WEBVTT 00:00:00.564 --> 00:00:04.209 ကျွန်မနဲ့ ကျွန်မ ကျောင်းသားတွေဟာ သေးနုပ်ကြတဲ့ ရိုဘော့တွေကို လေ့လာကြပါတယ်။ 00:00:04.209 --> 00:00:06.426 တကယ်တော့ အဲဒီလို ရိုဘော့ ပုံစံတွေကို ရှင်တို့ အားလုံးဟာ 00:00:06.426 --> 00:00:10.016 ရှင်တို့ ကောင်းကောင်းကြီး သိကြတဲ့ ပုရွက်ဆိတ်တွေလို ယူဆနိုင်ကြပါတယ်။ 00:00:10.016 --> 00:00:12.776 အဲဒီလို အရွယ်မျိုး ရှိကြတဲ့ ပုရွက်ဆိတ်တွေနဲ့ အင်းဆက်ပိုးတွေဟာ 00:00:12.776 --> 00:00:15.012 မယုံကြည်နိုင်ဖွယ် အံ့ဩစရာ အရာအချို့ လုပ်နိုင်ကြတာ ကျွန်မတို့ သိကြပါတယ်။ 00:00:15.012 --> 00:00:18.197 ပျော်ပွဲစားထွက်ကြတဲ့ အခါမှာ ပုရွက်ဆိတ် တစ်စုက 00:00:18.197 --> 00:00:22.467 ဥပမာ၊ ကျွန်မတို့ရဲ့ အားလူးကြော် အစအနတွေကို ဆွဲယူထုတ်သွားကြကို မြင်ကြရပါတယ်။ 00:00:22.467 --> 00:00:25.910 ဒါပေမဲ့ ပုရွက်ဆိတ်တွေကို ကိုင်တွယ်ရာမှာ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေက ဘာတွေလဲ။ 00:00:25.910 --> 00:00:29.861 ပထမဦးဆုံးအနေနဲ့ ရွယ်တူလောက် ရှိတဲ့ ရိုဘော့ထဲမှာ 00:00:29.861 --> 00:00:31.909 ပုရွက်ဆိတ်ရဲ့ လုပ်ကိုင်နိုင်စွမ်းမျိုးကို ဘယ်လိုရယူကြမလဲ။ 00:00:31.909 --> 00:00:34.513 ပြီးတော့၊ အဲဒီလို သေးနုပ်တဲ့ အရာကို 00:00:34.513 --> 00:00:35.923 လှုပ်ရှားအောင် ဘယ်လိုလုပ်ကြမလဲ။ 00:00:35.923 --> 00:00:38.223 ကျွန်မတို့ဟာ ခြေထောက်များ နဲ့ ထိရောက်တဲ့ မော်တာများလို ယန္တရားတွေ လိုမယ်၊ 00:00:38.223 --> 00:00:40.072 အဲဒီလို လှုပ်ရှားမှုကို ပံ့ပိုးပေးရန်အတွက်၊ 00:00:40.072 --> 00:00:42.563 လိုအပ်တဲ့ အရာတွေအားလုံးကို ဆင်ခြင်ဉာဏ် တဝက်ရှိတဲ့ ပုရွက်ဆိတ် ရိုဘော့ထဲမှာ သုံးနိုင်ဖို့ 00:00:42.563 --> 00:00:46.525 စွမ်းအင် နဲ့ ထိန်းချုပ်မှု စနစ်တွေ ရှိရပါမယ်။ 00:00:46.525 --> 00:00:49.071 နောက်ဆုံးအနေနဲ့၊ အဲဒီလို အရာတွေကို တကယ့်ကို လုပ်ကိုင်လာနိုင်ကြဖို့ အတွက်၊ 00:00:49.071 --> 00:00:53.019 အဲဒါတွေ အားလုံးတို့ဟာ လက်တွဲလုပ်ကိုင်ပြီး ပိုကြီးမားတဲ့ တာဝန်တွေ လုပ်ကိုင်စေလိုပါတယ်။ 00:00:53.019 --> 00:00:55.710 ဒီတော့ ရွေ့လျားနိုင်စွမ်းဖြင့် ကျွန်မ စတင်ပါမယ်။ 00:00:55.710 --> 00:00:58.871 အင်းဆက်တွေဟာ ပတ်ဝန်းကျင်ထဲမှာ အံ့ဩလောက်အောင်ကို ရွေ့လျားနိုင်ကြပါတယ်။ 00:00:58.871 --> 00:01:00.559 ဒါက UC Berkeley ထံမှ ဗီဒီယိုပါ။ 00:01:00.559 --> 00:01:03.342 ပိုးဟပ်ဟာ အထူးကို ကြမ်းတမ်းတဲ့ မျက်နှာစာပေါ်မှာ ရွေ့လျားနေကာ 00:01:03.342 --> 00:01:05.194 မှောက်လဲကျ မသွားတာကို မြင်နိုင်ပါတယ်၊ 00:01:05.194 --> 00:01:09.192 ၎င်းက အဲဒီလို လုပ်နိုင်တာက ၎င်းရဲ့ ခြေများကို ရိုဘော့တွေအတွက် ကျွန်မတို့ 00:01:09.192 --> 00:01:11.545 သုံးလေ့ရှိကြတဲ့ မာကျစ်နေတဲ့ အရာများ နဲ့ 00:01:11.545 --> 00:01:13.144 ပျော့နေတဲ့ ပစ္စည်းများဖြင့် ပြုလုပ်ထားလို့ပါ။ 00:01:14.374 --> 00:01:18.201 သိပ်သေးတဲ့ အကောင်များအတွက် ခုန်ခြင်းဟာလည်း ရွေ့လျားရေးဆိုင်ရာ စိတ်ဝင်စားစရာ နည်းလမ်းပါ။ 00:01:18.201 --> 00:01:22.270 အဲဒီအင်းဆက်တွေဟာ စပရင်ထဲမှာ စွမ်းအင်ကို စုစည်းလျက် အဲဒါကို အဟုန်ပြင်းစွာဖြင့် လွတ်ထုတ်ပေးလိုက်ခြင်းဖြင့် 00:01:22.270 --> 00:01:26.281 ဥပမာ၊ ရေထဲမှနေပြီး ခုန်ပျံနိုင်ဖို့ အားကောင်းတဲ့ စွမ်းအင်ကို ရရှိနိုင်ကြတယ်။ 00:01:26.281 --> 00:01:29.403 အဲဒီလိုနည်းဖြင့် ကျွန်မ ဓာတ်ခွဲခန်းရဲ့ ကြီးမားတဲ့ ထောက်ကူချက် တစ်ခုက 00:01:29.403 --> 00:01:32.153 သိပ်ကို သေးနုပ်ကြတဲ့ ယန္တရားတွေထဲမှာ 00:01:32.153 --> 00:01:34.367 မာကျစ်တဲ့ အရာများကို ပျော့တဲ့ အရာများဖြင့် ပေါင်းစပ်ပေးမှုပါပဲ။ 00:01:34.367 --> 00:01:37.532 ဒီခုန်ပျံရေး ယန္တရားဆိုရင် အနားတစ်ခုဟာ လေးမီလီမိတာခန့် ရှိပါတယ်၊ 00:01:37.532 --> 00:01:39.220 တကယ့်ကို သေးလှပါတယ်။ 00:01:39.220 --> 00:01:43.058 ဒီထဲမှာ မာတဲ့ ပစ္စည်းက ဆီလီကွန်ပါ၊ ပြီးတော့ ပျော့တဲ့ ပစ္စည်းက ဆီလီကွန် ရာဘာပါ၊ 00:01:43.058 --> 00:01:45.953 အဓိက စိတ်ကူးက ကျွန်မတို့ဟာ အဲဒါကို ဖိသိပ်လိုက်ခြင်းဖြင့် 00:01:45.953 --> 00:01:48.654 စွမ်းအင်ကို စပရင်ထဲမှာ သိုလှောင်လိုက်ကာ ခုန်ဖို့လိုတဲ့အခါမှာ အဲဒါကို လွှတ်ထုတ်ပေးရန်ပါ။ 00:01:48.654 --> 00:01:52.037 ဒီတော့ ဒီစက်ထဲမှာ မော်တာတွေမရှိ၊ စွမ်းအင် တပ်ဆင်ထားတာ မရှိပါ။ 00:01:52.037 --> 00:01:54.800 ဒါကို ကျွန်မတို့ရဲ့ ဓာတ်ခွဲခန်းထဲမှာ "ဇာဂနာပါတဲ့ ဘွဲ့ရကျောင်းသား"လို့ခေါ်တဲ့ 00:01:54.800 --> 00:01:57.472 နည်းဖြင့် လှုပ်ရှားစေတာပါ။ (ရယ်မောသံများ) 00:01:57.472 --> 00:01:59.306 ဒီတော့ ရှင်တို့ အားလုံး နောက်လာမယ့် ဗီဒီယိုထဲမှာ မြင်ကြရမှာက 00:01:59.306 --> 00:02:02.333 အဲဒီအကောင်က ၎င်းအနေနဲ့ ခုန်ပျံဖို့ အံ့အားသင့်ဖွယ် ကြိုးပမ်းနေပုံပါပဲ။ 00:02:02.333 --> 00:02:05.947 ဒီတော့ ကျွန်မပြောခဲ့တဲ့ ဇာဂနာတွေ ပါရှိတဲ့ ဘွဲ့ရကျောင်းသား Aaron ပါ၊ 00:02:05.947 --> 00:02:08.630 ပြီးတော့ လေးမီလီမီတာ အရွယ် ယန္တရားက 00:02:08.630 --> 00:02:10.841 စင်တီမီတာ ၄၀ နီးနီး ခုန်နိုင်တာကိုပါပဲ။ 00:02:10.841 --> 00:02:13.265 အဲဒါဟာ ၎င်းကိုယ်တိုင် အလျားရဲ့ အဆပေါင်း ၁၀၀ ကြီးတောင်ပါ။ 00:02:13.265 --> 00:02:15.221 ပြီးတော့ ၎င်းဟာ စားပွဲပေါ်ကို ထိုးကျချိန်မှာ အသက်ရှင်လျက်ပါ၊ 00:02:15.221 --> 00:02:18.735 အဲဒါဟာ အံ့ဖွယ် ဒူပေနာပေခံနိုင်ပါတယ်၊ သေးလွန်းလို့ ကျွန်မတို့ ပျောက်ဆုံးသွားတဲ့အထိ 00:02:18.735 --> 00:02:21.361 ရှင်သန်လျက် ရှိနေခဲ့ပါတယ်။ 00:02:21.361 --> 00:02:23.970 နောက်ဆုံးမှာတော့ ကျွန်တို့ဟာ ဒီထဲကို မော်တာတွေ တပ်ပေးချင်တာ အမှန်ပါပဲ၊ 00:02:23.970 --> 00:02:27.086 မီလီမီတာ အရွယ် မော်တာတွေကို စမ်းသပ်နေကြတဲ့ ကျောင်းသားတွေ ဓာတ်ခွဲခန်းထဲမှာ ရှိပါတယ်၊ 00:02:27.086 --> 00:02:30.686 သေးငယ်ပြီး ကိုယ့်ဘာသာကိုယ် လှုပ်ရှားနိုင်ကြမယ့် ရိုဘော့တွေအဖြစ် တီထွင်ပေးဖို့ပါ။ 00:02:30.686 --> 00:02:34.267 ဒါပေမဲ့၊ ဒီစကေးမျိုးမှာ ရွေ့လျားနိုင်မှု နဲ့ လှုပ်ရှားနိုင်မှုကို လေ့လာကြည့်ရန်၊ 00:02:34.267 --> 00:02:36.241 ကျွန်မတို့ဟာ သံလိုက်တွေကို သုံးစမ်းကြည့်ကြပါတယ်။ 00:02:36.241 --> 00:02:39.317 ဒီတော့ ဒါဟာဖြင့် မိုက်ခရို-ရိုဘော့ ခြေထောက်ရဲ့ ပုံစံ ဘယ်လို ဖြစ်နိုင်ကြောင်းကို ပြထားကာ၊ 00:02:39.317 --> 00:02:41.334 ရှင်တို့ဟာ ဆီလီကွန် ရာဘာ အဆစ်တွေကို မြင်နိုင်သလို 00:02:41.334 --> 00:02:43.963 သံလိုက် တစ်ခုကို အဲဒီမှာ ထည့်မြှုပ်ထားလို့ 00:02:43.963 --> 00:02:46.266 အပြင်မှာရှိတဲ့ သံလိုက်စက်ကွင်းကို သုံးပြီး ၎င်းကို ရွေ့လျားစေနိုင်ပါတယ်။ 00:02:46.266 --> 00:02:48.949 ဒီတော့ ဒါဟာ စောစောပိုင်းက ကျွန်မ ပြခဲ့တဲ့ ရိုဘော့ဆီကို ရှေ့ရှုနေပါတယ်။ 00:02:49.959 --> 00:02:53.110 ဒီရိုဘော့ အနေနဲ့ ကျွန်မတို့ကို တကယ့်ကို ကူပေးနိုင်တဲ့ စိတ်ဝင်စားစရာက၊ 00:02:53.110 --> 00:02:55.117 ဒီစကေးရှိ အင်းဆက်တွေ လှုပ်ရှားကြပုံကို ဖေါ်ထုတ်ပေးနိုင်ခြင်းပါပဲ။ 00:02:55.117 --> 00:02:57.342 ပိုးဟပ်မှ အစပြုလျက် ဆင်ကြီး အထိ အကောင်တွေအားလုံး သွားလာလှုပ်ရှားကြပုံဆိုင်ရာ 00:02:57.342 --> 00:02:59.304 သိပ်ကို ကောင်းတဲ့ မော်ဒယ် ကျွန်မတို့ဆီမှာ ရှိပါတယ်။ 00:02:59.304 --> 00:03:02.228 ကျွန်မတို့ အားလုံးဟာ ပြေးကြတဲ့ အခါများမှာ ဒီလို ခုန်ဆွခုန်ဆွ ပုံစံမျိုးဖြင့် လှုပ်ရှားကြတာပါ။ 00:03:02.228 --> 00:03:06.513 ဒါပေမဲ့ ကျွန်မတို့ဟာ သိပ်ကိုသေးနုပ်ကြတယ်ဆိုရင် ကျွန်မတို့ ခြေဖျာ်းနဲ့ မြေပြီးအကြားက စွမ်းအားတွေဟာ 00:03:06.513 --> 00:03:09.288 ကိုယ်အလေးချိန်နဲ့ စာရင် ကျွန်မတို့ရဲ့ လှုပ်ရှားမှုကို များစွာမှ အကျိုးသက်ရောက်လာမယ်၊ 00:03:09.288 --> 00:03:11.642 အဲဒါကြောင့်မို့လို့ ခုနကလို ခုန်ဆွမှု ပေါ်လာရတာပါ။ 00:03:11.642 --> 00:03:13.317 ဒီတော့ ဟောဒီကောင်ဟာ အလုပ်မလုပ်နိုင်သေးပါ၊ 00:03:13.317 --> 00:03:15.637 ဒါပေမဲ့ အနားတဝိုက်မှာ သွားလာနိုင်တဲ့ ပိုကြီးတဲ့ ပုံစံ ကျွန်မတို့ဆီမှာ ရှိပါတယ်။ 00:03:17.957 --> 00:03:19.697 အဲဒါဟာ တစ်စင်တီမီတာ ကုဗတုံးပါ၊ အနားဟာ တစ်စင်တီမီတာ ရှိရာ အတော့ကို သေးပါတယ်၊ 00:03:21.437 --> 00:03:23.179 ကျွန်မတို့ဟာ ၎င်းအား တစက္ကန့်တိုင်းမှာ ခန္ဓာကိုယ် အရှည်ရဲ့ ဆယ်ဆခန့်ကို ပြေးလာစေနိုင်ပါပြီ၊ 00:03:23.179 --> 00:03:24.565 တစက္ကန့်ကို ၁၀ စင်တီမီတာ အထိနော်။ 00:03:24.565 --> 00:03:26.598 အဲဒါဟာ ဒီလို သေးနုပ်တဲ့ အကောင်အတွက် အတော့ကို မြန်လှပါတယ်၊ 00:03:26.598 --> 00:03:28.267 ပြီးတော့ အဲဒါဟာ ကျွန်မတို့ရဲ့ စမ်းသပ်မှု သတ်မှတ်ချက်ဖြင့် ဘောင်ခတ်ပေးထားတာပါ။ 00:03:29.936 --> 00:03:31.607 ဘယ်လိုပဲဖြစ်ဖြစ် ဒီအကောင်က ၎င်းရဲ့ အလုပ်လုပ်ပုံကို အခုကို နားလည်လာစေနေပါပြီ။ 00:03:32.027 --> 00:03:35.781 ကျွန်မတို့ဟာ ရှင်တို့ စောစောပိုင်းက မြင်ခဲ့ကြရတဲ့ ပိုးဟပ်လိုပဲ 00:03:35.781 --> 00:03:39.280 နံရံတွေ တလျှောက် တွာသွားနိုင်တဲ့ 3D ပုံနှိပ် မော်ဒယ်ကို ပြုလုပ်နိုင်ပါတယ်။ 00:03:39.280 --> 00:03:42.166 ကျွန်မတို့ဟာ နောက်ဆုံးမှာတော့ အားလုံးကို ရိုဘော့ထဲမှာကို ထည့်ပေးချင်ပါတယ်။ 00:03:42.166 --> 00:03:45.859 ကျွန်မတို့ဟာ အာရုံခံရန်၊ စွမ်းအင်၊ ထိန်းချုပ်မှု၊ အားလုံးကို ဆက်စပ်ချိတ်ဆက်ပေးရန် လိုပါတယ်၊ 00:03:45.859 --> 00:03:48.765 ပြီးတော့ အရာတိုင်းကို ဇီဝအကောင်များထံမှ စိတ်ကူးရယူရန် မဟုတ်ပါ။ 00:03:48.765 --> 00:03:51.900 ဒီရိုဘော့ဟာ Tic Tac ဘူးဆိုက်ပါ။ 00:03:51.900 --> 00:03:55.849 ဒီကိစ္စထဲမှာ၊ အနီးအနားကို လှုပ်ရှားသွားလာရန် ကြွက်သားတွေ ဒါမှမဟုတ် သံလိုက်တွေအစား၊ 00:03:55.849 --> 00:03:58.274 ကျွန်မတို့ဟာ ဒုံးပျံများကို သုံးကြပါတယ်။ 00:03:58.274 --> 00:04:00.940 ဒီတော့ဒါဟာ မိုက်ခရိုပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ စွမ်းအင် ပစ္စည်းပါ၊ 00:04:00.940 --> 00:04:03.539 ပြီးတော့ ကျွန်မတို့ဟာ ဒါမျိုး ပီက်ဆယ် သေးသေးလေးကို ဖန်တီးပေးပြီး၊၊ 00:04:03.539 --> 00:04:07.326 အဲဒီလို ပီက်ဆယ်များထဲက တစ်ခုကို ဒီရိုဘော့ရဲ့ ဗိုက်ပေါ် တင်ပေးမယ်ဆိုရင်၊ 00:04:07.326 --> 00:04:11.722 ဒီရိုဘော့ဟာ အလင်းတိုးလာတာကို အာရုံခံမိလျှင် ခုန်တော့မှာ ဖြစ်ပါတယ်။ 00:04:12.645 --> 00:04:14.618 နောက်တခုပြမယ့် ဗီဒီယိုဟာ ကျွန်မ အကြိုက်ဆုံး တခုပါ။ 00:04:14.618 --> 00:04:17.658 ကျွန်မတို့ဆီမှာ လေထဲတွင် ရှစ်စင်တီမီတာခန့် ခုန်နိုင်တဲ့ 00:04:17.658 --> 00:04:20.064 ဂရမ် ၃၀၀ လေးတဲ့ ခုန်နိုင်တဲ့ ဒီအရာ ရှိနေပါပြီ။ 00:04:20.064 --> 00:04:22.974 ၎င်းဟာ ၄ x ၄ x ၇ မီလီမီတာ ဆိုက်မျှသာပါ။ 00:04:22.974 --> 00:04:25.130 ရှင်တို့ဟာ အစပိုင်းမှာ ကြီးမားစွာ လင်းလာတာကို မြင်ကြရပါမယ် 00:04:25.130 --> 00:04:26.622 အဲဒီအချိန်မှာ စွမ်းအားကို လွှတ်ထုတ်ပေးလိုက်တာပါ၊ 00:04:26.622 --> 00:04:28.530 အဲဒါနဲ့ ရိုဘော့ဟာ လေထဲမှာ ဂျွမ်းထိုးကျလာမှာပါ။ 00:04:28.530 --> 00:04:30.139 ဒီတော့ တောက်ပတဲ့ အလင်းရောင် ရှိခဲ့ပါတယ်၊ 00:04:30.139 --> 00:04:33.336 အဲဒီနောက်မှာ ရိုဘော့ဟာ လေထဲမှာ ခုန်ပျံခဲ့တာကို မြင်ခဲ့ကြရပါတယ်။ 00:04:33.336 --> 00:04:36.368 ပြီးတော့ ၎င်းကို တွဲချည်ထားတာမျိုး၊ ချိတ်ဆက်ထားတဲ့ ဝိုင်ယာကြိုးမျိုး မရှိပါ။ 00:04:36.368 --> 00:04:38.862 လိုတာတွေ အားလုံးဟာ ၎င်းပေါ်မှာကို ရှိနေခဲ့ကာ ကျောင်းသား တယောက်က 00:04:38.862 --> 00:04:43.243 စားပွဲပေါ်က မီးကို ခလုတ်နှိပ်လိုက်တာကို တုံ့ပြန်ပြီး ခုန်လိုက်တာပါ။ 00:04:43.243 --> 00:04:46.897 ဒီတော့ ဒီလိုအရွယ် ရိုဘော့တွေကို ပြေးအောင်၊ တွာသွားရန်နဲ့ 00:04:46.897 --> 00:04:51.604 ခုန်ပျံရန် အံ့အားသင့်ဖွယ်ရာ အရာတွေကို ကျွန်မလုပ်နိုင်တာကို ရှင်တို့ မြင်ခဲ့ရပါပြီ။ 00:04:51.604 --> 00:04:55.394 ငလျင်လို သဘာဝကပ်ဘေး နောက်မှာ ရှိလာတတ်တဲ့ အုတ်ကျိုးအတ်ပဲ့များကို စိတ်ကူးကြည့်ကြပါ။ 00:04:55.394 --> 00:04:57.953 ဒီလို သေးနုပ်တဲ့ ရိုဘော့တွေက အဲဒီလို အကျိုးအပဲ့တွေအကြားမှာ 00:04:57.953 --> 00:05:00.171 ပြေးလွှားရင်း ကယ်ဆယ်ဖို့ ကြိုးစားနေကြတာကို စိတ်ကူးကြည့်ကြပါ။ 00:05:00.171 --> 00:05:03.127 ဒါမှမဟုတ် ရိုဘော့ အများကြီးတို့က တံခါးတခုပေါ်မှာ ပြေးလွှားရင်း 00:05:03.127 --> 00:05:05.286 ၎င်းကို စစ်ဆေးလျက် လုံခြုံမှုရှိမရှိကို စုံစမ်းနေကြတာ စိတ်ကူးကြည့်ပါ၊ 00:05:05.286 --> 00:05:07.326 Minneapolis မှာ ၂၀၀၇ ခုနှစ်တုန်းက ကြုံခဲ့ကြရတဲ့ 00:05:07.326 --> 00:05:11.233 ကပ်ဘေးမျိုး ကျွန်မတို့ မရင်ဆိုင်ကြရဖို့ အတွက် ကြိုးစားနေကြတာပါ။ 00:05:11.233 --> 00:05:12.995 ဒါမှမဟုတ် ရှင်တို့ရဲ့ သွေးနဲ့အတူ ကူးလူး သွားလာနိုင်ကြမယ့် 00:05:12.995 --> 00:05:15.518 ရိုဘော့တွေများ ကျွန်မတို့ဆီမှာ ရှိနေတာကို စိတ်ကူးကြည့်ပါ။ 00:05:15.518 --> 00:05:17.851 ဟုတ်ပါတယ်၊ Right? Isaac Asimov ရဲ့ "Fantastic Voyage" ခရီးစဉ်ပါပဲ။ 00:05:17.851 --> 00:05:22.206 အဲဒီလို ၎င်းတို့ဟာ ရှင်တို့ကို ခွဲစိတ်ရန်မလိုပဲ ကုစားပေးနိုင်ကြမှာပါ။ 00:05:22.206 --> 00:05:24.936 ဒါမှမဟုတ် ကျွန်မတို့ရဲ့ သေးနုပ်တဲ့ ရိုဘော့တွေကို ချကောင်တွေလိုပဲ 00:05:24.936 --> 00:05:28.343 အရာတွေကို ဆောက်လုပ်ပေးနိုင်အေင် ခိုင်းနိုင်လို့၊ 00:05:28.343 --> 00:05:31.108 ဒီမှာ မြင့်ရတဲ့ အံ့အားသင့်စရာ ရှစ်မီတာမြင့်တဲ့ တောင်ပို့ကို ဆောက်လုပ်နိုင်ခဲ့မှာပါ၊ 00:05:31.108 --> 00:05:35.196 အာဖရိက နဲ့ ဩစတြေးလျက ချတွေဟာ လေဝင်လေထွက် ကောင်းမွန်တဲ့ 00:05:35.196 --> 00:05:37.287 နေထိုင်ချင်စရာ တိုက်ခန်းတွေကို ဆောက်နိုင်ကြမှာပါ။ 00:05:37.287 --> 00:05:39.717 ဒီတော့ အခုလို သေးငယ်တဲ့ ရိုဘော့ စက်ရုပ်တွေကို သုံးပြီး ကျွန်မတို့ 00:05:39.717 --> 00:05:42.154 လုပ်နိုင်ကြတဲ့ထဲက အလားအလာအချို့ကို ကျွန်မ ပြပေးခဲ့ပါပြီ။ 00:05:42.154 --> 00:05:46.561 ကျွန်မတို့ဟာ အခုထက်ထိ တိုးတက်မှုတချို့ကို ရယူနိုင်ခဲ့တာမှန်ပေမဲ့၊ 00:05:46.561 --> 00:05:49.419 အဲဒီ လမ်းခရီးထဲမှာ ရှင်တို့ထဲက တချို့တို့ကပါ ပါဝင်ကူပေးကြမယ်လို့ မျှော်လင့်ပါတယ်။ 00:05:49.419 --> 00:05:51.187 အထူးကျေးဇူးတင်ပါတယ်။ 00:05:51.187 --> 00:05:53.391 (လက်ခုပ်သံများ)