Return to Video

ဒြပ်ထုတည်မြဲမှု နိယာမ - Todd Ramsey

  • 0:07 - 0:09
    ဒီဟာတွေ အားလုံး ဘယ်က လာလဲ။
  • 0:09 - 0:10
    ဒီ ကျောက်တုံးကလား။
  • 0:10 - 0:11
    ဒီ နွားကလား၊
  • 0:11 - 0:12
    သင့် နှလုံး ကလား။
  • 0:12 - 0:16
    ၎င်းအရာတွေ မဟုတ်ဘူးဆိုတာ
    သင် သတိပြုပါ၊ ဒါပေမဲ့ ဘာတွေနဲ့ လုပ်ထားလဲ။
  • 0:16 - 0:19
    အက်တမ်တွေဟာ အရာရာတိုင်းရဲ့
    အခြေခံအဆောက်အအုံပါ။
  • 0:19 - 0:23
    ဒီမေးခွန်း ဖြေဖို့၊ ဒြပ်ထုတည်မြဲခြင်း
    ဥပဒေသကို တို့ ကြည့်မယ်။
  • 0:23 - 0:26
    ဒီ ဥပဒသက ရုပ်ဒြပ်နှင့် စွမ်းအင်
    မဖြတ်သန်းနိုင်တဲ့
  • 0:26 - 0:30
    သီးခြား နယ်နိမိတ်တစ်ခု
    လိုအပ်တယ်လို့ ဆိုပါတယ်။
  • 0:30 - 0:34
    ဒီ စနစ်ထဲမှာ၊ ရုပ်နဲ့ စွမ်းအင် အဖြစ်
    သိထားတဲ့ ဒြပ်ထုကို
  • 0:34 - 0:37
    အစပြု ဖန်တီး၍ မရ၊
    အပြီးတိုင် ဖျက်စီး၍လည်း မရနိုင်ပါ။
  • 0:37 - 0:40
    စကြ၀ဠာသည်၊ တို့ သိသမျှတော့
  • 0:40 - 0:42
    အကောင်းဆုံး သီးခြားစနစ် တစ်ခုပါ။
  • 0:42 - 0:46
    ဒါပေမဲ့... ဒါမပြောခင်၊ ခပ်သေးသေး
    ရှင်းရှင်းဖြစ်တာကို ကြည့်လိုက်စို့။
  • 0:46 - 0:49
    တို့တွေမှာ ကာဗွန်အက်တမ် ၆လုံး၊
    ဟိုက်ဒြိုဂျင်အက်တမ် ၁၂လုံး နဲ့
  • 0:49 - 0:52
    အောက်စီဂျင်အက်တမ် ၁၈လုံး ရှိတယ်။
  • 0:52 - 0:56
    စွမ်းအင် နည်းနည်းလောက်နဲ့၊ တကယ်ပဲ
    တို့ မော်လီကျူးတွေ စလှုပ်ရှားနိုင်ပြီ။
  • 0:56 - 0:59
    ဒီအက်တမ်တွေက မော်လီကျူးတွေ ဖြစ်ဖို့
    အတူတကွ ပေါင်းစည်းနိုင်တယ်။
  • 0:59 - 1:00
    ဒီမှာ ရေ နဲ့
  • 1:00 - 1:02
    ဒီမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်။
  • 1:02 - 1:04
    ဒြပ်ထုကို တို့တွေ ဖန်တီးလို့ မရ၊
    ဖျက်စီးလို့ မရဘူး။
  • 1:04 - 1:08
    တို့ရှိတာနဲ့ တို့ ပြန်အကြပ်ရိုက်နေပြီ၊
    ဒီတော့ တို့တွေ ဘာလုပ်နိုင်မလဲ။
  • 1:08 - 1:10
    သူတို့မှာ သူတို့ကိုယ်ပိုင် ဝိဉာဉ်ရှိပါတယ်
  • 1:10 - 1:11
    နောက် ရေ၊CO2
    ဖွဲ့ထားတယ်၊ ၆လုံးစီပါ
  • 1:14 - 1:19
    စွမ်းအင်နည်းနည်း ထည့်လိုက်၊ ၎င်းတို့ဘာသာ
    ပြန်လည်ဖွဲ့စည်းပေးတဲ့ Simple Sugar နဲ့
  • 1:19 - 1:21
    အောက်စီဂျင်ဓာတ်ငွေ့ တချို့ရနိုင်တယ်။
  • 1:21 - 1:27
    တို့ အက်တမ်အားလုံးကို ရေတွက်သော်..
    ကာဗွန် ၆၊ ဟိုက်ဒြိုဂျင် ၁၂၊ အောက်စီဂျင် ၁၈
  • 1:27 - 1:31
    တို့ပေးလိုက်တဲ့ စွမ်းအင်ကို အက်တမ်ချင်း
    စည်းနှောင်ရာမှာ အခု သိမ်းထားတယ်။
  • 1:31 - 1:33
    ဒီ သကြားကို ရေနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်
  • 1:33 - 1:37
    အဖြစ် ပြန်ဖြိုခွဲရင် ဒီစွမ်းအင်ကို
    တို့ ပြန်ထုတ်နိင်တယ် ပြီးတော့
  • 1:37 - 1:40
    အက်တမ်တွေကတော့ နဂိုအတိုင်းပါပဲ။
  • 1:40 - 1:44
    တို့အက်တမ် အနည်းကို ဘေးဖယ်လိုက်ပြီး
    အသေးစား ပေါက်ကွဲတဲ့ ဟာ တခုခု စမ်းမယ်။
  • 1:44 - 1:49
    ဒါက မီသိန်း၊ နွား အစာဟောင်းဓါတ်ငွေ့နဲ့
    အဆိုင်ဆုံးဖြစ်တယ်၊
  • 1:49 - 1:51
    ဒါပေမဲ့ ဒုံးပျံ လောင်စာအတွက်လည်း သုံးတယ်။
  • 1:51 - 1:54
    တို့ အောက်စီဂျင် တချို့ရယ်
    မီးခြစ်ဆံက မီးနဲ့ စွမ်းအင်
  • 1:54 - 1:56
    နည်းနည်းရယ်ကို ပေါင်းထည့်ပေးလိုက်ရင်၊
  • 1:56 - 2:01
    ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ရေနှင့် အပိုဆောင်း
    စွမ်းအင်တွေ အဖြစ်လောင်ကျွမ်းပါမယ်။
  • 2:01 - 2:04
    သတိ..၊ တို့ မီသိန်းက ဟိုက်ဒြိုဂျင်
    ၄လုံးနဲ့ စခဲ့ပြီး၊ အဆုံးမှာ
  • 2:04 - 2:09
    ရေမော်လီကျူး နှစ်လုံး ဖမ်းထားတဲ့
    ဟိုက်ဒြိုဂျင် လေးလုံး၊ တို့မှာ ရှိမြဲပဲ။
  • 2:09 - 2:14
    နောက်ဆုံးပိတ်အနေနဲ့၊ ဒါက ပရိုပိန်း
    လောင်ကျွမ်းနိုင်တဲ့ဓာတ်ငွေ့ နောက်တမျိုးပဲ။
  • 2:14 - 2:17
    တို့ အောက်စီဂျင်ကိုထည့်၊ မီးမြှိုက်လိုက်..
    ၀ုန်းခနဲ ပဲ။
  • 2:17 - 2:19
    နောက်ထပ် ရေနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပဲ။
  • 2:19 - 2:21
    ဒီတကြိမ်တော့ CO2 သုံးလုံး ရမယ်
  • 2:21 - 2:24
    အကြောင်းမှာ ပရိုပိန်းမော်လီကျူးက
    ကာဗွန်အက်တမ် သုံးလုံးနဲ့ စတင်ခဲ့ပြီး
  • 2:24 - 2:27
    သူတို့မှာ တခြားသွားဖို့ နေရာလည်းမရှိပါ။
  • 2:27 - 2:30
    ဒီအက်တမ် အုပ်စုလေးနဲ့ ပုံစံထုတ်နိုင်တဲ့
    အခြားဓာတ်ပြုခြင်းတွေ များစွာရှိတယ်
  • 2:30 - 2:34
    ပြီးတော့ ဒြပ်ထုတည်မြဲခြင်း ဥပဒေသ
    အမြဲတမ်း ဆက်မှန်တယ်။
  • 2:34 - 2:37
    ဓာတ်ပြုစမှာ ရုပ်နဲ့ စွမ်းအင်
    ဘာဖြစ်ဖြစ် ရှိမည်ဖြစ်ပြီး
  • 2:37 - 2:40
    ဓာတ်ပြုပြီးတဲ့အခါ ပြန်တွေ့ပါမယ်။
  • 2:40 - 2:43
    ဒါကြောင့် ဒြပ်ကို
    ဖန်းတီးမရ၊ ဖျက်စီးမရ လျင်
  • 2:43 - 2:46
    ဒီအက်တမ်တွေ ပထမနေရာ
    ဘယ်နေရာက လာလဲ။
  • 2:46 - 2:49
    အချိန်ကို နောက်ကြောင်းပြန်လှည့်
    ကြည့်ကြစို့။
  • 2:49 - 2:54
    ဝေး..ဝေး၊ ဝေး..ဝေး၊ ဝေးအုံး သိပ်ဝေးသွားတယ်
  • 2:54 - 2:55
    ဟုတ်ပြီ၊ ဒီနေရာ ပဲ။
  • 2:55 - 2:56
    မဟာပေါက်ကွဲမှု။
  • 2:56 - 3:00
    ကျွန်ုပ်တို့ရဲ့ ဟိုက်ဒြိုဂျင်သည်
    စကြ၀ဠာစတင်ပြီး သုံးမိနစ် အချိန်တွင်
  • 3:00 - 3:04
    အမှုန်များ စွမ်းအင်မြင့် ဆူပွက်ခြင်းမှ
    ဖွဲ့စည်းခဲ့ပါတယ်။
  • 3:04 - 3:08
    နောက်ဆုံးမှာ၊ စုပြုံလာတဲ့ အက်တမ်စုများ
    နဲ့ ကြယ်များဖွဲ့စည်းခဲ့တယ်။
  • 3:08 - 3:12
    ဒီကြယ်များ အတွင်း၊ နျူးကလိယားဓာတ်ပြု
    ခြင်းတွေက ဟိုက်ဒြိုဂျင်နှင့် ဟီလီယံ လို
  • 3:12 - 3:14
    အပေ့ါစား ဒြပ်စင်များကို ပေါင်းပြီး
  • 3:14 - 3:18
    ကာဗွန်၊ အောက်စီဂျင် လို ပိုကြီးမားတဲ့
    ဒြပ်စင်များကို ဖွဲ့ခဲ့စည်းတယ်။
  • 3:18 - 3:21
    အပေါ်ယံကြည့်ရင်၊ ဒီ ဓာတ်ပြုခြင်းတွေက
    ဥပဒေသကို ချိုးဖောက်နေပုံပေါ်တယ်
  • 3:21 - 3:24
    ဘာလို့ဆို အံဩဖွယ်ကောင်းတဲ့ စွမ်းအင်
    ပမာဏကို ရုတ်တရက်
  • 3:24 - 3:26
    သူတို့ ထုတ်လွှတ်တာလို့ ထင်ရတယ်
  • 3:26 - 3:29
    သို့သော် အိုင်းစတိုင်းရဲ့ နာမည်ကျော်
    ညီမျှခြင်းကြောင့်
  • 3:29 - 3:32
    စွမ်းအင်ဟာ ဒြပ်ထုနဲ့ ညီမျှတယ်လို့
    တို့တွေ သိကြတယ်။
  • 3:32 - 3:35
    ကနဦး အက်တမ်တွေရဲ့ စုစုပေါင်း
    ဒြပ်ထုသည်၊
  • 3:35 - 3:39
    ဆက်စပ်ပစ္စည်းတွေရဲ့ ဒြပ်ထုထက်
    အနည်းငယ် ပိုများပြီး၊ ထို ဒြပ်ထု
  • 3:39 - 3:44
    ဆုံးရှုံးခြင်းသည် ကြယ်အပြင်ဘက်သို့
    အလင်း၊ အပူ နှင့် စွမ်းအင်ဆောင်အမှုန်များ
  • 3:44 - 3:50
    အဖြစ်ဖြာထွက်သော စွမ်းအင် မြတ်ခြင်းနဲ့
    အပြည့်အ၀ ကိုက်ညီပြန်ပါတယ်။
  • 3:50 - 3:52
    အဆုံးသတ်မှာ ထိုကြယ်၊
    ကြယ်ပေါက်ကွဲခြင်း ဖြစ်ခဲ့ပြီး
  • 3:52 - 3:55
    ၎င်းရဲ့ ဒြပ်စင်တွေကို
    ဟင်းလင်းပြင်မှာ ကြဲဖြန့်ခဲ့တယ်
  • 3:55 - 3:58
    အကျဉ်းရုံးဆိုသော်၊ သူတို့ချင်းဆုံပြီး
    အခြားကြယ်ပေါက်ကွဲရာမှ အက်တမ်တွေက
  • 3:58 - 4:00
    ကမ္ဘာကို ဖွဲ့စည်းခဲ့ပြီး
  • 4:00 - 4:04
    နှစ်သန်း ၄ထောင့် ၆ရာ အကြာမှာ
    တို့ရဲ့ သီးခြားစနစ်ငယ် အတွင်း
  • 4:04 - 4:07
    သူတို့ရဲ့ အစအနများကို ပြသရန်
    တလုံးတ၀တည်း စုစည်းခဲ့တယ်။
  • 4:07 - 4:12
    ဒါပေမဲ့ သူတို့က သင့်ကို ဖွဲ့စည်းဖို့
    အတူပေါင်းစုလိုက်တဲ့ အက်တမ်တွေလောက်
  • 4:12 - 4:13
    ဒီနွားလောက် ဒီကျောက်ခဲလောက်
  • 4:13 - 4:14
    စိတ်ဝင်စားဖို့ မကောင်းပါ
  • 4:14 - 4:17
    ဒါကြောင့်လည်း Carl Sagan က
    တို့တွေကို လူသိရှင်ကြားပြောခဲ့တာ
  • 4:17 - 4:21
    တို့ဟာ ကြယ်နဲ့အတိပြီးတဲ့ အရာ။
Title:
ဒြပ်ထုတည်မြဲမှု နိယာမ - Todd Ramsey
Description:

သင်ခန်းစာအပြည့်အစုံကြည့်ရန်: http://ed.ted.com/lessons/the-law-of-conservation-of-mass-todd-ramsey

ကျွန်ုပ်တို့ စကြ၀ဠာထဲက အရာခပ်သိမ်းမှာ အသေးဆုံး အက်တမ်မှ အကြီးဆုံး ကြယ်အထိ ဒြပ်ထုရှိကြပါသည်။ ဒါပေမဲ့ ကြယ်တွေ ဂြိုဟ်တွေနဲ့ သင်တို့ကိုယ်တိုင်ရဲ့ မွေးဖွားချိန်နဲ့ သေဆုံးချိန် အတောအတွင်း ဖြစ်တည်နေစဉ် တလျှောက်လုံး ဒြပ်ထုပမာဏဟာ ပုံသေတည်တံ့နေတာပါ။ သူ့ရဲ့ ဒြပ်ထုတည်မြဲအောင် ထိန်းသိမ်းရင်း စကြ၀ဠာကြီး ဘယ်နည်းဘယ်ပုံ တိုးတက်ပြောင်းလဲလာပါလိမ့်။ တောဒ့် ရမ်ဆေ က ဒြပ်ထုတည်မြဲမှုနိယာမဖြင့် ထိုမေးခွန်းကို ဖြေဆိုထားပါတယ်။

သင်ခန်းစာတင်ဆက်သူ-Todd Ramsey၊ ရုပ်သံလှုပ်ရှားမှုပုံရိပ်-Vegso/Banyai.

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:37

Burmese subtitles

Revisions