Return to Video

ဆန်စေ့အရွယ် ရိုဘော့တွေကို ကျွန်မ ဖန်တီးတာ ဘာ့ကြောင့်လဲ

  • 0:01 - 0:04
    ကျွန်မနဲ့ ကျွန်မ ကျောင်းသားတွေဟာ
    သေးနုပ်ကြတဲ့ ရိုဘော့တွေကို လေ့လာကြပါတယ်။
  • 0:04 - 0:06
    တကယ်တော့ အဲဒီလို ရိုဘော့ ပုံစံတွေကို
    ရှင်တို့ အားလုံးဟာ
  • 0:06 - 0:10
    ရှင်တို့ ကောင်းကောင်းကြီး သိကြတဲ့ ပုရွက်ဆိတ်တွေလို
    ယူဆနိုင်ကြပါတယ်။
  • 0:10 - 0:13
    အဲဒီလို အရွယ်မျိုး ရှိကြတဲ့ ပုရွက်ဆိတ်တွေနဲ့
    အင်းဆက်ပိုးတွေဟာ
  • 0:13 - 0:15
    မယုံကြည်နိုင်ဖွယ် အံ့ဩစရာ အရာအချို့
    လုပ်နိုင်ကြတာ ကျွန်မတို့ သိကြပါတယ်။
  • 0:15 - 0:18
    ပျော်ပွဲစားထွက်ကြတဲ့ အခါမှာ
    ပုရွက်ဆိတ် တစ်စုက
  • 0:18 - 0:22
    ဥပမာ၊ ကျွန်မတို့ရဲ့ အားလူးကြော် အစအနတွေကို
    ဆွဲယူထုတ်သွားကြကို မြင်ကြရပါတယ်။
  • 0:22 - 0:26
    ဒါပေမဲ့ ပုရွက်ဆိတ်တွေကို ကိုင်တွယ်ရာမှာ
    ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေက ဘာတွေလဲ။
  • 0:26 - 0:30
    ပထမဦးဆုံးအနေနဲ့
    ရွယ်တူလောက် ရှိတဲ့ ရိုဘော့ထဲမှာ
  • 0:30 - 0:32
    ပုရွက်ဆိတ်ရဲ့ လုပ်ကိုင်နိုင်စွမ်းမျိုးကို
    ဘယ်လိုရယူကြမလဲ။
  • 0:32 - 0:35
    ပြီးတော့၊ အဲဒီလို သေးနုပ်တဲ့ အရာကို
  • 0:35 - 0:36
    လှုပ်ရှားအောင် ဘယ်လိုလုပ်ကြမလဲ။
  • 0:36 - 0:38
    ကျွန်မတို့ဟာ ခြေထောက်များ နဲ့ ထိရောက်တဲ့
    မော်တာများလို ယန္တရားတွေ လိုမယ်၊
  • 0:38 - 0:40
    အဲဒီလို လှုပ်ရှားမှုကို ပံ့ပိုးပေးရန်အတွက်၊
  • 0:40 - 0:43
    လိုအပ်တဲ့ အရာတွေအားလုံးကို ဆင်ခြင်ဉာဏ် တဝက်ရှိတဲ့
    ပုရွက်ဆိတ် ရိုဘော့ထဲမှာ သုံးနိုင်ဖို့
  • 0:43 - 0:47
    စွမ်းအင် နဲ့ ထိန်းချုပ်မှု စနစ်တွေ ရှိရပါမယ်။
  • 0:47 - 0:49
    နောက်ဆုံးအနေနဲ့၊ အဲဒီလို အရာတွေကို
    တကယ့်ကို လုပ်ကိုင်လာနိုင်ကြဖို့ အတွက်၊
  • 0:49 - 0:53
    အဲဒါတွေ အားလုံးတို့ဟာ လက်တွဲလုပ်ကိုင်ပြီး
    ပိုကြီးမားတဲ့ တာဝန်တွေ လုပ်ကိုင်စေလိုပါတယ်။
  • 0:53 - 0:56
    ဒီတော့ ရွေ့လျားနိုင်စွမ်းဖြင့် ကျွန်မ စတင်ပါမယ်။
  • 0:56 - 0:59
    အင်းဆက်တွေဟာ ပတ်ဝန်းကျင်ထဲမှာ
    အံ့ဩလောက်အောင်ကို ရွေ့လျားနိုင်ကြပါတယ်။
  • 0:59 - 1:01
    ဒါက UC Berkeley ထံမှ ဗီဒီယိုပါ။
  • 1:01 - 1:03
    ပိုးဟပ်ဟာ အထူးကို ကြမ်းတမ်းတဲ့
    မျက်နှာစာပေါ်မှာ ရွေ့လျားနေကာ
  • 1:03 - 1:05
    မှောက်လဲကျ မသွားတာကို မြင်နိုင်ပါတယ်၊
  • 1:05 - 1:09
    ၎င်းက အဲဒီလို လုပ်နိုင်တာက ၎င်းရဲ့ ခြေများကို
    ရိုဘော့တွေအတွက် ကျွန်မတို့
  • 1:09 - 1:12
    သုံးလေ့ရှိကြတဲ့ မာကျစ်နေတဲ့ အရာများ နဲ့
  • 1:12 - 1:13
    ပျော့နေတဲ့ ပစ္စည်းများဖြင့် ပြုလုပ်ထားလို့ပါ။
  • 1:14 - 1:18
    သိပ်သေးတဲ့ အကောင်များအတွက် ခုန်ခြင်းဟာလည်း
    ရွေ့လျားရေးဆိုင်ရာ စိတ်ဝင်စားစရာ နည်းလမ်းပါ။
  • 1:18 - 1:22
    အဲဒီအင်းဆက်တွေဟာ စပရင်ထဲမှာ စွမ်းအင်ကို စုစည်းလျက်
    အဲဒါကို အဟုန်ပြင်းစွာဖြင့် လွတ်ထုတ်ပေးလိုက်ခြင်းဖြင့်
  • 1:22 - 1:26
    ဥပမာ၊ ရေထဲမှနေပြီး ခုန်ပျံနိုင်ဖို့ အားကောင်းတဲ့
    စွမ်းအင်ကို ရရှိနိုင်ကြတယ်။
  • 1:26 - 1:29
    အဲဒီလိုနည်းဖြင့် ကျွန်မ ဓာတ်ခွဲခန်းရဲ့
    ကြီးမားတဲ့ ထောက်ကူချက် တစ်ခုက
  • 1:29 - 1:32
    သိပ်ကို သေးနုပ်ကြတဲ့ ယန္တရားတွေထဲမှာ
  • 1:32 - 1:34
    မာကျစ်တဲ့ အရာများကို ပျော့တဲ့ အရာများဖြင့်
    ပေါင်းစပ်ပေးမှုပါပဲ။
  • 1:34 - 1:38
    ဒီခုန်ပျံရေး ယန္တရားဆိုရင်
    အနားတစ်ခုဟာ လေးမီလီမိတာခန့် ရှိပါတယ်၊
  • 1:38 - 1:39
    တကယ့်ကို သေးလှပါတယ်။
  • 1:39 - 1:43
    ဒီထဲမှာ မာတဲ့ ပစ္စည်းက ဆီလီကွန်ပါ၊
    ပြီးတော့ ပျော့တဲ့ ပစ္စည်းက ဆီလီကွန် ရာဘာပါ၊
  • 1:43 - 1:46
    အဓိက စိတ်ကူးက ကျွန်မတို့ဟာ
    အဲဒါကို ဖိသိပ်လိုက်ခြင်းဖြင့်
  • 1:46 - 1:49
    စွမ်းအင်ကို စပရင်ထဲမှာ သိုလှောင်လိုက်ကာ
    ခုန်ဖို့လိုတဲ့အခါမှာ အဲဒါကို လွှတ်ထုတ်ပေးရန်ပါ။
  • 1:49 - 1:52
    ဒီတော့ ဒီစက်ထဲမှာ မော်တာတွေမရှိ၊
    စွမ်းအင် တပ်ဆင်ထားတာ မရှိပါ။
  • 1:52 - 1:55
    ဒါကို ကျွန်မတို့ရဲ့ ဓာတ်ခွဲခန်းထဲမှာ
    "ဇာဂနာပါတဲ့ ဘွဲ့ရကျောင်းသား"လို့ခေါ်တဲ့
  • 1:55 - 1:57
    နည်းဖြင့် လှုပ်ရှားစေတာပါ။
    (ရယ်မောသံများ)
  • 1:57 - 1:59
    ဒီတော့ ရှင်တို့ အားလုံး နောက်လာမယ့်
    ဗီဒီယိုထဲမှာ မြင်ကြရမှာက
  • 1:59 - 2:02
    အဲဒီအကောင်က ၎င်းအနေနဲ့ ခုန်ပျံဖို့
    အံ့အားသင့်ဖွယ် ကြိုးပမ်းနေပုံပါပဲ။
  • 2:02 - 2:06
    ဒီတော့ ကျွန်မပြောခဲ့တဲ့ ဇာဂနာတွေ ပါရှိတဲ့
    ဘွဲ့ရကျောင်းသား Aaron ပါ၊
  • 2:06 - 2:09
    ပြီးတော့ လေးမီလီမီတာ အရွယ်
    ယန္တရားက
  • 2:09 - 2:11
    စင်တီမီတာ ၄၀ နီးနီး ခုန်နိုင်တာကိုပါပဲ။
  • 2:11 - 2:13
    အဲဒါဟာ ၎င်းကိုယ်တိုင် အလျားရဲ့
    အဆပေါင်း ၁၀၀ ကြီးတောင်ပါ။
  • 2:13 - 2:15
    ပြီးတော့ ၎င်းဟာ စားပွဲပေါ်ကို ထိုးကျချိန်မှာ
    အသက်ရှင်လျက်ပါ၊
  • 2:15 - 2:19
    အဲဒါဟာ အံ့ဖွယ် ဒူပေနာပေခံနိုင်ပါတယ်၊
    သေးလွန်းလို့ ကျွန်မတို့ ပျောက်ဆုံးသွားတဲ့အထိ
  • 2:19 - 2:21
    ရှင်သန်လျက် ရှိနေခဲ့ပါတယ်။
  • 2:21 - 2:24
    နောက်ဆုံးမှာတော့ ကျွန်တို့ဟာ
    ဒီထဲကို မော်တာတွေ တပ်ပေးချင်တာ အမှန်ပါပဲ၊
  • 2:24 - 2:27
    မီလီမီတာ အရွယ် မော်တာတွေကို စမ်းသပ်နေကြတဲ့
    ကျောင်းသားတွေ ဓာတ်ခွဲခန်းထဲမှာ ရှိပါတယ်၊
  • 2:27 - 2:31
    သေးငယ်ပြီး ကိုယ့်ဘာသာကိုယ် လှုပ်ရှားနိုင်ကြမယ့်
    ရိုဘော့တွေအဖြစ် တီထွင်ပေးဖို့ပါ။
  • 2:31 - 2:34
    ဒါပေမဲ့၊ ဒီစကေးမျိုးမှာ ရွေ့လျားနိုင်မှု နဲ့
    လှုပ်ရှားနိုင်မှုကို လေ့လာကြည့်ရန်၊
  • 2:34 - 2:36
    ကျွန်မတို့ဟာ သံလိုက်တွေကို
    သုံးစမ်းကြည့်ကြပါတယ်။
  • 2:36 - 2:39
    ဒီတော့ ဒါဟာဖြင့် မိုက်ခရို-ရိုဘော့ ခြေထောက်ရဲ့
    ပုံစံ ဘယ်လို ဖြစ်နိုင်ကြောင်းကို ပြထားကာ၊
  • 2:39 - 2:41
    ရှင်တို့ဟာ ဆီလီကွန် ရာဘာ
    အဆစ်တွေကို မြင်နိုင်သလို
  • 2:41 - 2:44
    သံလိုက် တစ်ခုကို အဲဒီမှာ ထည့်မြှုပ်ထားလို့
  • 2:44 - 2:46
    အပြင်မှာရှိတဲ့ သံလိုက်စက်ကွင်းကို သုံးပြီး
    ၎င်းကို ရွေ့လျားစေနိုင်ပါတယ်။
  • 2:46 - 2:49
    ဒီတော့ ဒါဟာ စောစောပိုင်းက ကျွန်မ ပြခဲ့တဲ့
    ရိုဘော့ဆီကို ရှေ့ရှုနေပါတယ်။
  • 2:50 - 2:53
    ဒီရိုဘော့ အနေနဲ့ ကျွန်မတို့ကို
    တကယ့်ကို ကူပေးနိုင်တဲ့ စိတ်ဝင်စားစရာက၊
  • 2:53 - 2:55
    ဒီစကေးရှိ အင်းဆက်တွေ လှုပ်ရှားကြပုံကို
    ဖေါ်ထုတ်ပေးနိုင်ခြင်းပါပဲ။
  • 2:55 - 2:57
    ပိုးဟပ်မှ အစပြုလျက် ဆင်ကြီး အထိ
    အကောင်တွေအားလုံး သွားလာလှုပ်ရှားကြပုံဆိုင်ရာ
  • 2:57 - 2:59
    သိပ်ကို ကောင်းတဲ့ မော်ဒယ်
    ကျွန်မတို့ဆီမှာ ရှိပါတယ်။
  • 2:59 - 3:02
    ကျွန်မတို့ အားလုံးဟာ ပြေးကြတဲ့ အခါများမှာ
    ဒီလို ခုန်ဆွခုန်ဆွ ပုံစံမျိုးဖြင့် လှုပ်ရှားကြတာပါ။
  • 3:02 - 3:07
    ဒါပေမဲ့ ကျွန်မတို့ဟာ သိပ်ကိုသေးနုပ်ကြတယ်ဆိုရင်
    ကျွန်မတို့ ခြေဖျာ်းနဲ့ မြေပြီးအကြားက စွမ်းအားတွေဟာ
  • 3:07 - 3:09
    ကိုယ်အလေးချိန်နဲ့ စာရင် ကျွန်မတို့ရဲ့ လှုပ်ရှားမှုကို
    များစွာမှ အကျိုးသက်ရောက်လာမယ်၊
  • 3:09 - 3:12
    အဲဒါကြောင့်မို့လို့ ခုနကလို
    ခုန်ဆွမှု ပေါ်လာရတာပါ။
  • 3:12 - 3:13
    ဒီတော့ ဟောဒီကောင်ဟာ
    အလုပ်မလုပ်နိုင်သေးပါ၊
  • 3:13 - 3:16
    ဒါပေမဲ့ အနားတဝိုက်မှာ သွားလာနိုင်တဲ့
    ပိုကြီးတဲ့ ပုံစံ ကျွန်မတို့ဆီမှာ ရှိပါတယ်။
  • 3:18 - 3:20
    အဲဒါဟာ တစ်စင်တီမီတာ ကုဗတုံးပါ၊ အနားဟာ
    တစ်စင်တီမီတာ ရှိရာ အတော့ကို သေးပါတယ်၊
  • 3:21 - 3:23
    ကျွန်မတို့ဟာ ၎င်းအား တစက္ကန့်တိုင်းမှာ ခန္ဓာကိုယ်
    အရှည်ရဲ့ ဆယ်ဆခန့်ကို ပြေးလာစေနိုင်ပါပြီ၊
  • 3:23 - 3:25
    တစက္ကန့်ကို ၁၀ စင်တီမီတာ အထိနော်။
  • 3:25 - 3:27
    အဲဒါဟာ ဒီလို သေးနုပ်တဲ့ အကောင်အတွက်
    အတော့ကို မြန်လှပါတယ်၊
  • 3:27 - 3:28
    ပြီးတော့ အဲဒါဟာ ကျွန်မတို့ရဲ့ စမ်းသပ်မှု
    သတ်မှတ်ချက်ဖြင့် ဘောင်ခတ်ပေးထားတာပါ။
  • 3:30 - 3:32
    ဘယ်လိုပဲဖြစ်ဖြစ် ဒီအကောင်က ၎င်းရဲ့
    အလုပ်လုပ်ပုံကို အခုကို နားလည်လာစေနေပါပြီ။
  • 3:32 - 3:36
    ကျွန်မတို့ဟာ ရှင်တို့ စောစောပိုင်းက
    မြင်ခဲ့ကြရတဲ့ ပိုးဟပ်လိုပဲ
  • 3:36 - 3:39
    နံရံတွေ တလျှောက် တွာသွားနိုင်တဲ့
    3D ပုံနှိပ် မော်ဒယ်ကို ပြုလုပ်နိုင်ပါတယ်။
  • 3:39 - 3:42
    ကျွန်မတို့ဟာ နောက်ဆုံးမှာတော့
    အားလုံးကို ရိုဘော့ထဲမှာကို ထည့်ပေးချင်ပါတယ်။
  • 3:42 - 3:46
    ကျွန်မတို့ဟာ အာရုံခံရန်၊ စွမ်းအင်၊ ထိန်းချုပ်မှု၊
    အားလုံးကို ဆက်စပ်ချိတ်ဆက်ပေးရန် လိုပါတယ်၊
  • 3:46 - 3:49
    ပြီးတော့ အရာတိုင်းကို ဇီဝအကောင်များထံမှ
    စိတ်ကူးရယူရန် မဟုတ်ပါ။
  • 3:49 - 3:52
    ဒီရိုဘော့ဟာ Tic Tac ဘူးဆိုက်ပါ။
  • 3:52 - 3:56
    ဒီကိစ္စထဲမှာ၊ အနီးအနားကို လှုပ်ရှားသွားလာရန်
    ကြွက်သားတွေ ဒါမှမဟုတ် သံလိုက်တွေအစား၊
  • 3:56 - 3:58
    ကျွန်မတို့ဟာ ဒုံးပျံများကို သုံးကြပါတယ်။
  • 3:58 - 4:01
    ဒီတော့ဒါဟာ မိုက်ခရိုပစ္စည်းတွေနဲ့
    ပြုလုပ်ထားတဲ့ စွမ်းအင် ပစ္စည်းပါ၊
  • 4:01 - 4:04
    ပြီးတော့ ကျွန်မတို့ဟာ ဒါမျိုး ပီက်ဆယ်
    သေးသေးလေးကို ဖန်တီးပေးပြီး၊၊
  • 4:04 - 4:07
    အဲဒီလို ပီက်ဆယ်များထဲက တစ်ခုကို
    ဒီရိုဘော့ရဲ့ ဗိုက်ပေါ် တင်ပေးမယ်ဆိုရင်၊
  • 4:07 - 4:12
    ဒီရိုဘော့ဟာ အလင်းတိုးလာတာကို အာရုံခံမိလျှင်
    ခုန်တော့မှာ ဖြစ်ပါတယ်။
  • 4:13 - 4:15
    နောက်တခုပြမယ့် ဗီဒီယိုဟာ
    ကျွန်မ အကြိုက်ဆုံး တခုပါ။
  • 4:15 - 4:18
    ကျွန်မတို့ဆီမှာ လေထဲတွင်
    ရှစ်စင်တီမီတာခန့် ခုန်နိုင်တဲ့
  • 4:18 - 4:20
    ဂရမ် ၃၀၀ လေးတဲ့ ခုန်နိုင်တဲ့
    ဒီအရာ ရှိနေပါပြီ။
  • 4:20 - 4:23
    ၎င်းဟာ ၄ x ၄ x ၇ မီလီမီတာ
    ဆိုက်မျှသာပါ။
  • 4:23 - 4:25
    ရှင်တို့ဟာ အစပိုင်းမှာ ကြီးမားစွာ
    လင်းလာတာကို မြင်ကြရပါမယ်
  • 4:25 - 4:27
    အဲဒီအချိန်မှာ စွမ်းအားကို
    လွှတ်ထုတ်ပေးလိုက်တာပါ၊
  • 4:27 - 4:29
    အဲဒါနဲ့ ရိုဘော့ဟာ လေထဲမှာ
    ဂျွမ်းထိုးကျလာမှာပါ။
  • 4:29 - 4:30
    ဒီတော့ တောက်ပတဲ့ အလင်းရောင် ရှိခဲ့ပါတယ်၊
  • 4:30 - 4:33
    အဲဒီနောက်မှာ ရိုဘော့ဟာ လေထဲမှာ
    ခုန်ပျံခဲ့တာကို မြင်ခဲ့ကြရပါတယ်။
  • 4:33 - 4:36
    ပြီးတော့ ၎င်းကို တွဲချည်ထားတာမျိုး၊
    ချိတ်ဆက်ထားတဲ့ ဝိုင်ယာကြိုးမျိုး မရှိပါ။
  • 4:36 - 4:39
    လိုတာတွေ အားလုံးဟာ ၎င်းပေါ်မှာကို ရှိနေခဲ့ကာ
    ကျောင်းသား တယောက်က
  • 4:39 - 4:43
    စားပွဲပေါ်က မီးကို ခလုတ်နှိပ်လိုက်တာကို
    တုံ့ပြန်ပြီး ခုန်လိုက်တာပါ။
  • 4:43 - 4:47
    ဒီတော့ ဒီလိုအရွယ် ရိုဘော့တွေကို
    ပြေးအောင်၊ တွာသွားရန်နဲ့
  • 4:47 - 4:52
    ခုန်ပျံရန် အံ့အားသင့်ဖွယ်ရာ အရာတွေကို
    ကျွန်မလုပ်နိုင်တာကို ရှင်တို့ မြင်ခဲ့ရပါပြီ။
  • 4:52 - 4:55
    ငလျင်လို သဘာဝကပ်ဘေး နောက်မှာ ရှိလာတတ်တဲ့
    အုတ်ကျိုးအတ်ပဲ့များကို စိတ်ကူးကြည့်ကြပါ။
  • 4:55 - 4:58
    ဒီလို သေးနုပ်တဲ့ ရိုဘော့တွေက
    အဲဒီလို အကျိုးအပဲ့တွေအကြားမှာ
  • 4:58 - 5:00
    ပြေးလွှားရင်း ကယ်ဆယ်ဖို့ ကြိုးစားနေကြတာကို
    စိတ်ကူးကြည့်ကြပါ။
  • 5:00 - 5:03
    ဒါမှမဟုတ် ရိုဘော့ အများကြီးတို့က
    တံခါးတခုပေါ်မှာ ပြေးလွှားရင်း
  • 5:03 - 5:05
    ၎င်းကို စစ်ဆေးလျက် လုံခြုံမှုရှိမရှိကို
    စုံစမ်းနေကြတာ စိတ်ကူးကြည့်ပါ၊
  • 5:05 - 5:07
    Minneapolis မှာ ၂၀၀၇ ခုနှစ်တုန်းက
    ကြုံခဲ့ကြရတဲ့
  • 5:07 - 5:11
    ကပ်ဘေးမျိုး ကျွန်မတို့ မရင်ဆိုင်ကြရဖို့
    အတွက် ကြိုးစားနေကြတာပါ။
  • 5:11 - 5:13
    ဒါမှမဟုတ် ရှင်တို့ရဲ့ သွေးနဲ့အတူ ကူးလူး
    သွားလာနိုင်ကြမယ့်
  • 5:13 - 5:16
    ရိုဘော့တွေများ ကျွန်မတို့ဆီမှာ ရှိနေတာကို
    စိတ်ကူးကြည့်ပါ။
  • 5:16 - 5:18
    ဟုတ်ပါတယ်၊ Right? Isaac Asimov ရဲ့
    "Fantastic Voyage" ခရီးစဉ်ပါပဲ။
  • 5:18 - 5:22
    အဲဒီလို ၎င်းတို့ဟာ ရှင်တို့ကို ခွဲစိတ်ရန်မလိုပဲ
    ကုစားပေးနိုင်ကြမှာပါ။
  • 5:22 - 5:25
    ဒါမှမဟုတ် ကျွန်မတို့ရဲ့ သေးနုပ်တဲ့
    ရိုဘော့တွေကို ချကောင်တွေလိုပဲ
  • 5:25 - 5:28
    အရာတွေကို ဆောက်လုပ်ပေးနိုင်အေင်
    ခိုင်းနိုင်လို့၊
  • 5:28 - 5:31
    ဒီမှာ မြင့်ရတဲ့ အံ့အားသင့်စရာ ရှစ်မီတာမြင့်တဲ့
    တောင်ပို့ကို ဆောက်လုပ်နိုင်ခဲ့မှာပါ၊
  • 5:31 - 5:35
    အာဖရိက နဲ့ ဩစတြေးလျက ချတွေဟာ
    လေဝင်လေထွက် ကောင်းမွန်တဲ့
  • 5:35 - 5:37
    နေထိုင်ချင်စရာ တိုက်ခန်းတွေကို
    ဆောက်နိုင်ကြမှာပါ။
  • 5:37 - 5:40
    ဒီတော့ အခုလို သေးငယ်တဲ့
    ရိုဘော့ စက်ရုပ်တွေကို သုံးပြီး ကျွန်မတို့
  • 5:40 - 5:42
    လုပ်နိုင်ကြတဲ့ထဲက အလားအလာအချို့ကို ကျွန်မ
    ပြပေးခဲ့ပါပြီ။
  • 5:42 - 5:47
    ကျွန်မတို့ဟာ အခုထက်ထိ တိုးတက်မှုတချို့ကို
    ရယူနိုင်ခဲ့တာမှန်ပေမဲ့၊
  • 5:47 - 5:49
    အဲဒီ လမ်းခရီးထဲမှာ ရှင်တို့ထဲက
    တချို့တို့ကပါ ပါဝင်ကူပေးကြမယ်လို့ မျှော်လင့်ပါတယ်။
  • 5:49 - 5:51
    အထူးကျေးဇူးတင်ပါတယ်။
  • 5:51 - 5:53
    (လက်ခုပ်သံများ)
Title:
ဆန်စေ့အရွယ် ရိုဘော့တွေကို ကျွန်မ ဖန်တီးတာ ဘာ့ကြောင့်လဲ
Speaker:
Sarah Bergbreiter
Description:

ပုရွက်ဆိတ်တွေလို အင်းဆက်တွေရဲ့ လှုပ်ရှားမှုများ နဲ့ ခန္ဓာကိုယ်ကို လေ့လာလျက် Sarah Bergbreiter နဲ့ သူမရဲ့ အဖွဲ့ဟာ အံ့အားဖွယ်ရာ သန်မြန်ကြကာ သိပ်ကို သေးနုပ်တဲ့ စက်ယန္တရားလေးတွေကို ဖန်တီးရင်းကနေ သူတို့ဟာ ၎င်းတို့ထဲကို ဒုံးပျံများကို တပ်ဆင်ပေးလိုက်ကြပါတယ်။ မိုက်ခရို-ရိုဘော့ စက်ရုပ်များဆိုင်ရာ အံ့အားသင့်ဖွယ် ဖွံ့ဖြိုးမှုများ အကြောင်းကို ပြောရင်း သူမဟာ အဲဒီလို စက်ရုပ်ကလေးတွေကို အနာဂတ်မှာ ဘယ်လို သုံးနိုင်မယ်ဆိုတာကို ပြောပြထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
06:06

Burmese subtitles

Revisions