ကလေးငယ်တွေကို ကွန်ပြူတာအကြောင်း သင်ကြားပေးဖို့ ပျော်ရွှင်စရာ နည်းလမ်း။
-
0:01 - 0:05ကုဒ်စနစ်ဟာ လူတိုင်းသိလာမယ့်
နောင် ဘာသာစကားပါ။ -
0:05 - 0:09ခုနှစ်ဆယ်နှစ်တွေက punk ဂီတဟာ
မျိုးဆက်တစ်ခုလုံးကို မောင်းနှင်ခဲ့တယ်။ -
0:09 - 0:11ရှစ်ဆယ်ခုတွေမှာ ပိုက်ဆံဖြစ်လောက်ပါတယ်။
-
0:11 - 0:14ဒါပေမဲ့ ကျွန်မမျိုးဆက် လူတွေကျတော့
-
0:14 - 0:19ဆော့ဖ်ဝဲ့ဟာ ကျွန်မတို့ စိတ်ကူးနဲ့ ကျွန်မ
တို့ကမ္ဘာကို ပေါင်းကူးပေးလိုက်တာပါ။ -
0:19 - 0:20အဓိပ္ပါယ်က ဒီထုတ်ကုန်တွေ ဆောက်ဖို့
-
0:20 - 0:24အင်မတန့် အင်မတန် စုံလင်လှတဲ့ လူတွေ
-
0:24 - 0:25လိုအပ်တယ်လို့ ဆိုလိုတာပါ။
-
0:25 - 0:30ကျွန်ပြူတာတွေကို စက်ဆန်တယ်၊
အထီးကျန်ပြီး မှော်ဆန်တယ်လို့ မမြင်ပဲ -
0:30 - 0:32၎င်းတို့ကို ကလိနိုင်၊ လှည့်လည်နိုင်၊
-
0:32 - 0:35လိမ်ပတ်နိုင်တဲ့ စတဲ့အရာတွေအဖြစ်
မြင်ဖို့ပါ။ -
0:36 - 0:39ပရိုဂရမ်ရေးခြင်းနဲ့ နည်းပညာ
လောကထဲမှာ ကျွန်မ ကိုယ်တွေ့ -
0:40 - 0:42ခရီးရှည်က နုနယ်တဲ့ အသက်
၁၄ နှစ်မှာ စတင်ခဲ့ပါတယ်။ -
0:43 - 0:47အသက်ပိုကြီးသူကို စွဲလန်းတဲ့
ဆယ်ကျော်သက် အရူးထမှု ရှိခဲ့ပြီး -
0:47 - 0:49ခုနကပြောတဲ့လူကြီးဟာ
အမေရိကန်ပြည်ထောင်စုရဲ့ -
0:49 - 0:53အဲဒီတုန်းက ဒုတိယ သမ္မတ Mr. Al Gore
ဖြစ်နေခဲ့တယ်လေ။ -
0:53 - 0:56ဆယ်ကျော်သက် မိန်းကလေးတိုင်း
လုပ်ချင်ခဲ့တာ ကျွန်မလုပ်ခဲ့တယ်။ -
0:57 - 0:59ဒီအချစ်တွေကို တစ်နည်းနည်းနဲ့
ဖော်ပြချင်တော့ -
0:59 - 1:01သူ့အတွက် ဝက်ဆိုက်တစ်ခု
ဆောက်လိုက်တယ်၊ ဒီမှာပါ။ -
1:01 - 1:04၂၀၀၁ မှာ Tumblr မရှိခဲ့ဘူး၊
-
1:04 - 1:07Facebook မရှိခဲ့ဘူး။
Pinterest မရှိခဲ့ဘူး။ -
1:07 - 1:09ဒီတော့ ဒီတောင့်တမှုနဲ့ ချစ်ခြင်းကို
-
1:09 - 1:12ဖော်ပြဖို့ ကုဒ်စနစ်ကို
သင်ဖို့ လိုခဲ့တာပေါ့။ -
1:12 - 1:14ဒီလိုနဲ့ ပရိုဂရမ်ရေးသားခြင်းကို
ကျွန်မစခဲ့တာပါ။ -
1:15 - 1:17မိမိကိုယ်ကို ဖော်ပြတဲ့နည်းနဲ့ စတင်ခဲ့တာပါ။
-
1:17 - 1:21ငယ်ငယ်တုန်းကဆို ရောင်စုံခဲတံတွေ၊
ပလပ်စတစ်တုံးတွေ သုံးခဲ့တာမျိုးပေါ့။ -
1:21 - 1:25ကြီးလာတော့ ဂစ်တာသင်ခန်းစာတွေ၊
ပြဇာတ်တွေ သုံးဖြစ်ခဲ့တယ်။ -
1:26 - 1:29ဒါပေမဲ့ ဒီတုန်းက အခြားစိတ်လှုပ်ရှားစရာတွေ
ရှိခဲ့သေးတယ်၊ -
1:29 - 1:31ကဗျာစာပေနဲ့ ခြေအိတ်ထိုးတာတို့၊
-
1:31 - 1:35ပုံမှန်မဟုတ်တဲ့ ပြင်သစ်
ကြိယာတွေပြောင်းတာတို့၊ -
1:35 - 1:37စိတ်ကူးယဉ် ကမ္ဘာဆောက်တာတို့၊
-
1:37 - 1:40Bertrand Russell နဲ့ သူ့ရဲ့ ဒဿနတို့ပေါ့။
-
1:40 - 1:42ကျွန်ပြူတာတွေဟာ ပျင်းစရာ၊
-
1:42 - 1:45နည်းပညာဆန်ပြီး အထီးကျန်တယ်လို့
ခံစားမိသူတွေထဲက တစ်ယောက်ပေါ့။ -
1:46 - 1:48ဒီနေ့ ကျွန်မတွေးမြင်တာက ဒီလိုပါ။
-
1:48 - 1:52ကောင်မလေးတွေဟာ ကွန်ပြူတာတွေကို
ကြိုက်ရမှန်း မသိကြဘူး။ -
1:52 - 1:53ကောင်မလေးတွေဟာ အံ့ဩစရာပါ။
-
1:53 - 1:57ကိစ္စရပ်တွေမှာ တကယ်ကို
စူးစိုက်မှုအားကောင်းကြပြီး -
1:57 - 2:01တိကျကြတယ်၊ အံ့စရာကောင်းတဲ့
ဒီလိုမေးခွန်းတွေကို မေးတတ်ကြတယ်၊ -
2:01 - 2:03"ဘာလဲ" "ဘာလို့လဲ" "ဘယ်လိုလဲ"
"ဘယ်လိုဖြစ်မလဲ" ပေါ့။ -
2:03 - 2:07ကွန်ပြူတာတွေကို ကြိုက်ရကောင်းမှန်း
သူတို့ မသိကြဘူး။ -
2:08 - 2:10သိတာက မိဘတွေပါ။
-
2:10 - 2:11ကွန်ပြူတာသိပ္ပံဟာ
-
2:11 - 2:16ပညာရပ်ဆန်ပြီး ဘယ်လိုမှန်းမသိတဲ့၊ လူထူး
လူဆန်းတွေနဲ့သာဆိုင်တဲ့ သိပ္ပံ ဘာသာရပ်လို့ -
2:16 - 2:20ခံစားမိတာက ကျွန်မတို့ မိဘတွေပါ။
-
2:20 - 2:23ဒါက နေ့စဉ်ဘဝကနေ ပြောရင် အဏုမြူ
-
2:23 - 2:25ရူပဗေဒ နီးပါးလောက်ကို ဖယ်ရှားခံရတာပါ။
-
2:25 - 2:28တစ်စိတ်တစ်ပိုင်းတော့ သူတို့တွေ မှန်ပါတယ်။
-
2:28 - 2:31ပရိုဂရမ်ရေးရာမှာ များပြားလှတဲ့
ဝါကျဖွဲ့ထုံးတွေ၊ ထိန်းချုပ်မှုတွေ၊ -
2:31 - 2:34ဒေတာတည်ဆောက်မှုတွေ၊ အယ်လ်ဂိုရစ်သမ်တွေ၊
-
2:34 - 2:36ထုံးစံတွေ၊ ကျင့်ဝတ်တွေ၊ နမူနာတွေ ရှိပါတယ်။
-
2:36 - 2:41လူမှုအဖွဲ့အစည်း တစ်ရပ်အနေနဲ့ ကွန်ပြူတာကို
သေးသထက်သေးအောင် လုပ်ခဲ့တယ်။ -
2:41 - 2:45လူနဲ့ စက်ကြားက တစ်ခုချင်းစီရဲ့
အပေါ်မှာ ကွန်ပြူတာတွေ -
2:45 - 2:47ဘယ်လိုလုပ်ဆောင်တယ်၊ ဘယ်လို
-
2:47 - 2:50ညွှန်ကြားတယ် ဆိုတာကို မသိရတော့လောက်တဲ့
အထိ စိတ်ကူးအလွာတွေကို -
2:50 - 2:52အထပ်ထပ် တည်ဆောက်ထားတယ်။
-
2:52 - 2:55ကလေးတွေကို လူ့ကိုယ်ခန္ဓာ
လုပ်ဆောင်ပုံတွေ သင်ပေးတယ်။ -
2:55 - 2:58အင်ဂျင် လည်ပတ်ပုံတွေကို သင်ပေးပြီး
-
2:58 - 3:01အာကာသယာဉ်မှုး တစ်ယောက်ဖြစ်ချင်ရင်
ဖြစ်လာနိုင်တယ်ဆိုတာတောင် -
3:01 - 3:03ပြောပြကြတယ်လေ။
-
3:03 - 3:05ဒါပေမဲ့ ကလေးတွေ လာမေးတဲ့အခါ
-
3:05 - 3:08" ပလုံစီတဲ့ အယ်လ်ဂိုရစ်သမ် ဆိုတာဘာလဲ"
-
3:08 - 3:12"'Play' ဆိုတဲ့ ခလုတ်ကို နှိပ်တဲ့အခါ
ဖြစ်တာကိုကွန်ပြူတာက ဘယ်လိုသိလဲ၊ -
3:12 - 3:14ဘယ်ဗီဒီယိုပြဖို့ဆိုတာ ဘယ်လိုသိလဲ။"
-
3:14 - 3:17ဒါမှမဟုတ် "Linda အင်တာနက်က
နေရာတစ်ခုလား။" လို့ဆိုတော့ -
3:17 - 3:19ကျွန်မတို့ လူကြီးတွေဟာ
ကြောင်ကြောင်ကြီး နှုတ်ဆိတ်နေလို့။ -
3:20 - 3:23တစ်ချို့က "ဒါက မှော်ကွ" တဲ့။
-
3:23 - 3:26တစ်ခြားသူတွေက" ရှုပ်ထွေးလွန်းပါတယ်" တဲ့။
-
3:27 - 3:28အင်း အဲဒါ တစ်ခုမှမဟုတ်ဘူး။
-
3:28 - 3:31မှော်လည်းမဟုတ်၊ ရှုပ်ထွေးတာလည်း မဟုတ်ဘူး။
-
3:31 - 3:34ဒါက အရမ်း၊ အရမ်းကို မြန်မြန် ဖြစ်ပျက်တာပါ။
-
3:34 - 3:37ကွန်ပြူတာပညာရှင်တွေဟာ ဒီအံ့ဖွယ်၊
လှပတဲ့ စက်တွေကို ဆောက်ပေမဲ့ -
3:37 - 3:40ကျွန်မတို့နဲ့ မဆိုင်ရလောက်အောင်ကို
ဖန်တီးခဲ့ပြီး -
3:40 - 3:42ကျွန်ပြူတာတွေကို ပြောတဲ့
ဘာသာစကားကိုရောဆိုတော့ -
3:42 - 3:45ထူးဆန်းတဲ့ အသုံးပြုသူ ကြားခံစနစ်မပါရင်
ကျွန်ပြူတာတွေကို -
3:45 - 3:47ဘယ်လိုပြောရမှန်း
မသိတော့ဘူးပေါ့။ -
3:47 - 3:49ဒါကြောင့်ပဲ ဘယ်သူမှ မမှတ်မိတာက
-
3:49 - 3:52ပြင်သစ်ဘာသာ ပုံမှန်မဟုတ်တဲ့
ကြိယာတွေကို ပြောင်းနေစဉ်က -
3:52 - 3:55ကျွန်မရဲ့မှတ်မိခြင်းစွမ်းရည်
ပုံစံကို လေ့ကျင့်နေတယ်ဆိုတာပါ။ -
3:55 - 3:57သိုးမွှေးထိုးတာနဲ့ စိတ်လှုပ်ရှားမိတုန်းက
-
3:57 - 4:01အပြန်ပြန် ထပ်ကျော့တာတွေပါတဲ့
သင်္ကေတဆိုင်ရာ ညွှန်ကြားခြင်း -
4:01 - 4:03အစီအစဉ်ကို လိုက်နာနေတာပါ။
-
4:03 - 4:05အင်္ဂလိပ်ဘာသာနဲ့သင်္ချာပညာကြား
တိကျတဲ့ ဘာသာစကား -
4:05 - 4:09တွေ့ဖို့ Bertrand Russell ရဲ့တစ်သက်တာ
ရှာဖွေခြင်းဟာ ကွန်ပြူတာရဲ့ -
4:09 - 4:11အတွင်းမှာ ၎င်းရဲ့ အိမ်ကိုတွေ့တယ်ဆိုတာပါ။
-
4:12 - 4:14ကျွန်မဟာ ပရိုဂရမ်ရေးသူဆိုတာ
ဘယ်သူမှမသိကြဘူး။ -
4:15 - 4:20ဒီနေ့ကလေးတွေ ကမ္ဘာကြီးပေါ်မှာ သူတို့နည်း
သူတို့ဟန်နဲ့ ခေါက်တယ်၊ ဆွဲယူတယ်၊ညှပ်ယူတယ်။ -
4:20 - 4:23ဒါပေမဲ့ ကွန်ပြူတာတွေနဲ့ဆောက်ဖို့
ကိရိယာတွေ သူတို့ကို မပေးဘူးဆိုရင် -
4:23 - 4:27ကျွန်မတို့ဟာ ဖန်တီးသူတွေအစား
စားသုံးသူတွေကိုသာ မြှင့်တင်နေတာပါ။ -
4:27 - 4:29ဒီရှာဖွေမှုက ကျွန်မကို
ဒီကလေးမဆီ ခေါ်သွားတယ်၊ -
4:29 - 4:32သူမရဲ့ အမည်က Ruby၊ အသက်က ခြောက်နှစ်ပါ။
-
4:32 - 4:36သူမဟာ လုံးဝကို အကြောက်အရွံ့မဲ့ စိတ်ကူး
ကောင်းပြီး နည်းနည်း ဆရာကျတယ်ပေါ့။ -
4:36 - 4:38ပရိုဂရမ်ရေးခြင်းကို ကိုယ့်ကိုယ်ကိုသင်ဖို့
-
4:38 - 4:41ကြိုးစားလို့ ပြဿနာနဲ့
တိုးတဲ့အခါတိုင်း ဥပမာ၊ -
4:41 - 4:45"လက်တွေ့ဦးစားပေး ဒီဇိုင်းကဘာလဲ
(သို့) အမှိုက်သိမ်းခြင်းဟာ ဘာလဲ"ပေါ့၊ -
4:45 - 4:49ပြဿနာကို ခြောက်နှစ်အရွယ် ကလေးမ
ရှင်းပြမယ့်ပုံကို ကြိုးစား စိတ်ကူးကြည့်တယ် -
4:49 - 4:52သူမအကြောင်း စာအုပ်ရေးပြီး
သရုပ်ဖော်တယ်၊ -
4:52 - 4:54Ruby ကျွန်မကို
သင်ပေးခဲ့တာတွေက ဒီလိုမျိုးပါ -
4:54 - 4:57Ruby က အိပ်ရာအောက်က
ကြမ်းပိုးတွေကို -
4:57 - 4:58မကြောက်သင့်ဘူးလို့ သင်တယ်။
-
4:58 - 5:00အကြီးဆုံး ပြဿနာကြီးတွေဆိုတာတောင်မှ
-
5:00 - 5:04ပြဿနာ အသေးအဖွဲလေးတွေစုပြီး
ညပ်နေတဲ့ အစုတစ်ခုပါပဲ။ -
5:04 - 5:06Ruby က သူမရဲ့ မိတ်ဆွေတွေနဲ့လည်း
မိတ်ဆက်ပေးတယ်။ -
5:06 - 5:09အင်တာနက် ယဉ်ကျေးမှုရဲ့
ရောင်စုံတဲ့ အခြမ်းပေါ့။ -
5:09 - 5:11သူမမှာ Snow Leopard လို လှပပေမဲ့
-
5:11 - 5:14အခြားကလေးတွေနဲ့ တွဲမကစားချင်တဲ့
မိတ်ဆွေတွေလည်း ရှိတယ်။ -
5:14 - 5:19ပြီးတော့ အရမ်းဖော်ရွေပေမဲ့ အသေ ရှုပ်ပွတဲ့
စက်ရုပ်စိမ်းလို မိတ်ဆွေတွေလည်း ရှိတယ်။ -
5:19 - 5:21သူမမှာ Linux ပင်ဂွင်းလို အသေ
ကျွမ်းကျင်ပြီး -
5:21 - 5:25နည်းနည်းတော့ နားလည်ဖို့ ခက်တဲ့
မိတ်ဆွေတွေက ရှိသေးတယ်။ -
5:25 - 5:27ပြီးတော့ အတွေးအမြင်သမား
မြေခွေးတွေ၊ ဘာတွေပေါ့။ -
5:28 - 5:32Ruby ရဲ့ကမ္ဘာမှာ နည်းပညာကို
ကစားရင်းနေ သင်တာပါ။ -
5:32 - 5:35ဥပမာ ကွန်ပြူတာတွေဟာ ထပ်ကျော့တဲ့
အရာတွေမှာ အရမ်းကို တော်တာဆိုတော့ -
5:35 - 5:38Ruby သင်ပေးမယ့်နည်းက ဒီလို
ထပ်ကျော့တာတွေပေါ့။ -
5:38 - 5:41ဒါက Ruby ရဲ့ အကြိုက်ဆုံး ကကွက်၊
ဒီလိုလေ၊ " (ဖြောင်း) ၂ (ဒုန်း) ၂၊ -
5:41 - 5:43(ဖြောင်း) ၂ ခုန်လိုက်။"
-
5:43 - 5:47ဒါကို လေးခေါက်ထပ်လုပ်ရင်း
တန်ပြန် ထပ်ကျော့တွေ သင်ယူတာပေါ့။ -
5:47 - 5:49ကျွန်မ ခြေတစ်ဘက်တည်းနဲ့ ရပ်နေရင်း
ဒီအစဉ်ကို ထပ်လုပ်ရင်း -
5:50 - 5:51ထပ်ကျော့တွေ သင်ယူတာပါ။
-
5:51 - 5:55ဒီအစဉ်ကို ထပ်လုပ်ရင်း အဖန်ဖန်
ကျော့တဲ့အထိ သင်ယူတယ်၊ -
5:55 - 5:57အမေ စိတ်မဆိုးခင်အထိပေါ့လေ။
-
5:57 - 5:58(ရယ်သံများ)
-
5:58 - 6:01အများစုကတော့ အဖြေတွေဟာ အဆင်သင့်
မရှိဘူးဆိုတာကို သင်ယူတာပါ။ -
6:02 - 6:05Ruby ရဲ့ကမ္ဘာအတွက်
သင်ရိုးညွှန်းတမ်းနဲ့ ကြုံလာတော့ -
6:05 - 6:08ကလေးတွေကို ကမ္ဘာကြီးကို
ဘယ်လိုမြင်လဲ၊ ဘယ်လိုမေးခွန်းတွေ -
6:08 - 6:10ရှိလဲဆိုတာ မေးဖို့လိုအပ်လာပြီး
-
6:10 - 6:13စမ်းသပ်စစ်ဆေး ကစားတာတွေ စီစဉ်ပြီး
-
6:13 - 6:16ကလေးတွေကို ဒီပုံလေးပုံနဲ့ပြပြီး
စလိုက်တယ်။ -
6:16 - 6:19ကားပုံ၊ ကုန်စုံဆိုင်ပုံ၊ ခွေးပုံနဲ့
-
6:19 - 6:21ရေအိမ်ပုံတစ်ပုံ ပြလိုက်ချင်ပါတယ်။
-
6:21 - 6:25ပြီးတော့ မေးမှာက " ဒီထဲက ဘယ်ပုံဟာ
ကွန်ပြူတာလို့ ထင်ကြလဲ" လို့လေ။ -
6:25 - 6:28ကလေးတွေကတော့ အရမ်း
ရှေးရိုးဆန်ပြီး ဖြေကြမှာက -
6:28 - 6:30"တစ်ခုမှ ကွန်ပြူတာ မဟုတ်ဘူး၊
-
6:30 - 6:32ကွန်ပြူတာ ဘာဆိုတာ ကျွန်တော်သိတယ်၊
-
6:32 - 6:33ဒါက မေမေ (သို့) ဖေဖေတို့
-
6:33 - 6:37အဲဒီအရှေ့မှာ အချိန်တွေ အတော်ကုန်
ကြတဲ့ တောက်ပနေတဲ့ တီဗွီပါ"တဲ့။ -
6:37 - 6:38ဒါပေမဲ့ ကျွန်မတို့ ဆွေးနွေးပြီး
-
6:38 - 6:41တွေ့ရှိမှာက ကားဟာ ကွှန်ပြူတာတစ်လုံး၊
-
6:41 - 6:43အထဲမှာ လမ်းကြောင်းပြစနစ်တစ်ခု
ရှိတယ်ဆိုတာပါ။ -
6:43 - 6:46ခွေးကတော့ ခွေးက ကွန်ပြူတာ မဖြစ်လောက်ဘူး၊
-
6:46 - 6:47ဒါပေမဲ့ လည်ပတ် ပါနေတော့
-
6:48 - 6:50လည်ပတ်ထဲမှာ ကွန်ပြူတာ ရှိလောက်တယ်ပေါ့။
-
6:50 - 6:54ကုန်စုံဆိုင်တွေ၊ ကွန်ပြူတာမျိုးစုံရှိတယ်၊
-
6:54 - 6:57ငွေကိုင်စနစ်တို့၊ သူခိုးလှန့်တဲ့
ခေါင်းလောင်းတို့လိုပေါ့။ -
6:57 - 6:58ကလေးတွေ ဘာဆိုတာသိကြလား၊
-
6:58 - 7:01ဂျပန်မှာ ရေအိမ်တွေဟာ ကွန်ပြူတာတွေပဲ၊
-
7:01 - 7:03ဝင်ကြည့်တဲ့ ဟက်ကာတွေတောင်ရှိတယ်။
-
7:03 - 7:05(ရယ်သံများ)
-
7:05 - 7:06ဒိထက်တိုးပြီး
-
7:06 - 7:09သူတို့ကို အဖွင့်၊ အပိတ် ခလုတ်ပါတဲ့
စတစ်ကာတွေ ပေးလိုက်တယ်။ -
7:09 - 7:13ပြီးတော့ ကလေးတွေကို "ဒီနေ့ ဒီအခန်းထဲက
အရာတိုင်းကို ကွန်ပြူတာအဖြစ် -
7:13 - 7:16ဖန်တီးဖို့ မှော်အစွမ်း မင်းတို့မှာရှိတယ်"
လို့ပြောလိုက်တယ်။ -
7:16 - 7:18ပြီးတော့ ကလေးတွေ ထပ်ပြောတာက
-
7:18 - 7:21"ကြားရတာ တကယ်ခက်ပုံပဲ၊
ဒီအတွက် အဖြေမှန်ကို မသိဘူး"တဲ့။ -
7:21 - 7:22ဒါပေမဲ့ ကျွန်မက "မပူပါနဲ့၊
-
7:22 - 7:25မင်းတို့မိဘတွေလည်း အဖြေမှန်မသိဘူး၊
-
7:25 - 7:27"အရာတွေရဲ့ အင်တာနက်"လို့ခေါ်တာကို သူတို့
-
7:27 - 7:29စကြားလိုက်ရတာပါ" လို့ပြောလိုက်တယ်။
-
7:29 - 7:31ဒါပေမဲ့ ကလေးတို့၊ မင်းတို့ဟာ အရာတိုင်းဟာ
-
7:31 - 7:36ကွန်ပြူတာဖြစ်တယ်ဆိုတဲ့ ကမ္ဘာထဲမှာ
နေထိုင်ရတော့မယ့်သူတွေ ဖြစ်တော့မှာနော်။" -
7:36 - 7:38ဒီနောက်မှာ ကျွန်မဆီလာတဲ့ ကလေးမလေးတစ်ယောက်
-
7:38 - 7:39စက်ဘီးမီးလုံးကိုယူပြီး
-
7:39 - 7:44ပြောတာက " ဒီစက်ဘီးမီးလုံးဟာ
ကျွန်ပြူတာသာဆိုရင် -
7:44 - 7:46အရောင်တွေ ပြောင်းမှာပေါ့နော်" တဲ့။
-
7:46 - 7:49ကျွန်မက "ဒီစိတ်ကူး အရမ်းကောင်းတယ်၊
ဒီ့ပြင် ဘာလုပ်လို့ရသေးလဲ" -
7:49 - 7:50သူမဟာ စဉ်းစား၊ စဉ်းစားနေပြီး
-
7:50 - 7:54ပြောတာက "ဒီစက်ဘီးမီးလုံးဟာ
ကွန်ပြူတာသာဆိုရင် -
7:55 - 7:57ကျွန်မအဖေနဲ့ စက်ဘီးစီးခရီးထွက်ပြီး
-
7:57 - 7:59ရွက်ဖျင်တဲမှာ အိပ်လို့ရတယ်၊
-
7:59 - 8:03ပြီးတော့ စက်ဘီးစီးမီးလုံးဟာ
ရုပ်ရှင်ပြစက် ဖြစ်နိုင်တာပေါ့" တဲ့။ -
8:04 - 8:06ဒါဟာ ကျွန်မ ရှာဖွေနေတဲ့ အခိုက်အတန့်ပါ၊
-
8:06 - 8:08ကမ္ဘာကြီးဟာ တကယ့်ကို အဆင်သင့်
-
8:08 - 8:10မဖြစ်သေးတာကို ကလေးတွေ
သိနားလည်သွားတဲ့ ကာလပါ။ -
8:10 - 8:13နည်းပညာတည်ဆောက်ခြင်းနဲ့ ကမ္ဘာ
ကြီးကို ပိုပြီးအဆင်သင့်ဖြစ်အောင် -
8:13 - 8:16ဖန်တီးခြင်းရဲ့ တကယ့် အံ့ဖွယ် နည်းလမ်းပါ။
-
8:16 - 8:18တစ်ဦးစီဟာ ဒီပြောင်းလဲခြင်းရဲ့
အပိုင်းတစ်ခုဖြစ်နိုင်တာပါ။ -
8:19 - 8:22နောက်ဆုံးဇာတ်လမ်း၊ ကျွန်မတို့လည်း
ကွန်ပြူတာတစ်လုံး ဆောက်ခဲ့တယ်။ -
8:22 - 8:27ဆရာကျတဲ့ CPU နဲ့ အရာတွေကို မှတ်မိဖို့
ဒါကို ထောက်ကူတဲ့ အကူရတဲ့ -
8:27 - 8:28RAM နဲ့ ROM ကို သိလာခဲ့တယ်။
-
8:28 - 8:31ကျွန်မတို့ရဲ့ ကွန်ပြူတာကို
တပ်ဆင်ပြီးတဲ့နောက်မှာ -
8:31 - 8:34ဒီအတွက် လုပ်ဆောင်ချက်တစ်ခုကိုလည်း
ပုံစံထုတ်ခဲ့တယ်။ -
8:34 - 8:36ကျွန်မ အကြိုက်ဆုံးက ဒီ ခြောက်နှစ်သား
-
8:36 - 8:37ကောင်လေးရဲ့ ဇာတ်လမ်းပါ၊
-
8:37 - 8:41ကမ္ဘာမှာ သူအကြိုက်ဆုံးက
အာကာသယာဉ်မှူး ဖြစ်ဖို့တဲ့။ -
8:41 - 8:43ဒီကောင်လေးက ဒီနားကြပ်ကြီးတွေတပ်ပြီး
-
8:43 - 8:47သူ့ရဲ့ စက္ကူ ကွန်ပြူတာလေးထဲမှာ
စိတ်က နစ်မြုပ်နေတယ်၊ -
8:47 - 8:49အကြောင်းက သိတဲ့အတိုင်း သူ့ကိုယ်ပိုင်
-
8:49 - 8:53စကြာဝဠာအချင်းချင်း ဂြိုဟ်သွားလာဖို့ကို
တည်ဆောက်ထားလို့လေ။ -
8:53 - 8:56သူ့အဖေ အင်္ဂါဂြိုဟ်ပတ်လမ်းက
ထီးတည်း အာကာသယာဉ်မှူးဟာ -
8:56 - 8:58အခန်းရဲ့ အခြားဘက်ခြမ်းမှာဖြစ်ပြီး
-
8:58 - 9:00ကောင်လေးရဲ့ အရေးကြီး အထူးတာဝန်က
-
9:00 - 9:03ဖခင်ကို ကမ္ဘာမြေဆီ
ဘေးကင်းစွာ ပြန်ခေါ်လာဖို့ပါ။ -
9:04 - 9:07ဒီကလေးတွေဟာ ကမ္ဘာကြီးရဲ့နက်ရှိုင်းစွာ
မတူညီတဲ့အမြင်နဲ့ ဒါကို နည်းပညာနဲ့ -
9:07 - 9:10တည်ဆောက်တဲ့နည်းလမ်းကို ရရှိတော့မှာပါ။
-
9:11 - 9:15နောက်ဆုံး ပိုပြီးချဉ်းကပ်နိုင်လေ၊
ပိုပါဝင်လေဖြစ်ပြီး -
9:15 - 9:18နည်းပညာ ကမ္ဘာကို ပိုပြီး
စုံလင်အောင် ဖန်တီးလေ၊ -
9:18 - 9:22ကမ္ဘာကြီးဟာ ပိုပြီး အရောင်စုံ၊ ပိုပြီး
ကောင်းမွန်တဲ့ပုံ ပေါက်လာမှာပါ။ -
9:22 - 9:25ဒီတော့ ခဏလောက် ကျွန်မနဲ့
မြင်ယောင်ကြည့်လိုက်ပါ၊ -
9:25 - 9:27အရာဝတ္ထုတွေ ဘယ်လိုဖန်တီးတယ် ဆိုတဲ့အကြောင်း
-
9:27 - 9:30ဇာတ်လမ်းတွေကို ကျွန်မတို့
ပြောတဲ့ ကမ္ဘာတစ်ခုပါ၊ -
9:30 - 9:33Silicon Valley က အသက်နှစ်ဆယ်
ကောင်လေးတွေတင်မက -
9:33 - 9:37Kenyan က ကျောင်းသူလေးနဲ့ Norwegian
စာကြည့်တိုက်မှူးတွေ အပါအဝင်ပေါ့။ -
9:38 - 9:42တစ်နဲ့သုညတို့ ရဲ့ နိစ္စဓူဝ ဖြစ်ရပ်မှာ
နေထိုင်တဲ့ မနက်ဖြန်ရဲ့ -
9:42 - 9:45Ada Lovelaces လေးတွေရှိတဲ့ ကမ္ဘာတစ်ခုကို
မြင်ယောင်ကြည့်ပါ။ -
9:45 - 9:50နည်းပညာနဲ့ပတ်သက်ပြီး အကောင်းမြင်ကာ
ရဲရင့်တဲ့သူတွေအဖြစ် ကြီးပြင်းလာတယ်။ -
9:50 - 9:53ကမ္ဘာကြီးရဲ့ စွမ်းအားတွေ၊
အခွင့်အလမ်းတွေနဲ့ ကန့်သတ်ချက်တွေ -
9:54 - 9:55ကို ထွေးပွေ့ထားကြတယ်။
-
9:56 - 10:00အံ့ဖွယ်ကောင်း၊ တစ်မျိုး နှစ်လိုဖွယ်
ကောင်းပြီး နည်းနည်း သဘာဝမကျတဲ့ -
10:00 - 10:01နည်းပညာ ကမ္ဘာတစ်ခုပါ။
-
10:03 - 10:05ကျွန်မ ငယ်ငယ်လေးတုန်းက
-
10:05 - 10:07ပုံပြောသူတစ်ယောက် ဖြစ်ချင်ခဲ့တယ်။
-
10:07 - 10:08စိတ်ကူးယဉ် ဖန်တီးတဲ့ ကမ္ဘာတွေကို
-
10:08 - 10:10နှစ်သက်ခဲ့ပြီး အလုပ်ချင်ဆုံးက
-
10:10 - 10:14Moominvalley က မနက်ခင်းတွေမှာ နိုးထပြီး
-
10:14 - 10:17နေ့လည်ခင်းတွေမှာ Tatooines
တစ်ဝိုက်မှာ သဝေထိုးချင်ခဲ့တာပေါ့။ -
10:17 - 10:20ညနေခင်းတွေမှာ Narnia မှာ သွားအိပ်မယ်လေ။
-
10:21 - 10:25ပရိုဂရမ်ရေးခြင်းဟာ ကျွန်မအတွက်
ပြီးပြည့်စုံတဲ့ အလုပ် ဖြစ်ခဲ့တယ်။ -
10:26 - 10:28ကမ္ဘာတွေကို ဖန်တီးနေဆဲပါ။
-
10:28 - 10:31ဇာတ်လမ်းတွေအစား ကုဒ်တွေနဲ့ ဖန်တီးပါတယ်။
-
10:32 - 10:35ပရိုဂရမ်ရေးသားခြင်းဟာ ကျွန်မရဲ
စကြာဝဠာလေး တစ်ခုလုံးကို -
10:35 - 10:37၎င်းကိုယ်ပိုင် စည်းမျဉ်းတွေ၊ စံတွေ၊
-
10:37 - 10:41အလေ့အထတွေ တည်ဆောက်ဖို့
အံ့ဖွယ် စွမ်းအားတွေ ပေးပါတယ်။ -
10:42 - 10:46တွေးခေါ်မှု စွမ်းအားစစ်စစ်နဲ့ ဘာမှ
မရှိတာကနေ တစ်ခုခုကို ဖန်တီးတာပါ။ -
10:47 - 10:48ကျေးဇူးတင်ပါတယ်။
-
10:48 - 10:51(လက်ခုပ်သံများ)
- Title:
- ကလေးငယ်တွေကို ကွန်ပြူတာအကြောင်း သင်ကြားပေးဖို့ ပျော်ရွှင်စရာ နည်းလမ်း။
- Speaker:
- Linda Liukas
- Description:
-
ကွန်ပြူတာကုဒ်ဟာ လူတိုင်းသိလာမည့် နောင် ဘာသာစကားတစ်ခုဖြစ်ပြီး ၎င်းရဲ့ ဝါကျဖွဲ့ထုံးဟာ လာမည့် မျိုးဆက် ပရိုဂရမ်ရေးသားပြုစုသူတို့ရဲ့ စိတ်ကူစိတ်သန်းတွေနဲ့ပဲ ကန့်သတ်ထားတော့မှာပါ။ Linda Liukas ဟာ ပြဿနာဖြေရှင်းလိုကြတဲ့ ကလေးငယ်တွေကို ပညာပေးဖို့ ကူညီနေပြီး ကွန်ပြူတာတွေဟာ စက်သဘောဆန်တယ်၊ ပျင်းစရာကောင်းပြီး ရှုပ်ထွေးတာမဟုတ်ပဲ၊ ကလိဖို့အတွက် အရောင်စုံပြီး အသက်ပါပါကြောင်း သူတို့ကို အားပေးနေပါတယ်။ ဒီဟောပြောချက်မှာ သူမက ကမ္ဘာတစ်ခုကို စိတ်ကူးမြင်ယောင်ကြည့်ဖို့ ကျွန်တော်တို့အား ဖိတ်ကြားထားပါတယ်။ အဲဒီမှာ မနက်ဖြန်ရဲ့ Ada Lovelaces တွေဟာ နည်းပညာနဲ့ ပတ်သက်ပြီး အကောင်းမြင်စိတ်ရှိကာ ရဲရင့်ကြတယ်၊ ဒါကို အံ့ဖွယ်ကောင်းတဲ့၊ တစ်မျိုးတစ်ဘာသာ နှစ်လိုဖွယ်ကောင်းပြီး နည်းနည်းလေး သဘာဝမကျတဲ့ ကမ္ဘာသစ်တစ်ခုဖန်တီးဖို့ အသုံးချတယ်ဆိုတာပါ။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 11:03
Myo Aung approved Burmese subtitles for A delightful way to teach kids about computers | ||
Myo Aung edited Burmese subtitles for A delightful way to teach kids about computers | ||
Myo Aung edited Burmese subtitles for A delightful way to teach kids about computers | ||
Myo Aung edited Burmese subtitles for A delightful way to teach kids about computers | ||
Myo Aung accepted Burmese subtitles for A delightful way to teach kids about computers | ||
Myo Aung edited Burmese subtitles for A delightful way to teach kids about computers | ||
Myo Aung edited Burmese subtitles for A delightful way to teach kids about computers | ||
Myo Aung edited Burmese subtitles for A delightful way to teach kids about computers |