Return to Video

ထုတ်လုပ်မှု တော်လှန်ရေး နောက်တစ်ခု စနေပြီ။

  • 0:02 - 0:04
    ဟေ့လူတွေ၊ ကျွန်တော်တို့မှာ
    ပြဿနာ ရှိနေပြီ။
  • 0:04 - 0:05
    (ရယ်သံများ)
  • 0:05 - 0:08
    ကြီးထွားမှုနှုန်းဟာ ကျလာနေတယ်၊
    သိပ်ဆိုးတယ်။
  • 0:09 - 0:11
    ကမ္ဘာ့စီးပွားရေးဟာ ကြီးထွားမှု
    ရပ်တန့်လာနေတယ်။
  • 0:12 - 0:13
    အဲဒါ အသစ်အဆန်း မဟုတ်ပါ။
  • 0:13 - 0:17
    တကယ်တော့ နောက်ဆုံး နှစ် ၅၀ အတွင်းမှာ
    ကြီးထွားမှုနှုန်းဟာ ကျကျလာခဲ့တယ်။
  • 0:17 - 0:20
    ဒီလိုဆက်သွားရင်၊
    လာမယ့် ဆယ်စုနှစ် အတွင်းမှာ
  • 0:20 - 0:24
    မကြီးထွားဘဲနဲ့ ဘယ်လို နေကြရမလဲ
    ဆိုတာကို ကျွန်တော်တို့ သင်ယူကြရပါမယ်။
  • 0:24 - 0:28
    စီးပွားရေးက ကြီးထွားမလာဘူးဆိုရင်
    ကျွန်တော်တို့ ကလေးတွေရဲ့ ဘဝဟာ
  • 0:28 - 0:30
    ပိုကောင်းလာမှာ မဟုတ်လို့ စိုးရိမ်စရာပါပဲ။
  • 0:31 - 0:34
    ပိုလို့ကို စိုးစရာက ထမင်းအိုးက
    ကြီးမလာရင်၊ ကျွန်တော်တို့ တစ်ဦးချင်းရဲ့
  • 0:34 - 0:36
    ထမင်းပွဲကလည်း သေးလာမှာပါ။
  • 0:36 - 0:38
    ဒီလိုဆို ပိုစားနိုင်ဖို့
    လုံးပမ်းရတော့မယ်။
  • 0:38 - 0:41
    အဲလို့ဆို တင်းမာမှုတွေ ပဋိပက္ခတွေ
    ပေါ်လာကြမယ်။
  • 0:42 - 0:44
    ကြီးထွားမှုဟာ သိပ်ကို အရေးပါပါတယ်။
  • 0:45 - 0:48
    ကြီးထွားမှု သမိုင်းကို ယူကြည့်မယ်ဆိုရင်၊
  • 0:48 - 0:50
    အကြီးအကျယ် ကြီးထွားမှုကို
    အစဉ်ဆိုသလိုပဲ
  • 0:50 - 0:52
    ထုတ်လုပ်ရေး တော်လှန်ရေးကြီးက
    တွန်းပေးခဲ့တာ။
  • 0:53 - 0:56
    အဲဒီလို နှစ် ၅၀-၆၀ တိုင်းမှာ
    ကြုံခဲ့ရပါတယ်။
  • 0:56 - 1:00
    ရေနွေးငွေ့ စက်တွေဆိုရင်
    ၁၉ ရာစု အလယ်မှာ ဖြစ်ခဲ့တယ်၊
  • 1:00 - 1:04
    အလုံးအရင်းနဲ့ ထုတ်လုပ်မှုကို
    ၂၀ ရာစု အစပိုင်းမှာ မြင်ခဲ့ရတယ်-
  • 1:04 - 1:06
    Mr. Ford ရဲ့ ကျေးဇူးပေါ့။
  • 1:06 - 1:09
    ပြီးတော့ အလိုအလျောက် စက်တွေရဲ့
    လှိုင်းကျတော့ ၁၉၇၀ နှစ်တွေ။
  • 1:10 - 1:12
    အဲဒီထုတ်လုပ်မှုတော်လှန်ရေးတွေက
    ကျွန်တော်တို့ရဲ့
  • 1:12 - 1:15
    စီးပွားရေးကို ကြီးမားလာစေခဲ့တာ
    ဘာကြောင့်လဲ။
  • 1:16 - 1:19
    ၎င်းတို့ဟာ ထုတ်လုပ်မှုကို အကြီးအကျယ်
    မြင့်တင်နိုင်ခဲ့ကြလို့ပါ။
  • 1:20 - 1:21
    ရှင်းရှင်းလေးပါ-
  • 1:21 - 1:24
    ကြီးထွားချင်ရင် ကျွန်တော်တို့ဟာ
    တိုးတိုး ထုတ်လုပ်ကြရမယ်၊
  • 1:24 - 1:26
    စီးပွားရေးထဲကို တိုးတိုး ထည့်ပေးကြရမယ်။
  • 1:27 - 1:33
    ဒီတော့ လုပ်အားကို ဒါမှမဟုတ် အရင်းအနှီး
    ဒါမှမဟုတ် ထုတ်လုပ်မှု တိုးရပါမယ်။
  • 1:33 - 1:36
    အကြိမ်တိုင်း ထုတ်လုပ်နိုင်စွမ်းက
    ကြီးထွားမှုရဲ့ အကြောင်းရင်းပါ။
  • 1:38 - 1:40
    ဒီနေ့ ကျွန်တော် ပြောချင်တာက
  • 1:41 - 1:44
    ကျွန်တော်တို့ဟာ ဧရာမ အပြောင်းအလဲကြီး
    တစ်ခုရဲ့ ရှေ့မှောက်ကို ရောက်လာကြပါပြီ၊
  • 1:44 - 1:48
    ဒီတစ်ချီမှာလည်း၊ ထုတ်လုပ်မှုထံမှပဲ
  • 1:48 - 1:50
    ရောက်လာမှာဟာ အံ့အားသင့်စရာပါပဲ။
  • 1:51 - 1:55
    ၎င်းဟာ ကြီးထွားမှု တွင်းနက်ကြီးထဲမှ
  • 1:55 - 1:58
    ကျွန်တော်တို့ကို ထုတ်ပစ်ကာ နောက်ဆုံး
    ဆယ်စုနှစ်ထဲ မြင်ခဲ့ရတဲ့ ကမ္ဘာ့စီးပွားရေး
  • 1:58 - 2:00
    ပုံစံကို ပြောင်းပစ်ပါမယ်။
  • 2:00 - 2:05
    လက်ရှိအချိန်မှာ လာနေပြီဖြစ်တဲ့
    စတုတ္ထတော်လှန်ရေး အကြောင်းကို
  • 2:05 - 2:07
    ပြောပြရန် ဒီကိုလာခဲ့တာပါ။
  • 2:07 - 2:10
    နောက်ဆုံး တော်လှန်ရေးရဲ့ နောက်မှာ
    ကျွန်တော်တို့ ဘာမှ
  • 2:10 - 2:11
    မလုပ်ခဲ့ကြတာ မဟုတ်ပါဘူး။
  • 2:11 - 2:13
    လက်တွေ့မှာ အဲဒါကို အသက်ပြန်သွင်းဖို့
    ကျွန်တော်တို့
  • 2:13 - 2:15
    အတော်ကလေး ကြိုးပမ်းခဲ့ကြပါတယ်။
  • 2:15 - 2:18
    ဒါပေမဲ့ တစ်ခုကမှ ကျွန်တော်တို့ကို
    ပြန်ပြီး ကြီးထွားလာအောင်
  • 2:18 - 2:20
    ထပ်ပြီး လုပ်မပေးနိုင်ခဲ့ပါ။
  • 2:20 - 2:25
    ဥပမာ၊ ကျွန်တော်တို့ဟာ ကုန်ကျမှုကို
    လျှော့ချရန်၊ ဈေးပေါတဲ့ လုပ်အားကို
  • 2:25 - 2:28
    အသုံးချရန် ထုတ်လုပ်မှုကို နိုင်ငံခြားကို
    ရွှေ့ခဲ့ကြပါတယ်။
  • 2:29 - 2:33
    ဒါပေမဲ့ အဲဒါက ထုတ်လုပ်မှုကို
    မြှင့်မပေးနိုင်ခဲ့ဘဲ၊
  • 2:33 - 2:35
    ခဏတဖြုတ် ငွေကြေးကို
    ချွေတာပေးနိုင်ခဲ့ရုံပါ၊
  • 2:35 - 2:38
    လုပ်အား အချိန်ကြာအောင်
    ဈေးချို မနေနိုင်လို့ပါ။
  • 2:38 - 2:42
    အဲဒီနောက်မှာ စက်ရုံတွေကို ပိုကြီးအောင်
    လုပ်ဖို့ ကြိုးစားလျက် ထုတ်ကုန် အလိုက်
  • 2:42 - 2:44
    အထူးထုတ်လုပ်ဖို့ ကြိုးစားခဲ့ကြတယ်။
  • 2:45 - 2:49
    ကုန်ပစ္စည်း တစ်ခုခုကို အများကြီး
    ထုတ်လုပ်လျက် စုပုံထားပြီး
  • 2:49 - 2:51
    အဝယ်လိုက်လာတဲ့ အခါ ရောင်းရန်ပါ။
  • 2:52 - 2:55
    အဲဒါဟာ ခဏကြာသာ ထုတ်လုပ်နိုင်
    စွမ်းကို ကူညီခဲ့ပါတယ်။
  • 2:55 - 2:59
    တချိန်တည်းမှာ အဲဒါဟာ ပစ္စည်းပေးသွင်းရေး
    ကွင်းဆက်အတွက် ပြဿနာတွေကို ဖန်တီးခဲ့တယ်။
  • 2:59 - 3:01
    ဖက်ရှင် လုပ်ငန်းကို ကြည့်ပါ။
  • 3:01 - 3:03
    အစဉ်အလာ ချုပ်လုပ်ရေး ကုမ္ပဏီများဟာ
  • 3:03 - 3:08
    ကမ္ဘာ့အနှံ့မှာ လုပ်ငန်းတွေ ဆောက်လုပ်လျက်
    ပေးသွင်းရေး ကွင်းဆက်တွေကို စီမံခဲ့ကြတယ်။
  • 3:09 - 3:12
    Zara လို ဖက်ရှင်ကို အမြန်ပြောင်းချင်တဲ့
    ကုမ္ပဏီမျိုးက
  • 3:12 - 3:14
    စုပုံထားတဲ့ ပစ္စည်းတွေကို
    ပိုလျင်မြန်စွာ ပေးသွင်းဖို့
  • 3:14 - 3:18
    တစ်နှစ် နှစ်ကြိမ်အစား လစဉ်
    ပြောင်းလဲ ရောင်းချင်လာတော့၊
  • 3:18 - 3:20
    အဲဒီလို အရှိန်အဟုန်ကို ဘယ်သူမှ
    မမှီနိုင်ကြတော့ပါ။
  • 3:20 - 3:23
    သူတို့ အများစုဟာ ဒီနေ့တွင်
    အတော့်ကို မလွယ်လှပါ။
  • 3:24 - 3:27
    အဲဒီလို အခက်အခဲတွေ ရှိနေကြတာတောင်
  • 3:27 - 3:29
    အဲဒီကုမ္ပဏီတွေ နာမည်ကြီးနေကြတုန်းပါ။
  • 3:30 - 3:31
    ဆိုင်တံခါးကို ဖွင့်ဝင်လိုက်ရင်
  • 3:31 - 3:34
    ၎င်းတို့ဟာ လွန်ခဲ့တဲ့ နှစ် ၅၀ တုန်းက
    အတိုင်းပဲ ရှိနေကြပါတယ်။
  • 3:34 - 3:39
    တည်နေရာတွေ၊ အရွယ်အစား၊ လည်ပတ်ပုံကို
    ကျွန်တော်တို့ ပြောင်းလဲလိုက်ကြတယ်။
  • 3:40 - 3:43
    ဒီနေ့လည်း လွန်ခဲ့တဲ့ နှစ် ၅၀ တုန်းက
    အတိုင်း ရှိတဲ့
  • 3:43 - 3:44
    နောက်ထပ် အရာတွေ ပြောနိုင်ပါသလား။
  • 3:44 - 3:45
    အံ့အားသင့်စရာကြီးပဲ။
  • 3:46 - 3:49
    ပုံစံတွေကို အဖြစ်နိုင်ဆုံး
    ပြောင်းလဲ ထုတ်လုပ်လာခဲ့ကြရာ၊
  • 3:49 - 3:52
    အခုတော့ ဘောင်ကို ဝင်ဆောင့်မိကြပါတယ်။
  • 3:53 - 3:58
    ထုတ်လုပ်ရေး ပုံစံ ကျရှုံးသွားတာကို
    ပြင်ပေးရန် ကြိုးပမ်းမှုတွေ အားလုံးရဲ့
  • 3:58 - 4:01
    ကြီးထွားမှုဟာ တစ်နေရာရာမှ လာမယ်လို့
    မျှော်နေခဲ့ကြတယ်။
  • 4:01 - 4:03
    ကျွန်တော်တို့ရဲ့ နည်းပညာတွေဆီကို
  • 4:03 - 4:05
    ဆန်းသစ်မှုတွေ အများအပြားဆီကို
    ဦးလှည့်ခဲ့ကြတယ်။
  • 4:05 - 4:07
    တစ်ခုက အင်တာနက်ပါ။
  • 4:08 - 4:10
    ကြီးထွားမှုကို တွန်းပေးမယ် ထင်ခဲ့တယ်။
  • 4:10 - 4:12
    ၎င်းဟာ ကျွန်တော်တို့ဘဝတွေကို
    ပြောင်းပစ်တာ အမှန်ပါပဲ။
  • 4:12 - 4:17
    မီဒီယာ၊ ဝန်ဆောင်မှု၊ ဖြေဖျော်မှု
    ကဏ္ဍတွေ အကြီးအကျယ် ပြောင်းလာခဲ့တယ်။
  • 4:17 - 4:19
    ဒါပေမဲ့ ထုတ်လုပ်နိုင်စွမ်းကို
    မကူနိုင်ခဲ့ပါ။
  • 4:20 - 4:24
    အံ့အားသင့်စရာက ဆန်းသစ်တီထွင်မှုတွေရဲ့
    ထောက်ကူမှုတွေ ဘယ်လိုပဲ ရှိနေနေ
  • 4:24 - 4:27
    ထုတ်လုပ်နိုင်စွမ်းဟာ ကျလာနေတယ်။
  • 4:28 - 4:31
    စဉ်းစားကြည့်ပါ- ထိုင်ပြီး အလုပ်လုပ်နေကြတယ်
    Facebook ကို လှန်ကြည့်နေကြတယ်၊
  • 4:31 - 4:35
    YouTube ကို ကြည့်နေကြတယ်၊
    ဒါပေမဲ့ ထုတ်လုပ်နိုင်စွမ်းက ကျလာတယ်။
  • 4:35 - 4:36
    စိတ်ညစ်စရာပဲ။
  • 4:36 - 4:38
    (ရယ်သံများ)
  • 4:38 - 4:40
    ကြီးထွားမလာတာ အဲဒါကြောင့်ပဲ။
  • 4:41 - 4:44
    ကျွန်တော်တို့ဟာ ထုတ်လုပ်ရေး
    မျက်နှာစာတွေကို မချဲ့နိုင်ခဲ့ကြပါ၊
  • 4:44 - 4:48
    ကြီးမားတဲ့ နည်းပညာပိုင်း တီထွင်မှုတွေဟာ
    အဝေးမှာ ကျန်ရစ်နေကြတယ်။
  • 4:49 - 4:51
    အဲဒီလို အားတွေကို
    စုပေါင်းနိုင်မယ်ဆိုရင်ကော။
  • 4:52 - 4:57
    ဒီနေ့ ရှိနေကြတဲ့ ထုတ်လုပ်ရေး နဲ့
    ကြီးမားတဲ့ နည်းပညာပိုင်း တီထွင်မှုတွေ
  • 4:57 - 5:01
    စုပေါင်းလိုက်ကာ နောက်တစ်ခု ထုတ်လုပ်ရေး
    ခေတ်သစ်ကို စပေးနိုင်မယ် ဆိုရင်ကော။
  • 5:01 - 5:03
    ပွဲသိမ်းပေါ့။
  • 5:03 - 5:05
    အဲဒီ စတုတ္ထမြောက် ထုတ်လုပ်ရေး
    တော်လှန်ရေးကြီးဟာ၊
  • 5:05 - 5:07
    အခုကို ဖြစ်ပျက်နေပါပြီ။
  • 5:07 - 5:11
    အဓိကအကျဆုံး နည်းပညာတွေဟာ
    ထုတ်လုပ်ရေး မျက်နှာစာထဲကို ဝင်လာနေကြပါပြီ
  • 5:11 - 5:12
    ဧရာမအချိန်ပါပဲ။
  • 5:12 - 5:15
    ၎င်းတို့ဟာ စက်မှုထုတ်လုပ်မှုကို
    သုံးပုံတစ်ပုံမက တိုးချဲ့ပေးကြမယ်။
  • 5:16 - 5:20
    အလုံးအရင်းနဲ့ကို ဝင်လာနေကြရာ
    ကြီးထွားမှုဟာ သိသာမှာပါ။
  • 5:21 - 5:23
    တချို့ကို ခင်ဗျားတို့ကို ပြောပြမယ်။
  • 5:24 - 5:27
    ခင်ဗျားတို့ အဆင့်မြင့်
    ထုတ်လုပ်ရေး ရိုဘော့တွေကို မြင်ဘူးကြလား။
  • 5:28 - 5:30
    ၎င်းတို့ဟာ လူလို အရွယ်အစားမျိုးပါ၊
  • 5:30 - 5:32
    သူတို့ဟာ လူတွေနဲ့ တွဲလုပ်ကိုင်ကြတယ်၊
  • 5:32 - 5:33
    ၎င်းတို့ကို ရှုပ်ထွေးကာ ထပ်တလဲလဲ
  • 5:33 - 5:36
    မဟုတ်တဲ့ တာဝန်တွေအတွက်
    ပရိုဂရမ်လုပ်လို့ ရနိုင်တယ်။
  • 5:38 - 5:43
    ဒီနေ့တွင် ကျွန်တော်တို့ စက်ရုံတွေထဲက
    တာဝန် ၈ % ကိုသာ စက်တွေ လုပ်နိုင်ကြတယ်။
  • 5:43 - 5:46
    ရှုပ်ထွေးမှု နည်းလေလေ
    ထပ်တလဲ လုပ်တာ များလေလေပါ။
  • 5:47 - 5:49
    အဲဒါ ၂၅ နှစ်အတွင်းမှာ ၂၅ % အထိ ဖြစ်လာမယ်။
  • 5:49 - 5:52
    ၂၀၂၅ နှစ် အရောက်တွင် အဆင့်မြင့်
  • 5:52 - 5:55
    ရိုဘော့တွေက အလုပ်သမားတွေကို
    ဝင်ကူပေးလျက်
  • 5:55 - 5:58
    လက်တွဲလျက် ထုတ်လုပ်မှုကို
  • 5:58 - 6:00
    ၂၀ % တိုးထုတ်နိုင်အောင်၊ တနည်း
  • 6:00 - 6:02
    နောက်ထပ် ၂၀ % ကြီးထွားလာအောင် ကူပေးကြမယ်။
  • 6:03 - 6:06
    ဒါဟာ စိတ်ကူးယာဉ်၊ အနာဂတ်အကြောင်း
    ပြောနေတာ မဟုတ်ပါ။
  • 6:06 - 6:09
    ရိုဘော့တွေဟာ အခုကို ကျွန်တော်တို့အတွက်
    လုပ်နေကြပါပြီ။
  • 6:10 - 6:16
    မနှစ်တုန်းက အမေရိကမှာ
    Amazon ဆိုရင် Cyber Monday ခေါ်
  • 6:16 - 6:18
    နှစ်စဉ် အွန်လိုင်း လက်လီရောင်းတဲ့ နေ့တွင်
  • 6:18 - 6:20
    ထုတ်ကုန်အားလုံး ရိုဘော့တွေ ထုတ်ပို့ခဲ့တယ်။
  • 6:20 - 6:22
    မနှစ်တုန်းက အမေရိကန် သမိုင်းထဲမှာ
  • 6:22 - 6:28
    အဲဒီနှစ်အတွက်သာမက သမိုင်းတစ်ခုလုံးအတွက်ပါ
    အကြီးမားဆုံး အွန်လိုင်း ရောင်းပွဲကြီးပါ။
  • 6:29 - 6:32
    စားသုံးသူတို့ဟာ အီလက်ထရွန်နစ် ပစ္စည်း
    များအတွက် ဒေါ်လာ ၃ ဘီလီယံ ဖြုန်းခဲ့တယ်။
  • 6:32 - 6:35
    တကယ့်ကို စီးပွားရေး ကြီးထွားမှုကြီးပါ။
  • 6:36 - 6:40
    ပြီးတော့ ထပ်တိုး ထုတ်လုပ်မှု၊
    3D ရိုက်ထုတ်မှုတွေ ရှိသေးတယ်။
  • 6:40 - 6:44
    3D ရိုက်ထုတ်မှုဟာ ပလတ်စတစ်
    ထုတ်လုပ်မှုကို တိုးပေးခဲ့ပါပြီ
  • 6:44 - 6:47
    အခုတော့ သတ္ထုထဲကို ဝင်လာနေပါပြီ။
  • 6:47 - 6:48
    အသေးအမွှား လုပ်ငန်းတွေ မဟုတ်ပါ။
  • 6:49 - 6:52
    ပလတ်စတစ် နဲ့ သတ္ထု နှစ်ခုပေါင်းလိုက်ရင်
  • 6:52 - 6:54
    ကမ္ဘာ့ထုတ်လုပ်မှုရဲ့ ၂၅ % ရှိပါတယ်။
  • 6:55 - 6:56
    လက်တွေ့ ဥပမာကို ယူကြည့်ကြမယ်။
  • 6:57 - 7:00
    အာကာသ စက်မှုလုပ်ငန်းထဲတွင်
  • 7:00 - 7:04
    လောင်စာ နော်ဇယ်တွေဟာ ထုတ်လုပ်ရန်
    သိပ်ကို ခဲယဉ်းပါတယ်၊
  • 7:04 - 7:06
    အကြောင်း တစ်ခုက-
  • 7:06 - 7:09
    ၎င်းတို့ကို အပိုင်းအမျိုးမျိုး ၂၀ နဲ့
    လုပ်ယူရပါတယ်၊
  • 7:09 - 7:12
    အဲဒါတွေကို သီးခြားစီ ထုတ်လုပ်ပေးရပြီး
  • 7:12 - 7:14
    နောက်မှာ ခက်ရာခက်ဆစ် စုစည်းရပါတယ်။
  • 7:15 - 7:18
    အာကာသစက်မှု ကုမ္ပဏီတွေဟာ
    အခုတော့ 3D ပရင်တာကို သုံးနေကြပြီ
  • 7:18 - 7:22
    ခုနက အပိုင်းအမျိုးမျိုး ၂၀ ကို
    တစ်ခုတည်းအဖြစ်
  • 7:22 - 7:23
    ထုတ်လုပ်ပေးနိုင်ကြတယ်။
  • 7:23 - 7:25
    ရလဒ်ကျတော့။
  • 7:25 - 7:27
    ထုတ်လုပ်နိုင်စွမ်း ၄၀ % တိုးလာတယ်၊
  • 7:27 - 7:31
    ထုတ်ကုန်တွေကို ၄၀ % တိုးပြီး ထုတ်လုပ်လျက်
    ကြီးထွားမှု ၄၀ % တိုးလာတယ်၊
  • 7:31 - 7:32
    အဲဒီ စက်မှုလုပ်ငန်းထဲမှာပေါ့လေ။
  • 7:33 - 7:39
    တကယ်တမ်းကျတော့၊ လက်ရှိ ထုတ်လုပ်မှု
    တော်လှန်ရေးရဲ့ စိတ်လှုပ်ရှားစရာက
  • 7:39 - 7:42
    ထုတ်လုပ်နိုင်စွမ်းထက် ပိုအရေးကြီးတယ်။
  • 7:43 - 7:46
    ပိုကောင်းတဲ့၊ ပိုစမတ်ကျတဲ့ ထုတ်ကုန်တွေကို
    ထုတ်လုပ်လာနိုင်တယ်။
  • 7:46 - 7:49
    ပြီးတော့ လိုတဲ့ စကေးအတွက် ညှိပေးလို့ရတယ်။
  • 7:49 - 7:54
    ခင်ဗျးတို့ဟာ ကိုယ်လိုချင်တာကို၊
  • 7:54 - 7:56
    ကိုယ်လိုအပ်တဲ့ လုပ်နိုင်စွမ်းတွေနဲ့၊
  • 7:56 - 7:58
    ကိုယ့်စိတ်ကြိုက် ဒီဇိုင်း
    ကုန်ကျစရိတ်
  • 7:58 - 8:00
    ထုတ်လုပ်ဖို့ ချိန်ကာလ တူပြီး
  • 8:00 - 8:02
    အလုံးအရင်းနဲ့ ထုတ်မယ့် ကားလိုဟာမျိုး
  • 8:02 - 8:04
    အဝတ်အစား ဒါမှမဟုတ် ဖုန်းလိုဟာမျိုး
    ထုတ်ချင်တယ်ဆိုပါစို့။
  • 8:05 - 8:08
    ထုတ်လုပ်ရေး တော်လှန်ရေးအသစ်နဲ့ဆို
    လုပ်နိုင်ပါတယ်။
  • 8:09 - 8:11
    အဆင့်မြင့် ရိုဘော့တွေကို
    ဘယ်လို ကုန်ပစ္စည်း ပုံစံဖြစ်ဖြစ်
  • 8:11 - 8:15
    ဘာမှ ညှိရန် တပ်ဆင်ရန် မလိုပဲ
    ထုတ်လုပ်နိုင်အောင်
  • 8:15 - 8:17
    လိုအပ်သလို ပရိုဂရမ်တွေကို ထည့်ပေးနိုင်တယ်။
  • 8:18 - 8:24
    3D ပရင်တာတွေဆိုရင် ကိုယ့်စိတ်ကြိုက်
    ဒီဇိုင်းအတိုင်း ချက်ချင်း ထုတ်နိုင်တယ်။
  • 8:24 - 8:29
    အခုဆိုရင် ကျွန်တော်တို့ဟာ လိုချင်တဲ့
    ထုတ်ကုန် တစ်ခုခုကို
  • 8:29 - 8:33
    အများကြီးကို ထုတ်ပေးတဲ့ ဈေးနှုန်းနဲ့ကို
    ထုတ်လုပ်ပေးနိုင်ပါပြီ။
  • 8:34 - 8:37
    အခုစတင်နေတဲ့ ထုတ်လုပ်မှု တော်လှန်ရေးရဲ့
    သာဓက အချို့ပါပဲ။
  • 8:38 - 8:43
    ထုတ်လုပ်မှု ကိုယ်၌က ပိုပြီး
    များလာရုံတင်မက၊
  • 8:43 - 8:46
    ၎င်းဟာ ပိုပြီး ပြောင်းလွယ်လာကြမယ်၊
  • 8:46 - 8:50
    ကြီးထွားရန် လိုအပ်ပေမဲ့ ပျောက်နေခဲ့ကြတဲ့
    အစိတ်အပိုင်းတွေပါပဲ။
  • 8:51 - 8:55
    လက်တွေ့တွင် ပိုလို့ကို ကြီးမားတဲ့
    ထပ်ဆင့်ရလဒ်တွေ ကျွန်တော်တို့
  • 8:55 - 9:00
    အားလုံးအတွက်၊ ထုတ်လုပ်မှုသစ်
    ရေပန်းစားလာရင် ရှိလာကြပါဦးမယ်၊။
  • 9:00 - 9:04
    အဲဒါဟာ ဧရာမ စီးပွားရေးအလျင်ကို
    ဖန်တီးပေးပါမယ်။
  • 9:05 - 9:09
    ပထမအချက်က၊ ကျွန်တော်တို့ရဲ့ စက်ရုံတွေဟာ
    ပြည်တွင်း ဈေးကွက်ထဲကို ပြန်ရောက်လာကြမယ်။
  • 9:10 - 9:12
    စကေးအလိုက် လိုသလို ညှိပေးရာတွင်
  • 9:12 - 9:15
    စားသုံးသူနဲ့ နီးကပ်လျက် ရှိရေးဟာ
    စံနှုန်းသစ် ဖြစ်လာမယ်။
  • 9:16 - 9:20
    ပြီးတော့ အဲဒီစက်ရုံတွေဟာ
    သေးကြမယ်၊ သွက်လက်ကြမယ်။
  • 9:20 - 9:23
    စကေးဟာ စကားမပြောတော့ဘဲ
    ပြောင်းလဲလွယ်မှုက အရေးပါလာမယ်။
  • 9:24 - 9:27
    သူတို့ဟာ ထုတ်ကန် အမျိုးမျိုးကို ထုတ်ကြမယ်၊
    အော်ဒါရမှ ထုတ်လုပ်ပေးလာကြမယ်။
  • 9:28 - 9:30
    အပြောင်းအလဲတွေ ကြီးမားပါလိမ့်မယ်
  • 9:31 - 9:34
    တကမ္ဘာလုံးမှာ ဖြန့်ကြက် ထုတ်လုပ်မှုဟာ
    ခေတ်သစ်ထဲ ဝင်လာမယ်။
  • 9:35 - 9:38
    အရှေ့မှ အနောက်သို့ ကုန်စီးဆင်းမှုကို
  • 9:38 - 9:41
    ဒေသတွင်း ကုန်သွယ်မှုက
    အစားထိုး နေရာယူလာမယ်။
  • 9:41 - 9:43
    အရှေ့က အရှေ့အတွက်၊ အနောက်က အနောက်အတွက်
    ဖြစ်လာမယ်။
  • 9:44 - 9:45
    အဲဒါကို စဉ်းစားကြည့်ရင်၊
  • 9:46 - 9:48
    ပုံစံဟောင်းဟာ အတော်ကလေး
    အဓိပ္ပါယ်မဲ့နေခဲ့ပါတယ်။
  • 9:49 - 9:53
    ပစ္စည်းတွေ စုပုံထား၊ အဲဒါတွေဟာ
    နောက်ဆုံး သုံးစွဲမယ့်သူဆီကို ရောက်ဖို့
  • 9:53 - 9:55
    တစ်ကမ္ဘာလုံးကို ကူးဖြတ် သွားနေခဲ့ရတယ်။
  • 9:55 - 9:59
    ပုံစံသစ်ထဲမှာ၊ စားသုံးသူ ဈေးကွက်နဲ့
    ကပ်လျက် ထုတ်ပေးမယ်ဆိုတော့
  • 9:59 - 10:03
    ပတ်ဝန်းကျင် အတွက် ပိုသန့်၊
    ပိုကောင်းလာမှာပါ။
  • 10:05 - 10:08
    ရင့်ကျက်တဲ့ စီးပွားရေးမှန်ရင်
    ထုတ်လုပ်မှုဟာ ပြည်တွင်းကို ပြန်လာမယ်၊
  • 10:08 - 10:11
    အလုပ်နေရာတွေ တိုးလာမယ်၊
  • 10:11 - 10:13
    ထုတ်လုပ်နိုင်စွမ်း၊
    ကြီးထွားမှုနှုန်း မြင့်လာမယ်။
  • 10:14 - 10:15
    သတင်းကောင်းတွေပါပဲ။
  • 10:17 - 10:18
    ဒါပေမဲ့ ကြီးထွားမှု ဆိုတဲ့ဟာမျိုးက --
  • 10:18 - 10:20
    အလိုလို ဖြစ်လာမှာတော့ မဟုတ်ပါ။
  • 10:20 - 10:22
    ရင့်ကျက်တဲ့ စီးပွားရေးဟာ မရမက
    ဖမ်းယူရမယ်။
  • 10:23 - 10:26
    လုပ်သားတွေကို
    အလုံးအရင်းနဲ့ ပြန်ပြီး လေ့ကျင့်ကြရပါမယ်။
  • 10:27 - 10:29
    နိုင်ငံအများစုမှာ၊ ကျွန်တော့
    ပြင်သစ်မှာ ဆိုပါစို့၊
  • 10:29 - 10:32
    ထုတ်လုပ်မှုဆီမှာ အနာဂတ် မရှိတော့ဘူးလို့
    ကလေးတွေကို ပြောခဲ့ကြပါတယ်။
  • 10:32 - 10:34
    အဲဒီလို ဖြစ်ပျက်လာခဲ့တာ ကြာသွားပါပြီ။
  • 10:34 - 10:36
    အခုအဲဒါတွေကို ပြန်လှန်ပစ်ကြရပါမယ်
  • 10:36 - 10:39
    ထုတ်လုပ်မှုကို တက္ကသိုလ်မှာ
    ပြန်သင်ပေးကြရပါမယ်။
  • 10:39 - 10:43
    အဲဒီလို ရဲရဲကြီး ပုံစံပြောင်းလဲနိုင်စွမ်း
    ရှိကြတဲ့ နိုင်ငံများသာ
  • 10:43 - 10:45
    ကြီးထွားမှုဆိုတဲ့ ဆုလာဘ်ကို ရယူနိုင်ကြမယ်။
  • 10:47 - 10:50
    ဒါဟာ ဖွံ့ဖြိုးဆဲ စီးပွားရေးများအတွက်လည်း
    အခွင့်အလမ်းကြီးပါ။
  • 10:50 - 10:54
    တရုတ် ဒါမှမဟုတ် ထွန်းသစ်စ နိုင်ငံများဟာ
  • 10:54 - 10:56
    ကမ္ဘာ့စက်ရုံကြီးတွေ
    ဆက် မဖြစ်နိုင်ကြတော့ပါ။
  • 10:58 - 11:02
    တကယ့်ကျတော့၊ အဲဒီပုံစံဟာ ရေရှည်မှာ
    ဘယ်လိုမှ ရပ်တည်နိုင်စွမ်း မရှိခဲ့ပါ။
  • 11:02 - 11:05
    အဲဒီနိုင်ငံတွေကလည်း
    ပိုပိုချမ်းသာလာကြလို့ပါ။
  • 11:06 - 11:11
    မနှစ်တုန်းက ဆိုရင်၊ ဘရာဇီးလ် နိုင်ငံမှာ
    ထုတ်လုပ်မှု စရိတ်ဟာ
  • 11:11 - 11:12
    ပြင်သစ်မှာနဲ့ တူလာပါတယ်။
  • 11:14 - 11:20
    ၂၀၁၈ ခုနှစ် အရောက်တွင်၊ တရုတ်နိုင်ငံထဲက
    ထုတ်လုပ်မှု စရိတ်ဟာ အမေရိကန်နဲ့ ညီလာမယ်။
  • 11:21 - 11:24
    အဲဒီ ထုတ်လုပ်မှု တော်လှန်ရေး အသစ်က
  • 11:24 - 11:28
    ထွန်းသစ်စ နိုင်ငံများရဲ့ စီးပွားရေးကို
    လျင်မြန်စွာ ပြောင်းပစ်ပါမယ်၊
  • 11:28 - 11:32
    ပြည်တွင်း သုံးစွဲရေး ပုံစံဆီကို
    ပြောင်းကြရမယ်။
  • 11:32 - 11:33
    ဒါ ကောင်းပါတယ်။
  • 11:33 - 11:35
    ကြီးထွားမှုနှုန်းကို
    အဲဒီမှာ ဖန်တီးနိုင်ကြမှာပါ။
  • 11:36 - 11:38
    လာမယ့် ငါးနှစ်အတွင်းမှာ၊
  • 11:38 - 11:43
    တရုတ်နိုင်ငံထဲက သုံးစွဲသူ ဘီလီယံတို့က
    ကျွန်တော်တို့ စီးပွားရေးထဲကို ထည့်ပေးမယ့်
  • 11:43 - 11:45
    ကြီးထွားမှုနှုန်းဟာ
    ဥရောပ ငါးနိုင်ငံထက် ပိုလာမယ်။
  • 11:48 - 11:52
    လက်ရှိစတုတ္ထ ထုတ်လုပ်မှု တော်လှန်ရေးသစ်ဟာ
    အားလုံးအတွက် အခွင့်အလမ်းကြီးပါ။
  • 11:53 - 11:55
    ကျွန်တော်တို့က မှန်ကန်စွာ လုပ်ကြရင်
  • 11:55 - 11:58
    နိုင်ငံအားလုံးတို့ရဲ့ စီးပွားရေးတွေ
    ရေရှည် ကြီးထွားလာမှာကို မြင်ကြရမယ်။
  • 11:59 - 12:03
    ပိုများပြားတဲ့ ဓနအရင်းအနှီးတွေကို
    အားလုံးအကြားမှာ ဖြန့်ဝေနိုင်မယ်ဆိုတော့
  • 12:03 - 12:05
    ကျွန်တော်တို့ ကလေးတွေရဲ့အနာဂတ်လည်း
    ပိုကောင်းလာမှာပါ။
  • 12:05 - 12:06
    ကျေးဇူးတင်ပါတယ်။
  • 12:06 - 12:14
    (လက်ခုပ်တီးသံများ)
Title:
ထုတ်လုပ်မှု တော်လှန်ရေး နောက်တစ်ခု စနေပြီ။
Speaker:
Olivier Scalabre
Description:

စီးပွားရေး ကြီးထွားမှုနှုန်းဟာ နောက်ဆုံး နှစ် ၅၀ အတွင်းမှာ နှေးလာနေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လုံးဝ မထင်ခဲ့ကြတဲ့ လုံးဝမမျှော်လင့်ခဲ့ကြတဲ့ နေရာမှ ကယ်တင်ခံကြရမယ်လို့ ထင်ရပါတယ်။ စက်မှုရေးရာများကို တွေးဆသူ Olivier Scalabre က စတုတ္ထမြောက် ထုတ်လုပ်ရေး တော်လှန်ရေးဟာ အကြီးစား စီးပွာရေး အပြောင်းအလဲကို ပြုလုပ်လျက် အလုပ်နေရာတွေ၊ ထုတ်လုပ်မှုတွေ နဲ့ ကြီးထွားမှုနှုန်းကို အကြီးအကျယ် မြှင့်တင်ပေးမှာကို အသေးစိတ် ပြောပြထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
12:26

Burmese subtitles

Revisions