Return to Video

ကျွန်ုပ်တို့သေသွားရင် ခန္ဓာကိုယ်တွေ ဘာဖြစ်သွားသလဲ - Farnaz Khatibi Jafari

  • 0:07 - 0:08
    လူ့သမိုင်းစတဲ့အချိန်တည်းက
  • 0:08 - 0:14
    ခန့်မှန်းခြေလူသန်းထောင်ပေါင်း ၁၀၀.၈ လောက်
    နေထိုင် သေဆုံးခဲ့ပြီးပါပြီ
  • 0:14 - 0:19
    နှစ်စဉ်ကမ္ဘာ့လူဦးရေရဲ့ ၀.၈%ရာခိုင်နှုန်း
    လောက်ရှိပြီး ဆက်လက်တိုးပွားနေတယ်
  • 0:19 - 0:22
    သူတို့တွေအားလုံး သေသွားတဲ့အခါ သူတို့
    ခန္ဓာကိုယ်တွေကဘယ်လိုဖြစ်သွားသလဲ
  • 0:22 - 0:27
    ကမ္ဘာကြီးမှာကော နောက်ဆုံး မြှုပ်စရာနေရာ
    မကျန် ဖြစ်သွားတော့မှာလား
  • 0:27 - 0:29
    လူတစ်ယောက်နှလုံးခုန် ရပ်သွားတဲ့အခါ
  • 0:29 - 0:33
    ပုပ်သိုးခြင်းမဖြင်ခင် ခန္ဓာကိုယ်က
    အဆင့်တွေအများကြီးကျော်ဖြတ်ရသေးတယ်
  • 0:33 - 0:34
    သေပြီး မိနစ်ပိုင်းအကြာမှာ
  • 0:34 - 0:38
    ခန္ဓာကိုယ်ရဲ့ အောက်ဆုံးပိုင်းတွေမှာ
    သွေးတွေစုထိုင်လာတယ်
  • 0:38 - 0:40
    ၈နာရီကနေ ၁၂နာရီကြာတော့
  • 0:40 - 0:46
    အဲဒီနေရာတွေမှာ livor mortis လို့ခေါ်တဲ့
    သေပြီးဖြစ်တဲ့အကွက်တွေနဲ့အရောင်ပြောင်းလာတယ်
  • 0:46 - 0:50
    သေဆုံးသွားချိန်မှာခန္ဓာကိုယ်ကြွက်သားတွေဟာ
    primary flaccidity ဆိုတဲ့
  • 0:50 - 0:53
    ဖြစ်စဉ်နဲ့လုံးဝပျော့ပြောင်းသွားတယ်
  • 0:53 - 0:58
    ၂နာရီကနေ ၆နာရီကြာတဲ့အခါမှာတော့ကြွက်သား
    တောင့်တင်းတာပြီး rigor mortis လို့ခေါ်တယ်
  • 0:58 - 1:00
    ဒီတောင့်တင်းမှုက
    ကြွက်သားတလျောက်ပြန့်သွားပြီး
  • 1:00 - 1:06
    ပြန့်နှုန်းကတော့ အသက်၊လိင်နဲ့
    ပတ်ဝန်းကျင်ခြေနေပေါ်မူတည်တယ်
  • 1:06 - 1:08
    ခန္ဓာကိုယ်က အပူချိန်လည်းပြောင်းတယ်
  • 1:08 - 1:11
    များသောအားဖြင့် ပတ်ဝန်းကျင်နဲ့လိုက်အောင်
    အေးစက်သွားလေ့ရှိတယ်
  • 1:11 - 1:13
    နောက်တော့ ဘက်တီးရီးယားနဲ့ အင်းဆက်တွေက
  • 1:13 - 1:17
    ခန္ဓာကိုယ်ကို ဖြိုဖျက်တဲ့
    ဆွေးမြည့်တဲ့ဖြစ်စဉ်လာပြီး
  • 1:17 - 1:20
    ဆွေးမြည့်နှုန်းကတော့ အချက်များစွာပေါ်
    မူတည်တယ်
  • 1:20 - 1:25
    ပတ်ဝန်းကျင်က ဆွေးမြည့်မှုပေါ်
    သက်ရောက်မှုအကြောင်း လမ်းညွှန်ထားတဲ့
  • 1:25 - 1:27
    Casper's နိယာမဆိုတာတော့ရှိတယ်
  • 1:27 - 1:29
    ပြောတာကတော့အခြားအချက်တွေအားလုံးသာ
    ညီမယ်ဆိုလျှင်
  • 1:29 - 1:35
    လေနဲ့ထိတွေ့တဲ့ ခန္ဓာက ရေထဲမှာနှစ်ထားတာထက်
    ဆွေးမြည့်နှုန်း ၂ဆပိုမြန်တယ်
  • 1:35 - 1:39
    မြေကြီးထဲမြှုပ်တာထက် ၈ဆပိုမြန်တယ်
  • 1:39 - 1:44
    မြေကြီးရဲ့အက်ဆစ်ဓာတ်ကလည်းအရိုးတွေ
    တာရှည်ခံမှုပေါ်အကျိုးသက်ရောက်မှုကြီးမားတယ်
  • 1:44 - 1:47
    PH ၅.၃ထက်နည်းတဲ့ အက်ဆစ်ဓာတ်များတဲ့မြေက
  • 1:47 - 1:50
    အရိုးကို မြန်မြန်ဆွေးစေတယ်
  • 1:50 - 1:55
    PH ၇ ထက်များတဲ့ သမမြေလိုမျိုးမှာတော့
  • 1:55 - 2:00
    အရိုးစုက နှစ်ပေါင်းရာနဲ့ချီပြီး
    ပုံမပျက်ရှိနေနိုင်တယ်
  • 2:00 - 2:04
    သမိုင်းတစ်လျှောက် မတူကွဲပြားယဉ်ကျေးမှုတွေက
    မြေမြှုပ်တာမျိုးစုံကိုဖန်တီးခဲ့ကြတယ်
  • 2:04 - 2:07
    ဥရောပကျောက်ခတ်လူသားတွေရဲ့
    မြေမြှုပ်မှုမှာတော့
  • 2:07 - 2:09
    သေဆုံးခြင်းမှာဓလေ့ထုံးတမ်းတွေ
    တွဲပါလေ့ရှိတယ်
  • 2:09 - 2:13
    နေရာချထားခြင်း၊ အရောင်ဆိုးခြင်း၊
    အလောင်းကို အလှဆင်ခြင်းတို့ပေါ့
  • 2:13 - 2:17
    ခရစ်ယာန်ရိုးရာ မြေမြှုပ်မှုမှာတော့
    ခန္ဓာကိုယ်ကိုအဝတ်အစားဆင်ပေးတယ်
  • 2:17 - 2:18
    ရိုးရာ အစ္စလာမ်မှာတော့
  • 2:18 - 2:21
    ခန္ဓာကိုယ်ကို ရိုးရာပိတ်တစ်စနဲ့
    ပတ်လေ့ရှိပြီး
  • 2:21 - 2:24
    မက္ကာရှိတဲ့အရပ်ကို မျက်နှာမူထားလေ့ရှိတယ်
  • 2:24 - 2:27
    ဟိန္ဒူရိုးရာမှာ အခမ်းအနားနဲ့
    ခန္ဓာကိုယ်ကို မီးရှို့လေ့ရှိတယ်
  • 2:27 - 2:31
    ရှေးအကျဆုံးထဲကတစ်ခုဖြစ်တဲ့ ဘုရားတစ်ဆူတည်း
    ကိုးကွယ်တဲ့ဘာသာဝင်Zoroastrains တွေကတော့
  • 2:31 - 2:36
    ခန္ဓာကိုယ်ကို မျှော်စင်ထိပ်မှာထားပြီး
    နေရောင်နဲ့
  • 2:36 - 2:38
    အပုပ်ကောင်စားငှက်တွေနဲ့ ထိတွေ့စေတယ်
  • 2:38 - 2:42
    စက်မှုတော်လှန်ရေးမတိုင်ခင်မှာတော့
    မြေမြှုပ်တာတွေဟာ ရိုးရှင်းလွယ်ကူတယ်
  • 2:42 - 2:47
    ယနေ့မှာတော့လူဦးရေများတဲ့နေရာတွေမှာ
    မြေမြှုပ်ဖို့သင့်တော်တဲ့နေရာတွေမရှိတော့ဘူး
  • 2:47 - 2:50
    သီးသန့် မြေကျင်းဝယ်ရတာလည်း
    တော်တော်ကုန်ကျလို့
  • 2:50 - 2:53
    လူတွေက ရိုးရိုးမြေမြှုပ်တာကို
    မတတ်နိုင်ကြတော့ဘူး
  • 2:53 - 2:57
    ကမ္ဘာမှာ ဒုတိယအသုံးပြုဆုံးဖြစ်တဲ့
    မီးသဂြိုဟ်မှုကတောင်
  • 2:57 - 2:59
    ဈေးတော်တော်ကြီးလာပြီ
  • 2:59 - 3:01
    နေရာတွေရှားပါးလာတာနဲ့ပတ်သက်လို့ မေးရင်တော့
  • 3:01 - 3:04
    ကမ္ဘာပေါ်မှာရှိတဲ့ မြေစုစုပေါင်းနဲ့ဆိုရင်
    ကိစ္စသိပ်မရှိဘူး
  • 3:04 - 3:09
    လူအများကြီးမြို့ကြီးတွေမှာစုနေတာ
    ဆိုရင်တော့အကြောင်းတစ်ခုဖြစ်လာပြီ
  • 3:09 - 3:11
    ကမ္ဘာပေါ်က မြို့ကြီးတွေအများစုဟာ
  • 3:11 - 3:15
    ရာစုနှစ်တစ်ခုအတွင်းမှာ မြေမြှုပ်စရာ
    နေရာတွေ ကုန်သွားနိုင်ပါတယ်
  • 3:15 - 3:16
    လန်ဒန်မှာဆို ပိုတောင် စောပြီး
  • 3:16 - 3:19
    ၂၀၃၅ လောက်မှာ ဖြစ်လာနိုင်တယ်
  • 3:19 - 3:22
    ဒါဆို နေရာပြဿနာကို အထောက်အကူဖြစ်စေမယ့်
    မြေမြှုပ်ခြင်း အစားထိုး
  • 3:22 - 3:24
    နည်းလမ်းများရှိဦးမလား
  • 3:24 - 3:29
    အချို့နိုင်ငံတွေမှာ မိုးမျှော်သင်္ချိုင်း
    တွေက ဒေါင်လိုက်မြုပ်နှံခြင်းဖြစ်စေတယ်
  • 3:29 - 3:33
    အချို့ကတော့ပတ်ဝန်းကျင်နဲ့ ခန္ဓာကိုယ်
    ဆက်နွယ်မှုကိုအဓိကဦးစားပေးလျက်ရှိတယ်
  • 3:33 - 3:38
    Promession ဆိုတဲ့နည်းမှာတော့ခန္ဓာကိုယ်ကို
    အေးခဲပြီး မှုန့်ညှက်အောင် ချေကာ၊
  • 3:38 - 3:40
    ပေါင်ဒါမှုန့်ဖြစ်အောင်လုပ်ပြီး
  • 3:40 - 3:43
    အောက်ဆီဂျင်နဲ့ရေပေါင်းစပ်၊
    မြေသြဇာဖြစ်စေတယ်
  • 3:43 - 3:46
    အထူးပစ္စည်းတွေသုံးတဲ့
    ပတ်ဝန်းကျင်မထိခိုက်တဲ့ မြှုပ်နည်းတွေရှိတယ်
  • 3:46 - 3:49
    ဆွေးမြည့်နိုင်တဲ့ခေါင်းတလား၊
  • 3:49 - 3:51
    သစ်ပင်ပေါက်စေနိုင်တဲ့ အရိုးအိုး၊
  • 3:51 - 3:54
    မှိုပွင့်တွေပေါက်စေမယ့် မြုပ်နှံဝတ်စုံ
    စသဖြင့်ပေါ့
  • 3:54 - 3:57
    ထာဝရ ကျောက်တန်းတွေကတော့ သမုဒ္ဒရာအောက်ထဲက
    စိတ်ကူးကိုယူတယ်
  • 3:57 - 4:03
    ပြာနဲ့ ဘိလပ်မြေအရောကိုသုံးပြီး ပင်လယ်နေ
    သတ္တဝါတွေအတွက်နေစရာနေရာကိုဖန်တီးပေးတယ်
  • 4:03 - 4:07
    သေဆုံးခြင်းဟာ လူတွေအတွက်
    ရှောင်လွှဲမရတဲ့ ဖြစ်စဉ်ပါ
  • 4:07 - 4:10
    ဒါပေမဲ့ ခန္ဓာနဲ့ မြေမြှုပ်တာကိုဘာလုပ်မယ်
    ဆိုတာ ဆက်ပြီး အဆင့်ဆင့်ပြောင်းလဲနေမှာပါ
  • 4:10 - 4:12
    ကျွန်ုပ်တို့ဆီမှာ ကွဲပြားတဲ့ အယူဝါဒ
  • 4:12 - 4:13
    ဘာသာရေး
  • 4:13 - 4:16
    သေဆုံးခြင်းကို လက်တွေ့ချဉ်းကပ်ပုံတွေ
    ရှိကြမှာပါ
  • 4:16 - 4:19
    အမြဲမပြတ်တိုးပွားလာနေတဲ့
    မြုပ်နှံရန်နေရာလိုအပ်မှုကတော့
  • 4:19 - 4:21
    ဒီခန္ဓာတွေ ဘဝရဲ့
    နောက်ဆုံးအဆင့်တွေပြီးရင်
  • 4:21 - 4:25
    ဘယ်ကိုသွားရမလဲဆိုတာနဲ့ပတ်သက်ပြီး
    ဖန်တီးမှုတွေရှိဖို့တွန်အားပေးနေမှာပါ
Title:
ကျွန်ုပ်တို့သေသွားရင် ခန္ဓာကိုယ်တွေ ဘာဖြစ်သွားသလဲ - Farnaz Khatibi Jafari
Description:

လူ့သမိုင်းစတဲ့အချိန်တည်းက ခန့်မှန်းခြေလူသန်းထောင်ပေါင်း ၁၀၀.၈ လောက်
နေထိုင် သေဆုံးခဲ့ပြီးပါပြီ။ နှစ်စဉ်ကမ္ဘာ့လူဦးရေရဲ့ ၀.၈%ရာခိုင်နှုန်း
လောက်ရှိပြီး ဆက်လက်တိုးပွားနေတယ်။ သူတို့တွေအားလုံး သေသွားတဲ့အခါ သူတို့
ခန္ဓာကိုယ်တွေကဘယ်လိုဖြစ်သွားသလဲ။ကမ္ဘာကြီးမှာကော နောက်ဆုံး မြှုပ်စရာနေရာ
မကျန် ဖြစ်သွားတော့မှာလား။ Farnaz . Khatibi Jafari က လူသားတွေဟာ ခန္ဓာကိုယ်နဲ့ မြေမြှုပ်သဂြိုဟ်မှုတွေအပေါ် ပြုမှုလာကြပုံအဆင့်ဆင့်ကို နောက်ကြောင်းပြန်ထားပါတယ်။
Lesson by Farnaz Khatibi Jafari, animation by Ivana Bošnjak and Thomas Johnson.

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:41
  • Typing error တချို့ကို အပြီးသတ်အချောကိုင်ရာတွင် ပြင်ဆင်နိုင်ဖို့ ဖော်ပြပါရစေ။
    0:29 - 0:33 ပုပ်သိုးခြင်းမ(ဖြင်)ခင် ခန္ဓာကိုယ်က
    0:53 - 0:58 တောင့်တင်း(တာ)ပြီး rigor mortis လို့ခေါ်တယ်
    2:17 - 2:18 (ရိုးရာ) အစ္စလာမ်မှာတော့
    4:07 - 4:10 ဒါပေမယ့်ခန္ဓာနဲ့ဈာပနာကိုဘာလုပ်မယ်ဆို(တ)တော့

Burmese subtitles

Revisions