
    ပထမဦးဆုံး ကျွန်မတို့ မေးမြန်းကြတာက
  • 3:24 - 3:27
    သူတို့ရဲ့ အိမ်စာတွေ နဲ့ သူတို့ရတဲ့
    အဆင့်တွေ ဖြစ်နေတယ်။
  • 3:27 - 3:29
    အဲဒါကြောင့်မို့လို့၊ ကျွန်မတို့ရဲ့
  • 3:29 - 3:31
    အားပေးမှု၊ ကျွန်မတို့ရဲ့ မေတ္တာအချစ် ဆိုတာ
  • 3:31 - 3:33
    သူတို့ရဲ့ တန်ဖိုးရှိမှု ဆိုတာက
  • 3:33 - 3:35
    ရထားတဲ့ A ပေါ် မူတည်နေတယ်လို့ သိကြတယ်။
  • 3:35 - 3:37
    အဲဒီနောက်မှာ ကျွန်မတို့ဟာ
    သူတို့ဘေးနားမှ ကပ်လိုက်လျက်၊
  • 3:37 - 3:42
    Westminster ခွေးပြပွဲကြီးမှာလိုဘဲ
    တတွတ်တွတ်နဲ့ ပြောဆိုကြတယ်။
  • 3:42 - 3:43
    (ရယ်မောသံများ)
  • 3:43 - 3:49
    တစ်ရက်ပြီးတစ်ရက်၊ နည်းနည်း ပိုမြင့်အောင်
    ခုန်လိုက်စမ်း၊ နဲနဲလေး ကျော်လွှားလိုက်စမ်း
  • 3:49 - 3:52
    ချော့လိုက် နားချလိုက်ပေါ့လေ။
  • 3:52 - 3:54
    အချိန်တန်လို့ သူတို့ အထက်တန်းကျောင်း
  • 3:54 - 3:56
    တက်ရမယ့် အချိန်မှာ၊ “ကျွန်တော်
    လေ့လာချင်တာ၊ လုပ်ချင်တာ“
  • 3:57 - 3:58
    သူတို့ မပြောဆိုကြပါ။
  • 3:58 - 3:59
    သူတို့ဟာ အကြံပေးဆရာထံ သွားပြီး
  • 4:00 - 4:03
    “မှန်ကန်တဲ့ ကောလိပ်ကို တက်နိုင်ဖို့
    ကျွန်တော် ဘာလုပ်ရမလဲ၊“ ဆိုကြတယ်။
  • 4:03 - 4:06
    အဲဒီနောက် အထက်တန်းမှာ အဆင့်တွေကို
    စပေးလာတော့၊
  • 4:06 - 4:08
    B တချို့ကို ရတာ ရှိတယ်၊
  • 4:08 - 4:10
    မလိုချင်တဲ့ C တချို့လည်း ပါလာနိုင်တယ်၊
  • 4:10 - 4:12
    သူတို့ဟာ ကြောက်အားလန့်အားနဲ့
    အသိတွေထံ
  • 4:12 - 4:17
    “ဒီလို အဆင့်တွေနဲ့ မှန်ကန်တဲ့ ကောလိပ်ကို
    တက်ခွင့်ရသူ ရှိရဲ့လား။“ မေးကြတယ်။
  • 4:18 - 4:19
    ဒီနောက်မှာ ကျွန်မတို့ကလေးတွေဟာ၊
  • 4:20 - 4:23
    သူတို့ အထက်တန်းကို ဘယ်လိုနည်းနဲ့ပဲ
    အဆုံးသတ်သတ်၊
  • 4:23 - 4:24
    အမောဆို့နေကြပါပြီ။
  • 4:25 - 4:27
    သူတို့ဟာ ချိနဲ့နေကြပါပြီ။
  • 4:27 - 4:28
    သူတို့ဟာ နည်းနည်း လောင်ကျွမ်းနေကြပြီ။
  • 4:28 - 4:30
    သူတို့အသက်ထက် နည်းနည်း ကြီးရင့်နေပြီ။
  • 4:30 - 4:34
    လူကြီးတွေက “မင်းလုပ်ခဲ့တာ
    လုံလောက်ပြီ၊
  • 4:34 - 4:37
    ကလေးဘဝထဲမှာ မင်းအားထုတ်ခဲ့တာ
    ကောင်းတယ်။” ပြောမှာ မျှော်ခဲ့တယ်။
  • 4:37 - 4:42
    အခုတော့ သူတို့ဟာ စိုးရိမ်မှုတွေ နဲ့
    စိတ်ဖိစီးမှုကြောင့် ညှိုးနွမ်းလာကြကာ
  • 4:42 - 4:44
    ဒီဘဝဟာဖြင့်
    တန်ဖိုးရှိမှ ရှိပါ့မလား ဆိုပြီး
  • 4:44 - 4:48
    တွေဝေစဉ်းစားနေကြရပါတယ်။
  • 4:50 - 4:52
    ကျွန်မတို့ မိဘတွေ အနေနဲ့ကတော့
  • 4:52 - 4:55
    အဲဒါတွေ အားလုံး လုပ်ထိုက်ခဲ့တာကို
    အသေအချာ ယုံကြတယ်။
  • 4:55 - 4:56
    သူတို့ဟာ ကျွန်မတို့စိတ်ထဲ
  • 4:56 - 4:59
    ရွေးမှတ်ထားတဲ့ ကော်လိပ်တချို့ ဒါမှမဟုတ်
    အလုပ်ရာထူး တချို့
  • 4:59 - 5:04
    အထဲက တစ်ခုခုကို မရနိုင်ရင်တော့
    သူတို့ဆီမှာ ဘယ်လို အနာဂတ်မှ မရှိနိုင်ဘူး
  • 5:04 - 5:05
    ဆိုပြီး ထင်နေကြသလိုပါ။
  • 5:06 - 5:09
    ဒါမှမဟုတ်၊ ကျွန်မတို့ရဲ့ မိတ်ဆွေတွေကို
  • 5:09 - 5:11
    ကြွားဖို့ ဒါမှမဟုတ် ကျွန်မတို့ရဲ့
    ကားပေါ်မှာ
  • 5:11 - 5:15
    စာတမ်းကပ်ဖို့ အချက်တွေ မရှိမှာကို
    ကြောက်နေကြတာများလား။
  • 5:18 - 5:19
    ဟုတ်တယ်။
  • 5:19 - 5:21
    (လက်ခုပ်သံများ)
  • 5:25 - 5:27
    ဒါပေမဲ့ ကျွန်မတို့ လုပ်ကိုင်ခဲ့တာတွေကို
    ကြည့်မယ်ရင်၊
  • 5:27 - 5:31
    အဲဒါကို ကြည့်ရဲတဲ့ သတ္တိရှိတယ်ဆိုရင်၊
  • 5:31 - 5:34
    သူတို့ရဲ့ ထိုက်တန်မှုကို အဆင့်များနဲ့
    အမှတ်များဖြင့်
  • 5:34 - 5:36
    တွက်ကြတယ်လို့ ကလေးတွေ ထင်နေရုံ သာမက
  • 5:36 - 5:40
    ကျွန်မတို့က သူတို့ရဲ့ ဖွံ့ဖြိုးဆဲ
    ဦးနှောက်ထဲကို တချိန်လုံး ဝင်နေလျက်
  • 5:40 - 5:44
    ကိုယ်ပိုင် "Being John Malkovich" ရုပ်ရှင်
    ထဲမှာလို လုပ်နေကြမယ်ဆိုရင်
  • 5:44 - 5:46
    ကလေးတွေထံ မက်ဆေ့ဂ်ျကို ပို့နေတာက-
  • 5:46 - 5:51
    “ကလေးတွေ၊ ငါသာမရှိခဲ့ရင်၊ မင်းတို့ဟာ
    အဲဒါတွေထဲက တခုကိုမှ မရယူနိုင်ပါဘူး။“
  • 5:51 - 5:54
    ဒီတော့ ကျွန်မတို့ရဲ့ လွန်ကဲနေတဲ့
    အကူအညီတွေနဲ့၊
  • 5:54 - 5:57
    လိုတာထက် ကာကွယ်၊ လိုတာထက်
    လမ်းညွှန်ပေး၊ တချိန်လုံး
  • 5:57 - 6:01
    လက်ကို ဆွဲကိုင်ထားခြင်းဖြင့်၊ ကလေးတွေကို
    လူသားအတွက် အဓိကရ အချက်ဖြစ်တဲ့
  • 6:01 - 6:04
    အစွမ်းထက်သူ ဖြစ်မလာအောင် ဟန့်တားနေ
    ကြတယ်၊ အဲဒါဟာ ကျွန်မတို့ ချီးကျူးတိုင်း
  • 6:04 - 6:07
    သူတို့ခံစားရတဲ့ ကိုယ့်ကိုယ်ကို
    တန်ဖိုးထားမှုထက်ကို
  • 6:07 - 6:09
    ပိုလို့ကို အရေးကြီးပါတယ်။
  • 6:09 - 6:15
    ကိုယ်လုပ်လိုက်ရဲ့ ရလဒ်ကို မြင်ရမှသာ
    အစွမ်းအစဆိုတာကို တည်ဆောက်နိုင်ပါတယ်၊
  • 6:15 - 6:17
    ဘာမှမလုပ်ဘူးဆိုရင်တော့--
  • 6:17 - 6:18
    ဘဝက အဲဒီလိုလေ။
  • 6:18 - 6:21
    (လက်ခုပ်သံများ)
  • 6:22 - 6:25
    တစ်ယောက်ယောက် ကိုယ်စား
    မိဘရဲ့ လုပ်ကိုင်မှု မဟုတ်ဘဲ
  • 6:25 - 6:28
    ကိုယ့်ဘာသာကိုယ် လုပ်ကိုင်ကြည့်မှသာ
    ရလဒ် ဖြစ်ထွန်းလာမှာပါ။
  • 6:28 - 6:30
    ရိုးရိုးရှင်းရှင်းလေပါ၊
  • 6:30 - 6:35
    ကျွန်မတို့ ကလေးတွေ စွမ်းထက်ရမယ်၊
    သူတို့ အဲဒီလို ဖြစ်ရမယ် ယုံရင်၊
  • 6:35 - 6:40
    သူတို့ဟာ စဉ်းစားမှု၊ စီမံမှု၊ ဆုံးဖြတ်မှု၊
    လုပ်ကိုင်မှု၊ လေ့လာမှု၊ စမ်းသပ်မှု၊
  • 6:40 - 6:44
    မှားယွင်းမှု၊ စိတ်ကူးမှု နဲ့ ဘဝကို
    စမ်းသပ်မှုတွေကို
  • 6:44 - 6:47
    သူတို့ဘာသာသူတို့ များစွာမှ ပိုလို့ကို
  • 6:47 - 6:48
    လုပ်ကိုင်ကြဖို့ လိုပါတယ်။
  • 6:49 - 6:52
    ကလေးတိုင်းဟာ ကြိုးစား
    လုပ်ကိုင်ကြသူတွေပါ၊
  • 6:52 - 6:54
    သူတို့ လုပ်ချင်တာကို သိကြတယ်၊
    မိဘတွေဘက်မှ ပါဝင်ရန်
  • 6:54 - 6:57
    သူတို့ဘဝကို စိတ်ဝင်စားရန်
    မလိုဘူး၊ ကျွန်မတို့ နောက်ဆုတ်ပေးလျက်
  • 6:57 - 6:59
    သူတို့ဘာသာ သွားပေစေ လွှတ်ပေးလိုက်ရမလား။
  • 7:00 - 7:01
    လုံးဝ မဟုတ်ပါ။
  • 7:01 - 7:02
    (ရယ်မောသံများ)
  • 7:03 - 7:04
    ကျွန်မ ပြောနေတာ အဲဒီလို မဟုတ်ပါ။
  • 7:04 - 7:08
    ကျွန်မတို့က အဆင့်တွေ၊ အမှတ်တွေ၊
    ဂုဏ်ပြုလွှာတွေနဲ့ ဆုတွေကို ကလေးဘဝရဲ့
  • 7:08 - 7:10
    ရည်ရွယ်ချက် အဖြစ် ခံယူကြခြင်းဖြင့်၊
  • 7:10 - 7:14
    ကောလိပ် အနည်းငယ်သို့ ဝင်ခွင့်ရဖို့
    ဒါမှမဟုတ် ရှားပါးတဲ့ ရာထူးရဖို့
  • 7:14 - 7:17
    ဆိုတဲ့ အနာဂတ် မျှော်လင့်ချက်နဲ့
    လုပ်ကိုင်ကြမယ်ဆိုရင်၊
  • 7:17 - 7:21
    အဲဒီလို အဓိပ္ပါယ်ဖွင့်မှုဟာ ကလေးရဲ့
    အောင်မြင်မှုကို ဆုံးဖြတ်ရန် ကျဉ်းလွန်းတယ်။
  • 7:21 - 7:25
    လွန်ကျွန်စွာ ကူညီပေးခြင်းဖြင့်
    ကျွန်မတို့ဟာ ရေတို အောင်မြင်မှုတွေကို
  • 7:25 - 7:26
    ရရှိရန် ကူညီပေးနိုင်တောင်
  • 7:26 - 7:30
    သူတို့ကို ပိုကောင်းတဲ့ အဆင့်ကို ရစေခြင်း
    သူတို့ အိမ်စာကို ကူလုပ်ပေးခြင်းလို
  • 7:30 - 7:34
    ပံ့ပိုးမှုက သူတို့ရဲ့ အတ္ထုပတ္တိကို
    ရှည်လာစေရန် ကူနိုင်ပါတယ်၊
  • 7:35 - 7:38
    အဲဒါတွေ အားလုံးက သူတို့ရဲ့ ကိုယ့်ကို
    နားလည်ရေး ရေရှည်ပန်းတိုင်အတွက်
  • 7:39 - 7:41
    ပေးဆပ်နေရတဲ့ တန်ဖိုးနဲ့ တူပါတယ်။
  • 7:41 - 7:43
    ကျွန်မတို့ဟာ ကောလိပ်တွေနဲ့
    ပတ်သက်ပြီး
  • 7:43 - 7:45
    ဘယ်ကိုမှ တက်ရမယ် စသဖြင့်
  • 7:45 - 7:48
    သတ်မှတ်ချက်တွေကို
    လျှော့ချသင့်ကာ
  • 7:48 - 7:53
    သူတို့ရဲ့ အလေ့အကျင့်တွေ၊ သူတို့ရဲ့
    စိတ်နေစိတ်ထား၊ သူတို့ရဲ့ ကျွမ်းကျင်မှုတွေ၊
  • 7:53 - 7:58
    သူတို့ရဲ့ သွားလေရာမှာ အောင်မြင်ရပ်တည်ရေး
    စိတ်တွေ ရှိဖို့ကို စဉ်းစားရန် လိုတယ်။
  • 7:58 - 7:59
    ကျွန်မတို့ ကလေးတွေအတွက်
  • 7:59 - 8:04
    ကျွန်မတို့ဟာ အမှတ်တွေ အဆင့်တွေကို
    တချိန်လုံး စဉ်းစားမှုအစား၊
  • 8:04 - 8:06
    သူတို့ရဲ့ အောင်မြင်မှု အုတ်မြစ်ကို
  • 8:06 - 8:11
    ချမှတ်ပေးမယ့် ကလေးဘဝမျိုး
    ဖြစ်ဖို့ကို စဉ်းစားရင်း
  • 8:11 - 8:14
    အချစ်မေတ္တာနဲ့ အိမ်မှုကိစ္စတွေလို
    အရာတွေကို အလေးထားရန်
  • 8:15 - 8:16
    လိုတာကိုပြောနေတာပါ။
  • 8:16 - 8:19
    (ရယ်မောသံများ)
  • 8:19 - 8:21
    (လက်ခုပ်သံများ)
  • 8:23 - 8:26
    အိမ်မှုကိစ္စတွေ တဲ့လား။ ကျွန်မက
    အိမ်မှုကိစ္စတွေကိုမှ ပြောတာ တကယ်ပါ။
  • 8:28 - 8:30
    အဲဒါ တကယ်ပါ၊ အကြောင်းက ဒီလိုပါ။
  • 8:31 - 8:35
    ပြုလုပ်ခဲ့ဘူးသမျှ လူသားတွေဆိုင်ရာ
    အရှည်ကြာဆုံး သုတေသနက
  • 8:35 - 8:37
    Harvard Grant Study ဆိုတဲ့ဟာပါ။
  • 8:37 - 8:39
    ဘဝထဲက အောင်မြင်မှုဟာ၊ ကျွန်မတို့
    ကလေးတွေအတွက်
  • 8:40 - 8:42
    ကျွန်မတို့ လိုချင်ကြတဲ့ အချက်ဟာ၊
  • 8:42 - 8:46
    ကျွမ်းကျင်သူ အဖြစ် ဘဝထဲ အောင်မြင်ဖို့
    ဆိုတာက အိမ်မှုကိစ္စတွေမှ လာတယ်၊
  • 8:46 - 8:48
    အဲဒါကို စောပြီး စနိုင်ရင် ပိုကောင်းတယ်၊
  • 8:48 - 8:50
    အင်္ကျီလက်ကို မတင်ရန် အသင့်ရှိတဲ့
    စိတ်ထားဟာ၊
  • 8:50 - 8:53
    မနှစ်မြို့စရာ အလုပ်ဆိုတာ ရှိတတ်တယ်၊
    တစ်ယောက်ယောက်က
  • 8:53 - 8:55
    အဲဒါ လုပ်ပေးဖို့ လိုတယ်၊
    အဲဒါငါ ဖြစ်နိုင်တယ်
  • 8:55 - 8:56
    ဆိုတဲ့ စိတ်ထားမျိုးဟာ၊
  • 8:56 - 8:59
    အားလုံးရဲ့ ကောင်းစားမှုအတွက်
    ငါ အားထုတ်ကြိုးပမ်းမယ် ဆိုတာကမှ
  • 8:59 - 9:02
    လုပ်ငန်းခွင်မှာ သူများရဲ့ ရှေ့ကို
    ရောက်အောင် တွန်းပို့ပေးတာပါ။
  • 9:02 - 9:05
    အခုတော့ ကျွန်မတို့ အားလုံး အဲဒါသိတယ်။
    ရှင်တို့တို့ပါ သိတယ်။
  • 9:05 - 9:08
    (လက်ခုပ်သံများ)
  • 9:08 - 9:12
    ကျွန်မတို့ အားလုံး သိကြပါလျက်နဲ့၊
    စာရင်းရှည် အတိုင်းနေရတဲ့ ကလေးဘဝထဲတွင်၊
  • 9:12 - 9:16
    အိမ်မှာ ရှိနိုင်တဲ့ ကိစ္စဝိစ္စများကို
    မလုပ်ခုင်းကြခြင်းဖြင့်
  • 9:16 - 9:18
    သူတို့ ကြီးလာကာ လုပ်ငန်းခွင်ထဲ
    ဝင်လာကြတော့
  • 9:18 - 9:20
    လုပ်ရမယ့် စာရင်းစာရွက်ကို
    စောင့်နေကြတုန်းပါ၊
  • 9:20 - 9:22
    အဲဒီလို စာရင်း မရှိတော့ပါ၊
  • 9:22 - 9:25
    ပိုအရေးကြီးတာက သူတို့ရဲ့
    အင်္ကျီလက်ကို မတင်လျက်၊
  • 9:25 - 9:27
    ဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်ကာ
    ငါ့လုပ်ဖေါ်တွေ
  • 9:27 - 9:31
    အတွက် ကောင်းတာဆိုလို့ ဘာလုပ်ပေးနိုင်မလဲ
    ဆိုတဲ့ အသိစိတ် မရှိခြင်းပါပဲ။
  • 9:31 - 9:35
    ငါ့အထက်လူကြီး လိုချင်တာကို ခန့်မှန်းရန်
    ငါလုပ်နိုင်တဲ့ ခြေလှမ်းတွေက ဘာတွေလဲ။
  • 9:36 - 9:40
    ခုနက Harvard Grant Study ထဲမှ
    နောက် အရေးကြီးတဲ့ ကောက်ချက်က
  • 9:41 - 9:43
    ဘဝထဲက စိတ်ချမ်းသာမှု ဆိုတာ
  • 9:44 - 9:46
    ချစ်ချင်းမေတ္တာမှ လာတယ်တဲ့၊
  • 9:46 - 9:47
    အလုပ်ကို မြတ်နိုးမှ မဟုတ်ပါ၊
  • 9:47 - 9:50
    လူသားအချင်းချင်းရဲ့ မေတ္တာမှပါ-
  • 9:50 - 9:54
    ကျွန်မတို့ရဲ့ ခင်ပွန်း၊ ကျွန်မတို့ရဲ့
    လုပ်ဖေါ်၊ မိတ်ဆွေနဲ့ မိသားစုမှပါ။
  • 9:55 - 9:58
    ဒီတော့ ကလေးဘဝဟာ ကျွန်မတို့ ကလေးတွေကို
    ချစ်ချင်းမေတ္တာအကြောင်း သင်ပေးရမယ်၊
  • 9:58 - 10:01
    သူတို့ဟာ ကိုယ့်ကိုယ်ကို
    မချစ်ဘဲနဲ့ အခြားသူတွေ မချစ်နိုင်ကြပါ၊
  • 10:01 - 10:05
    သူတို့ကို ခြွင်းချက်မရှိ ချစ်တာမပြရင်
    သူတို့ ကိုယ့်ကိုယ်ကို မချစ်နိုင်ကြပါ။
  • 10:05 - 10:07
    (လက်ခုပ်သံများ)
  • 10:10 - 10:11
    အမှန်ပါ။
  • 10:12 - 10:14
    ဒီတော့၊
  • 10:14 - 10:16
    အဆင့်တွေနဲ့ အမှတ်တွေကိုသာ
    စဉ်းစားနေမယ့်အစား
  • 10:16 - 10:19
    ကျွန်မတို့ရဲ့ ချစ်စနိုး ကလေးတွေ
    ကျောင်းမှ အိမ်ကိုပြန်လာရင်၊
  • 10:19 - 10:21
    ကျွန်မတို့ အလုပ်မှအိမ်ပြန်လာရင်
  • 10:21 - 10:24
    ကျွန်မတို့ဟာ ကျွန်မတို့ရဲ့
    စက်ပစ္စည်းတွေကို ပိတ်လိုက်ကာ
  • 10:24 - 10:25
    သူတို့နဲ့ မျက်နှာချင်းဆိုင်
  • 10:25 - 10:28
    ကျွန်မတို့ရဲ့ စိတ်ချမ်းမြေ့မှုကို ပြပါ
    သတို့လည်း မြင်ပါစေ၊
  • 10:28 - 10:31
    ကိုယ့်ရင်သွေးကို နာရီအတော်ကြာပြီး
    ပြန်မြင်တွေ့လိုက်ရတာကိုး။
  • 10:31 - 10:33
    အဲဒီနောက်မှာ ကျွန်မတို့ ပြောရမှာက၊
  • 10:33 - 10:34
    “ဒီနေ့ မင်းဘယ်လိုလဲ။”
  • 10:36 - 10:39
    “ဒီနေ့ မင်း သဘောကျတာက ဘာများလဲ။“
  • 10:39 - 10:42
    ရှင်တို့ရဲ့ ဆယ်ကျော်သက် သမီးက၊
    ကျွန်မ သမီးပြောတတ်သလို၊ “နေ့လယ်စာ” ဆိုပြီး
  • 10:42 - 10:44
    ဖြေကြားရင်၊ ကိုယ်သိချင်တာက
    နေ့လယ်စာ မဟုတ်ဘဲ
  • 10:45 - 10:46
    သင်္ချာ စစ်ဆေးမှု ဖြစ်ပေမဲ့၊
  • 10:46 - 10:49
    ကျွန်မဟာ နေ့လယ်စာ အကြောင်းကို
    စိတ်ဝင်စားမေးမြန်းရမယ်။
  • 10:49 - 10:52
    “နေ့လယ်စာထဲ ကောင်းခဲ့တာ ဘာများလဲ။“
    ဆိုပြီး မေးသင့်တယ်။
  • 10:52 - 10:56
    သူတို့ကို ကျွန်မတို့ဟာ
    GPA ကြောင့်မဟုတ်ဘဲလူသားတွေအဖြစ်
  • 10:56 - 10:58
    စိတ်ဝင်စားတာ သိချင်တာ သူတို့ သိရမယ်။
  • 11:00 - 11:02
    ရှင်တို့က အိမ်မှုကိစ္စနဲ့ ချစ်ခြင်းကို
  • 11:02 - 11:04
    နားလည်ပါပြီ၊ ခဏနေပါဦး။
  • 11:04 - 11:07
    ကောလိပ်တွေက အဆင့်တွေ၊ အမှတ်တွေ၊
    ဂုဏ်ပြုလွှာတွေနဲ့
  • 11:07 - 11:11
    ဆုတွေကို ကြည့်ချင်ကြတယ်ဆိုတော့၊
    ကျွန်မ ဘယ်လို ဖြေပေးမလဲ။
  • 11:13 - 11:19
    နာမည်ကြီး ကျောင်းတွေက လူငယ်များထံမှ
    အဲဒါတွေကို တောင်းကြမှာ အမှန်ပါပဲ။
  • 11:19 - 11:20
    ကောင်းတဲ့ သတင်းတွေ ရှိပါတယ်။
  • 11:21 - 11:26
    ကောလိပ်တွေရဲ့ အဆင့်တွေကို ကြည့်ပြီး
    ကျွန်မတို့ ယုံကြည်သင့်တာ ဘယ်လိုပဲရှိရှိ-
  • 11:26 - 11:29
    (လက်ခုပ်သံများ)
  • 11:32 - 11:35
    ဘဝထဲတွင် စိတ်ချမ်းသာရန်၊ အောင်မြင်ရန်၊
    ရှင်တို့ဟာ နာမည်ကြီး
  • 11:35 - 11:37
    ကျောင်းတွေကိုမှ တက်ရန် မလိုအပ်ပါဘူး၊
  • 11:37 - 11:40
    စိတ်ချမ်းသာကာ အောင်မြင်ကြသူတို့ဟာ
    အစိုးရကျောင်းကို တက်ကြတယ်၊
  • 11:40 - 11:42
    ဘယ်သူမှာမှ မကြားဖူးတဲ့ ကောလိပ်
    ကျောင်း တက်တယ်၊
  • 11:42 - 11:43
    ရပ်ကွက်ထဲက ကောလိပ်ကို သွားကြတယ်၊
  • 11:43 - 11:46
    တစ်နေရာရာရှိ ကောလိပ်ကို တက်ပြီး
    စာမေးပွဲကျတယ်။
  • 11:46 - 11:49
    (လက်ခုပ်သံများ)
  • 11:53 - 11:56
    ဒီခန်းမ သက်သေထူပြလိုက်တဲ့ အတိုင်း
    ကျွန်မတို့ ရပ်ကွက်ထဲမှာပါ
  • 11:56 - 11:58
    အမှန်တရား ရှိနိုင်ပါတယ်။
  • 11:58 - 12:00
    ကျွန်မတို့ ကျွန်မတို့ မျက်ကာတွေကို
  • 12:00 - 12:02
    တိုးချဲ့လိုက်လျက် ရှိကြသေးတဲ့
    ကောလိပ်တွေကို
  • 12:02 - 12:05
    ကြည့်ကြမယ်ဆိုရင်၊ ညီမျှခြင်းထဲမှ
    ကိုယ့်အတ္တစိတ်ကို ဖယ်ရှားနိုင်မယ်ဆိုရင်၊
  • 12:06 - 12:09
    ကျွန်မတို့ဟာ အဲဒီအမှန်တရားကို လက်ခံလျက်
    နားလည်လာကြမှာက၊
  • 12:09 - 12:11
    ကျွန်မတို့ ကလေးတွေဟာ အဲဒီနာမည်ကြီး
  • 12:11 - 12:15
    ကောလိပ် မသွားဖြစ်ရင် ကမ္ဘာကြီး
    ပျက်ပြုန်းသွားမှာ မဟုတ်ပါဘူး။
  • 12:16 - 12:17
    ဒီထက် ပိုပြီး အရေးကြီးတာက၊
  • 12:17 - 12:22
    သူတို့ရဲ့ ကလေးဘဝဟာ စာရင်းရှည်ဖြင့်
    ညှင်းပန်းခံခဲ့ရတာ မဟုတ်ခဲ့ရင်၊
  • 12:22 - 12:24
    သူတို့ဟာ ကောလိပ် ရောက်တဲ့အခါမှာ၊
  • 12:25 - 12:26
    ဘယ်ကောလိပ်ပဲ ဖြစ်ဖြစ်ပါ၊
  • 12:26 - 12:30
    သူတို့ဟာ အဲဒီကို သူတို့ရဲ့ ရွေးချယ်မှုအရ
    တက်လာတဲ့ဆိုရင်၊
  • 12:30 - 12:32
    သူတို့ကိုယ်တိုင်ရဲ့ တောင့်တချက်နှင့်အညီ
    ရောက်လာပါက၊
  • 12:32 - 12:35
    အဲဒီမှာ ရပ်တည်နိုင်စွမ်း
    ကြိုးပမ်းနိုင်စွမ်း ရှိကြမှာပါ။
  • 12:37 - 12:39
    ကျွန်မ ဝန်ခံ ပြောချင်တာ တစ်ခု ရှိတယ်။
  • 12:40 - 12:43
    ကျွန်မ ပြောခဲ့သလို Sawyer နဲ့ Avery
    ဆိုတဲ့ ကလေးနှစ်ဦး ရှိပါတယ်။
  • 12:43 - 12:45
    သူတို့ဟာ ဆယ်ကျော်အရွယ်တွေပါ။
  • 12:45 - 12:46
    တစ်ချိန်တစ်ခါတုန်းက ကျွန်မဟာ
  • 12:46 - 12:49
    Sawyer နဲ့ Avery တို့ကို
  • 12:49 - 12:51
    bonsai အပင်တွေလိုဆက်ဆံခဲ့ပါတယ် -
  • 12:51 - 12:53
    (ရယ်မောသံများ)
  • 12:53 - 12:56
    ကျွန်မဟာ ဂရုတစိုက် လိုသလို ဖြတ်လိုက်
    ညှပ်လိုက် လုပ်နေခဲ့တယ်၊
  • 12:56 - 13:00
    တကယ့်ကို တော်ကြမယ့် လူသားပုံစံကို
    ရိုက်သွင်းပေးဖို့အတွက်၊
  • 13:00 - 13:04
    အဆင့်မြင့် နာမည်ကြီး ကောလိပ်
    တစ်ခုခုမှာ
  • 13:04 - 13:06
    သူတို့ကို လက်ခံဖြစ်လောက်အောင်
    တော်ဖို့အတွက်ပေါ့လေ။
  • 13:07 - 13:11
    ဒါပေမဲ့၊ အခြားသူတွေရဲ့ ကလေး ထောင်ချီနဲ့
    လုပ်ကိုင်ခဲ့ရတဲ့ နောက်မှာ သိလိုက်တာက --
  • 13:12 - 13:13
    (ရယ်မောသံများ)
  • 13:14 - 13:17
    ကိုယ့် ကလေး နှစ်ယောက်
    ပျိုးထောင်ခဲ့တဲ့ နောက်မှာ၊
  • 13:18 - 13:20
    ကျွန်မ ကလေးတွေဟာ bonsai
    အပင်တွေ မဟုတ်ကြပါ။
  • 13:22 - 13:24
    သူတို့ဟာ အလေ့ကျပေါက်တဲ့
    ပန်းတွေပါ၊
  • 13:24 - 13:27
    ဘယ်သူမှ မသိကြတဲ့ ပါရမီတွေနဲ့
    မျိုးစိတ်တွေပါ၊
  • 13:27 - 13:29
    (ရယ်မောသံများ)
  • 13:29 - 13:33
    သူတို့ကို အိမ်မှုကိစ္စတွေမှ တဆင့်၊
    ခိုင်မာလာစေမယ့်
  • 13:33 - 13:35
    ဝန်းကျင်ကို ပျိုးထောင်ပေးရင်း၊
  • 13:35 - 13:39
    သူတို့ကို ချစ်ပြခြင်းဖြင့် သူတို့ကို
    အခြားသူတို့အား ချစ်လာရန် သင်ပေးလိုက်ရင်၊
  • 13:39 - 13:42
    ကောလိပ်ကျောင်း၊ ရွေးချယ်မယ့် ဘာသာရပ်၊
    ရာထူး ဆိုတာတွေကို
  • 13:42 - 13:44
    သူတို့ဘာသာသူတို့ ရွေးကြမှာပါ။
  • 13:44 - 13:50
    ကျွန်မအလုပ်က ကျွန်မ ဖြစ်ချင်တာမျိုး
    သူတို့ကို လုပ်ပစ်ရန် မဟုတ်ဘဲ၊
  • 13:50 - 13:55
    သူတို့ ကိုယ်တိုင် ဖြစ်ချင်လိုကြတဲ့
    ကြည်နူးဖွယ်ရာကို ရယူရန် အားပေးဖို့ပါ။
  • 13:55 - 13:57
    ကျေးဇူးတင်ပါတယ်။
  • 13:57 - 14:03
    (လက်ခုပ်သံများ)
Title:
အလွန်အကျွံ အုပ်ထိန်းမှုမပါဘဲ အောင်မြင်တဲ့ ကလေးများကို ပျိုးထောင်နည်း -
Speaker:
Julie Lythcott-Haims
Description:

ကလေးတွေကို မြင့်မလားတဲ့ ပန်းတိုင်များဆီ ခေါ်ဆောင်သွားရင်း အလှည့်အကွေ့တိုင်းမှာ သူတို့အား အသေးအမွှားမှအစ စီမံညွှန်ကြားနေခြင်ဖြင့် မိဘများဟာ လက်တွေ့တွင် ကူညီပေးနေကြတာ မဟုတ်ဘူးလို့ Lythcott-Haim ယူဆပါတယ်။ Dean of Freshmen at Stanford မှာ မဟာဌာနမှူးဖြစ်ခဲ့ဘူးတဲ့ သူမဟာ ကလေးတွေရဲ့ အောင်မြင်မှုကို သူတို့ရဲ့ အမှတ်တွေနဲ့ အဆင့်တွေဖြင့် ဆုံးဖြတ်မှုကို အဆုံးသတ်ပစ်ကြပါရန် မိဘတွေကို တိုက်တွန်းပါတယ်။ အဲဒါ့အစား ခေတ်အဆက်ဆက်က ရှိလာခဲ့တဲ့ ချွင်းချက်မရှိ ချစ်ချင်းမေတ္တာကို ပြသပေးကြပါလို့ သူက ဆိုထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
14:16

Burmese subtitles

Revisions