Return to Video

အင်တာနက်ကိုဘယ်လိုပြန်လည်သိမ်းပိုက်မလဲ

  • 0:01 - 0:03


    ခရစ်အန်ဒါဆင်: နိုင်ငံသားအခွင့်အရေး
  • 0:03 - 0:05
    အင်တာနက်၏ အနာဂတ်
  • 0:05 - 0:09
    ဒီတော့ ဒီဖွင့်ချချက်တွေနောက်ကွယ်ကလူကို
  • 0:09 - 0:11
    TED စင်မြင့်ထက်သို့ဖိတ်ခေါ်ချင်ပါတယ်
  • 0:11 - 0:14
    အက်ဒ် စနိုးဒန် ပါခင်ဗျာ
  • 0:14 - 0:17
    (လက်ခုပ်သံများ)
  • 0:17 - 0:22
    အက်ဒ်က ရုရှားနိုင်ငံအတွင်း
    နေရာတစ်ခုမှာရှိနေပြီး
  • 0:22 - 0:24
    သူရဲ့ လက်ပ်တော့ပ်ကနေ
    ဒီစက်ရုပ်ကိုထိန်းချုပ်နေတာပါ
  • 0:24 - 0:28
    ဒီစက်ရုပ်မြင်ရတာကို သူမြင်ရပါတယ်
  • 0:28 - 0:30
    အက်ဒ်ရေ TED စင်မြင့်မှကြိုဆိုပါတယ်
  • 0:30 - 0:34
    ခင်ဗျားဘာတွေမြင်ရလဲဗျ
  • 0:34 - 0:36
    အက်ဒ်: အို ကျွန်တော်လူတိုင်းကိုမြင်ရတယ်
  • 0:36 - 0:38
    မိုက်တယ်ဗျ
  • 0:38 - 0:41
    (ရယ်သံများ)
  • 0:41 - 0:44
    ခရစ်: အက်ဒ်ရေ၊ ခင်ဗျားကို
    မေးခွန်းတချို့မေးမယ်ဗျာ
  • 0:44 - 0:46
    လွန်ခဲ့တဲ့ လတွေအတွင်းမှာ
    ခင်ဗျားကို အမျိုးမျိုး
  • 0:46 - 0:47
    အမည်တပ်ခေါ်နေကြပါတယ်
  • 0:47 - 0:52
    မောင်းတီးကြေညာသူ၊ သစ္စာဖောက်
  • 0:52 - 0:54
    သူရဲကောင်း စသဖြင့်
    ခင်ဗျားကို အမည်ပေးနေကြပါတယ်
  • 0:54 - 0:58
    ခင်ဗျား ကိုယ့်ကိုယ်ကို
    ဘယ်လိုသတ်မှတ်ချင်လဲဗျာ
  • 0:58 - 1:00
    အက်ဒ်: ခင်ဗျားလည်းသိပါတယ်။
    ဒီအချေအတင်ပြောချက်တွေမှာ ပါကြသူတိုင်း
  • 1:00 - 1:02
    ကျွန်တော့်နဲ့ ကျွန်တော်ရဲ့ ပင်ကိုယ်စရိုက်
    နဲ့ပတ်သက်ပြီး
  • 1:02 - 1:05
    ကျွန်တော်ကို ဘယ်လိုလူစားအဖြစ်
    သတ်မှတ်မယ်ဆိုတာနဲ့ပတ်သက်ပြီး
  • 1:05 - 1:08
    အကြပ်ရိုက်နေကြပါတယ်
  • 1:08 - 1:09
    ဒါပေမဲ့ ကျွန်တော်တွေးကြည့်မိတာတော့
  • 1:09 - 1:13
    ဒါဟာ ကျွန်တော်တို့အကြပ်ရိုက်ပြီး
    ငြင်းခုံနေရမယ့် မေးခွန်းမဟုတ်ပါဘူး
  • 1:13 - 1:16
    ကျွန်တော်ဘာလဲဆိုတာ လုံးဝအရေးမကြီးပါဘူး
  • 1:16 - 1:19
    ကျွန်တော်ဟာ လောကမှာ
    အဆိုးဆုံးလူဖြစ်နေရင်တောင်
  • 1:19 - 1:21
    ကျွန်တော်ကိုမုန်းလိုက်ပြီး ရှေ့ဆက်ပါ
  • 1:21 - 1:23
    တကယ်အရေးပါတာက ဒီအရေးကိစ္စတွေပါ
  • 1:23 - 1:26
    ဒီမှာ တကယ်အရေးပါတာက
    ကျွန်တော်တို့ လိုချင်တာ
  • 1:26 - 1:28
    ဘယ်လိုအစိုးရမျိုး၊
    ဘယ်လိုအင်တာနက်မျိုး
  • 1:28 - 1:30
    လူအချင်းချင်း လူအဖွဲ့အစည်းအချင်းချင်းကြားက
    ဘယ်လိုဆက်ဆံရေးမျိုး
  • 1:30 - 1:31
    စတဲ့ အရေးကိစ္စတွေပါ
  • 1:31 - 1:35
    အချေအတင်ပြောနေတာတွေ တစ်နေ့ဒီအကြောင်းဆီ
    ရောက်လာဖို့ ကျွန်တော်မျှော်လင့်ပါတယ်
  • 1:35 - 1:37
    အချိန်နဲ့ အမျှ တိုးတက်လာတာကိုလည်းတွေရပါတယ်
  • 1:37 - 1:39
    ကျွန်တော်ကိုယ် ကျွန်တော်သတ်မှတ်ရမယ်ဆိုရင်
  • 1:39 - 1:40
    သူရဲကောင်းဆိုတာတွေ မျိုးချစ်ဆိုတာတွေ
  • 1:40 - 1:43
    သစ္စာဖောက်ဆိုတာတွေ စတဲစကားလုံးတွေကို
    ကျွန်တော်မသုံးပါဘူး
  • 1:43 - 1:45
    ကျွန်တော်ဟာ အခြားသူတွေလိုပဲ
    အမေရိကန်တစ်ယောက်ပါ
  • 1:45 - 1:48
    အရပ်သားတစ်ယောက်ပါလို့ပဲပြောပါမယ်
  • 1:48 - 1:50
    ခရစ်: ဒီတော့ ဇာတ်ကြောင်းတစ်ခုလုံးကို
    မသိသူတွေကို
  • 1:50 - 1:52
    နည်းနည်းလေးဇာတ်ရည်လည်အောင်ပြောဖို့.....
  • 1:52 - 1:55
    (လက်ခုပ်သံများ) —
  • 1:55 - 2:00
    မနှစ်ကဒီလိုအချိန်မှာ ခင်ဗျား
    NSA ရဲ့အကြံပေးတစ်ယောက်အနေနဲ့
  • 2:00 - 2:02
    အလုပ်လုပ်ရင်းဟာဝိုင်ယီမှာ
    တာဝန်ကျနေတယ်နော်
  • 2:02 - 2:04
    နည်းစနစ်စီမံသူအနေနဲ့
  • 2:04 - 2:07
    သူတို့ရဲ့ စနစ်တွေထဲဝင်ခွင့်ရခဲ့တယ်နော်
  • 2:07 - 2:11
    နောက်ပိုင်းမှာ ဇွန်လဖွင့်ချချက်များဖြစ်လာမယ့်
  • 2:11 - 2:14
    လျှို့ဝှက်ဖိုင်အချို့ကို
  • 2:14 - 2:16
    ဂျာနယ်လစ်အချို့ဆီရွေးပြီး
    ဖွင့်ချခဲ့တယ်နော်
  • 2:16 - 2:21
    ဘယ်အရာကများ ခင်ဗျားကို
    ဒီလိုလုပ်ဖို့တွန်းအားပေးခဲ့တာလဲဗျာ
  • 2:21 - 2:24
    အက်ဒ်: ခင်ဗျားသိပါတယ် ဟာဝိုင်ယီမှာ
    ကျွန်တော်တာဝန်ကျနေတုန်းနဲ့
  • 2:24 - 2:26
    အဲဒီအရင်ရှေ့နှစ်တွေမှာကော
  • 2:26 - 2:29
    ထောက်လှမ်းရေးလောကမှာ လုပ်နေခဲ့စဉ်မှာ
  • 2:29 - 2:33
    ကျွန်တော့်အတွက်စိတ်အနှောင့်အယှက်
    ဖြစ်စရာတွေကို တွေ့ကြုံခဲ့ပါတယ်
  • 2:33 - 2:36
    ထောက်လှမ်းရေးလောကမှာ ကျွန်တော်တို့ ကောင်းတာတွေအများကြီးလုပ်ပါတယ်
  • 2:36 - 2:37
    မဖြစ်မနေလုပ်ရမယ့်အရာတွေ
  • 2:37 - 2:40
    လူတိုင်းကိုကောင်းကျိုးပေးတဲ့
    အရာတွေကိုလုပ်ခဲ့ပါတယ်
  • 2:40 - 2:42
    ဒါပေမဲ့ လွန်လွန်ကဲကဲဖြစ်သွားတဲ့
    အရာတွေလည်းရှိပါတယ်
  • 2:42 - 2:43
    မလုပ်သင့်တာတွေလုပ်တာ
  • 2:43 - 2:46
    လူထုမသိဘဲ လူထုသဘောဆန္ဒမပါဘဲ
  • 2:46 - 2:47
    ဒီလုပ်ငန်းစဉ်တွေအကြောင်း အစိုးရထဲက
  • 2:47 - 2:50
    ကျွန်တော်တို့ကိုယ်စားလှယ်တွေတောင်မသိဘဲ
  • 2:50 - 2:53
    ဆုံးဖြတ်ချက်တွေလျှို့ဝှက်စွာ
    ချမှတ်ခဲ့တာတွေရှိခဲ့ပါတယ်
  • 2:53 - 2:56
    ဒီလိုကိစ္စတွေနဲ့ ကျွန်တော်တကယ်တမ်း
  • 2:56 - 3:01
    ရင်ဆိုင်ရုန်းကန်လာရတဲ့အခါ
  • 3:01 - 3:02
    ကျွန်တော်တစ်ယောက်တည်း
    စဉ်းစားကြည့်ပါတယ်
  • 3:02 - 3:06
    ငါ ဒီကိစ္စကို လူထုကို
    အများဆုံးအကျိုးပြုနိုင်ပြီး
  • 3:06 - 3:09
    အန္တရာယ်အနည်းဆုံးဖြစ်မယ့်
  • 3:09 - 3:11
    တာဝန်ယူမှုအရှိဆုံးနည်းလမ်းနဲ့
    ဘယ်လိုလုပ်ရမလဲလို့ပေါ့
  • 3:11 - 3:14
    ကျွန်တော်စဉ်းစားနိုင်တဲ့ နည်းလမ်းတွေထဲက
  • 3:14 - 3:17
    ဥပဒေမရှိတဲ့အချိန်မှာ
  • 3:17 - 3:18
    ပြီးတော့ ကျွန်တော့်လို
    ထောက်လှမ်းရေးမှာစာချုပ်နဲ့အလုပ်လုပ်တဲ့
  • 3:18 - 3:20
    အလွတ်ဝန်ထမ်းတစ်ဦးအတွက်
  • 3:20 - 3:21
    ဥပဒေအရကာကွယ်ပေးမှုရော
    မရှိတဲ့အချိန်မှာ
  • 3:21 - 3:25
    လွှတ်တော်ဆီသွားလိုက်ရင်
  • 3:25 - 3:28
    ဒီအချက်အလက်တွေနဲ့
    ကျွန်တော်မြေမြှုပ်ခံလိုက်ရပြီး
  • 3:28 - 3:30
    ပြည်သူတွေကဘာမှမသိလိုက်နိုင်တာမျိုး
    ဖြစ်သွားနိုင်ပါတယ်
  • 3:30 - 3:33
    အမေရိကန်အခြေခံဥပဒေရဲ့
    ပထမပြင်ဆင်ချက်က
  • 3:33 - 3:37
    လွတ်လပ်စွာရေးသားတင်ပြခွင့်ကို
    ပေးထားတာ အကြောင်းရှိပါတယ်
  • 3:37 - 3:40
    အဲ့ဒါကတော့ အတိုက်အခံရေးသားတင်ပြမှုက
  • 3:40 - 3:42
    အစိုးရကိုစိန်ခေါ်နိုင်အောင်ပါ
  • 3:42 - 3:45
    ဒါ့အပြင်အစိုးရနဲ့အတူလက်တွဲပြီး
  • 3:45 - 3:47
    နိုင်ငံတော်လုံခြုံရေးကိုအန္တရာယ်မရှိစေဘဲ
  • 3:47 - 3:52
    အဓိကအရေးပါတဲ့ ကိစ္စတွေကို ပြည်သူတွေကို
  • 3:52 - 3:55
    ဘယ်လိုအသိပေးနိုင်တယ်ဆိုတာနဲ့
    ပတ်သက်ပြီး ဆွေးနွေးငြင်းခုံနိုင်ဖို့ပါ
  • 3:55 - 3:57
    အများသိအောင်ထုတ်ပြန်ဖို့နဲ့ ပတ်သက်ပြီး
  • 3:57 - 3:59
    ကိုယ့်ကိုယ်ကိုယုံပြီးဆုံးဖြတ်ချက်ချချက်မဲ့အစား
  • 3:59 - 4:02
    စာနယ်ဇင်းသမားတွေနဲ့ အတူတွဲပြီး
  • 4:02 - 4:03
    ကျွန်တော်ဆီကအချက်အလက်တွေကို
  • 4:03 - 4:06
    အမေရိကန်ပြည်သူတွေဆီပြန်ပေးလိုက်ခြင်းဖြင့်
  • 4:06 - 4:08
    အစိုးရက နက်နက်ရှိုင်းရှိုင်းပါဝင်လာတဲ့
  • 4:08 - 4:12
    အားကောင်းလှတဲ့ သဘောထားအားပြိုင်မှုကို
    မြင်တွေ့လာရပါပြီ
  • 4:12 - 4:17
    ဒါဟာ အားလုံးကို
    အကျိုးဖြစ်စေတယ်လို့ယူဆပါတယ်
  • 4:17 - 4:20
    ခြိမ်းခြောက်နေတဲ့ အန္တရာယ်တွေ
  • 4:20 - 4:23
    အစိုးရကဖိပြောနေတဲ့အန္တရာယ်တွေ
  • 4:23 - 4:24
    အခုထိ ဘာတစ်ခုမှ
  • 4:24 - 4:26
    ဖြစ်မလာသေးပါဘူး
  • 4:26 - 4:28
    တစ်စုံတစ်နည်း ထိခိုက်မှုသာဓကတစ်ခုမှ
  • 4:28 - 4:31
    သက်သေအထောက်အထားမတွေ့ရှိရသေးပါဘူး
  • 4:31 - 4:33
    ဒါ့ကြောင့်လည်း ကျွန်တော်ချခဲ့တဲ့ဆုံးဖြတ်ချက်နဲ့
  • 4:33 - 4:35
    ပတ်သက်ပြီး ကျွန်တော်ကျေနပ်ပါတယ်
  • 4:35 - 4:37
    ခရစ်: ဒါဆို ခင်ဗျားဖွင့်ချခဲ့တာတွေထဲက
  • 4:37 - 4:39
    နမူနာတစ်ခုနှစ်ခုလောက်ကို
    ပရိသတ်ကြီးကိုပြပါရစေ
  • 4:39 - 4:41
    ကားချပ်တစ်ခုလောက်ပြလို့ရရင် အက်ဒ် ရေ
  • 4:41 - 4:43
    ခင်ဗျားမြင်ရသလားမသိဘူးနော်
  • 4:43 - 4:44
    ကားချပ်တွေက ဒီမှာပါ
  • 4:44 - 4:47
    ဒါကတော့ PRISM လုပ်ငန်းစဉ်အကြောင်းကားချပ်ပါ
  • 4:47 - 4:49
    ဒီဖွင့်ချခဲ့တဲ့ဟာက ဘာလဲဆိုတာ
  • 4:49 - 4:52
    ခင်ဗျားကနေပြီး ပရိသတ်ကြီးကို
    ပြောပြပေးနိုင်မယ်ထင်တယ်
  • 4:52 - 4:54
    အက်ဒ်: ဒီနေရာမှာအငြင်းပွားမှု
    နည်းနည်းရှိနေလို့ PRISM ကို
  • 4:54 - 4:56
    ကောင်းကောင်းနားလည်နိုင်ဖို့အတွက် PRISM က
  • 4:56 - 4:59
    ဘယ်လိုဟာမဟုတ်ဘူးလဲဆိုတာအရင်ပြောရပါမယ်
    အမေရိကမှာ ပြောနေတဲ့
  • 4:59 - 5:02
    ငြင်းခုံမှုတွေရဲ့တော်တော်များများက metadata (အပေါ်ယံအချက်အလက်)အကြောင်းပါ
  • 5:02 - 5:05
    သူတို့ က ဒါဟာ metadata ပဲ၊
    metadata မျှသာပဲလို့ပြောနေကြပါတယ်
  • 5:05 - 5:08
    မျိုးချစ်ဥပဒေ အပိုင်း၂၁၅ ခေါ်တဲ့
  • 5:08 - 5:10
    အထူးဥပဒေဆိုင်ရာလုပ်ပိုင်ခွင့်
    အကြောင်းပြောကြပါတယ်
  • 5:10 - 5:13
    ဒါကဝရမ်းမဲ့လိုင်းခိုးနားထောင်ခွင့်၊
  • 5:13 - 5:16
    ဖုန်းမှတ်တမ်းလိုအရာမျိုးစတဲ့
    တစ်တိုင်းပြည်လုံးကို
  • 5:16 - 5:18
    အလုံးအရင်းလိုက်ထောက်လှမ်းမှုကိုခွင့်ပြုပါတယ်
  • 5:18 - 5:19
    ခင်ဗျားဘယ်သူနဲ့ ဖုန်းပြောတယ်
  • 5:19 - 5:21
    ဘယ်တုန်းကပြောတယ်
  • 5:21 - 5:23
    ဘယ်ကိုခရီးသွားတယ်ဆိုတာမျိုးတွေပါ
  • 5:23 - 5:25
    ဒါတွေအားလုံးကို metadata ကိစ္စရပ်များ
    လို့ခေါ်ပါတယ်
  • 5:25 - 5:29
    PRISM ကတော့ အတွင်းသားအချက်အလက်
    နဲ့ဆိုင်ပါတယ်
  • 5:29 - 5:31
    ဒီအစီအစဉ်ကနေတစ်ဆင့် အစိုးရက
  • 5:31 - 5:33
    အမေရိကန်စီးပွားရေးလုပ်ငန်းတွေကို
  • 5:33 - 5:36
    NSA အတွက်အောက်တန်းကျတဲ့အလုပ်တွေလုပ်ဖို့
  • 5:36 - 5:40
    တွန်းအားပေး၊ ကိုယ်စားလှယ်လုပ်ခိုင်းလို့ရပါတယ်
  • 5:40 - 5:43
    ဒီကုမ္ပဏီတွေထဲက အချို့က ငြင်းဆန်ခဲ့ကြပေမဲ့
  • 5:43 - 5:44
    ရာဟူး လည်းပါတယ်လို့ထင်ပါတယ်
  • 5:44 - 5:46
    ဒီကုမ္ပဏီတွေ တရားရုံးမှာ
    သူတို့ကိုစိန်ခေါ်ခဲ့ကြပေမဲ့
  • 5:46 - 5:48
    အားလုံးရှုံးသွားကြပါတယ်
  • 5:48 - 5:51
    အကြောင်းက တံခါးဖွင့်တရားခွင်နဲ့
    စစ်ခဲ့တာမဟုတ်ဘဲ
  • 5:51 - 5:54
    လျှို့ဝှက်တရားခွင်နဲ့ပဲစစ်ခဲ့ကြတာမို့လို့ပါ
  • 5:54 - 5:56
    ကျွန်တော်တို့မြင်လာရတဲ့အရာတစ်ခု
  • 5:56 - 5:58
    PRISM လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး
    ကျွန်တော်စိတ်အပူဆုံးတစ်ခုက
  • 5:58 - 6:00
    အမေရိကန်အစိုးရထဲမှာ ပြောနေကြတဲ့အချက်က
  • 6:00 - 6:04
    ဖက်ဒရယ်တရားသူကြီး ၁၅ ယောက်က
  • 6:04 - 6:07
    ဤလုပ်ငန်းစဉ်များကို စိစစ်ပြီး၍
    ဥပဒေနဲ့ညီသည်ဆိုတာမျိုးပါပဲ
  • 6:07 - 6:10
    သူတို့ခင်ဗျားတို့ကို ထုတ်မပြောတာက
  • 6:10 - 6:12
    ဒါတွေက လျှို့ဝှက်တရားခွင်မှာ
  • 6:12 - 6:14
    လျှို့ဝှက်တရားသူကြီးတွေက ဖြစ်တယ်ဆိုတာပါ
  • 6:14 - 6:17
    ဥပဒေကိုလျှို့ဝှက်စွာဖွင့်ဆိုချက်တွေကိုအခြေခံပြီး
  • 6:17 - 6:22
    နှစ်ပေါင်း ၃၃ နှစ်အတွင်း
  • 6:22 - 6:24
    ဝရမ်းထုတ်ခွင့်တောင်းခံမှု ၃၄၀၀၀ ကိုစစ်ခဲ့ရာမှာ
  • 6:24 - 6:26
    နှစ်ပေါင်း ၃၃ နှစ်အတွင်း
  • 6:26 - 6:29
    အစိုးရတောင်းခံမှု ၁၁ ခုကိုပဲပယ်ချခဲ့တယ်ဆိုတာပါ
  • 6:29 - 6:32
    ဒီလူတွေဟာ လွတ်လပ်ပွင့်လင်းတဲ့ အင်တာနက်မှာ
  • 6:32 - 6:34
    ကော်ပိုရိတ်အမေရိက ရဲ့အခန်းကဏ္ဍ ဘယ်လိုဖြစ်သင့်တယ်ဆိုတာကို
  • 6:34 - 6:36
    ဆုံးဖြတ်ပေးဖို့ ကျွန်တော်တို့လိုလားတဲ့သူမျိုးမဟုတ်ပါဘူး
  • 6:36 - 6:39
    ခရစ်: အခု ဒီကားချပ်ကတော့ နည်းပညာကုမ္ပဏီတွေ
  • 6:39 - 6:41
    အင်တာနက်ကုမ္ပဏီတွေက ဒီလုပ်ငန်းစဉ်ကို
  • 6:41 - 6:43
    စတင်ပူးပေါင်းခဲ့တယ်လို့ ယူဆရတဲ့နေ့ရက်တွေနဲ့
  • 6:43 - 6:45
    ၎င်းတို့ထံမှအချက်အလက်စုဆောင်းမှု
  • 6:45 - 6:48
    ဘယ်မှာစတယ်ဆိုတာကိုပြထားတာပါ
  • 6:48 - 6:53
    အခုတော့ သူတို့က NSA နဲ့ပူးပေါင်းခဲ့တယ်ဆိုတာကိုငြင်းဆန်ထားပါတယ်
  • 6:53 - 6:58
    အဲဒီအချက်အလက်တွေကို NSA ကဘယ်လိုစုဆောင်းခဲ့တာပါလဲ?
  • 6:58 - 7:01
    အက်ဒ်: မှန်ပါတယ်။ NSA ရဲ့ကားချပ်တွေကတော့
  • 7:01 - 7:04
    ဒါကို တိုက်ရိုက်ရယူခြင်း လို့ ရည်ညွှန်းထားပါတယ်
  • 7:04 - 7:07
    ဒါက တကယ့် NSA စိစစ်သူတစ်ဦး၊
  • 7:07 - 7:10
    ကျွန်တော့်လို ဟာဝိုင်ယီမှာ
  • 7:10 - 7:13
    တရုတ်ဟက်ကာတွေကိုပစ်မှတ်ထားခဲ့တဲ့
  • 7:13 - 7:15
    ထောက်လှမ်းရေးစိစစ်သူတစ်ဦးအတွက်
  • 7:15 - 7:17
    ဒီအချက်အလက်တွေကသူတို့ ဆာဗာတွေက
  • 7:17 - 7:19
    တိုက်ရိုက်လာမှန်းသိပါတယ်
  • 7:19 - 7:21
    ဒါပေမဲ့ ကုမ္ပဏီကိုယ်စားလှယ်တွေက
  • 7:21 - 7:24
    အခန်းထဲမှာ ဆေးလိပ်သောက်ပြီး
  • 7:24 - 7:26
    အချက်အလက်တွဘယ်လိုပေးမယ်ဆိုတာကို
  • 7:26 - 7:28
    NSA နဲ့ပေါင်းပြီး လျှို့ဝှက်အပေးအယူတွေ
  • 7:28 - 7:31
    လုပ်ခဲ့တယ်လို့ မဆိုလိုပါဘူး
  • 7:31 - 7:33
    လက်ရှိမှာ ကုမ္ပဏီတိုင်းက ဒါကိုနည်းအမျိုးမျိုးနဲ့ကိုင်တွယ်နေပါတယ်
  • 7:33 - 7:34
    တချို့မှာလည်းတာဝန်ရှိပါတယ်
  • 7:34 - 7:36
    တချို့မှာလည်းဒီထက်နည်းပြီးတာဝန်ရှိပါတယ်
  • 7:36 - 7:38
    ဒါပေမဲ့ အဓိကအချက်ကတော့
  • 7:38 - 7:41
    ဒီအချက်အလက်တွေဘယ်ကလာတယ်ဆိုတာပြောရရင်
  • 7:41 - 7:44
    ကုမ္ပဏီတွေကိုယ်တိုင်ကနေ လာတာဖြစ်ပါတယ်
  • 7:44 - 7:46
    လိုင်းတွေကနေ ခိုးတာမဟုတ်ပါဘူး
  • 7:46 - 7:48
    ဒါပေမဲ့ ဒီနေရာမှာ သတိရသင့်တဲ့ အရေးကြီးအချက်တစ်ခုက
  • 7:48 - 7:50
    ကုမ္ပဏီတွေက ပြန်ပြီးတွန်းလှန်ကြပေမဲ့လည်း
  • 7:50 - 7:52
    ကုမ္ပဏီတွေက တောင်းဆိုတာတွေလုပ်ပေမဲ့လည်း
  • 7:52 - 7:55
    ဟာကွာ ဒါကို ဝရမ်းထုတ်ပြီး လုပ်ရအောင်ကွာ
  • 7:55 - 7:56
    ဒါကို ငါတို့တွေ ဥပဒေကြောင်းအရစိစစ်မှုမျိုးလုပ်နိုင်တာ
  • 7:56 - 8:00
    သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို
  • 8:00 - 8:01
    လွှဲပြောင်းပေးရမယ့် အကြောင်းရင်းတစ်ခုခုမျိုး
  • 8:01 - 8:03
    ရနိုင်တာနဲ့ လုပ်ရအောင်ဆိုတာမျိုး၊
  • 8:03 - 8:06
    မနှစ်က ဝါရှင်တန်ပို့စ်သတင်းစာမှာ ဒီလိုသတင်းတွေဖတ်ရပါတယ်
  • 8:06 - 8:09
    ဒီ PRISM သတင်းလောက်ကျယ်ကျယ်ပြန့်ပြန့် မဖော်ပြခဲ့ပါဘူး
  • 8:09 - 8:11
    သတင်းတွေကဆိုတာက NSA ဟာ
  • 8:11 - 8:13
    Google နဲ့ ၎င်းအကြား၊ Yahoo နဲ့ ၎င်း အကြား
  • 8:13 - 8:15
    ဆက်သွယ်မှုအချက်အလက်စင်တာဆီကို
  • 8:15 - 8:17
    ဖောက်ထွင်းဝင်ခဲ့ပါတယ်တဲ့
  • 8:17 - 8:20
    ဒီတော့ ဒီကုမ္ပဏီတွေက အလိုမတူရင်တောင်
  • 8:20 - 8:23
    ဥပဒေနဲ့အညီဖြစ်နိုင်အောင်
  • 8:23 - 8:25
    ပူးပေါင်းဆောင်ရွက်ခဲ့ပေမဲ့
  • 8:25 - 8:28
    NSA ကဒါနဲ့မကျေနပ်ပါဘူး
  • 8:28 - 8:30
    ဒီအကြောင်းကြောင့် ကျွန်တော်တို့က ကုမ္ပဏီတွေကို
  • 8:30 - 8:33
    သုံးစွဲသူတွေရဲ့ အကျိုးစီးပွားကိုကိုယ်စားပြုဖို့
  • 8:33 - 8:35
    သုံးစွဲသူတွေရဲ့ အခွင့်အရေးတွေအတွက်
  • 8:35 - 8:38
    ရပ်တည်ပေးဖို့ ကတိပြုနိုင်အောင်
  • 8:38 - 8:40
    တော်တော်လေး အားထုတ်စေချင်ပါတယ်
  • 8:40 - 8:41
    ဒီလိုလုပ်နိုင်ဖို့ ကြီးမားတဲ့ခြေလှမ်းတွေကိုလည်း
  • 8:41 - 8:43
    လွန်ခဲ့တဲ့နှစ်အတွင်းမှာ
  • 8:43 - 8:44
    ဒီ PRISM ကားချပ်ပေါ်မှာပါတဲ့ ကုမ္ပဏီတွေဆီက
  • 8:44 - 8:46
    တွေ့နေရပြီလို့ ထင်ပါတယ်
  • 8:46 - 8:48
    ဆက်လက်ချီတက်သွားဖို့ အားပေးပါတယ်
  • 8:48 - 8:51
    ခရစ်: ဒါထက်ပိုပြီး ဘာတွေသူတို့လုပ်သင့်သေးလဲခင်ဗျ။
  • 8:51 - 8:54
    အက်ဒ်: အမေရိက ကအင်တာနက်ကုမ္ပဏီတစ်ခုအနေနဲ့
  • 8:54 - 8:57
    ကမ္ဘာတစ်ဝှမ်းက သုံးစွဲသူတွေရဲ့
    အခွင့်အရေးတွေကိုကာကွယ်ဖို့အတွက်
  • 8:57 - 8:59
    ရှေ့နေတွေကိုမတိုင်ပင်ဘဲ
  • 8:59 - 9:02
    အခုချက်ချင်း လုပ်နိုင်တဲ့
    အကြီးမားဆုံးအရာကတော့
  • 9:02 - 9:08
    ဝင်ရောက်ကြည့်ရှုတဲ့ ဝက်ဆိုက်စာမျက်နှာတိုင်းမှာ
  • 9:08 - 9:10
    SSL လျှို့ဝှက်ကုတ်စနစ်ခွင့်ပြုပေးဖို့ပါ
  • 9:10 - 9:13
    ဒီအချက်အရေးပါရတဲ့အကြောင်းကတော့ ခုခေတ်မှာ
  • 9:13 - 9:18
    ခင်ဗျားက Amazon.com မှာ "၁၉၈၄" စာအုပ်ကို သွားကြည့်မယ်ဆိုရင်
  • 9:18 - 9:20
    NSA ကဒီမှတ်တမ်းကိုတွေ့နိုင်ပါတယ်
  • 9:20 - 9:23
    ရုရှားထောက်လှမ်းရေးကလည်း ဒါကိုတွေ့နိုင်ပါတယ်
  • 9:23 - 9:25
    တရုတ်ထောက်လှမ်းရေးကလည်း
    တွေ့နိုင်ပါတယ်
  • 9:25 - 9:27
    ပြင်သစ်ထောက်လှမ်းရေး၊ ဂျာမန်ထောက်လှမ်းရေး၊
  • 9:27 - 9:28
    အန်ဒေါ်ရာထောက်လှမ်းရေးတွေရောပါ
  • 9:28 - 9:32
    သူတို့တွေအားလုံးမြင်နိုင်တာ ဝှက်စာနဲ့မလုပ်ထားလို့ပါ
  • 9:32 - 9:35
    Amazon.com ဟာ ကမ္ဘာ့စာကြည့်တိုက်ပါပဲ ,
  • 9:35 - 9:38
    ဒါပေမဲ့ သူတို့က လျှို့ဝှက်ကုတ်စနစ်ကို
    အလိုအလျောက်မသတ်မှတ်ထားတဲ့အပြင်
  • 9:38 - 9:40
    ခင်ဗျားက စာအုပ်တွေရှာကြည့်ရာမှာ
  • 9:40 - 9:42
    လျှို့ဝှက်ကုတ်စနစ်ကို ရွေးပြီး သုံးခွင့်လည်းမရပါဘူး
  • 9:42 - 9:43
    ဒါက ကျွန်တော်တို့ပြောင်းပစ်ရမယ့် အရာတစ်ခုပါ
  • 9:43 - 9:45
    Amazon ကိုမှ ဦးတည်ပြီးပြောဖို့မရည်ရွယ်ပါဘူး
  • 9:45 - 9:47
    ဒါပေမဲ့ သူက ထင်ရှားတဲ့သာဓကတစ်ခုမို့လို့ပါ
  • 9:47 - 9:48
    ကုမ္ပဏီတွေအားလုံးဟာ အထူးတစ်လည်
    နည်းလမ်းတွေမလုပ်ရသေးတဲ့
  • 9:48 - 9:52
    မရွေးချယ်ရသေးတဲ့ သုံးစွဲသူတွေအားလုံးအတွက်
  • 9:52 - 9:54
    လျှို့ဝှက်ကုတ်စနစ်လုပ်ထားတဲ့ အင်တာနက်ရှာဖွေခြင်းစနစ်ကို
  • 9:54 - 9:57
    အလိုအလျောက်သတ်မှတ်ပေးဖို့ ဦးတည်ဖို့လိုပါတယ်
  • 9:57 - 9:59
    ဒီလိုဆိုရင် ကမ္ဘာတစ်လွှားကလူတွေအတွက်
  • 9:59 - 10:02
    ပုဂ္ဂလိကလွတ်လပ်ခွင့်နှင့် အခွင့်အရေးတွေ
    ပိုမိုခံစားလာနိုင်ပါမယ်
  • 10:02 - 10:04
    ခရစ်: အက်ဒ်ရေ၊ ကျွန်တော်နဲ့အတူ စင်ရဲ့ဒီဘက်ပိုင်းကိုလာပါဦး
  • 10:04 - 10:07
    ဒီမှာ နောက်ကားချပ်တစ်ခုပြချင်လို့ပါ (လက်ခုပ်သံများ)
  • 10:07 - 10:10
    ဒါကတော့ Boundless Informant (ကန့်သတ်မဲ့ သတင်းပေးသူ) လို့ခေါ်တဲ့လုပ်ငန်းစဉ်တစ်ခုပါ
  • 10:10 - 10:12
    ဒါကကော ဘာလိုမျိုးပါလဲခင်ဗျ
  • 10:12 - 10:14
    အက်ဒ်: ဒါနဲ့ပတ်သက်ရင်တော့ NSA ကို
  • 10:14 - 10:16
    သင့်တင့်တဲ့နာမည်တွေပေးတတ်လို့ ချီးကျူးစကားဆိုရပါမယ်
  • 10:16 - 10:20
    ဒါကကျွန်တော့်အကြိုက်ဆုံး ရဲ့စကားဝှက်တွေထဲကတစ်ခုပါ
  • 10:20 - 10:21
    Boundless Informant ဆိုတာကတော့
  • 10:21 - 10:24
    NSA က လွှတ်တော်ကနေ ဖုံးကွယ်ထားတဲ့ လုပ်ငန်းတစ်ခုပါ
  • 10:24 - 10:27
    NSA ကို လွှတ်တော်က အရင်တုန်းကမေးခဲ့ဖူးပါတယ်
  • 10:27 - 10:29
    ကြားဖြတ်ထောက်လှမ်းခံနေရတဲ့
  • 10:29 - 10:33
    အမေရိကန်ဆက်သွယ်မှုတွေရဲ့
  • 10:33 - 10:35
    အကြမ်းဖျင်း အနီးစပ်ဆုံး အရေအတွက်ပမာဏကို
  • 10:35 - 10:37
    ပြောနိုင်တဲ့ နည်းပညာရှိပါသလား
    လို့မေးခဲ့တာပါ
  • 10:37 - 10:40
    ဒီတော့မရှိဘူးလို့ဖြေပါတယ်။
    ဒီပမာဏတွေကို ခြေရာလေ့မရှိပါဘူး
  • 10:40 - 10:42
    ခြေရာလည်းမခံနိုင်ပါဘူးလို့ဖြေခဲ့ပါတယ်
  • 10:42 - 10:45
    ကမ္ဘာအနှံ့ ဆက်သွယ်မှုပေါင်းဘယ်လောက်ကို
  • 10:45 - 10:46
    ကျွန်တော်တို့ ကြားဖြတ်ထောက်လှမ်းတယ်
    ဆိုတာမပြောနိုင်ပါဘူး
  • 10:46 - 10:48
    ဘာလို့လဲဆိုတော့ ဒါကိုပြောရင်
  • 10:48 - 10:51
    ခင်ဗျားရဲ့ ပုဂ္ဂိုလ်ရေးကို ကျူးကျော်ရာရောက်ပါလိမ့်မယ်တဲ့
  • 10:51 - 10:53
    သူတို့ဆီက ဒီသဘောထားလေးကိုတော့ကျွန်တော်အသိအမှတ်ပြုပါတယ်
  • 10:53 - 10:55
    လက်တွေ့မှာတော့ ဒီကားချပ်ကိုကြည့်ရင်
  • 10:55 - 10:57
    သူတို့မှာ လုပ်နိုင်စွမ်းရှိရုံသာမက
  • 10:57 - 11:00
    လုပ်နိုင်စွမ်းကို အသုံးကိုချနေပါပြီ
  • 11:00 - 11:01
    အားလုံးကို လုပ်နေကြပါပြီ
  • 11:01 - 11:04
    The NSA မှာ ဆက်သွယ်မှုတစ်ခုရဲ့ နှစ်ဖက်လုံးကို ခြေရာခံတဲ့
  • 11:04 - 11:09
    ကိုယ်ပိုင်ဌာနတွင်းအချက်အလက်စနစ်ရှိပါတယ်
  • 11:09 - 11:10
    အမေရိက ကလာတဲ့အချက်အလက်ဆိုလို့ကတော့
  • 11:10 - 11:12
    လွှတ်တော်ကို သူတို့ ထောက်လှမ်းထားတဲ့
  • 11:12 - 11:14
    ဆက်သွယ်မှုပေါင်း ဘယ်လောက်ရှိတယ်ဆိုတာကို
  • 11:14 - 11:17
    ချက်ချင်းပြောနိုင်ပါတယ်
  • 11:17 - 11:20
    Boundless Informant ကနေသိနိုင်တာက
  • 11:20 - 11:22
    ရုရှားမှာ ရုရှားနိုင်ငံသားတွေကြားဖြတ်
    ထောက်လှမ်းခံရတာထက်
  • 11:22 - 11:25
    အမေရိကမှာ အမေရိကန်နိုင်ငံသားတွေ
  • 11:25 - 11:29
    ကြားဖြတ်ထောက်လှမ်းခံရတာကပိုများတာဆိုတာပါပဲ
  • 11:29 - 11:31
    ဒါဟာထောက်လှမ်းရေးဌာနတစ်ခုမှာ
  • 11:31 - 11:33
    ရည်မှန်းလုပ်ကိုင်သင့်တဲ့အရာတစ်ခုလို့ ကျွန်တော်မထင်ပါဘူး
  • 11:33 - 11:35
    ခရစ်: အက်ဒ်ရေ၊ ခင်ဗျားရဲ့ အချက်အလက်တွေကနေပဲထပ်ပြီး
  • 11:35 - 11:37
    ဝါရှင်တန်ပို့စ်သတင်းစာက သတင်းတစ်ခုဖွင့်ချခဲ့ပါတယ်
  • 11:37 - 11:39
    သတင်းခေါင်းစဉ်ကတော့
  • 11:39 - 11:40
    "NSA က နှစ်စဉ် ပုဂ္ဂိလလွတ်လပ်ခွင့်ကို
  • 11:40 - 11:42
    အကြိမ်ထောင်ပေါင်းများစွာချိုး ဖောက်ခဲ့" တဲ့
  • 11:42 - 11:44
    အကြောင်းလည်းပြောပြပါဦး
  • 11:44 - 11:46
    အက်ဒ်: ကျွန်တော်တို့ မနှစ်ကလွှတ်တော်
    သက်သေထွက်ဆိုချက်မှာလည်း
  • 11:46 - 11:48
    ကြားခဲ့ရပါတယ်။ ကျွန်တော့်လို NSA ကနေလာတဲ့သူ၊
  • 11:48 - 11:50
    တကယ့်အတွင်းစာရွက်စာတမ်းတွေ
    ကိုမြင်လာသူ၊
  • 11:50 - 11:53
    အထဲမှာဘာအချက်တွေပါလဲဆိုတာမြင်လာသူတစ်ယောက်အနေနဲ့
  • 11:53 - 11:55
    အစိုးရအရာရှိတွေက ကျမ်းသစ္စာကျိန်ဆိုထားပြီး
  • 11:55 - 11:58
    လုပ်ပိုင်ခွင့်အလွဲသုံးစား မှုမရှိပါဘူး
  • 11:58 - 12:00
    NSA ရဲ့စည်းမျဉ်းတွေကိုချိုးဖောက်မှုမရှိပါဘူးလို့
  • 12:00 - 12:03
    သက်သေထွက်တာကိုမြင်တော့ အံ့ဩမိပါတယ်
  • 12:03 - 12:06
    ဒီသတင်းထွက်လာတော့မယ်လို့ ကျွန်တော်တို့သိနေချိန်မှာလေ
  • 12:06 - 12:08
    ဒါနဲ့ပတ်သက်ပြီးအထူးတလည်
    စိတ်ဝင်စားစရာကောင်းတာက
  • 12:08 - 12:10
    NSA က တစ်နှစ်ကို အကြိမ်ထောင်ပေါင်းများစွာ
  • 12:10 - 12:13
    သူတို့ကိုယ်ပိုင်စည်းမျဉ်း၊ ကိုယ်ပိုင်ဥပဒေတွေကို
  • 12:13 - 12:15
    ချိုးဖောက်ခဲ့တယ်ဆိုတာကိုပါ
  • 12:15 - 12:18
    အမှုပေါင်း ၂၇၇၆ ခုထဲမှာ
  • 12:18 - 12:23
    သူတို့ကိုယ်တိုင်ပါဝင်ခဲ့တဲ့တစ်ခုက
  • 12:23 - 12:25
    လူပေါင်းသုံးထောင်ကျော်ကို ထိခိုက်စေခဲ့ပါတယ်
  • 12:25 - 12:27
    အခြားဖြစ်ရပ်တစ်ခုမှာတော့ ဝါရှင်တန်ဒီစီက
  • 12:27 - 12:32
    ဖုန်းဆက်သွယ်မှုအားလုံးကို မတော်တဆ ကြားဖြတ်နားထောင်ခဲ့မိပါတယ်
  • 12:32 - 12:34
    ဒီအကြောင်းအစီရင်ခံစာက သိပ်ပြီးလူအာရုံစိုက်မှုမရလိုက်တာနဲ့
  • 12:34 - 12:36
    ပတ်သက်ပြီးအံ့ဩဖို့ကောင်းတာက
  • 12:36 - 12:41
    အလွဲသုံးစားလုပ်မှုပေါင်း ၂၇၇၆ မှုရှိရုံသာမက
  • 12:41 - 12:43
    ဆီးနိတ်ထောက်လှမ်းရေးကော်မတီရဲ့ ဥက္ကဋ္ဌ
  • 12:43 - 12:47
    ဒိုင်ယန်ဖိုင်းစတိန်းကိုယ်တိုင်တောင် ဝါရှင်တန်ပို့စ်သတင်းစာက
  • 12:47 - 12:50
    သူမကိုမဆက်သွယ်ပြီးမှတ်ချက်တောင်းခံခင်အထိ
  • 12:50 - 12:53
    ဒီအစီရင်ခံစာကိုမမြင်ဖူးဘူးဆိုတာပါပဲ
  • 12:53 - 12:54
    နောက်တော့ သူမက NSA ကနေ
  • 12:54 - 12:56
    မိတ္တူတစ်စောင်လှမ်းတောင်းလိုက်ပြီး
    လက်ခံရရှိခဲ့ပါတယ်
  • 12:56 - 12:58
    ဒီ့မတိုင်ခင်အထိ ဒါကိုသူမလုံးဝမတွေ့ဖူးပါဘူး
  • 12:58 - 13:01
    ဆီးနိတ်ထောက်လှမ်းရေးကော်မတီ
    ဥက္ကဋ္ဌကိုယ်တိုင်က
  • 13:01 - 13:03
    နှစ်စဉ် စည်းမျဉ်းချိုးဖောက်မှုတွေ
  • 13:03 - 13:04
    ထောင်ပေါင်းများစွာရှိနေတာကို မသိဘူးဆိုမှတော့
  • 13:04 - 13:07
    အမေရိကန်ထောက်လှမ်းရေးကို
    ကြီးကြပ်မှုနဲ့ပတ်သက်ပြီး
  • 13:07 - 13:09
    ဘယ်လိုပြောရတော့မလဲဗျာ
  • 13:09 - 13:13
    ခရစ်: Ed, ဒီသဘောထားတွေ
    အချေအတင်ဖြစ်နေတဲ့အထဲမှာ
  • 13:13 - 13:16
    တုံ့ပြန်ချက်တစ်ခုကတော့ ဒီထောက်လှမ်းရေးအကြောင်းကို
  • 13:16 - 13:17
    ဘာကြောင့်များဂရုစိုက်သင့်တာလဲဆိုတာပေါ့
  • 13:17 - 13:19
    ကျွန်တော်ဆိုလိုတာက ကိုယ်ဘာအမှားမှ
    မလုပ်ထားဖူးဆိုရင်
  • 13:19 - 13:22
    ဘာမှစိတ်ပူနေစရာမလိုဘူးဆိုတာမျိုးပေါ့
  • 13:22 - 13:24
    ဒီလိုသဘောထားအမြင်ကရော မှားများနေသလားခင်ဗျာ
  • 13:24 - 13:26
    အက်ဒ်: ပထမဆုံးအနေနဲ့ ဒါက
  • 13:26 - 13:28
    ကိုယ့်အခွင့်အရေးကိုကိုယ်စွန့်လွှတ်လိုက်တာပါ
  • 13:28 - 13:29
    ဒီမှာကွာ ငါတော့ဒါတွေလိုမယ်မထင်ပါဘူး
  • 13:29 - 13:31
    ဒီတော့ငါကတော့သူတို့ကိုယုံလိုက်မယ်ကွာ
  • 13:31 - 13:33
    ခေါက်ထားလိုက်စမ်းပါကွာ။
  • 13:33 - 13:36
    အခွင့်အရေးဆိုတာတွေအရေးမပါဘူး။
  • 13:36 - 13:38
    ဒီလူတွေက မှန်တာပဲလုပ်မှာပါ ဆိုတာမျိုးပေါ့ဗျာ
  • 13:38 - 13:40
    ခင်ဗျားရဲ့အခွင့်အရေးဆိုတာအရေးပါပါတယ်
  • 13:40 - 13:43
    ဒါတွေကိုဘယ်တော့လိုအပ်လာမယ် ဆိုတာမသိနိုင်လို့ပါပဲ
  • 13:43 - 13:45
    ဒါ့အပြင် ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုမှာ
    ကိုက အခြေတည်ပါဝင်နေတာပါ
  • 13:45 - 13:47
    အမေရိကမှာတင်မဟုတ်ပါဘူး
  • 13:47 - 13:49
    အနောက်တိုင်းလူ့အဖွဲ့အစည်းတွေမှာ
  • 13:49 - 13:52
    ကမ္ဘာတစ်လွှားက ဒီမိုကရက်စီလူ့အဖွဲ့အစည်းတွေမှာပါ
  • 13:52 - 13:54
    လူတွေဟာဖုန်းကောက်ကိုင်ပြီး
  • 13:54 - 13:56
    ကိုယ့်မိသားစုကိုခေါ် နိုင်ခွင့်ရှိသင့်ပါတယ်
  • 13:56 - 13:58
    ကိုယ်ချစ်ခင်ရတဲ့လူတွေကို စာပို့နိုင်ခွင့်ရှိရပါမယ်
  • 13:58 - 13:59
    စာအုပ်တစ်အုပ်ကိုအွန်လိုင်းပေါ်မှာဝယ်နိုင်ခွင့်ရှိသင့်ပါတယ်
  • 13:59 - 14:01
    ရထားစီးပြီးခရီးသွားနိုင်ခွင့်လည်းရှိရပါမယ်
  • 14:01 - 14:03
    လေယာဉ်လက်မှတ်တစ်စောင်ကို
  • 14:03 - 14:05
    ဝယ်နိုင်ခွင့်ရှိသင့်ပါတယ်
  • 14:05 - 14:07
    ငါဒါလုပ်တာကို အစိုးရထောက်လှမ်းရေးတစ်ယောက်က
  • 14:07 - 14:11
    ဘယ်လိုများထင်နေမလဲဆိုတာမျိုးမတွေးဘဲနဲ့ပါ
  • 14:11 - 14:13
    အနာဂတ်နှစ်တွေမှာကိုယ့်အစိုးရသာ
    လုပ်မှာမဟုတ်နိုင်တော့ပါဘူး
  • 14:13 - 14:15
    ငါလုပ်တာကို သူတို့တွေဘယ်လိုအမြင်မှားမလဲ
  • 14:15 - 14:17
    ငါ့ရည်ရွယ်ချက်ကိုသူတို့ကဘယ်လိုတွေးမြင်မလဲဆိုတာကို
  • 14:17 - 14:19
    တွေးပူမနေဘဲလုပ်ပိုင်ခွင့်ရှိသင့်ပါတယ်
  • 14:19 - 14:22
    ကျွန်တော်တို့အားလုံးမှာ ပုဂ္ဂလိကလွတ်လပ်ခွင့်ဆိုတာရှိပါတယ်
  • 14:22 - 14:25
    ဖြစ်နိုင်ချေရှိသောအကြောင်းရင်း ဒါမှမဟုတ်
  • 14:25 - 14:28
    တစ်ဦးချင်းအပေါ်သံသယဖြစ်တာမျိုး အပေါ်အခြေတည်တဲ့ ဝရမ်းတွေလိုပါတယ်
  • 14:28 - 14:32
    ဘာလို့လဲဆိုတော့ ဘယ်လိုအစိုးရ အာဏာပိုင်ကိုမှ
  • 14:32 - 14:34
    လူတို့ရဲ့ဆက်သွယ်မှုတစ်ခုလုံးကိုပုံပြီး
  • 14:34 - 14:37
    လျှို့ဝှက်စွာနဲ့ ထိန်းကွပ်မှုမရှိဘဲ ယုံကြည်လိုက်တယ်ဆိုတာ
  • 14:37 - 14:39
    တကယ့်ကိုလျစ်လျူမရှုထားသင့်တဲ့
    သဘောထားတစ်ခုလို့
  • 14:39 - 14:44
    ကျွန်တော်တို့အသိအမှတ်ပြုလို့ပါ
  • 14:44 - 14:47
    ခရစ်: ခင်ဗျားလုပ်ခဲ့တဲ့အပေါ်မှာ တစ်ချို့တွေဒေါသထွက်ကြပါတယ်
  • 14:47 - 14:50
    ဟိုတလောက ဒစ်ချေနီဆီကနေ ဒီလိုပြောတာကြားလိုက်ပါတယ်
  • 14:50 - 14:55
    ဂျူလီယန်အဆန်း ကပိုးကောင်ကိုက်သလောက်ပါ
  • 14:55 - 14:59
    အက်ဒ်ဝဒ် စနိုးဒန်ကတော့ ခွေးခေါင်းကိုဖြတ်ကိုက်လိုက်တဲ့ ခြင်္သေ့ပါပဲတဲ့
  • 14:59 - 15:00
    ခင်ဗျားဟာ အမေရိကန်သမိုင်းမှာ
  • 15:00 - 15:03
    အဆိုးရွားဆုံး သစ္စာဖောက်မှုတွေထဲတစ်ခုကို
  • 15:03 - 15:05
    ကျူးလွန်ခဲ့တယ်လို့ သူကယုံကြည်ပါတယ်
  • 15:05 - 15:09
    ဒီလိုထင်ကြတဲ့ လူတွေကို ခင်ဗျားဘာပြောချင်လဲခင်ဗျ
  • 15:11 - 15:13
    အက်ဒ်: ဒစ်ချေနီက တကယ်ကို တစ်ခုခုပါပဲ
  • 15:13 - 15:20
    (ရယ်သံများ) (လက်ခုပ်သံများ)
  • 15:20 - 15:25
    ကျေးဇူးပဲဗျာ (ရယ်သံများ)
  • 15:25 - 15:28
    အံ့ဩဖို့တော့ကောင်းသားဗျ။ ဘာလို့လဲဆိုရင် အဲဒီအချိန်တုန်းက
  • 15:28 - 15:32
    ဂျူလီယန်အဆန်းက သူရဲ့အကြီးကျယ်ဆုံး
    လုပ်ဆောင်ချက်တစ်ချို့ကို
  • 15:32 - 15:33
    လုပ်နေတဲ့အချိန်မှာ ဒစ်ချေနီကပြောတာ ဒီလူတော့
  • 15:33 - 15:35
    ကမ္ဘာတစ်လွှားကအစိုးရတွေကို ပျက်ကိန်းဆိုက်စေတော့ မှာပဲ
  • 15:35 - 15:38
    မိုးမီးလောင်တော့မယ်
  • 15:38 - 15:41
    ပင်လယ်တွေ ပွက်ပွက်ဆူကုန်တော့မယ် တဲ့ခင်ဗျ
  • 15:41 - 15:43
    အခုတော့ အကောင်ကိုက်သလောက် လို့ပြောရော
  • 15:43 - 15:45
    ဒီတော့ ဒီလိုအရာရှိတွေဆီက အမျိုးသားလုံခြုံရေးကို ထိခိုက်စေတယ်လို့
  • 15:45 - 15:49
    ချဲ့ကားပြီးပြောနေကြတာမျိုးတွေကို
  • 15:49 - 15:51
    ကျွန်တော်တို့ သံသယနဲ့ ဆင်ခြင်သင့်ပါတယ်
  • 15:51 - 15:58
    ဒါပေမဲ့ ဒီလူတွေက ဒါကိုတကယ်ယုံတယ်လို့ပဲထားပါတော့
  • 15:58 - 16:00
    သူတို့မှာ အမျိုးသားလုံခြုံရေးဆိုတာနဲ့ ပတ်သက်ပြီး
  • 16:00 - 16:05
    သိပ်ကိုကျဉ်းမြောင်းတဲ့အယူအဆရရှိနေတာပါ
  • 16:05 - 16:08
    ဒစ်ချေနေ လိုထိပ်သီးအခွင့်ရှိသူတွေဟာ
  • 16:08 - 16:11
    တိုင်းပြည်ကို မလုံခြုံစေပါဘူး
  • 16:11 - 16:15
    ပြည့်သူ့အကျိုးစီးပွားဟာ နိုင်ငံတော်အကျိုးစီးပွားနဲ့
  • 16:15 - 16:17
    အမြဲတမ်းထပ်တူမကျပါဘူး
  • 16:17 - 16:21
    ခြိမ်းခြောက်မှုမဟုတ်တဲ့နေရာမှာ
  • 16:21 - 16:23
    ကိုယ့်ရန်သူမဟုတ်သူတွေနဲ့စစ်တိုက်တာဟာ
  • 16:23 - 16:25
    ကျွန်တော်တို့ကိုမလုံခြုံစေပါဘူး
  • 16:25 - 16:28
    ဒါဟာ အီရတ်မှာပဲ ဖြစ်ဖြစ်
  • 16:28 - 16:29
    အင်တာနက်ပေါ်မှာပဲဖြစ်ဖြစ်ပါ
  • 16:29 - 16:31
    အင်တာနက်ဟာ ကျွန်တော်တို့ရန်သူမဟုတ်ပါဘူး
  • 16:31 - 16:33
    ကျွန်တော်တို့ရဲ့ စီးပွားရေးဟာ ရန်သူမဟုတ်ပါဘူး
  • 16:33 - 16:35
    အမေရိကန်စီးပွားရေး၊ တရုတ်စီးပွားရေး
  • 16:35 - 16:40
    ရှိသမျှကုမ္ပဏီတိုင်းဟာ
  • 16:40 - 16:42
    ကျွန်တော်တို့လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းပါ
  • 16:42 - 16:44
    အပြန်အလှန်ချိတ်ဆက်ထားတဲ့ကမ္ဘာရဲ့အစိတ်အပိုင်းပါ
  • 16:44 - 16:49
    ကျွန်တော်တို့ကိုစည်းနှောင်ထားတဲ့ ညီနောင်ရင်းနှောင်ကြိုးတွေရှိပါတယ်
  • 16:49 - 16:52
    ကမ္ဘာတစ်လွှားကနိုင်ငံတွေနဲ့ နိုင်ငံသားတွေက
  • 16:52 - 16:55
    ကျွန်တော်တို့လိုက်နာဖို့ မျှော်လင့်ထားတဲ့စံနှုန်းတွေ၊
  • 16:55 - 16:58
    လုံခြုံရေး နဲ့ လုပ်ဆောင်ချက်မူကို
  • 16:58 - 17:01
    မလေးစားခြင်းဖြင့်
  • 17:01 - 17:03
    ဒီနှောင်ကြိုးတွေကို ဖျက်ဆီးလိုက်ရင်ပေါ့
  • 17:03 - 17:07
    ခရစ်: ခင်ဗျားက အချက်အလက်ပေါင်း ၁.၇ သန်း
  • 17:07 - 17:09
    ခိုးယူခဲ့တယ်လို့ စွပ်စွဲထားပါတယ်
  • 17:09 - 17:10
    ဒါတွေရဲ့ ရာဂဏန်းလောက်ပဲ စာနယ်ဇင်းတွေဆီ
  • 17:10 - 17:13
    ဝေမျှ ထားသေးတယ်ထင်တယ်
  • 17:13 - 17:16
    နောက်ထပ်ဖွင့်ချချက်တွေလာဖို့
    ရှိသေးလားခင်ဗျာ
  • 17:16 - 17:19
    အက်ဒ်: နောက်ထပ်ဖွင့်ချချက်တွေလာဖို့
    သေချာပေါက်ရှိပါတယ်
  • 17:19 - 17:21
    အရေးကြီးဆုံးတင်ပြချက်တွေရဲ့ အချို့
  • 17:21 - 17:26
    ထွက်ပေါ်လာဖို့ကျန်သေးတယ်ဆိုတာ
  • 17:26 - 17:30
    မေးနေစရာမလိုဘူးလို့ထင်ပါတယ်
  • 17:30 - 17:33
    ခရစ်: ဒီကိုလာပါဦး။ ဒီဖွင့်ချချက်တစ်ခုနဲ့
  • 17:33 - 17:34
    ပတ်သက်ပြီးမေးချင်လို့ပါ
  • 17:34 - 17:37
    ဒါကိုတစ်ချက်လောက်လာကြည့်ပါ ဦး
  • 17:37 - 17:40
    ဆိုလိုတာက ဒီအကြာင်းဟာ
    လွန်ခဲ့တဲ့လအနည်းငယ်အတွင်း
  • 17:40 - 17:42
    ဒီအခန်းထဲကနည်းပညာရှင်တွေအတွက်
  • 17:42 - 17:44
    တုန်လှုပ်ဖို့အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်
  • 17:44 - 17:47
    "Bullrun" လို့ခေါ်တဲ့ အစီအစဉ်အကြောင်းပါ
  • 17:47 - 17:51
    ဒါဘာလဲဆိုတာ ရှင်းပြလို့ရမလား
  • 17:51 - 17:53
    အက်ဒ်: ကဲ Bullrun ဆိုတာကလည်း
  • 17:53 - 18:00
    NSA ကိုသူတို့ရဲ့ပွင့်လင်းမှုအတွက်ကျေးဇူးတင်ရမယ့်အစီအစဉ်ပါ
  • 18:00 - 18:04
    ပြည်တွင်းစစ်ပွဲတစ်ခုရဲ့အမည်ကို
    မှည့်ခေါ်ထားတာပါ
  • 18:04 - 18:06
    ဗြိတိန်ကအလားတူအစီအစဉ်ကတော့
    Edgehill လို့ခေါ်ပါတယ်
  • 18:06 - 18:07
    ဗြိတိန်ပြည်တွင်းစစ်ပွဲတစ်ခုနာမည်ပါ
  • 18:07 - 18:10
    ဒီလိုအမည်ပေးတာအကြောင်းရှိတယ်လို့
    ကျွန်တော်ထင်လို့
  • 18:10 - 18:13
    ဒါတွေ ကျွန်တော်တို့ပြည်တွင်း
    အခြေခံအဆောက်အဦ ကိုပစ်မှတ်ထားတာမို့ပါ
  • 18:13 - 18:16
    ဒီအစီအစဉ်တွေကနေတစ်ဆင့် NSA က
  • 18:16 - 18:20
    စီးပွားရေးမိတ်ဖက်တွေကိုရည်ရွယ်ချက်ရှိရှိလှည့်စားတာပါ
  • 18:20 - 18:22
    သူတို့ကစီးပွားရေးမိတ်ဖက်တွေကို
  • 18:22 - 18:23
    ဒါတွေကလုံခြုံတဲ့စံနှုန်းတွေလို့
    ပြောထားပါတယ်
  • 18:23 - 18:25
    သူတို့က မင်းတို့စနစ်တွေလုံခြုံစေဖို့ ငါတို့တွေ
  • 18:25 - 18:29
    မင်းတို့နဲ့အတူလုပ်ဖို့လိုတယ်လို့ပြောပါတယ်
  • 18:29 - 18:32
    တကယ်တမ်းမှာတော့ ဒီကုမ္ပဏီတွေကို
  • 18:32 - 18:34
    သူတို့ဝန်ဆောင်မှုရဲ့လုံခြုံရေးကို
  • 18:34 - 18:36
    လျော့ရဲစေတဲ့အကြံမှားတွေပေးနေတာပါ
  • 18:36 - 18:38
    သူတို့ကနောက်ကွယ်မှာ
  • 18:38 - 18:41
    NSA ကအသုံးချနိုင်ရုံသာမက
  • 18:41 - 18:43
    သုတေသနလုပ်ပြီးရှာဖို့အတွက် အချိန်နဲ့ ငွေကြေးတတ်နိုင်တဲ့
  • 18:43 - 18:45
    အသုံးပြုပြီးကမ္ဘာ့ဆက်သွယ်ရေးတွေဆီ
  • 18:45 - 18:47
    ဝင်ရောက်နိုင်တဲ့အရာကို
  • 18:47 - 18:49
    တည်ဆောက်နေတာပါ
  • 18:49 - 18:51
    ဒါဟာတကယ့်ကိုအန္တရာယ်များပါတယ်
  • 18:51 - 18:55
    အကြောင်းက တကယ်လို့ကျွန်တော်တို့
    စံနှုန်းတစ်ခုခုကိုဆုံးရှုံးသွားရင်
  • 18:55 - 18:58
    Bullrun ကနေအဓိကပစ်မှတ်ထားခဲ့တဲ့
  • 18:58 - 19:00
    SSL လိုမျိုးအရာတစ်ခုခုရဲ့
    ယုံကြည်မှုကိုဆုံးရှုံးသွားရင်
  • 19:00 - 19:02
    အဆုံးမှာလုံခြုံမှုပိုနည်းတဲ့ကမ္ဘာမှာ
  • 19:02 - 19:05
    ကျွန်တော်တို့နေရမှာမို့လို့ပါ
  • 19:05 - 19:07
    ဒီဆက်သွယ်မှုတွေကိုစောင့်ကြည့်နေတဲ့သူတွေ
  • 19:07 - 19:12
    သူတို့ကိုယ်ကျိုးအတွက်ဖျက်လိုဖျက်ဆီး
    လုပ်မယ့်သူတွေ အကြောင်းတွေးပူမနေဘဲ
  • 19:12 - 19:15
    ကျွန်တော်တို့ဘဏ်တွေ ကုန်သွယ်မှုလုပ်ငန်းတွေဆီ
  • 19:15 - 19:17
    ဆက်သွယ်လို့ရတော့မှာမဟုတ်ပါဘူး
  • 19:17 - 19:21
    ခရစ်: ဒီလိုအလားတူ
    ဆုံးဖြတ်ချက်တွေကအမေရိကကို
  • 19:21 - 19:24
    အခြားရင်းမြစ်တွေမှ
    ဆိုင်ဘာတိုက်ခိုက်မှုတွေအတွက်
  • 19:24 - 19:28
    ဖွင့်ပေးလိုက်တာဖြစ်နိုင်သလား
  • 19:28 - 19:29
    အက်ဒ်: အကြွင်းမဲ့ပါပဲ
  • 19:29 - 19:31
    ပြဿနာတွေထဲကတစ်ခုကတော့၊
  • 19:31 - 19:35
    ၉/၁၁ နောက်ပိုင်းကျွန်တော်တို့တွေ့ရပြီးတဲ့
  • 19:35 - 19:38
    အန္တရာယ်ဆိုးမွေတွေထဲကတစ်ခုကတော့
  • 19:38 - 19:42
    NSA ဟာအစဉ်အလာအားဖြင့် အလုပ်နှစ်ခုလုပ်ပါတယ်
  • 19:42 - 19:44
    သူတို့ဟာ တိုက်စစ်သဘောလုပ်ငန်းရပ်
    တွေကို ဦးဆောင်လုပ်ခဲ့ပါတယ်
  • 19:44 - 19:45
    Hacking (ကွန်ပျူတာစနစ်များထဲခိုးဝင်ခြင်း)
    ကိုပြောတာပါ
  • 19:45 - 19:48
    ဒါပေမဲ့ ခံစစ်သဘောလုပ်ငန်းရပ်တွေ
    ကိုလည်း ဦးဆောင်လုပ်နေပါတယ်
  • 19:48 - 19:50
    အစဉ်အလာအရ တိုက်စစ်ထက်ခံစစ်ကို
  • 19:50 - 19:52
    ဦးစားပေးခဲ့ပါတယ်
  • 19:52 - 19:53
    အမေရိကန်ရဲ့လျှို့ဝှက်ချက်တွေဟာ
    ပိုပြီးအဖိုးတန်တယ်ဆိုတဲ့မူကို
  • 19:53 - 19:56
    အခြေခံပြီးတော့ပေါ့ဗျာ
  • 19:56 - 19:58
    တရုတ်လုပ်ငန်းတစ်ခုရဲ့စနစ်ထဲခိုးဝင်ပြီး
  • 19:58 - 20:00
    သူတို့လျှို့ဝှက်ချက်ကိုခိုးယူတာ
  • 20:00 - 20:02
    ဘာလင်က အစိုးရရုံးတစ်ခုရဲ့စနစ်ထဲခိုးဝင်ပြီး
  • 20:02 - 20:04
    သူတို့လျှို့ဝှက်ချက်ကိုခိုးယူတာဟာ
  • 20:04 - 20:08
    တရုတ်ကနေကျွန်တော်တို့
    လျှို့ဝှက်ချက်တွေကိုမရယူနိုင်ဖို့
  • 20:08 - 20:10
    သေချာအောင်လုပ်တာလောက်
  • 20:10 - 20:12
    အမေရိကန်ပြည်သူတွေအတွက်
    အကျိုးမရှိပါဘူးဆိုတဲ့မူပါ
  • 20:12 - 20:16
    ဒါကြောင့် ကျွန်တော်တို့ရဲ့ဆက်သွယ်မှုတွေရဲ့
    လုံခြုံရေးကိုလျှော့ချခြင်းဖြင့်
  • 20:16 - 20:18
    သူတို့ဟာကမ္ဘာကို
    အန္တရာယ်ရောက်အောင်လုပ်နေသလို
  • 20:18 - 20:21
    အမေရိကကိုလည်းလုံးဝ
    အန္တရာယ်ရောက်အောင်လုပ်နေတာပါ
  • 20:21 - 20:23
    အကြောင်းက အသိဉာဏ်ပစ္စည်းဟာ
  • 20:23 - 20:25
    ကျွန်တော်တို့စီးပွားရေးရဲ့အခြေခံ၊
    အုတ်မြစ်ဖြစ်လို့ပါ
  • 20:25 - 20:27
    ဒါကို အားနည်းတဲ့လုံခြုံရေးကတစ်ဆင့်
    အန္တရာယ်ရှိအောင်လုပ်လိုက်ရင်
  • 20:27 - 20:29
    နှစ်ပေါင်းများစွာပြန်လည်ပေးဆပ်နေပါမယ်
  • 20:29 - 20:31
    ခရစ်: ဒါပေမဲ့ သူတို့တွက်ချက်တာက
  • 20:31 - 20:33
    အမေရိကရဲ့အကြမ်းဖက်ဝါဒကိုဆင်နွဲတဲ့
    စစ်အစိတ်အပိုင်းအနေနဲ့
  • 20:33 - 20:36
    ဒါကိုလုပ်ထိုက်တယ်လို့ဆိုပါတယ်
  • 20:36 - 20:40
    ဒါကသေချာပေါက်ထိုက်တန်တဲ့တန်ကြေးပေါ့
  • 20:40 - 20:44
    အက်ဒ်: ကဲဗျာ ဒီအစီအစဉ်တွေရဲ့
  • 20:44 - 20:46
    အကြမ်းဖက်ဝါဒတိုက်ဖျက်မှုရလဒ်
    တွေကိုကြည့်ရင်
  • 20:46 - 20:50
    ဒီအချက်ဟာအခြေအမြစ်မရှိဘူးဆိုတာ
    တွေ့ရမှာပါ
  • 20:50 - 20:52
    ကျွန်တော့်စကားကိုယုံစရာမလိုပါဘူး
  • 20:52 - 20:56
    ဘာလို့လဲဆိုတော့ကျွန်တော်တို့ပထမအကြိမ်
    တံခါးဖွင့်တရားရင်ဆိုင်မှုလုပ်ခဲ့တော့
  • 20:56 - 20:58
    ဒီအမှုကိုလျှို့ဝှက်စီစဉ်မှုမပါဘဲစစ်ခဲ့တဲ့
  • 20:58 - 21:01
    ပထမဆုံးဖက်ဒရယ်တရားခွင်က
  • 21:01 - 21:03
    ဒီအစီအစဉ်တွေကိုအစိုးရဖိနှိပ်မှုလို့ခေါ်ခဲ့ပြီး
  • 21:03 - 21:05
    အခြေခံဥပဒေနဲ့မညီညွတ်နိုင်ဘူးလို့
    ပြောခဲ့ပါတယ်
  • 21:05 - 21:08
    ဒီကိစ္စတွေကိုသိဖို့အခွင့်အရေးရှိတဲ့၊
  • 21:08 - 21:09
    အခုတော့သိဖို့ဆန္ဒရှိလာပြီဖြစ်တဲ့
  • 21:09 - 21:12
    လွှတ်တော်ဟာ ပြောင်းလဲဖို့
  • 21:12 - 21:14
    ဥပဒေကြမ်းတွေထုတ်ခဲ့ပါတယ်
  • 21:14 - 21:17
    လျှို့ဝှက်သက်သေတွေကိုစစ်ဆေးခဲ့တဲ့
  • 21:17 - 21:19
    အိမ်ဖြူတော်ကသီးခြားအဖွဲ့နှစ်ခုက
    ဒီအစီအစဉ်တွေဟာ
  • 21:19 - 21:22
    အမေရိကမှာဖြစ်လာမယ့်တိုက်ခိုက်မှု
    တစ်ခုကိုတောင်
  • 21:22 - 21:24
    တားဆီးနိုင်ခြင်းမရှိခဲ့ပါဘူးလို့ ဆိုခဲ့ပါတယ်
  • 21:24 - 21:27
    ဒီတော့ကျွန်တော်တို့တိုက်ဖျက်နေတာ
  • 21:27 - 21:30
    အကြမ်းဖက်ဝါဒကောဟုတ်ရဲ့လား
  • 21:30 - 21:33
    ဒီအစီအစဉ်တွေဟာအကျိုးကောရှိရဲ့လား
  • 21:33 - 21:35
    ကျွန်တော်ကတော့ မရှိဘူးလို့ပြောပါမယ်
  • 21:35 - 21:37
    အမေရိကရဲ့အုပ်ချုပ်ရေးမဏ္ဍိုင်သုံးခုစလုံး
    ကလည်း မရှိဘူးလို့ပြောထားပါတယ်
  • 21:37 - 21:39
    ခရစ်: ဒါဆိုကျွန်တော်မေးချင်တာက သူတို့အတွက် အကြမ်းဖက်ဝါဒကို
    တိုက်တဲ့စစ်ပွဲထက်
  • 21:39 - 21:43
    ပိုနက်ရှိုင်းအကြာင်းရင်းခံရှိတယ်
    လို့ထင်ပါသလား
  • 21:43 - 21:44
    အက်ဒ်: စိတ်မရှိပါနဲ့ဗျာ
    မကြားရလို့ပြန်ပြောလို့ရမလား
  • 21:44 - 21:47
    ခရစ်: ဆောရီးဗျာ သူတို့အတွက်
    အကြမ်းဖက်ဝါဒကိုတိုက်တဲ့စစ်ပွဲထက်
  • 21:47 - 21:51
    ပိုနက်ရှိုင်းတဲ့အကြာင်းရင်းခံ
    ရှိတယ်လို့ထင်ပါသလား
  • 21:51 - 21:54
    အက်ဒ်: ဟုတ်ကဲ့။ အဓိကအကျဆုံးကတော့
    အကြမ်းဖက်ဝါဒဆိုတာ
  • 21:54 - 21:56
    ကျွန်တော်တို့တွေထောက်လှမ်းရေးလောကမှာ
  • 21:56 - 21:59
    လုပ်ရပ်အတွက်အကာအကွယ်လို့
    ခေါ်တဲ့အရာအမြဲပဲဖြစ်ခဲ့ပါတယ်
  • 21:59 - 22:01
    အကြမ်းဖက်ဝါဒ ဆိုတာပြည်သူတွေက
  • 22:01 - 22:03
    ဒီအတိုင်းဆိုရင်မပေးနိုင်တဲ့အာဏာ၊အစီအစဉ်တွေရဲ့
  • 22:03 - 22:08
    လုပ်ပိုင်ခွင်ကိုပေးဖို့အကြောင်းရစေတဲ့
  • 22:08 - 22:10
    စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုကိုဖြစ်စေတဲ့အရာပါ
  • 22:10 - 22:13
    Bullrun နဲ့ Edgehill အစီအစဉ်မျိုးတွေလို
  • 22:13 - 22:14
    လုပ်ပိုင်ခွင့်တွေပေးဖို့အတွက်
  • 22:14 - 22:16
    NSA က ၁၉၉၀ ပိုင်းကတောင်းဆိုခဲ့ပါတယ်
  • 22:16 - 22:19
    သူတို့က FBI ကိုလွှတ်တော်ဆီသွားပြီး
    အမှုဖွင့်ဖို့တောင်းဆိုခဲ့ပါတယ်
  • 22:19 - 22:21
    FBI က လွှတ်တော်ဆီသွားပြီးအမှုဖွင့်ခဲ့ပါတယ်
  • 22:21 - 22:24
    လွှတ်တော် နဲ့အမေရိကန်ပြည်သူတွေက
    လက်မခံခဲ့ပါဘူး
  • 22:24 - 22:26
    ဒို့စီးပွားရေးကိုစွန့်စားလိုက်ရအောင်
    မထိုက်တန်ဘူးလို့ဆိုခဲ့ပါတယ်
  • 22:26 - 22:28
    ဒို့လူ့အဖွဲ့အစည်းအတွက်ထိခိုက်မှုက
  • 22:28 - 22:31
    ရလာမယ့်အကျိုးနဲ့မကာမိဘူးလို့ဆိုခဲ့ပါတယ်
  • 22:31 - 22:35
    ဒါပေမဲ့ကျွန်တော်တို့ကြုံတာကတော့
    ၉/၁၁ လွန်ကာလမှာ
  • 22:35 - 22:39
    သူတို့ဟာလျှို့ဝှက်စွာနဲ့ အကြမ်းဖက်ဝါဒ
    အကြောင်းပြချက်ကိုသုံးပြီး
  • 22:39 - 22:40
    ဒီအစီအစဉ်တွေကိုစတင်ခဲ့ပါတယ်
  • 22:40 - 22:42
    လွှတ်တော် ကိုခွင့်မတောင်းဘဲ
  • 22:42 - 22:44
    အမေရိကန်ပြည်သူတွေကိုခွင့်မတောင်းဘဲပါ
  • 22:44 - 22:47
    ကျွန်တော်တို့ကိုယ်ကျွန်တော်တို့
    ကာကွယ်ဖို့လိုတဲ့
  • 22:47 - 22:50
    ပိတ်ထားတဲ့တံခါးနောက်ကွယ်ကအစိုးရမျိုးပါပဲ
  • 22:50 - 22:51
    ဘာလို့လဲဆိုတော့ကျွန်တော်တို့ကို
    လုံခြုံမှုနည်းစေလို့ပါ
  • 22:51 - 22:53
    ပြီးတော့ဘာအကျိုးမှမပေးလို့ပါ
  • 22:53 - 22:55
    ခရစ်: ကောင်းပါပြီ ခဏလောက်
    ဒီအနားကိုကျွန်တော်နဲ့အတူလာခဲ့ပါ
  • 22:55 - 22:57
    ပုဂ္ဂိုလ်ရေးဆန်တဲ့မေးခွန်းတစ်ခုမေးစရာရှိပါ
  • 22:57 - 23:00
    အကြမ်းဖက်မှုအကြာင်းပြောလို့
  • 23:00 - 23:04
    လူအများစုကခင်ဗျားအခုရုရှားမှာ
    ကြုံနေရတဲ့အခြေအနေမျိုးကို
  • 23:04 - 23:07
    တုန်လှုပ်ကြပါလိမ့်မယ်
  • 23:07 - 23:11
    ခင်ဗျားလည်းသေချာပေါက်ကြားပြီးမှာပါ
  • 23:11 - 23:13
    ဘရဒ်လေမန်းနင်း ကိုဘယ်လိုဆက်ဆံခဲ့တယ်
  • 23:13 - 23:15
    ချယ်ဆီးမန်းနင်းအခု
    ဘယ်လိုကြုံနေရတယ်ဆိုတာကိုပေါ့
  • 23:15 - 23:18
    Buzzfeed မှာ အခုပြောနေတာတစ်ခုရှိပါတယ်
  • 23:18 - 23:19
    ထောက်လှမ်းရေး လောကကလူတွေက
  • 23:19 - 23:22
    သေစေချင်နေတယ်ဆိုတာပါ
  • 23:22 - 23:24
    ဒါကိုခင်ဗျားဘယ်လိုရင်ဆိုင်နေပါသလဲ
  • 23:24 - 23:25
    ဒီကြောက်ရွံ့မှုကိုခင်ဗျား
    ဘယ်လိုကျော်လွှားနေပါသလဲ
  • 23:25 - 23:28
    အက်ဒ်: ကျွန်တော်ကိုသေစေချင်တဲ့
    အစိုးရတွေရှိတယ်ဆိုတာ
  • 23:28 - 23:34
    လျှို့ဝှက်ဆန်းကြယ်မဟုတ်ပါဘူး
  • 23:34 - 23:38
    ကျွန်တော်မနက်တိုင်းအမေရိကန်
    ပြည်သူတွေအတွက်
  • 23:38 - 23:41
    ဘာလုပ်ပေးနိုင်မလဲဆိုတာတွေးပြီး
    အိပ်ရာဝင်တယ်ဆိုတာ
  • 23:41 - 23:45
    ခဏခဏသေချာပြောခဲ့ပါတယ်
  • 23:45 - 23:49
    ကိုယ့်အစိုးရကိုမထိခိုက်စေချင်ပါဘူး
  • 23:49 - 23:52
    ကိုယ့်အစိုးရကိုကူညီချင်ပါတယ်
  • 23:52 - 23:56
    ဒါပေမဲ့သူတို့ကဆီလျော်တဲ့လုပ်ငန်းစဉ်ကို
  • 23:56 - 23:58
    လုံးဝလျစ်လျူရှုချင်တယ်
  • 23:58 - 24:01
    အမှုစစ်မေးမှုမရှိဘဲကျွန်တော့်ကို
    အပြစ်ရှိကြောင်း
  • 24:01 - 24:04
    ကြေညာချင်တယ်ဆိုတဲ့အချက်ဟာ
  • 24:04 - 24:06
    ကျွန်တော်တို့ကဒါတော့မသင့်တော်ဘူးဆိုပြီး
  • 24:06 - 24:10
    လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့
    ကန့်ကွက်ရမယ့်အရာတွေပါ
  • 24:10 - 24:12
    ကျွန်တော်တို့တွေဟာအစိုးရအတိုက်အခံ
    တွေကို မခြိမ်းခြောက်သင့်ပါဘူး
  • 24:12 - 24:15
    စာနယ်ဇင်းကိုပြစ်မှုမြောက်အောင်
    မလုပ်သင့်ပါဘူး
  • 24:15 - 24:18
    ဒီရလဒ်ကိုရဖို့အတွက် အန္တရာယ်တွေ
    ရှိသည့်တိုင်
  • 24:18 - 24:21
    ကျွန်တော်ဘယ်လိုအပိုင်းကဖြစ်ဖြစ်
    ပါဝင်ချင်ပါတယ်
  • 24:21 - 24:23
    ခရစ်: ဒီတော့ကျွန်တော်
    ဒီမှာရှိတဲ့ပရိသတ်ဆီကနေ
  • 24:23 - 24:24
    တုံ့ပြန်မှုလိုချင်ပါတယ်
  • 24:24 - 24:26
    အက်ဒ်ဝဒ်စနိုးဒန်နဲ့ပတ်သက်ပြီး
  • 24:26 - 24:28
    ကွဲပြားတဲ့အမြင်တွေရှိတာကို
    ကျွန်တော်သိပါတယ်
  • 24:28 - 24:30
    အောက်ပါရွေးချယ်မှုတွေရှိမယ်လို့ထားပါတော့
  • 24:30 - 24:33
    သူ့ရဲ့လုပ်ရပ်ဟာအခြေခံအားဖြင့်
  • 24:33 - 24:35
    အမေရိကကိုအန္တရာယ်ဖြစ်စေတဲ့
  • 24:35 - 24:38
    လက်လွတ်စပယ်လုပ်ရပ်လို့မြင်လို့ရပါတယ်
  • 24:38 - 24:42
    သို့မဟုတ် အမေရိကနဲ့ ကမ္ဘာကို
  • 24:42 - 24:45
    ရေရှည်မှာအကျိုးပြုမယ့်
    သူရဲကောင်းလုပ်ရပ်လို့
  • 24:45 - 24:47
    မြင်လို့ရပါတယ်
  • 24:47 - 24:50
    ဒါကတော့ခင်ဗျားတို့ကိုပေးတဲ့
    ရွေးချယ်စရာနှစ်ခုပါ
  • 24:50 - 24:52
    ပထမတစ်ခုဖြစ်တဲ့ လက်လွတ်စပယ်လုပ်ရပ်ဆိုတဲ့အမြင်ကို
  • 24:52 - 24:54
    ဘယ်သူတွေထောက်ခံမယ်ဆိုတာ
  • 24:54 - 24:57
    သိချင်ပါတယ်
  • 24:57 - 24:59
    လက်တချို့ထောင်လာပါတယ်
  • 24:59 - 25:00
    လက်တချို့ထောင်ထားပါတယ်ဗျာ
  • 25:00 - 25:01
    လူကိုယ်တိုင်ဒီနားမှာတင်ရှိနေတော့
  • 25:01 - 25:03
    လက်ထောင်ရခက်တာပေါ့ဗျာ
  • 25:03 - 25:05
    ဒါပေမဲ့ကျွန်တော်မြင်နေရပါတယ်
  • 25:05 - 25:07
    အက်ဒ်:ကျွန်တော်ခင်ဗျားတို့ကို
    မြင်တယ်နော် (ရယ်သံများ)
  • 25:07 - 25:10
    ခရစ်: အခြေခံအားဖြင့်သူရဲကောင်းလုပ်ရပ်ဆိုတဲ့
  • 25:10 - 25:12
    ဒုတိယအမြင်ကို ဘယ်သူရွေးချယ်မလဲဗျာ
  • 25:12 - 25:14
    (လက်ခုပ်သံများ) (ဝှဲချီးသံများ)
  • 25:14 - 25:17
    လက်မထောင်တဲ့သူတွေအများကြီးရှိiတယ်လို့
  • 25:17 - 25:19
    ပြောလို့ရတယ်ထင်ပါတယ်
  • 25:19 - 25:21
    သေချာစဉ်းစားနေတုန်းထင်ပါတယ်ဗျ
  • 25:21 - 25:24
    ခင်ဗျားနဲ့ပတ်သက်ပြီးငြင်းခုံမှုတွေဟာ
  • 25:24 - 25:27
    သမာရိုးကျနိုင်ငံရေးအမြင်ကွဲပြား
    မှုနဲ့မဆိုင်တဲ့ပုံပေါ်ပါတယ်
  • 25:27 - 25:30
    လက်ဝဲ လက်ယာ ဆိုတာမျိုးမဟုတ်ပါဘူး
  • 25:30 - 25:34
    အစိုးရဝါဒီ လွတ်လပ်ခွင့်ဝါဒီတွေ
    ဆိုတာမျိုးနဲ့လုံးဝမဆိုင်ပါဘူး
  • 25:34 - 25:36
    ဒီကိစ္စရဲ့တစ်စိတ်တစ်ပိုင်းက
    အသက်အရွယ်နဲ့ဆိုင်ပါတယ်
  • 25:36 - 25:38
    ခင်ဗျားကအင်တာနက်နဲ့ကြီးလာတဲ့
    မျိုးဆက်မှာပါတာဆိုတော့
  • 25:38 - 25:41
    အင်တာနက်ကိုထိခိုက်စေမယ်လို့
    ခင်ဗျားယူဆတဲ့
  • 25:41 - 25:44
    အရာတစ်ခုခုလုပ်တာကိုတွေ့တော့
  • 25:44 - 25:46
    အသည်းထဲကလှိုက်လှိုက်လှဲလှဲလိုမျိုး
  • 25:46 - 25:48
    ခင်ဗျားခံစားရပုံရပါတယ်
  • 25:48 - 25:51
    ဒီအချက်ကနည်းနည်းများမှန်ပါသလား
  • 25:51 - 25:56
    အက်ဒ်: ဟုတ်ပါတယ် အရမ်းမှန်တယ်လို့ထင်ပါတယ်
  • 25:56 - 25:59
    ဒါကလက်ဝဲ လက်ယာ အရေးမဟုတ်ပါဘူး
  • 25:59 - 26:02
    ကျွန်တော်တို့ရဲ့အခြေခံအခွင့်အရေးတွေကိစ္စပါ
  • 26:02 - 26:04
    “ကျွန်တော်တို့”လို့ပြောတဲ့အခါမှာ
    အမေရိကန်သားတွေကိုသာမက
  • 26:04 - 26:06
    တစ်ကမ္ဘာလုံးကိုဆိုလိုပါတယ်
  • 26:06 - 26:08
    ပါတီရေးရာကိစ္စလည်းမဟုတ်ပါဘူး
  • 26:08 - 26:10
    ဒီအရာတွေဟာ လူတိုင်း
    ယုံကြည်တဲ့အရာတွေပါ
  • 26:10 - 26:12
    ဒါတွေကိုကာကွယ်ဖို့ ကျွန်တော်တို့အားလုံးမှာ
  • 26:12 - 26:15
    လွတ်လပ်ပွင့်လင်းတဲ့အင်တာနက်ကို
  • 26:15 - 26:17
    ကြုံကြိုက် စံစားခဲ့ရတဲ့လူတိုင်း မှာတာဝန်ရှိပါတယ်
  • 26:17 - 26:20
    နောက်လာမယ့်မျိုးဆက်ကိုစံစားနိုင်ဖို့
  • 26:20 - 26:22
    ဒီလွတ်လပ်ခွင့်ကိုထိန်းသိမ်းဖို့
    ကျွန်တော်တို့တာဝန်ပါ
  • 26:22 - 26:24
    ကျွန်တော်တို့ကမပြာင်းလဲရင်
  • 26:24 - 26:27
    ကျွန်တော်တို့အတွက်သာမက အားလုံးအတွက်ပါ
  • 26:27 - 26:30
    အင်တာနက်ကိုဆက်ပြီးလွတ်လပ်အောင်
    ထိန်းသိမ်းဖို့လိုအပ်တဲ့
  • 26:30 - 26:33
    ပြောင်းလဲမှုတွေအတွက်
    ကျွန်တော်တို့ကမရပ်တည်ရင်
  • 26:33 - 26:35
    လွတ်လပ်ခွင့်ကို
    ကျွန်တော်တို့ဆုံးရှုံးသွားမှာပါ
  • 26:35 - 26:36
    ကျွန်တော်တို့အတွက်သာမက
    တစ်ကမ္ဘာလုံးအတွက်
  • 26:36 - 26:38
    ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်မမှာပါ
  • 26:38 - 26:40
    ခရစ်: ဒါနဲ့ တလောက အလားတူစကားမျိုးကို
  • 26:40 - 26:42
    ကမ္ဘာ့ကွန်ရက်တည်ထောင်သူဆီကနေ
    ကြားလိုက်ရပါတယ်
  • 26:42 - 26:47
    ဆာ တင်မ် ဘန်နားစ်လီ လို့
    ကျွန်တော် ထင်ပါတယ်
  • 26:47 - 26:49
    တင်မ် ခင်ဗျ၊ အပေါ်တက်လာပြီး
    စကားပြောလို့ရမလားခင်ဗျာ
  • 26:49 - 26:51
    တင်မ် အတွက် မိုက်ခရိုဖုန်းရရှိလားဗျာ
  • 26:51 - 26:54
    (လက်ခုပ်သံများ)
  • 26:54 - 27:01
    တင်မ် ရေ၊ တွေ့ရတာဝမ်းသာပါတယ်။
    အပေါ်လာခဲ့ပါဗျာ
  • 27:01 - 27:03
    ဒါနဲ့ ခင်ဗျားက ဘယ်ဘက်ကလဲ
    သစ္စာဖောက်လား သူရဲကောင်းလား
  • 27:03 - 27:07
    ကျွန်တော်ကတော့ဒါနဲ့ပတ်သက်ပြီး
    သီအိုရီတစ်ခုရှိပါတယ် ဒါပေမဲ့
  • 27:07 - 27:09
    တင်မ် : ဒီမေးခွန်းကို အဖြေအများကြီး
    ကျွန်တော်ပေးဖူးပါတယ်
  • 27:09 - 27:12
    ဒါပေမဲ့ တကယ်လို့ ဒီနှစ်ခုထဲကရွေးရရင်
  • 27:12 - 27:16
    သူရဲကောင်း ဘက်ကပါ
  • 27:16 - 27:19
    ခရစ်: အက်ဒ် ရေ, အင်တာနက်ကိုပြန်သိမ်းပိုက်ဖို့
  • 27:19 - 27:21
    Magna Carta အသစ်နဲ့ပတ်သက်ပြီး
  • 27:21 - 27:24
    ဆာ တင်မ် ပြောဖူးတဲ့အကြံပြုချက်ကို
    ဖတ်ဖူးမယ်လို့ထင်ပါတယ်
  • 27:24 - 27:26
    ဒါကဖြစ်နိုင်ချေရှိပါသလား
  • 27:26 - 27:30
    အက်ဒ်: သေချာတာပေါ့။
    ပြောချင်တာက ကျွန်တော်တို့မျိုးဆက်က
  • 27:30 - 27:32
    အင်တာနက်အကြောင်းပြောရင်း
    ကြီးလာတာတင်မဟုတ်ပါဘူး
  • 27:32 - 27:34
    ကျွန်တော်တို့ဟာ အင်တာနက်ထဲမှာ ကြီးလာတာပါ
  • 27:34 - 27:39
    ဒီလိုမျိုး အင်တာနက်ကို
    တိုက်ရိုက် လက်တွေ့ကျကျ
  • 27:39 - 27:44
    ခုခံကာကွယ်ပေးဖို့၊ ဒီလိုဆန်းဆန်းပြားပြား
    အနေအထားမျိုးနဲ့
  • 27:44 - 27:48
    အသက်သွင်းဖို့ အခါအခွင့်မျိုးကို
  • 27:48 - 27:50
    တစ်ခါမှ တွေးမကြည့်ဖူးပေမယ့်လည်းပေါ့
  • 27:50 - 27:53
    ဒါနဲ့ပတ်သက်ပြီး ကဗျာဆန်တာတစ်ခု
    ရှိတယ်လို့ထင်ပါတယ်
  • 27:53 - 27:55
    အင်တာနက်ရဲ့သားတွေထဲက တစ်ယောက်ဟာ
  • 27:55 - 27:58
    နိုင်ငံရေးရာ ခံယူချက်ကိုထုတ်ဖော်လို့
  • 27:58 - 28:01
    အင်တာနက်နဲ့ တကယ်ကို
    နီးစပ်လာခဲ့တယ်ဆိုတဲ့အချက်ပါ
  • 28:01 - 28:04
    အင်တာနက်အတွက် Magna Carta ကတော့
  • 28:04 - 28:06
    ကျွန်တော်တို့အတိအကျလိုအပ်တာလို့ထင်ပါတယ်
  • 28:06 - 28:10
    ကျွန်တော်တို့ရဲ့တန်ဖို့းတွေကို
    ရေးသားဖန်တီးရာသာမက
  • 28:10 - 28:13
    အင်တာနက်ရဲ့ဖွဲ့စည်းပုံမှာပါ
    ကုတ်ဖွဲ့ထားဖို့လိုပါတယ်
  • 28:13 - 28:15
    ဒါကကျွန်တော်မျှော်လင့်တဲ့အရာပါ
  • 28:15 - 28:18
    ပရိသတ်ထဲကအားလုံးကိုဖိတ်ခေါ်ပါတယ်
  • 28:18 - 28:21
    ဒီ ဗန်ကူးဗားသာမက
    ကမ္ဘာတစ်လွှားကလူတွေကိုပါ
  • 28:21 - 28:23
    ပါဝင်ဆင်နွှဲဖို့ဖိတ်ခေါ်ပါတယ်
  • 28:23 - 28:26
    ခရစ် : အက်ဒ် ကိုမေးစရာများရှိပါသလား
  • 28:26 - 28:28
    တင်မ် : တကယ်က နှစ်ခုရှိပါတယ်
  • 28:28 - 28:29
    ယေဘူယျမေးခွန်းကတော့ —
  • 28:29 - 28:31
    ခရစ်: အက်ဒ်၊ ကျွန်တော်တို့ကို
    ကြားရသေးလား?
  • 28:31 - 28:34
    အက်ဒ်: ဟုတ်။ ကျွန်တော်ကြားရတယ်
    ခရစ်: သူပြန်လာပြီ
  • 28:34 - 28:36
    တင်မ် : ခင်ဗျားလိုင်းဘက်က ခိုးနားထောင်တဲ့ဆီက
  • 28:36 - 28:38
    ခဏလောက် နှောင့်ယှက်မှုဖြစ်သွားလို့ပါ
  • 28:38 - 28:39
    (ရယ်သံများ)
  • 28:39 - 28:42
    အက်ဒ်: NSA က ပြဿနာနည်းနည်းတက်နေတာပါ
  • 28:42 - 28:45
    တင်မ် : လွန်ခဲ့တဲ့ ၂၅ နှစ်တာကာလအတွင်း
  • 28:45 - 28:48
    နောက်လှည့်လိုက် စဉ်းစားလိုက်နဲ့
  • 28:48 - 28:50
    ကျွန်တော်တို့လိုချင်တဲ့
    အင်တာနက်မျိုးနဲ့ပတ်သက်ပြီး
  • 28:50 - 28:53
    ဆုံးဖြတ်ချက်တွေအားလုံးထဲက
  • 28:53 - 28:55
    အကောင်းဆုံး ရလာနိုင်မယ့်အရာက
  • 28:55 - 28:57
    ဘာလို့ ခင်ဗျားထင်ပါသလဲ
  • 28:57 - 29:01
    အက်ဒ်: ကျွန်တော်တို့ဘယ်လောက်
    ခရီးရောက်နိုင်မလဲဆိုတာနဲ့
  • 29:01 - 29:04
    ပတ်သက်ပြီးစဉ်း စားကြည့်တဲ့အခါမှာ
  • 29:04 - 29:06
    ဒီမေးခွန်းဟာ ကျွန်တော်တို့ဘာတွေ
    ရင်းနှီးနိုင်မလဲဆိုတာနဲ့ပဲ
  • 29:06 - 29:09
    သက်ဆိုင်တယ်လို့ထင်ပါတယ်
  • 29:09 - 29:12
    အရင်ကကျွန်တော်တို့သုံးစွဲခဲ့တဲ့
    အင်တာနက်ဟာ
  • 29:12 - 29:17
    နိုင်ငံတစ်နိုင်ငံအနေနဲ့သာမက
    တစ်ကမ္ဘာလုံးက လူတွေပါ
  • 29:17 - 29:20
    လိုအပ်တဲ့အရာအတိအကျပဲ
    ကျွန်တော်ထင်ပါတယ်
  • 29:20 - 29:25
    လူ့အဖွဲ့အစည်းရဲ့နည်းပညာသမားတွေသာမက
  • 29:25 - 29:26
    ခင်ဗျားပြောသလိုအသုံးပြုသူတွေပါ
  • 29:26 - 29:29
    ပါဝင်လာစေခြင်း၊ ပူးပေါင်း
    ဆောင်ရွက်ခြင်းဖြင့်
  • 29:29 - 29:31
    ကမ္ဘာတစ်လွှား က အင်တာနက်ကနေ၊
  • 29:31 - 29:33
    လူမှုကွန်ရက်တွေကနေ ပါဝင်သူတွေ
  • 29:33 - 29:35
    မိုးလေဝသအခြေအနေကြည့်ရုံသုံးသူတွေ၊
  • 29:35 - 29:38
    သူတို့ရဲ့ဘဝအစိတ်အပိုင်းအနေနဲ့
    နေ့စဉ်မှီခိုနေသူတွေကိုပါ
  • 29:38 - 29:41
    ဒါကိုထောက်ခံစေဖို့လုပ်ရမှာ ပါ
  • 29:41 - 29:43
    ကျွန်တော်တို့ရခဲ့ဖူးတဲ့ အင်တာနက်သာမက
  • 29:43 - 29:46
    ပိုကောင်းတဲ့အင်တာနက်၊
    ပိုကောင်းတဲ့ ပစ္စုပ္ပန်ကို ရလာမှာ ပါ
  • 29:46 - 29:50
    ကျွန်တော်တို့ မျှော်လင့်ထားတာသာမက
  • 29:50 - 29:53
    ကျွန်တော်တို့စိတ်ကူးမယဉ်ကြည့်ဖူးတဲ့
    အနာဂတ်မျိုးကိုတည်ဆောက်ဖို့
  • 29:53 - 29:56
    အသုံးပြုနိုင်တဲ့အရာမျိုးဖြစ်လာမှာပါ
  • 29:56 - 30:01
    ခရစ်: TED ကို လွန်ခဲ့တဲ့နှစ်ပေါင်း
    ၃၀ ဖြစ်တဲ့ ၁၉၈၄ ကတည်ထောင်ခဲ့တာပါ
  • 30:01 - 30:03
    အဲဒီတည်းက စကားဝိုင်းတွေအတော်များများက
  • 30:03 - 30:05
    ဂျော့အော်ဝဲလ် ကတော့လွဲသွားပြီဆိုတဲ့
  • 30:05 - 30:07
    သဘောမျိုးတွေ ပါ
  • 30:07 - 30:09
    အစိုးရက ကျွန်တော်တို့ကို
    စောင့်ကြည့်နေတာမဟုတ်ဘဲ
  • 30:09 - 30:10
    အင်တာနက်ရဲ့ စွမ်းအားနဲ့
    ပွင့်လင်းမြင်သာမှုကတစ်ဆင့်
  • 30:10 - 30:13
    ကျွန်တော်တို့က အစိုးရကို
    စောင့်ကြည့်နေတယ်ပေါ့လေ
  • 30:13 - 30:15
    ခင်ဗျားရဲ့ဖွင့်ချချက်တွေက
    အကောင်းမြင်တဲ့ဘက်ရဲ့
  • 30:15 - 30:19
    နှလုံးသားကို ခြစ်လိုက်သလိုပါပဲ
  • 30:19 - 30:22
    သို့တိုင် တစ်ခုခုလုပ်လို့ရတဲ့
    နည်းလမ်းရှိတယ်လို့
  • 30:22 - 30:24
    ခင်ဗျားယုံကြည်နေတုန်းပဲ
  • 30:24 - 30:26
    ခင်ဗျားကိုယ်တိုင်လည်း လုပ်နေပါတယ်
  • 30:26 - 30:32
    အက်ဒ်: မှန်ပါတယ်။ အစိုးရရဲ့ ပါဝါဟာ
  • 30:32 - 30:35
    အင်မတန်တိုးလာတယ်လို့
    အဆိုတစ်ခုလုပ်လို့ရပါတယ်
  • 30:35 - 30:40
    ယေးလ်တက္ကသိုလ်က လတ်တလော
    ဥပဒေဆောင်းပါးတစ်ခုက
  • 30:40 - 30:44
    Bankston-Soltani မူ လို့ခေါ်တဲ့အရာကို
    တင်ပြခဲ့ပါတယ်
  • 30:44 - 30:49
    အစိုးရ ထောက်လှမ်းရေးစွမ်းပကားတွေက
  • 30:49 - 30:51
    ပမာဏတစ်ခုအားဖြင့်
    ပေါများလာတဲ့အခါတိုင်း
  • 30:51 - 30:54
    ကျွန်တော်တို့ရဲ့ပုဂ္ဂိလကလွတ်လပ်ခွင့်
    မျှော်မှန်းချက်ကိုဖျက်ဆီးပြီး
  • 30:54 - 30:57
    ဒီလိုဖြစ်လာတဲ့အချိန်တိုင်းမှာ
  • 30:57 - 31:00
    ကျွန်တော်တို့ရဲ့ ပုဂ္ဂလိကအခွင့်အရေးတွေကို
  • 31:00 - 31:02
    ပြန်လည်သုံးသပ်ပြီး
    ပြန်ချိန်ညှိ ဖို့လိုပါတယ်တဲ့
  • 31:02 - 31:04
    အစိုးရထောက်လှမ်းရေးက ပမာဏတစ်ခုထက်ပိုပြီး
  • 31:04 - 31:06
    တိုးပွားလာတဲ့အတွက် ဒါမျိုးမဖြစ်သေးပါဘူး
  • 31:06 - 31:09
    ဒါကြောင့် ဒီနေ့ ဒီပြဿနာမျိုး
    ကျွန်တော်တို့ကြုံနေရတာပါ
  • 31:09 - 31:13
    ဒါပေမဲ့ မျှော်လင့်ချက်ရှိပါသေးတယ်
  • 31:13 - 31:15
    ဘာလို့လဲဆိုတော့
    နည်းပညာကြောင့်တစ်ဦးချင်းစီရဲ့
  • 31:15 - 31:18
    စွမ်းအားတွေလည်းတိုးတက်လာလို့ပါ
  • 31:18 - 31:20
    လူတစ်ဦးတည်းက ကမ္ဘာပေါ်က
  • 31:20 - 31:22
    အားအကောင်းဆုံးအတိုက်အခံတွေ
  • 31:22 - 31:24
    အားအကောင်းဆုံး
    ထောက်လှမ်းရေးအင်ဂျင်စီတွေကို
  • 31:24 - 31:27
    ထိပ်တိုက်တွေ့ပြီး အနိုင်ရနိုင်တယ်ဆိုတာ
  • 31:27 - 31:31
    ကျွန်တော်ဟာ သက်ရှိ နမူနာပါ
  • 31:31 - 31:32
    ဒါကကျွန်တော်တို့
    မျှော်လင့်ချက်ယူဖို့လိုတဲ့အရာ၊
  • 31:32 - 31:35
    နည်းပညာရှင်တွေသာမက
  • 31:35 - 31:36
    ကမ္ဘာတစ်လွှားကသာမန်နိုင်ငံသားတွေပါ
  • 31:36 - 31:38
    သုံးစွဲနိုင်အောင်တည်ဆောက်ဖို့
  • 31:38 - 31:41
    အခြေခံထားရမယ့်အရာလို့
    ကျွန်တော်ထင်ပါတယ်
  • 31:41 - 31:42
    စာနယ်ဇင်းဟာ ပြစ်မှုမဟုတ်ပါဘူး
  • 31:42 - 31:44
    ဆက်သွယ်ရေးဟာ ပြစ်မှုမဟုတ်ပါဘူး
  • 31:44 - 31:47
    ကျွန်တော်တို့ရဲ့ နိစ္စဓူဝကိစ္စတွေမှာ
    စောင့်ကြည့်ခံနေမသင့်ပါဘူး
  • 31:47 - 31:50
    ခရစ်:စက်ရုပ်ကိုဘယ်လိုလက်တွဲနှုတ်ဆက်ရမလဲ
    မပြောတတ်ပါဘူး
  • 31:50 - 31:56
    ဒါပေမဲ့ လက်က ဒီနားမှာ လို့မြင်ယောင်ကြည့်ပါ
    တင်မ် : မကြာခင်ဖြစ်လာမှာပါ။
  • 31:56 - 31:57
    အက်ဒ်: တွေ့ရတာဝမ်းသာပါတယ်ဗျာ
  • 31:57 - 31:59
    ကျွန်တော်မြင်ကွင်းက ခင်ဗျားတို့လောက်
  • 31:59 - 32:01
    ကြည့်ကောင်းမယ်လို့မျှော်လင့်ပါတယ်
  • 32:01 - 32:04
    ခရစ်: ကျေးဇူးတင်ပါတယ်၊ တင်မ်။
  • 32:04 - 32:10
    (လက်ခုပ်သံများ)
  • 32:10 - 32:14
    နယူးရော့ခ်တိုင်းမ် ကတလောက ခင်ဗျားအတွက်လွတ်ငြိမ်းချမ်းသာခွင့်
    တောင်းဆိုခဲ့ပါတယ်
  • 32:14 - 32:18
    အမေရိကကို ပြန်လာလို့ရမယ့်အခွင့်
    အရေးကို ကြိုဆိုမှာလား
  • 32:18 - 32:22
    အက်ဒ်: အကြွင်းမဲ့ပါပဲ။ မေးခွန်းထုတ်နေစရာမလိုပါဘူး
  • 32:22 - 32:25
    ဒီလုပ်ငန်းရပ်ရဲ့ အုတ်မြစ်ဖြစ်တဲ့
  • 32:25 - 32:27
    မူတွေဟာ ပြည့်သူ့အကျိုးစီးပွားအတွက်ဖြစ်ပြီး
  • 32:27 - 32:31
    အမေရိကနဲ့ ကမ္ဘာတစ်လွှားက
  • 32:31 - 32:34
    စာနယ်ဇင်းဖွဲ့စည်းပုံရဲ့
  • 32:34 - 32:37
    အခြေခံမူတွေပဲဖြစ်ပါတယ်
  • 32:37 - 32:40
    တကယ်လို့ စာနယ်ဇင်းတွေကသာ အခုနေ
  • 32:40 - 32:45
    ဒါကို ဒို့ထောက်ခံတယ်
  • 32:45 - 32:47
    ဒါဖြစ်သင့်နေတဲ့အရာလို့ ပြောလာရင်
  • 32:47 - 32:49
    သိပ်ကိုအင်အားရှိတဲ့အဆိုတစ်ရပ်ဖြစ်လာမှာ ပါ
  • 32:49 - 32:51
    ဒါပေမဲ့ နောက်ဆုံးပိတ်အဆိုတော့မဟုတ်ပါဘူး
  • 32:51 - 32:54
    ဒါကိုတော့ ပြည်သူကဆုံးဖြတ်ရမှာပါ
  • 32:54 - 32:56
    ဒါပေမဲ့တစ်ချိန်တည်းမှာ ပဲ
  • 32:56 - 32:57
    အစိုးရက အပေးအယူလုပ်ချင်တယ်လို့
  • 32:57 - 32:59
    အရိပ်အမြွက်ပြောထားပါတယ်
  • 32:59 - 33:01
    သူတို့က ကျွန်တော်ကို အတူတွဲလုပ်နေတဲ့
  • 33:01 - 33:04
    စာနယ်ဇင်းသမားတွေနဲ့လျှော့လုပ်စေချင်တယ်
  • 33:04 - 33:05
    ပြန်လာစေချင်တယ်
  • 33:05 - 33:08
    ကျွန်တော်ကသေချာပြောချင်တာက
  • 33:08 - 33:10
    ကျွန်တော်ဒါကို လုံခြုံဖို့အတွက်လုပ်တာမဟုတ်ပါဘူး
  • 33:10 - 33:13
    မှန်တာကိုလုပ်ဖို့ လုပ်ခဲ့တာပါ
  • 33:13 - 33:15
    ကျွန်တော်အကျိုးရရှိဖို့အတွက်နဲ့
  • 33:15 - 33:16
    ပြည်သူ့အကျိုးအတွက်လုပ်နေတဲ့အလုပ်ကို
  • 33:16 - 33:19
    ရပ်တန့်လိုက်မမှာ မဟုတ်ပါဘူး
    ဆိုတာကိုပါ
  • 33:19 - 33:25
    (လက်ခုပ်သံများ)
  • 33:25 - 33:27
    ခရစ်: လက်ရှိမှာ တော့
  • 33:27 - 33:30
    အင်တာနက်နဲ့ ဒီနည်းပညာရဲ့ အကူအညီနဲ့
  • 33:30 - 33:32
    မြောက်အမေရိက ကို ဒီသွင်ပြင်နဲ့ ခင်ဗျားပြန်ရောက်နေပါပြီ
  • 33:32 - 33:36
    U.S တော့မဟုတ်ဘူး၊ ကနေဒါကိုပေါ့
  • 33:36 - 33:41
    ခင်ဗျားဘယ်လိုခံစားရလဲ သိချင်တာဗျာ
  • 33:41 - 33:43
    အက်ဒ်: ကနေဒါက ကျွန်တော်ထင်ထားတာနဲ့မတူပါဘူး
  • 33:43 - 33:45
    အများကြီးပိုနွေးပါတယ်
  • 33:45 - 33:51
    (ရယ်သံများ)
  • 33:51 - 33:54
    ခရစ်: At TED မှာ ဦးတည်ချက်က "ဖြန့်ဝေထိုက်သောအိုင်ဒီယာများ" တဲ့ဗျ
  • 33:54 - 33:56
    တကယ်လို့ အိုင်ဒီယာ တစ်ခုတည်းနဲ့ ဖော်ပြလို့ရရင်
  • 33:56 - 33:59
    ခုအခိုက်အတန့်မှာခင်ဗျားရဲ့
  • 33:59 - 34:03
    ဖြန့်ဝေထိုက်တဲ့အိုင်ဒီယာက ဘာများလဲဗျာ
  • 34:03 - 34:06
    အက်ဒ်:ကျွန်တော်ပြောချင်တာ က လွန်ခဲ့တဲ့နှစ်ကတော့
  • 34:06 - 34:10
    ဒီမိုကရေစီဆိုတာ ပိတ်ထားတဲ့တံခါးတွေနောက်ကွယ်မှာ
  • 34:10 - 34:12
    သေနေနိုင်တယ်ဆိုတာသတိပေးခဲ့တာပါ
  • 34:12 - 34:14
    ဒါပေမဲ့ တစ်ဦးစီဟာ ဒီတူညီတဲ့တံခါးတွေနောက်ကွယ်မှာ
  • 34:14 - 34:17
    မွေးဖွားတာဖြစ်လို့ အစိုးရကောင်းရဖို့အတွက်
  • 34:17 - 34:20
    ကျွန်တော်တို့ပုဂ္ဂလိကလွတ်လပ်ခွင့်ကိုစွန့်လွှတ်ဖို့၊
  • 34:20 - 34:22
    လုံခြုံမှုရှိဖို့အတွက် ကိုယ့်လွတ်လပ်ခွင့်ကိုစွန့်လွှတ်ဖို့
  • 34:22 - 34:24
    မလိုဘူးဆိုတာပါပဲ
  • 34:24 - 34:27
    အတူလက်တွဲဆောင်ရွက်ခြင်းဖြင့်
  • 34:27 - 34:29
    ပွင့်လင်းတဲ့အစိုးရကိုရော
    ပုဂ္ဂလိကဘဝတွေကိုပါ
  • 34:29 - 34:31
    ရနိုင်တယ်လို့ကျွန်တော်ယူဆပါတယ်
  • 34:31 - 34:33
    ဒါတကယ်ဖြစ်လာတာကိုမြင်ဖို့ တစ်ကမ္ဘာလုံးကလူတွေနဲ့
  • 34:33 - 34:35
    ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော်မျှော်လင့်နေပါတယ်
  • 34:35 - 34:37
    ကျေးဇူးအများကြီးတင်ပါတယ်
  • 34:37 - 34:39
    ခရစ်: ကျေးဇူးတင်ပါတယ် အက်ဒ်
  • 34:39 - 34:48
    (လက်ခုပ်သံများ)
Title:
အင်တာနက်ကိုဘယ်လိုပြန်လည်သိမ်းပိုက်မလဲ
Speaker:
အက်ဒ်ဝပ် စနိုးဒန်
Description:

အဝေးရောက်စက်ရုပ်အသွင်ဖြင့် အက်ဒ်ဝပ် စနိုးဒန် ဟာ ထောက်လှမ်းရေးနဲ့အင်တာနက်လွတ်လပ်ခွင့်အကြောင်း ၂၀၁၄ TED မှာပြောခဲ့ပါတယ်။ ပုဂ္ဂိလအချက်အလက်အခွင့်အရေး ဆိုတာပါတီနိုင်ငံရေးကိစ္စမဟုတ်ဘဲ ကျွန်တော်တို့ဘဝမှာအင်တာနက်ရဲ့ အခန်းကဏ္ဍနဲ့ ဒါကိုကာကွယ်တဲ့ ဥပဒေတွေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်လို့ သူကဆိုပါတယ်။ "ခင်ဗျားရဲ့အခွင့်အရေးတွေဟာအရေးပါပါတယ် ဘာလို့လဲဆိုတော့ ဒါတွေကိုဘယ်တော့လိုမလဲဆိုတာမသိလို့ပါ" လို့ ဆိုပါတယ်။ ခရစ်အန်ဒါဆင်ကအင်တာဗျူးပြီး အထူးဧည့်သည်ကတော့ တင်ဘန်နားစ်လီပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
35:17

Burmese subtitles

Revisions