Return to Video

လွဲမှားနေတဲ့ သတင်းလုပ်ငန်းကို ပြုပြင်ဖို့ နည်းလမ်း ၃ ခု

  • 0:01 - 0:04
    လွန်ခဲ့တဲ့ ငါးနှစ်က ကျွန်မမှာ
    စိတ်ကူးယဉ်အလုပ် တစ်ခုရှိခဲ့တယ်။
  • 0:05 - 0:07
    ကျွန်မက အရှေ့အလယ်ပိုင်းက
    ABC News အတွက် သတင်းရေးတဲ့
  • 0:07 - 0:09
    နိုင်ငံခြားသတင်းထောက်ပါ။
  • 0:09 - 0:11
    ဒါပေမဲ့ နံရံမှာ အက်ကြောင်းတစ်ခု ရှိခဲ့တယ်၊
  • 0:11 - 0:14
    ကျွန်မတို့ ပြင်ဖို့လိုတဲ့ ပြဿနာတစ်ခု
  • 0:14 - 0:16
    ကျွန်မတို့ လုပ်ငန်းနယ်ပယ်ထဲမှာ ရှိခဲ့တယ်။
  • 0:17 - 0:21
    သိတဲ့အတိုင်း ၂၀၀၇ အကုန်လောက်မှာ
    ကျွန်မ အရှေ့အလယ်ပိုင်းကို သွားခဲ့တယ်။
  • 0:21 - 0:23
    ဒါက အီရတ်စစ်ပွဲရဲ့
  • 0:23 - 0:25
    အလယ်လောက်မှာပါ။
  • 0:25 - 0:28
    ဒါပေမဲ့ ကျွန်မ ရောက်သွားတော့
    လေလှိုင်းမှာ အီရတ်အကြောင်း ဖြစ်ရပ်တွေ
  • 0:28 - 0:31
    ရှာတွေ့ဖို့က မဖြစ်နိုင်သလောက်ပါ။
  • 0:32 - 0:34
    ဘုတ်အဖွဲ့မှာ သတင်းကွန်ရက်တွေမှာ
  • 0:34 - 0:35
    သတင်းပေးပိုချက် ကျသွားတယ်။
  • 0:35 - 0:37
    သူတို့ လုပ်ခဲ့တဲ့ ဖြစ်ရပ်တွေအနက်
  • 0:37 - 0:41
    ၈၀ ရာနှုန်းကျော်ဟာ
    ကျွန်မတို့ အကြောင်းတွေပါ။
  • 0:41 - 0:43
    အီရတ်နဲ့ အဲဒီမှာနေတဲ့
    လူတွေအကြောင်း ဖြစ်ရပ်တွေ
  • 0:43 - 0:45
    စစ်ရဲ့ ဝန်ပိမှုအောက်မှာ
  • 0:45 - 0:48
    သူတို့ဖြစ်ပျက်နေတာတွေကြောင်း
    ကျွန်မတို့ မသိရ လွတ်နေတယ်။
  • 0:49 - 0:53
    အာဖဂန်နစ္စတန်က ပြောဆိုနေတဲ့
    အကြောင်း မဟုတ်တော့ဘူး။
  • 0:53 - 0:56
    ၂၀၀၈ မှာ အာဖဂန်နစ္စတန်နိုင်ငံရဲ့
    စစ်နဲ့ သက်ဆိုင်တဲ့
  • 0:56 - 0:59
    သတင်းဖြစ်ရပ်တွေ
    တစ်ရာနှုန်းတောင် မရှိခဲ့ဘူး။
  • 0:59 - 1:02
    အမေရိကန်သမိုင်းမှာ အရှည်ဆုံးစစ်ပွဲဆိုပေမဲ့
  • 1:02 - 1:04
    သတင်းအချက်အလက်က
    အရမ်းရှားလိုက်တာများ
  • 1:04 - 1:06
    ကျွန်မတို့ စကားပြောခဲ့တဲ့
    ကျောင်းဆရာတွေ ပြောတာက
  • 1:06 - 1:09
    ဒီကျောင်းသားတွေမှာ တိုက်ခိုက်နေပြီး
    တစ်ခါတစ်ရံ ပင်လယ်ရပ်ခြားမှာ
  • 1:09 - 1:11
    သေတဲ့ မိဘတွေရှိတဲ့အခါ
  • 1:11 - 1:13
    ကျွန်မတို့ လုပ်နေတာကို
  • 1:13 - 1:16
    ကျောင်သားတွေကို ရှင်းပြဖို့
    ဒုက္ခရောက်တယ်တဲ့။
  • 1:17 - 1:19
    ကျွန်မတို့ အရာမထင်ဖြစ်ခဲ့ပြီး
  • 1:19 - 1:22
    ဒါက အိရတ်နနဲ့ အာဖဂန်နစ္စတန်ပဲ
    မဟုတ်ဘူးလေ။
  • 1:22 - 1:24
    ပဋိပက္ခဇုန်ကနေ ရာသီဥတု အပြောင်းအလဲထိ
  • 1:24 - 1:29
    ပြည်သူ့ကျန်မာရေး ဝေဖန်မှုတွေ
    တစ်ဝိုက်က ကိစ္စရပ်ပေါင်းစုံထိ
  • 1:29 - 1:32
    ကျွန်မအခေါ် မျိုးစိတ်အဆင့် ကိစ္စရပ်တွေကို
    ကျွန်မတို့ လွတ်နေတယ်၊
  • 1:32 - 1:36
    အကြောင်းက မျိုးစိတ်တစ်ခုအနေနဲ့ ၎င်းတို့က
    ကျွန်မတို့ကို ဒုက္ခပေးနိုင်လို့ပါ။
  • 1:36 - 1:40
    ကျွန်မတို့ခေတ်ရဲ့ ရှုပ်ထွေးတဲ့
    ကိစ္စရပ်တွေကို နားလည်းဖို့ ပျက်ကွက်ခြင်းက
  • 1:40 - 1:44
    သေချာပေါင် ဒိဌ ဂယက်ရိုက်မှုတွေကို
    ရင်ဆိုင်လာစေနေတယ်။
  • 1:44 - 1:46
    ကျွန်မတို့ အခြေခံကျကျ နားမလည်တဲ့၊
  • 1:46 - 1:48
    အချိန်နဲ့ တစ်ပြေးညီ ခြေရာမခံနိုင်တဲ့၊
  • 1:48 - 1:50
    နောက်ပြီး ကိစ္စရပ်တွေကိုလုပ်ဆောင်နေတဲ့
  • 1:50 - 1:52
    လူတွေကို ကျွန်မတို့ မမြင်၊ တစ်ခါတစ်ရံ
  • 1:52 - 1:54
    အချင်းချင်းလည်း မမြင်ရတဲ့အခါ
  • 1:54 - 1:56
    ပြဿနာတွေကို ဘယ်လိုများ ဖြေရှင်းတော့မှာလဲ။
  • 1:58 - 2:00
    အီရတ်ကို ပြန်ကြည့်လိုက်ရင်
  • 2:00 - 2:03
    ဒီဖြစ်ရပ်ကို ကျွန်မတို့လွတ်နေတဲ့ နှစ်တွေဟာ
  • 2:03 - 2:06
    လူ့အဖွဲ့အစည်း ပြိုကွဲနေတဲ့ နှစ်တွေပါ၊
  • 2:06 - 2:10
    ISIS ဖြစ်ပေါ်လာစေမယ့်၊ ISIS က Mosul ကို
    သိမ်းပိုက်ပြီး အီရတ်နယ်ခြားတွေကို
  • 2:10 - 2:12
    ကျော်လွန်ပြီး ကျန်ရှိတဲ့ ကမ္ဘာကို
  • 2:12 - 2:14
    ပျံ့နှံ့သွာစေမယ့်အကြမ်းဖက်သမား
  • 2:14 - 2:17
    အကြမ်းဖက်မှုအတွက်
    အခြေအနေတွေကို ခင်းကျင်းနေတဲ့အခါပါ။
  • 2:18 - 2:21
    ဒီလေ့လာမှု ကျွန်မလုပ်နေတဲ့
    အဲဒီကာလတစ်ဝိုက်က
  • 2:21 - 2:23
    အီရတ်နယ်ခြားကို လှမ်းကြည့်မိတော့
  • 2:23 - 2:26
    ကျွန်မတို့လွတ်နေတဲ့ နောက်ဖြစ်ရပ်တစ်ခု
    သတိထားမိတယ်။
  • 2:26 - 2:28
    ဒါက ဆီရီးယားမှာပါ။
  • 2:28 - 2:32
    သင်ဟာ အရှေ့အလယ်ပိုင်း ကျွမ်းကျင်သူဆိုရင်
    ဆီးရီးယားဟာ အစတည်းကကို
  • 2:32 - 2:34
    အရေးပါတာ သင်သိပါတယ်။
  • 2:34 - 2:35
    ဒါပေမဲ့ အာရပ်နွေဦးရဲ့ မေ့လျော့ခံ
  • 2:35 - 2:38
    ဇာတ်လမ်းတွေထဲက တစ်ပုဒ်အဖြစ်ပဲ
    အဆုံးသတ်ခဲ့ပါတယ်။
  • 2:39 - 2:41
    ရှေ့ဦးမှာ ဂယက်ရိုက်မှုတွေ မြင်ခဲ့တယ်။
  • 2:42 - 2:46
    ဆီရီးယားဟာ ဒေသဆိုင်ရာ လုံခြုံရေး၊
    ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေးနဲ့
  • 2:46 - 2:48
    အတွင်းကျကျကို ဆက်နွယ်နေတာပါ။
  • 2:48 - 2:49
    ဒါကို နောက်ချန်ထားခံရတဲ့ နောက်ထပ်
  • 2:50 - 2:52
    ဇာတ်လမ်းတစ်ပုဒ်
    အဖြစ်မခံနိုင်ဘူးလို့ ခံစားမိပါတယ်။
  • 2:53 - 2:58
    ဒါနဲ့ "Syria Deeply" ဝက်ဘ်ဆိုဒ် စတင်ဖို့
    ကြီးမားတဲ့ တီဗီ အလုပ်က ထွက်ခဲ့တယ်။
  • 2:58 - 3:01
    ဒါက ရှုပ်ထွေးတဲ့ ကိစ္စတစ်ရပ်ကို
    နားလည်ဖို့ ပိုလွယ်ကူစေတဲ့
  • 3:01 - 3:04
    သတင်းနဲ့ သတင်းအချက် အရင်းမြစ်ကို
    အစီစဉ်ချထားပြီး
  • 3:04 - 3:07
    လွန်ခဲ့တဲ့ ငါးနှစ်လုံးလုံး
    ဆီရီးယားက ပဋိပက္ခမှာ
  • 3:07 - 3:11
    လုပ်နေကြတဲ့ မူဝါဒချမှတ်သူတွေ၊ ပညာရှင်
    တွေအတွက် အရင်းအမြစ်တစ်ခု ဖြစ်ခဲ့ပါပြီ။
  • 3:12 - 3:13
    တစ်သတ်မှတ်၊ အရည်အသွေးရှိတဲ့
  • 3:13 - 3:17
    သတင်းအချက်အလက်ကို အခြေခံကာ
    ကိစ္စရပ်မှာရှိတဲ့ ထိပ်တန်း ပညာရှင်တွေနဲ့
  • 3:17 - 3:20
    စည်းဝေးရင်း စီးပွားရေး
    ပုံစံတစ်ခု တည်ဆောက်ခဲ့တယ်။
  • 3:20 - 3:23
    ဒါက စကေးကိုက်တဲ့ ပုံစံတစ်ခုလို့ မြင်မိတယ်။
  • 3:23 - 3:27
    "Deeply"လို့ အခြားဟာတွေလုပ်ဖို့
    ထက်သန်တဲ့ ပန်ကြားချက်တွေရခဲ့တယ်။
  • 3:27 - 3:30
    ဒါနဲ့ ကျွန်မတို့ နည်းလမ်းနဲ့ စာရင်းကို
    စလုပ်ခဲ့တယ်။
  • 3:31 - 3:34
    ကျွန်မက စွန်ဦးထွင်များစွာထဲက
    တစ်ဦးဖြစ်ပြီး
  • 3:34 - 3:37
    ကျွန်မတို့ဟာ သတင်းမှာ မှားယွင်းတာကို
    ကြိုးစား ပြင်နေတဲ့
  • 3:37 - 3:40
    ပေါ်ထွန်းစ လုပ်ငန်းမျာစွာထဲက တစ်ခုပါ။
  • 3:40 - 3:42
    သတင်းစာလုပ်ငန်းနဲ့ ပတ်သက်ပြီး
  • 3:42 - 3:44
    မှားနေတာ ကတုတ်ကျင်းတွေထဲက
    ကျွန်မတို့အားလုံး သိတယ်။
  • 3:44 - 3:45
    အဲဒါ လွဲချော်နေတယ်။
  • 3:47 - 3:50
    မီဒီယာကို ယုံကြည်မှုက
    ရာဇဝင်တွင်အောင် နိမ့်ကျသွားပြီ။
  • 3:50 - 3:53
    အဲဒီမှာ မြင်ရတဲ့ ကီန်းဂဏန်းတွေက
    စက်တင်ဘာကပါ။
  • 3:53 - 3:55
    ဘယ်လိုမှ ငြင်းမရအောင် ဆိုးပါတယ်။
  • 3:56 - 3:58
    ဒါပေမဲ့ ပြင်လို့ရတယ်။
  • 3:58 - 3:59
    သတင်းတွေကို ကျွန်မတို့ ပြင်လို့ရတယ်
  • 4:00 - 4:02
    ဒါမှန်တာ ကျွန်မသိတယ်။
  • 4:02 - 4:07
    ကျွန်မကို စိတိကူးယဉ်ဝါဒီလို့ ခေါ်နိုင်တယ်။
    ကိုယ်တိုင်တော့ ဝီရိယရှိတဲ့ အကောင်းမြင်ပါ။
  • 4:07 - 4:10
    အဲဒီမှာ ကျွန်မတို့ အများအပြားရှိတာ
    သိပါတယ်။
  • 4:10 - 4:12
    အကြောင်းအရာတွေ ပိုကောင်းအောင်
    လုပ်ဖို့ စိတ်ကူးတွေ
  • 4:12 - 4:16
    ရှိကာ သင်တို့ကို ကိုယ့်အလုပ်ထဲက ရွေးယူတဲ့
    သုံးခုကို မျှဝေချင်ပါတယ်။
  • 4:17 - 4:19
    စိတ်ကူး နံပါတ်တစ်၊
  • 4:19 - 4:22
    နက်ရှိုင်းတဲ့ နယ်ပယ် အသိသုတပေါ်မှာ
    တည်ဆောက်ထားတဲ့ သတင်းလိုအပ်တယ်။
  • 4:22 - 4:26
    နိုင်ငံတစ်လွှားက သတင်းခန်းတွေမှာ
    အသုတ်လိုက် အလုပ်ပြုတ်သူတွေကို ထောက်ဆလျှင်
  • 4:26 - 4:28
    ကျွန်မတို့ဟာ ကျွမ်းကျင်မှုအတတ်ပညာ
    ပျောက်သွားပြီ။
  • 4:28 - 4:31
    စေ့စေ့စပ်စပ် သတင်းပို့ခြင်းဟာ
    ဘေးသင့်နေတဲ့ အရာပါ။
  • 4:31 - 4:33
    နိုင်ငံခြားသတင်းတွေနဲ့ဆိုင်တဲ့အခါ
  • 4:33 - 4:37
    ပြင်နိုင်တဲ့နည်းက ပိုများတဲ့ ဒေသခံ
    သတင်းစာသမားတွေနဲ့ တွဲလုပ်၊
  • 4:37 - 4:39
    ဖုန်းနံပါတ်၊ အသံတွေ ယူလာတဲ့
    ပွဲစားတွေအဖြစ်မဟုတ်ပဲ
  • 4:39 - 4:43
    သူတို့ကို လုပ်ဖော်တွေ၊ ပူးပေါင်းသူတွေလို
    ဆက်ဆံခြင်းနဲ့ပါ။
  • 4:43 - 4:47
    ဆီးရီးယားနဲ့ အာဖရီက၊ အာရှတစ်လွှားက
    ကျွန်မတို့ ဒေသခံ သတင်းထောက်တွေက
  • 4:47 - 4:51
    ကျွန်မတို့ကိုယ်တိုင်ဆို ရှာတွေ့မှာမဟုတ်တဲ့
    ဖြစ်ရပ်တွေ ယူလာပေးတယ်။
  • 4:51 - 4:55
    Damascus ရဲ့ ဆင်ခြေဖုံးက
    ဒီတစ်ခုလိုပေါ့၊ စစ်ပွဲမှာ ဒဏ်ရာရသူတွေကို
  • 4:55 - 4:58
    မျှော်လင့်ချက်ပေးတဲ့
    ဘီးတပ်ကုလားထိုင် ပြိုင်ပွဲတစ်ခု၊
  • 4:58 - 5:00
    သို့မဟုတ် Sierra Leone က ဒီတစ်ခု၊
  • 5:00 - 5:04
    သူ့ဒေသမှာ ရောဂါခြေချုပ်တစ်ခု
    ကိုယ်တိုင် စီစဉ်ရင်း
  • 5:04 - 5:07
    Ebola ပျံ့နံ့မှုကို ဟန့်တားတဲ့
    ဒေသခံ အကြီးအကဲအကြောင်းပါ။
  • 5:08 - 5:10
    သို့မဟုတ် ပါကစ္စတန် နယ်စပ်တွေက ဒီတစ်ခု
  • 5:10 - 5:14
    ရဲ ခြိမ်းခြောက်မှုအောက်မှာ အသင့်မဖြစ်ခင်
    အိမ်ပြန်ဖို့ အတင်းအကျပ်ပြုခံနေရတဲ့
  • 5:14 - 5:16
    အာဖဂန် ဒုက္ခသည်တွေအကြောင်းပါ။
  • 5:17 - 5:19
    ဒေသခံ သတင်းစာသမားတွေက
    ကျွန်မတို့ဆရာတွေပါ။
  • 5:19 - 5:21
    နေ့တိုင်း ကျွန်မတို့ကို အသစ်တစ်ခုခု
    သင်ပေးကာ
  • 5:21 - 5:25
    ကျွန်တို့အားလုံး သိဖို့အရေးကြီးတဲ့
    ဖြစ်ရပ်တွေ ယူလာပေးတယ်။
  • 5:26 - 5:27
    စိတ်ကူး နံပါတ်နှစ်က
  • 5:27 - 5:31
    ကျွန်မတို့ဟာ သတင်းစာလုပ်ငန်းအတွက်
    Hippocratic ကျမ်းသစ္စာမျိုး လိုအပ်တယ်။
  • 5:31 - 5:35
    ပထမဆုံး ဘေးဥပါဒ်မပြုဖို့ ကတိပါ။
  • 5:35 - 5:36
    (လက်ခုပ်သံများ)
  • 5:36 - 5:38
    သတင်းစာသမားတွေ အကြမ်းခံနိုင်ဖို့
  • 5:38 - 5:40
    အာဏာပိုင်တို့အား အမှန်ပြောဖို့လိုတယ်၊
  • 5:40 - 5:42
    ဒါပေမဲ့ တာဝန်ခံဖို့လည်းလိုတယ်။
  • 5:42 - 5:44
    ကိုယ့်ကိုယ်ပိုင် စံတွေအတိုင်း
    နေဖို့လိုပြီး
  • 5:44 - 5:46
    ဘယ်တော့ ကိုယ်လုပ်နေတာက လူအဖွဲ့အစည်းကို
  • 5:46 - 5:50
    ဘေးဥပါဒ်ပေးလဲ၊ အများဝန်ဆောင်မှုအနေနဲ့
  • 5:50 - 5:53
    ဘယ်မှာ သတင်းပညာကို မျက်ခြေပြတ်တယ်
    ဆိုတာ သိမှတ်ဖို့လိုပါတယ်။
  • 5:54 - 5:56
    Ebola အရေး ကျွန်မတို့ သတင်းပို့တာ ကြည့်တယ်
  • 5:56 - 5:59
    Ebola Deeply ကို စခဲ့တယ်၊
    အကောင်းဆုံး လုပ်ခဲ့ပါတယ်။
  • 5:59 - 6:01
    ဒါပေမဲ့ မြင်တွေတာက
    ကယောက်ချောက်ချားနဲ့
  • 6:01 - 6:04
    သည်းထိတ်ရင်ဖို သတင်းပေးပို့ချက်တွေနဲ့
    အလွှမ်းခံရတဲ့ ပြည်သူလူထုပါ။
  • 6:04 - 6:07
    တစ်ခါတစ်လေ မတိမကျ၊
    တစ်ခါတစ်လေ လုံးဝကို မှားနေတာပါ။
  • 6:08 - 6:12
    ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူတွေပြောတာက
    ဒါက လူသားအသက်တွေ ပေးဆပ်ရတယ်၊
  • 6:12 - 6:17
    အကြောင်းက ကြောက်စိတ်ကို အစပျိုးပေးခြင်းနဲ့
    တစ်ခါတစ်ရံ အချက်အလက်တွေ မှားအောင်လုပ်တာက
  • 6:17 - 6:19
    မြေပြင်မှာ တကယ် ဖြစ်နေတာကို ဖြေရှင်းဖို့
  • 6:19 - 6:21
    လူတွေကို ပိုခက်ခဲအောင်လုပ်တာတဲ့။
  • 6:21 - 6:24
    ဒီဆူညံမှုအားလုံးက မှန်ကန်တဲ့
    ဆုံးဖြတ်ချက်ချဖို့ ပိုခက်စေတာပါ။
  • 6:25 - 6:27
    လုပ်ငန်းတစ်ခုအဖြစ် ပိုကောင်းအောင်
  • 6:27 - 6:32
    လုပ်နိုင်ပေမဲ့ ပြီးခဲတဲ့အချိန်က ဘယ်လို
    မှားခဲ့တာ မှတ်မိဖို့နဲ့ နောက်တစ်ခါ
  • 6:32 - 6:34
    ဒီလမ်းမသွားအောင်
    ဆုံးဖြတ်ဖို့ ကျွန်မတို့ကို တောင်းဆိုတယ်၊
  • 6:35 - 6:36
    ဒါက ရွေးချယ်မှုပါ။
  • 6:36 - 6:41
    အဆင့်သတ်မှတ်ဖို့ အတွက် အကြောက်တရား
    သုံးဖို့ ဆွဲဆောင်တာကို ခံနိုင်ဖို့လိုတယ်။
  • 6:41 - 6:43
    တစ်ဦးချင်းရဲ့ သတင်းခန်းမှာ
    တစ်ဦးချင် သတင်း ဆုံးဖြတ်ခွင့်နဲ့
  • 6:44 - 6:46
    ဆုံးဖြတ်ချက် ချဖို့လိုပါတယ်။
  • 6:46 - 6:48
    အကြောင်းက ပြီးခဲ့တဲ့အချိန်တုန်းက
    လုပ်ခဲ့တာ ထပ်လုပ်ရင်၊
  • 6:48 - 6:52
    ကျွန်မတို့ သတင်းပိုတာက တာဝန်မယူပဲ
    မမှန်ဘူးဆိုရင်
  • 6:52 - 6:54
    နောက်လာမယ့်
    သေစေလောက်တဲ့ ဗိုင်းရပ်စ်က
  • 6:54 - 6:58
    အများကြီး ပိုဆိုးပြီး အကျိုးဆက်တွေက
    အများကြီး ပိုမြင့်နိုင်လို့ပါ။
  • 6:59 - 7:01
    တတိယ စိတ်ကူးလား။
  • 7:01 - 7:03
    ရှုပ်ထွေးမှုကို ပွေ့ဖက်ဖို့လိုပါတယ်။
  • 7:03 - 7:06
    ရှုပ်ထွေးတဲ့ကမ္ဘာကို အဓိပ္ပါယ်ရှိစေချင်ရင်
  • 7:06 - 7:08
    ရှုပ်ထွေးမှုကို ပွေ့ဖက်ပါ၊
  • 7:08 - 7:10
    (လက်ခုပ်သံများ)
  • 7:10 - 7:15
    ကမ္ဘာကြီးကို ဆန်းပြားစွာ မပြုမူပါနဲ့၊
    အကြောင်းက ရိုးစင်းမှုဆိုတာက မတိကျလို့ပါ။
  • 7:15 - 7:17
    ကျွန်မတို့ဟာ ရှုပ်ထွေးတဲ့ ကမ္ဘာမှာနေတာပါ။
  • 7:17 - 7:19
    သတင်းဆိုတာက သက်ကြီးပညာရေးပါ။
  • 7:19 - 7:23
    ကျွန်မတို့ သတင်းစာသမားတွေ အလုပ်က
    ရှုပ်ထွေးမှုထဲကို ငုပ်ဝင်ဖို့နဲ့
  • 7:23 - 7:27
    အခြားလူတိုင်းအတွက် ပိုလွယ်ကူစွာ
    နားလည်ဖို့ နည်းလမ်းသစ်တွေရှာဖို့ပါ။
  • 7:28 - 7:29
    ကျွန်မတို့ ဒါမလုပ်ရင်
  • 7:29 - 7:32
    ရိုးစင်းတဲ့ အဖြေတွေပဲရှိတယ်လို့
    ဟန်ဆောင်နေရင်
  • 7:32 - 7:35
    ကျွန်မတို့ဟာ လူတိုင်းကို မတ်တဲ့
    ချောက်ကမ်းပါးဆီ လှမ်းခိုင်းနေတာပါ
  • 7:35 - 7:39
    ရှုပ်ထွေးမှုကို နားလည်ခြင်းဟာ
    အနားလေးတင်ရှိနေတဲ့ ခြိမ်းခြောက်မှုတွေကို
  • 7:39 - 7:40
    သိဖို့ တစ်ခုတည်းသောနည်းပါ။.
  • 7:40 - 7:43
    ဒီခြိမ်းခြောက်မှုတွေကို အနက်ပြန်ဖို့
    ကျွန်မတို့ တာဝန်ပါ၊
  • 7:43 - 7:45
    တကယ့်အရာက ဘာဆိုတာကိုနားလည်ဖို့
  • 7:45 - 7:48
    ကူညီပေးတာဆိုတော့
    နောက်လာမှာအတွက် အသင့်ဖြစ်ဖို့
  • 7:48 - 7:50
    ဘာလိုတာ ပြင်ဆင်နိုင်၊ သိနိုင်ပါတယ်။
  • 7:51 - 7:53
    ကျွန်မက ဝီရိယရှိတဲ့အကောင်းမြင်သူ
  • 7:53 - 7:55
    ချွတ်ချော်နေတာကို ပြင်နိုင်တယ်လို့
    အသေအချာ ယုံကြည်တယ်။
  • 7:56 - 7:57
    အားလုံး ဖြစ်စေလိုတာပါပဲ။
  • 7:57 - 8:00
    ပြောင်မြောက်တဲ့ အလုပ်လုပ်နေတဲ့
    သတင်းစာသမားကောင်းတွေ ရှိတယ်။
  • 8:00 - 8:01
    ပုံစံသစ်တွေပဲ ကျွန်မတို့လိုတာပါ။


  • 8:02 - 8:06
    ဒါဟာ ကျွန်မတို့ လုပ်နိုင်တာကို
    ပြန်လည်နှိုးခြင်း၊ ပြန်လည်စိတ်ကူးခြင်းရဲ့
  • 8:06 - 8:07
    အချိန်လို့ ရိုးသားစွာ ယုံကြည်တယ်။
  • 8:08 - 8:10
    လွဲမှားနေတာ ပြင်နိုင်တာ ကျွန်မယုံကြည်တယ်။
  • 8:11 - 8:13
    သတင်းတွေကို ပြင်နိုင်တာ ကျွန်မသိတယ်။
  • 8:13 - 8:14
    ဒါက ကြိုးပမ်းထိုက်တာ သိပြီး အဆုံးမှာ
  • 8:14 - 8:17
    ဒါကို နားလည်သွားမယ်လို့
  • 8:17 - 8:18
    အစစ်အမှန် ယုံကြည်ပါတယ်။
  • 8:18 - 8:19
    ကျေးဇူးပါ။
  • 8:19 - 8:24
    (လက်ခုပ်သံများ)
Title:
လွဲမှားနေတဲ့ သတင်းလုပ်ငန်းကို ပြုပြင်ဖို့ နည်းလမ်း ၃ ခု
Speaker:
Lara Setrakian
Description:

သတင်းလုပ်ငန်းနဲ့ ပတ်သက်ပြီး တစ်ခုခုကတော့ အင်မတန်ကို လွဲမှားနေပါတယ်။ မီဒီယာအပေါ် ယုံကြည်မှုဆိုတာဟာ ရာဇဝင်တွင်အောင်ကို နိမ့်ကျနေပါတယ်။ ကျွန်မတို့ဟာ လူပြိန်းကြိုက် တမင်တကာ နာမည်ကြီးအောင် ဖန်တီးထားတဲ့ အဖြစ်တွေနဲ့ လွှမ်းမိုးခံနေရပြီး တစ်သတ်မှတ်တည်း အရည်အသွေးမြင့်တဲ့ သတင်းပေးပို့ခြင်းဟာ ရှားပါတယ် လို့ဆိုသူကတော့ သတင်းစာသမားနဲ့ စွန့်ဦးထွင်လုပ်ငန်းရှင် Lara Setrakian ပါ။ သူမကနေပြီး သတင်းတွေကို ပြုပြင်နိုင်ဖို့ နည်းလမ်း ၃ ခုနဲ့ ကျွန်ုပ်တို့ ခေတ်ကာလရဲ့ ရှုပ်ထွေးလှတဲ့ ကိစ္စရပ်တွေ နားလည်လွယ်အောင် မျှဝေထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
08:37

Burmese subtitles

Revisions