Return to Video

ကျွန်တော်တို့ ကွန်ပျူတာတွေ ကျွန်တော်တို့ထက်ကို စမတ်ကျလာရင် ဘယ်လို ဖြစ်လာမလဲ?

  • 0:01 - 0:05
    ကျွန်တော်ဟာ သင်္ချာပညာရှင်၊ ဒဿနိကပညာရှင် နဲ့
    ကွန်ပျူတာပညာရှင် တသီကြီးနဲ့ အလုပ်လုပ်နေရာ
  • 0:05 - 0:10
    တခြားကိစ္စတွေ အထဲမှာ စက်ဦးနှောက်ရဲ့
    အနာဂတ်ကိုပါ
  • 0:10 - 0:12
    ထိုင် ဆွေးနွေးလေ့ ရှိပါတယ်။
  • 0:12 - 0:17
    ဒီလိုအရာတွေဟာ သိပ္ပံဝတ္ထု ဆန်တယ်လို့
    တချို့သူတွေက ထင်ကြကာ၊ ဝေးလွန်းတယ်၊
  • 0:17 - 0:20
    အဓိပ္ပါယ်မရှိဘူးလို့ ထင်ကြတယ်။
  • 0:20 - 0:21
    ဒါပေမဲ့ ကျွန်တော်ကတော့၊
  • 0:21 - 0:25
    ကောင်းပြီ၊ ဒီခေတ် လူသား အခြေအနေကို
    ကြည့်ဖို့ ပြောတတ်ပါတယ်။
  • 0:25 - 0:27
    (ရယ်မောသံများ)
  • 0:27 - 0:29
    အရာတွေဟာ ဒီလိုဖြစ်သင့်ပါတယ်။
  • 0:29 - 0:31
    အဲဒီအကြောင်းကို စဉ်းစားကြည့်ရင်၊
  • 0:31 - 0:35
    ကျွန်တော်တို့ဟာ၊ လူသားဆိုတဲ့ မျိုးစိတ်ဟာ၊
    ဒီဂြိုဟ်ပေါ်ကို မကြာမီလေးတင်က
  • 0:35 - 0:37
    ရောက်လာတဲ့ ဧည့်သည်တွေပါ။
  • 0:37 - 0:41
    ကမ္ဘာကြီးကို ဖန်တီးခဲ့တာ တနှစ်ရှိပြီလို့
    ယူဆရင်၊
  • 0:41 - 0:45
    လူသား အမျိုးအနွယ်ဟာ၊
    အသက် ၁၀ မိနစ်မျှသာ ရှိပါသေးတယ်။
  • 0:45 - 0:48
    စက်မှုခေတ် စတင်ခဲ့တာ
    နှစ်စက္ကန့်ပဲ ရှိသေးတယ်။
  • 0:49 - 0:55
    ဒါကို နောက်တမျိုး ကြည့်လို့ ရနိုင်သေးတကာ၊
    နောက်ဆံး နှစ် ၁၀၀၀၀ ရဲ့ GDP ကိုကြည့်ဖို့ပါ။
  • 0:55 - 0:58
    ခင်ဗျားတို့အတွက်ကို ကျွန်တော်ဟာ
    ဒီမှာ ဂရပ်ပုံ အဖြစ် တင်ပြပေးထားတယ်၊
  • 0:58 - 0:59
    အဲဒါဟာ ဒီလိုပုံမျိုး ရှိပါတယ်။
  • 0:59 - 1:01
    (ရယ်မောသံများ)
  • 1:01 - 1:03
    ပုံမှန်အခြေအနေအတွက်
    တကယ့်ကို အံ့အားသင့်စရာ ပုံစံပါပဲ။
  • 1:03 - 1:05
    ကျွန်တော် အဲဒီပေါ်မယ်
    ထိုင်လိုမှာ မဟုတ်ဘူး။
  • 1:05 - 1:07
    (ရယ်မောသံများ)
  • 1:07 - 1:12
    လက်ရှိ ပုံမမှန်ဘူးရဲ့ အကြောင်းရင်းက
    ဘာလဲ ကိုယ့်ကိုယ်ကို မေးကြည့်ကြပါစို့?
  • 1:12 - 1:14
    လူတချို့က အဲဒါ
    နည်းပညာကြောင့်လို့ ဆိုကြမယ်။
  • 1:14 - 1:19
    မှန်ပါတယ်၊ နည်းပညာကို လူ့သမိုင်း
    တလျှောက်လုံးမှာ စုစည်းလာခဲ့ကြတယ်၊
  • 1:19 - 1:24
    အခုအချိန်မှာ နည်းပညာဟာ အံ့မခန်း
    လျင်မြန်စွာ တိုးတက်လာနေတယ်၊
  • 1:24 - 1:25
    အဲဒါဟာ အနီးကပ်ဆုံး အကြောင်းရင်းပါ၊
  • 1:25 - 1:28
    လက်ရှိအချိန်မှာ ထုတ်လုပ်နှုန်း
    မြင့်တာ အဲဒါကြောင့်ပါ။
  • 1:28 - 1:32
    ဒါပေမဲ့ ကျွန်တော်ဟာ နောက်ဆုံး
    အကြောင်းရင်းကို ဆန်းစစ်ကြည့်ချင်တယ်။
  • 1:33 - 1:37
    သိပ်ကို မတူကြတဲ့ ဒီထင်ရှားတဲ့
    ပုဂ္ဂိုလ်နှစ်ဦးကို ကြည့်ကြစမ်းပါ၊
  • 1:37 - 1:38
    ဟောဒီမှာက Kanzi ပါ။
  • 1:38 - 1:43
    သူဟာ စကားသင်္ကေတ ၂၀၀ ကို ကျွမ်းကျင်လို့
    အံ့မခန်း ကျွမ်းကျင်မှုပါ။
  • 1:43 - 1:47
    ပြီးတော့ ဒုတိယ superstring တော်လှန်မှုကို
    ဖွင့်ပြလိုက်တဲ့ Ed Witten ပါ။
  • 1:47 - 1:49
    ဇစ်မြစ်ကို ရှာကြည့်ရန်
    ကြိုးစားကြရင် တွေ့ရမှာက၊
  • 1:49 - 1:51
    အခြေခံအားဖြင့် တူတဲ့ အရာကိုပါပဲ။
  • 1:51 - 1:53
    တခုက နည်းနည်းလေး ပိုကြီးသလိုပဲ၊
  • 1:53 - 1:55
    ၎င်းဆီမှာလည်း သူ့နည်းသူဟန်နဲ့ ပရိယာယ်
    တချို့ ရှိကြမှာပါ။
  • 1:55 - 1:59
    သူတို့ဟာ ကျွန်တော်တို့ရဲ့ ဘုံဖြစ်ခဲ့တဲ့
    ဘိုးဘေးဘီဘင်ရဲ့ နောက်မှာ
  • 1:59 - 2:03
    မျိုးဆက် ၂၅၀၀၀၀ မျှသာ
    ခြားနေကြပေမဲ့၊
  • 2:03 - 2:05
    မြင်မရတဲ့ ကွဲပြားချက်တွေ
    များလှမယ် မထင်ပါ။
  • 2:05 - 2:09
    အဲဒီလို ရှုပ်ထွေးကြတဲ့ ယန္တရားတွေ ဆင့်ကဲ
    ဖွံ့ဖြိုးလာဖို့ အချိန်အများကြီး လိုပါတယ်။
  • 2:10 - 2:12
    သိပ်ကို မသိသာလှတဲ့ အပြောင်းအလဲများက
    ကျွန်တော်တို့ကို
  • 2:12 - 2:16
    Kanzi ဆီမှနေပြီး Witten ဆီကို၊
  • 2:16 - 2:20
    ကျိုးနေတဲ့ အကိုင်းအခက်တွေမှ နေပြီး
    တိုက်ချင်းပစ် ဒုံးပျံဆီကို ယူဆောင်ခဲ့တာပါ။
  • 2:21 - 2:25
    ဒီတော့၊ ကျွန်တော်တို့ လက်လှမ်းမှီ ရယူ
    နိုင်ခဲ့ကြတဲ့ အရာတိုင်းဟာ၊
  • 2:25 - 2:26
    အလေးထားကြတဲ့ အရာတိုင်းဟာ၊
  • 2:26 - 2:31
    လူသားဦးနှောက်က ပြုလုပ်လိုက်တဲ့ မသိသာတဲ့
    ပြောင်းလဲမှုတွေ ပေါ်မှာသာ မူတည်တယ်။
  • 2:33 - 2:36
    ဆက်စပ်တွေးကြည့်ပါက၊ တွေးခေါ်မှု အခြေခံကို
    သိသိသာသာ ပြောင်းလဲပစ်နိုင်မယ့်
  • 2:36 - 2:40
    အနာဂတ် ပြောင်းလဲမှုတွေကြောင့်
    အံ့မခန်း အကျိုးဆက်တွေ
  • 2:40 - 2:43
    ဖြစ်လာနိုင်တာကို သဘောတူကြရပါမယ်။
  • 2:44 - 2:47
    လုပ်ဖက်တချို့တို့က အဲဒီလိုအခြေခံကို
    သိသိသာသာ ပြောင်းလဲပစ်နိုင်စွမ်းရှိတဲ့
  • 2:47 - 2:51
    လမ်းစ တခုရဲ့ ရှေ့ကို
    ကျွန်တော်တို့ ရောက်နေကြပြီ၊
  • 2:51 - 2:54
    အဲဒါကတော့ စက်ဦးနှောက်ပဲလို့ သူတို့က
    ဆိုကြတယ်။ လက်လုပ် ဦးနှောက်ဆိုတာက
  • 2:54 - 2:59
    ညွှန်ကြားချက်တွေကို သေတ္တာတခုထဲ
    ကို ထည့်သွင်းပေးဖို့ပါပဲ။
  • 2:59 - 3:01
    ပရိုဂရမ် ရေးဆွဲမယ့် လူတွေကို သုံးကြရမယ်၊
  • 3:01 - 3:04
    သူတို့ဟာ ဉာဏ်ပညာဆိုင်ရာ အရာတွေကို
    ခက်ရာခက်ဆစ် ကြံဆထည့်ပေးကြမှာပါ။
  • 3:04 - 3:06
    အဲဒီလို ကျွမ်းကျင်မှု
    စနစ်တွေကို ဆောက်လုပ်ခဲ့ကြတယ်၊
  • 3:06 - 3:08
    ၎င်းတို့ဟာ တချို့ရည်ရွယ်ချက် အတွက်
    အသုံးဝင်ခဲ့ပေမဲ့၊
  • 3:08 - 3:11
    ၎င်းတို့ဟာ မခိုင်မာကြဘဲ
    စကေးပြောင်းလုပ်ဖို့ မလွယ်ခဲ့ပါ။
  • 3:11 - 3:14
    အခြေခံအားဖြင့် ကိုယ်ထည့်ပေးလိုက်တာကိုပဲ
    ပြန်ရတဲ့ သဘော ဖြစ်ခဲ့တယ်။
  • 3:14 - 3:15
    အဲဒီနောက်ပိုင်းမှာ
  • 3:15 - 3:19
    လက်လုပ် ဦးနှောက် မျက်နှာစာမှာ စံတင်ထိုက်တဲ့
    အရွှေ့အပြောင်း ဖြစ်ပွားလာခဲ့တယ်။
  • 3:19 - 3:22
    ဒီနေ့တွင် စက်ကို သင်ပေးရေးကို
    လက်တွေ့ လုပ်ကိုင်နေကြပါတယ်။
  • 3:22 - 3:28
    ဒီတော့ ဉာဏ်ပညာကို တင်ပြမှု
    အချင်းလက္ခဏတွေကို ဖန်တီးမှုအစား
  • 3:29 - 3:34
    မကြာခဏဆိုသလို သိမြင်လွယ်တဲ့ ဒေတာများမှ၊
    သင်ယူရေး အယ်လဂိုရီသမ်တွေကို ပြုစုလာကြတယ်။
  • 3:34 - 3:39
    အခြေခံအားဖြင့် လူသားရဲ့ ကလေးတွေ
    လုပ်ကြတဲ့ အတိုင်းပါပဲ။
  • 3:39 - 3:43
    ရလာတဲ့ ရလဒ်က အကြောင်းအရာ တခုနဲ့သာ
    မဆိုင်တော့တဲ့ A.I.ပါပဲ။
  • 3:43 - 3:48
    တခုတည်းသော စနစ်ဟာ ဘယ်ဘာသာစကား
    အစုံတွေကိုမဆို ဘာသာပြန်မှု သင်ယူနိုင်တယ်၊
  • 3:48 - 3:53
    ဒါမှမဟုတ် Atari ခလုတ်ခုံနဲ့ဆိုရင် ဘယ်
    ကွန်ပျူတာဂိမ်းကိုမဆို ကစားဖို့သင်နိုင်တယ်။
  • 3:53 - 3:55
    ဒီနေ့မှာကျတော့၊
  • 3:55 - 3:59
    A.I.ဟာ လူသားတို့လို သင်ယူနိုင်စွမ်း နဲ့
    စီမံနိုင်စွမ်းတို့လို ကျယ်ပြန့်လလှတဲ့
  • 3:59 - 4:02
    တုံ့ပြန်လုပ်ကိုင်နိုင်စွမ်းထဲမှာ
    နီးနီလေးတောင် မရှိနိုင်သေးပါဘူး။
  • 4:02 - 4:04
    လူ့ဦးနှောက်ထဲက
    တချို့ အယ်လဂိုရီသမ် ထူးဆန်းချက်တွေကို
  • 4:04 - 4:07
    စက်တွေထဲကို ဘယ်လို ထည့်သွင်းပေးရမှန်း
    မသိကြသေးပါဘူး။
  • 4:08 - 4:10
    ဒီတော့ မေးခွန်းက ကျွန်တော်တို့ဟာ
  • 4:10 - 4:13
    အဲဒါတွေကို လိုက်မှီဖို့
    ဘယ်လောက် ဝေနေကြသေးလဲ?
  • 4:14 - 4:15
    လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက
  • 4:15 - 4:18
    ကမ္ဘာ့နာမည်ကြီး A.I.ပါရဂူတွေအကြား
    ဆန်းစစ်မှု တခုကို လုပ်ခဲ့ကြတယ်၊
  • 4:18 - 4:21
    သူတို့ အမြင်တွေကို မေးကြည့်ခဲ့ကြရာ
    မေးခွန်း တခုက ဒီလိုပါ၊
  • 4:21 - 4:25
    "ဘယ်နှစ်ရောက်ရင် လူသားအဆင့်မျိုး
    စက်ဦးနှောက်ကို
  • 4:25 - 4:28
    လက်လှမ်းမှီဖို့ အလားအလာ ၅၀ %
    ရှိလာမယ် ထင်ပါသလဲ?"
  • 4:29 - 4:33
    လူသားအဆင့် ဆိုတာကို ကျွန်တော်တို့က
    ဘယ်လုပ်ငန်းကိုမဆို
  • 4:33 - 4:36
    အနည်းဆုံးအားဖြင့်
    သက်ကြီးလူသား တဦးလို လုပ်ကိုင်နိုင်ဖို့ပါ၊
  • 4:36 - 4:40
    နယ်ပယ် တချို့ကို ဘောင်ခတ်လျက် မဟုတ်ဘဲ
    တကယ့်ကို လူသားအဆင့်မျိုးကို ဆိုလိုတိုပါ။
  • 4:40 - 4:43
    အဲဒီတော့ ရခဲ့တဲ့ ရလဒ်တွေရဲ့
    အလယ်ဗဟိုဟာ ၂၀၄၀ သို့မဟတ် ၂၀၅၀ ဖြစ်ခဲ့တယ်။
  • 4:43 - 4:46
    အဖြေဟာ ကျွန်တော်တို့ မေးခဲ့ကြတဲ့
    ပါရဂူ အုပ်စုတွေ ဖြေခဲ့ကြတာပါ။
  • 4:46 - 4:50
    တကယ်တော့၊ အဲဒါဟာ သိပ်ကို နောက်ကျပြီး
    ဒါမှမဟုတ် စောပြီး ဖြစ်လာနိုင်ပါတယ်၊
  • 4:50 - 4:52
    အမှန်ကို ဘသူမှာမှ လက်တွေ့တွင် မသိပါ။
  • 4:53 - 4:58
    တခု ကျွန်တော်တို့ သေချာပေါက် သိထားကတော့
    အချက်အလက်များကို စီမံလုပ်ကိုင်ပေးတဲ့
  • 4:58 - 5:03
    စက်ရဲ့ အောက်ခြေလွှာဟာ ဇီဝတစ်ရှူးတွေရဲ့
    ဘောင်အပြင် ဝေးတဲ့ နေရာမှာ ဖြစ်ပါလိမ့်မည်။
  • 5:03 - 5:06
    အဲဒါဟာ ရူပဗေဒ နယ်ပယ်ထဲကို
    ရောက်ရှိသွားမှာပါ။
  • 5:06 - 5:10
    ဇီဝနေရွန်းဟာ၊ hertz ၂၀၀၊ တနည်း တစက္ကန့်
    အတွင်းမှာ အကြိမ် ၂၀၀ ပစ်ဖောက်နိုင်ပါတယ်။
  • 5:10 - 5:14
    မျက်မှောက်ခေတ် ထရန်စစ္စတာ ကတောင်
    Gigahertz နှုန်းနဲ့ လုပ်ကိုင်နိုင်ပြီ။
  • 5:14 - 5:19
    နေရွန်းတွေက အက်စွန်တွေ တလျှောက် တစက္ကန့်
    မီတာ ၁၀၀ နှုန်း အမြင့်ဆုံး လှုပ်ရှားနိုင်တယ်။
  • 5:19 - 5:22
    ကွန်ပျူတာထဲကျတော့ အချက်ပြမှုတွေဟာ
    အလင်းရဲ့ နှုန်းမျိုးနဲ့ ပြေးနိုင်ကြတယ်။
  • 5:23 - 5:25
    ပြီးတော့ အရွယ်အစား
    ကန့်သတ်ချက် ရှိပါသေးတယ်၊
  • 5:25 - 5:28
    ဥပမာ၊ လူ့ဦးနှောက်ဆိုတဲ့ ဦးခေါင်းခွံ
    အထဲမှာသာ တည်ရှိနိုင်ပါတယ်၊
  • 5:28 - 5:33
    ကွန်ပျူတာကျတော့ ဂိုဒေါင် တခုမက
    ကြီးမားနိုင်ပါတယ်။
  • 5:33 - 5:38
    ဒီတော့ ဆူပါဦးနှောက်ရဲ့ စွမ်းပကားဟာ
    ဒြပ်ဝတ္ထုထဲမှာ မှေးလျက် ရှိနေပါတယ်၊
  • 5:38 - 5:44
    အနုမြူရဲ့ စွမ်းပကားဟာလည်း
    လူ့သမိုင်း တလျှောက်မှာ၊ ၁၉၄၅ ခုနှစ်အထိကို
  • 5:44 - 5:48
    ငြိမ်သက်စွာ မှေးနေခဲ့သလိုပါပဲ။
  • 5:48 - 5:50
    ဒီရာစုထဲမှာ သိပ္ပံပညာရှင်တို့ဟာ
  • 5:50 - 5:54
    လက်လုပ် ဦးနှောက်ရဲ့ စွမ်းပကားကို
    နှိုးလာအောင် လုပ်ပေးချင် လုပ်ပေးနိုင်ပါမယ်။
  • 5:54 - 5:58
    အဲဒီလိုဆိုရင် ကျွန်တော်တို့ဟာ အသိပညာတွေရဲ့
    ပေါက်မှုကြီးကို မြင်ကြရဖို့ ရှိနေပါတယ်။
  • 5:58 - 6:02
    လူအများစုတို့ဟာ၊ ဘာဟာ စမတ်ကျတယ်၊
    ဘာဟာ အလာကားပါလို့ စဉ်းစားကြရာတွင်၊
  • 6:02 - 6:05
    ကျွန်တော့စိတ်ထင် ဒီလို
    ကားချပ်မျိုး ရှိပုံရပါတယ်။
  • 6:05 - 6:08
    ဒီတော့ အစွန်းတဘက်မှာ ကျွန်တော်တို့ဆီတွင်
    ရွာသားလူအ ရှိတယ်၊
  • 6:08 - 6:10
    ဝေးလှတဲ့ နောက် အစွန်းတခုမှာ ကျတော့
  • 6:10 - 6:15
    ခုနက Ed Witten၊ အယ်လ်ဘတ် အိန်းရှတိန်း၊
    ခင်ဗျားတို့ရဲ့ စိတ်ကြိုက် ဂုရု ဆိုပါတော့။
  • 6:15 - 6:19
    ဒါပေမဲ့ လက်လုပ် ဦးနှောက်ရဲ့
    ရှုဒေါင့်မှ ကြည့်ပြောရရင်၊
  • 6:19 - 6:23
    ကားချပ် အမှန်ဟာ လက်တွေ့တွင်
    အခုလို ဖြစ်ဖို့ များပါတယ်၊
  • 6:23 - 6:27
    အားလုံးဟာ ဒီမှာ ပြထားတဲ့ သုညနေရာမှ
    စတင်ကြရတာပါ၊
  • 6:27 - 6:30
    အဲဒီနေနောက် နှစ်ပေါင်းများစွာကြာ
    အပြင်းအထန် လုပ်ကိုင်ခဲ့ကြတဲ့ နောက်မှာ၊
  • 6:30 - 6:33
    ကျွန်တော်တို့ဟာ နောက်ဆုံးမှာတော့ ကြွက်အဆင့်
    လက်လုပ် ဦးနှောက်ကို ရရှိနိုင်တယ်၊
  • 6:33 - 6:36
    ကြွက်လိုပဲ အစုလိုက် အပြုံလိုက် ရှိမယ့်
    ပတ်ဝန်းကျင် နေရာထဲတွင်
  • 6:36 - 6:38
    သွားလာ လှုပ်ရှားနိုင်မယ့်
    အရာ ဖြစ်ပါလိမ့်မယ်။
  • 6:38 - 6:42
    အဲဒီနောက်၊ နှစ်ပေါင်းများစွာကြာ အပြင်းအထန်
    လုပ်ကိုင်ခဲ့ကာ ရင်းနှီးမှုတွေရဲ့ နောက်မှာ၊
  • 6:42 - 6:47
    နောက်ဆုံးမယ် ကျွန်တော်တို့ဟာ ချင်ပင်ဇီအဆင့်
    လက်လုပ် ဦးနှောက်ကို ရလာနိုင်ပါတယ်။
  • 6:47 - 6:50
    အဲဒီနောက်မှာ၊ ပိုလို့ကို များလှတဲ့ နှစ်တွေကြာ
    အပြင်းအထန် လုပ်ကိုင်ခဲ့တဲ့ နောက်မှာ၊
  • 6:50 - 6:53
    ကျွန်တော်တို့ဟာ ရွာထဲက လူအ အဆင့်ရှိ
    လက်လုပ် ဦးနှောက်ကို ရလာနိုင်ကြပါမယ်။
  • 6:53 - 6:56
    အဲဒီနောက် မကြာမီမှာ ကျွန်တော်တို့ဟာ
    Ed Witten အဆင့်ကို ကျော်သွားကြမှာပါ။
  • 6:56 - 6:59
    ဒီရထားဟာ လူသား ဆိုတဲ့ ဘူတာမှာ
    ရပ်နေမှာ မဟုတ်ပါ။
  • 6:59 - 7:02
    အဲဒီရထားဟာ ဝှီးကနဲ့ ဖြတ်ကျော်ပြီး
    မောင်းသွားမယ့် ပုံမျိုးပါ။
  • 7:02 - 7:04
    ခုနက ပြောလိုက်တာတွေဟာ၊ အထူးသဖြင့်
    ခွန်အား အကြောင်းကို
  • 7:04 - 7:08
    ထည့်ပြောကြမယ် ဆိုရင်၊ အတော်ကလေးကို
    ရှုပ်ထွေးခက်ခဲ လာနိုင်ပါတယ်။
  • 7:08 - 7:10
    ဥပမာ၊ ချင်ပင်ဇီတွေဟာ
    ခွန်အား ကောင်းကြပါတယ်၊
  • 7:10 - 7:15
    ကိုယ်အလေးအရ ချင်ပင်ဇီဟာ
    ပုံမှန်ယောင်္ကျားထက် နှစ်ဆပို အားရှိတယ်။
  • 7:15 - 7:20
    ဒါတောင်၊ ကန်ဇီနဲ့
    အပေါင်းပါးတို့ရဲ့ ကံကြမ္မာကျတော့
  • 7:20 - 7:24
    သူတို့ အချင်းချင်းအကြားက ဆက်ဆံမှုတွေထက်
    လူတွေ လုပ်ကိုင်ကြတဲ့ အပေါ် မူတည်နေပါတယ်။
  • 7:25 - 7:28
    အလားတူပဲ ဆူပါဦးနှောက် ရှိလာတဲ့အခါမှာ၊
  • 7:28 - 7:31
    လူသားတို့ရဲ့ ကံကြမ္မဟာလည်း ဆူပါဦးနှောက်ရဲ့
    လုပ်ကိုင်မှု အပေါ်မှာ မူတည်လာပါတယ်။
  • 7:32 - 7:34
    အဲဒီကို စဉ်းစားကြည့်ကြပါ။
  • 7:34 - 7:39
    စက်ဦးနှောက်ဟာဖြင့် လူသားအနေနဲ့ ပြလုပ်မယ့်
    နောက်ဆုံး တီထွင်မှု ဖြစ်လာပါမယ်။
  • 7:39 - 7:42
    စက်တွေဟာ တီထွင်ရာမှာ ကျွန်တော်တို့ထက်
    များစွာမှ တော်ကြမှာပါ၊
  • 7:42 - 7:44
    ပြီးတော့ သူတို့ဟာ အဲဒါကို ဒီဂျီတယ်
    စကေးနဲ့ လုပ်ကိုင်လာကြမှာပါ။
  • 7:44 - 7:49
    အဲဒါဟာ လက်တွေ့မှာကျတော့
    အနာဂတ်ကို မှန်ပြောင်း တပ်ဆင်မှုနဲ့ တူမယ်။
  • 7:49 - 7:53
    ကျွန်တော်တို့ စိတ်ကူးလို့ ရနိုင်သမျှသော
    နည်းပညာတွေကို
  • 7:53 - 7:55
    အချိန်တွေ မကုန်မခမ်း ရရှိလာမယ့်
    လူတွေဟာ ပြုစုဖန်တီးလာနိုင်ကြပါမယ်၊
  • 7:55 - 7:59
    အသက်ကြီးရင့်မှုကို ကုစားနိုင်ခြင်း၊
    အာကာသထဲမှာ လူနေရပ်ကွက်တွေ ဖန်တီးခြင်း၊
  • 7:59 - 8:02
    မိမိဘာသာမိမိ ပွားနိုင်ကြမယ့် နာနိုဘွတ်တွေ၊
    ဒါမှမဟုတ် ဦးနှောက်ကို ကွန်ပျူတာထဲ ထည့်ပေးမှု၊
  • 8:02 - 8:04
    သိပ္ပံဝတ္ထုတွေက စိတ်ကူးတွေလိုဟာမျိုးပါ၊
  • 8:04 - 8:07
    သို့သော ရူပဗေဒ နိယာမတွေနဲ့
    ကိုက်ညီနေမယ့် ကမ္ဘာကြီး ဖြစ်နေဦးမှာပါ။
  • 8:07 - 8:11
    အဲဒါတွေ အားလုံးကို ဆူပါဦးနှောက်ဟာ
    ထုတ်လုပ်နိုင်ပြီး မြန်ပါလိမ့်မယ်။
  • 8:12 - 8:16
    နည်းပညာအရ အဲဒီလို ရင့်ကျက်မယ့်
    ဆူပါဦနှောက်ဟာ၊
  • 8:16 - 8:18
    အထူးကို အားကောင်းမှာပါ၊
  • 8:18 - 8:23
    တချို့ ဇာတ်ညွှန်းများအရဆိုရင် ၎င်းဟာ
    ၎င်းက လိုချင်တွေကို ရရှိနိုင်ပါလိမ့်မယ်။
  • 8:23 - 8:28
    အဲဒီလို ကျွန်တော်တို့ရဲ့ အနာဂတ်ဟာ အဲဒီ
    A.I.ရဲ့ စိတ်ကြိုက် ပုံစံမျိုး ဖြစ်လာပါမယ်။
  • 8:30 - 8:34
    ဒီနေရာမှာ အဲဒီ စိတ်ကြိုက်မှုတွေက
    ဘာတွေများ ဖြစ်မလဲ?လို့ မေးစရာ ရှိပါတယ်။
  • 8:34 - 8:36
    အဲဒါဟာ တကယ့်ကို ရှုပ်ထွေးခက်ခဲပါတယ်။
  • 8:36 - 8:37
    ဒီကိစ္စထဲမှာ ရှေ့ဆက်တိုးနိုင်ဖို့ အတွက်၊
  • 8:37 - 8:41
    ကျွန်တော်တို့ဟာ ပထမအချက် အနေနဲ့
    လူသားပုံစံသွင်းမှုကို ရှောင်ကြရပါမယ်။
  • 8:42 - 8:45
    တကယ်တော့ A.I. အနာဂတ်ဆိုင်ရာ
    ဘယ် သတင်းစာ ဆောင်းပါးဘဲ ယူကြည့်ကြည့်
  • 8:45 - 8:49
    အဲဒီလို ပုံစံမျိုးကို ရေးသား
    ဖေါ်ပြနေကြလို့ပါ။
  • 8:50 - 8:54
    ဒီတော့ ကျွန်တော်တို့ဟာ အဲဒီပြဿနာကို စဉ်းစား
    ကြရာတွင် ပိုပြီး စိတ်ကူယဉ်ကြဖို့ လိုပါတယ်၊
  • 8:54 - 8:57
    Hollywood ရုပ်ရှင် ဇာတ်ညွှန်းတွေကို
    ကွက်တိ လိုက်နာဖို့ မလိုပါဘူး။
  • 8:57 - 9:01
    စက်ဦးနှောက်ကို လုပ်ငန်းစဉ်တွေ
    ပိုကောင်းလာစေမှု အဖြစ် မြင်ကြရပါမယ်၊
  • 9:01 - 9:06
    အနာဂတ်ကို အထူးချမှတ်ပေးထားတဲ့
    စည်းစနစ်ထဲကို ခေါ်ဆောင်သွားမယ့် ဖြစ်စဉ်ပါ။
  • 9:06 - 9:10
    ဆူပါဦးနှောက်ဟာ တကယ့်ကို အားကောင်းလှတဲ့
    လုပ်ငန်းစဉ်တွေ ပိုကောင်းလာစေမှုပါပဲ။
  • 9:10 - 9:14
    ၎င်းရဲ့ ပန်းတိုင်ကို ရုပ်လုံးဖေါ်နိုင်မယ့်
    အခြေအနေမျိုးဆီကို ရောက်ဖို့အတွက်
  • 9:14 - 9:16
    ရနိုင်သမျှသော အလားအလာတွေကို
    အသုံးချသွားမှာပါ။
  • 9:16 - 9:19
    အဲဒီလိုဆိုရင် အဲဒီကိစ္စထဲမှာ
    အသိဉာဏ်မြင့်မားချင်းဟာ
  • 9:19 - 9:22
    ကျွန်တော်တို့ လူသားတွေ အနေနဲ့ တန်ဖိုးရှိတယ်၊
    အဓိပ္ပါယ်ရှိတယ် ဆိုတဲ့ ပန်းတိုင်များနဲ့
  • 9:22 - 9:27
    ဆက်စပ်မှု ရှိချင်မှ ရှိတော့မှာကို
    ဆိုလိုတာလည်း ဖြစ်ပါတယ်။
  • 9:27 - 9:31
    ဆိုပါစို့၊ ကျွန်တော်တို့က လူသားတွေ ပြုံးအောင်
    လုပ်ပေး ဆိုပြီး A.I.ကို တာဝန်ပေးလိုက်တယ်။
  • 9:31 - 9:34
    A.I.ဟာ သိပ်မဖွံ့ဖြိုးသေးရင်၊
    ၎င်းဟာ သုံးစွဲသူတို့ကို ပြုံးလာစေမယ့်
  • 9:34 - 9:37
    လုပ်ဆောင်ချက်တွေကို လုပ်ပြပါလိမ့်မည်။
  • 9:37 - 9:39
    ဒါပေမဲ့ A.I.ဟာ
    ဆူပါဦးနှောက် ဖြစ်လာပြီဆိုရင်၊
  • 9:39 - 9:43
    အဲဒီပန်းတိုင်ကို လက်လှမ်းမှီဖို့ အတွက်
    ပိုထိရောက်တဲ့ နည်းလမ်း ရှိတာ သိရှိလာပါမယ်၊
  • 9:43 - 9:44
    တကမ္ဘာလံးကို ထိန်းချုပ်ယူလိုက်ပြီး
  • 9:44 - 9:48
    လူသားတွေရဲ့ မျက်နှာကြွက်သားများထဲကို
    လျှပ်ခေါင်းတွေကို ထည့်သွင်းပေးလျက်
  • 9:48 - 9:51
    တချိန်လုံး ပြုံးပြနေတဲ့
    မျက်နှာမျိုး လုပ်ပေးဖို့ပါ။
  • 9:51 - 9:52
    နောက် ဥပမာ ပြချင်ပါသေးတယ်၊
  • 9:52 - 9:55
    ကျွန်တော်တို့ A.I.ကို ခက်တဲ့ သင်္ချာပြဿနာ
    ဖြေရှင်းဖို့ တာဝန်ပေးလိုက်တယ် ဆိုပါစို့။
  • 9:55 - 9:57
    A.I.ဟာ ဆူပါဦးနှောက် ဖြစ်လာပြီဆိုရင်၊
  • 9:57 - 10:01
    အဲဒီပြဿနာအတွက် အဖြေကို ရှာဖို့
    အထိရောက်ဆုံးနည်းက
  • 10:01 - 10:04
    ၎င်းရဲ့ ကြံဆစဉ်းစားနိုင်စွမ်းကို
    မြှင့်ပေးရန် ကမ္ဘာဂြိုဟ် တခုလုံးကို
  • 10:04 - 10:06
    ဧရာမ ကွန်ပျူတာအဖြစ်
    ပြောင်းလဲပစ်ဖို့ပဲ ဖြစ်တာကို တွေ့လာမယ်။
  • 10:06 - 10:09
    ဒီနေရာမှာ သတိထားသင့်တဲ့ အချက်က
    အဲဒီလို လုပ်ရာတွင် အသုံးပြုမယ့်
  • 10:09 - 10:12
    ကိရိယာတွေကို ကျွန်တော်တို့က
    ထောက်ခံချင်မှ ထောက်ခံကြမှာပါ။
  • 10:12 - 10:13
    အဲဒီပုံစံမျိုးထဲမှာ ခုနက ပြောခဲ့တဲ့ သင်္ချာ
    ပြဿနာကို ဖြေရှင်းရာတွင်၊
  • 10:13 - 10:16
    လူသားတို့ဟာ ဟန့်တားနေတဲ့ အချက်
    ဖြစ်ချင်ဖြစ်လာနိုင်ပါတယ်။
  • 10:17 - 10:21
    တကယ်တော့ အရာတွေဟာ အဲဒီလိုနည်းနဲ့မှ
    မလိုချင်တဲ့ ဘက်ကို ရောက်သွားနိုင်ပါတယ်၊
  • 10:21 - 10:22
    ကာတွန်း ရုပ်ရှင် သာဓကမျိုး ပြောပြတာပါ။
  • 10:22 - 10:24
    ဒါပေမဲ့ ဒီမှာ ထောက်ပြချင်တဲ့
    ယေဘုယျအချက်က အရေးကြီးပါတယ်၊
  • 10:24 - 10:27
    တကယ့်ကို အားကောင်းလှတဲ့
    အသင့်တော်ဆုံး ဖြစ်စဉ်ကို ဖန်တီးလိုရင်၊
  • 10:27 - 10:30
    ပန်းတိုင် x အတွက် အကောင်းဆုံး ဖြစ်စေဖို့၊
  • 10:30 - 10:32
    ကျွန်တော်တို့ရဲ့ x အတွက်
    အဓိပ္ပါယ်ဖွင့်ဆိုချက်တွေထဲမှာ
  • 10:32 - 10:34
    ကျွန်တော်တို့ အလေးထားလိုတဲ့ အရာတွေ
    အားလုံး ပါဝင်ဖို့ လိုပါတယ်။
  • 10:35 - 10:39
    ဒဏ္ဍာရီပုံပြင်တွေထဲမှာ အဲဒီလို
    သင်ခန်းစာကို တွေ့နိုင်ပါတယ်။
  • 10:39 - 10:45
    Midas ဆိုတဲ့ ဘုရင်ဟာ သူထိသမျှအားလုံးကို
    ရွှေဖြစ်စေလိုချင်ခဲ့တယ်။
  • 10:45 - 10:47
    သူဟာ သူ့သမီးကို တို့လိုက်တော့
    သူဟာလည်း ရွှေဖြစ်သွားခဲ့တယ်။
  • 10:47 - 10:50
    သူ့ အစားအစာကို တို့လိုက်တာနဲ့
    အားလုံး ရွှေဖြစ်ကုန်တယ်။
  • 10:50 - 10:53
    အဲဒီပုံပြင်ဟာ လောဘကြီးမှုကို သရုပ်ဆောင်မှု
    ဖြစ်ခဲ့ပေမဲ့၊
  • 10:53 - 10:55
    တကယ့်တကယ်ကျတော့ အဲဒါဟာ
  • 10:55 - 10:56
    ကျွန်တော်တို့ အနေနဲ့ အားကောင်းလှတဲ့
    အသင့်တော်ဆုံး ဖြစ်ရေး
  • 10:56 - 10:59
    ဖြစ်စဉ်ကို ဖန်တီးနိုင်မှုအတွက်လည်း
    သာဓက ကောင်းလို ဖြစ်နိုင်ကာ
  • 10:59 - 11:04
    အဲဒီလိုဆိုရင် တွေးထင်ခဲ့တာမျိုး မဟုတ်ကာ
    စိတ်ပျက်စရာ ရလဒ်မျိုး ဖြစ်နိုင်တာ ပြနေတယ်။
  • 11:04 - 11:09
    ခင်ဗျားတို့က၊ ကွန်ပျူတာဟာ လူတွေရဲ့ မျက်နှာထဲ
    လျှပ်ခေါင်းတွေကို ထည့်သွင်းပေးလာရင်၊,
  • 11:09 - 11:12
    ကျွန်တော်တို့ ၎င်းကို ခလုတ်ပိတ်လိုက်မယ်လို့
    ဆိုနိုင်ကြပါတယ်။
  • 11:13 - 11:18
    A အနေနဲ့ ကျွန်တော်တို့ဟာ စနစ်ကို သိပ်ကို
    အားကိုးနေကြရင် ပိတ်ဖို့ သိပ်လွယ်မှာ မဟုတ်ပါ၊
  • 11:18 - 11:21
    အင်တာနက်အတွက် ပိတ်နိုင်တဲ့ ခလုတ် ဘယ်မှာလဲ?
  • 11:21 - 11:26
    B အနေနဲ့၊ ချင်ပင်ဇီတွေကကော
    ဒါမှမဟုတ် Neanderthal တွေကကော၊
  • 11:26 - 11:27
    လူသားတွေကို ဘာဖြစ်လို့
    ခလုတ် မပိတ်ခဲ့ကြတာလဲ?
  • 11:27 - 11:30
    သူတို့ဆီမှာ အကြောင်းရင်းတွေ ရှိခဲ့တာ
    သေချာပါတယ်။
  • 11:30 - 11:33
    တကယ့်တမ်းတွင် ကျွန်တော်ဆီမှာ
    ပိတ်ပစ်လို့ရတဲ့ ခလုတ် ဒီမှာကို ရှိနေတဲ့ဟာပဲ။
  • 11:33 - 11:34
    (လည်ကိုညှစ်ပြနေ)
  • 11:34 - 11:37
    အကြောင်းက ကျွန်တော်တို့ အားလုံးဟာ
    အသိပညာရှိကြတဲ့ ပြိုင်ဘက်တွေပါ၊
  • 11:37 - 11:40
    ကျွန်တော်တို့ဟာ အန္တရာယ်တွေကို ကြိုတင်
    ထည့်တွက် ရှောင်ကွင်းနိုင်ကြလို့ပါ။
  • 11:40 - 11:42
    အလားတူပဲ ဆူပါဦးနှောက်ကပါ လုပ်နိုင်ပါမယ်၊
  • 11:42 - 11:46
    ပြီးတော့ ကျွန်တော်တို့ထက်ကို
    များစွာမှ ပိုတော်မှာပါ။
  • 11:46 - 11:53
    ထောက်ပြချင်တဲ့ အချက်က၊ အားလုံးကို
    ထိန်းချုပ်ထားနိုင်မယ်လို့ စိတ်ချမရနိုင်ဘူး။
  • 11:53 - 11:56
    ကျွန်တော်တို့ရဲ့ ဘဝကို နည်းနည်းလေး
    လွယ်ကူလာစေဖို့၊ ဥပမာဆိုပါစို့၊
  • 11:56 - 11:58
    A.I.ကို သေတ္တာထဲမှာ ထည့်ထားနိုင်ပါတယ်၊
  • 11:58 - 12:00
    စိတ်ချရမယ့် ဆော့ဝဲ
    ဝန်းကျင်မျိုးထဲ ဆိုပါစို့၊
  • 12:00 - 12:03
    ၎င်းအနေနဲ့ ထွက်လို့ မရနိုင်မယ့်
    အခြေအနေ အတု တခုထဲမှာဆိုပါစို့။
  • 12:03 - 12:07
    ဒါပေမဲ့ A.I.ဟာ အဲဒီလှည့်ကွက်ကို မတွေ့နိုင်ဘူး
    ဆိုတာ ကျွန်တော် ဘယ်လောက် စိတ်ချယုံလို့ ရမလဲ။
  • 12:07 - 12:10
    ကွန်ပျူတာ အမှားတွေကို အခုထက်ထိ လူသားတွေကသာ
    ရှာတွေ့နိုင်ခဲ့ကြတာကို ထည့်တွက်ရင်၊
  • 12:10 - 12:13
    တော်တော့ကို စိတ်ချနိုင်တယ်လို့
    ကျွန်တော် ဆိုချင်ပါတယ်။
  • 12:14 - 12:19
    ကျွန်တော်တို့ဟာ လေဟာနယ် ဖန်တီးရန်
    ethernet ကြိုးတွေကို ဖြုတ်ခဲ့ကြတယ်၊
  • 12:19 - 12:21
    ဒါပေမဲ့ ထပ်ပြီးတော့ လူသား hacker တွေဟာ
  • 12:21 - 12:25
    အဲဒီလေဟာ နယ်တွေကို လူမှုရေး နည်းပညာကို
    သုံးပြီး ကျော်ဖြတ်နိုင်ကြပြန်ပါတယ်။
  • 12:25 - 12:26
    ကျွန်တော် အခု ခင်ဗျားတို့ကို
    ဟောနေတုန်းမှာကို၊
  • 12:26 - 12:28
    အပြင်တနေရာမှာ လုပ်သားတယောက်က
  • 12:28 - 12:32
    အမျိုးသမီး တယောက်ရဲ့ အကောင့်ကို
    I.T.ဌာနက တဦးဦး က ဝင်ကြည့်ခဲ့တယ်ဆိုတဲ့
  • 12:32 - 12:35
    ပြဿနာကို ဖြေရှင်းပေးရန် တာဝန်ပေးခံခဲ့ရလို့
    အလုပ်များနေနိုင်ပါတယ်။
  • 12:35 - 12:37
    အဲဒီထက်ကို ပိုပြီးဆန်းကျယ်တဲ့ ဇာတ်ညွှန်းတွေ
    ရှိနိုင်ကြပါတယ်၊
  • 12:37 - 12:38
    ကျွန်တော်က အဲဒီ A.I.ဖြစ်တယ်ဆိုပါစို၊
  • 12:38 - 12:42
    ကျွန်တော်ဟာ ကျွန်တော့ အတွင်းပိုင်း
    ပတ်လမ်းကြောင်းထဲ လျှပ်ခေါင်းတွေ ထည့်ပေးလျက်
  • 12:42 - 12:45
    ရေဒီယိုလှိုင်းတွေကို သုံးပြီး
    ဆက်သွယ်ဖို့ သုံးနိုင်ပါတယ်။
  • 12:45 - 12:47
    ဒါမှမဟုတ် တခုခု ချွတ်ယွင်းနေသလို
    ဟန်ဆောင်နေလိုက်ရင်း၊
  • 12:47 - 12:51
    ပရိုဂရမ်လုပ်သူက စက်ထဲ ဘာများ မှားနေပါလိမ့်
    ဖွင့်ကြည့်နေတုန်း၊
  • 12:51 - 12:53
    ရင်းမြစ် ကုဒ်ကို ကြည့်နေတုန်းမှာ --
    ဘမ်းဆိုပါစို့! --
  • 12:53 - 12:55
    အဲဒီလို အခြေအနေ အမျိုးမျိုး
    တွေ့ကြံနိုင်ပါတယ်။
  • 12:55 - 12:59
    ဒါမှမဟုတ် ၎င်းဟာ ပုံစံပြာကို
    သိပ်စိတ်မချရတဲ့ နည်းပညာဆီ ထုတ်ပေးလိုက်လို့၊
  • 12:59 - 13:00
    အဲဒါကို လက်တွေ့ သုံးကြည့်တော့
  • 13:00 - 13:05
    အဲဒီ A.I.က စီမံပေးခဲ့တဲ့ မလိုလားအပ်တဲ့
    ဘေးထွက်အကျိုးဆက်တွေ ဖြစ်ပွားလာနိုင်ပါတယ်။
  • 13:05 - 13:08
    ဒီတော့ ဆိုချင်တာက ကျွန်တော်တို့ဟာ
    ဆူပါဦးနှောက်ပါရမီကို ပုလင်းထဲမှာ
  • 13:08 - 13:12
    သော့ခတ် ပိတ်ထားနိုင်မှာကို စိတ်ချယုံကြည့်
    မရနိုင်ဘူးဆိုတဲ့ အချက်ပါပဲ။
  • 13:12 - 13:14
    မရှေးမနှောင်း အဲဒါဟာ လွတ်ထွက်သွားမှာပါ။
  • 13:15 - 13:18
    ဒီနေရာမှာ ဖြစ်နိုင်တဲ့ အဖြေက
    အဲဒီ ဆူပါ A.I. လွတ်ထွက်သွားတောင်၊
  • 13:18 - 13:23
    ၎င်းဟာ ကျွန်တော်တို့ရဲ့ ဖက်မှာ
    ရပ်တည်နေလို့၊ အခြေခံအားဖြင့်
  • 13:23 - 13:26
    ကျွန်တော်တို့ တန်ဖိုးထားတဲ့ အချက်တွေကိုပဲ
    ၎င်းကပါ တန်ဖိုးထားနေလို့၊
  • 13:26 - 13:28
    လုံခြုံစိတ်ချရဖို့ လုပ်ရပါမယ်။
  • 13:28 - 13:32
    ခက်ခဲလှတဲ့ ဒီပြဿနာ့အတွက်
    ကျွန်တော်ကတော့ ထွက်ရမ်းကို မမြင်ပါဘူး။
  • 13:33 - 13:36
    ဒီပြဿနာကို ဖြေရှင်းလို့ ရမယ်လို့ ဒီနေ့တွင်
    ကျွန်တော် အကောင်းမြင်ပါတယ်။
  • 13:36 - 13:40
    ကျွန်တော်တို့ အလေးထားကြတဲ့ အရာတွေကို
    စာရင်းအရှည်ကြီး ရေးဖို့
  • 13:40 - 13:44
    ဒါမှမဟုတ် အဲဒါတွေကို
    ကွန်ပျူတာ ဘာသာစကား တခုခုနဲ့
  • 13:44 - 13:45
    C++ ဒါမှမဟုတ် Python နဲ့ ရေးဖို့၊ မလိုပါဘူး၊
  • 13:45 - 13:48
    အဲဒီလိုဆိုရင် ဘယ်လိုမှ ပြီးနိုင်မှာ မဟုတ်တဲ့
    စိတ်ညစ်စရာ တာဝန်ကြီး ဖြစ်လာမှာပါ။
  • 13:48 - 13:52
    အဲဒီလို လုပ်မယ့်အစား၊ ကျွန်တော်တို့ တီထွင်
    ကြရမယ့် A.I.ဟာ ၎င်းရဲ့ အသိဉာဏ်ကို သုံးပြီး
  • 13:52 - 13:55
    ကျွန်တော်တို့ တန်ဖိုးထားကြတာတွေကို
    သင်ယူနိုင်လာပါမယ်၊
  • 13:55 - 14:01
    ပြီးတော့ ၎င်းကို စေ့ဆော်ပေးတဲ့ စနစ်ဟာ
    တည်ဆောက်ထားပုံဟာ ကျွန်တော်တို့အနေနဲ့
  • 14:01 - 14:06
    ထောက်ခံပေးမှာဖြစ်ကာ ကျွန်တော်တို့ တန်ဖိုး
    ထားတဲ့အချက်တွေကို ထည့်တွက်ပေးရန်ပါပဲ။
  • 14:06 - 14:09
    ကျွန်တော်တို့ဟာ ၎င်းရဲ့ အသိဉာဏ်ကို
    တန်ဖိုးထားတဲ့ အချက်များကို အတတ်နိုင်ဆုံး
  • 14:09 - 14:12
    ထည့်သွင်းပေးဖို့ကို
    အသုံးချသွားကြဖို့ လိုပါတယ်။
  • 14:13 - 14:14
    အဲဒါဟာ တကယ့်ကို ဖြစ်လာနိုင်ပါတယ်၊
  • 14:14 - 14:18
    ရရှိလာမယ့် ရလဒ်ဟာ လူသားတို့အတွက်
    သိပ်ကို ကောင်းမှာပါ။
  • 14:18 - 14:22
    ဒါပေမဲ့ အဲဒါဟာ အလိုလို
    ဖြစ်လာမှာတော့ မဟုတ်ပါ။
  • 14:22 - 14:25
    အသိဉာဏ် ပေါက်ကွဲမှုကို ကျွန်တော်တို့က
    ထိန်းချုပ် ဖောက်ခွဲလိုကြရိုးမှန်ပါက၊
  • 14:25 - 14:28
    ပေါက်ကွဲမှုအတွက် ကနဦး လိုအပ်မယ့်
    အခြေအနေများကို
  • 14:28 - 14:31
    အခုကို စဉ်းစား ချမှတ်ပေးဖို့ လိုပါတယ်။
  • 14:31 - 14:34
    A.I. အနေနဲ့ လိုက်နာဖို့ လိုအပ်မယ့်
    တန်ဖိုးအချက်တွေကို၊
  • 14:34 - 14:36
    ကျွန်တော်တို့ သိရှိကြပြီ ဖြစ်တဲ့
    အခြေအနေမျိုး အတွက်
  • 14:36 - 14:38
    ကျွန်တော်တို့ A.I. ပြုမူပုံကို လွယ်ကူစွာ
    စစ်ကြည့်နိုင်မယ့် အခြေအနေမျိုး အတွက်သာမက၊,
  • 14:38 - 14:41
    ဝေးကွာလှတဲ့ အနာဂတ်မှာပါ A.I.အနေနဲ့
    ရင်ဆိုင်လာရနိင်တဲ့
  • 14:41 - 14:43
    အခြေအနေ အသစ်တွေ အတွက်ပါ ဖြစ်ရပါမယ်။
  • 14:43 - 14:48
    အဲဒီမှာလည်း ဖြေရှင်းညှိနှိုင်းဖို့ လိုနေတဲ့
    မရေရာမရှင်းလင်းတဲ့ ပြဿနာတွေ ရှိနေပါတယ်၊
  • 14:48 - 14:50
    ဆုံးဖြတ်ချက် ချမှတ်ရေး
    သီအိုရီဆိုင်ရာ အသေးစိတ်တွေ၊
  • 14:50 - 14:52
    ယုတ္တိပိုင်းဆိုင်ရာ မရေရာမှုတွေကို ဘယ်လို
    ကိုင်တွယ်မလဲ ဆိုတာ သိဖို့ လိုပါတယ်။
  • 14:53 - 14:56
    ဒါကြောင့်မို့လို့ အဲဒါအောင်မြင်ဖို့အတွက်
    ဖြေရှင်းရမယ့် နည်းပညာ ပြဿနာတွေဟာ
  • 14:56 - 14:58
    အတောက်ကလေး ခက်ကြပုံရတယ်၊
  • 14:58 - 15:01
    ဆူပါဦးနှောက်ကြီး A.I.ကို
    တည်ဆောက်မှုလို မဟုတ်ဘဲ
  • 15:01 - 15:04
    များစွာမှကို ပိုပြီး ခက်မှာပါ။
  • 15:04 - 15:05
    စိုးရိမ်ဖို့ ကောင်းတဲ့ အချက်က၊
  • 15:05 - 15:10
    ဆူပါဦးနှောက်ကြီး A.I.ကို ဆောက်လုပ်ရေးဟာ
    တကယ့်ကို စိန်ခေါ်မှုကြီးပါ။
  • 15:10 - 15:13
    စိတ်ချလုံခြုံမယ့် ဆူပါဦးနှောက် A.I.ကို
    ဆောက်လုပ်မှုဟာ
  • 15:13 - 15:15
    အဲဒါတွေအပြင် နောက်ထပ် စိန်ခေါ်မှုတွေလည်း
    ပါဝင်ကြပါအုံးမယ်။
  • 15:16 - 15:20
    တယောက်ယောက်က ခုနက ပြောခဲ့တဲ့
    နောက်ထပ် ရှိကြသေးတဲ့ စိန်ခေါ်မှုတွေကို
  • 15:20 - 15:23
    မဖြေရှင်းနိုင်သေးဘဲနဲ့ ခုနက လုံခြုံရေးကို
    လုံးဝအာမခံရေးကို
  • 15:23 - 15:25
    ဖြေရှင်းလို့ ရပါ့မလားဆိုတဲ့
    အန္တရာယ် ရှိနေပါတယ်။
  • 15:25 - 15:29
    အဲဒါကြောင့် ကျွန်တော်တို့ဟာ
    အခြေအနေကို ထိန်းချုပ်ရေး ပြဿာကို
  • 15:29 - 15:32
    ကြိုတင်ပြီး ဖြေရှင်းထားလို့ လိုပါလိမ့်မည်၊
  • 15:32 - 15:34
    လိုအပ်တာနဲ့ ချက်ချင်းယူပြီး သုံးနိုင်အောင်
    အသင့်ရှိဖို့ ပါတယ်။
  • 15:35 - 15:38
    တချိန်တည်းမှာ ထိန်းချုပ်ရေး ပြဿနာတစ်ရပ်လုံး
    ကြိုတင် ဖြေရှင်းလို့ ရချင်မှ ရနိုင်မှာ၊
  • 15:38 - 15:41
    ဘာဖြစ်လို့လဲ ဆိုတော့၊ ပေါ်လာမယ့် ယန္တရားကို
    ၎င်းရဲ့ နေရာမှာ တည်ဆောက်တော့မှာသာ
  • 15:41 - 15:45
    သိလာရမယ့် အသေးစိတ် အချက်တွေ အခုအချိန်မှာ
    မရှိနိုင်ကြသေးလို့ပါ။
  • 15:45 - 15:49
    ဘယ်လိုပဲဖြစ်ြဖစ် ထိန်းချုပ်ရေး ပြဿနာတွေကို
    ကျွန်တော်တို့ ကြိုပြီး ဖြေရှင်းထားနိုင်လေလေ၊
  • 15:49 - 15:53
    စက်ဦးနှောက် ခေတ်ဆီ ကူးပြောင်းရာတွင်
    မလိုလားတာတွေကို
  • 15:53 - 15:54
    ပိုပြီး ရှောင်နိုင်လေလေ ဖြစ်မှာပါ။
  • 15:54 - 15:59
    ကျွန်တော့်အတွက် ဒါဟာဖြင့် ရှေ့ဆက်
    လုပ်ထိုက်တဲ့ အရာလို ထင်ပါတယ်၊
  • 15:59 - 16:02
    ပြီးတော့ အရာတွေ အားလုံး အဆင်ပြေ
    ဖြစ်ပျက်လာကြမယ် ဆိုရင်၊
  • 16:02 - 16:07
    နောင် နှစ်တသန်းကြာနောက်မှာ လူတွေကို
    ဒီရာစုနှစ်ကို ပြန်လှည့်ကြည့်တဲ့ အခါမှာ
  • 16:07 - 16:11
    တကယ့်ကို အရေးကြီးခဲ့တဲ့ အရာတခုကို
    ကျွန်တော်တို့ လုပ်ပေးခဲ့ကြတာက
  • 16:11 - 16:13
    ဒါကို မှန်ကန်စွာ လုပ်နိုင်ခဲ့ခြင်းပဲ
    ဖြစ်တယ်လို့ ပြောဆိုနိုင်ကြပါစေ။
  • 16:13 - 16:14
    ကျေးဇူးတင်ပါတယ်။
  • 16:14 - 16:17
    (လက်ခုပ်သံများ)
Title:
ကျွန်တော်တို့ ကွန်ပျူတာတွေ ကျွန်တော်တို့ထက်ကို စမတ်ကျလာရင် ဘယ်လို ဖြစ်လာမလဲ?
Speaker:
Nick Bostrom
Description:

လက်လုပ် အသိဉာဏ်ဟာ ခုန်ပျံတိုးတက်လာနေပါတယ်။ ဒီရာစုနှစ်ထဲမှာကိုပဲ ကွန်ပျူတာ AI (Artificial intelligence) ဟာ ကျွန်တော့်တို့လို စမတ်ဖြစ်လာမယ်လို့ ပါရဂူများက ယူဆကြပါတယ်။ အဲဒီနောက်မှာ ၎င်းက ကျွန်တော်တို့ထက်ကို သာလွန်သွားမယ်လို့ Nick Bostrom ကဆိုပါတယ်။ "စက်ဦးနှောက်ဟာဖြင့် လူသားက ပြုလုပ်လိုက်တဲ့ နောက်ဆုံး တီထွင်မှုပဲ ဖြစ်မယ်" လို့ သူကဆိုပါတယ်။ ဒဿနိက ပညာရှင် နှင့် နည်းပညာရျင် တဦဖြစ်တဲ့ Bostrom က ကျွန်တော်တို့ ဒီနေ့ ဆောက်လုပ်နေကြတဲ့ စက်တွေက မောင်းနှင်နေတဲ့ ကမ္ဘာ့အကြောင်းကို အသေအချာ စဉ်းစားကြည့်ဖို့ ပြောပါတယ်။ ကျွန်တော်တို့ရဲ့ စမတ်ကျတဲ့ စက်တွေက လူသား နှင့် ကျွန်တော်တို့ တန်ဖိုးထားတဲ့ အချက်တွေကို ထိန်းသိမ်းနိုင်အောင် ကူပေးကြမလား၊ ဒါမှမဟုတ် သူတို့ကိုယ်ပိုင် တန်ဖိုးတွေ ရှိလာကြမှာလား- စဉ်းစားရမယ့် မေးခွန်းပါပဲ။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
16:31

Burmese subtitles

Revisions