Return to Video
Law of Supply
  • 0:00 - 0:03
    ကျွန်တော်တို့ဟာ ၀ယ်လိုအား အကြောင်းပြောပြီးပါပြီ။
  • 0:03 - 0:05
    အခု ရောင်းလိုအားအကြောင်းကို ပြောကြရအောင်။
  • 0:05 - 0:07
    ဒီဥပမာအတွက် စပျစ်သီးတွေကို သုံးကျမှာဖြစ်ပါတယ်။
  • 0:07 - 0:09
    ကျွန်တော်တို့ဟာ စပျစ်သီးစိုက်တဲ့ လယ်သမား အဖြစ် ကိုယ့်ကိုယ်ကို မြင်ကြည့်ရအောင်။
  • 0:09 - 0:11
    ဒါကြောင့် ကျွန်တော်က သင်တို့ကို
  • 0:11 - 0:14
    ( စွဲမက်ဖို့ ကောင်းအောင်ခရမ်းရောင်စပျစ်သီးပုံလေးထားမယ်)
  • 0:14 - 0:19
  • 0:19 - 0:21
    မိတ်ဆက်ပေးမှာဖြစ်ပါတယ်။
  • 0:21 - 0:23
    အရင်လိုပဲ တခြားအရာတွေကို မပြောင်းလဲဘဲထားမယ်
  • 0:23 - 0:24
    နောက်ထပ်ဗီဒီယိုတွေကျရင် တော့
  • 0:24 - 0:25
    အခု မပြောင်းလဲဟု ယူဆထားသော ထို တခြားသော အရာတွေကို ပြောင်းလဲလျှင်
  • 0:25 - 0:26
    ဘာတွေဖြစ်လာမလဲဆိုတာကို ကျွန်တော်ထပ်
  • 0:26 - 0:28
    ပြောမှာဖြစ်ပါတယ်။
  • 0:28 - 0:30
    ဒါပေမယ့် သင်ဟာ တခြားသော အရာတွေကို မပြောင်းလဲဟု ယူဆထားလျှင်
  • 0:30 - 0:31
    သင် ပြုလုပ်နိုင်တာဟာ
  • 0:31 - 0:33
    ဈေးနှုန်းပြောင်းလဲခြင်းတစ်ခုသာဖြစ်ပါတယ်။
  • 0:33 - 0:35
    ရောင်းလိုအား နိယာမအရ
  • 0:35 - 0:37
    ဈေးနှုန်းတက်မည်ဆိုလျှင်
  • 0:37 - 0:38
    ဈေးနှုန်းအတွက် p ဟု ထားမည်ဆိုပါက
  • 0:38 - 0:41
    ဈေးနှုန်းတက်သွားမည်ဆိုလျှင် ရောင်းလိုအား အနေဖြင့်
  • 0:41 - 0:42
    ကျွန်တော် သေချာပြောမယ်ဆိုလျှင်
  • 0:42 - 0:49
    ရောင်းချလိုသော ပမာဏ မြင့်တက်သွားမည်ဖြစ်ပါသည်။
  • 0:49 - 0:50
    သင်စဉ်းစားကြည့်မယ်ဆိုလျှင်
  • 0:50 - 0:52
    ဈေးနှုန်းကျသွားမည်ဆိုပါက
  • 0:52 - 0:57
    ရောင်းချလိုသော ပမာဏလည်း ကျသွားမည်ဖြစ်ပါသည်။
  • 0:57 - 0:59
    သင်သတိထားမိမှာပါ။
  • 0:59 - 1:03
    ကျွန်တော်က တကယ်ပြောချင်တာက ရောင်းချလိုသော ပမာဏ ဆိုတာပါ
  • 1:03 - 1:05
  • 1:05 - 1:08
  • 1:08 - 1:13
    ကျွန်တော်တို့ ပြောတာက ဈေးနှုန်းနဲ့ ပမာဏ အကြားဆက်နွယ်မှု ပြောင်းလဲသွားမှု တစ်ခုလုံးကို ပြောခြင်းဖြစ်ပါတယ်။
  • 1:13 - 1:16
    ကျွန်တော်တို့ ၀ယ်ယူလိုသော ပမာဏ တစ်ခု ခုကို ပြောတဲ့ အခါမှာ ကျွန်တော်တို့ဟာ
  • 1:16 - 1:17
  • 1:17 - 1:18
  • 1:18 - 1:20
    ရောင်းလိုအား မှာလည်း ဒီအတိုင်းအတူတူပါပဲ။
  • 1:20 - 1:22
    ကျွန်တော်တို့ ရောင်းချလိုသော ပမာဏတစ်ခုခုကို ပြောတဲ့အခါမှာ
  • 1:22 - 1:23
    ကျွန်တော်တို့ဟာ အရေအတွက် လို့ ပြောဖို့ ဂရုပြုရပါမယ်။
  • 1:23 - 1:25
    ကျွန်တော်တို့ရောင်းလိုအား မြင့်တက်သွားသည်ကို ပြောသည့်အခါ
  • 1:25 - 1:28
    ဆက်နွယ်မှု တစ်ခုလုံးပြောင်းလဲသွားတာကို ပြောခြင်းဖြစ်ပါတယ်။
  • 1:28 - 1:30
    တက်သွားသည်ဖြစ်စေ၊ကျသွားသည်ဖြစ်စေပေါ့။
  • 1:30 - 1:33
    ဒါဟာ သဘာဝကျတယ်လို့ကျွန်တော်တို့ လက်ခံရပါမယ်
  • 1:33 - 1:35
    ကျွန်တော်တော့ အဲဒီလိုပဲထင်ပါတယ်။
  • 1:35 - 1:38
    ကျွန်တော်တို့ ကိုယ့်ကိုယ်ကို စပျစ်လယ်သမား အနေနဲ့မြင်ယောင်ကြည့်ရအောင်။
  • 1:38 - 1:40
    ဒီမှာ ရောင်းလိုအား ဇယား လေးပြုလုပ်ချင်ပါတယ်။
  • 1:40 - 1:42
    ရောင်းလိုအားက.....
  • 1:42 - 1:47
    ဟုတ်ပြီ ဒီစပျစ်သီး ရောင်းလိုအား ဇယားဟာ တစ်ကယ်တော့ တခြားအရာတွေမပြောင်းဘဲထားပြီး
  • 1:47 - 1:49
    ဈေးနှုန်းနဲ့ ရောင်းချလိုသော ပမာဏ အကြားမှာ ရှိတဲ့ ဆက်နွယ်မှုပြ ဇယားတစ်ခု
  • 1:49 - 1:52
    ဖြစ်ပါတယ်။
  • 1:52 - 1:55
    ဒီတော့သက်ဆိုင်ရာ ခေါင်းစဉ်တွေတပ်လိုက်ကြရအောင်။
  • 1:55 - 1:57
  • 1:57 - 2:02
    ဈေးနှုန်းကို ဒီမှာ ထားရအောင်။
  • 2:02 - 2:08
    ဒါဟာ တစ်ပေါင်လျှင် ရောင်းမယ့်ဈေးနှုန်း ဖြစ်ပါတယ်။
  • 2:08 - 2:12
    ဒါက ကာလတစ်ခုအတွက် ထုတ်လုပ်ခဲ့တဲ့ အရေအတွက် ဖြစ်ပါတယ်။
  • 2:12 - 2:13
    ကျွန်တော်တို့တွေဟာ
  • 2:13 - 2:15
    ရောင်းလိုအား၊၀ယ်လိုအားဇယားတွေကို ပြုလုပ်တဲ့ အခါတွေမှာ
  • 2:15 - 2:17
    အချိန်အတိုင်းအတာတစ်ခု အတွင်းကို ပြောခြင်းဖြစ်ပါတယ်။
  • 2:17 - 2:18
    တနေ့ချင်း အတွက်လည်း ဖြစ်နိုင်ပါတယ်။
  • 2:18 - 2:19
    တစ်လအတွက်လည်းဖြစ်နိုင်ပါတယ်။
  • 2:19 - 2:20
    တစ်နှစ်အတွက်လည်း ဖြစ်နိုင်ပါတယ်။
  • 2:20 - 2:23
    လိုအပ်သလို ပြုလုပ်ခြင်း သာ ဖြစ်ပါတယ်။
  • 2:23 - 2:26
    ကောင်းပြီ။ ဒီဈေးနှုန်းနှင့်ဆိုလျှင် တစ်ရက်ကို အရေအတွက်
  • 2:26 - 2:27
    ဘယ်လောက်ထုတ်လုပ်မလဲ၊
  • 2:27 - 2:27
    တစ်ရက်လို့ ကျွန်တော်တို့မပြောမိပါဘူး။
  • 2:27 - 2:30
    ကျွန်တော်တို့ ဘာတွေပြောနေပါလိမ့်။
  • 2:30 - 2:37
    ရောင်းချလိုသည့် အရေအတွက်
  • 2:37 - 2:42
    Scenario A လို့ ဆိုပါစို့။
  • 2:42 - 2:47
    တစ်ပေါင်လျှင် စပျစ်သီးဈေးဟာ ဆင့် ၅၀ထား
  • 2:47 - 2:49
    ဒီနေရာမှာတော့ ဒဿမ မပါတဲ့
  • 2:49 - 2:53
    နံပါတ်ပဲထားရအောင်
  • 2:53 - 2:54
    ဒါတော့ တစ်ပေါင် ကိုဆင့် ၅၀မထားဘဲ
  • 2:54 - 2:56
    တစ်ပေါင်လျှင် ဈေးနှုန်းက ၁ဒေါ်လာထား
  • 2:56 - 2:57
    ကျွန်တော်တို့  ခါကို
  • 2:57 - 3:00
    အနည်းငယ်သက်သာတဲ့ဈေးအဖြစ် ယူဆပါစို့။
  • 3:00 - 3:04
    စိုက်ရင်တော့ အလွယ်ကူဆုံး မြေပေါ်မှာသာ စိုက်ပျိုးမှာဖြစ်ပါတယ်။
  • 3:04 - 3:06
    စပျစ်သီးစိုက်လို့ အလွယ်ကူဆုံး နှင့် ထွက်အားအကောင်းဆုံးကမြေပေါ်မှာ ဖြစ်ပြီး
  • 3:06 - 3:10
    အကုန်အကျလည်း သက်သာ သွားမယ်။
  • 3:10 - 3:12
    နောက်ပြီးအဲ့မြေပေါ်မှာ
  • 3:12 - 3:14
    စပျစ်သီးတစ်မျိုးပဲ တစ်နှစ်လုံး စိုက်မယ်
  • 3:14 - 3:17
    ဒါဆို ကျွန်တော်တို့ဟာ
  • 3:17 - 3:22
    ဒါကတော့ တစ်ပေါင်ကို ဒီဈေးနှုန်းနဲ့ ပဲဆိုရင်
  • 3:22 - 3:27
    အဲဒီ အခြေအနေမှာ တစ်နှစ်လျှင် ပေါင် ၁၀၀၀လောက် ထုတ်လုပ်နိုင်ပါတယ်။
  • 3:27 - 3:29
    ကျွန်တော်ကိုယ်တိုင်ဟာ စပျစ်သီး စိုက် လယ်သမား မဖြစ်ဖူးပါ။
  • 3:29 - 3:29
    ဒါကြောင့် သင့်တော်တဲ့
  • 3:29 - 3:31
    ပမာဏ ဟုတ်မဟုတ် မပြောတတ်ပါ။
  • 3:31 - 3:33
    ဒါကြောင့် ပေါင် ၁၀၀၀ နဲ့ ပဲ ဆက်သွားရအောင်။
  • 3:33 - 3:36
    Scenario B အနေနဲ့ကြည့်ရအောင်။
  • 3:36 - 3:38
    ယခင်ထုတ်နှုန်း အတိုင်း
  • 3:38 - 3:40
    ထုတ်နေရင်းကနေ
  • 3:40 - 3:41
    ဈေးနှုန်းဟာ ၂ဒေါ်လာ ထိတက်သွားတယ်ဆိုပါစို့။
  • 3:41 - 3:43
    ကျွန်တော်တို့ အနေနဲ့
  • 3:43 - 3:44
    တစ်ခြားအတွက် အသုံးပြုနေတဲ့မြေ၊
  • 3:44 - 3:46
    အသစ်တွေကို ၀ယ်ချင်ဝယ်ပါလိမ့်မယ်။အဲ့မြေကလည်း
  • 3:46 - 3:49
    စပျစ်သီး အတွက် ထုတ်လုပ်မှုမကောင်းတဲ့ မြေ ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။
  • 3:49 - 3:52
    ဒါပေမယ့် စပျစ်သီးအတွက် ပို မို စိုက်ပျိုးနိုင်တဲ့ အတွက်ကြောင့်
  • 3:52 - 4:03
    အခုဆိုလျှင် ၂၀၀၀ပေါင် အထိထုတ်လုပ်လို့ရ ပါပြီ။
  • 4:03 - 4:04
    ဒါမျိုးဆက်သွားရင်းကနေ
  • 4:04 - 4:06
    သဘော တရားအတူတူ ဆက်တိုက်ဖြစ်ပါတယ်။
  • 4:06 - 4:12
    ဈေးနှုန်းဟာ တစ်ပေါင်ကို ၃ပေါင် ဖြစ်သွားပြီ ဆိုပါတော့
  • 4:12 - 4:14
    အခု ဆိုလျှင် ပို ထုတ်ချင် လာပါပြီ။
  • 4:14 - 4:17
    ပိုပြီးတောင်ကြိုးစားလာပါပြီ။
  • 4:17 - 4:19
    ဒါမှမဟုတ် တစ်ပင်နဲ့တစ်ပင် ကပ်ပြီး စိုက်လာပါပြီ။
  • 4:19 - 4:23
    တစ်ခြား သီးနှံ တွေ အတွက် သုံးမယ့် မြေတွေကိုပါ
  • 4:23 - 4:26
    ပိုသုံးလာပါပြီ။
  • 4:26 - 4:31
    အဲဒီလိုနဲ့၂၅၀၀ ပေါင် ထုတ်လုပ်နိုင်ပါပြီ။
  • 4:31 - 4:33
    ဖြစ်နိုင်ချေ အခြေအနေ တစ်ခု ကို ထပ်လုပ်ကြပါမယ်။
  • 4:33 - 4:35
    Scenario D ဆိုပါစို့။
  • 4:35 - 4:37
    ဈေးနှုန်းဟာ တစ်ပေါင်လျှင် ၄ဒေါ်လာ ဖြစ်သွားပါပြီ။
  • 4:37 - 4:41
    အရင်လိုပဲ ကျွန်တော်ဟာ အခြားအပင်တွေကို စိုက်တာ ရပ်လိုက်ပါတော့မယ်။
  • 4:41 - 4:42
    စပျစ်သီးကို သူတို့အစားထိုးပါမယ်။
  • 4:42 - 4:44
    ဘာကြောင့်လဲဆိုတော့ စပျစ်သီးဈေးနှုန်းဟာ အရမ်းမြင့်နေလို့ပါ။
  • 4:44 - 4:50
    ဒါကြောင့် ကျွန်တော်ဟာ ၂၇၅၀ ပေါင် စတင်ထုတ်လုပ်ပါမယ်။
  • 4:50 - 4:53
    ဒါကြောင့် ရောင်းလိုအား ဇယားကို ကျွန်တော်တို့ ဆွဲနိုင်ပါပြီ။
  • 4:53 - 4:56
  • 4:56 - 5:00
    ကျွန်တော်သိပ်ပြီးသဘောမတွေ့တယ့် လုပ်ကိုင်နေကျ လုပ်ဆောင်မှုပုံစံ အတူတူပါပဲ။
  • 5:00 - 5:03
    ဈေးနှုန်းကို ဒေါင်လိုက် ၀င်ရိုးမှာ ထည့်ပါတယ်။
  • 5:03 - 5:04
    ဘာကြောင့်လဲဆိုတော့ သင်တွေ့တဲ့အတိုင်း
  • 5:04 - 5:07
    ဈေးနှုန်းကို ကိန်းရှင် တစ်ခုအနေနဲ့ ပြောနေကျမို့လို့ပါ။
  • 5:07 - 5:09
    ဒါပေမယ့် ကျွန်တော်တို့ဒီလို အမြဲတော့ သတ်မှတ်လို့ မရပါဘူး
  • 5:09 - 5:11
    သင်္ချာနဲ့ သိပ္ဗံ ပညာရပ်တွေမှာ
  • 5:11 - 5:13
    ကိန်းရှင် ကို အလျားလိုက်ဝင်ရိုးမှာ ထားလေ့ရှိပါတယ်။
  • 5:13 - 5:15
    ဒါပေမယ့် ဘောဂဗေဒမှာ လုပ်ကိုင်နေကျ ပုံစံကတော့
  • 5:15 - 5:17
    ဒေါင်လိုက်ဝင်ရိုးမှာထားလေ့ရှိပါတယ်။
  • 5:17 - 5:18
    ကောင်းပြီ။ ဈေးနှုန်းကို ဒေါင်လိုက်ဝင်ရိုးမှာထား။
  • 5:18 - 5:23
    တစ်ကယ်တော့ ဒါဟာ တစ်ပေါင်မှာ ရှိသည့် ဈေးနှုန်းပါ။
  • 5:23 - 5:28
    အလျားလိုက်ဝင်ရိုးမှာတော့ ထုတ်လုပ်တယ့် ပမာဏကို ထားပါတယ်။
  • 5:28 - 5:32
    ထုတ်လုပ်သည့်ပမာဏလို့ပဲ ရေးလိုက်ပါမယ်။
  • 5:32 - 5:34
    နောက်တစ်နှစ်အတွက် ဆိုပါစို့။
  • 5:34 - 5:38
    ဒါတွေအားလုံးကို နောက်တစ်နှစ်စာ အဖြစ် ယူဆထားပါတယ်။
  • 5:38 - 5:41
    ပြီးတော့ ပေါင် အားဖြင့် ထောင်ပေါင်းများစွာဖြစ်ပါတယ်။
  • 5:41 - 5:45
    ဒါကြောင့် ပေါင်အားဖြင့် ထောင်ပေါင်းများစွာကို ကျွန်တော်ထည့်လိုက်ပါမယ်။
  • 5:45 - 5:49
    ၁၀၀၀မှ ၃၀၀၀ အထိ တစ်လျှောက်လုံးကို ကျွန်တော်တို့ မြင်တွေ့နိုင်ပါတယ်။
  • 5:49 - 5:54
    ဒါဟာ ၁၀၀၀ ပါ။
  • 5:54 - 5:57
    ၁၀၀၀ အတွက် ၁ ကို ရေးလိုက်ပါတယ်။ ဒါက ၂၀၀၀၊ ဒါက ၃၀၀၀။
  • 5:57 - 5:59
    ဈေးနှုန်းက ၄ အထိ တောက်လျှောက်တက်သွားပါတယ်။
  • 5:59 - 6:04
    ဒါကြောင့် ဒါဟာ ၁၊၂၊၃၊ ၄ ဖြစ်ပါတယ်။
  • 6:04 - 6:06
    အဲဒီ ပွိုင့်တွေကို နေရာမှတ်ထားလိုက်ပါတယ်။
  • 6:06 - 6:09
    ဒါတွေဟာ ရောင်းလိုအား ဂရပ်အပေါ်က ပွိုင့်တွေဖြစ်ပါတယ်။
  • 6:09 - 6:16
    ဒါကြောင့် ၁ဒေါ်လာမှာ ပေါင် ၁၀၀၀ ပေးနိုင်ပါတယ်။
  • 6:16 - 6:17
    Scenario A ဖြစ်ပါတယ်။
  • 6:17 - 6:24
    ၂ဒေါ်လာမှာ ကျွန်တော်တို့ဟာ ပေါင် ၂၀၀၀ ပေးနိုင်ပါတယ်။
  • 6:24 - 6:26
    Scenario B ဖြစ်ပါတယ်။
  • 6:26 - 6:29
    ၃ဒေါ်လာမှာ ကျွန်တော်တို့ဟာ ပေါင် ၂၅၀၀ ပေးနိုင်ပါတယ်။
  • 6:29 - 6:32
    ၃ ဒေါ်လာ။ ဆော်ရီးပါ။
  • 6:32 - 6:36
    ကျွန်တော်ရဲ့  ၀င်ရိုးတွေ အချင်းချင်း ရောသွားတာကို ကျွန်တော် သတိပြုမိပါတယ်။
  • 6:36 - 6:37
    ဒါဟာ ဈေးနှုန်းဖြစ်ပါတယ်။
  • 6:37 - 6:39
    အဲဒီလိုပြောတဲ့အခါမှာ ဒါမဟုတ်ပါဘူး။
  • 6:39 - 6:41
    ပြောင်းလဲနေတယ့် အရာအနေနဲ့ကျွန်တော်တို့က ကြည့်နေလို့ပါ။
  • 6:41 - 6:43
    အဲဒီလို အမြဲဖြစ်နေဖို့လဲမလိုပါဘူး။
  • 6:43 - 6:51
    ဒါကြောင့် ၁ဒေါ်လာ - ၁၀၀၀ ပေါင်၊၂ ဒေါ်လာ - ၂၀၀၀ ပေါင်။
  • 6:51 - 6:57
    ၃ဒေါ်လာ၊ဒီတစ်ခု မဟုတ်ပါ။ ဒါက ၃ဒေါ်လာ မဟုတ်ပါ။ ဒီတစ်ခုမှ ၃ဒေါ်လာ၊၃ဒေါ်လာ - ၂၅၀၀ ပေါင်။
  • 6:57 - 6:59
    ဒါက ရေးလို်က်ပါမယ်။
  • 6:59 - 7:01
    ဒါက ၂၅၀၀ အတွက်ပါ။
  • 7:01 - 7:03
    အပြာရောင်နဲ့ လုပ်လိုက်ပါမယ်။
  • 7:03 - 7:05
    ရောမသွားအောင်လို့ပါ။
  • 7:05 - 7:08
    ဒါကြောင့် ၃ဒေါ်လာ - ၂၅၀၀ ပေါင်။
  • 7:08 - 7:10
    မှန်လောက်ပါပြီ။
  • 7:10 - 7:11
    ဒါဟာ Scenario C
  • 7:11 - 7:14
    Scenario D က...
  • 7:14 - 7:16
    ကျွန်တော့်ကို ဒီနားမှာ နည်းနည်း ရှင်းခွင့်ပြုပါ။
  • 7:16 - 7:18
    အရမ်းကပ်နေလို့ပါ။
  • 7:18 - 7:22
    ၂၅၀၀ ပေါင် က ဒီနားလေးမှာ သွားရှိပါတယ်။
  • 7:22 - 7:24
    Scenario C
  • 7:24 - 7:29
    Scenario D မှာက ၄ဒေါ်လာ - ၂၇၅၀ ပါ။
  • 7:29 - 7:32
    ၂၇၅၀ က ဒီနားလောက်မှာပါ။
  • 7:32 - 7:33
    ဒါဆို ဒါက ၄ဒေါ်လာပါ။
  • 7:33 - 7:35
    Scenario D ဖြစ်ပါတယ်။
  • 7:35 - 7:37
    သူတို့ကို ဆက်လိုက်မယ်ဆိုလျှင်
  • 7:37 - 7:41
    သူတို့တွေအားလုံးဟာ ကျွန်တော်တို့ရဲ့  ရောင်းလိုအား ဂရပ်ပေါ်မှာ ရှိနေမှာဖြစ်ပါတယ်။
  • 7:41 - 7:46
    သူတို့ အားလုံးရှိနေတယ့် အတွက်ကြောင့်
  • 7:46 - 7:48
    ဒီလိုပုံမျိုး ဖြစ်လာမှာဖြစ်ပါတယ်။
  • 7:48 - 7:51
    ဒါကြောင့် အဲဒီအပေါ်မှာ စပျစ်သီးတွေကို ရောင်းနိုင်မယ့်
  • 7:51 - 7:53
    အနည်းဆုံးဈေးပေါ်လာမှာဖြစ်ပါတယ်။
  • 7:53 - 7:54
    စပျစ်သီးတွေကို အလကားပေးပစ်မှာမဟုတ်တဲ့အတွက်
  • 7:54 - 7:57
    အနည်းဆုံးဈေးဟာ ဒီနားလောက်မှာ သွားရှိမှာဖြစ်ပါတယ်။
  • 7:57 - 7:59
    အဲဒီဟာကလည်း စပျစ်သီးတွေကို စတင် ထုတ်လုပ်နိုင်ရုံလောက်သာ ဖြစ်ပါတယ်။
  • 7:59 - 8:01
    ဒါကြောင့် ဒီမှာရတာကတော့
  • 8:01 - 8:03
    ကျွန်တော်တို့ ရဲ့  ရောင်းလိုအား ဂရပ် ပုံ ဖြစ်ပါတယ်။
  • 8:03 - 8:05
    အခုမှတ်သားထားရမှာက ကျွန်တော်တို့ အခု ပြောင်းနေတာဟာ
  • 8:05 - 8:07
    ဈေးနှုန်းတစ်ခုတည်းသာဖြစ်ပါတယ်။
  • 8:07 - 8:09
    တစ်ခြားသော အရာတွေမပြောင်းလဲပဲ ဈေးနှုန်းသာ ပြောင်းလဲသွားမည်ဆိုလျှင်
  • 8:09 - 8:12
    ဒီဂရပ် တစ်လျှောက် ရွေ့ လျားသွားမှာဖြစ်ပါတယ်။
  • 8:12 - 8:13
    အခုလာမယ့် ဗီဒီယိုအနည်းငယ်မှာ
  • 8:13 - 8:15
    ကျွန်တော်ဟာ ဘာမှမပြောင်းလဲနိုင်ဘူးလို့ ပြောထားတဲ့အရာတွေ
  • 8:15 - 8:16
    အကြောင်းကိုပြောမှာဖြစ်ပြီး
  • 8:16 - 8:18
    ဘယ် ဈေးနှုန်းမှာမဆို သူတို့တွေဟာ ဒီဂရပ် အပေါ်ကို ဘယ်လိုသက်ရောက်မှုရှိသလဲနှင့်
  • 8:18 - 8:20
    ဂရပ် ကို ယေဘုယျအားဖြင့်
  • 8:20 - 8:23
    ဘာလုပ်နိုင်တယ်ဆိုတာ ကို လည်း ပြောသွားမှာဖြစ်ပါတယ်။
  • Not Synced
Title:
Law of Supply
Description:
more » « less
Video Language:
English
Duration:
08:24
myattheingi edited Burmese subtitles for Law of Supply
Jonathan Shu edited Burmese subtitles for Law of Supply
sumaung984 edited Burmese subtitles for Law of Supply
sumaung984 edited Burmese subtitles for Law of Supply
sumaung984 edited Burmese subtitles for Law of Supply
Burmese subtitles
Incomplete
Revisions