Return to Video

လူမှုဘဝသရုပ်ဖော် ဇာတ်လမ်းတွဲများမှရတဲ့ ဘဝထက်ကြီးမားသော သင်ခန်းစာ ၄ ခု။

  • 0:01 - 0:05
    ၁၉၈၇ မှာ Tina Lord ဟာ
    အတော်လေး ဘေးကျပ်နံကျပ်ဖြစ်ခဲ့တယ်။
  • 0:05 - 0:08
    ကြည့် ဒီရွှေတူးသမားဟာ ချစ်စရာ
    Cord Roberts ကို သန်းချီတဲ့ အမွေမရခင်
  • 0:08 - 0:11
    လက်ထပ်ဖို့ သေချာအောင်လုပ်ခဲ့တယ်။
  • 0:11 - 0:13
    ဒါပေမဲ့ Tina ဟာ သူ့ငွေကို
    သူ့ကိုချစ်သလောက်ကြီး
  • 0:13 - 0:14
    ချစ်တာကို Cord သိရှိသွားတဲ့အခါ
  • 0:14 - 0:16
    သူက သူမကို ပစ်ထားခဲ့တယ်။
  • 0:16 - 0:18
    Cord ရဲ့အမေ Maria ဟာ သူတို့တွေ
  • 0:18 - 0:19
    ပြန်မတွဲခင်အထိ ရင်တဖိုဖိုနဲ့လေ။
  • 0:19 - 0:22
    Maria က Max Holden ကို
    Tina ကို ဇာတ်လမ်းဆင်ဖို့ငှားပြီး
  • 0:22 - 0:26
    နောက် Tina ဟာ သူနဲ့ကိုယ်ဝန်ရှိနေမှန်းကို
    Cord မသိစေအောင်လုပ်ခဲ့တယ်။
  • 0:26 - 0:28
    ဒီတော့ Tina လက်ထပ်ထားပေမဲ့
    Cord က သူမကို မချစ်ဘူးထင်ပြီး
  • 0:29 - 0:31
    Argentina ကို Max နဲ့
    လေယာဉ်နဲ့ထွက်သွားခဲ့တယ်။
  • 0:31 - 0:33
    နောက်ဆုံးမှာ Cord ကဖြစ်ပျက်နေတာကို
    သိရှိပြီး
  • 0:33 - 0:35
    သူတို့နောက် အပြေးသွားပေမဲ့
    အလွန်နောက်ကျသွားခဲ့ပါပြီ။
  • 0:36 - 0:37
    Tina ဟာ ပြန်ပေးဆွဲခံခဲ့ရပြီး
  • 0:37 - 0:40
    ဖောင်မှာ ချည်ကာ
    ရေတံတံခွန်ပေါ်က ပစ်ချခံရတယ်။
  • 0:40 - 0:43
    သူမနဲ့ ကလေးဟာ သေသွားတယ်လို့
    မှတ်ယူရတယ်။
  • 0:43 - 0:46
    Cord ဟာ အနည်းငယ် စိတ်မကောင်း
    ဖြစ်ခဲ့ပေမဲ့
  • 0:46 - 0:48
    Kate လို့ခေါ်တဲ့
  • 0:48 - 0:51
    အင်မတန်တော်တဲ့ ရှေးဟောင်းသုတေသန
    ပညာရှင်နဲ့ ပြန်သက်သာလာခဲ့ပြီး
  • 0:51 - 0:53
    ခမ်းနားတဲ့မင်္ဂလာပွဲကျင်းပခဲ့တာ
  • 0:53 - 0:57
    သေရာက ပြန်လာပုံရတဲ့Tina ဟာ ကလေးပိုက်ရင်း
    ဘုရားကျောင်းထဲ ပြေးဝင်မလာခင်အထိပေါ့၊
  • 0:57 - 0:59
    "ရပ်စမ်း"လို့ သူမက အော်လိုက်တယ်။
  • 0:59 - 1:01
    "ငါသိပ်နောက်ကျသွားပြီလား၊
  • 1:01 - 1:03
    Cord ရေ ငါကအဝေးကြီးကလာခဲ့ရတာ၊
  • 1:04 - 1:06
    ဒီမှာ ရှင့်သားလေ"
  • 1:07 - 1:09
    ပရိတ်သတ်အပေါင်းရေ၊ ဒါကတော့
  • 1:09 - 1:12
    နှစ်ဆယ့်ငါးနှစ်ကြာတဲ့ ဘဝသရုပ်ဖော်
    ဇာတ်လမ်း "One Life to Live" က
  • 1:12 - 1:14
    အချစ်ဇာတ်လမ်းတစ်ခုကို
    မိတ်ဆက်ပေးထားပုံပါ။
  • 1:14 - 1:16
    (ရယ်သံများ)
  • 1:16 - 1:18
    ကဲ ဘဝသရုပ်ဖော်ဇာတ်လမ်းတစ်တွဲ ကြည့်ဖူးရင်
  • 1:18 - 1:23
    ဇာတ်လမ်းတွေနဲ့ ဇာတ်ကောင်တွေဟာ
    ချဲ့ကားပြီး ဘဝထက်ကို ပိုကြီးမားနိုင်တယ်၊
  • 1:23 - 1:26
    သင်က ဝါသနာပါသူဆိုရင်
    ချဲ့ကားတာက ပျော်စရာလို့ မြင်ပြီး
  • 1:26 - 1:27
    မဟုတ်ရင်တော့
  • 1:28 - 1:30
    ဖြစ်နိုင်တာက ဇာတ်ဆန်လွန်းတယ်၊
    ခေတ်နောက်ကျတယ် မြင်တာပေါ့။
  • 1:30 - 1:33
    ဖြစ်နိင်တာက ဘဝသရုပ်ဖော်ဇာတ်လမ်းတွေကြည့်တာ
  • 1:33 - 1:34
    အချိန်ဖြုန်းတာ
  • 1:34 - 1:38
    ၎င်းတို့ကြီးကျယ်မှုဆိုတာက သင်ခန်းစာတွေဟာ
    သေးငယ်တာ(သို့)တကယ်မရှိတာလို့ထင်တာပေါ့၊
  • 1:39 - 1:41
    ဒါပေမဲ့ ဆန့်ကျင်ဘက်မှန်တာလို့
    ကျွန်မ ယုံကြည်တယ်။
  • 1:41 - 1:45
    လူမှုသရုပ်ဖော် ဇာတ်လမ်းတွဲဟာ ဘဝကို
    ရောင်ပြန်ဟပ်တယ်၊ ပိုပဲကြီးမားတာပါ။
  • 1:46 - 1:49
    ဒီတော့ သရုပ်ဖော်ဇာတ်လမ်းတွဲတွေကနေ
    သင်ယူနိုင်တဲ့ သင်ခန်းစာတွေရှိပြီး
  • 1:49 - 1:52
    ဒီသင်ခန်းစာတွေဟာ ဘဝသရုပ်ဖော်ဇာတ်အိမ်လိုပဲ
  • 1:52 - 1:54
    ကြီးမားပြီး သည်းထိရင်ဖိုဖြစ်ပါတယ်။
  • 1:55 - 1:59
    ကဲ ကျွန်မ အားပေးသူဖြစ်လာတာက
    "General Hospital" သမိုင်းမှာ အကြီးဆုံးကာလ
  • 1:59 - 2:02
    Luke နဲ့ Laura တို့ရဲ့
    မင်္ဂလာပွဲရဲ့အဆုံးမီဖို့
  • 2:02 - 2:05
    သည်းအသန် ကားမှတ်တိုင်ကနေ
    အိမ်ကိုပြေးခဲ့တဲ့ နှစ်တန်းကတည်းကပါ
  • 2:05 - 2:06
    (လက်ခုပ်သံများ)
  • 2:06 - 2:10
    "As the World Turns" မှာ
    လက်ထောက် သရုပ်ဆောင်ရွေးသူ ဒါရိုက်တာအဖြစ်
  • 2:10 - 2:13
    ကျွန်မရဲ့ ရှစ်နှစ်တာကို
    သဘောကျခဲ့ပုံကို စိတ်ကူးကြည့်နိုင်ပါတယ်။
  • 2:13 - 2:15
    ကျွန်မရဲ့အလုပ်က
    ဇာတ်လမ်းတွဲစောင့်ကြည့်ရုံ
  • 2:15 - 2:16
    ဇာတ်ညွှန်းတွေဖတ်ပြီး
  • 2:16 - 2:19
    ဇာတ်လမ်းမှာပါဖို့ သရုပ်ဆောင်တွေကို
    အစမ်းလုပ်ခိုင်းတာပါပဲ။
  • 2:19 - 2:21
    ဒီတော့ ဒီကိစ္စ ကျွန်မသိတာပေါ့။
  • 2:21 - 2:23
    (ရယ်သံများ)
  • 2:23 - 2:25
    ဟုတ်ပါတယ်၊ ဘဝသရုပ်ဖော်ဇာတ်လမ်းတွေဟာ
  • 2:25 - 2:27
    ဘဝထက် ပိုကြီးမားပါတယ်။
  • 2:27 - 2:29
    ကြီးကျယ်တဲ့ ဇာတ်ဝတ္ထုဆန်မှုပါ၊
  • 2:29 - 2:33
    ဒါပေမဲ့ ကျွန်မတို့ဘဝတွေကို ပြင်းပြမှု
    နဲ့ ပြည့်စေနိုင်ပြီး လောင်းကြေးတွေကို
  • 2:33 - 2:35
    ဇာတ်ဝတ္ထုဆန်တာအဖြစ်
    ခံစားနိုင်ပါတယ်။
  • 2:36 - 2:38
    ကျွန်မတို့ဟာ ဒီဇာတ်ကောင်တွေလိုပဲ
  • 2:38 - 2:40
    ကံဆိုးမှုနဲ့ ပျော်ရွှင်နဲ့သံသရာလည်နေတယ်၊
  • 2:40 - 2:45
    ကျွန်မတို့ဟာ သတ်မှတ်အဆင့်တွေကိုကျော်၊
    နတ်ဆိုးတွေကိုတိုက်ပြီး
  • 2:45 - 2:48
    လွတ်မြောက်မှုကို မမျှော်လင့်ပဲ တွေ့ကာ
    ဒါကို အထပ်ထပ်လုပ်ပေမဲ့
  • 2:48 - 2:50
    ဇာတ်လမ်းတွေလိုပဲ
    ဇာတ်ညွှန်းကို လှန်လို့ရပါတယ်၊
  • 2:50 - 2:53
    ဆိုလိုတာက ဘဝကနေ ရစ်လိုက်၊ကွေ့လိုက်
  • 2:53 - 2:54
    လှုပ်နေတဲ့ ပိတုန်းတွေလို
  • 2:54 - 2:57
    ဇာတ်ကောင်တွေဆီကနေ
    သင်ယူလို့ရတာပါ။
  • 2:57 - 2:59
    ကိုယ်ပိုင်ဘဝဇာတ်လမ်းတွေ ဖန်တီးဖို့
  • 2:59 - 3:01
    ဒီသင်ခန်းစာတွေကို အသုံးပြုနိုင်ပါတယ်။
  • 3:02 - 3:05
    ဘဝသရုပ်ဖော်ဇာတ်လမ်းတွေဟာ
    သံသယတွေကို တွန်းဖယ်ဖို့သင်ပေးပြီး
  • 3:06 - 3:08
    ရဲရင့်မှုနဲ့ အားနည်းချက်နဲ့
  • 3:08 - 3:10
    လိုက်ဖက်အောင်နေမှု၊ ဒဏ်ခံနိုင်မှုအတွက်
  • 3:10 - 3:13
    ကိုယ့်အစွမ်းအစကို ယုံကြည်စေပါတယ်။
  • 3:13 - 3:16
    အရေးအကြီးဆုံးက ကိုယ့်ဇာတ်လမ်းကို
    ပြောင်းလဲဖို့
  • 3:16 - 3:18
    ဘယ်တော့မှ နောက်မကျဘူးဆိုတာ ပြသပေးတာပါ။
  • 3:19 - 3:22
    ဒီတော့ ဒါနဲ့အတူ ဘဝသရုပ်ဖော်
    သင်ခန်းစာ တစ်ကို စလိုက်ရအောင်။
  • 3:22 - 3:24
    အညံ့ခံတာက ရွေချယ်မှုတစ်ခုမဟုတ်ပါ။
  • 3:24 - 3:26
    (ရယ်သံများ)
  • 3:26 - 3:31
    "All My Children" ရဲ Erica Kane ဟာ
    Scarlett O'Hara ရဲ့ နေ့ဘက် တင်ဆက်မှုပါ
  • 3:31 - 3:33
    အင်မတန်ကို အတ္တကြီးပေမဲ့
  • 3:33 - 3:36
    တကယ်ကျတော့ ခိုင်မာပြီး ရဲဝင့်တဲ့
    မင်းသမီးတစ်ပါးပါ။
  • 3:37 - 3:40
    ကဲ တီဗီမှာ ၄၁ နှစ်အတွင်း
    Erica ရဲ့ အကျော်ကြားရှားဆုံး အခန်းက
  • 3:40 - 3:42
    တစ်ဦးတည်း တောအုပ်ထဲမှာ ဝက်ဝံကြီးနဲ့
  • 3:42 - 3:45
    ရုတ်တရက် ပက်ပင်းတွေ့တာပါ။
  • 3:45 - 3:47
    ဝက်ဝံကြီးကို အော်ဟစ်လိုက်တယ်
  • 3:47 - 3:49
    "နင် ဒါကို မလုပ်ရဘူးနော်"
  • 3:49 - 3:51
    ငါပြောတာ နားလည်လား၊
  • 3:51 - 3:52
    ငါ့နားကို မလာရဘူးနော်၊
  • 3:53 - 3:54
    ငါက Erica Kane
  • 3:54 - 3:57
    နင်က ရွံစရာအကောင်ကြီး။"
  • 3:57 - 3:59
    (ရယ်သံများ)
  • 3:59 - 4:01
    တကယ်ပဲ ဝက်ဝံကြီးထွက်သွားတယ်။
  • 4:01 - 4:02
    ဒီတော့ ကျွန်မတို့ကို သင်ကြားပေးတာက
  • 4:02 - 4:04
    အတားအဆီးတွေ ကြုံလာနိုင်ပေမဲ့
  • 4:05 - 4:08
    အရှုံးပေးမလား(သို့) ရပ်တည်တိုက်ခိုက်မလား
    ဆိုတာကို ကျွန်မတို့ ရွေးနိုင်တယ်။
  • 4:09 - 4:12
    Pandora ရဲ့ Tim Westergren ဟာ
    ဒါကို အများစုထက်ပိုသိတယ်။
  • 4:12 - 4:15
    သူ့ကို Silicon Valley ရဲ့ Erica Kane
    လို့တောင် ခေါ်လောက်တယ်။
  • 4:16 - 4:18
    Tim နဲ့ ပူးတွဲတည်ထောင်သူတွေဟာ ရံပုံငွေ
  • 4:18 - 4:20
    ဒေါ်လာ နှစ်သန်းနဲ့ ကုမ္ပဏီကိုစခဲ့တယ်
  • 4:20 - 4:22
    နောက်နှစ်မှာပဲ ငွေပြတ်သွားတယ်။
  • 4:23 - 4:26
    ဒီမှာ ကုမ္ပဏီများစွာ ပိတ်လိုက်ရပေမဲ့
    Tim က တိုက်ဖို့ရွေးချယ်ခဲ့တယ်။
  • 4:27 - 4:31
    ကြွေးဝယ်ဒ် ၁၁ ခု အကုန်ကုန်သွားပြီး
    ဂဏန်းခြောက်လုံးစာ အကြွေးဖိစီးနေခဲ့တယ်၊
  • 4:31 - 4:32
    ဒါတောင် မလောက်သေးဘူ။
  • 4:33 - 4:38
    ဒီတော့ လခထုတ်ရက်ဆို နှစ်နှစ်တိုင်တိုင်
    နှစ်ပတ်တစ်ခါ သူ့ဝန်ထမ်းတွေရှေ့မှာ
  • 4:38 - 4:40
    မတ်တတ်ရပ်ပြီး သူတို့ရဲ့
    လစာတွေကို စတေးခိုင်းခဲ့တယ်၊
  • 4:41 - 4:42
    ဒါက အလုပ်ဖြစ်ခဲ့တယ်။
  • 4:43 - 4:45
    လူ ၅၀ ကျော် က ဒေါ်လာ နှစ်သန်းကို
    ရွေ့ဆိုင်းပေးခဲ့ပြီး
  • 4:45 - 4:47
    ဆယ်စုနှစ်တစ်ခုအကျော်မှာ
  • 4:47 - 4:50
    Pandora ဟာ သန်းထောင်ချီတန်နေပါပြီ။
  • 4:50 - 4:53
    သင့်ရှေ့မှာရှိတာ ဘာကိုမဆို ကွေ့ပတ်(သို့)
  • 4:53 - 4:55
    ဖောက်ထွက်တဲ့ နည်းလမ်း
    တစ်ခုရှိတယ်လို့ယုံကြည့်တဲ့အခါ
  • 4:55 - 4:58
    ဒီစွန့်လွှတ်မှုက ရွေးချယ်မှုတစ်ခုမဟုတ်ဘူး၊
  • 4:58 - 5:01
    ဧရာမအတားအဆီးတွေကို သင်ကျာ်လွှားနိုင်တာပါ။
  • 5:02 - 5:04
    သရုပ်ဖော်ဇာတ်လမ်းက ယူလာတဲ့
    သင်ခန်းစာနှစ်
  • 5:04 - 5:08
    သင့်အတ္တမာနကို စတေးပြီး
    ဘဝင်မြင့်စိတ်ကို ပစ်ချလိုက်ပါ။
  • 5:09 - 5:10
    ကဲ ဒါကတော့ လန့်စရာပဲ၊
  • 5:10 - 5:13
    လိုအပ်မှု(သို့) မှားတတ်မှုရဲ့
    ဝန်ခံချက်တစ်ခုပါ။
  • 5:14 - 5:15
    ဖြစ်နိုင်တာက အထင်ခံချင်သလေက်
  • 5:15 - 5:18
    ကိုယ်ဟာ မထူဘူးဆိုတဲ့
    ဝန်ခံချက်တစ်ခုဆိုတာတောင်ပါ။
  • 5:19 - 5:22
    The Bold and the Beautiful"က
    Stephanie Forrester ဟာ
  • 5:22 - 5:23
    သူမဟာ အသေကို ထူးပါတယ်လို့
    ထင်ခဲ့တယ်။
  • 5:23 - 5:25
    သူမဟာ အတော် ထူးလွန်းတော့
  • 5:25 - 5:28
    တောင်ကြားထဲက အုပ်စုတ်ကုပ်စုတ်တွေနဲ့
    ရောဖိုမလိုဘူးပေါ့၊
  • 5:28 - 5:30
    ဒါကို တောင်ကြား မိန်းကလေး Brooke
    သိစေခဲ့တယ်
  • 5:30 - 5:34
    ဒါပေမဲ့ တိုက်ပွဲရှည်ကြီးရဲ့
    ၂၅ နှစ်နီးပါးအကြာမှာ

  • 5:34 - 5:37
    Stephanie ဟာ နေမကောင်းဖြစ်ပြီး
    Brooke ကို ဝင်ခွင့်ပေးခဲ့တယ်။
  • 5:37 - 5:39
    ပြင်ဆင်မှုတွေလုပ်ခဲ့တယ်
  • 5:39 - 5:41
    မဟာရန်သူတွေဟာ စိတ်တူကိုယ်တူ
    ဖြစ်လာခဲ့ပြီး
  • 5:41 - 5:43
    Stephanie ဟာ Brooke ရဲ့လက်ထဲမှာ
    ဆုံးခဲ့တယ်။
  • 5:43 - 5:45
    ဒီမှာ မှတ်သားစရာက
  • 5:45 - 5:47
    သင့်အတ္တမာနကို ချလိုက်ပါ
  • 5:47 - 5:49
    ဘဝဆိုတာ သင့်အကြောင်းမဟုတ်ဘူး။
  • 5:49 - 5:51
    ကျွန်မတို့အကြောင်း၊
  • 5:51 - 5:53
    ပျော်ရွှင်မှုနဲ့ ချစ်မေတ္တာကိုခတွေကြုံ
    ခံစားဖို့ အစွမ်းနဲ့
  • 5:53 - 5:56
    မိမိကိုယ်ကို
    အားနည်းအောင်လုပ်ပြီး
  • 5:56 - 5:59
    ကိုယ့်လုပ်တာတွေ၊
    မလုပ်တာတွေအတွက်
  • 5:59 - 6:02
    တာဝန်ယူတဲ့အခါမှသာ
    လာတဲ့ တကယ့်ဖြစ်တည်မှုကို
  • 6:02 - 6:03
    တိုးတက်စေဖို့ပါ။
  • 6:04 - 6:06
    Starbucks ရဲ့ အလုပ်အမှုဆောင်ချုပ်
    Howard Schultz လိုပေါ့။
  • 6:07 - 6:09
    အလုပ်အမှုဆောင်ချုပ်
    အဖြစ် ဦးဆောင်ပြီးနောက်
  • 6:09 - 6:11
    Howard ဟာ ၂၀၀၀ ခုနှစ်မှာ
    ဖယ်ပေးခဲ့ကာ
  • 6:11 - 6:13
    Starbucks ကိုယ်တိုင်က အမြန်ပဲ
    အဆမတန်ချဲ့ေတာ့
  • 6:14 - 6:15
    ရှယ်ယာတန်ဖိုးတွေ ကျသွားတယ်
  • 6:16 - 6:17
    ၂၀၀၈ မှာ Howard ပြန်ပါဝင်ခဲ့ပြီး
  • 6:17 - 6:19
    သူပထမဆုံးလုပ်ခဲ့တဲ့တစ်ခုက
  • 6:20 - 6:24
    ဝန်ထမ်း ၁၈၀၀၀၀ ကို တောင်းပန်ခဲ့တာပါ။
  • 6:25 - 6:26
    သူတောင်းပန်ခဲ့ပါတယ်။
  • 6:27 - 6:31
    ဒီနောက်တုံ့ပြန်မှုအနေနဲ့အကူအညီ၊
    ရိုးသားမှုနဲ့ စိတ်ကူးတွေကိုတောင်းခဲ့တယ်။
  • 6:31 - 6:33
    အခုတော့ Starbucks ဟာ Howard
    ပြန်လာကတည်းက
  • 6:33 - 6:36
    အသားတင်ဝင်ငွေ နှစ်ဆကျော်ခဲ့သွားပါပြီ။
  • 6:36 - 6:40
    ဒီတော့ တစ်ချိန်လုံး မှန်ကန်၊ ဘေးကင်းဖို့
    သင့်ဆန္ဒကို စတေးပါ။
  • 6:40 - 6:42
    ဒါက သင်တို့တစ်ယောက်ကိုမှ ကူညီမပေဘူး။
  • 6:43 - 6:45
    သင့်အတ္တမာနကို စတေးပါ။
  • 6:47 - 6:49
    ဘဝသရုပ်ဖော် သင်ခန်းစာ သုံး၊
  • 6:49 - 6:51
    ဆင့်ကဲပြောင်းလဲခြင်းက တကယ်ပါ။
  • 6:52 - 6:55
    သင်ဟာ တည်ငြိမ်တဲ့ဇာတ်ကောင်တွေဖြစ်ဖို့
    မဟုတ်ပါဘူး။
  • 6:55 - 6:59
    တီဗီမှာ ငြိမ်တာက ငြီးငွေ့စရာနဲ့တူပြီး
    ငြီးငွေ့စရာက အထုတ်ခံရပါ။
  • 6:59 - 7:02
    ဇာတ်ကောင်တွေဟာ ကြီးထွား၊
    ပြောင်းလဲသင့်ပါတယ်။
  • 7:03 - 7:05
    ကဲ တီဗီမှာ ဒီတက်ကြွတဲ့ ပြောင်းလဲမှုတွေဟာ
  • 7:05 - 7:07
    ကြမ်းတမ်းတဲ့ အကူးအပြောင်းတွေကို ဦးတည်တယ်၊
  • 7:07 - 7:11
    အထူးသဖြင့် ဇာတ်ကောင်တစ်ယောက်ကို
    မနေ့ကတစ်ဦးက သရုပ်ဆောင်တဲ့အခါနဲ့
  • 7:11 - 7:13
    ဒီနေ့အသစ်တစ်ဦး သရုပ်ဆောင်တဲ့အခါပါ။
  • 7:14 - 7:17
    ဇာတ်ဆောင်ပြောင်းတာဟာ
    ဇာတ်လမ်းတွေမှာတစ်ချိန်လုံးဖြစ်ပေါ်တယ်။
  • 7:18 - 7:19
    လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်မှာ
  • 7:19 - 7:22
    မတူတဲ့သရုပ်ဆောင်လေးဦးက
    "General Hospital" က Carly Benson ရဲ့
  • 7:22 - 7:25
    တူညီတဲ့ အဓိက အခန်းမှာ ပါဝင်ခဲ့တယ်။
  • 7:26 - 7:31
    မျက်နှာသစ်တိုင်းဟာ ဇာတ်ကောင်ရဲ့ ဘဝနဲ့
    စရိုက်ကို အပြောင်းအလဲကို အစပြုခဲ့တယ်။
  • 7:31 - 7:35
    ကဲ အဲဒီမှာ Carly ရဲ့ မရှိမဖြစ် အဖိုးတန်
    စိတ်ကူးတစ်ခုအမြဲရှိခဲ့ပေမဲ့
  • 7:35 - 7:39
    ဇာတ်ကောင်နဲ့ ဇာတ်လမ်းဟာ သူမကို
    သရုပ်ဆောင်သူ မည်သူမဆိုကို ပြုပြင်ခဲ့တယ်။
  • 7:40 - 7:42
    ဒီမှာက ကျွန်မတို့အတွက်ဆိုလိုတာပါ။
  • 7:42 - 7:45
    ကျွန်မတို့ဘဝမှာ မျက်နှာတွေလဲလို့မရပေမဲ့
  • 7:45 - 7:47
    ပြောင်းလဲဖြစ်ပေါင်နိုင်ပါသေးတယ်။
  • 7:47 - 7:52
    ကိုယ့်ခြေထောက်နားမှာ စက်ဝိုင်းဆွဲပြီး
    အဲဒီနေရာမှာ နေနိုင်တယ်၊
  • 7:52 - 7:55
    (သို့) အခွင့်အမ်းတွေဆီ မိမိဘာသာ
    ဖွင့်နိုင်ပါတယ်၊
  • 7:55 - 7:59
    သူနာပြုကျောင်းသူကနေ ဟိုတယ်ပိုင်ရှင်အထိ
    ဖြစ်သွားတဲ့ Carly လို၊
  • 8:00 - 8:01
    (သို့) Julia Child လိုပေါ့။
  • 8:02 - 8:04
    Julia ဟာ ဒုတိယကမ္ဘာစ် သူလျှိုတစ်ဦးပါ၊
  • 8:04 - 8:08
    စစ်ပြီးတော့ အိမ်ထောင်ကျပြီး
    ပြင်သစ်ကို ပြောင်းခဲ့ကာ
  • 8:08 - 8:11
    အချက်အပြုတ်ကျောင်း စမ်းကြည့်ဖို့
    ဆုံးဖြတ်ခဲ့တယ်။
  • 8:11 - 8:17
    Julia သူမစာအုပ်တွေ၊ တီဗီပြပွဲတွေဟာအမေရိကန်
    ထမင်းချက်တွေကို လုံးဝပြောင်းပစ်လိုက်တယ်။
  • 8:18 - 8:21
    ကျွန်မဘဝမှာ အပြောင်းအလဲ စတင်ဖို့၊
    ဆင့်ကဲဖြစ်ဖို့၊ ပြုပြင်ပြောင်းလဲဖို့
  • 8:21 - 8:23
    အစွမ်း ကျွန်မတို့အားလုံးမှာ ရှိတယ်။
  • 8:24 - 8:25
    ကျွန်မတို့ ရွေးချယ်မှုလုပ်ပေမဲ့
  • 8:25 - 8:29
    တစ်ခါတစ်လေ ဘဝက ကျွန်မတို့အတွက်
    ရွေးချယ်ပေးပြီး ကြိုတင်မသိရဘူးလေ။။
  • 8:29 - 8:31
    အံ့သြမှုက မျက်နှာကို ပစ်ဆောင့်တယ်
  • 8:31 - 8:33
    သင်ဟာ မြေမှာ ပြားပြားဝပ်၊
    လေက ကုန်သွားပြီ။
  • 8:33 - 8:35
    ပြန်လည်အသက်သွင်းဖို့လိုတယ်။
  • 8:36 - 8:39
    ဒီတော့ ကံကောင်းတော့
    ဘဝသရုပ်ဖော်ဇာတ်လမ်းရဲ့သင်ခန်းစာ လေး
  • 8:39 - 8:41
    ပြန်လည်ရှင်သန်ခြင်းက ဖြစ်နိုင်ပါတယ်။
  • 8:41 - 8:43
    (ရယ်သံများ)
  • 8:43 - 8:45
    (လက်ခုပ်သံများ)
  • 8:47 - 8:51
    ၁၉၈၃ ခုနှစ်မှာ "Days of Our Lives"'
    Stefano DiMera ဟာ လေဖြတ်ပြီးသေခဲ့တယ်၊
  • 8:51 - 8:54
    ဒါပေမဲ့ တကယ်မဟုတ်ဘူး၊ အကြောင်းက
  • 8:54 - 8:56
    ၁၉၈၄ မှာ သူကားဟာ ဆိပ်ကမ်းမှာ
    ထိုးဆင်းပြီး သေသွားတယ်၊
  • 8:56 - 9:00
    ဒါပေမဲ့ ၁၉၈၅ မှာ ဦးနှောက်အကျိတ်နဲ့
    ပြန်လာတယ်လေ။
  • 9:00 - 9:01
    (ရယ်သံများ)
  • 9:01 - 9:04
    ဒါပေမဲ့ အကျိတ်က သူ့ကိုမသတ်နိုင်ခင်
  • 9:04 - 9:08
    Marlena က သူ့ကိုပစ်သတ်လိုက်ပြီး
    သူ့ရဲ့သေမင်းဆီ ဒလိမ့််ခေါက်ခွေးကျသွားတယ်။
  • 9:08 - 9:11
    ဒါနဲ့ နှစ် ၃၀ ကြာသွားတယ်။
  • 9:11 - 9:13
    (ရယ်သံများ)
  • 9:13 - 9:15
    ခန္ဓာကိုယ်ကို မြင်တဲ့အခါတောင်
  • 9:15 - 9:17
    ကျွန်မတို့ ပိုသိပါတယ်။
  • 9:17 - 9:19
    အကြောင်းပြချက်တစ်ခုနဲ့ ဖီးနစ်လို့
    သူ့ကိုခေါ်တယ်။
  • 9:21 - 9:23
    ဒီမှာ ကျွန်မတို့အတွက် ဆိုလိုတာပါ။
  • 9:23 - 9:25
    ပြပွဲထုတ်လွှင့်နေသရွေ့တော့
  • 9:25 - 9:28
    (သို့) သင် အသက်ရှူသရွေ့တော့
  • 9:28 - 9:29
    ဘာမှ အမြဲတော့ မဟုတ်ပါဘူး။
  • 9:29 - 9:32
    ပြန်လည်ထမြောက်ခြင်း ဖြစ်နိုင်ပါတယ်။
  • 9:34 - 9:36
    ကဲ တကယ်ကျတော့ အသက်လိုပဲ
    ဘဝသရုပ်ဖော် ဇာတ်လမ်းတွေဟာ
  • 9:36 - 9:40
    အဆုံးမှာ ကြီးမားတဲ့ ဇာတ်သိမ်းပိုင်း
    ရောက်တာပါပဲ။
  • 9:40 - 9:45
    ကျွန်မပွဲ "As The World Turns"
    ကို ၂၀၀၉ ဒီဇင်ဘာမှာ CBS က ဖျက်သိမ်းတယ်။
  • 9:45 - 9:47
    နောက်ဆုံး ဇာတ်ဝင်ခန်းကို
  • 9:47 - 9:48
    ၂၀၁၀ ဇွန်လမှာရိုက်ခဲ့တယ်။
  • 9:49 - 9:50
    ဒါက သေလုလု ခြောက်လပါ၊
  • 9:50 - 9:53
    ဒီရထားကို တောင်အလယ် တည့်တည့်ဆီ
    ကျွန်မစီးခဲ့တယ်။
  • 9:54 - 9:57
    စီးပွားပျက်ကပ်ကြီးအတွင်းမှာ
    ေရာက်နေခဲ့ပြီး
  • 9:57 - 10:01
    သန်းချီတဲ့လူတွေဟာ
    အလုပ်ရှာဖို့ ရုန်းကန်နေတာတောင်
  • 10:01 - 10:03
    အရာရာအဆင်ပြေအောင် တနည်းနည်း
    ကျွန်မ စဉ်းစားခဲ့တယ်။
  • 10:03 - 10:06
    ကလေးတွေကိုခေါ်ပြီး Brooklyn တိုက်ခန်းကနေ
  • 10:06 - 10:08
    Alabama က ယောက္ခမတွေဆီ
  • 10:08 - 10:09
    ပြောင်းခဲ့တယ်။
  • 10:09 - 10:12
    (ရယ်သံများ)
  • 10:13 - 10:16
    သုံးလအကြာမှာ ဘာမှ အဆင်မပြေခဲ့ဘူး။
  • 10:16 - 10:21
    ဒါက နောက်ဆုံးဇာတ်လမ်းတွဲ
    လွှင့်တာကြည့်တဲ့အချိန်ပါ၊
  • 10:21 - 10:24
    ကျွန်မသဘောပေါက်လိုက်တာက
    ဒီပွဲတင်မက ကျွန်မရော
  • 10:25 - 10:26
    အပြီးသတ်သွားတယ်ဆိုတာပါ။
  • 10:27 - 10:30
    အလုပ်လက်မဲ့ဖြစ်ပြီး ယောက္ခမအိမ်ရဲ့
  • 10:30 - 10:31
    ဒုတိယအလွှာမှာနေနေခဲ့တယ်၊
  • 10:31 - 10:34
    လူတစ်ယောက်ကို အတွင်းမှာ
    သေအောင်လုပ်ဖို့ လုံလောက်ပြီပေါ့။
  • 10:34 - 10:36
    (ရယ်သံများ)
  • 10:36 - 10:38
    ဒါပေမဲ့ ကျွန်မရဲ့ဇာတ်လမ်း ပြီးမသွားခဲ့တာ
  • 10:38 - 10:40
    ပြီးမသွားနိုင်တာ ကျွန်မသိခဲ့တယ်။
  • 10:40 - 10:46
    ဘဝသရုပ်ဖော်ဇာတ်လမ်းအကြောင်း
    ကိုယ်သင်ယူထားခဲ့သမျှကို ညှစ်ထုတ်ခဲ့ရတယ်၊
  • 10:46 - 10:50
    Erica လို ရဲရင့်ပြီး အညံ့ခံဖို့
    ငြင်းဆန်ခဲ့ရတာပေါ့၊
  • 10:50 - 10:53
    ဒီတော့ နေ့တိုင်း တိုက်ခိုက်ဖို့
    ဆုံးဖြတ်ချက်တစ်ခုချခဲ့တယ်၊
  • 10:54 - 10:57
    Stephanie လို အားနွဲ့အောင်လုပ်ပြီး
  • 10:57 - 10:58
    အတ္တမာနကို စတေးခဲ့ရတာပေါ့။
  • 10:58 - 11:02
    ပြည်နယ်တွေအနှံ့မျာ အကြိမ်များစွာ
    အကူအညီတောင်းခဲ့ရတယ်။
  • 11:03 - 11:06
    Carly လိုပဲ ပြုလွယ်ပြင်လွယ်ဖြစ်ဖို့၊
  • 11:06 - 11:10
    ကျွမ်းကျင်မှုတွေ၊ စိတ်နေစိတ်ထားနဲ့
    အခြေအနေတွေကို ပြောင်းလဲဖို့လိုခဲ့တယ်၊
  • 11:10 - 11:13
    ဒီနောက် Stefano လို ကြံ့ကြံ့ခံနိုင်ဖို့နဲ့
  • 11:13 - 11:15
    ကျွန်မကိုယ်တိုင်နဲ့ အလုပ်ကို
    ဖီးနစ်စ်ငှက်လို
  • 11:15 - 11:18
    ပြာပုံက ပြန်ရှင်သန်ဖို့လိုခဲ့တယ်
  • 11:19 - 11:20
    နောက်ဆုံးမှာ လူတွေ့တစ်ခုဖြေခဲ့တယ်။
  • 11:22 - 11:25
    သတင်းနဲ့ဖျော်ဖြေရေးမှာ ၁၅ နှစ်ကြာအပြီ်း
  • 11:25 - 11:27
    အလုပ်လက်မဲ့ ကိုးလ၊
  • 11:27 - 11:29
    ပြီးတော့ ဒီလူတွေ့စစ်ဆေးမှုတစ်ခု၊
  • 11:30 - 11:32
    ဝင်ခွင့်အဆင့် ကမ်းလှမ်းမှုတစ်ခုရခဲ့တယ်၊
  • 11:33 - 11:35
    ကျွန်မအသက်က ၃၇ နှစ်၊
  • 11:35 - 11:37
    ကျွန်မက သေရှာက ပြန်လာခဲ့တာပေါ့
  • 11:38 - 11:41
    အဆုံးသတ်တစ်ခုနဲ့တူတာကို
    တွေ့ကြုံရမှာဖြစ်ပြီး
  • 11:41 - 11:43
    ဒါကို အစအဖြစ်ဖန်တီးဖို့
    ရွေးချယ်နိုင်ပါတယ်။
  • 11:44 - 11:48
    ရေတံခွန်ကနေ အံ့ဖွယ် ရှင်ကျန်ခဲ့သူ
    Tina လိုမျိုးပေါ့၊
  • 11:48 - 11:51
    သည်းထိတ်ရင်ဖို့ အခန်းကို
    ထားခဲ့ရမှာ ကျွန်မ မုန်းလို့ပါ
  • 11:51 - 11:53
    Tina နဲ့ တို့တကယ် ကွာရှင်းခဲ့တယ်၊
  • 11:53 - 11:58
    ဒါပေမဲ့ ၂၀၁၂ ထုတ်လုပ်မရပ်ဆိုင်ခင်အထိ
    သုံးကြိမ် ပြန်လက်ထပ်ခဲ့တယ်။
  • 11:59 - 12:01
    ဒီတော့ သတိရပါ၊
  • 12:01 - 12:04
    သင့်ကိုယ်ထဲမှာ ထွက်သက်ဝင်သက်ရှိနေသရွေ့
  • 12:04 - 12:07
    သင့်ဇာတ်လမ်းကို ပြောင်းဖို့
    ဘယ်တော့မှ နောက်မကျဘူး
  • 12:07 - 12:09
    ကျေးဇူးတင်ပါတယ်။
  • 12:09 - 12:11
    (လက်ခုပ်သံများ)
Title:
လူမှုဘဝသရုပ်ဖော် ဇာတ်လမ်းတွဲများမှရတဲ့ ဘဝထက်ကြီးမားသော သင်ခန်းစာ ၄ ခု။
Speaker:
Kate Adams
Description:

လူမှုဘဝသရုပ်ဖော် ဇာတ်လမ်းတွဲများနှင့် ရုပ်မြင်သံကြားဇာတ်လမ်းတိုတွေဟာ အရမ်း ဝတ္ထုဆန်းလွန်းတာဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ Kate Adams က ကျွန်ုပ်တို့ကို ပြလိုက်တာက ၎င်းတို့ရဲ့ချဲ့ကားလွန်းတဲ့ ဇာတ်လမ်းတွေနဲ့ ဇာတ်ကောင်တွေဟာ မကြာခဏတော့ လက်တွေ့ဘဝရဲ့ ပြဿနာတွေကို ဖော်ထုတ်ပေးပါတယ်။ ဒီရွှင်မြူးပြီးပျော်စရာကောင်းတဲ့ ဟောပြောချက်မှာ "As the World Turns"အတွက် လက်ထောက် သရုပ်ဆောင်ရွေးတဲ့ ဒါရိုက်တာဟောင်းဖြစ်သူ Adams ကနေပြီး သဘာဝထက်ပိုလွန်အောင်ဖန်တီးထားတဲ့ ဇာတ်လမ်းတွေကနေ ကျွန်ုပ်တို့သင်ယူနိုင်တဲ့ ဘဝနဲ့ စီးပွားရေးလုပ်ငန်းအတွက် သင်ခန်းစာ လေးခုကို မျှဝေထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
12:27

Burmese subtitles

Revisions