Return to Video

စမတ်ဖုန်းက ကိုယ့်တည်နေရာကို ဘယ်လိုလုပ် သိတာလဲ - Wilton L. Virgo

  • 0:07 - 0:10
    စမတ်ဖုန်းက ကိုယ် ဘယ်မှာ ရှိနေမှန်းကို
    အတိအကျ ဘယ်လိုလုပ် သိနိုင်တာလဲ။
  • 0:10 - 0:14
    အဲဒါရဲ့ အဖြေဟာ ကျွန်ုပ်တို့ရဲ့
    ဦးခေါင်း အထက် မိုင် ၁၂,၀၀၀ မှာ ရှိတဲ့
  • 0:14 - 0:18
    ကွမ်တမ် စက်က မောင်းနှင်ပေးတဲ့ အက်တမ်
    နာရီ တပ်ဆင်ထားတဲ့
  • 0:18 - 0:21
    ကမ္ဘာပတ်ဂြိုဟ်တု ထဲမှာ ရှိတယ်။
  • 0:21 - 0:22
    ခက်လိုက်တာ။
  • 0:22 - 0:24
    အဲဒါကို ရှင်းပြပါရစေ။
  • 0:24 - 0:29
    ပထမဦးဆုံး အနေနဲ့ ကိုယ်သိချင်တဲ့ တည်နေရာ
    အတွက် ဂြိုဟ်တုပေါ်က အချိန်က
  • 0:29 - 0:32
    ဘာြဖစ်လို့ အရေးကြီးတာလဲ မေးရပါမယ်။
  • 0:32 - 0:34
    ကိုယ့်ဖုန်းက ပထမဦးဆုံး သိဖို့ လိုအပ်တာက
  • 0:34 - 0:37
    ၎င်းဟာ ဂြိုလ်တုထံမှ အကွာအဝေးကိုပါ။
  • 0:37 - 0:41
    ဂြိုဟ်တုတိုင်းဟာ တချိန်လုံး ရေဒီယိုအချက်ပြ
    လှိုင်တွေကို ထုတ်လွှင့်ပေးနေရာ
  • 0:41 - 0:46
    အလင်းရဲ့ အမြန်နှုန်းဖြင့်
    ဖုန်းထံ ရောက်လာပါတယ်။
  • 0:46 - 0:48
    အချက်ပြမှု ရောက်ချိန်ကို ကိုယ့်ဖုန်းက
    မှတ်ယူပြီး
  • 0:48 - 0:52
    ဂြိုလ်တုမှ အကွာအဝေးကို = c x အချိန်
    ဆိုတဲ့ ရိုးရှင်းတဲ့ပုံသေနည်းဖြင့်
  • 0:52 - 0:58
    တွက်ချက်ုယူတတ်တယ်၊
  • 0:58 - 1:03
    အဲဒီမှာ c မှာ အလင်း၏ အမြန်နှုန်နဲ့ အချိန်
    ကျတော့ အချက်ပြမှု လာခဲ့ရတဲ့ အချိန်ကာလပါ။
  • 1:03 - 1:04
    ဒါပေမဲ့ ပြဿနာတစ်ခုက
  • 1:04 - 1:06
    အလင်းဟာ မယုံနိုင်လောက်အောင်ကို
    မြန်လွန်းတယ်။
  • 1:06 - 1:10
    ကျွန်ုပ်တို့ဟာ အချိန်ကို အနီးဆုံးစက္ကန့်ထိ
    တွက်နိုင်ကြမယ်ဆိုရင်
  • 1:10 - 1:13
    ကမ္ဘာမြေပေါ်ကတင်မက ဒီထက် ပိုဝေးတဲ့
    အရာတိုင်းဟာ
  • 1:13 - 1:16
    ဂြိုဟ်တုမှ တူညီတဲ့အကွာအဝေမှာ
    ရှိနေတယ်လို့ ထင်ရပါမယ်။
  • 1:16 - 1:20
    ဒါနဲ့ အဲဒီအကွာအဝေးကို မီတာအနည်းငယ်
    အထိ တိကျစွာ တွက်နိုင်ရန်
  • 1:20 - 1:24
    ကျန်ုပ်တို့ဟာ ရှိရှိသမျှထဲက
    အကောင်းဆုံးနာရီကို လိုအပ်ပါလိမ့်မယ်။
  • 1:24 - 1:28
    အက်တမ်နာရီတွေ ဆိုရင်၊
    တချို့တို့ဟာ ဘယ်လောက်ကို တိကျလဲဆိုတော့
  • 1:28 - 1:31
    ၎င်းတို့က လာမယ့် နှစ်ပေါင်း သန်း ၃၀၀
    အလုပ်လုပ်တောင်မှ
  • 1:31 - 1:36
    တစ်စက္ကန့်တောင် အမှား မရှိနိုင်ပါဘူး။
  • 1:36 - 1:39
    အနုမြူနာရီ လုပ်ကိုင်မှုက
    ကွမ်တမ်ရူပဗေဒကို အခြေခံပါတယ်။
  • 1:39 - 1:42
    နာရီအားလုံးတို့ဆီမှာ ကြိမ်နှုန်းဟာ
    ပုံသေ ရှိရပါမယ်။
  • 1:42 - 1:45
    တစ်နည်း၊ နာရီဆိုတာ အချိန်ကာလကို
    တိုင်းတာပေးနိုင်ရန်
  • 1:45 - 1:49
    ထပ်ခါထပ်ခါ ဖြစ်တဲ့
    လှုပ်ရှားမှုကို အခြေခံရတယ်။
  • 1:49 - 1:53
    အဘိုးရဲ့ နာရီက ဆွဲငင်အားကြောင့်
    တချိန်လုံး လှုပ်ယမ်းနေရတဲ့ ချိန်သီးကို
  • 1:53 - 1:56
    အားကိုလျက် အလုပ်လုပ်သလိုပဲ၊
  • 1:56 - 1:58
    အက်တမ်နာရီ အတွက် အချက်ပေးသံကို
  • 1:58 - 2:03
    အက်တမ်ထဲရှိ စွမ်းအင်အဆင့် နှစ်ဆင့်အကြား
    ကူးပြောင်းမှုမှ ပေးပါတယ်။
  • 2:03 - 2:06
    ကွမ်တမ် ရူပဗေဒက
    အဲဒီလိုနည်းဖြင့် ထောက်ကူပေးတာပါ။
  • 2:06 - 2:09
    ကွမ်တမ် မက္ကင်းနစ်အရ
    အက်တမ်ထံမှ စွမ်းအင် ရှိပါတယ်၊
  • 2:09 - 2:13
    ဒါပေမဲ့ ၎င်းတို့ဟာ စိတ်ကြိုက်
    ပမာဏကို ယူလို့ မရနိုင်ပါ။
  • 2:13 - 2:18
    အဲဒီအစား၊ အဏုမြူစွမ်းအင်ဟာ တိကျတဲ့
    အဆင့်နှင့် ဆက်စပ်မှု ရှိတယ်။
  • 2:18 - 2:20
    ကျွန်ုပ်တို့က အဲဒါကို
    quanta ခေါ်ကြတယ်။
  • 2:20 - 2:24
    ရိုးရှင်းတဲ့ ဥပမာနဲ့ ပြောရပါက၊
    ရှင်းနေတဲ့ လမ်းပေါ်မှာ ကားမောင်းသလိုပါ။
  • 2:24 - 2:26
    ကိုယ်က အမြန်နှုန်းကို တိုးလိုက်တာနဲ့
  • 2:26 - 2:32
    ကိုယ်ဟာ၊ ဥပမာ တစ်နာရီ မိုင် ၂၀ မှ မိုင် ၇၀
    အထိ အမြန်မောင်းရနိုင်ပါတယ်။
  • 2:32 - 2:35
    ကိုယ့်ဆီမှာ ကွမ်တမ် အက်တမ် ကားသာရှိခဲ့ရင်၊
  • 2:35 - 2:38
    ကိုယ့်ကားရဲ့ အမြန်နှုန်းဟာ
    တပြေးညီ တက်လာမှာ မဟုတ်ပါ။
  • 2:38 - 2:44
    အဲဒီအစား၊ ကိုယ်ဟာ နှုန်းတစ်ခုမှ တစ်ခုသို့
    ခုန်လိုက် ကူးလိုက် ဖြစ်နေပါမယ်။
  • 2:44 - 2:49
    အက်တမ်ထဲတွင် စွမ်းအင် အဆင့်တစ်ခုမှ
    နောက်တစ်ခုသို့ ကူးပြောင်းရင်၊
  • 2:49 - 2:50
    ကွမ်တမ် မက္ကင်းနစ်ရဲ့ အဆိုအရ
  • 2:50 - 2:55
    စွမ်းအင်ခြားနားချက်ဆီမှာ
    ကြိမ်နှုန်း သီးခြားစီရှိပြီး
  • 2:55 - 2:57
    အဲဒါကို ကိန်းသေ တစ်ခုနဲ့ မြှောက်ရင်
  • 2:57 - 3:03
    စွမ်းအင်ထဲက အပြောင်းလဲဟာ Planck
    ကိန်းသေလို့ ခေါ်တဲ့ဂဏန်း တစ်ခုနဲ့ညီတယ်၊
  • 3:03 - 3:05
    ကြိမ်နှုန်းရဲ့ အချိန်ကို တိုင်းတယ်။
  • 3:05 - 3:10
    အဲဒီလို ထူးခြားတဲ့ ကြိမ်နှုန်းနဲ့မှ
    ကျွန်ုပ်တို့ရဲ့ နာရီကို တည်ဆောက်ရမယ်။
  • 3:10 - 3:16
    GPS ဂြိုဟ်တုတွေဟာ cesium နှင့် rubidium
    အက်တမ်ကြိမ်နှုန်းကို စံနှုန်းအဖြစ်သုံးတယ်။
  • 3:16 - 3:19
    cesium 133 ကိစ္စမှာကျတော့၊
  • 3:19 - 3:29
    နာရီရဲ့ ထူးခြားတဲ့ ကြိမ်နှုန်းဟာ
    9.192.631.770 Hz ဖြစ်ပါတယ်။
  • 3:29 - 3:32
    တစ်စက္ကန့်မှာ ၉ ဘီလီယံ လည်ပတ်မှုပါ။
  • 3:32 - 3:33
    တကယ့်ကို မြန်တဲ့ နာရီပါပဲ။
  • 3:33 - 3:36
    နာရီကို ထုတ်လုပ်သူဟာ ဘယ်လောက်ပဲ
    ကျွမ်းကျင်ကျွမ်းကျင်၊
  • 3:36 - 3:38
    ချိန်သီ၊ သံကြိုးရစ် စနစ်၊
  • 3:38 - 3:43
    သလင်းကျောက်ရဲ့ တုန်ခါမှုတို့ဆီမှာ
    ကြိမ်နှုန်း မတူကြပါ။
  • 3:43 - 3:47
    ဒါပေမဲ့ စကြဝဠာထဲ ရှိသမျှ cesium 133
    အက်တမ် ကျတော့
  • 3:47 - 3:51
    တိကျတဲ့ ကြိမ်နှုန်းကိုသာ ထုတ်လုပ်ပေးတယ်။
  • 3:51 - 3:53
    အဲဒီလို အက်တမ်နာရီရဲ့ ကျေးဇူးကြောင့်
  • 3:53 - 3:57
    ကျွန်ုပ်တို့ဟာ အချိန်ကို စက္ကန့်ရဲ့
    ဘီလျံပုံ တစ်ပုံအထိ တိကျစွာ တိုင်းနိုင်လို့
  • 3:57 - 4:02
    ဂြိုလ်တုထံမှ အကွာအဝေးကို
    လွန်စွာမှ တိကျစွာ တိုင်းနိုင်ပါတယ်။
  • 4:02 - 4:07
    ကျွန်ုပ်တို့ဟာ အမြဲလိုလို ကမ္ဘာမြေပေါ်မှ
    ရှိနေကြတာကို မေ့ပစ်လိုက်ကြပါစို့။
  • 4:07 - 4:10
    သင်ဟာ ဂြိုဟ်တုထံမှ ဘယ်လောက် ဝေးတဲ့
    နေရာမှာ ရှိကြောင်း ကျွန်ုပ်တို့ သိလာရပြီ။
  • 4:10 - 4:13
    တနည်၊ သင်ဟာ ဂြိုဟ်တုကို ဗဟုပြုထားတဲ့
  • 4:13 - 4:16
    စက်လုံးရဲ့ မျက်နှာပြင် တစ်နေရာမှာရှိနေတယ်။
  • 4:16 - 4:18
    ကိုယ့်နေရာကို ဒုတိယဂြိုဟ်တုထံမှ
    အကွာအဝေး တိုင်းကြည့်ရင်
  • 4:18 - 4:21
    တစ်ခုနဲ့တစ်ခု ထပ်နေမယ့်
    နောက် စက်ဝန်း တစ်ခုကို ရပါမယ်။
  • 4:21 - 4:22
    အဲဒီလို ဆက်တိုင်းကြည့်ပါက၊
  • 4:22 - 4:24
    လေးကြိမ်မျှ တိုင်းလိုက်ရုံနဲ့
  • 4:24 - 4:27
    ပြီးတော့ အိုင်းစတိုင်းရဲ့သီအိုရီကိုသုံးပြီ
    နည်းနည်းလေး ပြင်ပေးလိုက်ရင်၊
  • 4:27 - 4:34
    ကိုယ့်နေရာကို အာကာသထဲမှာ လုံးဝကို
    တိကျစွာ ပင်ထိုးပေးနိုင်ပါပြီ။
  • 4:34 - 4:35
    အဲဒီလို လုပ်နိုင်ဖို့အတွက်-
  • 4:35 - 4:38
    ဘီလီယံချီ တန်တဲ့
    ဂြိုဟ်တုများရဲ့ ကွန်ရက်လိုတယ်၊
  • 4:38 - 4:40
    လှုပ်ခါနေတဲ့ cesium အက်တမ်ရယ်၊
  • 4:40 - 4:41
    ကွမ်တမ် မက္ကင်းနစ်ရယ်၊
  • 4:41 - 4:42
    နှိုင်းယှဉ်ချက် သီအိုရီ၊
  • 4:42 - 4:43
    စမတ်ဖုန်း တစ်လုံး၊
  • 4:43 - 4:46
    နဲ့ ကျွန်ုပ်တို့ လိုအပ်ပါတယ်။
  • 4:46 - 4:47
    ဘာများ ခက်လို့လဲ။
Title:
စမတ်ဖုန်းက ကိုယ့်တည်နေရာကို ဘယ်လိုလုပ် သိတာလဲ - Wilton L. Virgo
Speaker:
Wilton L. Virgo
Description:

သင်ခန်းစာ အပြည့်ကို ကြည့်ရန်- http://ed.ted.com/lessons/how-does-your-smartphone-know-your-location-wilton-l-virgo

တည်နေရာဆိုင်ရာ GPS အက်ပ် စမတ်ဖုန်းထဲ ပါရှိနေခြင်းက ခရီးသွား မြေပုံကို ရေးဆွဲရာတွင် ဒါမှမဟုတ် အနီးအနားရှိ ဖြစ်ရပ်များကို ရှာရာတွင် သိပ်ကို အသုံးတည့်ပါတယ်။ ဒါပေမဲ့ ကိုယ့်စမတ်ဖုန်းက ကိုယ့်တည်နေရာကို ဘယ်လိုလုပ် သိနိုင်သလဲ မေးစရာ ရှိပါတယ်။ Wilton L. Virgo က အဲဒါရဲ့ အဖြေဟာ ကျွန်ုပ်တို့ ဦးခေါင်းရဲ့ အထက် မိုင် ၁၂,၀၀၀ ဝေးတဲ့ နေရာမှာ ရှိနေပြီး ကွမ်တမ် မက္ကင်းနစ်ရဲ့ အားဖြင့် မောင်းနှင်တဲ့ အက်တမ် နာရီဖြင့် အချိန်ကို တိုင်းနိုင်တဲ့ ကမ္ဘာပတ် ဂြိုဟ်တုထဲမှာ ရှိနေကြောင်းကို ရှင်းပြထားပါတယ်။

Wilton L. Virgo ရဲ့ သင်ခန်းစာကို Nick Hilditch ကနေပြီး ပုံများဖြင့် သက်ဝင် လှုပ်ရှားပေးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:04

Burmese subtitles

Revisions