Return to Video

ဘာကြောင့် ကျီးပေါင်းပင်အောက်မှာ နမ်းကြတာလဲ။ Carlos Reif

  • 0:07 - 0:10
    ကျီးပေါင်းပင် မြင်ရတာ သင့်ကို
    သုတ်သုတ်ပြာပြာ ပြေးစေနိုင်သလို
  • 0:10 - 0:12
    တစ်စုံတစ်ယောက်ကို သင် မျက်စေ့ကျနေရင်တော့
  • 0:12 - 0:15
    ၎င်းရဲ့ဆွတ်ဆွတ်ဖြူဘယ်ရီသီးတွေအောက်မှာ
    အခွင့်တစ်ခုစောင့်နေတာဖြစ်လောက်တယ်။
  • 0:15 - 0:19
    ဒါပေမဲ့ ကျီးပေါင်းပင်အောက်မှာ နမ်းတဲ့
    ပျော်ပွဲသဘင် ခရစ္စမတ်အစဉ်အလာက
  • 0:19 - 0:20
    ဘယ်လို ဖြစ်ပေါ်ခဲ့တာလဲ။
  • 0:20 - 0:24
    သက်တမ်းကြာရှည်ပြီဖြစ်တဲ့ အစဉ်အလာက
    ဒီစိတ်ဝင်စားစရာ အပင်ရဲ့ ဒဏ္ဍာရီနဲ့
  • 0:24 - 0:26
    ဇီဝဗေဒနဲ့ ရောယှက်နေပါတယ်။
  • 0:26 - 0:29
    ကမ္ဘာတစ်လွားမှာ ပေါက်တဲ့
    ကျီးပေါင်းပင်မျိုးစိတ်
  • 0:29 - 0:31
    ၁၀၀၀ ကျော်ရှိပါတယ်။
  • 0:31 - 0:34
    တကယ်က ရှေးဟောင်း ဥရောသားတွေဟာ
    သူတို့ရဲ့ ရိုးရာပုံပြင်တွေမှာ
  • 0:34 - 0:36
    ထည့်သွင်းတဲ့အထိတောင်
  • 0:36 - 0:39
    ဒီအပင်ရဲ့ ထူးခြားတဲ့ ကြီးထွားမှု
    အလေ့အထတွေရဲ့ ညှို့ယူဖမ်းစားခံလိုက်ရတယ်။
  • 0:39 - 0:41
    ရှေးဟောင်း ရောမမှာ
  • 0:41 - 0:44
    ဒီကျီးပေါင်းပင်ဟာနတ်ဘုရားတွေရဲ့
    ကောင်းကင်ဘုံကနေ ကြွေကျလာတယ်လို့
  • 0:44 - 0:49
    ရှေးဟောင်း အင်္ဂလန်မှ ဘုန်းတော်ကြီး Druid
    ယုံကြည်ပုံကို Pliny the Elder ကဖော်ပြတယ်။
  • 0:49 - 0:53
    ဒါက အပင်တချို့ရဲ့ ကိုင်းမြင့်တွေကြားမှာ
    ၎င်းရဲ့ ဖြစ်နိုင်ခြေမရှိတဲ့
  • 0:53 - 0:55
    အနေအထားကို ရှင်းပြခဲ့တယ်။
  • 0:55 - 0:57
    အပင်မှာ ကုသပေးခြင်းနဲ့
    သား၊သမီးရနိုင်တဲ့ အစွမ်းတွေ
  • 0:57 - 0:59
    ရှိတယ်လို့ သူတို့ ယုံကြည်ကြသေးတယ်။
  • 0:59 - 1:03
    တစ်ချိန်တည်း စကင်ဒီနေးဗီးယန်းရိုးရာပုံပြင်
    က နတ်ဘုရား Baldr နဲ့ မြတ်နိုးရတဲ့ မိခင်၊
  • 1:03 - 1:08
    အချစ်၊ ထိမ်းမြားမှုနဲ့ သားသမီး
    ထွန်းကားမှု နတ်သမီး Frigg ပုံပြင်ထဲက
  • 1:08 - 1:11
    ဒီအပင်ရဲ့ ဆန်းပြားတဲ့
    အရည်အသွေးတွေကို ပြောပြတယ်။
  • 1:11 - 1:15
    Frigg ဟာ အပင်တိုင်း၊ တိရစ္ဆာန်တိုင်းနဲ့
    သက်မဲ့ အရာဝတ္ထုတိုင်းကို
  • 1:15 - 1:16
    သူ့သားကို လုံးဝ
  • 1:16 - 1:20
    အန္တရာယ်မပြုမိအောင် အဓိဋ္ဌာန်ပြုဖို့
    အမိန့်ပေးတဲ့အထိ သူသားကို သိပ်ချစ်ခဲ့တယ်။
  • 1:20 - 1:23
    ဒါပေမဲ့ သူ့ရဲ့ စိတ်ထက်သန်မှုမှာ
    ကျီးပေါင်းပင်ကို သတိမမူမိခဲ့ဘူး။
  • 1:23 - 1:26
    ကျီစယ်တတ်တဲ့ နတ်ဘုရား Loki က
    ဒီသတိမမူမိတာကို သိသွားခဲ့ပြီး
  • 1:26 - 1:29
    Baldr ရဲ့ နှလုံးသားကို ကျီးပေါင်းကိုင်းမှ
    ထွင်းထားတဲ့
  • 1:29 - 1:31
    မြားနဲ့ ထိုးစိုက်ခဲ့တယ်။
  • 1:31 - 1:33
    မျက်ရည်တွေက ကျီးပေါင်းပင်ရဲ့
  • 1:33 - 1:36
    ပုလဲလို ဘယ်ရီသီးတွေဖြစ်တဲ့အထိ
    Frigg ဟာ ဝမ်းနည်းမျက်ရည်ကျခဲ့ပြီး
  • 1:36 - 1:40
    အခြားနတ်ဘုရားတွေ သူ့ကို သနားကာ Baldr ကို
    ပြန်အသက်သွင်းဖို့ သဘောတူအောင်လုပ်ခဲ့တယ်။
  • 1:40 - 1:43
    သတင်း ကြားတဲ့အခါ Frigg ဟာ
    ကျီးပေါင်းပင်ကို သေခြင်းရဲ့ သင်္ကေတကနေ
  • 1:43 - 1:47
    ငြိမ်းချမ်းမှုနဲ့ အချစ်ရဲ့ သင်္ကေတအဖြစ်
    ပြောင်းလိုက်တဲ့အထိ
  • 1:47 - 1:49
    ဝမ်းသာပီတိဖြစ်ခဲ့တယ်။
  • 1:49 - 1:52
    ရန်ပွဲအားလုံးကို တစ်နေ့တာ
    စစ်ပြေငြိမ်းမှုတစ်ခု ပြဌာန်းပြီး
  • 1:52 - 1:56
    ဖြတ်လျှောက်သွားတဲ့အခါ
    ကမ္ဘာထဲကို အချစ်တွေ ပိုပျံ့နှံ့စေဖို့
  • 1:56 - 1:59
    လူတိုင်းဟာ ၎င်းရဲ့အကိုင်းတွေအောက်မှာ
    ပွေ့ဖက်ကြတယ်။
  • 1:59 - 2:00
    ၁၇ ရာစုမှာ
  • 2:00 - 2:03
    ကမ္ဘာသစ်ကို ရောက်လာနေတဲ့
    ဗြိတိသျှ ကိုလိုနီတွေက
  • 2:03 - 2:05
    ခြားနားပေမဲ့
    အလားတူ ပုံပေါက်နေတဲ့
  • 2:05 - 2:07
    ကျီးပေါင်း မျိုးစိတ်တွေကို တွေ့ရှိခဲ့တယ်။
  • 2:07 - 2:11
    သူတို့က မှော်ဆန် ကလေးရနိုင်မှုနဲ့ အချစ်
    ပုံပြင်တွေမှာ ဒါကို အသုံးပြုခဲ့တယ်။
  • 2:11 - 2:16
    ကျီးပေါင်းပင် ချိတ်ဆွဲခြင်း အစဉ်အလာကို
    ဥရောပကနေ အမေရိကကို ပျံ့နှံ့စေခြင်းပါ။
  • 2:16 - 2:18
    ၁၈ ရာစုလောက်မှာ
  • 2:18 - 2:21
    ဗြိတိန်က လူတွေဟာ ဒါကို ခရစ္စမတ်
    အစဉ်အလာတစ်ခုအဖြစ် ပြောင်းခဲ့ပေမဲ့
  • 2:21 - 2:25
    ဒီဓလေ့က လူသား စိတ်ကူးစိတ်သန်းထက်
    ပိုတာအထိ ရောက်သွားပါတယ်။
  • 2:25 - 2:28
    ဒါအားလုံးက ဒီအပင်ရဲ့ စိတ်ဝင်စားစရာ
    ဇီဝဗေဒကနေ စေ့ဆော်ပေးတာပါ။
  • 2:28 - 2:31
    ကျီးပေါင်းပင်ကို ပျော်ပွဲဆင်ယင်မှု
    တစ်ခုအဖြစ် မြင်ကြပေမဲ့
  • 2:31 - 2:37
    တောရိုင်းထဲက ကိုင်းမတွေမှာ လွှမ်းခြုတယ်။
    တစ်စိတ်တစ်ပိုင်း ကပ်ပါးပင်လို့သိကြတယ်။
  • 2:37 - 2:40
    ကျီးပေါင်းပင်ဟာ အခေါက်တွေကို ထိုးဖောက်ပြီး
  • 2:40 - 2:42
    သစ်ပင်တွေက ပင်စည်တွေထိ သယ်ဆောင်လာတဲ့
  • 2:42 - 2:44
    ရေနဲ့ သတ္တုတွေကို စုပ်ထုတ်တဲ့ haustoria
  • 2:44 - 2:47
    လို့ခေါ်တဲ့ မွမ်းမံထားတဲ့
    အမြစ်တွေကို အားထားတယ်။
  • 2:47 - 2:49
    အစေ့တွေနဲ့ အနီးနားက
    အပင်တွေကို သိမ်းပိုက်ဖို့
  • 2:49 - 2:52
    ကျီးပေါင်းပင်ဟာ အစုကွဲသွားစေဖို့
    ငှက်တွေနဲ့
  • 2:52 - 2:54
    အခြား သတ္တဝါတွေကို အမှီပြုတယ်။
  • 2:54 - 2:57
    ကျီးပေါင်းပင်ရဲ့ စေးကပ်တဲ့ ဘယ်ရီဖြူတွေကို
    စားတဲ့ ငှက်တွေဟာ
  • 2:57 - 3:01
    အသီးတွေကို သစ်ပင်အခေါက်မှာ သုတ်ပစ်ရင်း
    တစ်ခါတစ်ရံ စေးတဲ့ အစေ့တွေကို ရှင်းပစ်တယ်။
  • 3:01 - 3:05
    (သို့) နည်းနည်း ကံကောင်းရင် မကြေနိုင်တဲ့
    အစေ့တွေကို မစင်စွန့်တယ်။
  • 3:05 - 3:09
    အဲဒီမှာ အညှောင့်ပေါက်ပြီး စကြီးထွားတယ်။
  • 3:09 - 3:11
    ၎င်းရဲ့ ဒဏ်ခံနိုင်မှု၊ စိမ်းလန်းဆဲ
    သစ်ရွက်နဲ့အတူ
  • 3:11 - 3:14
    ဘေးဝန်းကျင်က သစ်ပင်တွေကတော့
    အရွက်တွေ ကြွေနေစဉ်မှာတောင်
  • 3:14 - 3:18
    ဘာကြောင့် အယူသည်းတဲ့ ဘိုးဘွားတွေကို
    ကျီးပေါင်းပင်က ဖမ်းစားခဲ့တာကို သိနိုင်တယ်။
  • 3:18 - 3:23
    ဒါတွေကို အပင်ရဲ့ မှော်ဆန်တဲ့ အရည်အသွေးနဲ့
    ကလေးမွေးနိုင်မှု လက္ခဏာတွေအဖြစ် မြင်တယ်။
  • 3:23 - 3:26
    ယနေ့မှာတောင် ကျီးပေါင်းပင်ဟာ
    ၎င်း ထောက်ပံ့တဲ့ တောရိုင်းရဲ့
  • 3:26 - 3:30
    ထွေပြားမှုနဲ့ အံ့ဖွယ်ရာကို
    စေ့ဆော်ပေးတယ်။
  • 3:30 - 3:34
    ကပ်ပါးတစ်ခုဆိုတာထက် အချက်အချာ
    မျိုးစိတ်တစ်ခုလို့လည်း သိကြပါသေးတယ်။
  • 3:34 - 3:36
    ဒါကို တိရစ္ဆာန်မျိုးစုံက စားသောက်ပါတယ်။
  • 3:36 - 3:37
    သမင် အပါအဝင်
  • 3:37 - 3:38
    သမင်ကြီး၊
  • 3:38 - 3:39
    ရှဉ့်တွေ၊
  • 3:39 - 3:39
    ရှည့်အစင်းတွေ
  • 3:39 - 3:40
    ဖြူကောင်တွေ၊
  • 3:40 - 3:41
    မြေလူးငှက်တွေ၊
  • 3:41 - 3:42
    ငှက်ပြာတွေ၊
  • 3:42 - 3:43
    ချိုးငှက်တွေနဲ့
  • 3:43 - 3:47
    genus Dellas လိပ်ပြာတွေပါ။
  • 3:47 - 3:49
    တချို့ကျီးပေါင်း မျိုးစိတ်တွေက
  • 3:49 - 3:53
    ငှက်မျိုးစုံအတွက်အသိုက်လုပ်တဲ့ နေရာကောင်း
    ဖြစ်တဲ့ ချုံပုတ်ထူတွေ ထုတ်ပေးတယ်။
  • 3:53 - 3:58
    သစ်ပင်တွေနဲ့ ကပ်ပါး ဆက်စပ်မှုဆိုပေမဲ့
  • 3:58 - 4:00
    ကျီးပေါင်းပင်ဟာ အခြားအပင်တွေကို
    ကူညီနိုင်သေးတယ်။
  • 4:00 - 4:03
    ဥပမာ၊ ကျီးပေါင်းပင်အနီးက
    ထင်းရှူးချုံ အစို့တွေက
  • 4:03 - 4:06
    လာလည်တဲ့ ဘယ်ရီစားတဲ့ ငှက်တွေဆီကနေ
    အကျိုးခံစားဖို့ပါ။
  • 4:06 - 4:10
    ၎င်းက ပေးတဲ့ အကျိုးကျေးဇူးများစွာကနေ
    ကျီးပေါင်းပင်ဟာ ထွေပြားမှုကို
  • 4:10 - 4:12
    ဩဇာလွမ်းကာ ဂေဟစစနစ်ကို
    ရှင်သန်ခွင့်ပေးပါတယ်။
  • 4:12 - 4:16
    ဒီအထင်ကရ အပင်အတွက် ဘဝဟာ ဒဏ္ဍာရီကို
    တုပတယ်လို့အောင် သင်ပြောနိုင်လောက်တယ်။
  • 4:16 - 4:20
    တောရိုင်းထဲမှာ ကျီးပေါင်းပင်မှာ အရာတွကို
    အတူစုဖို့ စွမ်းအားရှိပြီး
  • 4:20 - 4:23
    ကျွန်ုပ်တို့ အစဉ်အလာတွေမှာတော့
    ဒါ ဖြစ်နေတာကိုလည်း မြင်ရတယ်။
Title:
ဘာကြောင့် ကျီးပေါင်းပင်အောက်မှာ နမ်းကြတာလဲ။ Carlos Reif
Speaker:
Carlos Reif
Description:

သင်ခန်းစာ အပြည့်အစုံကို http://ed.ted.com/lessons/why-do-we-kiss-under-mistletoe-carlos-reif တွင် ကြည့်ရှုပါ။

ကျီးပေါင်းပင် မြင်ရခြင်းဟာ သင့်ကို သင့်ကို သုတ်သုတ်ပြာပြာ ပြေးစေနိုင်သလို့ တစ်စုံတစ်ယောက်ကို သင် မျက်စေ့ကျနေရင်တော့ ၎င်းရဲ့ ဆွတ်ဆွတ်ဖြူနေတဲ့ ဘယ်ရီသီးတွေအောက်မှာ အခွင့်အလမ်းတစ်ခုကို စောင့်ဆိုင်းနေတာမျိုးဖြစ်လောက်တယ်။ ဒါပေမဲ့ ကျီးပေါင်းပင်အောက်မှာ နမ်းတဲ့ ပျော်ပွဲသဘင် အစဉ်အလာက ဘယ်လို ဖြစ်ပေါ်ခဲ့တာလဲ။ Carlos Reif ကနေပြီး သက်တမ်းကြာရှည်ပြီဖြစ်တဲ့ အစဉ်အလာက ဒီစိတ်ဝင်စားစရာ အပင်ရဲ့ ဒဏ္ဍာရီနဲ့ ဇီဝဗေဒနဲ့ ရောယှက်နေပုံကို ရှင်းပြထားပါတယ်။
သင်ခန်းစာကို Carlos Reif က ပြုစုပြီး လှုပ်ရှားမှုရုပ်ပုံများကိုတော့ CUB Animation က ဖန်တီးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:42

Burmese subtitles

Revisions